Chapter 75
Viewers 9k

👻Chapter 75




အခြေအနေမှာ ဤမျှထိရောက်ရှိလာခဲ့ချေပြီ။ ရှီကျားဖုံးကွယ်ထား၍မရတော့ချေ။ 


သူသည် ဖော့ယန်စျေးလေးကို လာလည်ရုံမျှဖြင့် သရဲတစ်ကောင်ထံမှ ဓါးစာခံအဖြစ်အဖမ်းခံရပြီး လုများ သရဲများ၏ အာရုံစိုက်စရာတစ်ခုဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ၏အကြည်တို့က ဘေးပတ်ပတ်လည်မှ သရဲများနှင့် ဆရာသခင်များထံ ဖြတ်ပြေးသွားခဲ့လေသည်။ ထိုအထဲတွင် သူမှတ်မိသော လူတချို့ပင်ပါသေးသည်။


လောင်ဟူတောင်၏ အကြီးဆုံးတပည့်ဟူတျဲမှ သူ့အား စိတ်ရွှင်စွာစိုက်ကြည့်နေ၏။ သူ၏နှုတ်ခမ်းထောင့်တို့မှ ကွေးတက်နေခဲ့သည်။


ကျန်းမောင်နှမထဲမှ အစ်ကိုကြီးဖြစ်သူ ကျန်းတုံမှာ မျက်နှာဖုံး၀တ်လျက် ဖြတ်သွားဖြတ်လာယောင်ဆောင်ထားသော်လည်း သူ၏ ၁၆၀ စင်တီမီတာ အရပ်ကြောင့် ရှီကျားမှာ သူ့ကို အကြည့်တချက်ဖြင့်ပင် မှတ်မိလေသည်။ 


ဖေးယွီမှာ ကိစ္စရှိနေသဖြင့် ဤတစ်ကြိမ် ဖော့ယန်သရဲစျေးကို မလာနိုင်ခဲ့လေရာ ရှီကျားမှာ လူအုပ်ထဲတွင် သူ့ကို မတွေ့ခဲ့ချေ။ 


သက်ပြင်းအသာချလျက် ရှီကျားမှာ ယဲ့ကျင်းကျီထံလှည့်ကြည့်လိုက်လေသည်။


သူတို့အကြည့်ချင်းဆုံတွေ့သွားလျှင် ယဲ့ကျင်းကျီကဆိုလာခဲ့သည်။


"မင်းမပြောချင်ဘူးဆိုရင် ပြောစရာမလိုဘူး...ရှီကျား ကိုယ်ဒီမှာရှိတယ်"


သူ၏လေသံနိမ့်နိမ့်မှာ တည်ငြိမ်နေခဲ့သည်။ သူ၏စကားလုံးတို့မှာ ညင်သာလျက် သူ၏အကြည့်တို့မှာ နူးညံ့ကာ လုံခြုံစိတ်ချမှုတစ်ခုကိုပေးစွမ်းနေခဲ့သည်။


၄င်းမှာ ထိုအမျိုးသားနောက်တွင် ပုန်းကွယ်လိုက်သ၍ သူသည်မိုးနှင့်လေတို့ကို ကြောက်စရာမလိုတော့သည့်အလားပင်။ 


ရှီကျား၏နှုတ်ခမ်းထောင့်တို့ကွေးညွတ်သွားခဲ့သည်။ ထို့နောက် ခေါင်းကိုလှည့်လျက် သူ့အားစိုက်ကြည့်နေသော သရဲများနှင့် ဆရာသခင်တသိုက်ကြီးဖြင့် မျက်နှာချင်းဆိုင်လိုက်လေသည်။ ထို့နောက် သူ၏လက်ကိုမြှောက်လျက် လည်တိုင်မှ ဗုဒ္ဓအဆောင်လေးကို ရုတ်တရက်ဆွဲဖြုတ်လိုက်တော့သည်။


ဘန်း....


ယင်စွမ်းအင်ထုကြီးမှာ မြေကြီးထဲမှထိုးထွက်လာပြီး ၀ူရှန်းရှစ်ထောင့်အစီအရင်ကို ထိုးဖောက်လျက်ကောင်းကင်သို့ထိုးတက်သွားခဲ့လေသည်။  


သရဲပေါင်း၁ထောင်ကျော်၏ မျက်လုံးများမှာ ထွက်ကျမတတ် ပြူးကျယ်သွားပြီး သူ့ထက်ငါအရင် ထိုနေရာမှ ထွက်ပြေးကြတော့သည်။ ထိုသရဲများမှာ သေးထွက်ကျသည်အထိခြောက်လှန့်ခံလိုက်ရလေသည်။ ပြေးရင်းလွှားရင်း တချို့သရဲများ၏ခေါင်းများမှာ ပြုတ်ကျကျန်ရစ်သော်လည်း ပြန်သွားကာမကောက်ရဲကြချေ။ ထိုသရဲများမှာ ကြောက်လန့်တရား အော်ဟစ်နေခဲ့ကြသည်။


"သရဲရှိတယ်..သရဲရှိတယ်လို့...အား....ကယ်ကြပါဦး သရဲရှိတယ်"


ဆရာသခင်များမှာလည်း ရှော့ခ်ရစွာနောက်သို့ဆုတ်လိုက်မိကြလေသည်။ ဟူတျဲ တိုင်းတာမှု ကျန်းတုံနှင့်တခြား ဆရာသခင်ငယ်လေး ၇ယောက် ၈ယောက်မျှသာ ထိုသို့ရပ်မြဲတိုင်းရပ်နေခဲ့ကြသည်။ ဟူတျဲ၏မျက်လုံးများထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခုဖြတ်ပြေးသွား၏။ တိုင်းတာမှုမှာမူ ကြောင်အနေခဲ့သည်။ အစပိုင်းတွင် ကျန်းတုံမှာနောက်သို့ခြေလှမ်း၀က်ခန့်ဆုတ်လိုက်မိသော်လည်း ရုတ်ချည်းဆိုသလို သူ၏ယင်ယန်မျက်လုံးကိုဖွင့်ကြည့်လိုက်လေသည်။ အနက်ရောင်ချီထုကြီးကိုမြင်သော် သူကခတ္တမျှကြောင်ကြည့်နေပြီးမှ ရယ်ချလိုက်လေသည်။


"ပျော်စရာကောင်းချက်ပဲ"


ထိုလူများထဲတွင် ဆရာယဲ့တစ်ယောက်သာလျှင် သူ၏မျက်ခွံပေါ်တွင် အက္ခရာ၂လုံးကိုအလျင်အမြန်ရေးဆွဲလိုက်လေသည်။ ထို့နောက် သူသည်ရှီကျားလက်ထဲမှ အဆောင်လေးကိုယူလျက် ဂရုတစိုက်ပြန်လည်၀တ်ဆင်ပေးလိုက်လေသည်။ ထိုအဆောင်လေးကို ဇနီးလေး၏လည်တိုင်တွင်နေရာတကျလှလှပပ၀တ်ပေးလိုက်ပြီးမှန်း သေချာမှသာ ဆရာယဲ့မှာ မျက်လုံးများကိုမှေးကျဥ်းလျက် အမြှီးကုပ်ကာပြေးကုန်ကြသော သရဲတအုပ်ကို အေးစက်စွာကြည့်လိုက်ခေသည်။


မင်းတို့ကမှသရဲတွေ မင်းတို့တစ်မိသားစုလုံးကသရဲတွေပဲ...


ကြောက်မက်ဖွယ်စွမ်းအင်တစ်ခုမှာ ထိုသရဲများနောက်မှ အဆက်မပြတ်လိုက်နေခဲ့လေသည်။ သရဲအများစုမှာ ကြောက်ရွံ့မှုကြောင့် ခြေချော်ကာလဲကျသွားခဲ့ပြီး အမြန်ကုန်းရုန်းထကာ ထွက်ပြေးရန်ကြိုးစားကြပြန်သည်။


ထိုသို့ရုန်းရင်းဆန်ခတ်မှုအပြီး သရဲစျေးကို ပုံမှန်လိုဆက်ကျင်းပရန်ခက်ခဲသွားတော့သည်။ ဖော့ယန်သရဲစျေး၏ ပိုင်ရှင်အနေနှင့် ယဲ့ကျင်းကျီမှာ ပစ္စည်းခိုးသောသရဲအား ငရဲသို့တိုက်ရိုက်ပို့လိုက်တော့သည်။ လင်းရှောင်၏ အဆုံးအဖြတ်အရ ထိုသရဲမှာ ဆီပူငရဲတွင် နှစ်၅၀စာခံစားရပေလိမ့်မည်။


ပြဿနာအားဖြေရှင်းပြီးနောက် ဆရာသခင်များနှင့် သရဲများမှာလည်း တဖြည်းဖြည်းလူစုရှဲသွားကြသည်။


ရှီကျား အဆောင်ကို ပြန်၀တ်လိုက်သည်နှင့် ယင်စွမ်းအင်များမှာ တစိုးတစိပင််မကျန်ပြန်လည်ဖိနှိပ်ခံလိုက်ရလေသည်။ သို့သော် သူသရဲစျေးကိုဖြတ်လျှောက်သွားစဥ် အားလုံး၏ တိတ်တခိုးအကြည့်တို့က သူ့ထံရောက်ရှိလာခဲ့လေသည်။ ကျင့်ကြံဆင့်နိမ့်သောသရဲလေးများမှာမူ ကြောက်လွန်း၍ သရဲစျေးမှ ထွက်ခွာသွားကြပြီးဖြစ်သည်။ ကျင့်ကြံဆင့် အခြေခိုင်သောသရဲတချို့သာလျှင် ကျန်နေရဲကြလေသည်။ ထိုသရဲများမှာ တကိုယ်လုံးရှိအမွှေးအမွှင်များထောင်ထလာသည်အထိကြောက်ရွံ့ခဲ့ရသော ခံစားချက်ကို ဘယ်သောအခါမှ မေ့တော့မည်မဟုတ်ချေ။


ရှီကျား"....."


အတိုချုံးဆိုရလျှင် ရှီကျားဤနေရာတွင်ဆက်ရှိနေသ၍ သရဲစျေးမှဆက်လက်လည်ပတ်နိုင်တော့မည်မဟုတ်ဟူ၍ပင်။


သို့နှင့် ရှီကျားနှင့် ယဲ့ကျင်းကျီမှာ တွန့်ဆုတ်ခြင်းကင်းမဲ့စွာပင် သရဲစျေးမှ ချက်ချင်းထွက်လာကြတော့သည်။ သူတို့ထွက်သွားသည်နှင့် ဆရာသခင်များနှင့် သရဲများမှာ တန်းစီလျက်ရပ်ပြီး ရှီကျား၏ကျောပြင်ကို ကြည့်နေခဲ့ကြလေသည်။ ၄င်းမှာ စီနီယာ အရာရှိကြီး စစ်ဆေးရေး၀င်နေသည်ထက်ပင် ပို၍ အလေးအနက်ဆန်နေခဲ့သည်။


ယဲ့ကျင်းကျီထိုနေရာတွင် ရှိနေ၍သာ မျိုးဆက်သစ် ဆရာသခင်ငယ်လေးများမှာ ဟန်မပျက်ရဲကြခြင်းဖြစ်သည်။ အကယ်၍ ထ်ိုနေရာတွင် ချီရှန်းတောက်ရန် စန်းရှို့ကျန်းကျွင်းတို့သာဖြစ်ခဲ့ပါက ထိုမျှကြောက်စရာကောင်းသော ပြင်းထန်ယင်စွမ်းအင်ခန္ဓာကိုယ်အား မျက်မြင်တွေ့လိုက်ရပါက မေးခွန်းများဆုံးလိမ့်မည်မဟုတ်ချေ။


ရှီကျားနှင့် ယဲ့ကျင်းကျီမှာ ဖော့ယန်ကန်၏ အစွန်းတစ်ဖက်သို့ရောက်ရှိချိန်တွင် ညသန်းခေါင်ချိန်ကိုကျရောက်ခဲ့လေပြီ။


ထိုအချိန်တွင်ချီရှန်းတောက်ရန်မှာ ဖရဲသီးစားကာ ဂိမ်းကစားရင်း ယနေ့အတွက် အတင်းအဖျင်းကို ပျော်ပျော်ရွှင်ရွှင်စောင့်ဆိုင်းနေခဲ့လေသည်။ သူသည်ပျင်းရိစွာပင် ဖုန်းကိုဖွင့်လျက် 'ghosts know'ကို၀င်လိုက်လေသည်။ သို့သော် အံ့အားသင့်ဖွယ်ကောင်းစွာ ဤတကြိမ်တွင် 'ghosts know'မှာ မည်သည့်အတင်းအဖျင်း သတင်းခေါင်းစီးကိုမှတင်မထားခဲ့ချေ။ ထိုအစား အကျဥ်းချုပ်ကြေညာချက်တစ်ခုကိုသာတွေ့လိုက်ရသည်။ 


【တိုင်းတာမှုကို ဒူးထောက်ပြီး ညွတ်တွားစေတဲ့ သူ...ငရဲဘုရင်ယဲ့ကို ဆွံ့အသွားစေတဲ့သူ...ဖော့ယန်သရဲစျေးမှာ သူဟာ လှိုင်းထန်စေခဲ့တယ်...လူငယ်မျိုးဆက်တွဟာ သူ့ကြောင့် ထိတ်လန့်သွားရတယ်..နှစ်ပေါင်း၄၀၀ကျင့်ကြံဆင့်နဲ့သရဲတစ်ကောင်ဟာ သူ့ကြောင့်နဲ့ ဆီပူငရဲမှာ အပြစ်ပေးခံလိုက်ရတယ်...သူ့ကိုတွေ့တာနဲ့ ထျန်းကုန်းပွဲကြည့်စင် ရှန်းနုန်တောင်ကြား လောင်ဟူတောင် စစ်ဝေ့ရှင်းခန်းမ အကုန်လုံး နှုတ်ဆိတ်သွားရတယ်  


ရွှမ်းရွှယ်လောကတစ်ခုလုံးကိုဆွံ့အသွားစေတဲ့သူ..


ရွှမ်းရွှယ်လောကဟာ သူရောက်လာပြီးတော့ ဆက်ပြီးမတည်ငြိမ်မအေးချမ်းနိုင်တော့ဘူး..


သူဟာ ဘယ်သူလဲ?!


……

……

……


သူဘယ်သူလဲဆိုတာသိချင်ရင် အောက်က လှူဒါန်းတဲ့ခလုတ်လေးကိုနှိပ်ပေးပါနော်...point ၁၀၀ တိတိအလှူငွေရရှိပြီးတာနဲ့ အဖြေကို လူကြီးမင်းတို့ရှေ့တော်မှောက် အရောက်ပို့ဆောင်ပေးပါ့မယ် 】


ချီရှန်းတောက်ရန်"....." 


ချီရှန်းတောက်ရန်မှာ 'ghosts know'၏ အယ်ဒီတာကို စိတ်ထဲမှ ကျိန်ဆဲလ်ိုက်လေသည်။ သူကwechatကိုပိတ်လျက် ဂိမ်းကိုဆက်ဆော့နေလိုက်သည်။ သို့သော် မကြာခင်မှာပင် သူ၏လက်တို့ယားယံလာလျက် ထိုသတင်းကို တဖန်ဖွင့်ကြည့်လိုက်ပြန်သည်။ ထို့နောက် လက်ကိုပွတ်လျက် ၁၀ pointခန့်လှူဒါန်းလိုက်သည်။


"အသုံးမကျတဲ့အတင်းအဖျင်းဖြစ်နေလို့ကတော့ ဒီအဘိုးကြီး မင်းတို့ဌာနချုပ်ကို ၀င်မွှေပြီမှတ်"


ဟွာရှားတခွင်မှ ဆရာသခင်များမှာ အကြိမ်ကြိမ်တွန့်ဆုတ်ကာဝေခွဲမရဖြစ်နေခဲ့ကြသည်။ သို့တိုင်အောင် သူတို့မှာ မထိန်းနိုင်ပဲ ထိုလှူဒါန်းခလုတ်ကိုနှိပ်လိုက်မိကြဆဲပင်။


'Ghosts know'မှာ ယခင်ကလည်း ထိုအကွက်ကိုထုတ်သုံးဖူးခဲ့သည်။ ၄င်းမှာ လွန်ခဲ့သော ၄နှစ် ဖုန်းတုငရဲတံခါးပွင့်ခဲ့စဥ်ကဖြစ်လေသည်။ ထိုစဥ်ကပင် ယဲ့ကျင်းကျီမှာ pointများစွာရှ်သော်လည်း လူတိုင်းမှာ သူ့အား ဖြုံလောက်သော ကျင့်ကြံဆင့်ရှိသူဟုသာသိကြလေသည်။ သူသည် ၀ူရှန်းတောင်၏ တစ်ဦးတည်းသောတပည့်ဖြစ်ကာ ရှိန်လောက်စရာအမည်နှင့် မိစ္ဆာ၃ပါးကိုယ်နှင့်လည်း မွေးဖွားလာသူဖြစ်သည်။ သို့သော် သူမည်မျှ ထူးခြားသည်ကို မည်သူမျှအာရုံမစိုက်မိခဲ့ကြချေ။ ၄င်းမှာ လွန်ခဲ့သော ၄နှစ် ငရဲတံခါးအပွင့်တွင် ယဲ့ကျင်းကျီမှာ ၀ူရှန်းချင်းလီကိုဆွဲလျက် မကောင်းဆိုး၀ါး၀ိဥာဥ် ၈၀၀၀ကျော်ကို သတ်ဖြတ်၍ ငရဲတံခါးကိုတကိုယ်တည်းတားဆီးကာ နာမည်ကြီးမလာခင်အထိဖြစ်သည်။


၄င်းကရွှမ်းရွှယ်လောကတစ်ခုလုံးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့သည်။


မရေတွက်နိုင်သောသူများမှာ ယဲ့ကျင်းကျီက မည်သူဆိုသည်ကို သိလိုခဲ့ကြသည်။ ရလဒ်အနေနှင့် 'ghosts know'မှာ ဤအကွက်ကိုထုတ်သုံးလာခဲ့လေသည်။


'Ghosts know'မှာ သူတို့၏အကြီးစားသတင်းကွန်ရက်အပေါ်တွင် အမှီပြုထားသည်။ သူတို့သည် အခင်းဖြစ်ပွားရာအနီးတွင်ရှိနေခဲ့သော မျိုးဆက်သစ်တပည့်ငယ်လေးများနှင့် ဖုန်းတုအနီးရှိ အခြားသရဲများထံမှ သတင်းများကို ချက်ချင်းစုဆောင်းခဲ့ခေသည်။ နောက်တစ်နေ့ညသန်းခေါင်တွင် 'ghosts know'မှာ ယဲ့ကျင်းကျီအကြောင်းအား မိုးထက်ထိတိုင် ချီးမွှမ်းခန်းဖွင့်လျက် တူညီသော ပို့စ်ကိုတင်ခဲ့လေသည်။


ငါ 'ghost know'က ပိုက်ဆံသောက်ရမ်းရှာတတ်တယ်ကွာ...


မင်းပိုက်ဆံမပေးဘူးလား..


မပေးရင် မ ပြော ပြ ဘူး...


သတင်းဖတ်သူများ "....."


ငလူး....


ယဲ့ကျင်းကျီ၏ နောက်ခံနှင့် သူကမည်သို့ဤမျှထိ အမိုက်စားစွမ်းရည်မျိုးရှိရသည်ကို သိရှိရရန် ဆရာသခင်များစွာမှာ တစ်ယောက်ပြီးတစ်ယောက် pointများလှူဒါန်းကြကုန်သည်။


ယခု 'ghosts know'မှာ ထိုအကွက်ကို တဖန်ထုတ်သုံးလာခဲ့ပြန်သည်။ ဆရာသခင်များမှာ အံကိုကြိတ်လျက် အလှူငွေထည့်ရန်သာတတ်နိုင်လေသည်။ ညသန်းခေါင်ကျော် ၁နာရီလောက်စောင့်ပြီးသောအခါတွင်မှ 'ghosts know'မှာ နောက်ဆုံးတွင် သတင်းရှည်ကြီး၄ပုဒ်ကို တင်ပေးလာခဲ့လေသည်။


《 ထိတ်လန့်စရာသတင်း!!! Point ၅၀၀၀တန်တဲ့ အရည်အသွေးမြင့် ၀ိဥာဥ်ဓါးဟာ တစ်ချက်တည်းထိရုံနဲ့ ကျိုးသွားတယ်...ထျန်းကုန်းပွဲကြည့်စင်ရဲ့ အကြီးဆုံးတပည့်က အတုတွေရောင်းနေတာလား...?!! 》


《 ဒီသတင်းကိုဖတ်ပြီးတာနဲ့ ငရဲဘုရင်ယဲ့ဆီက အထူးဆက်ဆံမှုကို ဘယ်လိုရနိုင်မလဲဆိုတာ သိသွားလိမ့်မယ် 》


《 သရဲ၁၀၀၀ကျော် အမေ အဖေခေါ်ပြီး အော်ငိုသွားရတဲ့ လျှို့၀ှက်ချက်ကို မသိသေးဘူးလား..? 》


ထို့အတူထိပ်ဆုံးခေါင်းစဥ်းသတင်းမှာ ——


《 တိုင်းတာမှုကိုဒူးထောက်ပြီး ယဲ့ကျင်းကျီကို ငိုအောင်လုပ်နိုင်တယ်...သူဟာဘယ်သူများလဲ !? 》


ချီရှန်းတောက်ရန်မှာ ပျော်ရွှင်စွာပင် သတင်းကိုဖွင့်လျက် ဖတ်ရန်ပြင်လိုက်လေသည်။


'Ghosts know'မှာ သူများတကာထံမှ point တသောင်းကျော်ညှစ်ထုတ်ထားလေရာ အရေးမပါသော အာပလာသတင်းများနှင့် အရူးမလုပ်ရဲပါချေ။ ထိုသတင်း ၄ပုဒ်မှာ ရှီကျား၏ ဘ၀ဇာတ်ကြောင်းနှင့် သူ၏ဇာတ်ပုံကိုပင် ပူးတွဲဖော်ပြထားပေးခဲ့သည်။ သို့သော် ၄င်းမှာ သူ၏ကောလိပ်ဘွဲ့ရဓါတ်ပုံကို screen shotရိုက်ထားခြင်းမျှသာဖြစ်သည်။ ထိုဓါတ်ပုံကိုဘယ်နေရာမှရလာသည်ကို သရဲများသာသိလိမ့်မည်။


ဖေးယွီမှာ ယခင်က ရှီကျားကိုပြောခဲ့ဖူးသည်။ 


" 'ghosts know'နဲ့ ကိုယ်ရေးကိုယ်တာ သတင်းလုံခြုံမှုမအကြောင်း ဆွေးနွေးညှိုနှိုင်းဖို့ စဥ်းတောင်မစဥ်းစားနဲ့"


မှန်၏။ မည်သူမျှ 'ghosts know'နှင့် privacyအကြောင်းပြောရန် စိတ်ပင်မကူးသင့်ချေ။ သို့သော် 'ghosts know'မှာ သူ၏အောက်ခြေစည်းလေးတော့ရှိသေးလေသည်။ သူတို့သည် ရှီကျားအကြောင်း အမှန်တကယ် ဘာကိုမှအထူးတလည်မထုတ်ဖော်ခဲ့ချေ။ သူတို့သည် သာမာန်လူတိုင်း သိနိုင်သော အတိတ်မှအကြောင်းအရာတချို့ဖြစ်သည့် 'မူလတန်းကိုဒီမှာတက်တယ် အထက်တန်းကတော့ ဒီမှာ' ဟူသော သတင်းမျိုးသာ။


'Ghosts know'မှာ ရှီကျား၏ ယင်စွမ်းအင်အပေါ် အဓိကထားလျက် အလေးပေးပြောခဲ့လေသည်။


ခေါင်းစီးသတင်းတွင် 'ghosts know'မှာ အမည်မဖော်လိုသော ဆရာသခင်တစ်ဦးအား အတိုင်ပင်ခံအနေနှင့် ဖိတ်ခေါ်ခဲ့လေသည်။


မှန်၏။ ၄င်းမှာ 'ghosts know'အား ရှီကျားမှာ ယဲ့ကျင်းကျီ၏ စေ့စပ်ထားသော သတို့သမီးလောင်းဟူသော အတင်းအဖျင်းကိုပေးပို့ခဲ့သော ဆရာသခင်ဖြစ်လေသည်။ ထိုဆရာသခင်မှာ သူသည် ယင်ယန်မျက်လုံးကိုဖွင့်လျက် ရှီကျားကိုယ်ပေါ်မှ ထူထဲသော ယင်စွမ်းအင်ကို မြင်ခဲ့သည်ဟုဆိုသည်။ သို့သော်ထိုစဥ်က ရှီကျားမှာ တစ်ခုခုဖြင့်ဖုံးကွယ်ခံထားရပုံပေါ်က ယင်စွမ်းအင်မှာ ဤမျှများပြားသယောင်မမြင်ခဲ့ရချေ။


ထို့နောက် အမည်မဖော်လိုသောဆရာသခင်က ဗဟုသုတတစ်ခုကိုပြောပြလာခဲ့သည်။


: 【 လူတိုင်းသိကြမှာပါ ငရဲဘုရင်ယဲ့မှာက မိစ္ဆာ၃ပါးခန္ဓာကိုယ်ရှိတယ် . .မိစ္ဆာ၃ပါးကိုယ်က နယ်မြေ၉ခုကနေ ပြင်းထန်တဲ့ ဥပါတ်စွမ်းအင်တွေအားလုံးကို စုစည်းယူထားတယ်...ပုံမှန်ဆို ကိုယ်၀န်ဆောင်နေစဥ်မှာပဲ မိခင်ဖြစ်သူဟာ သေဆုံးသွားရတတ်တာကြောင့် ဒီလိုခန္ဓာကိုယ်မျိုးဟာ မွေးမလာတတ်ဘူး... ဒါပေမယ့် ငရဲဘုရင်ယဲ့ကမွေးလာပြီး ရီလင်းကျစ်က သူ့ရဲ့ မိစ္ဆာသုံးပါးကိုယ်ကို ချိတ်ပိတ်ပေးခဲ့တယ်...အဲဒီကြောင့်ဒီနေ့အချိန်မှာ သူကသိပ်ကိုသန်မာနေတာ...မိစ္ဆာ၃ပါးကိုယ်လိုပဲ နာမည်ကြီးပြီးရှားပါးတဲ့အခြားတစ်ခုက ပြင်းထန်ယင်စွမ်းအင် ခန္ဓာကိုယ်ပဲ 】


ထိုဗဟုသုတထဲတွင်အမည်မဖော်လိုသောစီနီယာမှာ ပြင်းထန်ယင်စွမ်းအင်ခန္ဓာကိုယ်မွေးဖွားလာရန်လိုအပ်သော ကြမ်းတမ်းလွန်းလိုအပ်ချက်များနှင့်အခြေအနေများကို ရှင်းပြခဲ့လေသည်။ သူပြောပုံအရဆိုလျှင် အဆိုပါ အချက်နှင့်အခြေအနေများအားလုံးပြည့်စုံလျှင်တောင် ပြင်းထန်ယင်စွမ်းအင်မွေးဖွားလာမည်ဟူ အာမမခံနိုင်ကြောင်းဆိုခဲ့သည်။ ပြင်းထန်ယင်စွမ်းအားမှာ သန်မာလွန်းလှ၍ မိခင်ဖြစ်သူမှာ ၄င်းကိုမခံနိုင်သည်ကများလေသည်။ ထို့ကြောင့် ၀မ်းထဲ၌လွယ်ထားစဥ်မှာပင် သန္ဓေသားမှာမိခင်ဖြစ်သူကို သေသွားစေသည်ကများလေသည်။


အဆုံးတွင် 'ghosts know'အယ်ဒီတာကမေးက ထိုအမည်မဖော်လိုသူ ဆရာသခင်ကိုမေးခဲ့သည်။ 


: 【 စီနီယာ ပြင်းထန်ယင်စွမ်းအင်ခန္ဓာကိုယ်က ဘယ်လောက်တောင်သန်မာလဲဆိုတာ မေးလို့ရမလား ? 】


စီနီယာကြီးမှာ ပြင်းထန်ယင်စွမ်းအင် ခန္ဓာကိုယ်ပိုင်ရှင်မှာ တကယ်တမ်းတွင် ထိုမျှမသန်မာကြောင်း ထိုမျှအကြာကြီးလည်း အသက်ရှင်မနေတတ်ကြောင်းဆိုလာသည်။ အဘယ်ကြောင့်မူ ရှေးစာအုပ်များတွင် ပြင်းထန်ယင်စွမ်းအင် ခန္ဓာကိုယ်မှာ သရဲများ မကောင်းဆိုး၀ါးများအတွက် အားဆေးတဖုံနှယ်ဖော်ပြထား၍ပင်။ ပြင်းထန်ယင်စွမ်းအင်ကိုယ်အား ၀ါးမြိုလိုက်ရုံဖြင့် မကောင်းဆိုး၀ါးတစ်ကောင်မှာ နှစ်တစ်ထောင်စာ ကျင့်ကြံဆင့်များထိုးတက်သွားနိုင်လေသည်။ ရှီကျားမှာ ထိုသရဲစျေးမှ သရဲပေါင်းတစ်ထောင်ကျော် လန့်ပြေးသွားသည်အထိ မည်သို့လုပ်နိုင်ခဲ့သည်ကို သူလည်း နားမလည်ဟုဆိုလာသည်။ အစစ်အမှန်ပြင်းထန်ယင်စွမ်းအင်ခန္ဓာကိုယ်မှာ ထိုစာအုပ်များထဲတွင် ဖော်ပြထားသည်နှင့် မတူခြင်းဖြစ်နိုင်သည်ဟုဆိုခဲ့လေသည်။


အယ်ဒီတာကထပ်မေးခဲ့သည်။


 ă€ ဘယ်လောက်ထိသန်မာလဲဆိုတာ ပုံဖော်ပြလို့ရမလား 】


အမည်မဖော်လိုသူစီနီယာနီယာကြီးက အလွန်စိတ်ပါလက်ပါအဖြေပေးနေခဲ့သည်။


 ă€ တာအိုရောင်းရင်းလေး ငရဲဘုရင်ယဲ့ဟာ သူ့အကြည့်တချက်နဲ့တင် သရဲတွေ မကောင်းဆိုး၀ါးတွေကို တုတ်တုတ်မလှုပ်ရဲအောင်လုပ်နိုင်တဲ့ သူမျိုးဆိုရင် တာအိုရောင်းရင်းလေး ရှီကျားကတော့ သူ့ရဲ့ထူးခြားတဲ့ ယင်စွမ်းအင်နဲ့ဆို သရဲတစ်ရာရဲ့ဘုရင်လို့ခေါ်သင့်တယ်.. 】


သရဲတစ်ရာရဲ့ဘုရင်လား...


ထိုသတင်းကိုဖတ်ပြီးနောက် အားလုံး၏မျက်လုံးများ ပြူးကျယ်သွားခဲ့ကြလေသည်။


ချီရှန်းတောက်ရန်မှာ ရှီကျားကို ယခင်ကမြင်ဖူးခဲ့သည်။ ထိုစဥ်က ချန်းအန်တွင် ရှီကျားမှာ ကျိရင်နှင့် အမြဲတပူးပူးတတွဲတွဲရှိနေပြီး ကျိရင်မှာလည်း သူ့အပေါ်ကောင်းမွန်စွာဆက်ဆံလေသည်။ သို့သော်ထိုစဥ်က ရှီကျားသည် ဗုဒ္ဓအဆောင်ကို၀တ်ဆင်ထားလေရာ ချီရှန်းတောက်ရန်မှာ သူ့ကိုယ်ပေါ်မှ မည်သည့်ယင်စွမ်းအင်ကိုမှ အာရုံမခံမိခဲ့ချေ။ ယခုပြန်တွေးကြည့်သော် ထိုကဲ့သို့ကျော့ရှင်းချောမောသော လူရွယ်လေးမှာ ပြင်းထန်ယင်စွမ်းအင်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ကြောင်း မည်သို့မျှစိတ်ကူးကြည့်၍မရခဲ့ချေ။


မရေတွက်နိုင်သော အကောင့်များမှာ ထိုသတင်းအောက်တွင် ကောမန့်များအလုအယက်မန့်ကြကုန်သည်။ တစ်မိနစ်အတွင်းမှာပင် likeနှင့် ကောမန့်အရေအတွက် ၃သောင်းကျော်သွားခဲ့သည်။


ကျူးကျောက်ကျန်းရန် သူ၏ဖုန်းကိုကြည့်နေခဲ့သည်။ သူ၏၀မ်းနည်းမှုမျက်ရည်များကိုပွတ်သုတ်လျက် 'ghosts know'မှပေးပို့လာသော လုပ်အားခ point ၁သောင်းကိုလက််ခံလိုက်လေသည်။


'Ghosts know'အယ်ဒီတာ : 【 ဒါပြီးရင် စီနီယာကျူးကျောက် ကျွန်တော်တို့ကို point ၄၅၂၁၆တိတိ အကြွေးကျန်သေးတယ်နော်... စီနီယာအဲတုန်းက ဘာလို့ တာအိုရောင်းရင်းလေးရှီကျားက ငရဲဘုရင်ယဲ့ရဲ့ ဇနီးလောင်းဆိုတဲ့သတင်းမျိုးဘာလို့လာပေးတာလဲ...အဲအစား သူ့ရဲ့ ပြင်းထန်ယင်စွမ်းအင်ခန္ဓာကိုယ်အကြောင်းပြောရင်မှ ရလဒ်ကရှယ်ကြီး ကွာနေဦးမယ် 】


ကျူးကျောက်ကျန်းရန်မှာ မျက်ရည်များအတောင့်လိုက်ထွက်ကျသည့်အထိ ဒေါသထွက်သွားခဲ့လေသည်။


ဒီတာအိုဆရာက သူ့မှာသာ ပြင်းထန်ယင်စွမ်းအင်ခန္ဓာကိုယ်ရှိမှန်းသိခဲ့ရင် အခုလို သောက်ကြွေးတပုံကြီးတင်နေမလားကွ...




👻