Chapter 24
Viewers 4k

🏝️ Chapter 24

ဟင်းချက်ကောင်းသူ



တဝါက သူ့အလိုဆန္ဒကို မထိန်းနိုင်ဘဲ လက်ဖြင့် ကမာကောင်များကို ကော်ယူစားသောက်ရန် ပြင်လိုက်၏။ နင်ထန်က သူ့လက်ကို အလျင်အမြန် ပုတ်လိုက်သည်။

" မဆင်မခြင်မလုပ်နဲ့… တော်ကြာ နင့်လက်က ဝက်ခြေထောက်ကင်ဖြစ်သွားမယ်…"


တဝါက ပခုံးတွန့်လိုက်သည်။

"ဝက်ခြေထောက်က ဝက်ခြေထောက်လေ…" 


သို့သော် သူက အကင်များကို စိုက်ကြည့်နေဆဲပင်။ နင်ထန် အပူရှိန်ကို စစ်ဆေးရာ ကမာသားက အရောင်ပြောင်းသွားပြီဖြစ်သည်။


နင်ထန်က ရှန်းလေ့အတွက် စစ်တပ်က ထုတ်ပေးထားသည့် လက်အိတ်အကာအကွယ်ကို ဝတ်ဆင်ထားသည်။ ထို့နောက် တစ်ကောင်ကိုကော်ယူကာ ပါးစပ်ဖြင့်အေးအောင် မှုတ်၍ တဝါ၊ အားနူ နှင့် စန်းဝါတို့အား ပေးလိုက်၏။

"ကောင်းသလား မြည်းကြည့်…"


ကလေးသုံးယောက်က ကမာကောင်ကို ကိုင်ကာစားကြည့်လိုက်သည်။ ကမာကောင်က နူးညံ့ပြီးအရည်ရွှမ်းသည်။ ကြက်သွန်ဖြူနံ့ကြိုင်နေသော ကမာကောင်ကိုစားပြီး လက်ကျန်အရည်ကိုလည်း သောက်လိုက်ကြသည်။


" ဟို့မား ဘာလို့ အစကတည်းက ဒီလိုမလုပ်ကျွေးတာလဲ…"


အားနူ : "ဟုတ်တယ် သမီးတို့ ကမာပြုတ်ကို စားနေရတာ အတော်ကြာနေပြီ…"


နင်ထန် ရှက်ရွံ့သွားပြီး ပြောလိုက်သည်၊

 "ငါလည်း အဲ့လိုမတွေးခဲ့မိဘူး... တဝါနဲ့ အားနူ နင်တို့ အစပ်စားနိုင်လား…"


စန်းဝါကိုမူ မမေးတော့ပေ။ သုံးနှစ်သားကလေးကို အစပ်များ ကျွေး၍မဖြစ်ချေ။


တဝါနှင့် အားနူက ခေါင်းညိတ်ပြီးပြောသည်။

"စားနိုင်ပါတယ်"


"ကောင်းပြီ…" 


ထို့နောက် နင်ထန်က မီးဖိုပေါ်၌ ကမာကောင်လေးကောင်ကို တင်လိုက်သည်။ ပြီးလျှင် ကမာကောင်ပေါ်သို့ ငရုတ်သီးနည်းနည်းထည့်ကာ ထပ်ကင်သည်။ တစ်ကောင်ကိုမူ ကြက်သွန်ဖြူအနှစ်သာ ထည့်ကင်လိုက်သည်။


ခဏကြာသော် ကမာအစပ်ကင် သုံးကောင်နှင့် ကြက်သွန်ဖြူ ကမာကင်တစ်ကောင် အဆင်သင့်ဖြစ်လာသည်။ 


 "ဟီး… အရမ်းစပ်ပြီး အရသာရှိတယ်…"


တဝါနှင့် အားနူတို့က စားသောက်နေရင်း တရှူးရှူးမြည်ကာ စပ်နေကြသည်။ သို့သော် စား၍လည်းမရပ်နိုင်ကြပေ။ ကလေးများက ထမင်းမစားဘဲ ကမာကောင်သာ စားတော့၏။


"ထမင်းဖြူနည်းနည်းစား… အရသာပိုကောင်းပြီး အစပ်လည်းသက်သာလာလိမ့်မယ်…"


" ဟို့မား ကျေးဇူးပြုပြီး မြန်မြန်ကင်ပေးပါ…"


အားနူ : "သမီး စန်းဝါကိုကျွေးမယ်… ဟို့မားက ကင်သာကင်နေ…" 


"ကောင်းပြီ…" 


နင်ထန် အင်္ကျီလက်နှစ်ဖက်ကို လှန်ပြီး သူမ၏ စွမ်းရည်ကို ပြသလိုက်သည်။ ထို့နောက် မီးဖိုပေါ်ကို ဒယ်အိုးတင်ကာ ပဲပြားနှင့်ကြာဆံကို ဦးစွာပြုတ်သည်။ ရေအနည်းငယ်ခမ်းသော် ကြက်သွန်ဖြူအထောင်းနှင့် ငရုတ်ဆီတို့ ထည့်လိုက်သည်။ မွှေးပျံ့သော အနံ့က တစ်ခန်းလုံးကို ပြည့်သွားသည်။


အားနူ : "ဟို့မားက အကုန်ချက်တတ်တာပဲ… မချက်တတ်ဘူးဆိုတာ လိမ်နေတာ…"


"ငါက အကုန်မချက်တတ်ပါဘူး… ကမာကင်က လွယ်လို့ လုပ်တတ်တာ… ဝက်နံရိုးပြုတ်လို လွယ်တာတွေပဲလုပ်တတ်တာ…"


အားနူ သူမကို မယုံသေးပေ။

"ဒါပေမယ့် ဟို့မားက ခေါက်ဆွဲခြောက်ရော၊ကမာကောင်ရော ကောင်းကောင်းချက်တတ်ပါတယ်…"


"ခေါက်ဆွဲခြောက်လား… အဲဒါလည်း မခက်ပါဘူး… ကမာကင်ကလည်း လုပ်ရတာ အရမ်းလွယ်တယ်… ကမာတွေကို ရေဆေးပြီး ကြက်သွန်ဖြူနဲ့ ငရုတ်ဆီဖြူးရုံပါပဲ… အိမ်ချက်ဟင်းတွေကို ငါ မချက်တတ်ဘူး… ဒါပေမယ့် ဘယ်ဟာထည့်ချက်ရင် ပိုကောင်းမယ်ဆိုတာကိုတော့ သိတယ်လေ…" 


တက္ကသိုလ်တက်စဥ်က နင်ထန်၏ ယခင်ဘဝ အမေက ဟင်းချက်နည်း သင်ပေးဖူးသည်။ ရိုးရိုးကြက်ဥကြော်နည်းပင်ဖြစ်သော်လည်း ဆီပေါက်သံကို သူမ ကြောက်လွန်း၍ မီးဖိုခန်းထဲက ပြေးထွက်လာခဲ့သည်။ နောက်ပိုင်း သူမ ကြက်ဥကိုပင် လက်အိတ်ဝတ်၍ ကြော်ခဲ့၏။ သူမ ဟင်းချက်ရခြင်းကို မနှစ်သက်ပေ။ သို့သော် ဟိုထည့်၊ သည်ထည့် ထည့်ကာ စမ်းသပ်ချက်ပြုတ်ရသည်ကိုမူ သဘောကျသည်။


ထိုအချိန်ကစပြီး သူမ မီးဖိုချောင်ထဲဝင်ချိန်က အတော်ရှားသွားပြီး အိမ်မှာသာ ခေါက်ဆွဲခြောက်ကို အဖော်ပြု၍ စားနေခဲ့သည်။ ယခု ကမာကင်ကလည်း အသားကင်ခြင်းမှ သင်ကာ စမ်းလုပ်ကြည့်ခြင်းပင်။ အသားကင်အကြောင်းတွေးမိပါက သူမ ရှန်းမိသားစု၏ သေးငယ်သည့် အိမ်ခေါင်မိုး(ထပ်ခိုး)လေး အထက်၌ အသားကင်ရန် တွေးမိသည်။ 

 

 "ငါတို့ အိမ်ခေါင်မိုးထပ်ကို တက်လို့ရမလား…"


သူမ ဝင်ရန်ကြိုးစားသည့်အချိန်က တံခါးကို သော့ခတ်ထားသည်။ သူမလည်း အသားကင်ကို ခေါင်မိုးထပ်၌ မစားသည်မှာကြာ၍ စားချင်လာသည်။


ဟိုင်လန်တွင် ပင်လယ်စာ‌ပေါ၍ ကြီးကြီးမားမားရနိုင်လျှင် ကျောက်ပုစွန် သို့မဟုတ် အကောင်ကြီးကြီးများအား ခေါင်မိုးထပ် လေဟာပြင်တွင် အသားကင်ချင်သည်။


"မရဘူး… အဖေက ပြောတယ်… ခေါင်မိုးထပ်က အရမ်းနိမ့်တယ်တဲ့… သားတို့ တက်ဆော့လို လဲမှာစိုးတယ်တဲ့…"


"ဟုတ်တယ်နော်…"

နင်ထန် ခေါင်းညိတ်မိသည်။ သူမတို့စကားပြောနေစဉ် ကြက်သွန်ဖြူ၊ ပဲပြားနှင့် ကြာဆံကြော်နှင့် ကမာကင်တို့က အဆင်သင့်ဖြစ်နေပေသည်။


တဝါက ဟင်းလျာများကြားတွင် တုံ့ဆိုင်းသွားကာ အများကြီးစဉ်းစားပြီးမှ၊ ကြက်သွန်ဖြူ ကြာဆံကြော်ကို မြည်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကမာကောင်ပေါ်တွင် ကြာဆံတင်ကာ၊ ငရုတ်သီးဆော့စ်ကို ဆမ်းလိုက်သည်။ ထို့နောက် ပျော့ပျောင်းပြီး အရည်ရွှမ်းသော ကမာကောင်အသားကို ကိုက်လိုက်လျှင် နူးအိဆိမ့်သက်သော ကြာဆံ၊ ကြက်သွန်ဖြူ နှင့် ငရုတ်သီးအရသာအားလုံးကို ရောမွှေသလိုမျိုး ထိထိမိမိရှိသည်။


 "ဝါး စားလို့ကောင်းလိုက်တာ…"


အားနူက ဘာမှ မပြောဘဲ ထမင်းကိုတစ်လှည့် ဟင်းကိုတစ်လှည့်စားနေသည်။ စန်းဝါကမူ ကမာထဲက ကြက်သွန်ဖြူနံ့ကြောင့် မက်မက်မောမောစားနေတော့သည်။ စန်းဝါက သွားများမဖွံ့ဖြိုးသေး၍ ပျော့အိသောအသားကြောင့် ခံတွင်းတွေ့နေရလေသည်။


နင်ထန်က ကလေးများမှာ ဝါးဖို့အချိန်ပေး‌နေရသည်ကိုမြင်လိုက်ရ၍ အတတ်နိုင်ဆုံး အသားများကို သူတို့ပန်းကန်ထဲ ထည့်ပေးသည်။


ပထမဆုံးအကြိမ် အစားအစာကင်ရန် မီးသွေးမီးဖို အမျိုးအစားကို သုံးခြင်းဖြစ်၍ မကျွမ်းကျင်လှပေ။ သို့သော်လည်း နောက်ပိုင်းတွင် ကလေးများကိုပင် လောက်အောင်မကင်ပေးနိုင်တော့ချေ။


နင်ထန်က ကမာကောင်များကို ကင်ကာ အစ်မလောနှင့် နင်ရွှယ်အတွက် ခြင်းတစ်ခုထဲ၌ ထည့်ထား၏။ ကံမကောင်းစွာပင် ကျန်ရှင်းလန် မည်သည့်နေရာတွင် နေမှန်းမသိပေ။ သို့မဟုတ်လျှင် သူမကိုလည်း ပို့ပေးချင်သည်။ နင်ရွှယ်၏အကျင့်စရိုက်က မကောင်းလှသော်လည်း သူမတို့က တစ်မိသားစုထဲက လာသူများပင်။


တဝါက လုံလောက်စွာစားပြီးနောက် နင်ရွှယ်တို့အိမ်ဆီကို ပြေးသွားသည်။ နင်ထန်က သူ့နောက်ကျောကို ကြည့်လိုက်ရင်း

"ပြေးလို့ ဖိတ်ကျရင် နောက်တစ်ခါ ငါ မကင်ပေးတော့ဘူးနော်…"


တဝါ အမြန်ရပ်လိုက်ကာ ခြင်းလေးကို ဂရုတစိုက်ကိုင်ပြီး ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ သူ နင်ရွှယ် ၏အိမ်သို့ရောက်ရှိလာသော် အပြင်မှာရပ်ရင်း အော်ခေါ်သည်။ ခဏကြာသောအခါ နင်ရွှယ် ထွက်လာသည်။


"အန်တီထန်…"

[ အန်တီထန် - မိဘတစ်ယောက်၏ အစ်မဝမ်းကွဲ သို့မဟုတ် အဒေါ်ဝမ်းကွဲ ]


"ဒါက ကမာကို ကြက်သွန်ဖြူ၊ကြာဆံနဲ့ ကြော်ထားတာပါ... ဟို့မား ချက်ထားတာ…"


ကြက်သွန်ဖြူနံ့ကို အစောကတည်းက ရနေပြီသားဖြစ်၍ နင်ရွှယ်က အစောကတည်းက နင်ထန်တစ်ယောက် ဘာများကြော်ချက်နေသလဲဟု တွေးနေမိတာခြင်းပင်။


သူမ တောင်းကို တစ်ချက်ကြည့်လိုက်သော်လည်း မယူသေးပေ။


"ဘာပြောတယ်… ကြက်သွန်ဖြူနဲ့ကြော်ထားတဲ့ ကမာကောင် ဟုတ်လား…နင်ထန် ချက်တာလား… "


သူမ မမြည်းစမ်းရသေးဘဲနှင့်ပင် အနံ့ချည်း ရရုံနှင့် အတော်စားကောင်းမည်မှန်း သိသာသည်။


နင်ထန်က မီးဖိုချောင်ထဲဝင်ရန် မဆိုနှင့်၊ ဟင်းပင်မချက်တတ်မှန်း သူမ သိနေသည်။


ယခုမူကား ကျွန်းပေါ်၌ နင်ထန်က ပင်လယ်စာများကိုသာ နေ့တိုင်း ချက်ပြုတ်နေသည်။ တဝါတို့မှာ စားစရာမရှိ၍ သူမဆီ လာတောင်းစားနေသည်ကိုပင် ညဘက်တွင် စုကျွင်းယန်နှင့် ပြောနေခဲ့သည်။


နင်ထန် ရုတ်တရက် ဘယ်လိုဖြစ်လို့ ဟင်းချက်အရမ်းကောင်းသွားတာလဲ…


နင်ရွှယ်က တဝါ၏မျက်နှာလေးကို အပေါ်အောက်ငုံ့ကြည့်သည်။


သူတို့ စားသောက်ဆိုင်က ဝယ်လာတာလား၊ ကိုယ်တိုင်ချက်ထားတာလား…


သို့သော် ကျွန်းပေါ်တွင် စားသောက်ဆိုင်များမရှိချေ။ တခြားတစ်ယောက်‌ယောက်က နင်ထန်ကို ကူညီပေးသလား မသိ…


မသိစိတ်ထဲကပင် နင်ရွှယ်က နင်ထန် ဟင်းချက်နိုင်သည်ဆိုသည်ကို မယုံခဲ့ပေ။


"ဒါက ဟို့မားက ချက်ထားတာပါ… အန်တီထန် မြန်မြန်ယူပါ… သား အန်တီလောအိမ်ကိုလည်း သွားရဦးမှာ…"


နင်ရွှယ်ကို မစောင့်ဘဲ တဝါက ပြောပြောဆိုဆိုနှင့် သူမလက်ထဲသို့ ခြင်းတောင်းထည့်ပြီး ပြေးထွက်သွားသည်။


တဝါ အန်တီလောဆီသို့ ပို့ပြီးနောက် ပြန်လာသောအခါ နဖူးက ချွေးကို သုတ်လိုက်၏။

 "သား အကုန် ပို့ပေးပြီးပြီ…"


နင်ထန်က ချီးကျူးလိုက်သည်။ 

"ကောင်းပြီ တော်လိုက်တာ… အစ်မလောနဲ့ ဝမ်းကွဲအစ်မက ဘာ‌‌ပြောလဲ…"


တဝါက ခဏလောက်စဉ်းစားပြီး နင်ရွှယ်၏ တုံ့ပြန်မှုအတိုင်း ပြောပြသည်။

"သားက အန်တီထန်ရဲ့အိမ်ကို သွားပြီးပေးတော့ သူက မယူသေးဘဲ၊ နင်ထန် လုပ်တာလားလို့ မေးတယ်..."


 á€á€á€Ťá€€ ဆက်ပြောကြသည်။

"သူ့ကိုကြည့်ရတာ စိတ်အနှောင့်အယှက်ဖြစ်နေသလိုပဲ… ဒါနဲ့ သား ခြင်းတောင်းကို သူ့လက်ထဲထည့်ပြီး အန်တီလောရဲ့အိမ်ဆီ ပြေးသွားတာ…"


နင်ထန်၏ပါးစပ်က အနည်းငယ်လှုပ်ခါသွားသည်။ သူမကို နင်ရွှယ်က အထင်သေးမှန်းသိသည်။

 á€’ဍပ္မယအ် သူက ဒီလို ပြောင်ပြောင်တင်းတင်းကြီး ထုတ်ပြရလား…

 

 "ဒါဆို အစ်မလောက ဘာပြောသေးလဲ…"


"အန်တီလောက သားကို ကျေးဇူးတင်စကား‌ပြောပြီး သူမ ခြံထဲက သခွားသီးနဲ့ ခရမ်းချဉ်သီးတွေ ပေးလိုက်တယ်…မနက်ဖြန်ကျရင် ဟို့မား သားတို့ကို သကြားနဲ့ ဖြူးကျွေးဦး…"


 "ကောင်းလိုက်တာ… အန်တီလောက သခွားသီး ပေးရုံတင်မကဘူး… ခရမ်းချဉ်သီးပါ ပေးလိုက်တာလား…"


တဝါက သူ့လျှာကို ထုတ်လိုက်သည်။

"ဟီးဟီး၊သား မဖုံးထားတော့ပါဘူး… သူက သကြားလုံးလည်းနည်းနည်း ပေးတယ်…"


သူက လက်ဖဝါးကို ဖြည်ပြလိုက်သည့်အခါ နို့သကြားလုံးများ ထွက်လာသည်။

 "ဒါတွေက အားနူနဲ့ စန်းဝါ အတွက်…"


အားနူ : "အိုး၊ နို့သကြားလုံးလား…"


နို့သကြားလုံးကို ကျွန်းပေါ်က ကလေးများအတွက် ဇိမ်ခံပစ္စည်းအဖြစ် သတ်မှတ်နိုင်သည်။ ၎င်းက အလွန် ရှားပါး၍ တဝါ မဝါးချင်ဘဲ ပါးစပ်ထဲ၌ အရည်ပျော်သည်အထိ အရသာခံကာ စားနေသည်။ သူတို့သုံးယောက်၏ ပါးများက ဟမ်းစတားများလိုပင် ဖောင်းကားနေကြသည်။ 


 "အစ်မလောကို ကျေးဇူးတင်စကားမပြောလိုက်ဘူးလား…"


တဝါက သူ့ရင်ဘတ်ကို ပုတ်ပြသည်။

"ပြောတယ်၊ အန်တီလောက မပြောလည်းရတယ်တဲ့…"


သန့်ရှင်းရေးလုပ်ပြီးနောက် နင်ထန်က ကလေးသုံးယောက်ကို စောင့်ကြည့်ကာ ရေချိုးရန် ပြောဆိုရသည်။ သူတို့အားလုံး ရေချိုးကာ ကိုယ့်အခန်းကိုယ် ပြန်သွားမှ သူမလည်း အိပ်ပျော်သွားသည်။


ရှန်းလေ့ မရှိ၍ ခုတင်ကြီးတစ်ခုလုံး သူမ တစ်ယောက်တည်းသာ ရှိနေသည်။ ဟိုတွေးသည်တွေးနှင့် ရှန်းလေ့ ပြန်မလာခဲ့လျှင်ကောင်းမည်ဟု တွေးမိသည်။သို့သော် ချက်ချင်းပင် သူမထိုအတွေးကို ပယ်ချလိုက်သည်။ ရှန်းလေ့ ပြန်မလာပါက၊ကလေး သုံးယောက်ကို ထမင်းနှစ်နပ်ကျွေးရန် သူမ ရုန်းကန်ရမည်။ ထို့ကြောင့် ရှန်းလေ့ မြန်မြန်ပြန်လာပါစေဟုသာ သူမ ဆုတောင်းမိသည်။


နောက်တစ်နေ့တွင် နင်ထန်က ကတိပေးထားသည့်အတိုင်း ကလေးများ အကြိုက်ဆုံး သကြားဖြူးထား‌ ‌သော ခရမ်းချဉ်သီးသုပ် လုပ်ကျွေးသည်။ ကလေးများက မကျေနပ်သေးဘဲ သခွားသီး ခွဲစားကြပြန်သည်။


"အစ်မလောတို့ ခြံထဲက ဟင်းသီးဟင်းရွက်တွေကို နင်တို့ အကုန်စားလိုက်တာပဲ…"


တဝါက သခွားသီးကို ကိုက်ကာ မျိုချလိုက်၏။

"အဖေ တစ်ခါက ပြောဖူးတယ်… အစားကို ကောင်းကောင်းစားတာက အစားအသောက်ကို လေးစားတာတဲ့…"


"ကောင်းပြီ၊ အဲဒါကို နင် စားလိုက်တဲ့ သခွားသီးနဲ့ ခရမ်းချဉ်သီးကို ပြောပြလိုက်ပါ… ငါ့ကိုပြောပြလည်း အသုံးမဝင်ဘူး…" 


"ဟို့မား… ဒီည ညစာကိုရော ကမာကင်၊ ကြာဆံကြော်နဲ့ စားလို့ရမလား…"


အားနူကလည်း ထပ်ပြောသည်။

"ပင်လယ်စာက ဈေးပေါတယ်…ဈေးကြီးလို့ဆိုတဲ့ အကြောင်းပြချက်ပေးပြီး မချက်ပေးဘဲ မနေနဲ့နော်…"

 

" ဘာကိုဆိုလိုတာလဲ… ငါက ခေါက်ဆွဲခြောက်ကိုပဲ ဈေးကြီးတယ်လို့ ပြောဖူးတာပါ… ပြီးတော့ ငါက ကမာကင်နဲ့ဂုံးကောင်ပဲ ချက်တတ်တာ… မင်းတို့ နေ့တိုင်း စားရင် ငြီးငွေ့လာလိမ့်မယ်…"


တဝါက ခေါင်းခါပြကာ သူ့မျက်နှာကို ကိုင်လိုက်သည်။

"မငြီးငွေ့ပါဘူး… ဝိတ်တက်လာတယ်လို့ ခံစားရတယ်… အားနူ ငါ့ကို ကြည့်စမ်း…"


အားနူက သူ့ခန္ဓာကိုယ်ကို သေသေချာချာ စစ်ဆေးကြည့်သည်။

"အစ်ကိုကြီး အတွေးလွန်နေတာပါ၊ မဝလာပါဘူး…"  


"ဒါပေမယ့် ငါ ဒီမနက် အဝတ်အစားလဲတော့လေ နည်းနည်း ကြပ်သွားသလို ခံစားရတယ်… ဒါပေမယ့် ငါတို့ ဟို့မားလုပ်ထားတဲ့ ပင်လယ်စာကိုသာ နေ့တိုင်းစားရရင် ဝလာမှာ သေချာတယ်…"

 

"ရှန်းတဝါ နင် ငါ့ကို လှည့်စားဖို့ နည်းလမ်းသစ်တွေ ရှာနေတာလား… စိတ်မပူပါနဲ့…အခု ငါက ချက်ပြုတ်တတ်နေပြီလေ… ငါ နင်တို့အတွက် အရသာရှိတဲ့ စားစရာတွေလုပ်ကျွေးမယ်… နင်တို့ အဖေ ပြန်လာလို့ ဝဝတုတ်တုတ် ကလေးသုံးယောက်က သူ့ကို နှုတ်ဆက်ရင် ဘယ်လောက်အံ့သြသွားမလဲ…"


တဝါ၏ မျက်လုံးများ တောက်ပလာသည်။

" ဟို့မား တကယ်ပြောတာလား…သားတို့အတွက် နေ့တိုင်း အရသာရှိတဲ့ စားစရာတွေလုပ်ကျွေးမှာလား…" 


အားနူကလည်း ပြုံးဖြီးဖြီးနှင့် ပြောသည်။

"ငါတို့သာ နေ့တိုင်း အရသာရှိတာတွေ စားနိုင်ရင် တော်တော်ထွားလာကြမှာ…" 


"ဒါ မဟုတ်သေးဘူး‌လေ… ငါက နင်တို့ကို နေ့တိုင်း အရသာရှိတဲ့ဟင်းတွေ ဘယ်‌ချက်ကျွေးနိုင်မလဲ…" 


နင်ထန်က သက်ပြင်းကို ဟန်ဆောင်ချလိုက်သည်။

" ငါက ဟင်းမချက်ချင်ဘူး… ချက်ပြုတ်ပြီး ပန်းကန်ဆေးရတာ ဘယ်လောက်ပင်ပန်းလဲ နင်တို့ မသိဘူးနော်… ငါသာ ပင်ပန်းလို့နေမကောင်းဖြစ်သွားရင် ဘယ်သူက နင်တို့ကို ချက်ပြုတ်‌ကျွေးမွေးမလဲ…"


တဝါက ပခုံးတွန့်လိုက်သည်။

"သားတို့အပေါ် လူလည်လာမကျနဲ့... ဟို့မား ပန်းကန်မဆေးချင်ရင် မဆေးဘူးလို့ ပြောပါ…"


"ဒါ နင်ပြောတာနော်… ငါ့ပါးစပ်က ပြောတာမဟုတ်ဘူး…" 


"ပန်းကန်ဆေးရမယ် မလား... မပူနဲ့ သားတို့ ကူညီနိုင်ပါတယ်…"


သူက အားနူနှင့်စန်းဝါကို ကြည့်လိုက်သည်။

"နင်တို့ ကန့်ကွက်ချင်သေးလား…"


အားနူနှင့် စန်းဝါ နှစ်ယောက်လုံးက မော့ကြည့်ကာ တဝါအား ခေါင်းညိတ် သဘောတူလိုက်သည်။ အထူးသဖြင့် ပန်းကန်ဆေးရခြင်းအတွက် အရသာရှိသော အစားအစာများနှင့် စွန်ပလွံသီးနီ များရမည်ဖြစ်၍ သူတို့မငြင်းပေ။


သို့သော်လည်း နင်ထန် တုံ့ဆိုင်းသွားသည်။

 "ဒါပေမယ့် စွန်ပလွံသီးနီတွေ ကုန်သွားပြီ… ငါ့မှာ နင်တို့ကို နေ့တိုင်းကျွေးးနေရတော့ ငါ ပါလာတဲ့အိတ်တွေလည်း ကုန်နေပြီ… ဗိုလ်ကြီးရှန်း ပြန်လာရင် စွပ်ပြုတ်လုပ်ရအောင် နည်းနည်းလောက် သိမ်းဖို့စီစဉ်ထားတယ်…"


တဝါ၏ မျက်လုံးများက စိတ်ပျက်နေသော်လည်း အရသာရှိသော အကင်ကို သတိရမိကာ နှုတ်ခမ်းကို သပ်လိုက်သည်။

" ဒါဆို ဟို့မားက ကမာကောင်ကင်လိုမျိုး အရသာရှိတာ တစ်ခုခု နေ့တိုင်း လုပ်ကျွေး… သားတို့က ပန်းကန်ဆေးပေးမယ်နော်…"


နင်ထန်၏ မျက်လုံးများ တောက်ပလာသည်။

"ဒါက သဘောတူညီမှုပဲနော်… ငါက နေ့တိုင်း အရသာရှိတဲ့ ဟင်းတစ်ခုခု လုပ်နိုင်မယ်လို့ ကတိမပေးနိုင်ဘူး… ပြီးတော့ တစ်ခေါက်နဲ့တစ်ခေါက်က တူတာမဟုတ်ဘူး…"


" ဟို့မား သားရဲ့ ချစ်စရာကောင်းမှုကြီးကို မခံနိုင်မှန်း သိပါတယ်၊ သား ပန်းကန်‌ ဆေး‌ပေးပါ့မယ်…"


×××××


 á€”á€ąá€ˇá€œá€Šá€şá€•á€­á€Żá€„á€şá€¸á€á€˝á€„á€ş အစ်မလော ရောက်လာသည်။

"နင်ထန် ငါနဲ့လိုက်ခဲ့၊ မြန်မြန်လာ…"


 "ဘာဖြစ်တာလဲ အစ်မလော…"  


 "ငါနဲ့လိုက်ခဲ့ အမြန် နောက်ကျတော့မယ်…"

အစ်မလောက စိတ်လှုပ်ရှားစွာပြောသည်။


နင်ထန်လည်း စိတ်ဝင်စားသွားသည်။

"အစ်မလော ပင်လယ်စာသွားဖမ်းမှာလား… စိတ်မပူပါနဲ့ ညီမ ပုံးယူလာပြီး လိုက်ခဲ့မယ်…"



🏝️🏝️🏝️