Chapter 26
Viewers 4k

🏝️ Chapter 26




သူတို့စကားပြောရင်း အိမ်နားကိုရောက်လာသောအခါ အစ်မလောက ကြက်မောက်သီးတစ်ကီလိုအား နင်ထန်ကို ပေးလိုက်သည်။ နင်ထန်ကလည်း အစ်မလောကို နှုတ်ဆက်ပြီးနောက် အိမ်ထဲဝင်ကာ ပိန္နဲသီးနှင့်ကြက်မောက်သီးများအား စားပွဲပါ်တင်လိုက်သည်။


တဝါက အလောတကြီးနှင့် ပြောသည်။

"ဟို့မား ပိန္နဲသီးနဲ့ကြက်မောက်သီးတွေ သားတို့ကို အမြန်ကျွေးပါတော့…"


နင်ထန် : "နင်တို့ ဒီလောက်လောနေရင်လည်း ကိုယ့်ဟာကိုယ် ခွာစားကြလေ…"


တဝါက ရှက်ကိုးရှက်ကန်းဖြင့် ပြောသည်။

"ရပါတယ် ဟို့မား အေးဆေးလုပ်ပါ…"


"နင် အတော်ပြောင်းလဲသွားတာပဲ…"


တဝါ ယခုလိုပြောင်းလဲရခြင်းမှာ နင်ထန်ကြောင့်ပင်။ ယနေ့ အားလုံးကြားတွင် ဟီးရိုးဖြစ်ခဲ့သော နင်ထန်ကို တဝါ ကြောက်နေသည်မှာ မဆန်းလှပေ။


"မဟုတ်ပါဘူး သားက အမြဲ လိမ္မာပြီးသား… ဟို့မား မလုပ်ချင်ရင် သားအခွံခွာလိုက်မယ်လေ…"


အားနူက လက်ကလေးမြှောက်လိုက်ကာ ပြောသည်။

"သမီးလည်း ခွာပေးချင်တယ်…"


နင်ထန်က ကြက်မောက်သီးတစ်ဆုပ်စာအား ပေးလိုက်သည်။

"ဟိုမှာ သွားဆော့နေ…နင့်အစ်ကိုက ငါ့ကို ကြွားချင်နေတာ၊ငါ ပညာပြလိုက်ဦးမယ်…"


လမ်းမှာကတည်းက အစ်မလောက သူမအား ပိန္နဲသီးအခွံခွာနည်းအား ပြောထားပြီးသားပင်။ သူမ လက်ကိုဆီဆွတ်ကာ အသီးမွှာကို အားဖြင့်လှည့်လိုက်ရာ အမွှာတစ်ခုထွက်လာ၏။ ထို့နောက် အသားကိုတခြား၊အစေ့တခြားခွဲကာ အသားကို ဆားရေထဲတွင် စိမ်ထား၍ အစေ့ကို ဘေးနားက ခြင်းတောင်းထဲတွင် ထည့်လိုက်သည်။ သူမက အတော်များသော အစေ့များအားနွှာပြီးနောက် တဝါအား ပြောသည်။

 "ကဲ နင် သိပြီလား ဘယ်လိုလုပ်ရတယ်ဆိုတာ..."


 "သိပါပြီ…"


နင်ထန်က တဝါ၏ လက်ကလေးကို ဆီအနည်းငယ် ဆွတ်ပေးလိုက်သည်။ သူမ အသီးကို အားပါပါနွှာနေရင်း တဝါကို တစ်ချက်တစ်ချက် ခိုးကြည့်မိသည်။ သူက မလုပ်နိုင်သော်လည်း မဆိုးပေ။ ခဏအကြာတွင် ပန်းကန်တစ်ချပ် ပြည့်သွားသည်အထိ ခွာပြီးသွားသည်။


နင်ထန်က ဆားရေစိမ်ထားသည့် ပိန္နဲသီးကိုမြည်းကြည့်လိုက်သည်။ ဆားရေကြောင့် အသီးက ပိုချိုနေပေသည်။ တဝါ၊ အားနူ နှင့် စန်းဝါတို့လည်း စားကြည့်ရင်း ပြောသည်။ 


"အရမ်းချိုတယ်…"


"ပျားရည်စိမ်ထားသလိုပဲ…"


ပိန္နဲသီးနှင့် ယှဉ်လျှင် စန်းဝါက ကြက်မောက်သီး၏ လန်းဆန်းသောအရသာကို ပိုနှစ်သက်သည်။ သူက နင်ထန်ကို ပြောသည်။

"သား ပိန္နဲသီး မစားချင်ဘူး…ကြက်မောက်သီး စားမယ်…"


နင်ထန်က ကြက်မောက်သီးလက်တစ်ဆုပ်စာကိုကိုင်၍ ပြေ။လိုက်သည်။

" အစေ့ကို ထွေးထုတ်တတ်လား…"


စန်းဝါက ခါးကိုထောက်ထားကာ ပြောသည်။

 " ဟို့မားက သားကိုလျှော့တွက်တာ‌လား…"


နင်ထန်က ရယ်လိုက်သည်။

"မဟုတ်ပါဘး… ဒါပေမယ့် ရဲဘော် ရှန်းစန်းဝါ စားနေရင်း အစေ့တွေကို ထွေးထုတ်ဖို့မမေ့နဲ့နော်…" 


စန်းဝါက နှုတ်ခမ်းစူကာ ပိန္နဲသီးကိုယူပြီး အခွံနွှာ၍ အသားကို စားပြီး အစေ့ကို ကျကျနန ထွေးထုတ်လိုက်သည်။


"အို၊ ငါတို့စန်းဝါက တော်လိုက်တာ၊ အစေ့ကို ထွေးထုတ်တတ်တာပဲ…"


စန်းဝါက ဂုဏ်ယူစွာဖြင့် ရင်ဘတ်ကလေးကိုပင် ကော့ထားလိုက်သည်။ ထို့နောက် ပိန္နဲသီးအစေ့များကို သူ ထွေးတတ်ကြောင်းပြချင်၍ ထပ်ထွေးထုတ်လိုက်၏။


နင်ထန်က ကလေးများ ပိန္နဲသီးတစ်ကီလိုကျော်ကို ခဏလေးနှင့် ကုန်အောင်စားနေသည်ကို ကြည့်နေမိသည်။


"ဟေ့ တော်လိုက်‌တော့… နောက်တစ်ခါစားဖို့ချန်ထား… ညစာစားပြီးမှ ထပ်စားကြစို့…"


ထိုစကားကိုပြောပြီးနောက် နင်ထန်က ဗီရိုထဲတွင် ပိန္နဲသီးများအား သိမ်းဆည်းလိုက်သည်။ ကလေးသုံးယောက်က ပိန္နဲသီးကိုကြည့်ကာ တွန့်ဆုတ်နေကြသည်။


တဝါက စားပွဲပေါ်မှအစေ့များကို ပန်းကန်တစ်ခုထဲသို့ထည့်ကာ နင်ထန် အားမေးသည်။

" ဟို့မား သား ပိန္နဲသီးစေ့ကို ပစ်လိုက်ရမလား…"


"မရ‌ဘူး…"

နင်ထန်က သူ့ကို တားထားလိုက်သည်။

" အစေ့ကို မလွှင့်ပစ်ရဘူး… စားဖို့သိမ်းထားရမယ်…"


အားနူ မျက်လုံးအပြူးသားနှင့် မေးလိုက်သည်။

"အစေ့ကို စားလို့ရလို့လား…"


တဝါက တွေးမနေဘဲ ပြန်ပြောသည်။

"သေချာတာတော့ သူများတွေ စားတာကို မတွေ့ဖူးဘူး၊ အခွံခွာပြီးရင် အစေ့ကို လွှင့်ပစ်ရမှာ…"


စန်းဝါက အစေ့တစ်လုံးကို ယူကာ မဆိုင်းမတွ ကိုက်ကြည့်လိုက်သည်။ နင်ထန် သူ့လက်ထဲက အစေ့အား အမြန်ဆွဲယူလိုက်သည်။ စန်းဝါက ခါးသီးသည့် မျက်နှာနှင့် အကြိမ်အနည်းငယ် ထွေးထုတ်လိုက်၏။

"ဟို့မား လိမ်နေတာ… ဒါ ကျိန်းသေပေါက် စားလို့မရဘူး…"


"မလိမ်ပါဘူး နင်တို့ မယုံဘူးလား… အဲဒီ ကြွပ်ကြွပ်စေ့ကို စားလို့ရတယ်…"

နင်ထန် ခဏလောက်စဉ်းစားသည်။

"ဘယ်လိုလဲ၊ ငါတို့ အလောင်းအစားလုပ်မလား…"


တဝါက စိတ်အားထက်သန်စွာပြောသည်။

"လောင်းကြရအောင်…"


စန်းဝါကလည်း စောစောက သူ စားကြည့်ပြီးဖြစ်၍ မစားနိုင်မှန်းသိကာ နင်ထန်နှင့် လောင်းရန် မကြောက်ပေ။


"အစေ့က စားလို့ရရုံတင်မကဘူး… အရသာလည်းရှိတယ်…"


တဝါကတော့ အောင်နိုင်သူတစ်ယောက်လိုမျိုး မြုးတူးနေကာ သူ့အမြီးက ကောင်းကင်ထက်ကို လှုပ်လုမတတ်ပင်။

 "ဒါဆိုလည်း လောင်းမနေပါနဲ့…"


နင်ထန် : "မဟုတ်ဘူး… ငါတို့ လောင်းရမှာပေါ့… နင် အရင် လောင်းကြေးသတ်မှတ်…"


တဝါက ခဏလောက် စဉ်းစားကာ ပြောသည်။

"သားတို့ကို မနက်ကျရင် ကမာချက်ကျွေး…"


"နင် ရှုံးရင်ရော…"

နင်ထန်က မေးသည်။


"ဟို့မား ဆုံးဖြတ်ပါ…"


"ဒါဆို နင် ငါ့ကို တစ်ပတ်လောက် စျေးဝယ်ပေးရမယ်…"


တဝါ စကားမပြောနိုင်အောင် ဖြစ်သွား၏။

"ဟို့မား စောစောမထချင်လို့မလား…"


"မဟုတ်တာ…"

နင်ထန်က ပြန်ဖြေသည်။

"ဘာပဲဖြစ်ဖြစ် နင် သေချာပေါက် ရှုံးရင် ငါခိုင်းတာလုပ်… ငါက ကြက်သွန်ဖြူ၊ ကြာဆံနဲ့ ကမာကိုကင်ပြီး ချက်ကျွေးမယ်၊ နင် ရှုံးရင် မင်းငါ့ကို တစ်ပတ်စာ အစားအသောက်တွေ ဝယ်ရင် ကူညီဖို့ပဲလိုတယ်… အဲဒါ အဆင်ပြေလား…"


"ကောင်းတယ်…လောင်းမယ်၊ ဘာလို့လဲဆိုတော့ ဟို့မား အနိုင်မရနိုင်ဘူး…"


တဝါက အလောင်းအစားကို သဘောတူကြောင်း ကြားသိရသောအခါ နင်ထန်က နောက်ဆုံးတွင် လူဆိုးမျက်နှာနှင့်ပြုံးလိုက်၏။ 

"အင်း ဒါဆို သေချာကြည့်ထား"


နင်ထန်၏ အောင်ပွဲခံအပြုံးကိုမြင်လျှင် တဝါ နောက်ဆုံး၌ လှည့်စားခံရမှန်း သဘောပေါက်သွားသည်။ သို့သော် နောက်ကျသွားပြီဖြစ်သည်။


နင်ထန်က ပိန္နဲသီးအစေ့များကို သေသေချာချာ ဆေးကြောကာ ဆားထည့်ပြီး အိုးတစ်လုံးထဲ၌ ပြုတ်သည်။ မကြာလိုက်ဘဲ အိုးထဲမှ ကြည်လင်နေသည့်ရေက အနီရင့်ရောင် ဖြစ်သွားသည်။ ပြီးလျှင် ဇကာကိုသုံးပြီး ပြုတ်ထားသော အစေ့များကို ရေစစ်လိုက်ကာ ပန်းကန်ထဲထည့်လိုက်၏။ ထို့နောက် ပန်းကန်ကို တဝါအား ပေးလိုက်သည်။


"နင်တို့ သုံးယောက် မြည်းကြည့်… အရသာရှိလားဆိုတာ ပြန်ပြော…"


တဝါက အိုးထဲရှိ ရေနီကို တစ်ချက်ကြည့်လိုက်သည်။

"ပြုတ်ပြီးရင် ဘယ်လိုအရသာရှိမလဲ…စားလို့ ကောင်းလား…"


"အင်း မစားချင်ရင် ငါ တစ်ယောက်တည်း စားမယ်… ငါ အရသာရှိတယ်လို့ ပြောရင် နင်တို့ ယုံမှာမဟုတ်ဘူးမလား… စိတ်မပူပါနဲ့ အဲဒါ စားလို့ရတယ်၊ မယုံရင် စမ်းကြည့်…"


"ကောင်းပြီ…"  


တဝါက ပိန္နဲသီးစေ့ကို ယူကာ မယုံတစ်ဝက်၊ ယုံတစ်ဝက်ဖြင့် သူ့ ပါးစပ်ထဲကိုထည့်လိုက်သောကြောင့် နင်ထန်က အမြန်တားလိုက်သည်။

"နေဦး… အခွံက မခွာရသေးဘူး…"


သူမ အစေ့ကိုယူ၍ ကလေးသုံးယောက်ကို အခွံခွာနည်းသရုပ်ပြခဲ့သည်။ အပြင်က အခွံကို လက်မနှင့်လက်ညှိုးဖြင့် အသာအယာ ဖိထားပြီး အပြင်ဘက်အလွှာကို ဖယ်ထုတ်ကာ အထဲမှ စားသုံးနိုင်သော အစိတ်အပိုင်းကိုဖော်လိုက်၏။


အားနူက မျက်ခုံးကို ရှုံ့လိုက်သည်။  

"ကြည့်ရတာ ကြက်သွန်ဖြူလိုပဲ…"

 

သူမက ကြက်သွန်ဖြူစားရမည်ကို အကြောက်ဆုံးဖြစ်သည်။


"ကြက်သွန်ဖြူနဲ့တူပေမယ့် အရသာက သစ်အယ်သီးရယ်၊ ရေသစ်အယ်သီးရယ်နဲ့ တူတယ်…"


"သစ်အယ်သီးလား…"

တဝါ မျက်လုံးပြူးသွားသည်။

"ဘာလဲ သား မစားဖူးဘူး…"


"အင်း..." 


နင်ထန် လည်း ကလေးသုံးယောက် တခါမှ သစ်အယ်သီးမစားဖူးဘူးဟု မထင်ထားပေ။


" ပိန္နဲသီးစေ့ကို သစ်အယ်သီးနဲ့ ရေသစ်အယ်သီး နှစ်မျိုးလုံးစားသလိုမျိုး စိတ်ထဲမှတ်ပြီး စား…"


သူမ၏ သွေးဆောင်မှုအောက်တွင် ကလေးသုံးယောက်လည်း စိတ်ပျက်လက်ပျက်ဖြင့် အခွံကို အခွံခွာကာ အထဲမှ အဖြူရောင် အသားကို မျက်လုံးမှိတ်ပြီး ကိုက်လိုက်သည်။ မထင်မှတ်ပဲ နူးညံ့ပြီး ထူးခြားသောရနံ့နှင့်အတူ သူ့မျက်လုံးများ ပြူးကျယ်လာ၏။  


"စားလို့ကောင်းတယ်နော်…"  


"စားကောင်းတယ် မလား… ရဲဘော် တဝါ ဘယ်လိုလဲ… ရှုံးနိမ့်မှုကို ဝန်ခံပြီး တစ်ပတ်စာ ဟင်းသွားဝယ်မယ် မလား…"


"ဈေးဝယ်တာ ဘာခက်လို့လဲ… တဝါ လုပ်ပြမယ်… လူတစ်ယောက်က ပေးထားတဲ့ကတိကိုတည်တာ ကောင်းတယ်မလား…"


နင်ထန် သူ့ပါးပြင်လေးအား အသာအယာဖျစ်လိုက်သည်။

"ကောင်းပြီ မနက်ဖြန်ကစပြီး နင်နဲ့ အားနူ စျေးဝယ်သွားရမယ်… နင်တို့က ချစ်စရာကောင်းလို့ ဈေးဆိုင်ပိုင်ရှင်တွေကလည်း အပိုတွေပေးမှာပါ…"


အားနူ ခေါင်းညိတ်လိုက်သည်။  

"ဟို့မား အစ်ကိုကြီးနဲ့သမီး စျေးဝယ်ထွက်ရင် စားချင်တာ ဝယ်လို့ရလား…"


 "ရတယ…"


 "ဟေးးးး"

 á€Ąá€Źá€¸á€”ူက ပြုံးရွှင်စွာနှင့် တဝါကိုကြည့်လိုက်သည်။  

"အစ်ကိုကြီး… မနက်ဖြန် ကမာနဲ့ ဂုံးကောင်တွေ ဝယ်ကြရအောင်… ဟိုတစ်ခါ ဟို့မားလုပ်ပေးတဲ့ ကြက်သွန်ဖြူ ကမာကင် စားချင်တယ်…"


တဝါက အားနူ၏ ပခုံးကို ပုတ်လိုက်သည်။

"ငါတို့ အားနူတောင် တော်လာပြီပဲ…"


နင်ထန် သက်ပြင်းချလိုက်သည်။ ကလေးနှစ်ယောက်က တကယ်ကို ပါးနပ်လှသည်။ 

ကောင်းပြီ ငါတော့ လုံးဝရှုံးသွားပြီ…


×××××


သြဂုတ်လ ၂၇ ရက်၊ နံနက်ပိုင်းတွင်


နင်ထန် နိုးလာသောအခါ တဝါက ဧည့်ခန်းထဲမှ ခွေးခြေငယ်လေးပေါ်တွင် ရပ်နေကာ ပြက္ခဒိန်ကို ဆုတ်ဖြဲနေသည်။ 


 "ဒီနေ့ ဘာနေ့လဲ…"


တဝါက စုတ်ပြဲနေသော ပြက္ခဒိန်ကို ဗီရိုပေါ် တင်လိုက်သည်။ ကြည့်ရသည်မှာ၊ ရှန်းလေ့ ပြန်လာမည့်ရက်ကို တွက်နေခြင်းပင်။ 


"၂၇ ရက်နေ့ပါ ဟို့မား…"


နင်ထန် ခေါင်းညိတ်ပြီးနောက် ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသည်။

" ၂၇ ရက်နေ့ဆို ဗိုလ်ကြီးရှန်း ပြန်လာမယ့်ရက်ပဲ…တော်သေးတာပေါ့…"


သူမက ဧည့်ခန်းထဲမှ သစ်သားဆိုဖာပေါ်ကို အသာအယာပစ်လှဲရင်း သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။


" သားတို့အတွက် ခေါက်ဆွဲခြောက်လုပ်ပေးဖို့ မမေ့နဲ့နော်… အဖေ ပြန်ရောက်လာတဲ့အခါ လုပ်ကျွေးမယ်လို့ ပြောထားတယ်လေ…"


"ငါ ပြန်လာရင် မင်းတို့ ဘာလုပ်ကြမှာလဲ…"  

ဝင်ပေါက်မှ ရှန်းလေ့၏အသံ ထွက်လာသည်။


 "အဖေ…"  


ပထမဆုံး တုံ့ပြန်သူမှာ အားနူ ဖြစ်သည်။ သူမက ရှန်းလေ့ ဆီသို့ ပြေးသွားသည်။ ရှန်းလေ့က အားနူကို ပွေ့ချီလိုက်ပြီးပြောသည်။

"အိုး… ငါတို့ အားနူ ကိုယ်အလေးချိန်တက်လာတယ်ထင်တယ်…"


 "ဘယ်လိုလုပ် မတက်ဘဲနေမလဲ… နေ့တိုင်း ကျွန်မက ကောင်းကောင်းချက်ကျွေးတာကို…"


နင်ထန် အနောက်ကနေ အော်ဟစ်လိုက်သည်။ တဝါက စန်းဝါကို ဆွဲခေါ်ပြီး ပြေးသွားကာ ရှန်းလေ့ဘက်သို့ ကိုယ်ကို စောင်းပေးလိုက်သည်။



🏝️🏝️🏝️