Chapter 92
Viewers 9k

👻Chapter 92




ရှီကျား ရင်ကိုကော့လျက် 'ghosts know' ပင်မစာမျက်နှာသို့၀င်လိုက်ကာ သူ၏စာမူ၏ digital copyကိုပို့လိုက်လေသည်။


၁၀မိနစ်မျှကြာပြီးနောက် 'ghosts know'မှ စာပြန်လာခဲ့သည်။ 


ရှီကျားမှာ ယုံကြည်မှုအပြည့်အ၀နှင့် 'ghosts know'မှသူ့အား pointများပေးလာမည်ကိုစောင့်မျှော်နေခဲ့လေသည်။ သို့သော် သူ၏ဖုန်းမျက်နှာပြင်တွင် စာကြောင်းတချို့ကိုသာတွေ့လိုက်ရလေသည်။


【 Ghosts Know: တာအိုရောင်းရင်းရေ အရူးလာမလုပ်ပါနဲ့နော်..မျောက်အကန်ခံရလိမ့်မယ်.. 】


ရှီကျား"...."


ဘာသောက်ကျိုးနဲတွေလာပြောနေတာလဲ...


ရှီကျားအလေးအနက်စာရိုက်လိုက်သည်။


Xi Jia seriously typed: 【 ဟယ်လို ကျွန်တော် 'ghosts know'ကိုစာမူလေးပို့ပေးချင်လို့ပါ..《 ပထမအင်ပါယာရဲ့သင်္ချိုင်းဂူထဲမှနေ့ရက်များ 》 ဆိုတာက စာလုံးရေ၁၀၀၀၀ကျော်ရှိပါတယ်..မူရင်းအကောင့်မှာ ၀တ္တုအဖြစ်တင်လို့ရပါတယ်..ဒီဟာကသတင်းအပိုင်းဆက်တွေပါ..အနာဂတ်မှာလည်း အဲဒီဘက်နဲ့ပူးပေါင်းပြီး ဒီလိုသတင်းစာမူတွေဆက်ဆက်ပို့ပေးလို့ရပါတယ်ဗျ ^_^ 】


အင်း..အပြုံးမျက်နှာလေးနဲ့ ယဥ်ယဥ်ကျေးကျေးလေးဆိုတော့ အဆင်ပြေသွားပြီဟုတ်..


ဤတစ်ကြိမ်တွင် 'ghosts know'၏အယ်ဒီတာမှာ လျင်မြန်စွာစာပြန်လာခဲ့လေသည်။


: 【 တာအိုရောင်းရင်းရေ ကျွန်တော့်ရဲ့ရိုင်းပြမှုကိုခွင့်လွှတ်ပါ..ကျွန်တော်တို့ 'ghosts know'က မူလတန်းကလေးများအတွက်သင်ခန်းစာများလည်းမဟုတ်သလို နတ်သမီးပုံပြင််များ collectionလည်း မဟုတ်ဘူးဗျ . 】


ချက်ချင်းကျောက်ရုပ်ဖြစ်သွားသော ရှီကျား"....."


သူကစာပြန်ရိုက်လိုက်သည်။


: 【 ဒီဟာကသတင်းပါဗျ..သတင်းစာမူပါနော်..!! 】


【 Ghosts Know: ဟားဟားဟား..သတင်းစာမူဟုတ်လား..ချင်ရှီဟွမ်က သင်္ချာညံ့ပြီး ကလေးဆန်တယ်ပေါ့? ယင်စစ်သည်တွေကိုရွှမ်းရွှမ်လောကကိုတိုက်ခိုက်ဖို့မသုံးဘဲ နွားတွေမြက်စားတဲ့ပုစ္ဆာကိုတွက်ဖို့သုံးရလောက်အောင် အားယားနေတယ်ပေါ့? 】


【 ရှီကျား: ဟုတ်တယ်လေ! 】


【 Ghosts Know: ချင်စန်းရှီကလေ့လာရတာပါရမီပါလို့ နေ့တိုင်းစာတွေလုပ်နေလိုက်တာ ၂လထဲနဲ့ မူလတန်းစာတွေကျေသွားပြီပေါ့..အခုဆို ရူပဗေဒတောင်တွက်နေပြီပေါ့..ပြီးတော့စာဖတ်စက်တောင်သုံးလိုက်သေးတယ်ပေါ့ မင်းကိုတောင် လွယ်လွန်းတယ်လို့ပြောသေးတယ်ပေါ့ 】


【 ရှီကျား: အင်း…… 】


【 Ghosts Know: တာအိုရောင်းရင်းက ကျွန်တော့်ဦးနှောက်ပျက်နေတယ်လို့များထင်နေတာလားနော် ? 】


【 ရှီကျား: …… 】


【 Ghosts Know: တာအိုရောင်းရင်း Hi တာအိုရောင်းရင်း Bye 】


ရှီကျား, “……” 


သူကိုယ်တိုင်လည်း၄င်းမှာ အရည်မရအဖတ်မရ ပေါက်ကရများဟုထင်ခဲ့သော်လည်း ၄င်းမှာ အမှန်အကန်အချက်အလက်များဖြစ်သည်။


ရှီကျားမှာ ရှူးရှုးရှဲရှဲနှင့် 'ghosts know'၏ ယခင်သတင်းများကိုဖွင့်ကြည့်လိုက်လေသည်။ သူသည်

 á€œá€”á€şá€œá€„á€şá€¸á€€á€Żá€€á€Żá€›á€ąá€¸á€‘á€Źá€¸á€žá€ąá€Źă€Šá€žá€Źá€ˇá€á€ťá€„á€şá€•á€źá€Šá€şáá€›á€˝á€žá€ąá€›á€ąá€Źá€„á€şá€á€Żá€”á€žá€…á€şá€™á€ťá€Źá€¸á€€á€­á€Ż သင်နှင့်အတူမျှဝေလိုသည် အပိုင်း ၁ 》 ကိုစိုက်ကြည့်နေခဲ့လေသည်။ အစ်ကိုကျားမှာ လွန်စွာ လှောင်ရယ်ခံလိုက်ရသလိုခံစားရလျက် ထိုသတင်းစာမူကိုတချိန်လုံးဖတ်ကြည့်နေခဲ့လေသည်။ အဆုံးတွင်သူက အကျဥ်းချုပ်ကောက်ချက်ချလိုက်လေသည်။


"ပထမအင်ပါယာနဲ့ ကျိရင်က သင်္ချိုင်းဂူထဲမှာ အချစ်အမုန်းဆက်ဆံရေးမျိုးရှိနေတာလား..ဘယ်လိုသောက်ကျိုးနဲပေါက်ကရလဲ..ကျိရင်က တချိန်လုံးစာလုပ်နေတာလေ ကြုံရင်ကြုံသလို ပထမအင်ပါယာကိုတောင်ဟာသလုပ်လိုက်သေးတယ်..သူကပထမအင်ပါယာကိုဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ ငိုပြီးမတောင်းပန်ဖူးပါဘူးနော်"


ထိုကဲ့သို့ ခွေးသွေးဆန်လှသည့် မျက်ရည်ချူသည့် ဇာတ်ထုပ်မျိုးကို ဒီအစ်ကိုကျား မရေးနိုင်ပါချေ။


အစ်ကိုကျားကမလုပ်နိုင်ဘူးကွာ!!!


ရှီကျားမှာ ကျိရင်သူ့အားပြောပြခဲ့သော စကားတစ်လုံးချင်စီကို အသေးစိတ်ပြန်တွေးလိုက်သော်လည်း ထိုအထဲတွင် ရင်နင့်ဖွယ် အချစ်အမုန်း၀တ္တုမျိုးရေးစရာတစ်လုံးတပါဒမျှမပါရှိပါချေ။ 'ghosts know'သာလျှင်ဤသို့ပရော်ဖက်ရှင်နယ်မဆန်ဘဲ အတုအယောင်ခွေးသွေးစာမူမျိုးကို တင်ရဲလိမ့်မည်။ အကျယ်၍ jjsswတွင်သာတင်မိပါကဤကဲ့သို့စာမူမျိုးမှာ ဆင်ဆာပင်မအောင်ပဲ တန်း၍အနီကတ်အပြခံရမည်ဖြစ်သည်။


သို့နှင့် 'ghosts know'ကိုစာမူပေးပို့လျက် pointရှာရန်အကြံအစည်မှာလည်းလုံး၀ပြိုကွဲသွားခဲ့ချေပြီ။


ရှီကျား လွန်စွာနောင်တရမိသည်။ အကယ်၍သူသာ ဖော့ယန်သရဲစျေးတွင် သူ၏ပြင်းထန်ယင်စွမ်းအင်ခန္ဓာကိုယ်အကြောင်းထုတ်ဖော်ခံရမည်မှန်း သိခဲ့ပါက သူကိုယ်တိုင်သာထိုအကြောင်းကို 'ghosts know'ကိုပို့ပေးနိုင်ခဲ့ပါက မည်မျှကောင်းလိမ့်မည်နည်း။ ဖေးယွီပြောပုံအရဆိုလျှင်ထိုသတင်းမှာ point ၁သိန်းမျှပင်တန်လေသည်။ 


မည်သူကအကြွေးအကြောင်း စိတ်ပူစရာလိုနေတော့မည်နည်း..


ရှီကျားမှာ သူနှင့်ဆရာယဲ့၏ အကြောင်းများကို 'ghosts know'ကို ပို့ပေးခဲ့လျှင် သူ၏စာမူမှာ ကျိန်းသေရွေးချယ်ခံရမည်မှန်း သေချာပေါက်သိခဲ့သည်။ လက်ရှိရွှမ်းရွှယ်လောကတွင် သူ၏အထူးဖွဲ့စည်းပုံခန္ဓာအကြောင်းက ရေပန်းစားနေခဲ့လေသည်။ သို့သော်ရှီကျားမှာ သူကိုယ်တိုင်အကြောင်းရေးချင်စရာဘာမျှရေရေရာရာစဥ်းစားမရချေ။


ဆရာယဲ့ကျပြန်လျှင်လည်း..


ရှီကျားမှာ ကြမ်းပြင်အား အာရုံစိုက်၍ တံမြက်စည်းလှဲနေသော ဆရာယဲ့ကိုကြည့်လိုက်မိလေသည်။


ရုတ်ချည်းဇနီးလေးထံမှ စိုက်ကြည့်ချင်းကိုခံလိုက်ရသော် ယဲ့ကျင်းကျီ၏ကျောပြင်မှာဖြောင့်တန်းသွားခဲ့လေသည်။ ခေါင်းကိုငုံ့လျက် တံမြက်စည်းလှဲရင်း သူ၏ခေါင်းထဲတွင် အတွေးများ ရှုပ်ထွေးနေခဲ့လေသည်။


ဘာလို့လဲ..ဘာလို့ဇနီးလေးက လာကြည့်နေတာလဲ..၁၀စက္ကန့်...စက္ကန့်၃၀တောင်ရှိပြီ


တစ်မိနစ်တောင်!!ဇနီးလေးကဘာလို့ကြည့်နေသေးတာလဲ...ဘာလို့လဲ..အာ...!!


သူအလွန်များရုပ်ဆိုးနေ၍ ရှီကျားမှထိုသို့စိုက်ကြည့်နေသည်လားဟုတွေးကာ ဆရာယဲ့မှာ သူ၏ဘ၀ကိုသံသယ၀င်နေခဲ့ပြီဖြစ်ကြောင်း ရှီကျားမှာ အဘယ်သို့သိနိုင်ပါလိမ့်မည်နည်း။ သူအကြည့်လွှဲလျက် သက်ပြင်းသာချလိုက်လေသည်။ 


ဆရာယဲ့အကြောင်းများကိုသူမရေးလိုချေ။ အဘယ်ကြောင့်ရယ်မသိ ဤအမျိုးသား၏အကြောင်းကို အခြားဆရာသခင်များကို မသိစေလိုမိချေ။


Pointများရရှိရန် အသင့်တော်ဆုံးနည်းလမ်းမှာ တာ့တာပြသွားခဲ့ချေပြီ။ ရှီကျားမှာ မိမိသည် ရောင်းချရန် မှော်ရတနာများအဆောင်များမပြုလုပ်နိုင်မှန်းလည်း ကောင်းကောင်းသိလေသည်။ အကြာကြီးစဥ်းစားပြီးသည့်နောက် ရွေးချယ်စရာ၁နည်းသာကျန်စစ်လေတော့သည်။ 


"ဆရာယဲ့ ကျွန်တော် pointတွေရအောင် ခင်များနဲ့အတူ သရဲဖမ်းထွက်လို့ရမလား"


ယဲ့ကျင်းကျီမှာ သူ၏အင်္ကျီကိုပြောင်းပြန်၀တ်ထားမိသည်လား သို့မဟုတ် ခေါင်းပင်မဖြီးမိ၍လား အတွေးများနေစဥ် ရှီကျားမှာ ရုတ်ချည်း ထိုမေးခွန်းကိုဆိုလာခဲ့လေသည်။ ဆရာယဲ့မှာ တုန်လှုပ်သွားမိလျက် အသိပြန်လာခဲ့ပြီးဆိုလိုက်သည်။ 


"Pointတွေရဖို့ သရဲဖမ်းမှာလား"


ရှီကျားခေါင်းညိတ်လိုက်လေသည်။


"အင်း ကျွန်တော်ကရွှမ်းရွှယ်လောကကလူတော့မဟုတ်ပေမယ့် ကျွန်တော်သရဲဖမ်းရင်ရော pointတွေရနိုင်လားဟင်"


ယဲ့ကျင်းကျီမှာ ခေါင်းခါလိုက်ပြီးမှ တဖန်ခေါင်းညိတ်လာခဲ့သည်။


"ရနိုင်ပါတယ်"


ရှီကျား၏မျက်လုံးများတောက်ပသွားခဲ့သည်။ 


"ကျွန်တော်ဘယ်လိုလုပ်ရမလဲဟင်"


ယဲ့ကျင်းကျီကရှင်းပြလာခဲ့သည်။


"ရွှမ်းရွှယ်လောကမှာအဆင့်ဇယား၂ခုရှိတယ်..ထျန်းကုန်းအဆင့်ဇယားက ရွှမ်းရွှယ်လောကရဲ့မှော်လက်နက်တွေရဲ့အဆင့်တွေကိုပြထားတာ..တစ်လကိုတစ်ခါအဆင့်တွေကို 'ghosts know'မှာ ကြေညာပေးတတ်တယ်..ဒါပေမယ်အခြားဆရာသခင်တွေက အမြဲသရဲလိုက်ဖမ်းနေရတာကြောင့် ထျန်းကုန်းပွဲကြည့်စင်က သရဲဖမ်းတဲ့ အမှတ်တွေကို မှတ်တမ်းတင်ပေးဖို့ မော့သို့အဆင့်ဇယားကိုပါဖွင့်ပေးခဲ့တယ်.. ဆရာသခင်တစ်ယောက်ဟာ သရဲတစ်ကောင်ကိုမရှင်းခင် အဲဒီသရဲရဲ့အချက်အလက်တွေကို မော့သို့ဖွင့်ပြီးမှတ်တမ်းတင်ရတယ်..ပြီးရင် အဲဒီမှာပဲ pointတွေရပြီး အဆင့်တွေတိုးလာတာ"


ရှီကျားလည်း ရှင်းလင်းစွာနားလည်သွားလေတော့သည်။ 


"သရဲကိုမရှင်းခင် မော့သို့ဖွင့်ပြီးမှတ်တမ်းတင်ရင်ရပြီပေါ့"


ယဲ့ကျင်းကျီခေါင်းညိတ်လိုက်လေသည်။


ရှီကျားအသာပြုံးလိုက်လေသည်။ 


"ဆရာယဲ့ ဒီညဘယ်အချိန်လောက်သရဲထွက်ဖမ်းမှာလဲ..ကျွန်တော့်ကိုပါခေါ်သွားပေးလို့ရလား"


ယဲ့ကျင်းကျီမှာ ချက်ချင်းတောင့်တင်းသွားတော့သည်။


သို့နှင့် ပထမဆုံးအကြိမ်အဖြစ် ရှီကျားမှာ သရဲဖမ်းထွက်လာခဲ့လေသည်။ 


နေလုံးမှာ အနောက်အရပ်သို့၀င်သွားလျက် လမင်းမြင့်တက်လာသည်နှင့် ယင်စွမ်းအင်များတဖြည်းဖြည်းကြွယ်၀လာ၏။ သေမျိုးများမှာ အလုပ်မှပြန်လာကြလျက် မိမိတို့အိမ်သို့ အနားယူရန်ပြန်သွားနေခဲ့ကြသည်။ နေ့အချိန်၌ ထောင့်ပေါင်းစုံတွင် ပုန်းအောင်းနေကြသော အထီးကျန်၀ိညာဥ်များနှင့် ၀ိညာဥ်ရိုင်းများမှာ ၄င်းတို့နှင့်သက်ဆိုင်သော ညအချိန်ရောက်ရှိလာသည်နှင့် ပျော်ပျော်ကြီးထွက်လာကြတော့သည်။


ဖော့ယန်မှာ နယ်မြို့ကလေးဖြစ်၏။ လူအများစုမှာ နေ့အချိန်တွင် အလုပ်လုပ်လျက် ညရောက်သော်အနားယူတတ်ကြသည်။ ၄င်းက လယ်သမားများကသာ ဤအချိန်ဇယားအတိုင်း အလုပ်လုပ်ကာ အနားယူကြသည်ဟုမဆိုလိုချေ။ ဤမြို့မှ လူအများစုမှ အလုပ်ချိန်ပြီးသည်နှင့် အိမ်ပြန်ကာ အနားယူကြပြီး ၉နာရီ ၁၀နာရီလောက်တွင် အိပ်စက်ကြသည်ကများလေသည်။


စျေးဆိုင်များမှာ ၁၀နာရီ၌ တံခါးများပိတ်သွားကြလေပြီ။ အပြင်တွင် အိမ်မပြန်ရသေးသူ အနည်းငယ်မျှသာရှိတော့၏။ 


သူတို့ ထွက်လာချိန်တွင် ၁၁နာရီ၃၀လောက်ရှိပြီဖြစ်ကာ အဓိကလမ်းမကြီးပေါ်တွင် ကားတစ်စီးမျှပင် ရှိမနေတော့ချေ။ တခါတရံကားတစ်စီးတစ်လေမျှဖြတ်မောင်းသွားတတ်ပြီး တာရာနှင့် လမ်းမအကြားပွတ်တိုက်သံက လမ်းတစ်လျှောက်အတော်ကြာသည်အထိ ပဲ့တင်ထပ်လျက်ကျန်နေခဲ့သည်မှာ ညကိုပို၍ပင် တိတ်ဆိတ်စေသည်။


ထိုသို့လူသူကင်းမဲ့သောလမ်းပေါ်လျှောက်သွားနေရခြင်းက ရှီကျားအား စွန့်ပစ်မြို့ပျက်ကြီးတစ်ခုထဲသို့ရောက်နေသလိုခံစားရစေသည်။


မြို့ကြီးတစ်မြို့သာဆိုလျှင် ဤမျှတည်ငြိမ်တိတ်ဆိတ်နေမည်မဟုတ်ချေ။ ဤနေရာမှလူများမှာ ရိုးရှင်းငြိမ်းချမ်းစွာနေထိုင်ကြသူများဖြစ်သည်။ ဤသည်မှာ အလွန်သာမာန်ဆန်သော်လည်း အလွန်လည်းသက်တောင့်သက်သာရှိလေသည်။


ဖော့ယန်မြို့ထဲတွင် အထီးကျန်၀ိညာဥ်နှင့် ၀ိညာဥ်ရိုင်းများမှာ ထင်ထားသလောက်များပြားမနေချေ။ အဆုံးတွင်တော့ ဤနယ်မြို့လေးတွင် လူဦးရေအဆမတန်ထူထပ်မနေခဲ့ချေ။ ထို့ကြောင့် သရဲများနည်းသည်ကလည်း သဘာ၀ကျလေသည်။ အတိတ်တွင်ယဲ့ကျင်းကျီမှာ ဖော့ယန်မှ Gစီရင်စုတစ်ခွင် သရဲဖမ်းရန်ခြေဆန့်လေ့ရှိသည်။ သို့သော်ယနေ့မှာ ရှီကျား၏ပထမဆုံး သရဲထွက်ဖမ်းခြင်းဖြစ်သည်။ သူကရှီကျားကိုအဖော်ပြုလျက် ထိုနယ်မြို့လေးတခွင့်လှည့်ပတ်နေခဲ့လေသည်။


"ဗရွန်း..."


လူသူကင်းမဲ့သော လမ်းမပေါ် ကားတစ်စင်းဖြတ်မောင်းသွားသံက ပဲ့တင်ထပ်လျက် ကျန်ရစ်လေသည်။


ရှီကျားမှာ လက်ထဲတွင် ၀ိုင်ပုလင်းကို ကိုင်ဆွဲလျက် မူးဝေနေသော သရဲတစ်ကောင်ကိုတွေ့လိုက်ရလေသည်။ ရုတ်ချည်းကားတစ်စီးက သူ၏ကိုယ်ကိုဖြတ်မောင်းသွားခဲ့လျှင် သူကမကျေမနပ်နှင့် မာန်မဲလိုက်လေသည်။


"လမ်းကိုလည်းကြည့်မောင်းဦး..လောင်ဇီကံကောင်းလို့ဘာမှမဖြစ်လို့ပေါ့..လောင်ဇီကိုထိရင်တော့လား သတိသာထားနေပေတော့"


ထို့နောက် ၀ိုင်ပုလင်းကိုဆွဲထားသော သရဲမှာ လမ်းဘေးသို့လိမ်ဖယ်လိမ်ဖယ်ဖြင့်ဆင်းသွားခဲ့သည်။


ရှီကျား ထိုသရဲအားစိုက်ကြည့်နေစဥ် ယဲ့ကျင်းကျီကဆိုလာခဲ့သည်။ 


"သူကလေလွင့်နေတဲ့၀ိညာဥ်ပဲ သူ့ဘာသူသေသွားပြီဆိုတာမစိသေးဘူး"


ရှီကျားခေါင်းညိတ်လိုက်သည်။


"သူ့ဘာသူသတိထားမိဖို့ ရက်နည်းနည်းကြာဦးမှာမဟုတ်လား.."


ယဲ့ကျင်းကျီမှာ ပြန်ဖြေရန်ပြင်လိုက်စဥ်မှာပင် ၀ိုင်ပုလင်းကိုကိုင်ထားသော သရဲမှာ ရုတ်ချည်းတန့်သွားခဲ့လေသည်။


အတော်လေးကြာပြီးနောက် သူ၏ခေါင်းမှာဖြည်းညှင်းစွာလှည့်လာခဲ့ပြီး ယခုလေးတင် သူ၏ကိုယ်အားတစ်စုံတစ်ခုဖောက်ထွက်သွားခဲ့သော နေရာကိုလှည့်၍ကြည့်လိုက်လေသည်။ ထိုသရဲမှာ တောင့်တင်းနေခဲ့ပြီးနောက် ရေရွတ်လာခဲ့သည်။


"အဲဒီကား ငါ့ကိုမတိုက်သွားဘူး..ဘယ်လိုလုပ်ဒီတိုင်းဖောက်ထွက်သွားရတာလဲ"


ထိုသို့၅မိနစ်မျှ ရေရွတ်နေခဲ့ပြီးနောက် ထိုသရဲ၏ကိုယ်မှာ တဖြည်းဖြည်း မှိန်ဖျော့လာခဲ့သည်။ ၀ိုင်ပုလင်းမှာ မြေကြီးပေါ်လွတ်ကျသွားလျက် အနက်ရောင်ယင်စွမ်းအင်များအဖြစ်ပြိုကွဲသွားခဲ့လေသည်။ သူကရုတ်ချည်းနားလည်သွားပုံဖြင့် ကောင်းကင်ကြီးကိုမော့ကြည့်ကာရေရွတ်လိုက်သည်။


"ငါကသေပြီးသွားပြီ"


ထို့နောက်သူ၏ကိုယ်မှာ မှိန်ဖျော့သထက်မှိတ်ဖျော့လာပြီး လေထုထဲပျောက်သွားလေတော့သည်။ သူသည်ကား ပြန်လည်၀င်စားခြင်းသို့၀င်ရောက်သွားခဲ့ပေပြီ။ 


ရှီကျားမှာ ယဲ့ကျင်းကျီနှင့်အတူဆက်၍လျှောက်လာခဲ့သည်။


လမ်းတစ်လျှောက်တွင် သူတို့သည် သရဲ၃ကောင်ကိုသာတွေ့ခဲ့လေသည်။ ၄င်းတို့အားလုံးမှာ လေလွင့်၀ိညာဥ်များသာဖြစ်သည်။ မကောင်းဆိုး၀ါးကိုမဆိုထားနှင့် ၀ိညာဥ်ရိုင်းများကိုပင်မတွေ့ရချေ။


ရှီကျားမှာ မကောင်းဆိုး၀ါးတစ်ကောင်တစ်လေတွေ့လိုတွေ့ငြားပိုက်စိပ်တိုက်ရှာဖွေနေခဲ့လေသည်။ သို့သော် သူမည်မျှပင်ရှာဖွေပါစေ ဤမြို့ငယ်လေးမှာ မည်သည့်မကောင်းဆိုး၀ါးတစ်ကောင်ကိုသော်မျှမတွေ့ရဘဲ လွန်စွာရှင်းလင်းလျက် အေးချမ်းနေခဲ့လေသည်။ မနက်၃နာရီနီးပါးရောက်ချိန်တွင် လှည့်ကင်းရဲများမှာ မြို့အနှံ့သို့ပတ်နေခဲ့ကြပြီဖြစ်သည်။ သူ လက်ဗလာနှင် လမ်းဘေးမှခုံတန်းတစ်ခုတွင် ခေါင်းငိုက်စိုက်ကျလျက် ထိုင်နေခဲ့တော့သည်။


ယဲ့ကျင်းကျီကအလျင်စလိုဆိုလာခဲ့သည်။ ဖော့ယန်မြို့ထဲမှာ မကောင်းဆိုး၀ါးတွေရှာတွေ့ဖို့ခက်တယ်..ဒါပေမယ့်အခုတလော အနီးအနားကမြို့တစ်မြို့မှာ ယင်စွမ်းအင်တွေ စုနေတာတွေ့ခဲ့တယ်..မနက်ဖြန်ကျရင်အတူသွားကြည့်ရအောင်လေ"


ရှီကျားပြုံးလျက်ခေါင်းညိတ်လိုက်လေသည်။


"ဆရာယဲ့က သရဲဖမ်းတဲ့နေရာမှာ အရမ်းတော်လို့ပေါ့..

ဆရာယဲ့က ဖော့ယန်မှာ ရှိနေမှတော့ သရဲတွေဘယ်လိုလုပ်ရှိတော့မှာလဲ"


ထိုသို့ချီးကျူးခံလိုက်ရချိန်တွင် ယဲ့ကျင်းကျီမှာ ရှက်ရွံသွားကာ လေသံလေးဖြင့်သာတုန့်ပြန်လာခဲ့လေသည်။


မည်သည့်မကောင်းဆိုး၀ါးကိုမှ ရှာမတွေ့လေရာ သူတို့၂ဦးသားလည်း အိမ်သို့သာ ပြန်လာခဲ့ကြတော့သည်။ အပြန်လမ်းတွင် KFCဆိုင်နှင့် ရုပ်ရှင်ရုံတစ်ခုမှာ မီးလင်းနေဆဲပင်။ ရှီကျားမှာ အမှန်တရားကို လက်မခံနိုင်သေးပဲ မကောင်းဆိုး၀ါးတွေ့လိုတွေ့ငြားဆက်၍ရှာဖွေလိုနေဆဲပင်။ သူတို့၂ဦးအိမ်ပြန်လမ်းတစ်လျှောက်လျှောက်လာခဲ့ကြသည်။ ရုပ်ရှင်ရုံရှေ့သို့ရောက်သည်အထိ ရှီကျားမှာ သူ၏ရှာဖွေမှုကို လက်မလျော့သေးချေ။ မီတာ၃၀ခန့်အထိလျှောက်သွားနေပြီးမှသာ သူ့နောက်တွင် ဘယ်သူမှပါမလာကြောင်း ရှီကျား သတိထားလိုက်မိတော့သည်။


သူကတုန်လှုပ်စွာဖြင့်လှည့်ကြည့်လိုက်လေသည်။ 


"ဆရာယဲ့"


ယဲ့ကျင်းကျီမှာ ရုပ်ရှင်ရုံ၀င်ပေါက်မှ ပိုစတာကို စိတ်အားထက်သန်စွာစိုက်ကြည့်နေခဲ့လေသည်။


ရှီကျားလည်း နားမလည်စွာပြန်လာလျှောက်လာခဲ့လေသည်။ ရုပ်ရှင်ပိုစတာကိုမြင်လျှင် သူသည်အံ့အားသင့်သွားလျက် ပုရွက်ဆိတ်တမျှသေးငယ်သော စာလုံးလေးများနှင့်ရေးထားသည့် သူ၏အမည်ကိုရှာဖွေကာဖတ်လိုက်မိလေသည်။ သူ မပြုံးဘဲမနေနိုင်ခဲ့ချေ။


"မနှစ်ကကျွန်တော်ရိုက်ခဲ့တဲ့ကားက အခုပြနေပြီပဲ..ဒီကားမှာ ကျွန်တော်၅ခန်းပါတယ်လေ..ရိုက်ကူးရေးက ကျွန်တော့်ကိုမျက်နှာသာပေးပြီး ကျွန်တော့်နာမည်လေးပါ ထည့်ရေးပေးထားသေးတယ်"




👻