Chapter 91
Viewers 9k

👻Chapter 91




ထျန်းစစ်တောက်ရန်က ရှီကျားနှင့်ယဲ့ကျင်းကျီထံသွားလျက် သူ၏ကိုးစားမရသော တပည့်၂ဦးကိုကယ်တင်ပေးခဲ့သည့်အတွက် အလေးအနက်ကျေးဇူးတင်လိုက်သည်။ တချိန်ထဲမှာပင် သူသည် မြေပြင်ပေါ်လဲကျနေသော ရွာသားများကိုကြည့်လျက် သက်ပြင်းချလိုက်လေသည်။


"တို့ဆရာသခင်တွေက သရဲဖမ်းဖို့လာတာ လူသတ်ဖို့တော့မဟုတ်ဘူး..လင်းရှောင်ကလည်းသူတို့ကိုအပြစ်ပေးပြီးပြီ...သူတို့သေပြီးရင်ငရဲမှာလည်း ခံစားရမှာ ပြီးရင်လည်း ၀ိညာဥ်ပြိုကွဲရဦးမှာ ငရဲ... တာအိုရောင်းရင်းလေးယဲ့ မင်းတို့၀ူရှန်းတောင်က အစိုးရအရေးတွေ၀င်မပါတာကိုသိပါတယ် ဒါပေမယ့်ဒီတစ်ခါအမှုက ကောင်းကင်ကြီးကိုတောင်တုန်လှုပ်စေလောက်တယ်..ဒီအဘိုးကြီးက ဒီမျိုးမစစ်တွေကို ကိုယ်တိုင်သတ်လို့တော့မရပေမယ့် ဒီအဘိုးကြီးနဲ့ ပုရှင်းကကူညီပေးမယ်...တို့တွေရွှမ်းရွှယ်လောကရဲ့ ဂိုဏ်းကြီးလေးဂိုဏ်းနဲ့ဖွဲ့စည်းထားတဲ့ သဘာ၀လွန်အမှုအခင်းတွေကိုင်တွယ်ဖြေရှင်းတဲ့အဖွဲ့အစည်းက အခုအစိုးရနဲ့ ပူးပေါင်းထားတာ..ဒီတောတောင်ထဲမှာ ပုန်းနေတဲ့မျိုးမစစ်တွေကို သူတို့အသက်ရှင်နေသမျှကာလပတ်လုံးသူတို့နဲ့ထိုက်တန်တဲ့အပြစ်ဒဏ်ကိုကောင်းကောင်းကြီးခံစားရအောင်လုပ်ပစ်မယ်လို့ ဒီအဘိုးကြီးကတိပေးတယ်"


ထျန်းစစ်တောက်ရန်နှင့် ဆရာတော်ပုရှင်းမှာ ဆရာသခင်များကိုယ်စားပြုအစည်းအဝေးပွဲကြီး၏ပါ၀င်သူ၂ဦးလည်းဖြစ်သည်။ ထို့အပြင် သဘာ၀လွန်အမှုအခင်းများကိုဖြေရှင်းသည့်ဌာနမှအဖွဲ့၀င်များလည်း ဖြစ်လေသည်။ သူတို့၏လက်အောက်တွင် ယွမ်ကျားရွာသားများမှာ သူတို့ကျူးလွန်ခဲ့သော မကောင်းမှုများနှင့် ညီမျှသောအပြစ်ဒဏ်ကိုကောင်းစွာခံစားရပေလိမ့်မည်။


လီကျားရွာမှာမူ မိန်းကလေးသရဲထံမှာ တစ်ရွာလုံးသတ်ဖြတ်ခံခဲ့ရပြီးဖြစ်သည်။ ထို့အပြင်ယွမ်ကျားရွာမှ လူ၉ယောက်ကိုလည်းသတ်ခဲ့၏။


 á€šá€˝á€™á€şá€€á€ťá€Źá€¸á€›á€˝á€Źá€žá€Źá€¸á€™á€ťá€Źá€¸á€€á€œá€Šá€şá€¸ မိန်းကလေး၁၄ယောက်ကို မြေမြှပ်ကာသတ်ခဲ့ပြီးဖြစ်သည်။ ယခုမူ ယွမ်ကျားရွာသားများမှာ ၃၀ ၄၀မျှသာ ကျန်ရစ်လေတော့သည်။


ပြင်ပဥပဒေမှ ဤလူများကိုအရေးမယူနိုင်လျှင်တောင် ရွှမ်းရွှယ်လောက၏ သဘာ၀လွန်အမှုအခင်းများဖြေရှင်းရေးက ချက်ချင်းဖိအားပေးလျက် ဤလူများကိုတိတ်တဆိတ်ကိုင်တွယ်လိုက်မည်ဖြစ်သည်။ မဖြစ်နိုင်သည်တော့မဟုတ်ချေ။ ဤလူများမှာ တောင်များ၏အနက်ထဲတွင် ပုန်းကွယ်နေခဲ့ပြီး ပြင်ပကမ္ဘာမှလူများမှာ ဤလူများကျူးလွန်ခဲ့သည်တို့ကိုမသိကြချေ။ တောင်ကြီးက ၄င်းတို့အတွက် အကာအကွယ်ထီးကြီးသဖွယ်ဖြစ်နေခဲ့သည်။ ဤတောင်ပေါ်တွင် အပြစ်မဲ့သူမည်မျှများများသေဆုံးသွားပြီးသည်ကို မည်သူမျှမသိနိုင်ချေ။ သို့သော်တချိန်တည်းမှာပင် ဤတောင်ကြောင့်ပင် ဤလူများမှာ တိတ်တဆိတ်ကိုင်တွယ်ဖြေရှင်းခံရပေတော့မည်။


သို့နှင့် ကိစ္စမှာ ဆုံးဖြတ်ပြီးသားဖြစ်သွားခဲ့သည်။


ရှီကျားမှာ ဖေးယွီပျောက်ဆုံးသွား၍ အလျင်အမြန်ရှာဖွေချင်ခဲ့သော်လည်း ဤသို့အဖြစ်အပျက်မျိုးနှင့် တိုးလိမ့်မည်ဟု မည်သို့ထင်ခဲ့လိမ့်မည်နည်း။ 


ထျန်းစစ်တောက်ရန်က လက်ကျန်ကိစ္စများကိုတာ၀န်ယူလိုက်ပြီး ရှောငိးကျိဂိုဏ်းသားများမှာလည်း ထိုကိစ္စကိုကူညီဖြေရှင်းရန် Gစီရင်စုသို့ အမြန်လိုက်လာခဲ့ကြလေသည်။


ရှီကျားနှင့် ယဲ့ကျင်းကျီတို့၂ဦးသားမှာတော့ အရေးကြီးကိစ္စများကိုဖြေရှင်းပေးပြီးပြီဖြစ်၍ ကျန်အရေးများကိုတော့ ရွှမ်းရွှယ်လောကမှလူများဖြေရှင်းရန် အပ်နှံခဲ့တော့သည်။


ဖေးယွီကိုနှုတ်ဆက်ပြီးနောက် ရှီကျားမှာ ဖော့ယန်သို့ပြန်သွားခဲ့လေသည်။


ကန်ရေပြင်၏ဘေးတွင်တည်ရှိသော အဆိုပါအေးချမ်းသော နယ်မြို့ကလေးဆီပြန်ရောက်လာချိန်တွင် ရှီကျားရင်ထဲမှ ငြိမ်းချမ်းမှုကိုပြန်လည်ခံစားလိုက်ရလေသည်။ စျေးထဲမှ ဦးလေးကြီးများ အန်တီကြီးများမှာ နားရွက်တက်ချိတ်မတက် ရွှင်ပြစွာပြုံးပြလျက် သူတို့၏ခြင်းတောင်းထဲသို့ အသားများအသီးအရွက်များပိုထည့်ပေးတတ်သည်။ ထိုနယ်မြို့ကလေးမှနေ့ရက်များမှာ သာမာန်ဆန်၍ အေးချမ်းလှကာ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားလေတော့သည်။


ထိုသို့နေ့ရက်များကုန်လွန်သွားပြီးနောက် ရှီကျား၏ လေးလံနေသော စိတ်တို့ပျယ်လွင့်သွားခဲ့ပြီဖြစ်သည်။ ဖေးယွီပြောပြသည်မှာ ထိုယွမ်ကျားရွာသားများမှာနိုးလာသည်နှင့် ပေါက်တူးပေါက်ပြားများကို ကိုင်လျက် ထပ်မံရန်တွေ့ကာ နှင်ထုတ်ရန်ကြိုးစားခဲ့သေးသည်ဟူ၍ပင်။


ထျန်းစစ်တောက်ရန်မှာ စိတ်ရှည်သူမဟုတ်ချေ။ သူသည်ကား ရွှမ်းရွှယ်လောက၏စံပြမော်ဒယ်ဖြစ်သော ဆရာယဲ့ကဲ့သို့ အဘယ်မှာ သဘောထားကြီးနေလိမ့်မည်နည်း။ ထျန်းစစ်တောက်ရန်မှာ ထိုယွမ်ကျားရွာသားများအားချက်ချင်းပင် မြေကြီးပေါ် အမှောက်သိပ်ခဲ့လေသည်။


တစ်သက်လုံးသူများကိုသာ ဗိုလ်ကျလာသော ယွမ်ကျားရွာသားများမှာလည်းတုန်လှုပ်သွားခဲ့ကြသည်။ သူတို့တစ်ကိုယ်လုံးမှာ မြေကြီးထဲနစ်၀င်သည့်အထိရိုက်ချခံလိုက်ရပြီး ခေါင်းတစ်လုံးသာကျန်ရစ်လေသည်။ သို့သော် သူတို့ကဲ့သို့လူမျိုးများမှာ ထျန်းစစ်တောက်ရန်က သူတို့ကိုသတ်ရဲလိမ့်မည်ဟု မယုံကြည်ချေ။ ယွမ်ကျားရွာသားများမှာပါးစပ်ကိုကျယ်ကျယ်ဟလျက် ထျန်းစစ်တောက်ရန်အား ကျိန်ဆဲခဲ့ကြလေသည်။


ထျန်းစစ်တောက်ရန်မှာမီး၀င်း၀င်းတောက်နေသောမျက်လုံးကြီးများနှင့်ဆိုလိုက်သည်။


"အိုင်းရိုး..ငါ့ဒေါသနဲ့တော့တွေ့တော့မှာပဲ"


ပြောပြီးသည့်နောက် ထျန်းစစ်တောက်ရန်က ကောင်းကင်လက်၀ါးရိုက်ချက်ကြီးတစ်ချက်ဖြင့် ထိုယွမ်ကျားရွာသားများ၏ ပါးစပ်မှသွားများကို ကျွတ်ထွက်သွားစေခဲ့လေသည်။


အခြေအနေကိုကြားလိုက်ရသောရှီကျား"...."


ထျန်းစစ်တောက်ရန်က နည်းနည်းအကြမ်းပတမ်းနိုင်ပေမယ့် သူကမိမိုက်နေတယ်လို့တော့ခံစားရသား..


ရက်အနည်းငယ်ကြာပြီးနောက် Gစီရင်စု Cမြို့မှSWAT teamတစ်ခုလုံးရောက်ရှိလာပြီး ယွမ်ကျားရွာသားအယောက်၄၀လုံးလုံးကိုဖမ်းဆီးလိုက်လေသည်။ သူတို့အဖမ်းခံနေရသည်အထိ ယွမ်ကျားရွာသားများမှာ ရဲများကသူတို့အား ဘာမှလုပ်နိုင်လိမ့်မည်မဟုတ်ဟုယုံကြည်နေကြဆဲပင်။ သူတို့မှာ ယခင်ကအတိုင်းပင်ပြုမူလျက် အတင်းအကြပ်ရုန်းကန်ကာ ပြင်းပြင်းထန်ထန်ကျိန်ဆဲနေခဲ့ကြ၏။ သို့သော်အဆုံးတွင်တော့သူတို့မှာ အထက်မှအမိန့်ကိုရရှိထားသော SWAT teamထံမှ ရက်ရက်စက်စက်သင်ခန်းစာပေးခံလိုက်ရလေသည်။


နောက်တစ်နေ့တွင်ဤအမှုမှာ 'ghosts know'တွင်ခေါင်းစည်းသတင်းတစ်ပုဒ်ပင်ဖြစ်လာခဲ့သေးသည်။


ထိုသတင်းကိုဖတ်ရသော ဆရာသခင်တိုင်းမှာ သူတို့၏အင်္ကျီလက်များကို ဆွဲတင်လျက် မျက်လုံးများမှမီးထွက်လာမတက် ပေါက်ကွဲကုန်ကြသည်။ သူတို့မှာဒေါသထွက်လွန်း၍ ချက်ချင်းပင် ထိုယွမ်ကျားရွာသားများထံပြေးကာ အရေခွံဆုတ်လိုခဲ့ကြလေသည်။ သို့သော်သူတို့က ဆရာသခင်များဖြစ်လေရာ လူသတ်၍မရနိုင်ချေ။ သို့နှင့် သွေးဆူလွယ်သော ဆရာသခင်အများအပြားမှာ ထိုသတင်းပို့စ်အောက်တွင် ကောမန့်များမန့်ကုန်ကြလေသည်။


【 အနာဂတ်မှာ ဒီတာအိုဆရာက ခေါင်သီတဲ့နေရာတွေကိုသွားပြီး သရဲဖမ်းမယ် ..မတရားတာတွေတွေ့လို့ကတော့ ဒီတာအိုဆရာအကြောင်း ကောင်းကောင်းသိစေရမယ်မှတ် ! 】


【 ငါလည်းသွားမှာ..တောင်တွေပေါ်မှက လူနေနည်းပြီး သရဲရှိတာရှားပေမယ့်အရင်ကလည်း သွားဖူးတယ်..ငါ့pointတွေနည်းသွားပြီး မော့သိုွ အဆင့်ဇယားမှာ ငါ့အဆင့်တွေထိုးကျသွားရင်တောင် သွားဦးမှာ..ငါတို့ဆရာသခင်တွေကသရဲတွေဖမ်းပြီး မကောင်းဆိုး၀ါးတွေကိုနှင်နေတာက ကမ္ဘာလောကကြီးအေးချမ်းဖို့မဟုတ်ဘူးလား..ဒါပေမယ့်အဲဒီလိုမျိုးမစစ်တွေက မကောင်းဆိုး၀ါးတွေထက်တောင် ရွံစရာကောင်းနေသေးတယ် ! 】


【 ငါလည်းသွားမယ်..နောက်လကျရင် အလယ်ပိုင်းကတောင်တွေဆီတချက်သွားကြည့်မယ် .】


အမှန်တရားမှာ ရက်စက်ကောင်းရက်စက်လိမ့်မည်။ သို့သော် ဤကမ္ဘာကြီးပေါ်တွင် ပို၍သာယာလှပသော လောကြီးဖြစ်အောင်ကြိုးစားလိုသောလူများရှိနေဆဲပင်။


ရှီကျား ထိုသတင်းကိုဖတ်လျက် တိတ်တဆိတ် likeကိုနှိပ်လိုက်လေသည်။ ထို့နောက်သူသည် ဆရာသခင်တစ်ဦး၏ 'ငါ့pointတွေလျော့ချင်လျော့သွားပါစေ'ဟူသောကောမန့်ကိုတွေ့လိုက်ရကာ ပြဿနာတစ်ခုကိုစဥ်းစားမိလိုက်လေသည်။ ရှီကျားမှာ အိပ်ယာထဲမှ ရုတ်ချည်းခုန်ထွက်လိုက်သည်။ ထို့နောက်ဖုန်းcalculatorကိုဖွင့်လျက် ဂဏန်းတချို့ကိုနှိပ်လိုက်သည်။


『16』


ရှီကျား မျက်နှာကိုကာလျက် သက်ပြင်းချလိုက်မိလေသည်။


ရှေ့အပတ်က သူ ချန်းထောင်၏လိပ်စာကိုမေးကာ ဖောယန်သရဲစျေးမှ၀ယ်လာသော မကောင်းဆိုး၀ါးနှင်သည့်ပစ္စည်းတချို့ကို ပို့ပေးခဲ့သည်။ ချန်ထောင်မှာ ရှီကျားမှ ထိုအရာများကို ရုတ်တရက်အဘယ်ကြောင့်ပို့လာသည်ကိုနားမလည်သော်လည်း ရှီကျား၏လမ်းညွှန်မှုအရ နာနာခံခံ၀တ်ဆင်ထားခဲ့လေသည်။ မနေ့ကပင်လျှင် သူကစာပို့လာခဲ့သေးသည်။


: 【ဟေး ညီကိုကျား..မင်းနောက်နေတာမဟုတ်ဘူးပဲ..ဒါကို၀တ်ပြီးမှ ငါညတိုင်းကောင်းကောင်းအိပ်ပျော်တယ်ကွ . 】


ရှီကျားမှာ သူ၏ညီကိုကောင်းအတွက် ပစ္စည်းများ၀ယ်ပေးရာတွင် ဘယ်တော့မှ တွန့်တိုခဲ့သူမဟုတ်ချေ။ ၄င်းမှာသူကိုယ်တိုင်အတွက်ခေါက်ဆွဲသာနေ့တိုင်းစားပြီး စုန့်စုန့်အတွက်မူ ငါးနေ့တိုင်းချက်ကျွေးသလိုမျိုးပင်။


ချန်းထောင်ကိုပေးသောပစ္စည်းများမှာ ဖော့ယန်စျေးမှ အရည်အသွေးမြင့်အဆောင်များဖြစ်လေသည်။ အရည်အသွေးမြင့်ပစ္စည်းများက အမြဲစျေးကြီးတတ်ကာ ၄င်းတို့အားလုံးအတွက် ၁၆ pointကျခဲ့လေသည်။ ထိုစဥ်က ရှီကျားမှာဆရာယဲ့၏ pointကိုသုံးနေရခြင်းဖြစ်လေရာ သိပ်မစဥ်းစားပဲ တန်း၍သာ၀ယ်ပစ်ခဲ့လေသည်။ ယခုထိုအကြွေးကိုပြန်သတိရသောအခါတွင်မူ သူ၏ရင်ထဲမှ မငြိမ်သက်တော့ပဲ ရတက်မအေးဖြစ်လာတော့သည်။


အကြွေးမရှိမှဘဲ ပေါ့ပါးနိုင်တော့မှာပဲ...


ထိုအကြွေးကိုပြန်မဆပ်နိုင်ပါက ဤတစ်ခါအိပ်မပျော်နိုင်သည်က သူ့အလှည့်ဖြစ်သွားပေတော့မည်။


သို့နှင့် သူ wechatသို့သွားလျက် ဖေးယွီအား pointများရှာဖွေသည့်နည်းလမ်းကိုမေးမြန်းတော့သည်။


ဆရာသခင်တုလေးဖေးမှာ နည်းလမ်းများကို အသေးစိတ်ပြောပြလာခဲ့သည်။ 


: 【 သရဲဖမ်းလေ..သရဲတစ်ကောင်ကို ၁pointရတယ်..သရဲဖမ်းတာအလွယ်ဆုံးနည်းပဲ..တခြားနည်းဆိုရင်...မှော်ရတနာတွေရောင်းတာများလား...ဒီတိုင်းရောင်းဖို့တော့ခက်တယ်..ဒါပေမယ့်ထျန်းကုန်းပွဲကြည့်စင် online shopကိုဆက်သွယ်ပြီး စာချုပ်ချုပ်မယ်ဆိုရင်တော့ မင်းအဲမှာစျေးရောင်းလို့ရပြီ...


စာချုပ်ကကြေးကြီးပေမယ့် ရောင်းရချရရင်pointတွေလည်းတအားရမှာ..ဘာလို့လဲ အစ်ကိုကျား..ဘာလို့မေးတာလဲ...ငရဲဘုရင်ယဲ့မှာ pointတွေဒီလောက်ပေါနေတာကို သူလည်း pointရှာဖို့တခြားနည်းတွေလိုသေးတာလား ? 】


ရှီကျားတုန့်ပြန်လိုက်သည်: 【pointရမယ့်နည်းကိုသိချင်နေတာက ဆရာယဲ့မဟုတ်ဘူး..ငါပါ..တခြားနည်းရောရှိသေးလား ? 】


ဖေးယွီမှာ နားမလည်နိုင်ခဲ့ချေ။: 【ဘာလို့သိချင်နေရတာလဲ..နေဦး..စဥ်းစားကြည့်လိုက်ဦးမယ် ..သြော်ဟုတ်သား..'ghosts know'ကိုစာမူတွေ သတင်းတွေပို့ပေးလို့ရတယ်လေ..မင်းစာမူအရွေးခံရသ၍ အနည်းဆုံး point ၁၀၀၀၀လောက်တော့ရမယ်..အမိုက်စားပဲနော် 】


ရှီကျားမှာထပ်၍မေးကြည့်ခဲ့သေးသော်လည်း ဖေးယွီမှာ ဤ၃နည်းကိုသာတွေးမိလေသည်။ ရှီကျားလည်း မတတ်သာပဲ ဖုန်းကိုချလိုက်ရတော့သည်။ သူကအသက်ကိုပြင်းပြင်းရှူလျက် ပြန်လည်ရှုထုတ်လိုက်သည်။ ထို့နောက်သူ၏လက်ဖ၀ါးပေါ်မှအမှတ်ကိုဖိလိုက်လေသည်။ သိပ်မကြာခင်မှာပင်ထိုအမှတ်သင်္ကေတလေးမှ လင်းလာခဲ့သည်။


ကျိရင်၏ညင်သာသောအသံမှာ အံ့အားသင့်မှုအရိပ်အယောင်တို့ ရောစွက်နေခဲ့သည်။


"ရှီကျား ကိစ္စရှိလို့လား"


ရှီကျားမှာ အမူအယာမပျက်တည်ငြိမ်စွာဆိုလိုက်သည်။


"ကျိရင် စကားမပြောဖြစ်တာကြာပြီနော်..ခုတလောဘယ်လိုလဲ"


ကျိရင်မှာ အဘယ်ရိပ်မိနိုင်လိမ့်မည်နည်း။ သူကအသာပြုံးလျက်ဆိုလာသည်။ 


"ဟုတ်ပါ့ မပြောဖြစ်တာကြာပြီ..မင်းသူငယ်ချင်းကိုရှာပြီးအလုပ်များနေတာမဟုတ်ဘူးလား..ငါမင်းကိုအနှောင့်အယှက်မပေးတော့ပါဘူး..ငါအခုတလောအဆင်ပြေနေပါတယ်..မင်းမီးရှို့ပေးတဲ့ မူလတန်းသင်္ချာစာအုပ်တွေနဲ့ Englishတွေအကုန်ရသွားပြီး..ဂျူနီယာအထက်တန်းစာပေနဲ့ပါတ်သတ်တဲ့စာအုပ်တွေလည်း အကုန်ဖတ်ပြီးသွားပြီ..အခုတလော ဂျူနီယာအထက်တန်း ရူပဗေဒစာအုပ်တွေကိုစိတ်၀င်စားလို့ လေ့လာနေတယ်"


၄င်းကိုကြားသော် ရှီကျားမှာတန့်သွားခဲ့လေသည်။ ကျိရင်မှာ ရူပဗေဒကို သဘောကျလိမ်မည်ဟု လုံး၀ထင်မထားခဲ့ချေ။ 


ကျိရင်ကစာပေအနုပညာဘက်ကိုသစ္စာဖောက်ပြီး သိပ္ပံနဲ့နည်းပညာလမ်းကိုလျှောက်တော့မှာများလား.. 


သူတို့၂ဦးသားဟိုဟိုသည်သည်ရောက်ရာတတ်ရာများ ပြောနေခဲ့ကြပြီး ရှီကျားမှာ သူ၏မူလရည်ရွယ်ချက်ကိုပင် မေ့လျော့သွားခဲ့လေသည်။ ကျိရင်က specific heat capacityအကြောင်းလေ့လာတော့မည်ဟု ပြောလာသော အခါတွင်မှ ရှီကျားမှာ သတိရတော့သည်။


"နေဦး ကျိရင် ငါ့မှာပြောစရာရှိသေးတယ်"


ကျိရင်မှာတန့်သွားခဲ့မိလေသည်။


"ဘာများလဲ"


"အဲဒါ အဲဒါကလေ.."


စကားလုံးများမှာ သူ၏လျှာဖျားတွင်တစ်နေပြီး ထွက်ကျမလာနိုင်ချေ။ ရှီကျားမှာ အကြာကြီးတွန့်ဆုတ်နေပြီးမှ မျက်နှာကိုအရေထူစေလျက်ဆိုလိုက်လေသည်။


"အဲဒါက..ဟို အဟမ်း အခုတလော မင်းနဲ့မင်းရဲ့ခမည်းတော်နဲ့ အခြေအနေဘယ်လိုလဲ..ပထမအင်ပါယာရော အခုတလောဘာတွေလုပ်နေလဲ"


ကျိရင်ကရယ်လိုက်သည်။


"မင်း ရုတ်တရက်ကြီး ခမည်းတော်အင်ပါယာအကြောင်းဘာလို့သိချင်နေရတာလဲ"


ရှီကျားသူ၏ဦးနှောက်ကိုပြင်းစွာအလုပ်ပေးလိုက်လေသည်။ 


"အဲဒါ..ဟုတ်တယ်..ရွှမ်းရွှယ်လောကက လူတွေက ပထမအင်ပါယာ သင်္ချိုင်းဂူထဲကထွက်လာချင်မလာချင် စိတ်ပူနေကြလို့ "


ကြင်နာတတ်ပြီး ချစ်စရာကောင်းသော ရှီကျားမှာ သူ့အား pointတချို့ရရေးအတွက် လှည့်စားလာလိမ့်မည်ဟု ကျိရင်မှာ မည်သို့ထင်ထားလိမ့်မည်နည်း။ သူတန်း၍ဖြေလာခဲ့သည်။


"ခမည်းတော်အင်ပါယာက ရေကန်အကျယ်ပုစ္ဆာရယ် ရှောင်မင်စာအုပ်လာပို့တဲ့ပုစ္ဆာရယ် ကိန်းသေအလျင်မှာ ရထားခရီးဘယ်လောက်ရောက်လဲ ပုစ္ဆာရယ် ဖြေရှင်းပြီးပြီ..ရှေ့ရက်ကတောင် ခမည်းတော်ငါ့ဆီလာပြီး ဒီလိုအရေးမပါတဲ့စာပေတွေမှာ နစ်မွန်းမနေဖို့ လာဆူပူသေးတယ်..အဲဒါနဲ့ငါလည်းစာဖတ်စက်ကိုထုတ်ပြီး ခမည်းတော်ကိုပြလိုက်တယ်လေ..သူကလန့်သွားပြီးတော့ စာဖတ်စက်ကို မကောင်းဆိုး၀ါးထင်ပြီး ပစ်ပေါက်လိုက်ပါလေရော..အဲဒါကြောင့်ရှီကျား ငါ့ကိုအသစ်တစ်လုံးလောက်၀ယ်ပေးလို့ရမလားဟင်"


ရှီကျား"....."


ပါပါးအင်ပါယာ ခင်များအရမ်းဖြုန်းတီးတာပဲ..


ရှီကျားမှနောက်ထပ်စပ်စပ်စုစုမေးခွန်းတချို့ကိုမေးလိုက်သော်လည်း ကျိရင်မှာ ရိုးရိုးသားသားပင်ဖြေလာခဲ့လေသည်။ ထိုစကား၀ိုင်းအဆုံးသတ်တွင် ရှီကျားမှာ ကုန်ကြမ်းများစွာရရှိပြီးဖြစ်သည်။ ချရေးရန်သာကျန်ပေတော့သည်။ သူသည်ကျိရင်ကို အလျင်အမြန်နှုတ်ဆက်လိုက်ပြီး အကြွေးကြေရေးကို ကြိုးစားရန်ပြင်လိုက်လေသည်။ ကျိရင်မှာလည်း ရူပဗေဒကိုလေ့လာရန်စိတ်အားထက်သန်စွာနှုတ်ဆက်သွားခဲ့သည်။


သူတို့နှုတ်မဆက်ခင်၌ ကျိရင်််မှာ အပြုံးရိပ်တို့သန်းနေသော လေသံဖြင့် ပျော်ရွှင်မှုကိုဖုံးဖိလျက်ဆိုလာခဲ့သေးသည်။


"ခမည်းတော်အင်ပါယာက သူ့ရဲ့ခမ်းနားတဲ့ ချင်စစ်တပ်ကြီးကို ငါ့ကိုအတူကြည့်ဖို့ခွင့်ပြုပေးမယ်တဲ့..ရှီကျား သူငါ့ကို တကယ်ခွင့်လွှတ်လိုက်ပြီ"


ရှီကျားမှာ အကြွေးဆပ်ရန်ကိစ္စကိုစိတ်ရောက်နေသဖြင့် ကျိရင်၏စကားများကိုအာရုံပင်မစိုက်လိုက်မိချေ။ သူကတွေးပင်မတွေးပဲဆိုလိုက်သည်။ 


"မနက်ဖြန်ကျရင် ငါမင်းအတွက် စာဖတ်စက်အသစ်တစ်လုံးမီးရှို့ပေးမယ်"


ကျိရင်က အပြုံးကလေးနှင့် တုန့်ပြန်ခဲ့လေသည်။


ထိုညနေခင်းတွင် စာပေဘာသာရပ်တွင် ဘိတ်ချေးအမှတ်ကိုအမြဲရတတ်သည့် သိပ္ပံကျောင်းသားစစ်စစ်တစ်ဦးဖြစ်သူအစ်ကိုကျားမှာ ၆နာရီကြာအချိန်ပေးလျက် စာအရှည်ကြီးတစ်ပုဒ်ကိုရေးခဲ့လေသည်။ ထိုစာထဲမှ အရာအားလုံးက လက်တွေ့ကျကျအမှန်တရားများဖြစ်သည်။ သူကကျိရင်တစ်ယောက် သင်္ချာနှင့် ဘာသာစကားများကိုလေ့လာနေပြီး လေ့လာခြင်းတွင် မည်မျှပါရမီထက်သန်ကြောင်းကိုဖော်ပြခဲ့သည်။ ထို့အပြင် ပထမအင်ပါယာမှာ သင်္ချာညံ့သော tsundere တစ်ဦးဖြစ်ကြောင်းကိုလည်းရေးခဲ့သေးသည်။ သူကားသင်္ချာအလွန်ညံ့သည့်တိုင်၀န်မခံပဲ ထိုပုစ္ဆာများကိုဖြေရှင်းရန် သင်္ချုင်းဂူထဲတွင် ပုံစံကွက််များစီစဥ်ရင်း အလုပ်များနေကြောင်းလည်းရေးထားခဲ့သည်။


ထို့နောက်သူ၏စာအရှည်ကြီးကို စိတ်အားထက်သန်စွာပြန်ဖတ်ကြည့်လိုက်လေသည်။ ထိုမျှသာမက သူကဆရာယဲ့ကိုပါခေါ်၍ သူ၏စာအရှည်ကြီးကို ဖတ်ကြည့်ခိုင်းလိုက်သေးသည်။


 á€‘ိုစဏကိုဖတ်ခိုင်းခလရခဝိန်တွင် ယဲ့ကျင်းကျီမှာ အလေးပေးခံမှုကြောင့်လွန်စွာကြည်နူးနေခဲ့လေသည်။ သူကတစ်လုံးချင်းစီဂရုတစိုက်ဖတ်ရှူခဲ့သည်။ အဆုံးတွင်သူကအားပါးပါခေါင်းညိတ်လျက် တွေးပင်မတွေးပဲဆိုလိုက်သည်။


"စာကောင်းပဲ"


အစ်ကိုကျား၏ယုံကြည်မှုများ မြင့်တက်သွားလေတော့သည်။



👻