Chapter 64
Viewers 9k

👻Chapter 64




အနုပညာလောကထဲတွင် ချောပေ့လှပေ့ဟူသော လူများမည်သည့်အခါမှ ပြတ်လပ်မနေခဲ့ချေ။ ရှီကျား၏ဘ၀တစ်လျှောက်တွင် အင်မတန်ချောမောလှပသော သူများစွာကိုမြင်တွေ့ဖူးသည့်တိုင် ယောကျာ်း မိန်းမ မခွဲနိုင်သူကိုမူ မမြင်ခဲ့ဖူးချေ။


ထိုယောကျာ်းမဟုတ် မိန်းမမဟုတ်ဆိုသည်က အမည်သတ်မှတ်ချက်မဟုတ်ပဲ ဖော်ပြချက်သာဖြစ်သည်။


ဤရုတ်တရက်ရောက်ရှိလာသူမှာ ခရမ်းရောင်လိပ်ပြာတစ်ကောင်ဖြင့် လင်းရှောင်ကိုဆင့်ခေါ်နေသည့် မန္တာန်ကို နှောင့်ယှက်ခဲ့လေသည်။ ထိုလိပ်ပြာမှာ ထိုလူထံပြန်လည်ရောက်ရှိသွားပြီးနောက် အလင်းမှုန်များအဖြစ်လေထုထဲတွင် ပြိုကွဲကာပျောက်ကွယ်သွားလေတော့သည်။ ထိုလူတွင် အလွန်ရှည်လျားသောဆံပင်ရှိကာ အနောက်ဘက်တွင် ဆံပင်စည်းကြိုးတစ်ခုနှင့် လျော့ရဲရဲစည်းနှောင်ထားလေသည်။ သူမျက်နှာကျမှာ အလွန်လှပလျက် နှုတ်ခမ်းနီနီ ဖြူဖွေသောသွားများဖြင့် အလှတရားမှာ တောက်ပနေခဲ့လေသည်။


ရှီကျား၏မျက်လုံးများမှာထိုလူအား အထက်အောက်စုန်ဆန်အကဲခတ်နေခဲ့လေသည်။ သူနှုတ်ခမ်းကိုမဖွင့်ရသေးခင်မှာပင် ယဲ့ကျင်းကျီ၏ ခံစားချက်မဲ့သောအသံကိုကြားလိုက်ရလေသည်။


"သူကဟူတျဲ..လောင်ဟူတောင်ရဲ့ အကြီးဆုံးတပည့်ပဲ"


"လောင်ဂူတောင်လား"


ယဲ့ကျင်းကျီခေါင်းညိတ်လိုက်လေသည်။


"အင်း လောင်ဟူတောင်က ဂိုဏ်းကြီးလေးဂိုဏ်းထဲကတစ်ဂိုဏ်းပဲ"


ရှီကျားမှာ အဓိကအချက်ကိုဖမ်းဆုပ်လိုက်လေသည်။ 


"ဆရာယဲ့ ဒီလူကိုသိတာလား"


ယဲ့ကျင်းကျီဆိုသည်။


"သိပါတယ်"


ရှီကျား" ဒါဆို ယောကျာ်းထင်တာပဲလို့ ဘာလို့ပြောခဲ့တာလဲ"


ခင်များကသူ့ကိုသိတယ်ဆိုမှတော့ ယောကျာ်းမှန်း တန်းပြောသင့်တာပေါ့ဗျာ...


ယဲ့ကျင်းကျီ " ရွှမ်းရွှယ်လောကမှာ သူ့ကိုမိန်းမတစ်ယောက်လိုဆက်ဆံကြတာများတယ်လေ"


ရှီကျား" သိပြီ" 


ဟူတျဲ "လောင်ကျစ်ကဒီမှာရပ်နေတာကွ..ငါ့မျက်နှာတည့်တည့်အတင်းတုတ်ရဲလား"


ယဲ့ကျင်းကျီမှာ အနည်းငယ်မျှ တောင်းပန်သင့်သလိုမခံစားရပဲဆိုသည်။


"စိတ်မရှိပါနဲ့ တာအိုရောင်းရင်းဟူ..မင်းဒီမှာ ဘာအတွက်ရောက်နေရတာလဲဆိုတာ နားမလည်လို့"


ဟူတျဲမှာ ၀ါဂွမ်းကိုသာလက်သီးနှင့်ထိုးမိခဲ့လေသည်။ သူကငရဲဘုရင်ယဲ့နှင့် ၄င်းကာကွယ်ပေးနေသော ချောမောသည့်လူရွယ်လေးကို ကြည့်လိုက်လေသည်။ ထို့နောက် သူ၏စိတ််မကြည်မသာဖြစ်နေမှုများ ချက်ချင်းလွင့်စင်သွားခဲ့လေသည်။


ထို့နောက် ဟူတျဲမှာ သူရောက်လာရခြင်းအကြောင်းကို ရှင်းပြလာခဲ့သည်။


ဟူတျဲမှ ယဲ့ကျင်းကျီသည် သူ၏pointများကို ခိုးယူနေသည်ဟုဆိုခဲ့သည်မှာ လုံး၀မှားယွင်းနေသည်မျိုးမဟုတ်ချေ။ ၄င်းမှာ မှန်ကန်နေခဲ့သည်။ ယဲ့ကျင်းကျီမှာ ရွှမ်းရွှယ်လောကသည် အစိုးရနှင့်ပူးပေါင်းလျက် ဂိုဏ်းကြီး၄ဂိုဏ်းမှ တပည့်များအား ၀မ်ယ်ွီအမှုကို ဖြေရှင်းရန် အပ်နှင်းထားကြောင်း ရှီကျားကို ရှင်းပြပြီးဖြစ်သည်။


"ရွှမ်းရွှယ်လောကနဲ့ သူ့သက်ဆိုင်ရာဌာနက ဒီနာမည်ကြီးအမှုကို ရှေ့အပတ်လောက်က သတိထားမိခဲ့တယ်လေ..သေချာလိုက်ကြည့်တော့မှ ဒီအမှုက သရဲတွေနဲ့ပတ်သက်နေနိုင်တယ်လို့ဆုံးဖြတ်ပြီး ငါ့ကို ဒီအမှုအတွက်လွှတ်လိုက်တာ"


ထိုဘုရားကျောင်းပျက်လေးမှာ သေးငယ်ကာအနံ့အသက်လည်းမကောင်းချေ။ 


ဟူတျဲ စကားပြောနေရင်း ထိုင်စရာနေရာရှာဖွေနေခဲ့လေသည်။ သူ၏ရှုံ့မဲ့နေသောအမူအယာဖြင့်ပင် ပတ်ပတ်လည်ကိုလှည့်ပတ်ကြည့်လိုက်သည်။ အဆုံးတွင် သူသည် ၀င်ပေါက်ထံသို့သာပြန်လျှောက်သွားလိုက်ကာ တံခါးဘောင်အား ခပ်မိုက်မိုက်စတိုင်ဖြင့်ပြန်မီလျက် ဆိုသည်။


"အဲဒီ၀မ်မျိုးရိုးသံသယရှိသူက ငါ့ကိုအမှန်အတိုင်းမပြောခဲ့ဘူး ပြီးတော့သေဆုံးသူလီကလည်း သူSမြို့ကိုမရောက်ခင်မှာပဲ ပြန်လည်၀င်စားခြင်းစက်၀န်းထဲ၀င်သွားတယ်လေ..ငါ့မှာဒီသရဲအိုကြီးကို ရက်ကြာအောင်ရှာလိုက်ရတယ်..ပြီးတော့ရှာတွေ့လို့အသက်တောင်မရှူရသေးခင်မှာပဲ သူကဒီကိုဆွဲခေါ်ခံလိုက်ရတော့ ငါ့မှာ ဒီဘုရားကျောင်းပျက်အထိလိုက်လာရတော့တာပေါ့..ပြီးတော့မင်းတို့ကိုတွေ့တာပဲ"


ရှီကျားကထိတ်လန့်စွာမေးလိုက်သည်။


"ခင်များပြောချင်တာက ဆရာယဲ့ဒီသရဲအိုကြီးကိုဆင့်ခေါ်နေတုန်း ခင်များသူ့ဘေးမှာ ရှိနေတယ်ပေါ့.."


ဟူတျဲမှာ ခပ်မိုက်မိုက်စတိုင်နှင့်မီရပ်နေဆဲဖြစ်ပြီး ထိုအနေအထားအတိုင်းနေရသည်မှာ အနည်းငယ်ခက်ခဲပုံပင်။ သူကသက်တောင့်သက်သာဖြစ်စေရန်ပြန်လည်ချိန်ညှိရင်း စကားလုံး၂လုံးမျှဆိုလာခဲ့သည်။


"ဟုတ်တယ်"


ရှီကျား" ဒါဆို ဆရာယဲ့ဆင့်ခေါ်နေကတည်းကမတားလိုက်ပဲ ဘာလို့ဒီအထိတကူးတကလိုက်လာတာလဲ"


ဟူတျဲ၏အမူအယာမှာ ရုတ်ချည်းပြောင်းလဲသွားခဲ့လေသည်။ သူ၏တံတွေးနှင့်သူသီးကာ ချောင်းတဟွတ်ဟွတ်ဆိုးပြီးနောက် ဆိုလာခဲ့လေသည်။


"ပါး..ပါးစပ်ပိတ်ထား..ငါနည်းနည်းခြေချော်သွားမိလို့ ငရဲဘုရင်ယဲ့ကို ငါ့pointတွေပေးလုမိသွားတာ..ငါသာစိတ်လွင့်မနေမိရင် သူဘယ်တော့မှ ငါ့pointတွေကို ခိုးနိုင်စရာအကြောင်းမရှိဘူး..သူလုံး၀မခိုးနိုင်ဘူးကွ"


 á€šá€˛á€ˇá€€á€ťá€„်းကဝဎ" ကိုယ်မောက်လျန်စာချုပ်ကိုသုံးပြီး ၀ိဥာဥ်ကိုဆင့်ခေါ်နေတုန်းက နည်းနည်းလေးတော့ အနှောင့်အယှက်တစ်ခုကိုခံစားမိခဲ့ပါတယ်.အဲဒါက တာအိုရောင်းရင်းဟူတျဲဖြစ်နေခဲ့တာကိုး"


ဟူတျဲ"...."


မင်းသူများတကာကို မျက်နှာသာလေးနည်းနည်းပေးလို့မရဘူးလားကွ..


အားလုံးရှင်းပြပြီးသည်နှင့် သူတို့သည် သရဲအိုကြီး၏ပြဿနာကို ဆက်လက်ဖြေရှင်းကြလေသည်။


ယဲ့ကျင်းကျီမှာ သရဲအိုကြီးထံမှရမည့်pointများကို ယူမည်မဟုတ်ကြောင်း တိုက်ရိုက်ဆိုလာခဲဲ့သည်။ ဟူတျဲ ဤနေရာတွင်ရှိနေလေရာ ဟူတျဲမှ လင်းရှောင်အားဆင့်ခေါ်၍လည်းရကာ သူကစိတ်မရှိချေ။ ၄င်းကိုကြားသော်ဟူတျဲမှာ ကျေနပ်သွားလျက် သရဲအိုကြီးထံလျှောက်သွားလိုက်လေသည်။ ထို့နောက်သူသည်ဖယောင်းတိုင်များ အဆောင်လက်ဖွဲ့များနှင့် ရုပ်ထုတစ်ခုကို သူ၏ချန်ခွန်ယအိတ်ထဲမှ ထုတ်ယူကာဆင့်ခေါ်နတ်ကွန်းတစ်ခုကိုပြင်ဆင်လိုက်လေသည်။ 


၄င်းမှာနတ်မင်းတစ်ပါးကိုဆင့်ခေါ်သော နတ်ကွန်းဖြစ်သင့်တိုင် ဟူတျဲမှာ ထောင့်ဖြတ်အနေအထား အသေးစိတ်မှအစအလွန်ဂရုစိုက်လေသည်။ သူကလုံး၀လူရှေ့တမင် လုပ်ပြနေခြင်းပင်။ 


ရှီကျားမှာ ထိုလိင်အမျိုးအစားမကွဲသော ကောင်းကင်ဘုံဆရာသခင်ကိုကြည့်လျက် အဘယ်ကြောင့် ရွှမ်းရွှယ်လောကမှလူအများမှာ သူ့အားမိန်းမအဖြစ်သတ်မှတ်သည်ကိုနားလည်လိုက်လေသည်။


သို့သော် အကျိုးအကြောင်းကျကျဆိုရလျှင် အမျိုးသမီးများမှာ ထိုသို့ပြစ်တင်မခံရသင့်ချေ။ နတ်ကွန်းကိုဆင်ရာတွင် ဖယောင်းတိုင်များအကွာအဝေးညီမညီပေတံဖြင့်တိုင်းတာနေသည့် မိန်းကလေးမျိုးကို ရှီကျားမမြင်ဖူး၍ပင်။


ဒါကြီးက ဘယ်လိုမိန်းမဖြစ်နိုင်မှာလဲ..


အမျိုးသမီးများမှာ အိန္ဒြေရှိရှိနှင့် အသေးစိတ်ကိုပင်ဂရုစိုက်သူများဖြစ်လေသည်။ ဟူတျဲမှာ လုံး၀လျှပ်ပေါ်လော်လီနိုင်ကာ သူ့ထံမှ ပန်းနံ့ချိုအီအီသင်းနေပြီး ခြူလုံးအသေးလေးကိုပင်ခါးတွင်ဆွဲထားသေးသည်။


မိန်းမတွေက ဒီလိုလုံး၀နှိုင်းယှဥ်မခံရသင့်ဘူး လုံး၀ပဲ..


ရှီကျား အတော်ကြာသည်အထိ ကြောင်တောင်တောင်ကြည့်နေခဲ့လေသည်။ ရွှမ်းရွှယ်လောကမှနောက်ထပ်တစ်လုံးကိုသောက်လိုက်ရပြီးနောက် ထိုအမည်ကိုမည်သည့်နေရာမှကြားဖူးခဲ့သည်ကိုရုတ်ချည်းသတိရသွားခဲ့လေသည်။


ရှီကျားတိတ်တဆိတ်မေးလိုက်သည်။


"ဆရာယဲ့ သူက မော့သို့ပေါ်မှာ အဆင့်၃မလား..အဲဒီအဆင့်၃နေရာကတစ်ယောက်က ဟူတျဲလားလို့"


ယဲ့ကျင်းကျီခေါင်းညိတ်လိုက်လေသည်။


ရလဒ်အနေနှင့် ရှီကျားမှာ ဟူတျဲကိုကြောင်တောင်တောင်ပြန်လှည့်ကြည့်လျက် စိတ်ထဲမှတွေးလိုက်မိလေသည်။


ရွှမ်းရွှယ်လောကကတော့ တကယ်သွားပြီပဲ..


လောင်ဟူတောင်ပေါ်မှ အကြီးဆုံးတပည့်မှာ အဘယ်ကြောင့် ဤသို့စရိုက်မျိုးရှိနေရသည်ကို ရှီကျားနားမလည်ပါချေ။ 


ယဲ့ကျင်းကျီပြောခဲ့ဖူးသော ဂိုဏ်းကြီး၄ဂိုဏ်းမှာ ကျစ်ဝေ့ရှင်းခန်းမ, ရှန်းနုန်တောင်ကြား ,၀မ်ရှူဘုရားကျောင်းတော်နှင့် လောင်ဟူတောင်တို့ဖြစ်သည်။ ပထမဂိုဏ်း၃ဂိုဏ်းမှာ လူသိမခံပဲအမှောင်ထုထဲတွင် ပုန်းကွယ်နေခြင်းဖြစ်၍သာမာန်လူများမှာ ထိုဂိုဏ်းများကို မသိကြချေ။ သို့သော်နောက်ဆုံးဂိုဏ်းဖြစ်သည့် လောင်ဟူတောင်မှာ နာမည်အကြီးဆုံးတာအိုဂိုဏ်းဖြစ်လေသည်။


လောင်ဟူတောင်ဟူသောအမည်မှာ 'ဆေးတစ်လုံးဖြစ်ပေါ်လာသည်နှင့်နဂါးနှင့်ကျားထွက်ပေါ်လာသည်' ဟူသော စကားမှဆင်းသက်လာခြင်းဖြစ်သည်။ ၄င်းမှာ အရှေ့ဟန်ခေတ်မှဟုဆိုလိုခြင်းပင်။ 


တာအိုမိသားစုများ၏ စဦးတည်ထောင်သူ ကျန်းတောက်လင်သည် တချိန်ကတောင်တစ်တောင်တွင် ဆေးတစ်လုံးဖော်ခံ့ဖူးကာ သူ၏မှော်အစွမ်းမှာ အလွန်သန်မာလေသည်။ ဆေးတစ်လုံးဖြစ်ပေါ်လာသည်နှင့် ချီစွမ်းအင်များစုစည်းလျက် ကျားနှင့်နဂါးဖြစ်ပေါ်လာစေသည်။ သို့နှင့်ထိုတောင်ကို လောင်ဟူတောင်ဟူအမည်သမုတ်ခဲ့ကြလေသည်။


အဆုံးတွင် ကျန်းတောက်လင်၏မျိုးဆက်များမှာ လောင်ဟူတောင်တွင်အခြေချလျက် ကောင်းကင်ဘုံဆရာသခင်များ၏ အိမ်တော်ကို တည်ဆောက်ခဲ့လေသည်။


ချင်ပြည်ထောင်၏မင်းဆရာမှာ ရွှီဖူဖြစ်ပြီး သူသည်ပထမအင်ပါယာထံမှာ အလွန်အရေးတယူဆက်ဆံခံရလေသည်။ ထိုအရှေ့ဟန်နောက်ဆက်အနေနှင့် များစွာသောမင်းဆရာများမှာ ကျန်းမျိုးရိုးဆရာသခင်များဖြစ်လေသည်။


နောက်ပိုင်းနှစ်ပေါင်းထောင်နှင့်ချီ၍ပင် ကောင်းကင်ဘုံဆရာသခင်ကျန်းဆိုသည်က တရား၀င်ရာထူးတစ်ခုဖြစ်လာခဲ့ပြီး ၄င်းမှာ လူတစ်ယောက်တည်းကိုဆိုလိုခြင်းမဟုတ်ချေ။ ထိုရာထူးကိုရရှိသော ဆရာသခင်တိုင်းမှာ ကျန်းတောက်လင်၏မျိုးဆက်များဖြစ်ကြလေသည်။ ၄င်းတို့မှာ အင်ပါယာများထံမှ အထူးအလေးပေးခံရကာ တရား၀င်ရာထူးအမြင့်ဆုံးကိုလည်းရရှိထားကြလေသည်။ ခေတ်အဆက်ဆက်ညီလာခံများတွင် မိုးများလေများကို ဆင့်ခေါ်နိုင်ကြသည်။ သူတို့သည်လူတစ်ယောာက်တည်း၏လက်အောက်တွင်ရှိသော်လည်း သူပေါင်း၅သန်းကျော်၏အထက်တွင်ရှိလေသည်။


ရှီကျားအနေနှင့်လောင်ဟူတောင်မှာဆက်လက်မတည်ရှိတော့ပဲ နိုင်ငံတော်အဆင့် ခရီးသွားလည်ပါ

တ်ရာနေရာတစ်ခုဖြစ်သွားခဲ့ပြီဟုသာထင်ခဲ့သည်။ နေ့စဥ်နေတိုင်းထိုကောင်းကင်ဘုံဆရာသခင်အိမ်တော်ကို သွားရောက်လည်ပတ်သူများအလွန်များပြားကာ ထိုမှရရှိသော အမြတ်ငွေများမှာလည်းအတော်များပြားပေလိမ့်မည်။


ရှီကျားငယ်စဥ်က သူ၏ဖခင်မှာ သူ့အားလောင်ဟူတောင်ပေါ်သို့ခေါ်လာတတ်ပြီး သူ၏ပြင်းထန်သောယင်စွမ်းအားကြောင့်အကူအညီပေးမည့်ဆရာသခင်တစ်ဦးကိုရှာလိုခဲ့သည်။ သို့သော်သူတို့လက်မှတ်တစ်စောင်နှင့်တောင်ပေါ်သို့ရောက်လာသောအခါတွင် ထိုအိမ်တော်ကိုပတ်ကြည့်လျက်မထွက်ခွာမီတွင် ထူးဆန်းသောပစ္စည်းအသေးအမွှားလေးများ၀ယ်လာတတ်လေသည်။


ထိုမျှအထိတွေးမိလျှင် ရှီကျား၏အမူအရာမှာ ထူးဆန်းလာတော့သည်။ သူကလေးဘ၀က၀ယ်ခဲ့ဖူးသော အဆောင်ပစ္စည်းလေးများကို မှတ်မိပါသေးသည်။ ထိုစဥ်ကသူသည်၄င်းတို့မှာ အမှန်တကယ်အသုံး၀င်သည်ဟုထင်ခဲ့မိသည်။ အဆုံးတွင်အိမ်သို့ပြန်အရောက်တွင် တဖက်သို့လှန်ကြည့်လိုက်သည်နှင့်တွေ့လိုက်ရသည်မှာ—


『Made in YIWU small goods mall』

(ယီ၀ုလက်မှုပစ္စည်းဆိုင်မှထုတ်လုပ်သည်)


ဘာတွေလဲဟ...


ရှီကျား၏ဆွံအနေမှုကို ခံစားမိပုံဖြင့် ယဲ့ကျင်းကျီကဆိုလာခဲ့သည်။


"အခုလောင်ဟူတောင်ကအရင်နှစ်ရာကျော်တုန်းကလိုမဟုတ်တော့ဘူး..ဒါပေမယ့်မျိုးဆက်အတူတူပဲ.

ကောင်းကင်ဘုံဆရာသခင်အိမ်တော်မျိုးဆက်က ယိုယွင်းလာပြီးတော့ ကျန်တဲ့မျိုးဆက်တွေက အခြားတပည့်တွေကိုလက်ခံပြီး ယှဥ်ပြိုင်မှုတွေပြင်းထန်လာတာပေါ့"


ရှီကျားခေါင်းအသာညိတ်လိုက်သည်။ 


ဒါပေါ့ ကောင်းကင်ဘုံဆရာသခင်မျိုးဆက်က ပျက်ဆီးကိန်းဆိုက်နေပြီဆိုတာ သူသိတာပေါ့...သူတို့က ယီ၀ုလက်မှုပစ္စည်းဆိုင်ကဟာတွေတောင်ယူရောင်းနေတာနော် အိုကေ?


ဟူတျဲမှာ နတ်ကွန်းကိုပြင်ဆင်ပြီးနောက် မက်မွန်သားဓါးရှည်ကိုဆွဲထုတ်လျက် လင်းရှောင်ကိုစတင်ပင့်ဖိတ်တော့သည်။


လောင်ဟူတောင်မှာ ဆရာသခင်များနှင့်ပတ်သက်၍ အစစ်မှန်ဆုံးသမိုင်းအမွေအနှစ်ဖြစ်၍ တီဗွီဒရာမာထဲမှ ကာရိုက်တာများမှာ လောင်ဟူတောင်၏တာအိုဆရာများ၏ နည်းလမ်းများကိုအတုယူထားခဲ့ကြခြင်းဖြစ်နိုင်လေသည်။ ဟူတျဲ၏ ပင့်ဖိတ်ခြင်းမှော်နည်းစနစ်မှာ အလွန်မြင်ဖူးတွေ့ဖူးနေကျစတိုင်မျိုးဖြစ်သည်။ သူကမက်မွန်သစ်သားဓါးကိုသုံးလျက် cinnabar အက္ခရာများကိုအ၀ါရောင်အဆောင်စက္ကူပေါ်တွင်ရေးဆွဲလိုက်လေသည်။ ထို့နောက်သူကထိုအက္ခရာများကိုထိုးဖောက်လိုက်လျှင် အဆောင်စက္ကူမှာ မီးတောက်များအဖြစ်လောင်ကျွမ်းသွားခဲ့လေသည်။


လက်တစ်ဖက်မှာ ခေါင်းလောင်းကြိုးကလေးကိုလှုပ်ခါရင်း ကျန်တစ်ဖက်မှာ မက်မွန်သစ်သားဓါးကိုကိုင်စွဲလျက် ဟူတျဲမှာ ဖယောင်းတိုင်များနှင့်အဆောင်စက္ကူများအကြားတွင် ကခုန်နေခဲ့လေသည်။


ပထမအဆောင်စက္ကူလောင်ကျွမ်းသွားပြီးနောက် လေပြင်းမှာရုတ်ချည်းရပ်တန့်သွားခဲ့သည်။ ဘုရားကျောင်းပျက်အတွင်း၌ပကတိတိတ်ဆိတ်နေခဲ့လေသည်။


"အထက်ဘုံမှ လင်းရှောင်..တပည့်ငယ်သားပင့်ဖိတ်ပါတယ်..ကောင်းကင်ဘုံကိုမျက်နှာမူ၍ အသက်တစ်ရှိုက်ငင်လျက် မီးမိုးကြိုး ယန်တောင်ကြား ကောင်းကင်ဘုံဆရာသခင်ကျန်း .ကျောက်စိမ်း၊ကရာဇ်မှာ ရွှေစာအုပ်ကိုကမ်းတော်မူ၍ ပိအန်းသားရဲမှာ ကောင်းကင်ဘုံ၏ဂိတ်တံခါးကို နင်းတော်မူတယ်..လေ တိမ် မိုး မိုးကြိုးတို့အဖော်ပြုလျက်ကြီးမြတ်သောစစ်သည်တော်တို့ ချီတက်တော်မူတယ်..ကောင်းကင်ဘုံ၏အရှိန်အ၀ါ ပထ၀ီမြေကြီး၏၀ိဥာဥ် အကြီးအကဲကျန်း လျင်မြန်စွာထွက်ပေါ်လာစေ လောင်ဟူတောင်ရဲ့ ၇၆မျိုးဆက်မြောက် တပည့်ငယ်သားဟူတျဲက ပင့်ဖိတ်တော်မူပါတယ်"


ဟူတျဲ၏ဓါးမှာ အ၀ါရောင်အဆောင်၃ရွက်ကိုထိုးဖောက်လျက် ကောင်းကင်ကိုချိန်ရွယ်လိုက်လေသည်။ ယဲ့ကျင်းကျီမှာ လျင်မြန်စွာပင် ရှီကျားကိုလှမ်းဆွဲလျက် ဖက်ထားလိုက်၏။


ဂျိန်း..


ကြည်လင်သန့်စင်သော ညကောင်းကင်ပေါ်မှ အကြောင်းပြချက်မဲ့စွာပင် နားကွဲမတက်ဆူညံသော မိုးခြိမ်းသံကြီးကိုကြားလိုက်ရလေသည်။ ထိုမိုးကြိုးမှာ မျက်စိကျိန်းခနဲဖြစ်သွားသည်အထိ စူးရှလေသည်။ ၄င်းမှာ ဘုရားကျောင်းထံပစ်ခွင်းလိုက်သော်လည်း ဘုရားကျောင်း၏အုတ်များသစ်များမည်သည့်နေရာမှ ထိခိုက်သွားခြင်းမရှိခဲ့ချေ။ ထိုအစား၄င်းမှာ ဟူတျဲ၏မက်မွန်သားဓါးထံသို့သာ ပြင်းစွာရိုက်ခတ်သွားခဲ့လေသည်။


မိုးကြိုးပစ်ခွင်းလိုက်သည်နှင့် ပြင်းထန်သောလေမုန်တိုင်းမှာစတင်တိုက်ခတ်လာတော့သည်။


ယဲ့ကျင်းကျီမှာ ရှီကျားကိုတင်းစွာဖက်ထားခဲ့သည်။ ပြင်းထန်သောလေကြောင့် ရှီကျားမှာ မျက်လုံးပင်မဖွင့်နိုင်ချေ။ ဆရာယဲ့ရင်ခွင်ထဲမှရုန်းထွက်ရန်ကိုမူ ဆိုဖွယ်မရှိချေ။


"အမွှေးတိုင်၃တိုင်စာအတွင်းအပြီးသတ်ရန်..ဘိုးဘေး၏၀ိညာဥ်..ကောင်းကင်ဘုံဆရာသခင်မှ လင်းရှောင်၏အဆုံးအဖြတ်ကိုတောင်းခံတော်မူပါတယ်..လင်းရှောင်ကျေးဇူးပြု၍ နားထောင်တော်မူပါ"


"ပထမနာကြားခြင်းမှာ..S မြို့တော်မှာ ၀မ်မျိုးရိုးနှင့် အမည်ယွီ မိန်းကလေးတစ်ဦးရှိပါတယ်..၀မ်မိန်းကလေးဟာ ဒီနှစ်မှာ၂၃နှစ်ဖြစ်ပြီး မနှစ်ကလီမိသားစုကိုလက်ထပ်၀င်ရောက်ခဲ့ပါတယ်..၀မ်မိန်းကလေးရဲ့မျက်ရည်တွေဟာ နေ့တိုင်းမိုးကိုခပြီး လီအမျိုးသားဟာ သူမကိုနေ့တိုင်းဆဲဆိုကျိန်းမောင်းပါတယ်. ဤအမှုကိုမည်သို့မည်ပုံစီရင်ချက်ချသင့်သည်ကို လင်းရှောင်မှ အမှားအမှန်ဝေခွဲဆုံးဖြတ်ပေးဖို့တောင်းဆိုအပ်ပါတယ်"


ဟူတျဲမှာ အဆောင်စက္ကူကိုဓါးဖြင့်ထိုးလိုက်ပြီး ၄င်းမှာ မီးထတောက်သွားခဲ့လေသည်။


ဂျိန်း...


မည်းမှောင်နေသောတိမ်လိပ်များအထဲတွင် မိုးကြိုးတစ်ချက်မှာ ဟူတျဲ၏စကားတုန့်ပြန်နေသည့်အလား ဂျိန်းခနဲပစ်ခွင်းလာခဲ့လေသည်။


ဘုရားကျောင်းပျက်ထဲမှ လေပြင်းများတဖြည်းဖြည်းငြိမ်သက်သွားခဲ့သည်။ ဟူတျဲမှာသူ၏မက်မွန်သစ်သားဓါးကိုမြှောက်လျက် ဘယ်ဘက်အစွန်မှအမွှေးတိုင်ကိုလှီးဖြတ်လိုက်လေသည်။ ထိုအမွှေးတိုင်ကို လှီးဖြတ်လိုက်ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ကွင်းပြင်ကျယ်ကြီးထံမှ တစ္ဆေ သရဲအော်မြည်သံကြီးကိုကြားလိုက်ရလေသည်။


ရှီကျားမှာ သရဲ၀ိညာဥ်များစွာကိုမြင်ဖူးခဲ့သော်လည်း ဤသို့မယုံနိုင်စရာမြင်ကွင်မျိုးကိုရင်ဆိုင်ရသည်မှာ ပထမဆုံးပင်။ သူကခေါင်းကိုမော့လျက် ယဲ့ကျင်းကျီကိုကြည့်လိုက်သော် ယဲ့ကျင်းကျီမှာလည်း သူ့အားခေါင်းကိုငုံ့လျက်ကြည့်လာခဲ့လေသည်။ 


ဆရာယဲ့က အနည်းငယ်တွေးတောလျက်ရှင်းပြလာခဲ့သည်။


"လင်းရှောင်ရဲ့အဆုံးအဖြတ်ကိုတောင်းခံတာစပြီလေ..ဟူတျဲကသူ့မှော်အစွမ်းနဲ့ လင်းရှောင်ကို မဆင့်ခေါ်နိုင်သေးဘူး..အဲဒါကြောင့်သူရဲ့ဘိုးဘေးကောင်းကင်ဘုံဆရာသခင်ကျန်းကိုမှီခိုပြီး လင်းရှောင်ကိုတောင်းဆိုနေတာ"



👻