Part 77
" ဘာကို ပြောတာလဲ...."
လျန့်ကျန်းက အရှက်မရှိစွာဖြင့် မသိဟန်ဆောင်လိုက်သည်။မည်သို့ပင်ဖြစ်စေ သူ့ဆဲလ်ဖုန်းကို လော့ခ်ချထားပြီး ဖြစ်သည်။
ကျန်းယန်ရှန့် က ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ပြီး အေးစက်သောလေသံဖြင့် ပြောလေသည်။
"ရှင် ခုနက ရိုက်ထားတဲ့ ဓာတ်ပုံကို ဖျက်လိုက်ပါ...."
ကျန်းဟယ်လင်း သည် လျန့်ကျန်း ဓါတ်ပုံရိုက်နေသည်ကို မသိခဲ့ပေ။
လျန့် မိသားစုအားလုံးသည် အရပ်ရှည်ကြ၍ လျန့်ကျန်း က သူမကို အထက်စီးဆန်စွာဖြင့် ငုံ့ကြည့်လိုက်သည်။
“ငါက ဘာဓာတ်ပုံကို ရိုက်ရမှာလဲ... အန်တီ နဲ့ ဦးလေးက ဒီအိမ်မှာ ဆယ်လ်ဖီ ရိုက်ခွင့်မရှိဘူးလို့ ပြောထားလို့လား..."
ကျန်းယန်ရှန့် သည် သူ့ကို ရွံရှာသွားသည်။
"ရှင့်ဖုန်း ကျွန်မကို ပေး...."
“ဘာလို့ ပေးရမှာလဲ...”
လျန့်ကျန်း က ပြုံးပြီး ကျန်းယန်ရှန့်ရှေ့မှာ ဆဲလ်ဖုန်းကို ခါပြလိုက်သည်။
"ဆဲလ်ဖုန်းဆိုတာ ကိုယ်ရေးကိုယ်တာ ပစ္စည်းတစ်ခုဆိုတာ နင့်လို ကလေးတစ်ယောက် နားမလည်ပါဘူး...ကိုယ်ရေးကိုယ်တာ ပစ္စည်းကိုတခြားသူတွေကို မပေးနိုင်ဘူး...”
ကျန်းဟယ်လင်း သူတို့စကားကို နားထောင်လေလေ ဝမ်းကွဲအစ်ကိုက မှားလေလေဟု သူမ ခံစားရပြီး ဝမ်းကွဲအစ်ကို၏ အပြောအဆို နှင့် အမူအရာကို စိတ်အနှောင့်အယှက် ဖြစ်သွားသည်။အစ်မဖြစ်သူ ပြောသည့် ဓာတ်ပုံကို သူမ မသိသော်လည်း ဝမ်းကွဲအစ်ကို ကို အမှား ('X') နှင့် အစ်မဖြစ်သူကို အမှန်( '√' ) ဟူ၍ ပေးထားပြီးသား ဖြစ်သည်။
ကျန်းဟယ်လင်းသည် ကျန်းယန်ရှန့်ဘေးသို့ ကပ်လိုက်သည်။ ထိုအခိုက် လက်တစ်ဖက်သည် လျန့်ကျန်း ၏ လက်ကောက်ဝတ်ကို လျင်မြန်သည့် အရှိန်ဖြင့် ချဥ်းကပ်လာရာ လျန့်ကျန်း ၏ လက်သည် လွင့်ထွက်သွားသည်။ (မြောက်တက်သွား)
လျန်းကျန်းသည် ကေမြို့သို့ မရောက်မီ ကျန်းမိသားစုမှ မထီမဲ့မြင် ပြုခံရမည်စိုးသောကြောင့် ဝယ်လာခဲ့သော သူ၏ လက်ကိုင်ဖုန်း အသစ်သည် လေထဲတွင် သုံးလေးပတ် လည်သွားပြီး ရေကူးကန်ထဲသို့ ပြုတ်ကျသွားသည်။
ထို့နောက် လျန့်ကျန်း ၏ အသံကရေကူးကန် တစ်ခုလုံး ပဲ့တင်ထပ်သွားပြိး ရေကန်ထဲသို့ ခုန်ဆင်းလိုက်သည်။
“ငါ့ ဆဲလ်ဖုန်းအသစ်...”
သို့သော် ဖုန်းပြုတ်ကျသည့် နေရာသည် ရေကူးကန်၏ အနက်ဆုံးတွင် ဖြစ်သည်။ လျန့်ကျန်း သည် မီတာဆယ်နှင့်ချီကာ ဖားကူး,ကူးနိုင်သော်လည်း ရေကူးနည်းကို အမှန်တကယ်စနစ်တကျ မသင်ယူခဲ့ရပေ။
လျန့်ကျန်းက ရေကန်ထဲဆင်းကာ နှစ်ကြိမ် ရှာခဲ့သော်လည်း ဆဲလ်ဖုန်းကို မတွေ့ခဲ့ပေ။ တတိယအကြိမ်မြောက် ရေငုပ်ပြီးနောက်တွင် ဆဲလ်ဖုန်းကို ရှာတွေ့သွားသည်။
လျန့်ကျန်း ကန်ဘောင်ပေါ်သို့ မတက်မီ သူ့လက်ထဲမှ ဖုန်းကို ကျန်းယန်ရှန့် က ဆွဲယူသွားသည်။
“ဟေး...”
လျန့်ကျန်း က ကျယ်လောင်စွာ အော်လိုက်သည်။
ရေနစ်ထားသော ဖုန်းသည် ရေကူးကန်အထက်တွင် လှပစွာ ဝဲပျံသွားပြီး ဟိုဖက်ကမ်းတွင် 'ကလစ်' ဟူသော အသံတစ်ခု ထွက်ပေါ်ကာ ပြုတ်ကျသွားသည်။
လျန့်ကျန်း လုံးဝ ကြေကွဲသွားသည်။
ဖုန်းထဲမှာ ဖွက်ထားတဲ့ ဗီဒီယိုတွေ အများကြီးပဲ...
ကျန်းယန်ရှန့်က အေးအေးလူလူပင် အိမ်ထဲသို့ လျှောက်သွားလိုက်သည်။
လျန့်ကျန်း ဒေါသတကြီးဖြင့် ရေကူးကန်ထဲက ထွက်လာပြီး မျက်နှာကို တဘက်ဖြင့် သုတ်လိုက်ကာ ဒေါသတကြီး အော်ပြောလိုက်သည်။
“ ရပ်လိုက်...."
ထို့နောက် သူက ပြေးလာပြီး ကျန်းယန်ရှန့် ၏ ပုခုံးကို လှမ်းဆွဲလိုက်သည်။
“အစ်မ သတိ…”
“ထား” ဟူသော စကားလုံးကို ကျန်းဟယ်လင်း မပြောမီ ကျန်းယန်ရှန့် သည် လျန့်ကျန်း ကိုနောက်ပြန် ပိတ်ကန်လိုက်ပြီ ဖြစ်သည်။
လျန့်ကျန်း ဂျွမ်းတစ်ပတ် လည်သွားကာ မေးရိုးကျိုးမတတ် မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရသည်။ထို့နောက် လျန့်ကျန်းက လဲကျနေရာမှ မော့ကြည့်လိုက်ရာ ကျန်းယန်ရှန့်၏ လှပသော ခြေသလုံးကို မြင်လိုက်ရသည်။
လျန့်ကျန်း က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ကျန်းယန်ရှန့် ၏ခါးကို ကိုင်မည် ပြုလိုက်စဉ် ပခုံး၌ စူးရှသော ဝေဒနာတစ်ခု ခံစားရလေသည်။
ကျန်းယန်ရှန့်က လျန့်ကျန်း ၏လက်များကို လှန်ချိုးလိုက်ခြင်း ဖြစ်သည်။
"ရှင် ဘာလုပ်ချင်လို့လဲ..."
ကျန်းယန်ရှန့်သည် ပြန်လည်မွေးဖွားပြီးနောက် သူမသည် အရွယ်ရောက်ပြီး ယောက်ျား တစ်ယောက်ထက် ခွန်အားကြီးလာလေသည်။
လျန့်ကျန်းမှာ နောက်ကျောကို သံတုံးနှင့် ဖိထားသလို ခံစားလိုက်ရပြီး သူလုံးဝ မလှုပ်နိုင်တော့ပေ။
"လွှတ်..နင်ဘာလုပ်နေတာလဲ...ငါက ကျန်းမိသားစုရဲ့ ဧည့်သည်ပါ..."
"ရှင့်လို ဧည့်သည်မျိုး တစ်ခါမှ မတွေ့ဖူးဘူး...."
လျန့်ကျန်း သည် ကျန်းယန်ရှန့် ၏ ခွန်အားကို ခံစားလိုက်မိသည်။ ကျန်းယန်ရှန့် သည် ငယ်စဉ် ကတည်းက ကိုယ်ခံပညာကို လေ့ကျင့်သင်ကြားခဲ့ကြောင်းကို ကျန်းရှို့ချန်က ပြောခဲ့ဖူးလေသည်။
"ကျန်းယန်ရှန့်....ငါ့ကို ပြောစမ်း... အဲ့ဒါကို ငါ ဘာလုပ်ရမလဲ....."
"ဘာကိုလဲ...."
"ငါ့ဖုန်း...ရူးချင်ယောင်ဆောင်မနေနဲ့.....ငါဝယ်ထားတာ တစ်ပတ်ပဲရှိသေးတယ်....ယွမ်ထောင်ဂဏန်း ပေးရတယ်....”
“အိုး...ဒါဆို ရှင်ဘာဆက်လုပ်မှာလဲ...”
"ငါ ပိုက်ဆံမလိုချင်ဘူး....ဆဲလ်ဖုန်းအသစ်လိုချင်တယ်....ဒီဖုန်းနဲ့ ပုံစံတူ...အခုချက်ချင်း...မြန်မြန်..."
အကယ်၍ ကျန်းယန်ရှန်သည် ဖုန်းအသစ် ရှာမရပါက ပိုက်ဆံတောင်းမည် ဟု ရည်ရွယ်ထားခြင်း ဖြစ်သည်။
"ရတယ်လေ.."
Xxxxxxx
Part 78
လျန့်ကျန်း အံ့အားသင့်သွားသည်။ ဤဖုန်းသည် "အသီး" တံဆိပ် ၏ နောက်ဆုံးထွက် မော်ဒယ်ဖြစ်ပြီး လွန်ခဲ့သည့် လအနည်းငယ်ကမှ စတင်ထုတ်လုပ်ခဲ့သည်။ အကယ်၍ ယခုချက်ချင်း သွားဝယ်မည် ဆိုလျှင်တောင် အသွားအပြန် တစ်နာရီခန့် ကြာမည် ဖြစ်သည်။
"ငါနင့်ကို နောက်နေတာ မဟုတ်ဘူး...လူကြီးတွေက ဆဲလ်ဖုန်းမရှိရင် အလုပ် မလုပ်နိုင်ဘူး....အဲဒါကို သိလား...ဆဲလ်ဖုန်းကနေ အရေးကြီးတဲ့လူဘယ်နှစ်ယောက်ကို ဆက်သွယ်ရမယ် ဆိုတာ နင်သိလား...နင် ငါ့ရဲ့ ဖုန်းကို ဖျက်လိုက်လို့ ငါ ဘယ်လောက် နှောင့်နှေးရမလဲ သိလား…”
လျန့်ကျန်းက စကားအဆက်မပြတ် ပြောနေ၍ ကျန်းယန်ရှန့် စိတ်ဆိုးနေပြီ ဖြစ်သည်။
"ဟယ်ဟယ်..."
"အစ်မ..."
“ငါ့အခန်းထဲက စားပွဲခုံရဲ့ညာဘက်ခြမ်းက တတိယ အံဆွဲထဲမှာ နင့်ဝမ်းကွဲအစ်ကို အတွက် ဆဲလ်ဖုန်းယူခဲ့....”
“ဟုတ်ကဲ့....”
ကျန်းဟယ်လင်း ပြေးသွားသည်။
ကျန်းယန်ရှန့်က အိမ်ထဲသို့ ဝင်သွားလိုက်သည်။
လျန့်ကျန်း က “ဟေး...” ဟုအော်လိုက်သော်လည်း ကျန်းယန်ရှန့်က လှည့်မကြည့်ပေ။ ထို့နောက် လျန့်ကျန်းက ရေကူးကန် တစ်ဖက်ကမ်းကို ပြေး၍ ဖုန်းကို ကောက်ကိုင်လိုက်သည်။ ဖုန်းမှာရေဝင်ထားပြီး မှန်ပါ ကွဲအက်သွား၍ လုံးဝပြုပြင်၍ မရနိုင်တော့ပေ။
လျန့်ကျန်းသည် ဆဲလ်ဖုန်း အတွက်သာမက ဆဲလ်ဖုန်းထဲရှိ ဖိုင်လ်များ အားလုံးအတွက် အလွန် နှမြောနေသည်။
ထို့နောက် တဘက်ကိုယူ၍ ကျန်းယန်ရှန့်ကိုရှာရန် အိမ်ထဲသို့ သွားလိုက်သည်။
ကျန်းယန်ရှန့် က ကျန်းဟယ်လင်း ကို ဆဲလ်ဖုန်း ယူခိုင်းတယ် ဟုတ်လား....
တကယ်ရှိလို့လား...
ဒီအိမ်မှာ ဆဲလ်ဖုန်းအသစ်တစ်လုံး ရှိနေတာ ဘာကြောင့် တိုက်ဆိုင် နေတာလဲ...
လျန့်ကျန်း တွေးတောရင်း အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။
ကျန်းယန်ရှန့်က ကျန်းဟယ်လင်း ကို ဆိုဖာပေါ်တွင် ထိုင်စောင့်နေစဥ် ထောင့်စားပွဲထောင့်တွင် ကျန်းဟွမ် ၏ စီးကရက်ဗူးကို တွေ့လိုက်ရသည်။
ကျန်းယန်ရှန့် သည် သူမ၏ အကျင့်အတိုင်း စီးကရက် တစ်လိပ်ကိုယူ၍ ပါးစပ်တွင် တေ့လိုက်ပြီး မီးခြစ်ရှာရန် စားပွဲအောက်သို့ ငုံ့ကြည့်လိုက်သည်။
ချက်ချင်း သူမ တွေဝေသွားသည်။ အကြောင်းမှာ သူမသည် အသက် ၁၅ နှစ်အရွယ် ကျန်းယန်ရှန့် ဟူသော ဘဝကို မေ့သွားခြင်း ဖြစ်သည်။အဆုံးတွင် သူမက စီးကရက်ကို ပြခွက်ထဲသို့သာ ပစ်ထည့်လိုက်သည်။
ကျန်းဟယ်လင်း သည် ဖုန်းကို ယူပြီး အမြန် ပြေးလာစဉ် လျန့်ကျန်းသည် ဧည့်ခန်းငယ်ထဲသို့ ဝင်လာသည်။
“ညီမလာပြီ...အစ်မ...ဒါလား..."
ကျန်းယန်ရှန့် က ကျန်းဟယ်လင်း လက်ထဲမှ ဘူးကိုယူ၍ ဆိုဖာပေါ် ပစ်ချလိုက်ပြီး လျန့်ကျန်းကို အေးစက်စက် ပြောလိုက်သည်။
" ပုံစံတူလား...ကြည့်လိုက်..."
လျန့်ကျန်း က သံသယရှိစွာ ကောက်ကိုင်လိုက်သည်။ ဖုန်းမှာ မော်ဒယ်တူရုံတင်မကဘဲ ဗားရှင်းမှာလည်း နောက်ဆုံးထွက် ဖြစ်သည်။ထို့အပြင် ဖုန်း၏ မျက်နှာပြင်ရှိ ပလတ်စတစ် အလွှာသည် နဂိုအတိုင်းရှိနေသောကြောင့် ၁၀၀% အသစ်စက်စက်ဖြစ်သည်။
လျန့်ကျန်း ရင်တွေ တုန်သွားသည်။
“နင် ငါ့ဖုန်းကို ဖျက်ဆီးဖို့ ကြံစည်နေတာကြာပြီလား...”
ကျန်းယန်ရှန့် က ရယ်မောလိုက်သည်။
“ဆဲလ်ဖုန်းဝယ်တဲ့အခါ အပိုတစ်လုံးဝယ်စရာ မလိုဘူးလား... ပျက်စီးသွားရင် ဘယ်သူက ပြင်ပြီး သုံးတော့မှာလဲ...”
ဘာလဲကွာ...
ဘယ်သူက ဆဲလ်ဖုန်းဝယ်ရင် နောက်ထပ် အပိုတစ်လုံးလည်း ဝယ်လို့လဲ....
" မော်ဒယ်တူရဲ့လား..."
“ ပုံစံတူပါပဲ...ဒါပေမယ့် ဒီအရောင်ကို ငါမကြိုက်ဘူး...မိန်းမဆန်လွန်းတယ်...ဒါပေမယ့် ဒီတစ်ခုပဲ ယူလိုက်ပါ့မယ်..."
"ယူမယ် ဟုတ်လား..."
ထို့နောက် ကျန်းယန်ရှန့်သည် ခြေတစ်လှမ်း ရှေ့တိုးကာ လျန့်ကျန်း ၏ လက်ထဲမှ ဆဲလ်ဖုန်းကို ကြမ်းပြင်ပေါ်သို့ ပစ်ခွဲလိုက်ရာ အသစ်စက်စက် မော်ဒယ်မြင့် ဆဲလ်ဖုန်းသည် နေရာမှာပင် ကွဲအက်သွားသည်။
လျန့်ကျန်း အံ့အားသင့်သွားသည်။
"ရှင့်ရဲ့ ဖုန်းတစ်လုံးကို ကျွန်မဖျက်ဆီးလိုက်ရင် ရှင် က ကျွန်မရဲ့ လက်ကိုင်ဖုန်းကိုလည်း ဖျက်ရမှာပဲ..အခုတော့ ကျွန်မ ရှင့်ကို လျော်ပေးစရာ မလိုတော့ဘူး...."
ကျန်းဟယ်လင်း အံ့ဩသွားသည်။ တစ်ခုခုမှားနေပြီဟု သူမ ဖျတ်ခနဲ ခံစားလိုက်ရပြီး ကျိုးကြောင်းဆီလျော်ပုံပေါက်သည်ဟု သူမ ခံစားမိပြန်သည်။ နှစ်ယောက်လုံး လက်ကိုင်ဖုန်း တစ်လုံး ဆုံးရှုံးသွားတာတော့ အမှန် ဖြစ်သည်။
ကျန်းယန်ရှန့် က လျန့်ကျန်း ၏ ဆဲလ်ဖုန်းအဟောင်းကို ယူလိုက်သည်။
“ဘာလုပ်တာလဲ...”
ထိုဖုန်းသည် ဆိုးရွားစွာ ပျက်ဆီးသွားသော်လည်း ဒေတာများကို ထုတ်ယူ၍ ရနိုင်သေးသည်။ သို့သော်လည်း ကျန်းယန်ရှန့် က ဖုန်းကို ပြင်းပြင်းထန်ထန် ကိုင်ပေါက်လိုက်ပြီ ဖြစ်သည်။
လျန့်ကျန်း မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ကျန်းယန်ရှန့် က ဆင်းမ်ကတ်ကို ထုတ်ယူ၍ လန့်ကျန်း ဆီ ပစ်ချပြီး အေးစက်စွာပြောလိုက်သည်။
“ဒါက ကျွန်မရဲ့အိမ်...ပြည်သူပိုင်နေရာမဟုတ်ဘူး...အခန်းပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ခွင့် မရှိဘူး....ရှင်ထပ်လုပ်မယ်ဆိုရင် ဒီအိမ်က ချက်ချင်းထွက်သွား..."
Xxxxxxx