Chapter 74
Viewers 9k

👻Chapter 74




ညသန်းခေါင်ယံ..ပိန်းပိတ်အောင်နက်မှောင်သော အမှောင်ထုမှာ ဖော့ယန်ကန်ရေပြင်အပေါ်လွှမ်းခြုံထားလေသည်။


မရေတွက်နိုင်သော သရဲပေါင်းများစွာမှ စိုက်ကြည့်ခံနေရသောရှီကျားမှာ ငယ်စဥ်ကပင် သရဲများကို မကြာခဏမြင်တွေ့ဖူးခဲ့သည့်တိုင် ကြက်သီးမွှေးညှင်းများထလာမိ၏။


မှော်လက်နက်ကိုခိုးသွားသောသရဲလေးမှာလည်း အားလုံး၏အာရုံများမှာ ရှီကျားထံရောက်ရှိနေသည်ကိုမြင်သော် ထိုအခွင့်အရေးကိုယူလျက် ထွက်ပြေးတော့သည်။


တိုင်းတာမှုမှာ ကန်ရေပြင်နှင့် ခေါင်းနှင့် တဒုန်းဒုန်းဆောင့်နေဆဲပင်။ ဆရာယဲ့မှာလည်း သူ့မိသားစုဇနီးလေး ထိခိုက်သွားမသွား စစ်ဆေးရင်း အလုပ်များနေခဲ့လေသည်။


သို့နှင့် ဟူတျဲလက်ကိုမြှောက်လျက် ဆတ်ခနဲလှုပ်ရှားလိုက်လျှင် ခရမ်းရောင်လိပ်ပြာလေးတစ်ကောင်မှာ ၀ှစ်ခနဲပျံထွက်သွားခဲ့လေသည်။ အတောင်ပံတစ်လျက်ခတ်လိုက်သည်နှင့် ထိုသရဲလေးမှာ ၀ူရှန်းရှစ်ထောင့်အစီအရင်အလယ်သို့ ဘုန်းခနဲရိုက်ထုတ်ခံလိုက်ရလေသည်။


၀ူရှန်းရှစ်ထောင့်အစီအရင်မှာ ၀ူရှန်းတောင်၏ အထူးမှော်အစီအရင်ဖြစ်သည်။ သရဲများမှာ အစီအရင်အပေါ်မှလွင့်မြောနေကာ ကန်ရေပြင်ကိုမထိကြချေ။ လူများမှာတော့ ရွှေသစ်ရွက်ကိုသုံးလျက် ကန်ရေပြင်ပေါ်မှ နစ်မြုပ်မသွားအောင်နေနိုင်ကြသည်။ ထိုကြီမားသောအစီအရင်ကြီးကိုခြေတစ်လှမ်းဖြင့် ဖျက်ဆီးနိုင်သော ယဲ့ကျင်းကျီတစ်ဦးသာ ကန်ရေပြင်ကို လှိုင်းများထနေစေခဲ့လေသည်။


ထိုစဥ်တိုင်းတာမှုမှာ ဘ၀ကြီးကို သံသယများ၀င်နေဆဲပင်။ ထျန်းကုန်းပွဲကြည့်စင်မှ တပည့်များမှာ ထိုသရဲလေးထံသွားလျက် တစ်ယောက်တစ်ချက် ခြေကန်ချက်များ အမုန်းကျွေးနေခဲ့ကြသည်။


"တို့အကြီးဆုံးစီနီယာအစ်ကိုရဲ့ မှော်ရတနာကို မင်းကိုဘယ်သူကခိုးခိုင်းလို့လဲ"


"နည်းတောင်နည်းသေးတယ်..သရဲလေး မင်းဒီနေ့ပြန်လည်၀င်စားရမယ် မမျှော်လင့်နဲ့တော့..."


"ဂျူနီယာညီမလေး..ဒီသရဲက ကျင့်ကြံနှစ်၄၀၀လောက်ရှိတယ်..တို့တွေသူ့ကိုမချနိုင်ဘူး"


"အဲဒီမှာ ..င..ငရဲ.. အဲ တာအိုရောင်းရင်းယဲ့ရှိနေတယ်မဟုတ်ဘူးလား...ဒီအကောင်းအဆိုးကိုမသိတဲ့သရဲလေးက ဖော့ယန်သရဲစျေးကို တကယ်နှောင့်ယှက်ရဲတယ်..တာအိုရောင်းရင်းယဲ့ သူ့ကို သင့်တော်သလို စီရင်လို့ရပါတယ်"


ထျန်းကုန်းပွဲကြည့်စင်မှ ဆရာသခင်များအားလုံးမှာ အိမ်တွင်းအောင်းကာ မှော်လက်နက်များ သန့်စင်သော လောကကြီးအကြောင်းမသိသည့် ဖိုးသခွားလေးများဖြစ်သည်။ သူတို့ကမှော်ရတနာများသန့်စင်ခြင်းကို အထူးပြုထားကာ လွန်စွာချမ်းသာကြသည်။ သို့သော်ထိုထဲကတစ်ဦးကမျှ သရဲမဖမ်းနိုင်ကြချေ။ ထျန်းကုန်းပွဲကြည့်စင်မှ လူငယ်မျိုးဆက်များထဲတွင် တိုင်းတာမှုတစ်ဦးသာလျှင် မော့သို့အဆင့်အမြင့်ဆုံးဖြစ်သည်။ သို့တိုင်အောင် ၄င်းမှာ အဆင့် ၂၉မျှသာ။ သူသာစစ်ဝေ့ရှင်းခန်းမနှင့် လောင်ဟူတောင်မှဖြစ်ခဲ့သော် ထိပ်ဆုံး၅ယောက်ထဲတောင် ၀င်လိမ့်မည်မဟုတ်ချေ။


ထျန်းကုန်းပွဲကြည့်စင်မှ တပည့်များမှာ ယဲ့ကျင်းကျီမှ လက်စားချေပေးမည်ကို စိတ်မရှည်စွာစောင့်ကြည့်နေခဲ့ကြလေသည်။ သို့သော် သူတို့သရဲဘုရင်ယဲ့က်ို လှည့်ကြည့်လိုက်သော် အကြည့်တစ်ချက်ဖြင့်ပင် အသက်ရှူမ၀တော့ပဲ လဲကျတော့မတတ်ပင်။


ယဲ့ကျင်းကျီမှာ ရှီကျားအား စိုးရိမ်တကြီးကြည့်နေခဲ့သည်။ သူ၏လက်ချောင်းထိပ်များမှာ ရွှေရောင်အလင်းများတောက်ပလျက် မှော်အစွမ်းကိုသုံးကာ ရှီကျား၏ လည်တိုင်တွင် ဒဏ်ရာရှိမရှိ ဂရုတစိုက်စစ်ဆေးနေလေ၏။ ထိုသို့ဇနီးလေးကိုသာ ထပ်ခါထပ်ခါစစ်ဆေးနေပြီး ထျန်းကုန်းပွဲကြည့်စင်ဘက်သို့ တချက်လေးတောင် လှည့်ကြည့်မနေခဲ့ချေ။


မျက်နှာသာလေးနည်းနည်းပေးလို့မရဘူးလားဗျ..အာ..


ရှီကျားမှခပ်တိုးတိုးဆိုလာခဲ့သည်။ 


"ဆရာယဲ့ ဘာမှမဖြစ်ပါဘူး..ကြည့်ရတာ ဓါးကကျွန်တော့်အရေပြားကိုထိတာနဲ့ ကျိုးသွားတယ်ထင်တယ်..နာတောင်မနာဘူး"


ယဲ့ကျင်းကျီမှာ ရတက်မအေးနိုင်ပေ။ သူကိုယ်တိုင်စစ်ဆေးရခြင်းကိုအားမရနိုင်၍ ခေါင်းကိုမော့၍ ဘေးပတ်၀န်းကျင်ကိုအမြန်ကြည့်လိုက်လေသည်။


"ရှန်းနုန်တောင်က တာအိုရောင်းရင်းတို့..သူ့ဒဏ်ရာအခြေအနေကို တချက်လောက်စစ်ဆေးကြည့်ပေးလို့ရမလား"


ရှန်းနုန်တောင်ကြားမှတပည့်များမှာ ဘေးတွင်ရပ်လျက် စိတ်လှုပ်ရှားစွာပွဲကြည့်နေခဲ့ကြခြင်းဖြစ်သည်။ ငရဲဘုရင်ယဲ့ထံမှ ရုတ်ချည်းထုတ်ခေါ်ခံလိုက်ရသော် ထိတ်လန့်လွန်း၍ ခေါင်းအစခြေအဆုံးတဆတ်ဆတ်တုန်သွားခဲ့ကြလေသည်။ အတော်လေးကြာပြီးသည်မှ ညင်သာသောအသွင်နှင့် တာအိုမိန်းကလေးတစ်ဦးမှာ ရှေ့သို့အသာထွက်လာခဲ့လေသည်။


"တာ..တာအိုရောင်းရင်းယဲ့...ကျွန်မတို့အကြီးဆုံးစီနီယာအစ်မက ဒီနေ့ကိစ္စလေးရှိလို့ အရှေ့မြောက်အရပ်ကနေ ဒီကိုမလာနိုင်ခဲ့ပါဘူး...ကျွန်..ကျွန်မ..က အစားကြည့်ပေးလို့ဖြစ်ရဲ့လားမသိဘူး"


ထိုတာအိုဆရာမလေးမှာ ရှီကျားအား ၁၀မိနစ်မျှအသေအချာစစ်ဆေးကြည့်ရှုနေခဲ့လေသည်။ သူမမှာ ရံဖန်ရံခါ ရှီကျားကို ထူးဆန်းသောအကြည့်များနှင့်ကြည့်လာခဲ့သည်။ အစပိုင်းတွင် ရှီကျား၏လည်ပင်းကိုစစ်ဆေးခဲ့သည်။ ထို့နောက်ရှီကျား၏မျက်နှာကိုကြည့်သည်။ အကြာကြီးကြည့်နေပြီးနောက် သူမကတလေးတစားဆိုလာခဲ့သည်။


"ဒီ..ဒီကတာအိုရောင်းရင်းလေးက တကယ်ပဲ ဘာထိခိုက်မှုမှမရှိပါဘူး.."


သူမစကားဆုံးသည်နှင့် လူနှင့်သရဲတအုပ်လုံး ကျွတ်ကျွတ်ညံသွားတော့သည်။


ယဲ့ကျင်းကျီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ရှီကျားမှာ သူ၏လည်တိုင်ကို သက်တောင့်သက်သာမဖြစ်စွာ ပွတ်သပ်လိုက်လေသည်။


ထိုစဥ်သရော်သံတစ်ခုကိုကြားလိုက်ရလေသည်။


"တာအ်ိုရောင်းရင်းတိုင်းတာမှုက ယုံကြည်ကိုးစားမရဘူးပဲ...ဖော့ယန်စျေးကို ဓါးအတုယူလာပြီး point၅၀၀၀နဲ့တောင်ရောင်းရဲသေးတယ်... တာအိုရောင်းရင်းတု ဖော့ရဲ့သရဲစျေးရဲ့ စည်းမျဥ်းတွေကိုရော မှတ်မိရဲ့လား...ပစ္စည်းအတုတစ်ခုစီအတွက် ၁၀ pointစီ ဒဏ်တပ်ခံရမယ်ဆိုတာလေ...ဘုရားရေ ဒါဆို မင်းတော့ ဒဏ်ကြေး point ၅၀၀၀၀တောင်ပေးရတော့မှာပေါ့...မင်းမှာအဲလောက်ရောရှိရဲ့လားနော်..."


လူတိုင်းမှာလောင်ဟူတောင်၏ အကြီးဆုံးတပည့် ဟူတျဲကိုလှည့်ကြည့်လိုက်ကြလေသည်။ တိုင်းတာမှုမှာမူ ဖင်ဘူးတောင်းထောင်လျက် ကန်ရေပြင်နှင့် ခေါင်းနှင့်တိုက်ကာ ဘ၀ကြီးကိုမေးခွန်းထုတ်နေဆဲပင်။


လောင်ဟူတောင်မှတပည့်များမှာ ၄င်းကိုကြားသည်နှင့် တယောက်ပြီးတစ်ယောက် ဟားတိုက်ရယ်မောလာကြသည်။


တိုင်းတာမှုမှာ ကန်ရေပြင်ကို လက်ဖြင့်ထောက်လျက် ထောင်ထလာခဲ့လေသည်။ ထို့နောက် မီး၀င်း၀င်းတောက်နေသော အကြည့်ဖြင့်ဆိုလာခဲ့သည်။


"တာအိုရောင်းရင်းဟူ ထျန်းကုန်းပွဲကြည့်စင်က မင်းတို့လောင်ဟုတောင်ကို ဒစ်စကောင့် ၃၀ရာခိုင်နှုန်းပေးထားတာမဟုတ်ဘူးလား...ဘာလို့ငါ့ကိုလာလှောင်နေရတာလဲ...မင်းတို့လောင်ဟူတောင်က ဂုဏ်းကြီးလေးဂိုဏ်းထဲမှာအဆင်းရဲဆုံးပဲ... ရွှမ်းရွှယ်လောကကဘယ်သူတွေများမသိလို့လဲ..ဘယ်သူများ...မသိလို့လဲပြောပါဦး...ဒဲ့(တည့်)ပဲပြောရရင် တာအိုရောင်းရင်းဟူ မင်းမိန်းမလို၀တ်ပြီးတို့တွေ ထျန်းကုန်းပွဲကြည့်စင်ကိုလာလည်မယ်ဆိုရင် ငါတိုင်းတာမှုက point ၁၀၀၀ လေးခါပြန်တောင် အမ်းပေးလိုက်ဦးမယ် ရှင်းလားတော့မသိဘူး"


မိမိတို့ အကြီးဆုံးစီနီယာအစ်ကို၏ ကျောထောက်နောက်ခံပေးမှုကိုရရှိသွားသော ထျန်းကုန်းပွဲကြည့်စင်မှ တပည့်လေးများမှာချက်ချင်းဆိုသလို ဖတ်ခနဲရင်ကော့သွားကြသည်။


"မှန်တယ်...တို့တွေထျန်းကုန်းပွဲကြည့်စင်က ဆင်းရဲလွန်းပါတယ်..ဆင်းရဲလွန်းလို့ ပိုက်ဆံတွေပဲကျန်တော့တယ်...တာအိုရောင်းရင်းဟူသာ မိန်းကလေးလို၀တ်ပြပြီး လျှောက်ပြေးပြရင် point ၅၀ပေးမယ်နော်.."


"ငါက point ၁၀၀တောင်ပေးလိုက်ဦးမယ်ကွာ"


"သောက်ကျိုးနည်း...လောင်ဇီဒီနှစ်ဘာမှ၀ယ်မဖြုန်းလိုက်ရဘူး..လောင်ကျစ် point၅၀၀ပေးမယ်..ဟူတျဲ..မင်းကြိုက်လားမကြိုက်ဘူးလားပဲပြောလိုက်"

(လောင်ဇီက ကိုယ့်ကိုယ်ကိုယ်ရည်ညွှန်းတာပါနော် )


"ငလူး..တိုင်းတာမှု မင်းအနိုင်ကျင့်နေတာပဲ"


ဟူတျဲ၏ မိန်းမလှလေးလို မျက်နှာလေးမှာ ဖြူလိုက်စိမ်းလိုက်ဖြစ်နေခဲ့လေသည်။ ဒေါသပေါက်ကွဲစွာပင် သူသည် လက်ကိုလှန်လျက် ခရမ်းရောင် လိပ်ပြာ ၃ကောင်ကို ထုတ်ယူလာခဲ့သည်။ ထို့နောက် တိုင်းတာမှုထံ ပစ်လွှတ်လိုက်လေသည်။


ဟူတျဲမှာ မော့သို့အဆင့် ၃နေရာမှဖြစ်သည်။ အဆင့် ၂၉နေရာမှ တိုင်းတာမှုကို အမှုန့်ချေလိုပါက လက်တစ်ဖက်လှန်သလောက်ကို လွယ်ကူလေသည်။


တိုင်းတာမှုမှာ သူ့အခြေအနေကိုသူသိလျက် ၀ှစ်ခနဲရှီကျားဘေးသို့ပြေးလျက် ယဲ့ကျင်းကျီနောက်တွင် ပုန်းကာ ၀ူး၀ူး၀ါး၀ါးနှင့်ဆိုလာခဲ့သည်။


"တာအိုရောင်းရင်းယဲ့ရေ..ဟူတျဲက ဖော့ယန်သရဲစျေးမှာ လူတကယ်ရိုက်ရဲတယ်..ဒါမင်းကို မျက်နှာပျက်အောင်လုပ်နေတာပဲ မဟုတ်လား...သူ့ကိုအမြန်သေအောင်ချပစ်လိုက်တော့..နောက်ပြဿနာ ငါရှင်းပေးမယ် ဟုတ်ပြီလား.."


ဟူတျဲမှာ ရူးသွပ်စွာကျိန်ဆဲလာခဲ့လေသည်။ 


"ငလူး..မင်းကဘာတာ၀န်ယူမှာလဲ...တိုင်းတာမှု..မင်းမှာ ယောကျာ်းသိက္ခာဆိုတာရှိသေးရင် ထွက်လာပြီး လောင်ဇီနဲ့ တိုက်စမ်း" 


တိုင်းတာမှုမှာ ခေါင်းပြူထွက်လာခဲ့သည်။ 


"ဘယ်သူကမင်းနဲ့တိုက်ချင်လို့လဲ...ငါမင်းကိုမှမချနိုင်တာ..မင်းသာယောကျာ်းဆိုရင် ငါနဲ့ pointချင်းယှဥ်မလား...မင်းmodouအကောင့်မှာ ရှိနေတဲ့ pointတွေက ငါ့မှာရှိတဲ့ အကြွေအပိုထက်တောင်များလို့လား"


ပြောပြီးသည်နှင့် လှစ်ခနဲဆို ယဲ့ကျင်းကျီကျောနောက် ခေါင်းပြန်၀င်သွားတော့သည်။


ဟူတျဲ" မင်းကသာဓါးအတုရောင်းနေတာလေ ငါပြောတာမှားလို့လား...ဖော့ယန်စျေးမှာ စည်းမျဥ်းရှိတယ်..ပစ္စည်းအတုရောင်းစျေးရဲ့ ၁၀ဆ..မယုံရင် မင်းငရဲဘုရင်ယဲ့ကို မေးကြည့်လိုက်"


တိုင်းတာမှု" ပေါက်ကရ မင်းကမှဓါးအတု...ငါကအစစ်ကွ"


ဟူတျဲ" ဟုတ်ပါ့မင်းက အရမ်းစျေးပေါတယ်လေ"


(TN-ဓါးအစစ်နဲ့ စျေးပေါတာနဲ့ အသံထွက်တူပါတယ်)


တိုင်းတာမှု " မင်း မင်း မင်း မင်း မင်း...စိတ်ထားသေးသိမ်တဲ့ မိန်းမတွေကပဲ ပြောရဆိုရခက်တာ...ငါမင်းနဲ့ ရန်မဖြစ်တော့ဘူး"


ဟူတျဲ၏မျက်လုံးများမှာ ဒေါသတို့ဖြင့် တောက်လောင်လာခဲ့သည်။ လိပ်ပြာ၃ကောင်ကိုခေါ်လျက် တိုင်းတာမှုထံ ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာခဲ့တော့သည်။ သူကဒေါသပြုံးကြီးနှင့် ဆိုလာသည်။


"မင်းဓါးက အတုမဟုတ်ရင် ဘာလို့ကျိုးသွားတာလဲ..အဲဒါအတုကြီးဆိုတာ အသိသာကြီး..မင်းဓါးအတုလုပ်ထားတာ"


"ငါ့ဓါးကအစစ်ကွ" 


"ဓါးအစစ်ကဘယ်လိုကျိုးသွားတာလဲ"


"ဟုတ်ပါ့ ဘယ်လိုကြောင့်ကျိုးသွားတာလဲ"


၄င်းကိုရေရွတ်ပြီးနောက် တိုင်းတာမှု၏ကိုယ်မှာ တုန်တက်သွားခဲ့လေသည်။ လိပ်တစ်ကောင်လိုပင် သူ၏ခေါင်းမှ ယဲ့ကျင်းကျီနောက်မှ ဖြည်းညှင်းစွာဆန့်ထွက်လာခဲ့သည်။ သူ၏ပါးစပ်ကြီးပွင့်ဟလျက် ရှီကျားအား ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့လေသည်။ အတော်လေးကြာပြီးမှ သူကမေးလာခဲ့သည်။


"ဒီကတာအိုရောင်းရင်းလေးရေ..ငါ့ဓါးကဘယ်လိုကျိုးသွားတာလဲဆိုတာ မေးလို့ရမလား"


ရှီကျား"...."


ထိုစကားကိုကြားသည်နှင့် လူတိုင်း၏အကြည့်ပေါင်းစုံမှာ ရှီကျားထံရောက်ရှိလာခဲ့လေသည်။ အစပိုင်းတွင် ထွက်ပြေးနေသောသရဲနှင့် တိုင်းတာမှုနှင့် ဟူတျဲတို့၏ရန်ပွဲကြောင့် လူတိုင်း၏အာရုံမှာ သူတို့ထံရောက်ရှိနေခဲ့ကြသည်။ ယခုမူ အခြေအနေမှာ မူလသို့ပြန်လည်ရောက်ရှိလာခဲ့လေသည်...


တိုင်းတာမှုရဲ့ အရည်အသွေးမြင့် ၀ိညာဥ်ဓါးက အတုမဟုတ်ဘူးဆိုရင် ဘာလို့ကျိုးသွားတာလဲ...


ထျန်းကုန်းပွဲကြည့်စင်ကိုတည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းရာချီကြာခဲ့ချေပြီ။ သူတို့သည် ရွှမ်းရွှယ်လောက၏ အချမ်းသာဆုံးဂိုဏ်းဖြစ်သည်။ ထျန်းကုန်းပွဲကြီးစင်၏ အကြီးဆုံးတပည့်တစ်ဦးအနေနှင့် တိုင်းတာမှု၏ စိတ်နေစိတ်ထားမှာ ညင်သာကာ အပေါင်းအသင်းလည်းများလေသည်။ သူ့အနေနှင့် ပစ္စည်းအတုရောင်းကာ သူ့ကိုယ်ပိုင်ဂုဏ်သတင်းကိုဖျက်ဆီးစရာအကြောင်းမရှိချေ။


သူ၏ဓါးကအတုမဟုတ်ကြောင်း သက်သေပြရန် တိုင်းတာမှုမှာ ယဲ့ကျင်းကျီအား ကန်ထဲကျသွားသော ဓါးကျိုးတစ်ဖက်အား ဆယ်ထုတ်ရန်အကူအညီတောင်းခဲ့သည်။ ယဲ့ကျင်းကျီမှာ လက်ကိုလှုပ်ရှားလိုက်ရုံနှင့် အနက်ရောင်ဓါးတစ်ချောင်းမှာ သူ၏လက်ထဲတွင် ပေါ်လာခဲ့လေသည်။


တိုင်းတာမှုမှာ ထိုဓါးကျိုးကို ဂရုတစိုက်ပြန်ယူလိုက်လေသည်။ ထို့နောက် သရဲလေးထံမှ ကျန်ဓါးကျိုးတစ်ဖက်ကို ပြန်ဆွဲယူလိုက်ပြီး ၄င်းမျက်နှာအပေါ် တမင်ဆောင့်နင်းပြီးမှ ပြန်ထွက်လာခဲ့လေသည်။


ရှီကျားမှာ တိုင်းတာမှုအား သံသယတို့နှင့် ကြည့်နေမိ၏။ သူသည်ဓါးကျိုးတစ်ဖက်နှင့် အခြားတဖက်ကိုကြည့်လိုက်သည်။ ထိုဓါးကျိုးကို တိုင်းတာမှုမည်သို့ပြန်ပြင်မည်အား စဥ်းစားမရနိုင်ချေ။


 á…၀၂ စူပါဂလူးကိုသုံးပြီး ပြန်ကပ်မှာတော့ မဟုတ်ပါဘူးနော်..


ရှီကျားရုတ်တရက် သေချာမတွေးမိပဲ လွှတ်ခနဲဆိုလိုက်မိသည်။


ထိုစဥ်မှာပင် တိုင်းတာမှုမှာ သူ၏ချန်ခွန်းအိတ်ထဲမှ ၅၀၂စူပါဂလူးကိုထုတ်ယူလာခဲ့လေသည်။


"တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး သေချာကြည့်ထားကြပါ..ကျွန်တော်ကအရင်ဦးဆုံးဓါးကို စူပါဂလူးနဲ့ပြန်ဆက်လိုက်ပါမယ်...ဒီဓါးကျိုးသွားတာ အခုဆို ၁၀မိနစ်ရှိပြီပေါ့နော်..သူ့ကိုပြန်ဆက်လိုက်ရင် သူ့ရဲ့အစွမ်း ၃၀ရာခိုင်နှုန်းကိုတော့ပြန်ရနိုင်သေးတယ်"


ရှီကျား"...."


တကယ်ကြီး ကော်နဲ့ပြန်ကပ်တာပေါ့လေ..သြော်...


"ဒါပေမယ့် အဲဒီ၃၀ရာခိုင်နှုန်းဆိုတာလည်း ယာယီပါပဲ...ဒီနေ့ပြီးရင် ဒီဓါးဟာလုံး၀ပျက်ဆီးသွားတော့မှာပါ"


တိုင်းတာမှုမှာ ကျိုးသွားသည့်ဓါး၂ဖက်ကို ၅၀၂ ဂလူးနှင့် သုတ်နေခဲ့လေသည်။ ထို့နောက် စိတ်မပါလက်မပါနှင့် ဓါးကျိုး၂ဖက်ကိုပူးလိုက်သည်။ ထိုဓါးကျိုးမှာလည်း အမှန်တကယ်ပြန်ကပ်သွားခဲ့လေသည်။ ဓါးကိုကိုင်လျက် လေထဲသို့ အကြိမ်အနည်းငယ်လွှဲယမ်းလိုက်လေသည်။ နောက်ဆုံးတချီတွင် သူသည်ထိုဓါးဖြင့် သူများတကာ၀ိုင်း၀န်းထိုးကြိတ်ခံထားစသဖြင့် သရဲရုပ်ပင်မပေါက်တော့သည့် သရဲလေးထံလွှဲယမ်းကာဆိုလိုက်သည်။


"မင်းကိုစမ်းကြည့်တာပေါ့ ဟေး သရဲ..ဒီဓါးချက်ကို ကြည့်စမ်း"


ဓါး၏ချွန်ထက်သောအသွားမှာ ရုတ်ချည်းဆိုသလို သရဲလေး၏ ရင်ဘတ်ကိုထိုးဖောက်သွားခဲ့လေသည်။ သရဲလေးမှာ နာနာကျင်ကျင်အော်လိုက်ပြီး ယင်စွမ်းအင်များစွာလည်း သူ့ရင်ဘတ်မှ ထွက်ကျလာခဲ့လေသည်။ ထိုသရဲလေး၏ မူလများပြားသော ယင်စွမ်းအင်များမှာ အလွန်လျော့ကျသွားခဲ့လေသည်။ မူလတွင်ထိုသရဲလေးမှာ နှစ်၄၀၀ကျင့်ကြံဆင့်ရှိသော်လည်း ယခုမူ နှစ်၅၀စာအသာလေး လျော့ကျသွား၏။


၄င်းကိုမြင်သော် ပတ်ပတ်လည်မှ သရဲများနှင့်ဆရာသခင်များမှာ အံ့အားသင့်သော အာမေဋိတ်သံများပြူလာခဲ့ကြလေသည်။ ထို့နောက် သူတို့အတူတကွ တညီတညာပင် ရှီကျားထံလှည့်ကြည့်လာခဲ့ကြသည်။ 


ဒီတော့ မင်းကဘာလို့မသေသေးတာလဲ...


ရှီကျား"...."


ဤခံစားချက်ကိုရင်းနှီးနေခဲ့သည်။ လွန်ခဲ့သောလ၀က်ခန့်က သူနှင့်ယဲ့ကျင်းကျီသည် ဘုရားကျောင်းပျက်တွင် ဟူတျဲနှင့်ဆုံခဲ့ပြီး သရဲအိုကြီးကို သူဆီပူအိုးထဲ ပစ်ထည့်လိုက်စဥ်ကလည်း ဟူတျဲမှာ ထိတ်လန့်နေသောအမူအရာနှင့် မေးလာခဲ့သည်။


"မင်းဘာလို့ မသေသေးတာလဲ"


မင်းတို့ ရွှမ်းရွှယ်လောကကဘာကောင်တွေလဲ..နေ့ရှိသ၍ သူများတကာကို သေဖို့ ကျိန်ဆဲနေကြတာလား..


တိုင်းတာမှုမှာ သူ၏ရိုးသားမှုကို သက်သေပြပြီးနောက် ချက်ချင်းတက်ကြွလာတော့သည်။ သူ၏ဓါးမှာ အမှိုက်ဖြစ်သွားခဲ့ချေပြီ။ သူသည်မူလကထိုဓါးမှာ ရက်အနည်းငယ်တောင့်ခံနိုင်ဦးမည်ထင်ခဲ့သည်။ သို့သော် ထိုသရဲလေးကိုခုတ်လိုက်ပြီးနောက် ထိုဓါးမှာထပ်ကျိုးသွားလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ ၅၀၂စူပါဂလူးမှာ ကောင်းစွာအလုပ်မလုပ်ချေ။


ဓါးကျိုးကိုကိုင်လျက် တိုင်းတာမှုမှာ ရှီကျားအား ရှုပ်ထွေးသော အမူအယာဖြင့်လျှောက်လာခဲ့လေသည်။ သူကရှီကျားအား အထက်အောက် အစုန်အဆန်ကြည့်နေခဲ့သည်။ အဆုံးတွင်သူက စိတ်ကိုတင်းလျက် မျက်လုံးကိုမှိတ်ကာဆိုလာခဲ့သည်။


"ဒီကတာအိုရောင်းရင်း..ငါ့ဓါးက နှစ်၂၀၀ စတီးနက်..ပင်လယ်ရေမျက်နှာပြင်အောက် မီတာ၁၅၀၀အနက်ကရေခဲရယ် နှစ်၅၀၀ဖုတ်အလောင်း ၄ကောင်နဲ့ ယင်စွမ်းအင်ကို ထက်မြအောင်လုပ်ထားတာ ..မူရင်းစျေးကတော့ point ၅၀၀၀ပဲ ...ထုတ်လုပ်ခက ၂၀၀၀..ငါလုပ်အားခကိုတော့မတောင်းတော့ပါဘူး..ပစ္စည်းဖိုးလေးပဲဆို ဘယ်လိုလဲဟင်"


ရှီကျား"...."


ရှေးဆိုရိုးတစ်ခုရှိခဲ့ဖူးသည်။


'ငါပေါ်ရန်ကိုမသတ်ခဲ့ဘူး..ဒါပေမယ့် ပေါ်ရန်ကတော့ငါ့ကြောင့်သေသွားတယ်' 


ယခုမူ 'ငါမင်းရဲ့ဓါးကိုမချိုးခဲ့ဘူး ဒါပေမယ့် မင်းဓါးကတော့ ငါ့ကြောင့် ကျိုးသွားတယ်' ဗားရှင်းဖြစ်နေခဲ့သည်။


ရှီကျားမှာ အလွန်မတရားသလိုခံစားရလေသည်။ ထိုသရဲမှာ ထိုဓါးကိုခိုးယူလာပြီး သူ့ကိုဓါးထောက်ကာဓါးစာခံအဖြစ်ဖမ်းပြီး ဓါးဖြင့်ပင်ခုတ်ခံရလုနီးပါးဖြစ်ခဲ့သည်။ ယခုမူသူကအလယ်ကြောင့် ထိုဓါးကျိုးသည့် လျော်ကြေးကိုပေးရပါမည်နည်း။


ရှီကျား၏ ဆွံ့အနေသော အမူအရာကို မြင်လျှင် တိုင်းတာမှုမှာ မျက်လုံးကိုလှိမ့်လိုက်လေသည်။ သူကအနီးသို့ပို၍လျှောက်လာပြီး သူ၏ဆန္ဒအမှန်ကိုထုတ်ဖော်လာခဲ့သည်။


"ဒီကတာအိုရောင်းရင်း..ဒီကိစ္စကမင်းနဲ့မင်းနဲ့မဆိုင်ဘူးဆိုတာ ငါသိပါတယ်...ငါတိုင်းတာမှုက အမှားအမှန်ကို မခွဲခြားနိုင်တဲ့သူမဟုတ်ဘူး...ဒီဓါးကအရမ်းတန်ဖိုးရှိနေလို့သာ...ငါ့အတွက်လည်းလုပ်ရတာမလွယ်ခဲ့ဘူး..ဒီတော့ မင်းဘာလို့ ဒီဓါးကြောင့် ခြစ်ရာတောင်မထင်တာလဲဆိုတာပြောပြရင် ငါဒီတိုင်းလွှတ်ပေးလိုက်မယ် ဘယ်လိုလဲ"


ရှီကျားရုတ်ချည်း တစ်ခုခုမူမမှန်သည်ကို ခံစားလိုက်မိလေသည်။


" အကြောင်းပြချက်ကိုပြောပြစေချင်တာလား"


တိုင်းတာမူက ခေါင်းကိုခပ်ကြီးကြီးညိတ်လာခဲ့သည်။


ရှီကျားမှာ ခတ္တမျှတွန့်ဆုတ်နေခဲ့ကာ သူပြော သင့်မပြောသင့် ဝေခွဲမရဖြစ်နေခဲ့သည်။


သူ၏တွေဝေနေမှုကိုမြင်လျှင် တိုင်းတာမှုမှာ လျင်မြန်စွာ အနားသို့ကပ်လာပြီး အလျင်စလိုဆိုလာပြန်သည်။


"တာအိုရောင်းရင်း ငါမင်းကို point ၁၀၀ပေးမယ်...ပြောသာပြောပြ"


ရှီကျားမှာကြောင်သွားခဲ့သည်။


" pointတွေတောင် ပေးဦးမှာလား"


တိုင်းတာမှုမှာ အံကိုကြိတ်လိုက်လေသည်။


"ဒီလိုဆိုရင်ရော point ၅၀၀ပေးမယ်..ငါ့ကိုပဲပြောပြ ဘယ်သူ့ကိုမှမပြောနဲ့..တကယ် point ၅၀၀ပေးမယ်"


ရှီကျား"....."


ခတ္တမျှအကြာ ရှီကျားမှာ အမူအရာမဲ့စွာမေးလိုက်လေသည်။


"ဆရာတု ခင်များ ကျွန်တော့် ကိုယ်ရေးကိုယ်တာကိုမေးပြီး 'ghosts know'ကို သတင်းပေးမလို့လား.."


တိုင်းတာမှု၏ မျက်လုံးများပြူးကျယ်လျက် 'ဘယ်လိုသိတာလဲ'ဟူသည့်အမူအရာမျိုးပြုလုပ်လာခဲ့ခေသည်။


ရှီကျား"....."


မင်းတို့ရွှမ်းရွှယ်လောကကလူတွေအကုန် ယုံကြည်ကိုးစားလို့ကိုမရဘူးပဲ...


မဟုတ်သေးဘူး..ဆရာယဲ့က ချွင်းချက်...



👻