အခန်း (၂၃) ပိုက်ဆံရှိရင် သုံးရမယ်
ကျိုးယိုချိုင်သည် ဆိုင်ပိုင်ရှင် သူဌေးဖြစ်ပါသည်။
ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ၏ အာနိသင်ကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ပြီးနောက် သူသည် ကုန်ချောထွက်ကုန်များအားလုံးကို ချက်ချင်းပင် ဝယ်ယူချင်ခဲ့သည်။
“ဒီလိုတစ်ဗူးကို ငါ ဝမ် ၃၀၀ ပေးမယ်။”
သူသည် စျေးနှုန်းသည် များပြားပြီး လုံလောက်သည်ဟု ထင်ခဲ့သည်။ သို့သော် လီယောင်က ခေါင်းခါခဲ့သည်။ ယခုတစ်ခေါက်တွင် သူမသည် ချမ်းသာသည့် သူဌေးတစ်ချို့ကို ငွေလှီးတော့မည် ဖြစ်သည့်အတွက် မည်သို့အတွက်ကြောင့် စျေးနှုန်း သင့်သင့်တင့်တင့် သတ်မှတ်နိုင်မည်နည်း။
“တဗူးကို ငွေနှစ်ချောင်း။”
ဆိုင်ပိုင်ရှင်သည် ဒယီးဒယိုင်ဖြစ်သွားသည့်အထိ တုန်လှုပ်သွားခဲ့သည်။
ငွေနှစ်ချောင်းနှင့် သူ့ကို ရောင်းခဲ့ပါက ငွေမည်မျှနှင့် သူရောင်းချရလိမ့်မည်နည်း။
“ပစ္စည်းက ကောင်းတယ်ဆိုရင်တောင်မှ ရောင်းစျေးတအားကြီးနေရင် အလဟဿပဲ ဖြစ်လိမ့်မယ်။”
“အဲဒါက ရှင် နည်းလမ်းမှား သုံးနေလို့ပါ။”ဟု လီယောင်က ပြောခဲ့သည်။ "ကျွန်မပြောသလိုသာ လုပ်မယ်ဆိုရင်၊ ရှင်ရောင်းရရုံတင်မကဘူး။ ရှင် ဝယ်လိုအားက ရောင်းအားထက် ပိုများလိမ့်မယ်ဆိုတာ ကျွန်မအာမခံတယ်။”
လီယောင်၏ နည်းလမ်းကို နားထောင်ပြီးနောက် ဆိုင်ရှင်ကျိုး၏ မျက်လုံးများသည် ဝင်းလက်လာခဲ့သည်။
“ကောင်းပြီလေ။ မင်းနည်းလမ်းအတိုင်း ငါလုပ်ကြည့်မယ်။”
………………………………...…
သိပ်မကြာခင်မှာပင် ပိုင်ချွှမ်းစျေးထဲရှိ အမျိုးသမီးနှင့် အမျိုးသမီးငယ်လေးများကြားတွင် သတင်းစကားတစ်ခု ပျံနှံ့လာခဲ့သည်။
“ဟဲ့၊ ကြားပြီးပြီလား။ ကျိုးအလှကုန်ဆိုင်မှာ ချက်ချင်း ထိရောက်တဲ့ မြက်စိမ်းလိမ်းဆေး အသစ်ပေါ်နေတယ်တဲ့။ ခြင်ကိုက်ခံရရင် နည်းနည်းလေး လိမ်းလိုက်တာနဲ့ ချက်ချင်း သက်သာသွားတယ်တဲ့။”
“လိမ်းလိုက်ရင်လည်း အသားမှာ လုံး၀ မစွန်းသွားဘူး။ အေးအေးလေးနဲ့ နေလို့ကောင်းတယ်။”
“ကျွန်မလည်း ကြားလိုက်တယ်။ အဲဒါက ခြင်ကိုလည်း ကာကွယ်နိုင်ပုံရတယ်။”
………………………………...…
ဤသို့ တစ်ယောက်စကား တစ်ယောက်နားကြားခြင်း မှတဆင့် လူတစ်ချို့သည် ကျိုးအလှကုန်ဆိုင်သို့ စလာခဲ့ကြသည်။
သို့သော် သူတို့အား ပြောခဲ့သည်မှာ အမှန်တကယ်ပင် အံဩဖွယ်ကောင်းသည် မြက်စိမ်းလိမ်းဆေးဆီ ရှိပါသည်။ သို့သော် ပစ္စည်းပြတ်နေသည့်အတွက် မရောင်းနိုင်သည့်အတွက် အားနာပါသည်ဟု ပင် ဖြစ်သည်။
ပစ္စည်းမရှိတော့ဘူးလား။ သို့ဖြင့်ရင် နည်းနည်းကြာအောင် စောင့်လိုက်မည်။
သူတို့စောင့်ပြီးရင် စောင့်နေကြသော်လည်း ရလဒ်အနေဖြင့် ပစ္စည်း ရှိမနေသေးပေ။
မြက်စိမ်းလိမ်းဆေးဆီ မရှိပါ။ သို့သော် ခြင်များကလည်း မပျက်လပ်နေပါ။ ကိုယ့်ကိုကိုယ် ဘယ်လောက်ပဲ ကာကွယ်နေခဲ့ပါစေ၊ အနည်းငယ်မျှ အကိုက်ခံရစမြဲ ဖြစ်ပါသည်။
ဤရာသီ၏ ခြင်များသည် အဆိပ်ရှိနေသကဲ့သို့ အသာလေး အကိုက်ခံရလျှင်တောင် ချက်ချင်းပင် ဆိုးဆိုးရွားရွား ယောင်လာပါလိမ့်မည်။
အမျိုးသမီးများသည် မခံမရပ်နိုင်အောင် ယားလာလေလေ၊ မြက်စိမ်းလိမ်းဆေးဆီအကြောင်းကို တွေးလေလေ ဖြစ်ခဲ့သည်။ ထိုသို့ဖြင့် ဒေါသနှင့်အတူ သူတို၏ အစေခံများကို ခြိမ်းခြောက်ရန်အတွက်ပင် ခေါ်လာခဲ့ကြသည်။
“အခုထိ ပစ္စည်းပြတ်နေတုန်းဆိုရင် နင့်ဆိုင်ကို ငါ ဖျက်စီးပစ်တော့မယ်လို့ ယုံထားလိုက်။”
“မနက်ဖြန်၊ မနက်ဖြန် သေချာပေါက် ရစေရပါမယ်။” ကျိုးယိုချိုင်သည် သူ၏နဖူးမှ ချွေးအေးများကို သုတ်လိုက်ခဲ့သည်။ “ဒီပစ္စည်းကို လုပ်ရတာ သိပ်မလွယ်လှဘူး။ ဒါကြောင့်မို့ စျေးကတော့ နည်းနည်း များပါလိမ့်မယ်…..”
“စျေးဘယ်လောက်ကြီးကြီး ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မကို ပစ္စည်းသာ ရပါစေ။”
“ဟုတ်ကဲ့ပါ.. ဟုတ်ကဲ့ပါ။”
မည်သို့ပင်ဖြစ်စေ ကျိုးယိုချိုင်သည် မကြာသေးမီက သူ၏ဆိုင်လေးကို တစ်စုံတစ်ယောက်က ရိုက်ချိုးဖျက်စီးပစ်မည်ကို လန့်ကာ ကြောက်လန့်နေခဲ့သည်။ လီယောင်က သူမ၏ကတိအတိုင်း မြက်စိမ်းလိမ်းဆေးဆီ ဗူး၆၀ မပို့မချင်း စိတ်မသက်သာနိုင်ခဲ့ပေ။ နောက်ဆုံးမှသာ သက်ပြင်းချနိုင်ခဲ့တော့သည်။ ထို့နောက် သူတို့သည် လျင်မြန်စွာဖြင့် သတင်းဖြန့်ခဲ့သည်။
“မြက်စိမ်းလိမ်းဆေးဆီ ရပါပီ”
သတင်းသည် ချက်ချင်းဆိုသလို ပိုင်ချွှမ်းစျေးတလျှောက် ပျံ့နှံ့သွားခဲ့သည်။ အားလပ်နေပြီး မယ်မယ်ရရ ဘာမှလုပ်စရာမရှိသည့် အမျိုးသမီးများသည် ချက်ချင်းဆိုသလို သူမတို့၏ လုပ်လက်စ အလုပ်များကို ဘေးဖယ်ကာ ကျိုးအလှကုန်ဆိုင်သို့ အပြေးအလွှား သွားခဲ့ကြသည်။
“ကျွန်မအရင်လာတာ၊ ကျွန်မ နှစ်ဘူးလိုချင်တယ်။”
“ရှင်အရင်လာတယ်ဆိုတာ ဘာပြောတာလဲ။ ကျွန်မအရင်လာတာ သိသာနေတာကို။ ကျွန်မ ၁၀ဗူးလိုချင်တယ်။”
“ကျွန်မနဲ့ လာမတိုက်ခိုက်နဲ့။ ကျွန်မအားလုံးကို လိုချင်တယ်။”
………………………………......
ကျိုးယိုချိုင်သည် အံအားသင့်သွားခဲ့သည်။
သူ့ဆိုင်စဖွင့်သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ဤမျှလောက် တခါမှ စည်စည်ကားကား မရှိခဲ့ချေ။ ဤကဲ့သို့ သဲသဲမဲမဲ အလုအယက် ကြိုးပမ်းကြသည် မြင်ဖို့ဆိုတာကတော့ ထားလိုက်ပါတော့လေ။
“အားလုံးပဲ ကျွန်တော့စကားကို နားထောင်ကြပါဦး။”
“ဒီမြက်စိမ်းလိမ်းဆေးဆီကို လုပ်ရတာ မလွယ်ကူပါဘူး။ ကျွန်တော်တို့ ခက်ခက်ခဲခဲနဲ့ ဗူး၅၀ပဲ ထုတ်နိုင်ခဲ့ပါတယ်။”
“ဒါကြောင့်မို့ လူတိုင်းဝယ်နိုင်အောင်လို့ လူတစ်ယောက်ကို တစ်ဗူးပဲ ကန့်သတ်ထားပါတယ်။ သိပ်မကြာခင်လည်း အေးလာတော့မှာပါ။ ခြင်တွေလည်း အများကြီး ရှိတော့မှမဟုတ်ပါဘူး။”
”ပြီးတော့ စိတ်လည်းမပူကြပါနဲ့။ လာမဲ့ နွေဦးမှာ ပစ္စည်းအသစ်တွေက သေချာပေါက် ရမှာပါ။”
လူအုပ်ကြီးကလည်း အဓိပ္ပါယ်ရှိသည်ဟု တွေးခဲ့ကြသည်။ ထို့အပြင် တစ်ဗူးလျှင် ငွေ၃ချောင်းမျှ ဖြစ်ပြီး အမှန်ပင် စျေးကြီးလှသည်။
ထို့သို့ဖြင့် သူတို့သည် ပိုက်ဆံများကို စထုတ်လာခဲ့ကြသည်။
စိမ်းစို ချောမွေ့နေသည့် မြက်စိမ်းလိမ်းဆေးဆီသည် ကြည့်ကောင်းသည့်အပြင် အနံလည်း ကောင်းလွန်းလှသည်။
အရေးအကြီးဆုံးမှာ ၎င်းသည် အလွန်ပင် ချောမွေ့နူးညံ့ကာ အကောင်းဆုံးပါးနီနှင့် ပေါင်ဒါမှုန့်များထက် ပိုကောင်းသည်။ အရေပြားကို လိမ်းလိုက်သည့်အခါတွင်လည်း မမြင်ရပေ။ ဒီအပြင် အေးမြသည့် အထိအတွေ့သည် လူကို ပိုမိုလန်းဆန်းစေပြီး စိတ်ခံစားချက်များသည် ချက်ချင်းဆိုသလို တိုးတက်ကောင်းမွန်လာခဲ့သည်။
ဤအမျိုးသမီးများသည် ယခင်က ပစ္စည်းကောင်းများကို တွေ့မြင်ဖူးကြသော်လည်း မြက်စိမ်းလိမ်းဆေးဆီအကြောင်းကို အားရပါးရ ချီးမွမ်းကြတုန်းပင် ဖြစ်သည်။
“ဒါက တကယ်ကောင်းတာပဲ။ ယားတာတွေ ချက်ချင်း ပျောက်သွားတယ်။”
“စောင့်ရကျိုး နပ်ပါပေတယ်။”
“ရှောင်ဟယ်၊ သခင်ကြီးသုံးဖို့ နောက်ထပ်တစ်ဗူး သွားဝယ်စမ်း။”
တစ်ခဏအကြာတွင် မူလက ရန်လိုကာ လုယက်နေသည့် မြင်ကွင်းသည် သဟဇာတဖြစ်သည့်ဘက်သို့ ပြောင်းသွားခဲ့သည်။
မြက်စိမ်းလိမ်းဆေးဆီ ဗူး၅၀သည်လည်း မျက်စိတမှိတ်အတွင်းမှာပင် လျင်လျင်မြန်မြန် လုယူသွားခဲ့ကြသည်။
ကျိုးယိုချိုင်သည် မည်သို့ပင်ဖြစ်စေကာမူ ကျန်ရှိနေသည် ၁၀ဗူးကို မထုတ်ရဲခဲ့ချေ။
လက်မခံနိုင်သော အရေးကြီးပုဂ္ဂိုလ်တစ်ချို့က ၎င်းကို ဝယ်ချင်ခဲ့ပါက သူသည် ပစ္စည်းမထုတ်နိုင်ခဲ့လျှင် အကျိုးဆက်သည် သိပ်ကောင်းလိမ့်မည် မဟုတ်သည်ကို သူကြောက်သည်။ ထို့အပြင် သူသည် ယီကျိုးသို့လည်း ထိုနေရာတွင် စျေးကောင်းပိုရကောင်း ရနိုင်လိမ့်မည် ဖြစ်သောကြောင့် ဗူးများစွာ ပို့ပေးချင်ခဲ့သည်။
“အမျိုးသမီးလီ၊ မင်းအကြံကတော့ သိပ်ကောင်းတာပဲ။ ဒါပေမဲ့ မင်းက ငါ့ကို တကယ်ကြောက်စေတယ်။”
“ဒါပေမဲ့ ရှင် ငွေအများကြီး ရှာနိုင်ခဲ့တယ်လေ။” ဟု လီယောင်က ပြောခဲ့သည်။
“အဲဒါကတော့ မင်းရဲ့ပစ္စည်းတွေက ကောင်းလို့ပါ။”
“သူဌေးကျိုးက လုပ်ရဲခဲ့လို့ပါရှင်။”
………………………………......
စီးပွားရေးကို အပြန်အလှန် ချီးမွမ်းခဲ့ပြီးနောက် ကျိုးယိုချိုင်သည် ငွေစက္ကူများကို ထုတ်ယူခဲ့သည်။
ငွေချောင်း ၁၀၀အတွက် ငွေစက္ကူတစ်ရွက်အပြင် ငွေချောင်း ၂၀ပေါင်း၍ စုစုပေါင်း ငွေချောင်း ၁၂၀ ဖြစ်သည်။
လီယောင်သည် အမြတ်ငွေသည် ၁၁၉ချောင်းပတ်လည်ပင် ရှိလိမ့်မည်ဟု တွက်ချက်ခဲ့သည်။
ဆေးဖက်ဝင်အပင်များသည် တောင်ပေါ်တွင် အလေ့ကျ ပေါက်နေခဲ့ပြီး သူမသည် အားစိုက်ထုတ်မှု တစ်ချို့သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အကြီးမားဆုံး ကုန်ကျစရိတ်မှာ အလှကုန်ဗူးတစ်ချို့ ဝယ်ယူခြင်းသာ ဖြစ်သည်။
ဤသည်မှာ တကျွမ်း နှစ်တဝက်စာ အစားအသောက် ရောင်းသကဲ့သို့ပင် ဖြစ်သည်။
ဤသည်မှာ မည်သည့်ခေတ်တွင် ဖြစ်စေကာမူ ချမ်းသာသည့်သူများ အထူးသဖြင့် ချမ်းသာသည့် အမျိုးသမီးများထံမှ ငွေရှာရသည်မှာ ပိုက်ဆံရ လွယ်ကူသည်ကို ပြသနေခြင်းပင် ဖြစ်သည်။ သူမသည် အနာဂတ်တွင် အဆင့်မြင့် အလှကုန်များ ပြုလုပ်နိုင်ပါက ၎င်းတို့ကို ရောင်းအား ကောင်းမွန်မှာ သေချာပေါက်ပင် ဖြစ်ပုံပေါ်သည်။
ပိုက်ဆံနှင့် ကုန်ပစ္စည်းများကို စာရင်းရှင်းပြီးသည်နှင့် ကျိုးယိုချိုင်သည် ကမန်းကတန်း ထပ်မေးခဲ့သည်။ “အမျိုးသမီးလီ၊ ဒီမြက်စိမ်းလိမ်းဆေးဆီ နောက်ထပ်ရှိသေးလား။”
“ရှိသေးတယ်။ ဘယ်လောက်လိုချင်လို့လဲ။”
ရှိသေးသည်ဟု ကြားလိုက်ရသောအခါ ကျိုးယိုချိုင်သည် ပိုမိုပင် တက်ကြွသွားခဲ့ပြီး “မင်းမှာ ရှိသလောက် အကုန်ပဲ လိုချင်တယ်။”
ရှားပါးခြင်းသည် အဖိုးတန်သည်ဟု ဆိုလိုသဖြင့် အကန့်အသတ်မရှိ ထောက်ပံ့မှုသည် သေချာပေါက် မဖြစ်နိုင်ပေ လီယောင်သည် ခတ္တခဏမျှ စဉ်းစားခဲ့ပြီးနောက် ပြောခဲ့သည်။ “အခြေအနေပေါ်မှာ မူတည်တယ်။ အခုလောလောဆယ်တော့ ပြောဖို့ရာ ခက်တယ်။”
“အမျိုးသမီးလီ၊ မင်း ပိုလုပ်မှ ရမယ်နော်။” ကျိုးယိုချိုင် တခဏလောက် စဉ်းစားခဲ့ပြီး ပြောခဲ့သည်။ “ဟယ်စားသောက်ဆိုင်မှာ မင်းနဲ့ မင်းမိသားစုကို နေ့လည်စာ ကျွေးမယ်ဆို ဘယ်လိုသဘောရလဲ။ အဲဒါက ငါရဲ့ ကျေးဇူးသိတတ်မှုကို ပြသတာလို့ ဆုံးဖြတ်နိုင်လား။”
အစားအသောက်ဖြင့် ဧည့်သည်များကို ဧည့်ခံခြင်းသည် ရှေးယခင်ခေတ်ကလည်း ဆက်ဆံရေးများကို ပိုမိုတိုးတက်လာစေသည့် ကိစ္စတစ်ခုပင် ဖြစ်သည်။
“အစားအသောက်တွေ မလိုပါဘူး။”ဟု လီယောင်က ပြောခဲ့သည်။ “’ဒီလိုလုပ်ရင်ကော၊ ကျွန်မ ပါဝင်ပစ္စည်းတွေ ဘယ်လောက်များ ဝယ်လို့ရမလဲဆိုတာ ကြည့်ဖို့ စျေးထဲကို အရင်သွားလိုက်မယ်။ ပြီးရင် ရှင့်ကို ပြန်ပြောပေးမယ်လေ။”
“ကောင်းပါပြီ။ ကောင်းပါပြီ။ မင်းဆီက သတင်းကောင်းကို စောင့်နေပါမယ်။ နေ့လည်ကျရင် ဟယ်စားသောက်ဆိုင်မှာ စုံကြစို့လေ။”
ကျိုးယိုချိုင်သည် ပြောပြီးနောက် ဘွင်းဘွင်းရှင်းရှင်းပင် စရန်ငွေ ငွေချောင်း၂၀ကို ထုတ်ယူခဲ့ပြီး အကောင်းစား ပါးအို့နီနှင့် ပေါင်ဒါ တစ်ဗူးဆီကို သူမအား ပေးခဲ့သည်။ ဤအမျိုးသမီးလီသည် ရွက်ကြမ်းရေကျို ဖြစ်သည်။ သို့သော်လည်း သူမသည် သူ၏ ချမ်းသာခြင်း နတ်ဘုရားဖြစ်သည့်အတွက် သူမအား မျက်နှာလုပ်ရမည် ဖြစ်သည်။
………………………………......
သူမ၏စာရင်းထဲသို့ ငွေပမာဏကြီးကြီးမားမား ဝင်လာသည့်အတွက် နောက်ဆုံးတွင် လီယောင်သည် ငွေကြေးအတွက် ပူပန်နေရန် မလိုအပ်တော့ပေ။
သူမသည် ဤကမ္ဘာကြီးတွင် ရောက်ရှိနေသည်မှာ အချိန်အတော်ကြာ ရှိနေခဲ့ပြီးဖြစ်ပြီး နေ့တိုင်းပင် ကြမ်းထော်နေသည့် ပိတ်အဝတ်အစားများကို ဝတ်ဆင်ခဲ့ရပြီး ကောက်ရိုးအိပ်ယာပေါ်တွင် အိပ်နေရသည်မှာ သူ့မကို အလွန်အမင်း မသက်မသာ ဖြစ်စေခဲ့သည်။ အရာ၀တ္ထူတွေကို အနည်းငယ် တိုးတက်ပြောင်းလဲရန် အချိန် ကျရောက်လာပြီး ဖြစ်သည်။
ကလေးများကို အထည်ဆိုင်တစ်ဆိုင်သို့ ခေါ်သွားကာ သူတို့တစ်ယောက်ချင်းဆီအတွက် အဆင့်သင့် ပြုလုပ်ထားသည့် ဝတ်စုံ၃စုံစီကို ပထမဦးဆုံး ဝယ်ယူခဲ့သည်။ တစ်စုံလျှင် ပျှမ်းမျှ ဝမ်၈၀၀ ကျသင့်ပြီး ၁၅စုံအတွက် ငွေ ၁၂ ချောင်း ကျသင့်ပါသည်။
ဖိနပ်များကိုလည်း အမှန်ပင် ချန်မထားနိုင်ပေ။
ဘရိုကိတ်ဖိနပ်များသည် စျေးကြီးပြီး လက်တွေ့တွင် အသုံးမကျသည့်အတွက် မေ့ထားခဲ့လိုက်သည်။ အောက်ခံဖိနပ်ခုံ အလွှာတစ်ထောင်ပါသည့် ပိတ်ဖိနပ်များက ကောင်းမွန်သင့်တော်သည်။ တရံလျှင် ဝမ် ၁၆၀နှင့် တယောက်ကို ၃ရံစီ ဝယ်ခဲ့သည်။
သူမသည် ဖောဖောသီသီ သုံးစွဲသည်ကို မြင်သောအခါ အထည်ဆိုင်ပိုင်ရှင်သည် စျေးရောင်းရန် အခွင့်အရေးကို မလွတ်တမ်း အသုံးချခဲ့တော့သည်။ “သခင်မ၊ မကြာခင် အေးလာတော့မှာ။ ကျွန်တော်တို့ဆီမှာ ချည်ထည်အသစ်တွေ ရှိတယ်။ တချက်လောက် ကြည့်ချင်သေးလား။”
ယခုခေတ်တွင် ချည်ထည်များ မရှိသေးပေ သို့မဟုတ် မကျယ်ပြန့်သေးသည်လည်း ဖြစ်နိုင်သည်။ ဂွမ်းထိုးဂျာကင်အင်္ကျီနှင့် ဂွမ်းကပ်များအတွက် ကောင်းမွန်သည့် အထည်များ၏ အတွင်းထဲတွင် များသောအားဖြင့် ကျူပန်းပွင့်များ သို့မဟုတ် မိုးမခပန်းများ သိပ်သွင်းကာ ညံ့ဖျင်းသည့်အထည်များထဲတွင် ဂျုံရိုးများကို သိပ်သွင်းထည့်ခဲ့သည်။
နွေးထွေးစေရုံမှလွဲ၍ ၎င်းတို့ကို ဝတ်ရသည်မှာ အမှန်တကယ်ပင် ကသိကအောက်ဖြစ်စေသည်။
လဲမှို့များသည် တော်တော်ကလေး အဆင့်မြင့်သည့် ဖြည့်စာဖြစ်ပြီး တကျင်းလျှင် ဝမ်၅၀၀ကျသင့်ကာ စျေးလည်းကြီးသည့်အတွက် ချမ်းသာသည့်သူများသာ တတ်နိုင်သည်။
“အမေ၊ လဲမှို့အတွက် အလောတကြီး မဖြစ်ပါဘူး။” တကျွမ်းသည် သူမက ငွေကို ရေလိုသုံးနေသည်ကို မြင်သောအခါ အနည်းငယ် စိတ်ပူပန်နေခဲ့ပြီး “ဆောင်းရောက်ဖို့ စောပါသေးတယ်။”
“မစောပါဘူး။”
လဲမှို့ကို ဝယ်ကို ဝယ်ရမည်။
လီယောင်သည် ကောက်ရိုးအိပ်ယာကို အချိန်အတော်ကြာ သည်းခံနေခဲ့သည်။ ညတိုင်း ၎င်းအောက်တွင် အိပ်စက်ရခြင်းသည် သူမ တစ်ကိုယ်လုံးကို ယားယံစေသည်။ ယခုတစ်ခေါက်တွင် မည်သို့ပင် ဖြစ်ပါစေမူ သူမ ပြောင်းလဲလိမ့်မည်။
မွေ့ယာနှင့် စောင် ၄ထည်စီ ပြုလုပ်ခြင်းသည် တစ်ခုလျှင် ၈ ကျင်း ၊ စုစုပေါင်း ၆၄ကျင်း ကုန်ကျပေလိမ့်မည်။
ထို့အပြင် လူတစ်ယောက်ချင်းစီအတွက် ဂွမ်းကပ်အနွေးထည်နှင့် ဘောင်းဘီ နှစ်စုံထည့်ပါက အနည်းဆုံး ၁၀ကျင်း လိုအပ်လိမ့်မည်။
“ကျင်း ၈၀နဲ့ စလိုက်မယ်။”
“ကျင်း ၈၀….”
အထည်ဆိုင်ပိုင်ရှင်သည် ကြက်သေသေသွားခဲ့သည်။
နှစ်အတော်ကြာအောင် သူ၏ဆိုင် လည်ပတ်နေချိန်တွင် လဲမှို့ ၈၀ကျင်းကို တစ်ကြိမ်တည်း ဝယ်ယူသည့်သူကို တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ အရာရှိကျန်းတောင် သူ၏သမီး လက်ထပ်ချိန်တွင် ခန်းဝင်ပစ္စည်းအဖြစ် လဲမှို့၃၀ကျင်းသည် သူလုပ်ဖူးခဲ့သမျှ အကြီးမားဆုံး သဘောတူညီချက်ပင် ဖြစ်သည်။
ဤအမျိုးသမီးသည် များများစားစား ရှိပုံမပေါ်သည့်အတွက် သူမသည် အလွန်အကျွံ သုံးစွဲလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူသည် ယနေ့တွင် အမှန်တကယ်ပင် ကံထလာခဲ့ပြီ ဖြစ်သည်။
“ရှင့်တို့မှာ အဲလောက်များများ မရှိဘူးလား။”
“ရှိတာပေါ့။ သေချာပေါက် အလုံအလောက်ရှိတယ်။” အထည်ဆိုင်ပိုင်ရှင်၏ မျက်နှာသည် အပြုံးများဖြင့် ပွင့်လန်းနေပြီး “ဒီသခင်မအတွက် ပစ္စည်းတွေ သွားယူကြစမ်း။ ပြီးတော့ ကျွန်တော်တို့မှာ ပိုးထည်အကောင်းစားလေးတွေ ရှိတယ်။ ဂွမ်းကပ်အနွေးထည်လုပ်လို့ သိပ်ကောင်းတယ်။
”ကျွန်မ အဲဒါလည်း ယူမယ်။”
“ပြီးတော့ အရည်သွေးမြင့် ချည်သားပိတ်စတွေ….”
“အဲဒါလည်း ယူမယ်။”
………………………………......
လီယောင်သည် အင်္ကျီနှင့်ဘောင်းဘီများ ချုပ်ရန် ပိုးထည်တစ်လိပ်ကိုလည်း ဝယ်ခဲ့သည်။
ချည်သားပိတ်လိပ် ၃ လိပ်။
လက်ရာသည် အနည်းငယ် ကြမ်းသော်လည်း ၎င်းတို့ကို သန့်စင်သည့် လဲမှို့ဖြင့် ပြုလုပ်ထားပြီး အထိအတွေ့သည် အလွန်ပင် နူးနူးညံ့ညံ့ ခံစားရသည်။ မွေ့ယာခင်းနှင့် စောင်များပြုလုပ်ရန် အထူးသင့်တော်ပေသည်။
နောက်ဆုံးတွင် အတွင်းခံအစ ပြုလုပ်ရန် ချှည်မျှင် အမြောက်အမြားလည်း ရှိသည်။
စုစုပေါင်း ငွေချောင်း ၆၀ ကျသင့်ခဲ့သည်။
ခုနကပင် သူတို့ရခဲ့သည့် ငွေတစ်ဝက်လောက်က မဆိုင်းမတွပင် ကုန်သွားခဲ့သည်။
သို့သော်လည်း မတတ်နိုင်ပေ။ မိသားစုတွင် လူအများကြီးရှိသောအခါ ထို့သို့ပင် ဖြစ်သွားခဲ့သည်။
ကလေးများသည် လှည်းပေါ်တွင် အရာအားလုံးကို သပ်သပ်ရပ်ရပ် စီစဉ်ကာ လဲမှို့ထုတ်ကြီးကို တင်ပြီးပါက လှည်းတစ်ခုလုံး ပြည့်သွားခဲ့သည်။
ပိုက်ဆံသုံးရသည်မှာ နာကျင်ရသော်လည်း သက်တော့သက်သာ အဝတ်အစား အသစ်များနှင့် ဖိနပ်အသစ်များ ဝတ်နိုင်ခြင်း ၊ ညအခါတွင် နူးညံသည့်အိပ်ယာနှင့် ထူထဲနွေးထွေးသည့် ဂွမ်းကတ်အောက်၌ အိပ်စက်ရခြင်း….
ထိုဟာကို တွေးကြည့်ရုံမျှဖြင့် ကလေးများသည် ပျော်ရွှင်မှုကြောင့် အနည်းငယ် တုန်လှုပ်နေခဲ့သည်။
“မေမေ၊ ကျွန်တော်တို့ လိုတာတွေ အများစုကိုတော့ ဝယ်ပြီးသွားပြီ။ အိမ်ပြန်ကြတော့မလား”ဟု လီယောင်ကို မေးခဲ့သည်။
လီယောင်က ခေါင်းခါခဲ့သည်။ အိမ်ပြန်ဖို့အတွက် မေးရန် မလိုသေးချေ။ သူတို့သည် ပစ္စည်းများ ဝယ်ဖို့အတွက် မပြီးသေးချေ။
“ဘာတွေဝယ်ဖို့လိုဦးမလဲ။”
“တိရစ္ဆာန်တွေ။”