အပိုင်း ၄၇-၄၈
Viewers 23k

Chapter 47


ကျန်းယန်ရှန့်  နားလည်လိုက်သည်။ သူမ၏ အဖေသည် အရာအားလုံးကို နားလည်သူ ဖြစ်သည်။


သေချာ စဉ်းစား ကြည့်လျှင် သူသည် အတွေ့အကြုံများစွာ တွေ့ကြုံခဲ့ရသော မြေခွေး တစ်ကောင် ဖြစ်သည်။ သူသာ စွက်ဖက်ချင် ပါက သူ မလုပ်နိုင်တာ ဘာမှ မရှိချေ။ သူသည် ဤမိသားစု၏ အာဏာနှင့် ချမ်းသာမှုကို အမှန်တကယ် ဆုပ်ကိုင်ထားသူဖြစ်သည်။


ထို အချိန်တွင် 

 အိမ်အကူ အဒေါ်က ညစာ အဆင်သင့်ဖြစ်ပါပြီ...” 

ဟု  ခေါ်လိုက်သည်။


ကျန်းဟွမ် က  ပြုံးပြပြီး 


"ညစာ သွားစားရအောင်...." 


တစ်မိသားစုလုံး ထမင်းစားခန်းသို့ သွားကြသည်။


 ကျန်းဟယ်လင်း က အစ်မ ထမင်းစားချိန်ရောက်ပြီလေ..." ဟု အော်လိုက်၏။ 


အားလုံး လှည့်ကြည့်လိုက်လျှင် ကျန်းယန်ရှန့် သည် ​​မှန်းဆလို့မရသည့် မျက်နှာထားနှင့် ရပ်နေသေး သည်ကို တွေ့လိုက်ရ၏။ သာမာန်အေးစက်မှုနှင့် လျစ်လျူရှုခြင်း မဟုတ်သော်လည်း ခါးသီးမှု အနည်းငယ် ရောယှက်နေသည်။


“ကျွန်မ ဗိုက်မဆာလို့ပါ....အားလုံးပဲစားကြပါ....” 


ပြောပြီးသည်နှင့်  အပေါ်ထပ်သို့ တက်သွားသည်။


လျန့်ကျန်း လည်း မျက်နှာ မကောင်းပေ။ ပထမအချက်‌မှာ ဇိမ်ခံအိမ်ကြီးတွင် နေထိုင်ရန် အစီအစဉ်ကို ပြောင်းလဲခဲ့ရသည်။ ထို့နောက် သမီးအကြီးဆုံးဖြစ်သည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးက ညစာစားပွဲတွင် ဧည့်သည်ကို မလိုလားဟန် ပြသည်။ တိုတိုပြောရလျှင် အားလုံးက အဆင်မပြေပေ။


ကျန်းဟွမ် သည်  ရင့်ကျက်ပြီး ဆန်းပြားသည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော် တကယ်တော့ သူ့မျက်နှာက ခံစားချက်တွေ ပြည့်နှက်နေသည်။ထို့အပြင် မကျေနပ်မှုများသည် သူ့မျက်နှာမှာ ပေါ်လွင်နေသည်။သူသည် အားလုံးရှေ့တွင်  အရှက်ရသွားသည်။


 မူလက သူသည် ဆွေမျိုးတစ်ဦး၏ ချစ်ခင်ကြင်နာမှုကို ပေးလိုသည်။ 


လျန်ကျန်း သည် ဘွဲ့ရပြီးသော လူငယ်တစ်ဦးဖြစ်သည်။ သူ့ကို  လေ့ကျင့်ပေးနိုင်လျှင် အလုပ်တွင် အဆင်ပြေနိုင်၏။


  သို့သော်  အရည်ချင်းမဲ့သော ဆွေမျိုးများကို သူက  အောက်ကျခံပြီး ပေါင်းသင်းဖို့ မလိုပေ။ 


ကျန်းဟွမ်  အန်တီ လောကို လှမ်းပြောလိုက်သည်။


"ယန်ယန် လောလောဆယ် ဗိုက်မဆာသေးဘူး...နောက်မှစားပါလိမ့်မယ်..."


 ညစာစား ပြီးသည့်အခါ လျန့်ကျန်း က ဧည့်ခန်းထဲတွင် အိမ်ကိုဖုန်းဆက်ပြီး တိုင်တန်းလိုက်သည်။


“ဒီမှာနေဖို့ ပြောထားပြီးသားကို  အပြင်ထွက်ပြီး အိမ်ငှားခိုင်းတယ်...ဒါက ဘာသဘောလဲ...သူ့စကားကို ဘာလို့မတည် ရတာလဲ..." 


လျန့်ယင်းယင်း လည်း စိတ်ဆိုးသွားကာ ဖုန်းကို သူ့လက်ထဲမှ လုယူ လိုက်ပြီးဆူပူလိုက်သည်။


 "ဘာတွေ လောနေတာလဲ... ဒါက သူ့ရဲ့ ပထမဆုံးနေ့ပဲ...ဒါကြောင့် သူ ချက်ချင်း အိမ်ကနေ ထွက်‌သေးမှာ မဟုတ်ဘူး...သူ ဒီမှာပဲ နေမယ်... အလုပ်ကိစ္စကို  အရင်ပြောရဦးမယ်...." 


ပထမညတွင်  လျန့်ကျန်းသည် အိမ်ရှိနေရာတိုင်းတွင် ဓာတ်ပုံရိုက်ပြီး


 သူ၏ "အမှတ်တရများ" လူမှုကွန်ရက် တွင် တင်ခဲ့သည်။ လျန့်ကျန်း က မှတ်ချက်တွေကို တစ်ယောက်ပြီးတစ်ယောက် မှတ်ချက်များကို ပြန်ဖြေပြီး သူ စိတ်ကျေနပ် သွားသည်။  ဒေါသများလည်း  ပျောက်ကွယ်သွားခဲ့သည်။


 နောက်တစ်နေ့သည်  တနင်္ဂနွေနေ့ ဖြစ်သဖြင့် ကျန်းဟွမ် သည် ကုမ္ပဏီသို့ မသွားဘဲ ဂေါက်ရိုက်သွားမည် ဖြစ်၏။ 


လျန့်ကျန်း သည် ကားဒရိုင်ဘာက ကျန်းဟွမ်အား ကားတံခါး ဖွင့်ပေးသည်ကို ကြည့်နေသည်။ သူသည် သူဌေးကြီး ကျန်းဟွမ် ၏ပုံစံကို အလွန်အားကျပြီး တစ်နေ့တွင် သူဌေးတစ်ယောက် ဖြစ်လာနိုင်သည်ဟု စိတ်ကူးယဥ်မိသည်။


 ထို့‌ေနာက် သူက ဗီဒီယိုရိုက်ကူးရန် ဆဲလ်ဖုန်းကိုကိုင်ကာ အိမ်တဝိုက်လှည့်၍ ရိုက်ကူးလိုက်သည်။


“ဒါက ဧည့်ခန်း....ဒီနားနေခန်းက ငါ့ဦးလေး အရက်သောက်ဖို့ လုပ်ထားတာ... ဒီနံရံပေါ်က ဝိုင်ကိုကြည့်လိုက်ပါ....ဒီဝိုင်က ဘယ်လောက်ကျလဲ ခန့်မှန်းကြည့်...ခန့်မှန်းလို့ မရနိုင်အောင်‌ ဈေးကြီးမှာ သေချာတယ်...” 


ထို့နောက် အပေါ်ထပ်သို့ တက်သွားသည်။


 “ဒါ ငါ့အခန်း...ဒီရေချိုးခန်းကို ကြည့်ပါဦး...မင်းတို့ အိပ်ခန်းထက် ပိုကျယ်တယ်မဟုတ်လား... ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်သလဲ....”


 


သူ ပြန်ထွက်လာပြန်သည်။


 "ဒီအခန်းနှစ်ခန်းကို ကြည့်... ဒီအခန်းက ငါ့ရဲ့ ဝမ်းကွဲ ညီမနဲ့ ဒီအခန်းက ဝမ်း...."


သူ့နှုတ်က  'ဝမ်းကွဲ' ဟူသော စကားလုံးကို မပြောမီ ရုတ်တရက် တံခါးပွင့်လာလေရာ လျန့်ကျန်း ရုတ်တရက် လန့်ဖျပ်သွား​ပြီး သူ့ဖုန်းသည့် ကြမ်းပြင်သို့ ပြုတ်ကျသွားသည်။


ကျန်းယန်ရှန့် က သူ့ဆဲလ်ဖုန်းကို ကြမ်းပြင်ပေါ်သို့ လက်ဖြင့် ပုတ်ထုတ်လိုက်ခြင်း ဖြစ်သည်။


 "အမယ်လေး..." လျန့်ကျန်း က ကောက်ကိုင်လိုက်ပြီး "ငါ့ဖုန်းအသစ်... ငါ့ဖုန်းအသစ်..." 


ကံကောင်းထောက်မစွာပင်၊ ကြမ်းပြင်များကို ကော်ဇောခင်းထား သဖြင့် ဆဲလ်ဖုန်းက ကွဲမသွားပေ။  ကျန်း မိသားစုက အထင်သေးမှာကို ကြောက်၍ ကေမြို့ကို မလာမီ အထူးဝယ်ခဲ့သည့် ဖုန်းအသစ် ဖြစ်သည်။


ကွဲသွားခြင်းမရှိသော်လည်း လျန့်ကျန်း  အနည်းငယ် ဒေါသထွက်သွါးသည်။


 "နင် ဘာလုပ်လိုက်တာလဲ...." 


“ကျွန်မ အပြင်ထွက်မလို့ တံခါးဖွင့်လိုက်တာ...လူတစ်ယောက်က ကျွန်မရှေ့မှာ ဆဲလ်ဖုန်းတစ်လုံးကို ကိုင်ထားတယ်လေ...မိန်းကလေး တစ်ယောက်ရဲ့  အခန်းထဲကို ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်တာလို့ ကျွန်မ ထင်တယ်...” 


ကျန်းယန်ရှန့်စကားကြောင့် လျန့်ကျန်း ဆို့နင့်သွားသည်။ နံနက်စောစောတွင်၊ သူသည် မိန်းကလေး၏ တံခါးရှေ့တွင် ၎င်း၏ဆဲလ်ဖုန်းပေါ်တွင် ဗီဒီယိုတစ်ခု ရိုက်ကူးနေခဲ့သည်။ သူက ခါးခါးသီးသီးသာ ပြောနိုင်သည်။


 "အိမ်မှာ နှာဘူး ဘယ်လိုလုပ် ရှိနိုင်မှာလဲ..."


 "ဟုတ်တယ်...ဒါ‌ပေမဲ့တစ်ယောက်ယောက်က ကျွန်မအိမ်ကို ဓာတ်ပုံရိုက်နေတာ ဆိုတော့ ကျွန်မမှာ ထင်ခွင့်ရှိတယ်..."


လျန့်ကျန်း က စကားဆက်ချင်သေးပေမယ့် ကျန်းယန်ရှန့် က တံခါးပိတ်ပြီး အောက်ထပ်ကို ဆင်းသွားတော့သည်။


ကျန်းယန်ရှန့် အပေါ်ထပ်သို့ပြန် တက်လာသောအခါ လျန့်ကျန်း သည် ဒုတိယထပ်တွင်မရှိတော့ပါ။ 


သူ တတိယထပ်ကို ရောက်နေပြီ ဖြစ်သည်။ သူက ကျန်းဟွမ် ရဲ့ အိပ်ခန်းကို ဓာတ်ပုံရိုက်ချင်သည်။ ထိုအိမ်ကြီး၏ သခင် အိပ်ခန်းသည် ဇိမ်ခံ အသုံးအဆောင်များ ရှိနိုင်သည်။


'ဘယ်လို ဗီရို ၊ ဘယ်လို လှေကားထစ် ကျယ်ကြီးနဲ့ ဘယ်လို ဇိမ်ကျကျ ရေချိုးကန်မျိုး ရှိမှာပါလိမ့်..' ဟု သူတွေးနေမိသည်။


သူ၏ဆင်းရဲသော သူငယ်ချင်းများကို ဤဗီဒီယိုကို ပြပြီး ကြွားချင်လှသည်။


လျန့်ယင်းယင်း သည် အခန်းတံခါး ကို လော့ခ်ချထားသည်။


ထို့ကြောင့် ကျန်းရှို့ချန် ၏ အခန်းသို့သာ ဝင်လာခဲ့သည်။


 အခန်းထဲတွင် ဂိမ်း ကစားနေသော ကျန်းရှို့ချန်က တံခါးဖွင့်သံကြားလျှင်  ထိတ်လန့်သွားပြီး သူ့နောက်တွင် ဂိမ်းစက်ကို ဖွက်လိုက်သည်။


လျန့်ကျန်း ကို မြင်လိုက်မှ သူသက်ပြင်းချပြီး 


 "အစ်ကိုကြီး က ဘာလုပ်တာလဲ...လန့်သွားတာပဲ..." 


လျန့်ကျန်း က 


"ဘာကို ကြောက်တာလဲ...မင်း ခုနက ဘာလုပ်နေတာလဲ..." 


ကျန်းရှို့ချန် က 


"သားရဲ့ အစ်မ လာစစ်တာလို့ ထင်နေတာ..." 


 "မင်း အစ်မကို အရမ်းကြောက်လား..."  


“အစ်မအကြီးဆုံးက သားကို နေ့တိုင်းနေ့လည် ၁၂ နာရီ မတိုင်ခင် အိမ်စာတွေ ပြီးအောင် လုပ်ခိုင်းတယ်...သားရဲ့ မမ က လာပြီး စစ်တယ်... ပြီးတော့ အစ်မကလည်း တကယ် အိမ်စာ လုပ်နေတာလား ဆိုပြီး စစ်ဖို့ ခဏခဏ လာတယ်..." 


လျန့်ကျန်း သည် အခန်းတဝိုက်တွင် လှည့်ပတ်ကြည့်ရင်း 


"ဒါဆို မင်း စာမရေးရသေးဘူးလား...ဘာလုပ်နေတာလဲ...မင်းဘာနဲ့ကစားနေတာလဲ...ဘုရားရေ... ဒါက နောက်ဆုံး မော်ဒယ်ပါလား..." 


လျန့်ကျန်း သည် ကျန်းရှို့ချန် ၏ ဂိမ်းစက်အသစ်ကို စိတ်အားထက်သန်စွာဖြင့် 


"အစ်ကိုကြီး ကို ခဏလောက်ကစားခွင့် ပေးပါကွာ...." 


ကျန်းရှို့ချန် မှာ အိမ်တွင် ကစားဖော် မရှိသလို သူ့အစ်မနှစ်ယောက်လုံးကလည်း သူနဲ့ မကစားကြပေ။ချက်ချင်းဆိုသလိုဝါဿနာတူ တစ်ယောက် ပေါ်လာသဖြင့် ရက်ရက်ရောရော ငှားလိုက်သည်။ 


အတန်ကြာသော်.....


xxxxxxx


Part 48


လျန့်ကျန်း က ဂိမ်းရှုံးပြီးနောက် သူ့ဆီ ဂီမ်းစက်  ပြန်မပေး၍ ကျန်းရှို့ချန် ဒေါသတကြီးဖြင့် ပြန်လုလိုက်သည်။


“ဒါက သားရဲ့ဂိမ်းစက်...ပြန်ပေးပါ... ” 


လျန့်ကျန်း က သူ့ကို တံတောင်နဲ့ တားထားပြီး 


"နောက်တစ်ပွဲပဲ ကစားမယ်..." 


ကျန်းရှို့ချန် သည်းမခံနိုင်တော့ပေ။ စောစောက ကစားဖော်အသစ်တစ်ယောက်ရခြင်း၏ လန်းဆန်းမှုက မှိန်ဖျော့သွားပြီး ဒီဝမ်းကွဲ အစ်ကိုကြီးကို သူ ငြီးငွေ့လာသည်။


သူက ဂိမ်းစက်ကို ကိုင်လိုက်ပြီး


 "ဒါက သားရဲ့ ဂိမ်းစက်..." 


လျန့်ကျန်း က  မျက်လုံးပြူးသွားပြီး 


“မင်းမှာ အရုပ်တွေအများကြီး ရှိတာပဲ...မင်း အစ်ကိုကြီးကို ဒီဂိမ်းစက် ခဏ ငှားပေးလေ...အစ်ကိုက ဧည့်သည်ပဲ..."


"မပေးဘူး..." 


"စိတ်ညစ်တယ်...မင်းမိသားစုက အရမ်းချမ်းသာတယ်...ဒါကြောင့် မင်းအမေက မင်းကို နောက်တစ်မျိုး ဝယ်ပေးမှာပါ..." 


ကျန်းရှို့ချန် က  စဉ်းစားပြီး


"ဒါဆိုလည်း အစ်ကို့ အမေကို ဝယ်ခိုင်းလိုက်ပါ..." 


လျန့်ကျန်း က  ခါးသီးစွာ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။


 'ခွေးကောင်!' 


သို့သော် သူက ရှက်ရွံ့စွာဖြင့်


“အစ်ကို့ကို ခဏလောက် ကစားဖို့ ငှားပါ…” 


"ဟင့်အင်း...သား ကစားချင်တယ်..." 


"မမဆီက ငှားလို့ရတယ်...သူမမှာလည်း တစ်ခုရှိတယ်...အဲ့ဒါလည်း နောက်ဆုံးထွက် မော်ဒယ်ပဲ..." 


"ဘယ်​ မမလဲ" 


"သားရဲ့ ဒုတိယ အစ်မ..." 


ကျန်းဟယ်လင်း အကြောင်းပြောပြီးတာနဲ့ ကျန်းဟယ်လင်း က အခန်းဝ,တွင် ပေါ်လာလေသည်။


"နင် ဘာလို့ အိမ်စာ မ‌ရေးသေးတာလဲ...နောက်တစ်ခါ အရိုက်ခံချင်လို့လား...” 


ကျန်းရှို့ချန် ..."သား ခဏလောက် ဆော့ပြီး စာရေးတော့မှာပါ..." 


“အစ်မအကြီးဆုံးက  မနက်ပိုင်းပဲ ပြီးအောင်ရေးဖို့ ပြောထားတယ်...မနက် အိပ်ရာနိုးတဲ့အခါ စိတ်ကြည်လင်တယ်...ဒါကြောင့် စာလုပ်ဖို့ အကောင်းဆုံးပဲ... နေ့ခင်းဘက်ပဲ ကစားခွင့်ရှိတယ်...မြန်မြန်လုပ်ပါ...စာမရေးရသေးရင်  အစ်မကြီးကို ဒီကို ခေါ်လိုက်မယ်....”


ကျန်းရှို့ချန် က မတ်တပ်ထရပ်ပြီး   သူ၏ ရတနာသေတ္တာ ပုံစံရှိသည့် ဂိမ်းစက်ကို  သေတ္တာထဲတွင် သော့ခတ်လိုက်သည်။ ထို့ေနာက် သော့ကို ဘောင်းဘီအိတ်ထဲထည့်ရင်း လျန့်ကျန်း ကိုစိုက်ကြည့်နေ၏။


လျန့်ကျန်း : “…” 


ခွေးစုတ်ကလေး....


ကျန်းဟယ်လင်း က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး


 "အန်တီဝမ် ဘယ်မှာလဲ..." ဟု မေးလိုက်သည်။ 


"သူမ အဝတ်အစားတွေ လျှော်ဖို့ ယူသွားတယ်..." ကျန်းရှို့ချန် က ပြောသည်။


"ဒါဆို အစ်ကိုကြီးက သူ အိမ်စာလုပ်နေတာကို ကြည့်ထားပေး..." 


လျန့်ကျန်း က မျက်လုံးပြူးဖြင့်မေးလိုက်သည်၊


 "နင်က ဘာလုပ်ရမှာ မလို့လဲ..."


“ညီမလည်း အိမ်စာလုပ်ရမှာပေါ့... အစ်မက မနက်ဆို စာကျက်ခိုင်းတယ်...ကဲ...ဒါဆိုလည်း အောက်ဆင်းတော့မယ်..." 


သူမက ကျန်းရှို့ချန် ကို သတိပေးသလို ကြည့်လိုက်ပြီး အောက်ကိုဆင်းသွားသည်။


လျန့်ကျန်း က ထပြီး ကျန်းဟယ်လင်း နောက်သို့ ပြေးလိုက်သွားသည်။ 


"ဟယ်ဟယ်....ဟယ်ဟယ်..." 


ကျန်းယန်ရှန့် သည် အပေါ်ထပ်သို့ ဖျော်ရည်တစ်ခွက်ကို ကိုင်ပြီး တက်မည်အပြု ကျန်းဟယ်လင်း ၏ အခန်းထဲက အသံတစ်ခု ကြားလိုက်ရသည်။


"ညီမရဲ့ ပစ္စည်းတွေကို မရှာပါနဲ့...မယူနဲ့...အိုး..."


 နောက်ဆုံး အသံ "အိုး" က နာကျင်စွာ အော်ဟစ်သံ ဖြစ်နိုင်သည်။


 


သူမ အမြန်ပြေးသွားလိုက်သည်။


ကျန်းဟယ်လင်း ၏ အခန်းတံခါး  လော့ခ် မချ ထားသည်ကို  တွေ့သည့်အခါ သူမ တံခါးကို မခေါက်ဘဲ တွန်းဖွင့်လိုက်သည်။ 


လျန့်ကျန်း က ကျန်းဟယ်လင်း ကို တံတောင်နဲ့ တားထားသည်။သူက ကျန်းယန်ရှန့်ကို သတိမထားမိဘဲ


“နင် ဘယ်မှာ ထားတာလဲ...မြန်မြန်...မတွန့်တိုပါနဲ့...ငါတို့က ဝမ်းကွဲတွေပဲ..." 


ရုတ်​တရက်​ ​အေးစက်​စက်​အသံတစ်​ခု ထွက်ပေါ်လာသည်။


"ရှင် ဘာလုပ်​​နေတာလဲ..."


 လျန့်ကျန်း က  လှည့်ကြည့်လိုက်လျှင်  ကျန်းယန်ရှန့် သည် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ 


ဒီ ညီမဝမ်းကွဲနဲ့ စကားပြောရတာ သိပ်အဆင်မပြေပေမယ့် သူမက လှပေသာ မိန်းမပျို တစ်ယောက်လို ခံစားရဆဲပင်။


"ဘာမှမဟုတ်ပါဘူး...ငါ ဟယ်ဟယ့်ရဲ့ ဂိမ်းစက်ကို ငှားဖို့ ပြောနေတာ..."


 

လျန်ကျန်းက ပြန်ဖြေလိုက်သော်လည်း 


ကျန်းယန်ရှန့် ကြောင့် သူဘာမှ ဆက်မပြောတော့ပေ။ သူက ကျန်းဟယ်လင်း ၏ နှာခေါင်းကို တရင်းတနှီး ဆွဲလိမ်ကာ  


“တွန့်တိုလိုက်တာ...ဟု ပြောပြီးသည် နှင့် သူ ထွက်သွားသည်။ 


ကျန်းယန်ရှန့် က ဘေးကို ရှောင်‌ပေးလိုက်ပြီး တံခါးကို ပိတ်လိုက်သည်။


"ဂိမ်းစက်က ဘယ်မှာလဲ..." 


ကျန်းယန်ရှန့် က မေးသည်။ 


သူမ၏ ယခင်ဘဝက လျန့်ကျန်း သည် ဤအိမ်တွင် တစ်နှစ်ခွဲနီးပါး နေထိုင်ခဲ့ပြီးနောက်ပိုင်းတွင် သူ မထွက်ခွာမီ တစ်ခုခုဖြစ်ပျက်ခဲ့သည်။


ကျန်းယန်ရှန့် သည် ဤလူကို အလွန်ရွံရှာသည်။ အကြောင်းရင်းတစ်ခုမှာ သူသည်  လျန့် မိသားစုမှ ဖြစ်သောကြောင့် ဖြစ်ပြီး အခြားအကြောင်းအရင်းမှာ သူသည် စိတ်ပျက်စရာ လူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။


ယခင် ဘဝက သူသည် ကျန်းယန်ရှန့် ကို တိတ်တဆိတ် ဓာတ်ပုံရိုက်ယူခဲ့ပြီး သူမကို အရှက်ရစေခဲ့သည်။ထိုအချိန်က သူမသည် အခန်းတံခါး ဖွင့်လျက်သားဖြင့် ဘရာ မဝတ်ထားပဲ ခါးတိုအင်္ကျီ ဝတ်ကာ အခန်းထဲတွင် ရှိနေ၏။အပြင်က သူ့ကို သတိမထားမိရခြင်းမှာ သီချင်းကို ကျယ်လောင်စွာ ဖွင့်ထားခြင်းကြောင့် ဖြစ်သည်။


 


ကျန်းဟယ်လင်း အတွက် ဂိမ်းစက်ကို သူမ ဝယ်ပေးခဲ့ခြင်း ဖြစ်သည်။ ကျန်းဟယ်လင်း သာ လျန့်ကျန်း ကို  ငှားခဲ့ပါက သူမကိုယ်တိုင် ဂိမ်းစက်ကို ရိုက်ချိုးပစ်မည် ဖြစ်သည်။


ကျန်းဟယ်လင်း  သည်  အိပ်ယာဘေးရှိ စားပွဲအံဆွဲကို ဖွင့်ကာ ဂိမ်းစက်ကို ထုတ်ယူလိုက်သည်။သူမက အိပ်ရာမဝင်ခင် ဂိမ်းကစား ရသည်ကို နှစ်သက်ပြီး ကစားပြီးလျှင် ကုတင်ဘေး စားပွဲအံဆွဲထဲတွင်  သိမ်းထားတတ်သည်။


 


"ကံကောင်းလို့ပေါ့... ဒီမှာ သိမ်းထားတာ..." 


ကျန်းဟယ်လင်း က ဆက်လက်ပြီး


“ညီမ သူ့ကို အရမ်းစိတ်ဆိုးတယ်... သူက ဂိမ်းစက်ကို ငှားခိုင်းတယ်... သူက လူကြီးပဲ...မငှားဘူးလို့ ပြောလိုက်တော့ သူက စာအုပ်စင်ကို ဖွပြီး ရှာတယ်..."


ကျန်းယန်ရှန့် က မျက်ခုံးပင့်လိုက်ပြီး 


"နင် သူ့ကို မငှားချင်ဘူးလား..." 


"မငှားချင်ဘူး..." 


"သူက နင့်ရဲ့ ဝမ်းကွဲ အစ်ကိုလေ..."


 "သူက စိတ်ပျက်စရာ ကောင်းတယ်..." 


"ဘာလို့လဲ..." 


 "အမေက မနှစ်တုန်းက ညီမနဲ့ ရှို့ရှို့ ကို မနှစ်တုန်းက သူမရဲ့ မွေးရပ်မြေကို ပြန်ခေါ်သွားတယ်‌လေ....အဲ့ဒီတုန်းက သိလိုက်တာ...သူက စိတ်အနှောက်အယှက်ပေးတယ်..." 


ကျန်းယန်ရှန့် နားလည်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဟယ်ဟယ်သည် သူ၏ စိတ်နေစိတ်ထားနှင့် ပြုမူပုံ အသေးစိတ်ကို စက်ဆုပ်ရွံရှာနေသောကြောင့်ဖြစ်သည်။


အထူးသဖြင့် မိန်းကလေးများသည် စိတ်ခံစားလွယ်သည်။


 


ကျန်းဟယ်လင်း က စကားပြောနေရင်း သူမ၏ ရင်ဘတ်တစ်ဖက်ကို ခပ်ဖွဖွ ပွတ်နေသည်ကို တွေ့လိုက်သောကြောင့်  ကျန်းယန်ရှန့် မေးလိုက်သည်။


“ဘာဖြစ်တာလဲ...” 


ကျန်းဟယ်လင်း က အံကြိတ်၍ တိုင်တန်းသလို ပြောလာလေသည်။


“သူ့ တံတောင်ဆစ်က ညီမကို လာထိတယ်...နာလိုက်တာ...”


 ကျန်းယန်ရှန့် က သူမကို ကြည့်ရင်း


 "အဲဒါက ဖွံ့ဖြိုးလာပြီလား..."


ကျန်းဟယ်လင်း သည် သူမကို မော့ကြည့်လိုက်သည်။ ထိုမျက်လုံးများသည် တစ်ခုခုကို စိုးရွံ့နေဟန်ရှိ၏။


Xxxxx