Chapter 93
Viewers 9k

👻Chapter 93




ယဲ့ကျင်းကျီ၏အကြည့်တို့မှာ ပိုစတာပေါ်တွင် စွဲကပ်နေခဲ့လေသည်။ သူသည်ပိုစတာပေါ်မှ ရှီကျားဟုရေးထားသောသေးငယ်သောစာလုံးလေးများကိုဖတ်ကြည့်လိုက်ပြီးနောက် ပိုစတာကိုပြန်ကြည့်လိုက်လေသည်။ ထို့နောက်ယဲ့ကျင်းကျီကမေးလာခဲ့သည်။


"ဒီပိုစတာမှာကျတော့ ဘာလို့ မင်းပုံမပါရတာလဲ"


ရှီကျားက ချက်ကျလက်ကျဆိုလာခဲ့သည်။


"ကျွန်တော်က ဖြတ်လျှောက်သာသာပဲလေဗျာ..ဇာတ်လိုက်နဲ့ မိန်းကလေးဇာတ်လိုက်ကပဲ ပိုစတာပေါ်ရှိမှာပေါ့ဗျ.. ကျွန်တော်ကတော့ဘယ်ပါမလဲ"


ယဲ့ကျင်းကျီက ပုရွတ်ဆိတ်တမျှသေးငယ်သော ရှီကျားဟူသော အမည်လေးကိုကြည့်ကာ နှုတ်ခမ်းကိုတင်းတင်းစေ့လျက် နှုတ်ဆိတ်သွားတော့သည်။


ရှီကျားမှာ ဆရာယဲ့ကိုကြည့်နေရင်း ရုတ်ချည်းအတွေးပေါက်သွားခဲ့လေသည်။


"ဆရာယဲ့..ဒီရုပ်ရှင်ကိုကြည့်ချင်လို့လား"


ယဲ့ကျင်းကျီ၏ကိုယ်မှာ တုန်လှုပ်သွားခဲ့လေသည်။ 


ရှီကျားညင်သာစွာရယ်လိုက်သည်။


"ဒီကားကတစက်လေးမှတော့မကောင်းဘူး..တခြားကောင်းတဲ့ သရဲကားတွေလည်းရှိပါတယ် ဒီကားမကြည့်ရအောင်ပါ"


ရှီကျား၏တည်ငြိမ်သောအပြုံးလေးကိုကြည့်လျက် ယဲ့ကျင်းကျီ၏ရင်ထဲမှအနည်းငယ် စိတ်ပျက်လက်ပျက်ခံစားလိုက်ရသော်လည်း မငြင်းခဲ့ချေ။


သို့သော် ရှီကျားကတဖြည်းဖြည်း သတိထားမိလာခဲ့သည်။


ကြည့်ရတာ..ဆရာယဲ့ကအရင်က ရုပ်ရှင်တစ်ခါမှမကြည့်ဖူးတာများလား..


တွေးလေတွေးလေ ၄င်းမှာပို၍ဖြစ်နိုင်လာလေပင်။ ဆရာယဲ့၏ဆရာဖြစ်သူက စောစောစီးစီးဆုံးသွားခဲ့ပြီး ဆရာယဲ့မှာတစ်ယောက်တည်းကြီးပြင်းခဲ့ရသည်။ သူကကျင့်ကြံရန်နှင့် သူ့ကိုယ်သူဂရုစိုက်ရန်လိုအပ်လေသည်။ အရွယ်ရောက်လာပြန်တော့လည်း သရဲထွက်ဖမ်းရသည်။ သူ့တွင်ရုပ်ရှင်ကြည့်ရန်အချိန်အဘယ်မှာ ရှိခဲ့လိမ့်မည်နည်း။


ယခုမူ သူကရုပ်ရှင်လေးတစ်ကားမျှကြည့်ချင်နေရုံသာဖြစ်သည်။ 


ရှီကျားမှာ အပြုံးလေးနှင့်ဆိုလိုက်သည်။


"ဆရာယဲ့ ဒီကား၀င်ကြည့်ရအောင်"


ယဲ့ကျင်းကျီ၏မျက်လုံးတို့ ပြူးကျယ်သွားခဲ့လေသည်။


ရှီကျားမှာ ဆရာယဲ့၏လက်ကိုဆွဲလျက် ရုပ်ရှင်ရုံထဋဆွဲခေါ်သွားလျက်ဆိုလိုက်သည်။


"ကျွန်တော်အရင်က ကိုယ့်ကားတွေကိုတစ်ခါမှရုံထဲမှာမကြည့်ဖူးဘူးလေ..ဖြစ်ချင်တော့ ဒီနေ့ဒီကားတင်နေတာပဲ..ဒီနေ့မကောင်းဆိုး၀ါးဖမ်းမမိမှတော့ ရုပ်ရှင်ပဲ၀င်ကြည့်လိုက်ကြတာပေါ့..ဒီကားရဲ့ဒါရိုက်တာကနောက်ခံနည်းနည်းရှိတယ်..ဒီတော့တကယ့်သရဲပါတယ် ကြည့်ရအောင်လာ.."


ဆရာယဲ့၏မျက်လုံးထဲမှ အလင်းရောင်မှာ တဖြည်းဖြည်းတောက်ပလာတော့သည်။ သူသည်ပျော်ရွှင်လွန်း၍ ရင်ထဲတွင် မီးရှူးမီးပန်းများပေါက်ကွဲနေသည့်အလားပင်။ သူသည်ရှီကျားနောက်သို့လိုက်လျက် ရုပ်ရှင်ရုံထဲသို့ ပျော်ပျော်ရွှင်ရွှင်၀င်လာခဲ့လေသည်။ ဤသည်မှာ သူ့အတွက် ရုပ်ရှင်ရုံထဲသို့ ပထမဆုံးရောက်ရှိဖူးခြင်းဖြစ်သည်။ ရှီကျားလက်မှတ်သွား၀ယ်နေချိန်တွင် သူကနေရာတွင်ရပ်လျက် လိမ်လိမ်မာမာစောင့်နေခဲ့လေသည်။ တစ်ချက်တစ်ချက်တွင် ရုပ်ရှင်ရုံ၏ display ပြထားသော ပိုစတာများကိုကြည့်လိုက်သေးသည်။


တိုက်တိုက်ဆိုင်ဆိုင် ထိုသရဲကားမှာ ၅မိနစ်အတွင်းပြသမည်ဖြစ်သည်။ လက်မှတ်ကောင်တာမှ မိန်းကလေးမှာ ဤအချိန်ကြီး ရုပ်ရှင်လာကြည့်သူရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမက ရှီကျားအား ထူးဆန်းစွာတစ်ချက်ကြည့်လိုက်ပြီး လက်မှတ်ဖြတ်ပေးလိုက်ပြီးနောက် သူမ၏ အနုပညာလောက အတင်းအဖျင်းသတင်းများကို ဆက်လက်စပ်စုနေလေတော့သည်။


ရှီကျားမှာလက်မှတ်ကိုယူလျက် ယဲ့ကျင်းကျီထံလျှောက်သွားလိုက်သည်။ သူ၏နောက်တွင် လက်မှတ်ရောင်းနေသော မိန်းကလေးမှာ အတင်းအဖျင်းဗီဒီယိုကိုဖွင့်လိုက်လေသည်။ ထို့နောက်သူမ၏ဖုန်းထံမှ အသံတစ်ခုထွက်လာခဲ့သည်။


"မနေ့ည ၈နာရီအချိန်မှာ ရုပ်ရှင်ဧကရာဇ်ဖန်မော့ထင်ဟာ brand campaignတစ်ခုကိုတက်နေရင်း ဟိုတယ်လှေကားပေါ်ကနေမတော်တဆပြုတ်ကျခဲ့တယ်လို့သိရပါတယ်..လွန်ခဲ့တဲ့၅မိနစ်တုန်းကတော့ သာမာန်ဒဏ်ရာလေးတွေပဲဖြစ်တာမို့ ပရိတ်သတ်တွေကို စိတ်မပူဖို့ရာ weiboမှာလာပြောပေးသွားပါတယ်"


လက်မှတ်ကောင်တာမှမိန်းကလေးမှာ ခပ်ကျယ်ကျယ်လေးအော်ငိုလာခဲ့သည်။


"အာ..ရုပ်ရှင်ဧကရာဇ်ဖန်..အဆင်ပြေလို့တော်သေးတာပေါ့..ကံကောင်းလို့ပေါ့"


ရှီကျားမှာ ယဲ့ကျင်းကျီထံတိုက်ရိုက်လျှောက်သွားလိုက်လေသည်။ သူလက်မှတ်၀ယ်ပြီးပြန်လှည့်လာသည်နှင့် ယဲ့ကျင်းကျီမှာ ရုပ်ရှင်ပိုစတာများထံမှ အကြည့်ခွာလိုက်ကာ မူလနေရာမှာပင် နာနာခံခံလေးရပ်စောင့်နေခဲ့လေသည်။ ရှီကျားမှာ ထိုအမျိုးသား၏လက်ထဲ ရုပ်ရှင်လက်မှတ်ကိုထည့်ပေးလိုက်ပြီး အပြုံးလေးနှင့်မေးလိုက်သည်။


"ဆရာယဲ့ ပေါက်ပေါက်စားချင်လား..အသီးစားချင်လား..cokeသောက်ချင်လား"


ယဲ့ကျင်းကျီမှာ ရှီကျားအားကြည့်လာခဲ့သည်။


"မင်းဘာစားချင်လဲ" 


ရှီကျားအနည်းငယ်တွေးကြည့်လိုက်သည်။


"ကျွန်တော် ပေါက်ပေါက်စားချင်တယ်.."


ယဲ့ကျင်းကျီမှာ ခေါင်းညိတ်လိုက်လေသည်။ 


"ကိုယ်လည်းပေါက်ပေါက်ပဲစားချင်တယ်"


၃မိနစ်မျှကြာပြီးနောက် ဆရာယဲ့မှာ ပေါက်ပေါက်ဆုပ်ဘူးကြီးကိုပိုက်ထားခဲ့တော့သည်။ သူ၏မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်ဘဲ သူ့ဘ၀၏ ပထမဆုံးရုပ်ရှင်ကားကိုကြည့်ရန် ရုပ်ရှင်ရုံထဲသို့ပျော်ရွှင်စွာ၀င်သွားတော့သည်။


 á€šá€á€Żá€Ąá€á€ťá€­á€”်တွင် ရှီကျားက သည်းထိတ်ရင်ဖို မှုခင်းကားများကို စတင်ရိုက်ကူးနေခဲ့ပြီဖြစ်သည်။ ထိုမတိုင်ခင်ကမူ သူရိုက်ခဲ့သမျှမှာ သရဲကားများသာဖြစ်သည်။


သူတို့ယနေ့ကြည့်နေကြသော ကားမှာ ညသန်းခေါင်ယံအမှု၃ခု ဟုအမည်ရကာ ရှေးခေတ်တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ်မှ တိုက်ခန်းအဆောက်အဦးလေးတစ်ခုတွင်ဖြစ်ပျက်ခဲ့သည်တို့ကို ပုံဖော်ပြထားခြင်းဖြစ်သည်။ ရုပ်ရှင်မှာ ၁၉၂၀ခုနှစ်ရှန်ဟိုင်းကို နောက်ခံထားခဲ့သည်။ Bandတစ်ခုမှာ ညစဥ်ညတိုင်းတီးခတ်နေကြပြီး ကားများက ထိုအငှားဧရိယာတွင် တိုးတိုက်ပြေးလွှားနေကြသည်။ ထိုခေတ်ရှန်ဟိုင်း၏ အဆိုများအကများမှာ ထိုခုနှစ်၏ ပုံရိပ်ကိုဆောင်နေခဲ့သည်။ သို့သော် ထို ရှည်မြောမြောတိုက်ခန်းများက ထိုခေတ်၏မှတ်ဥာဏ်များပင်ဖြစ်လေသည်။


ဇာတ်လိုက်မှာနယ်မှတက်လာသော စာရေးဆရာလေးဖြစ်ကာ သေးငယ်သောတိုက်ခန်းလေးတစ်ခန်းကိုငှားရမ်းခဲ့လေသည်။ ထိုတိုက်ခန်းများထဲတွင်အခြား ဧည့်သည်၄ယောက်လည်းရှိနေခဲ့သည်။ ထိုလူများအားလုံးမှာ လျှို့၀ှက်ဆန်းကြယ်ကာ ထူးဆန်းကြသည်။ ထိုအမျိုးသားဇာတ်ဆောင်မှာ အခန်းထဲသို့၀င်လာသည့်အချိန်မှစ၍ ထိုကားမှာ ထူးဆန်းသောလေထုကို အစပျိုးနေခဲ့ပြီဖြစ်သည်။


သို့နှင့် ထိုဇာတ်လိုက်ဖြစ်သူမှာ ထိုတိုက်ခန်းများနှင့်ပတ်သက်၍ တစ်ခုခုထူးဆန်းနေသည်ကို ခံစားလာရလေသည်။ ညသန်းခေါင်အချိန်ကိုရောက်ရှိသည်နှင့် ထိုတိုက်ခန်းပထမအလွှာရှိ ချိန်သီးနာရီမှာ ၃ကြိမ်တိတိမြည်လာတတ်သည်။ ဒုတိယနေ့တွင် ဒုတိယအခန်းမှလည်း ထိုသို့မြည်လာပြန်သည်။


၄ရက်မြောက်နေ့တွင်မူ ထပ်ခိုးတွင်နေထိုင်သော ဇာတ်လိုက်ဖြစ်သူမှလွဲ၍ အခြားအခန်းများထဲမှ ထူးဆန်းသော အသံ၃သံထွက်ပေါ်နေခဲ့သည်။ 


အဆုံးတွင် သဘာ၀ကျကျပင် ဇာတ်လိုက်ဖြစ်သူ၏အလှည့်ကျရောက်လာတော့သည်။


ထိုသို့ကြားရလျှင် ၄င်းမှာ ကားကောင်းတစ်ကားဟုထင်ရသည်။ အနည်းဆုံးတော့ထိုကားမှာ ပြည်တွင်းသရဲကားအများစုကဲ့သို့ ရုပ်ချောချောကောင်လေးတသိုက်သို့မဟုတ် မိန်းကလေးတစ်သိုက် မည်သို့အသက်ရှင်ရန်ရုန်းကန်ကြရပုံကိုရိုက်ကူးထားခြင်းသာဖြစ်သည်။ တစ်ယောက်ချင်းစီအစဥ်လိုက်သေဆုံးသွားပြီး အဆုံးတွင် ဇာတ်လိုက်တစ်ယောက်သာ ကျန်ရစ်မည်ဖြစ်သည်။ အဆုံးတွင် အမှန်တရားထွက်ပေါ်လာသည်။ မည်သည့်သရဲမှမဟုတ်ခဲ့ချေ။ စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေသူတစ်ဦးက သရဲယောင်ဆောင်ကာလူများကိုလိုက်သတ်နေခြင်းမျှသာဖြစ်သည်။ 


သို့သော် ပြည်တွင်းသရဲကားများမှာ ဘယ်တုန်းကမှ ပရိတ်သတ်များအား 'စိတ်မပျက်'စေရဖူးပါချေ။


ရှီကျားလည်း၀န်ခံရမည်မှာ ဤ ညသန်းခေါင်ယံ အမှု၃ခု ဟူသည့်ကားက သူရိုက်ခဲ့သမျှ သရဲကားထဲတွင် အကောင်းဆုံးဖြစ်သည်ကိုပင်။ သို့သော် ဇာတ်ညွှန်းကောင်းနေခြင်းကသက်သက် ဇာတ်ကားကောင်းနေခြင်းကသက်သက်ဖြစ်သည်။ ဤကားမှ အဓိကဇာတ်လိုက်မှာ ပြီးခဲ့သောနှစ်ကမှ talent showတစ်ခုတွင် နာမည်ကြီးလာသော တက်သစ်စလေးဖြစ်သည်။ သူပွဲဦးထွက်လာသည်က ၁နှစ်မျှသာရှိသေးပြီး သူ့တွင်ရုပ်ရည်တစ်ခုသာရှိပေသည်။ ရှီကျားပင်လျှင် သူ၏ညံ့ဖျင်းသောသရုပ်ဆောင်ကွက်များကို တည့်တည့်မကြည့်နိုင်ခဲ့ချေ။


 á€œá€°á€á€­á€Żá€„á€şá€¸á သရုပ်ဆောင်စကေးများမှာ ပုံမှန်မဆန်စွာညံ့ဖျင်းနေပြီး ဒါရိုက်တာမှာလည်းထိုမျှအတွေ့အကြုံရှိသူမဟုတ်ခဲ့ချေ။ သို့နှင့် King Of Gloryဂိမ်းထဲတွင် ထိပ်ဆုံးအဆင့်ကစားသမားက ကြေးတွင်တစ်နေသော အသင်းဖော်များကို မcarryပေးနိုင်သကဲ့သို့ ထိုမျှကောင်းမွန်သော ဇာတ်ညွှန်းမှာလည်း ထိုကားကိုမကယ်တင်ပေးနိုင်ခဲ့ချေ။


ရှီကျားနှင့်ယဲ့ကျင်းကျီမှာ ရုံထဲသို့၀င်သွားပြီး အလယ်မှအကောင်းဆုံးခုံတွင်ထိုင်ချလိုက်သည်။ သူတို့၂ယောက်လုံးမှာ ပေါက်ပေါက်ဆုပ်တစ်ဘူးဆီပိုက်လျက် coke၂ခွက်ကိုလည်းကိုင်ထားခဲ့ကြသည်။ အတွင်းသို့၀င်သွားပြီးနောက်ရှီကျားမှာ ယဲ့ကျင်းကျီအား ကြမ်းပြင်ပေါ်မှနံပါတ်များမှာ row နံပါတ်ကိုပြထားခြင်းဖြစ်ပြီး ခုံပေါ်မှနံပါတ်များမှာတော့ သူတို့ထိုင်ရမည့် ခုံနံပါတ်များကို ပြထားခြင်းဖြစ်ကြောင်းဆိုလိုက်သည်။ ထို့နောက်ယဲ့ကျင်းကျီမှာ သူတို့ခုံသို့ရောက်သည်နှင့် ယခုမှ ရုပ်ရှင်ပထမဆုံးအကြိမ်စကြည့်ဖူးသော မူလတန်းကလေးလေးသဖွယ် ကျောကိုမတ်လျက် ပေါက်ပေါက်ဆုပ်ဘူးကိုပိုက်ကာထိုင်ချလိုက်တော့သည်။


ရှီကျားမှာ မရယ်ပဲမနေနိုင်ခဲ့ချေ။ 


"ဆရာယဲ့ စိတ်ကိုလျှော့ထားလို့ရတယ်..အခုကမနက်၃နာရီဆိုတော့ ရုံထဲမှာ ကျွန်တော်တို့အပြင်အခြားဘယ်သူမှရှိမှာမဟုတ်ဘူး..ဘယ်သူမှမြင်မှာမဟုတ်တော့ အေးဆေးကြည့်လို့ရပါတယ်"


ယဲ့ကျင်းကျီမှာတန့်သွားခဲ့မိလေသည်။ သူ၏မျက်နှာမှာ နီမြန်းသွားခဲ့ပြီး လျင်မြန်စွာခေါင်းညိတ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာ ပြေလျော့သွားလျက် ကျောပြင်ကို ခုံနောက်သို့အသာမှီချလိုက်လေတော့သည်။


သို့နှင့် ရုပ်ရှင်မှာ စတင်လာလေတော့သည်။ 


ရှီကျား ပေါက်ပေါက်ဆုပ်များကို ပါးစပ်အပြည့်၀ါးနေခဲ့သည်။ ယဲ့ကျင်းကျီ သူ့ကိုကြည့်လျက် သူကိုယ်တိုင်လည်း ပေါက်ပေါက်ဆုပ်ကိုနှိုက်ကာ ၀ါးလိုက်တော့သည်။


ညလယ် ရုပ်ရှင်ရုံထဲတွင် ပေါက်ပေါက်ဆုပ်သံ တကျွတ်ကျွတ်ကပဲ့တင်ထပ်နေခဲ့သည်။ ထိုအချိန်တွင် ရုပ်ရှင်မစတင်သေးဘဲ ထိုရုပ်ရှင်တွင်ပါ၀င်ထားသော စပွန်ဆာများ ကြော်ညာများအရင်ဆုံးပွင့်လာခဲ့လေသည်။ ယဲ့ကျင်းကျီမှာ ပေါက်ပေါက်ဆုပ်ကို၀ါးနေရင်းမနေနိုင်တော့ပဲ ရှီကျားကို တိတ်တိတ်လေးခိုးကြည့်လိုက်မိသည်။ 


အမှောင်ထုထဲတွင် ရုပ်ရှင်ပိတ်ကားထံမှ အလင်းရောင်က ဆံပင်နက်တို့နှင့်လူရွယ်လေးထံ အလင်းပြန်နေခဲ့သည်။ ပိတ်ကားပေါ်မှလှုပ်ရှားမှုများနှင့်အတူ လူရွယ်လေး၏ချောမောသော မျက်နှာပေါ်တွင် အလင်းရောင်စုံမျာယတဖြတ်ဖြတ်ပြေးနေခဲ့လေသည်။ ရှီကျား၏မျက်လုံးများမှာ လွန်စွာတောက်ပနေခဲ့သည်။ ထိုမျက်၀န်းလေးများမှာ ကွေးညွတ်၍ပြုံးလိုက်သည်အခါ လခြမ်းကွေးကလေးလိုခံစားရပြီး လွန်စွာနွေးထွေးလှသည်။


ယဲ့ကျင်းကျီမှာ အကြည်ွမလွှဲမိပဲနစ်မြောနေခဲ့စဥ် ရုပ်ရှင်မှာ စတင်လာလေတော့သည်။


ရှီကျားမှာ သူ၏အကြည့်ကိုခံစားမိပုံဖြင့် လှည့်ကြည့်လာခဲ့သည်။ သူကအပြုံးဖျော့ဖျော့ဖြင့်ဆိုလာသည်။ 


"ဆရာယဲ့ဘာလို့မကြည့်တာတုန်း..ပေါက်ပေါက်ကစားမကောင်းလို့လား...ခင်များဘူးကနည်းနည်းကျွမ်းနေသလိုပဲ ကျွန်တော့်ဘူးနဲ့လဲရအောင်" 


ပြောပြီးနောက်ရှီကျားမှာ သူ၏လက်ထဲမှပေါက်ပေါက်ဘူးကိုဆွဲယူလျက် သူ့ဘူးနှင့်လဲလှယ်လာခဲ့သည်။


ယဲ့ကျင်းကျီအလျင်အမြန်ဆိုလိုက်သည်။ 


"မဟုတ်ဘူး..အရသာရှိပါတယ်" 


ရှီကျားပြုံးလိုက်သည်။ 


"ရပါတယ်..မဟုတ်လည်း ကျွန်တော်ကပေါက်ပေါက်စားရတာအဲလောက်မကြိုက်ဘူးရယ်..ရုပ်ရှင်ပဲကြည့်ရရင်ရပြီ...ကျွန်တော်မှတ်မိသလောက်တော့ ဒီကားထဲ ကျွန်တော့်အခန်းလေးမဆိုသလောက်ပိုများတယ်..ဒီကားထဲမှာ ကျွန်တော်ကသရဲလေ..ပြီးတော့စုစုပေါင်း ၃..အဟွတ် အဟွတ် ခင်များကို မspoilတော့ဘူး..အလယ်လောက်ကျရင် ကျွန်တော်ပေါ်လာလောက်တယ်"


ယဲ့ကျင်းကျီလည်းခေါင်းကိုညိတ်လျက် ရုပ်ရှင်ပိတ်ကားထံ ပြန်လှည့်သွားလေတော့သည်။ သို့သော် သူ၏မျက်၀န်းထောင့်စွန်းကနေတဆင့် ရှီကျားကို ခိုးကြည့်နေမိဆဲပင်။ သူ၏လက်မှပေါက်ပေါက်ဆုပ်တချို့ကိုနှိုက်လျက် ပါးစပ်ထဲသို့ထည့်လိုက်သည်။ 


ဒီတစ်ခါပေါက်ပေါက်ကဘာလို့ပိုပြီး အရသာရှိနေပါလိမ့်...


ဇနီးလေးကသူ့အပေါ်သိပ်ကောင်းတာပဲ...


ယနေ့ဆရာယဲ့မှာ အလွန့်အလွန်ပျော်ရွှင်ကြည်နူးနေခဲ့လေသည်။


 á€›á€žá€Žá€€á€ťá€Źá€¸á€™á€žá€Ź ယဲ့ကျင်းကျီနှင့် ကောင်းမွန်စွာရုပ်ရှင်အတူကြည့်ချင်ခဲ့ပါသည်။ ဆရာယဲ့မှာ ယခင်က ရုပ်ရှင်တစ်ခါမှမကြည့်ဖူးလေရာ သူအနေနှင့် ဆရာယဲ့ကို အဖော်ပြုကာအတူကြည့်ပေးသင့်သည်။ သိုသော်ရှီကျားမှာ သူရွေးချယ်ခဲ့သော ကားမှာပြည်တွင်းသရဲကားဖြစ်သည်ကိုမေ့လျော့သွားခဲ့သည်။ ၄င်းအပြင်ကို ဤသည်မှာသူကိုယ်တိုင်ဇာတ်ကားအစအဆုံးကိုသိထားပြီးသော ပြည်တွင်းသရဲကားလည်းဖြစ်သည်။


၅မိနစ်မျှ ကြည့်နေပြီးနောက် ပေါက်ပေါက်ဆုပ်ကိုနှိုက်နေသောရှီကျား၏လက်တို့မှာ တဖြည်းဖြည်းနှေးလာတော့သည်။ 


၁၀မိနစ်မျှအကြာတွင် ရှီကျားမှာ သူ၏မျက်ခွံများပေါ်မှ အလေးချိန်နှင့် တိုက်ခိုက်နေရပြီဖြစ်သည်။ သူသည် မျက်လုံးကိုအတတ်နိုင်ဆုံးဖွင့်လျက် ရုပ်ရှင်ပိတ်ကားကိုကြည့်နေခဲ့ပါသည်။ စပီကာများထံမှ နူးကိုထိုးဖောက်မတက်စူးရှသော်အော်သံထွက်ပေါ်လာချိန်၌တောင် သူမတုန့်ပြန်မိချေ။ 


မိနစ်၂၀မျှအကြာတွင် ရှီကျား၏မျက်လုံးများတဖြည်းဖြည်းပိတ်သွားခဲ့လေသည်။ သူ၏ခေါင်းမှာ ငိုက်စိုက်ကျသွားခဲ့သည်။ ရှေ့သို့ဗြုန်းခနဲစိုက်ကျသွားမိလျှင် ရှီကျားမှာ ရုတ်ချည်း မျက်လုံးများပြန်ပွင့်လာခဲ့လေသည်။ ယဲ့ကျင်းကျီက သူ့အားပူပန်စွာကြည့်နေခဲ့သည်။ ရှီကျားကလက်ကိုယမ်းကာပြုံးပြလိုက်သည်။ 


"ကျွန်တော်အဆင်ပြေတယ်..ဆရာယဲ့ အခုကမနက်၄နာရီလောက်ဆိုတော့ ကျွန်တော်နည်းနည်းအိပ်ချင်နေတာ.." 


နောက်ထပ်မိနစ်၃၀ကုန်လွန်သွားပြီးနောက် ရှီကျားမှာလုံး၀အိပ်ပျော်သွားတော့သည်။ ပေါက်ပေါက်ဆုပ်ဘူးကြီးကိုလက်ထဲတွင်ကိုင်ထားလျက် သူ၏ကိုယ်မှာဘေးသို့တဖြည်းဖြည်းတိမ်းစောင်းလာတော့သည်။ ထိုစဥ်ရုပ်ရှင်ထဲမှ အမျိုးသားဇာတ်ဆောင်မှာ သူ၏ပထမဆုံးအကြိမ်နာရီသံ၃ချက်ကိုစကြားရချိန်ဖြစ်သည်။ ဤကဲ့သို့ပြည်တွင်းသရဲကားမျိုးမှာ အခြားကြည့်ရှူသူများကို မည်သည့်ခြောက်ခြားမှုမှမပေးနိုင်တော့သော်လည်း ဤသည်မှာ ဆရာယဲ့၏ပထမဆုံးအကြိမ် ရုပ်ရှင်ဖြစ်သည်။


ယဲ့ကျင်းကျီမှာ ငယ်စဥ်ကပင် မကောင်းဆိုး၀ါးများစွာကိုမြင်ဖူးခဲ့လေသည်။ အသေဆိုးနှင့်သေခဲ့သော မကောင်းဆိုး၀ါးများ လူပေါင်းများစွာကို သတ်ခဲ့သောမကောင်းဆိုး၀ါးများ ဖုန်းတုငရဲဂိတ်တံခါးပွင့်စဥ်အခါက မရေတွက်နိုင်သောမကောင်းဆိုး၀ါးများပင်ပါသေးသည်။ ထိုစဥ်က ငရဲဘုရင်ယဲ့မှာ မျက်မှောင်တစ်ချက်ပင်မတွန့်ခဲ့ဖူးချေ။ သို့ရုပ်ရှင်ကားထဲမှသရဲများမှာ အလင်းအမှောင် နောက်ခံအသံများပံ့ပိုးမှုကြောင့် ပို၍ စိတ်ကိုခြောက်ခြားစေလေသည်။ သရဲကားကြည့်ရသည်ထက် အစစ်အမှန်သေမှုသေခင်းကိုကြည့်ရသည်က ပို၍အဆင်ပြေလိမ့်မည်။


ထို့ကြောင့် ယဲ့ကျင်းကျီမှာ ပထမဆုံးရုပ်ရှင်ကား၏ ပထမဆုံးသရဲခြောက်သည့်အခန်းကိုကြည့်ရစဥ်တွင် အသက်ကိုတ၀ကြီးရှူသွင်းလျက် ပေါက်ပေါက်ဆုပ်ကိုလည်း မနှိုက်မိတော့ချေ။ ပထမနာရီသံတစ်ချက် ဒုတိယတစ်ချက်နှင့် နောက်ဆုံးနာရီသံတစ်ချက်ကိုကြားလိုက်ရသည်။ 


ထို့နောက်အခန်းထဲမှ ဘန်းခနဲစူးရှသောအသံတစ်ခုထွက်လာသည်နှင့် ယဲ့ကျင်းကျီတစ်ကိုယ်လုံးခုန်တက်သွားမိမတက်ပင်။ ယခုလေးတင် ယဲ့ကျင်းကျီ၏ ပုခုံးပေါ်လျှောကျလာသော ရှီကျားခေါင်းလေးမှာ တွန်းထုတ်ခံရလျက် ဝေ၀ါးစွာနိုးလာခဲ့လေသည်။


ဆရာယဲ့ ချက်ချင်းတုန်လှုပ်သွားလျက် သူ၏ပေါက်ပေါက်ဆုပ်ဘူးကိုချလိုက်လေသည်။ ပိတ်ကားကိုကြည့်မနေတော့သလို ပြည်တွင်းသရဲကားကိုလည်းကြောက်မနေတော့ချေ။ သူကဂရုတစိုက်မေးလိုက်သည်။


"နာသွားလား..အရမ်းတိုက်မိသွားတာလား..ကိုယ့်အမှားပါ ကိုယ်သတိမထားလိုက်မိဘူး"


ရှီကျားမှာ 'အင်း'ဟု ပလုံးပထွေးအသံပြုလျက် မထိန်းနိုင်တော့ပဲ ပြန်လည်အိပ်ပျော်သွားလေတော့သည်။


သို့သော် ယဲ့ကျင်းကျီမှာ သရဲကားထံ အာရုံရောက်မနေတော့ချေ။ 


သူ၏အာရုံများမှာ သူ၏ပုခုံးပေါ်တွင်မှီအိပ်နေသော လူရွယ်လေးထံသာ အပြည့်အ၀ရောက်ရှိနေခဲ့လေသည်။


ဇနီးလေးအိပ်ပျော်သွားပြီ...အရမ်းပင်ပန်းနေရှာမှာ..


အာ..ဇနီးလေးရဲ့ပေါက်ပေါက်ဘူးပြုတ်ကျတော့မယ်..ဖမ်းလိုက်ပြီ..ဘေးမှာချထားလိုက်မယ်..


ဇနီးလေးက ပါးစပ်လေးဟပြီးအိပ်ပျော်နေတာပဲ..ချစ်ဖို့ကောင်းလိုက်တာ..



👻