Chapter 45
ကျန်းဟယ်လင်း သည် ရေခဲမုန့် ယူရန် မီးဖိုချောင်သို့ သွားနေစဉ် စင်္ကြံတွင် သူမ အမေ ဖုန်းပြောနေသည်ကို ကြားလိုက်ရသည်။
"လျန့်ကျန်း...သူ ဘာလုပ်ပြန်ပြီလဲ..."
"တကယ်လား... သူ ကျွန်မကို ဒုက္ခပေးပြန်ပြီ..."
"ဘာလို့ အဆင်မပြေဘူးလို့ ပြောတာလဲ..."
"သူ့ကို မလာစေနဲ့....ကျွန်မ အရင် စီစဥ်လိုက်ဦးမယ်.... အမေ ဘယ်လောက်ပဲ ပြောပြော...ခုတော့ စီစဉ်တာတွေ လုပ်နေရတုန်းပဲလေ...အမေ ဒီကိစ္စကို ရိုးရိုး ပြောလို့မရဘူး..."
"ကောင်းပြီ...ကျွန်မသိပြီ... ကျွန်မတတ်နိုင်သမျှမြန်မြန် လုပ်မယ်...ကျွန်မ အဖြေကိုစောင့်ပါ..."
ကျန်းဟယ်လင်း သည် ရေခဲမုန့်နှစ်ထုပ်နှင့် အပေါ်ထပ်သို့ တက်ကာ ကျန်းယန်ရှန့် ၏ အခန်းတံခါးကို ခေါက်လိုက်သည်။ ကျန်းယန်ရှန့် က တံခါးကိုဖွင့်ပြီး
"ဘာကိစ္စ ရှိလို့လဲ..."
ကျန်းဟယ်လင်း က သူ့လက်ကို မြှောက်လိုက်ပြီး
"အစ်မ...ညီမ ရေခဲမုန့် သွားယူလာတယ်... စားမလား..."
ကျန်းယန်ရှန့် : "ဝင်လာခဲ့..."
ကျန်းဟယ်လင်း သည် ကျန်းယန်ရှန့် ၏ အခန်းထဲသို့ ဝင်သွားပြီးနောက် ညီအစ်မ နှစ်ယောက် ဆိုဖာပေါ်တွင်ထိုင်ကာ ရေခဲမုန့် အတူတူ စားကြသည်။
ကျန်းယန်ရှန့် သည် လက်တော့ပ်ကိုဖွင့်ပြီး ကာတွန်းတစ်ခုကို ဆွဲနေသည်။
"အစ်မ...ညီမရဲ့ ဝမ်းကွဲအစ်ကို လာမယ် ထင်တယ်..."
ကျန်းဟယ်လင်း က ပြောလိုက်သည်။
ကျန်းယန်ရှန့် သက်ပြင်းတစ်ချက်ချလိုက်သည်။ ခဏအကြာတွင် သူမက
"လျန့်ကျန်း..."
"အစ်မ...သူ့ကို သိလား" ကျန်းဟယ်လင်း က အံ့ဩစွာ မေးလိုက်သည်။
လျန့်ယင်းယင်း သည် နှစ်သစ်ကူးပွဲကျင်းပရန် သူမ၏ အဖွားထံ ပြန်သွားခဲ့သည်။သူမ၏ အဖွားက အတင်းခေါ်၍ ပြန်ရခြင်း ဖြစ်သည်။
ဒါပေမယ့် ကျန်း မိသားစုထဲကို ဝင်ပြီးကတည်းက သူမသည် အမြဲ တစ်နှစ်လျှင် နှစ်ကြိမ် ပြန်လေ့ရှိသည်။
ကျန်းယန်ရှန့် က ပြန်မဖြေဘဲ ရယ်မောလိုက်သည်။
လျန့်ယင်းယင်း သည် အသက်ကြီးမှ မွေးဖွားလာသော ကလေးဖြစ်ပြီး သူမထက် ၁၀ နှစ်ကြီးသော အစ်ကိုတစ်ယောက်ရှိသည်။ သူမ၏ အစ်ကိုက မိသားစုကို တန်ဖိုးမထားပေ။
သူမ အမေ သူမကို ရုတ်တရက် ကိုယ်ဝန် ရှိလာချိန်တွင် မွေးပြီးလျှင် စွန့်ပစ်ဖို့ ရည်ရွယ်ထားခဲ့သည်။
မွေးလာသည့်အခါ မိန်းကလေး ဖြစ်နေသဖြင့် သူမ ၏ မိဘများသည် အနည်းငယ်စိတ်ပျက်သွားကြသည်။ သို့သော် မစွန့်ပစ်ခဲ့ကြပေ။
လျန့်ယင်းယင်း ၏ အကြီးဆုံး အစ်ကိုသည် ပျင်းရိပြီး အလုပ်မလုပ်ပေ။သူသည် ရုပ်ရည်ချောမောသောကြောင့် မိန်းကလေးများက သဘောကျကြသည်။ သူ့ ရည်းစားက ကိုယ်ဝန် ရသွားသည့်အတွက် သူတို့ လက်ထပ် လိုက်ရပြီး ကလေးကို လျန့်ယင်းယင်း ထံ ပေးခဲ့သည်။
နောက်ဆုံးတွင် သူမ၏ တူသည် ဂျူနီယာ ကောလိပ် သင်တန်းသို့ တက်ရောက်ခွင့်ရခဲ့သည်။သူ၏ မိဘနှစ်ဦးက သူသည် မိသားစုထဲတွင် ရွှေဖီးနစ်ဖြစ်သည်ဟု ခံစားခဲ့ကြပြီး အကောင်းဆုံးလုပ်ဆောင်ခဲ့သည်ဟု ယူဆခဲ့ကြသည်။
သူတို့၏ သမီးလေးမှာ ချမ်းသာသည့် မိသားစုနှင့် အိမ်ထောင်ကျပြီး အစ်ကိုကြီးနဲ့ တူကို ကူညီရမည့် အချိန် ရောက်နေပြီဖြစ်သည်။
လျန့်ယင်းယင်း သည် သူမ၏ စကားလုံးများသည် အသုံးဝင်ကြောင်း မိသားစုအား ကြွားလုံးထုတ်ကာ သူမ၏ အစီအစဉ်များကို စောင့်ဆိုင်းရန် ပြောခဲ့သည်။
သို့သော် သူမသည် ထိုအကြောင်းနှင့် ပတ်သတ်၍ ကျန်းဟွမ် ကို ပြန်မပြော သေးပေ။
နောက်တစ်နေ့တွင် သူမသည် သူမ၏ သူငယ်ချင်း အုပ်စုကို ကားများကြည့်ရန် ခေါ်သွားခဲ့သည်။ သူငယ်ချင်းများသည် သူမကို မနာလိုနေကြသည်။
"ကောင်းပြီ...အကောင့်နံပါတ်ကို ပို့ပြီးပြီ...သူတို့ဆီ ငွေလွှဲပေးဖို့ ငါ့ ဘဏ္ဍာရေးမှူး ကို ပြောလိုက်မယ်..." ကျန်းဟွမ် က စိတ်မရှည်စွာပြောသည်။
ငွေပေးချေမှု ရောက်ရှိလာကြောင်း လျန့်ယင်းယင်း ကို အရောင်းစာရေးမှ ပြောပြသည်။
သူမ ကျန်းဟွမ် ကို ဖုန်းဆက်လိုက်ပြီး
“ကျွန်မ တူလေးက ကောလိပ်ကျောင်းပြီးကတည်းက ကေမြို့ ကို လာချင်နေတာ...ရှင်က သူ့ကို ကုမ္ပဏီမှာ အလုပ်လာလုပ်ဖို့ ခွင့်ပြုပေးပါ... ယောက်ျား ကျွန်မအတွက် စီစဉ်ပေးနိုင်မလား..."
ဤသည်မှာ ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပေ။ လုပ်ငန်းတစ်ခုတွင် အထူးသဖြင့် ပုဂ္ဂလိက လုပ်ငန်းမျိုးတွင် ဆက်စပ် အိမ်ထောင်စု များသည် မရှိမဖြစ် လိုအပ်သည်။
"ကောင်းပြီ...သူ့ကို လာခိုင်းလိုက်..."
လျန့်ယင်းယင်း သည် သူ၏ ခွင့်ပြုချက် ရသောအခါ သူမသည် အိမ်ကို ဖုန်းခေါ်လိုက်သည်။
"လျန့်ကျန်း ကို လာခိုင်းလိုက်ပါ..."
သူမ၏မိဘများက သူမကို ချီးကျူးခဲ့ကြသည်။ မကြာမီ ဖရာရီ အရောင်းစာရေးက သူမအား ထပ်မံခေါ်ဆိုကာ
"ကားကို အကောက်ခွန် ကျော်လွန်ပြီးတာနဲ့ ရက်အနည်းငယ် အတွင်း လာယူနိုင်ပါတယ်...." လို့ ပြောလိုက်သည်။
လျန့်ယင်းယင်း သည် ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူမသည် ကောင်းကင်တွင် လျှောက်လှမ်းနေသည်ဟု ခံစားရသည်။
တစ်နေ့၊ ကျန်းယန့်ရှန်း အပြင်မှ ပြန်လာသောအခါ ဧည့်ခန်းထဲတွင် တစ်မိသားစုလုံး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမမှလွဲ၍ ကျန်း ၏ မိသားစုဝင်များအားလုံး ထိုနေရာတွင် ရှိနေသည်။
"ယန်ယန် ပြန်လာပြီ...လာ...လာ...ဒါ အန်တီ လျန့်ရဲ့တူ လျန့်ကျန်း လေ..."
ကျန်းဟွမ် က သူမကို ဆိုဖာပေါ်က လူငယ်နှင့် မိတ်ဆက်ပေးလိုက်သည်။
"ဒါက ငါ့အကြီးဆုံးသမီး ကျန်းယန်ရှန့် ပါ...."
ကျန်းဟယ်လင်း ကလည်း ကျန်းယန်ရှန့် ကို ဆွဲခေါ်ကာ
"အစ်မ...ဒါက ညီမရဲ့ ဝမ်းကွဲအစ်ကိုပါ..."
ကျန်းရှို့ချန် သည် ဂိမ်းစက်အသစ်နှင့် ဆိုဖာပေါ်တွင် ထိုင်ကာ သည်းကြီး မည်းကြီး ကစားနေလေ၏။
လျန့်ကျန်း သည် ကြည်လင်သော မျက်နှာထား ရှိသော်လည်း သူ့မျက်လုံးများက ရိုးသားဟန် မရှိပေ။
“ညီမ ယန်ယန် ...အစ်ကိုက လျန့်ကျန်း ပါ...အိုး...ငါ့ညီမ က အရွယ်ရောက်လာပြီပဲ... ညီမကို နောက်ဆုံးအခေါက် တွေ့တုန်းက ကလေး သာသာပဲ ရှိသေးတာ..."
လျန့်ကျန်း သည် ချစ်ခင် ဟန်ဆောင် ထားသည့် မျက်နှာ နှင့် ပြောလိုက်သည်။
သူပြောခဲ့သည့် 'နောက်ဆုံးအကြိမ်' ဆိုသည်မှာ လျန့်ယင်းယင်း ကျန်း မိသားစု ထဲသို့ စတင် ဝင်ရောက်လာသည့် အချိန်ဖြစ်သည်။
......
Chapter 46
လျန့်ကျန်း ကို ကျန်းယန်ရှန့် က
“မင်္ဂလာပါ...” ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ကျန်းယန်ရှန့် ပြန်လည် မွေးဖွားလာ ပြီးနောက် ကျန်းဟွမ် ၏ စိတ်ထဲတွင် သမီးအကြီးဆုံးသည် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ရင့်ကျက်လာပြီ ဟု ခံစားခဲ့ရသည်။မည်သည့် ကိစ္စမဆို သူမကို အရင်ကထက် တိုင်ပင် ပြောဆိုဖြစ်သည်။
ကျန်းဟွမ် က သူမကို အသိပေးသလို ပြောလာသည်။
"ရှောင်လျန့် က အခုမှ တက္ကသိုလ်က ဘွဲ့ရတာ...သူ့ကို ကုမ္ပဏီမှာ အလုပ်သင် လုပ်ခိုင်းဖို့ စီစဉ်ထားတယ်....” ဟု ပြောလိုက်သည်။
ကျန်းယန်ရှန့် က ခေါင်းညိတ်ပြီး လျန့်ကျန်း ကိုမေးလိုက်သည်။
"ဘယ်တက္ကသိုလ်က ဘွဲ့ရတာလဲ..."
လျန့်ကျန်း ဂုဏ်ယူသည့် ပုံစံနှင့်
"အိတ်ခ်ျ(H) တက္ကသိုလ်..."
ထို တက္ကသိုလ် သည် နာမည်ကြီး တက္ကသိုလ်ဖြစ်သည်။
လျန့်ကျန်း သည် အခြား အကြောင်းသာပြောသည်။သူသည် ဂျူနီယာကောလိပ် သာတက်ခဲ့ရကြောင်း ထိန်ချန်ထား၏။
ထို့နောက် ကျန်းယန်ရှန့် က
"ဘွဲ့ကြို ဒါမှမဟုတ် ဂျူနီယာ ကောလိပ်လား..."
လျန့်ကျန်း အံသြသွားသည်။
ဒီကောင်မလေး ဘာလို့ ဂျူနီယာကောလိပ် အကြောင်း သိနေရတာလဲ.....
အမှန်တော့ သူက ဂျူနီယာ ကောလိပ်သင်တန်းမှ ဘွဲ့ရတစ်ယောက်သာ ဖြစ်သည်။
လျန့်ကျန်း သည် ယခင်က အင်တာဗျူး ဖြေရန် အခြားကုမ္ပဏီများသို့ သွားရောက်ခဲ့သည်။အလုပ်လျှောက်ပါက အတွေ့အကြုံ နှင့် ဘွဲ့ အမျိုးအစားကိုသာ အာရုံစိုက်ကြသဖြင့် သူအလုပ်မရခဲ့ချေ။သူရခဲ့သည့် ဘွဲ့မှာလည်း သာမာန်ဘွဲ့တစ်ခု ဖြစ်သည့်အပြင် ဂျူနီယာ ကောလိပ် သာ တက်ရောက်ခဲ့ရသဖြင့် သူ့ကို အထင်မကြီးကြပေ။
"ဂျူနီယာကောလိပ်...ဂျူနီယာကောလိပ်သင်တန်း..." ဟု ပြန်ပြောလိုက်သည်။
ကျန်းယန်ရှန့် သည် ရှည်လျားသော “အိုး…” ဟူသည့် အသံကို ပြုလိုက်သည်။
လျန့်ယင်းယင်း နှင့် လျန့်ကျန်း တို့ မျက်နှာပျက်သွားကြသည်။ သူတို့စိတ်ထဲတွင်လည်း အလယ်တန်း ပြီးခါစ ကျန်းယန်ရှန့် မှာ အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲအတွက် အလွန်ဂရုစိုက်ကြောင်းကို သိသွားကြသည်။ သူတို့ထင်သလို ခပ်ညံ့ညံ့ကောင်မလေး မဟုတ်တာ သေချာသည်။
လျန့်ယင်းယင်း က မျက်နှာဆယ်သည့်အေနဖြင့် ပြောလိုက်သည်။
"အိတ်ခ်ျ တက္ကသိုလ် က နာမည်ကြီးပြီး နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေထဲက တစ်ခု ဆိုတာကို နင်သိမှာ မဟုတ်ပါဘူး ..."
လျန့်ယင်းယင်း ၏ မိဘများသည် သာမန် လူတန်းစား များဖြစ်ကြပြီး သူမ၏ အစ်ကို နှင့် ခယ်မ တို့သည် အလွန်ပျင်းရိကြပြီး အလုပ်ကို လက်ကြောတင်းအောင် မလုပ်ကြပေ။
သို့သော် သူမ၏ တူလေးက ကောလိပ်ဘွဲ့ရ တစ်ယောက်ဖြစ်သည်။သူမသည် မိသားစုနှင့် မည်မျှပင် သဘောထား ကွဲလွဲနေပါစေ၊ အပြင်လူများရှေ့တွင် သူမ မိသားစု၏ ချို့ယွင်းချက်ကို ကာကွယ်ပေးမည် ဖြစ်သည်။
လျန့်ကျန်း ကလည်း အနောက်ကနေလိုက်၍ ပြောလာ၏
"ညီမ ယန်ယန်...အထက်တန်း ကျောင်းတက် နေတာလား..."
လျန့်ယင်းယင်း က ချက်ချင်းပြုံးလိုက်ပြီး
“နောက်နှစ် စာသင်နှစ်မှာ စတက်တော့မယ်... ယီ အထက်တန်း ကျောင်းမှာ တက်ရမှာ...အဲ့ဒါက ကေမြို့ ရဲ့အကောင်းဆုံးအထက်တန်းကျောင်းဖြစ်လို့ ပိုက်ဆံအများကြီးကုန်တယ်..."
လျန့်ကျန်း ကလည်း “အိုး…” ဟု အသံကို မြှင့်ပြီး ရေရွတ်လိုက်သည်။
ကျန်းဟွမ်၏မျက်လုံးများ အေးစက်သွားသည်။
ကျန်းဟွမ် သည် သူ့သားသမီးများနှင့် ပတ်သတ်၍ ဂုဏ်ယူချင်လှသည်။။ ကျန်းယန်ရှန့် သည် အသစ်ရောက်ရှိလာသော ဆွေမျိုးရှေ့တွင် အရှက်ရချေ၏။
ကျန်းယန်ရှန့် က ပြုံးပြီး
"ကျွန်မ မငြင်းပါဘူး... ကျွန်မ အရည်အချင်းနဲ့ ကျောင်းဝင်ခွင့် မရဘူး...အဲ့တော့ အဖေက ငွေပေးပြီး ကျောင်းဝင်ခွင့် ရအောင် လုပ်ပေးမှာ...အဖေ စိတ်အားထက်သန်နေတာကို သိလို့ ပိုကောင်းတဲ့ ခရက်ဒစ်တွေ ရဖို့ ကျွန်မ ကြိုးစားမှာပါ...”
ကျန်းဟွမ် သည် ထိုစကားကိုကြားပြီးနောက် အလွန်ဝမ်းသာသွားသည်။ အကယ်၍ ကလေးသည် စာကျက်ရန် စိတ်ပိုင်းဖြတ်ပြီး ယီ အထက်တန်း ကျောင်း၏ ကောင်းမွန်သော ပတ်ဝန်းကျင်သို့ ရောက်ပါက စာမလိုက်နိုင်မည်ကို သူမကြောက်တော့ပေ။
ယန်ယန် ငယ်စဉ်က သူမသည် အလွန်ကောင်းမွန်သော ပညာရေး မှတ်တမ်းရှိခဲ့သည်။ သူ့အမေသေဆုံးမှုရဲ့ လွှမ်းမိုးမှုကြောင့်သာ အဆင့်များ ကျခဲ့ရတာ ဖြစ်သည်။
ကျန်းဟွမ် က လျန့်ယင်းယင်း ကို စကားစြဖတ်၍ မေးလိုက်သည်။
" ရှောင်လျန့် က ဘယ်မှာ နေမှာလဲ..."
“သူက ကေမြို့ ကို အခုမှ ရောက်တာ မလို့ ဒီမြို့နဲ့ မရင်းနှီးသေးဘူး...သူ့ကို ဒီအိမ်မှာပဲ နေစေချင်တယ်…”
"ကောင်းပြီ...သူ့ကို ရက်အနည်းငယ်လောက် ထားလိုက်ပါ..."
ကျန်းဟွမ် က သူ့လက်ကို ဝှေ့ယမ်းပြီး
'တတ်နိုင်သမျှ အိမ်တစ်လုံးရှာပါ.... လူငယ်တွေက ပိုပြီး အတွေ့အကြုံရှိရမယ်...အိမ်က ထွက်လာတဲ့အတွက် ဘဝရဲ့ အတက်အကျ တွေကို အရသာခံတတ်ရမယ်....”
လျန့်ကျန်း အံ့အားသင့်သွားသည်။ သူ့အဒေါ်က သူမ တို့အိမ်မှာ ထားမည် ဟု ဖုန်းဖြင့် ပြောထားပြီး ဖြစ်သည်။
ကေမြို့ ကို နောက်ဆုံးအကြိမ်ရောက်စဉ်က ကျန်း မိသားစု၏ ကြီးမားသောအိမ်ကြီးကို သူ အလွန်သဘောကျခဲ့သည်။
သူ မကျေမနပ်ဖြစ်ပြီး လျန့်ယင်းယင်း ကို မကြာခဏ မျက်စောင်းထိုး နေလေ၏။
လျန့်ယင်းယင်း လည်း မျက်နှာမထားတတ်အောင် ဖြစ်ရသည်။
သူမသည် ကျန်းဟွမ် အား လျန့်ကျန်း ကို အိမ်တွင် နေစေမည့် အကြောင်းကို ပြောပြခဲ့သည်။ ကျန်းဟွမ် သည် ထိုအချိန်က ခေါင်းညိတ်ခဲ့သည်။ ထို့ကြောင့် ဒီကိစ္စကို ပြေလည်သွားပြီ ဟု သူမထင်ခဲ့သည်။ မမျှော်လင့်ဘဲ ကျန်းဟွမ် ရုတ်တရက် စိတ်ပြောင်း သွားခဲ့ပြီ ဖြစ်သည်။
သူမ ကမန်းကတန်း.စကားဆိုလိုက်သည်။
"ရှောင်ကျန်း က ငယ်သေးတယ်..."
“မငယ်တော့ဘူး...ကောလိပ်က ဘွဲ့ရပြီးပြီ...ငါ အထက်တန်း ကျောင်းပြီးတော့ ငါ့အဖေက သာမန် ကုမ္ပဏီတစ်ခု ပေးခဲ့တယ်...အုပ်ထိန်းသူ တစ်ယောက် အနေနဲ့ စွန့်လွှတ်နည်းကို သင်ယူရမယ်...သူ့ကို ဂရုစိုက်ဖို့ အမြဲမတွေးပါနဲ့... ယောက်ျားလေးတွေ အတွက် အရာရာကို တွေ့ကြုံခံစားပြီး ခံနိုင်ရည်ရှိရမယ်...”
မြေခွေးအိုကြီး ကျန်းဟွမ်သည်
လျန့်ယင်းယင်း ကို ဆက်မပြောဝံ့အောင် ပိတ်ပြောလိုက်သည်။ လျန့်ယင်းယင်း အံသြသွားရသည်။
Xxxxxxxx