Chapter 60
Viewers 9k

👻Chapter 60



ရှီကျားမှာ ရုတ်ချည်းအရာအားလုံးခက်ခဲနေသလိုခံစားရလေသည်။ 


သူသည်သာမာန် ဖြတ်လျှောက်သရုပ်ဆောင်ငယ်လေးမျှသာဖြစ်ကာ သူ့အတွက် အစိုးရပိုင်းနှင့်ပတ်သက်သောအဆက်အသွယ်များရှိကာ ရဲဌာနထဲ၀င်၍ သူလိုသည့်အချက်များကိုရှာဖွေရန်မဖြစ်နိုင်ချေ။ ဆရာယဲ့မှာမူ ရွှမ်းရွှယ်လောကမှနာမည်ကြီးဖြစ်ကာ ငရဲဘုရင်ယဲ့ဟူသော အမည်မှာ လုံး၀အမိုက်စားဖြစ်လေသည်။ သို့သော်ဆရာယဲ့မှာ တကိုယ်တော်တဖွဲ့ဖြစ်သည်။ သူ၏ခွန်အားမှ လွန်စွာသန်မာပြီး လူတိုင်းသူ့နာမည်ကိုကြားလျှင်တုန်ယင်သွားရသော်လည်း သူ့တွင်နောက်ခံမရှိချေ။


ကြည့်ရသည်မှာ ယခုနှစ်များတွင် ရွှမ်းရွှယ်လောကတွင်ဖြစ်စေ လူ့လောကတွင်ဖြစ်စေ နောက်ခံတစ်ခုရှိခြင်းကအရေးပါပုံပင်။


ရှီကျားအကြာကြီးတွေးတောနေခဲ့လေသည်။ အဆုံးတွင်တော့သူသည်၀မ်ယွီ၏မိဘများကိုသာသွားရှာပြီး သူတို့အားစကားနည်းနည်းပြောကာ သူမနှင့်တွေ့ခွင့်ရနိုင်မည်လားဟုစဥ်းစားလိုက်လေသည်။ သူသည်ချန်းထောင်ကိုဖုန်းဆက်ကာ ၀မ်ယွီ၏မိဘများလိပ်စာကိုသိမသိမေးရန်ပြင်နေစဥ်မှာပင် ယဲ့ကျင်းကျိီ၏အသံကိုကြားလိုက်ရလေသည်။


"မင်းမှာမဖြေရှင်းနိုင်တဲ့ ပြဿနာရှိနေလို့လား"


ရှီကျားတန့်သွားလျက် ဆိုလိုက်သည်။


"အင်း ကျွန်တော်၀မ်ယွီကိုတွေ့ချင်တယ် .ဒါပေမယ့်သူ့အမှုကြီးတော့ သာမာန်လူတွေက သူ့ကိုတွေ့လို့မရလောက်ဘူး"


ယဲ့ကျင်းကျီမှာ အကြာကြီးတွေးနေခဲ့သည်။


"ကိုယ်စမ်းကြည့်လိုက်မယ်"


ရှီကျားရှော့ခ်ရသွားခဲ့လေသည်။


"ဆရာယဲ့ ရဲဌာနကတစ်ယောက်ယောက်နဲ့သိလို့လား"


ယဲ့ကျင်းကျီက ကြောင်တောင်တောင်လေးပြန်မေးလာခဲ့လေသည်။ 


"တစ်ယောက်ယောက်လား.."


ရှီကျားကဆိုသည်။


"ရဲဌာနမှာ ကူညီပေးနိုင်တဲ့တစ်ယောက်ယောက်ရှိလားလို့"


ယဲ့ကျင်းကျီခေါင်းခါလိုက်လေသည်။ 


"ကိုယ်Sမြို့ကိုလာခဲတယ်..ဒါက၂နှစ်ထဲ ပထမဆုံးအကြိမ်ရောက်ဖြစ်တာပဲ"


ရှီကျားထပ်မေးလိုက်သည်။ 


"ဒါဆို..မြို့တော်ဌာနဗဟိုကတစ်ယောက်ယောက်နဲ့သိတာလား"


ယဲ့ကျင်းကျီ" မသိဘူး"


ရှီကျား"...." 


မည်သို့ပင်ဆိုစေ ဆရာယဲ့မှာ ရွှမ်းရွှယ်လောကမှ နာမည််ကြီး ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ 


သူကမြို့တော်၀န်တွေဘာတွေနဲ့များသိနေတာလား..


ရှီကျားမေးလိုက်သည်။


"ဆရာယဲ့..မြို့တော်၀န်နဲ့သိတာလား"


"မသိဘူး"


"ခရိုင်မှူးရော.."


"မသိဘူးလေ"


ယဲ့ကျင်းကျီမှာရှီကျားအား ရှုပ်ထွေးစွာကြည့်နေခဲ့လေသည်။ 


ရှီကျားလည်း စိတ်ထဲရှိရာ လွှတ်ခနဲပြောလိုက်မိလေသည်။


"အစိုးရနဲ့သိနေတာတော့မဟုတ်ပါဘူးနော်.."


ယဲ့ကျင်းကျီခေါင်းညိတ်လာခဲ့လေသည်။


"သိတယ်လေ"


"မေ့လိုက်တော့ မနက်ဖြန်ကျမှ ကျွန်တော် ၀မ်ယွီရဲ့မိဘတွေကိုသွားတွေ့လိုက်..."


သူ၏အသံမှာရုတ်ချည်းတန့်သွားခဲ့လေသည်။ ရှီကျားမှာ မယုံနိုင်စွာနှင့် ကုတ်အနက်ကို၀တ်ဆင်ထားသော တည်ငြိမ်အေးဆေးသောအမူအယာနှင့် ဆရာသခင်ကိုကြည့်လိုက်မိလေသည်။


"ဘာပြောလိုက်တာ ဘယ်သူ့ကိုသိတယ်.."


ယဲ့ကျင်းကျီမှာသူ့ဖုန်းကိုထုတ်ယူလျက် သူ၏ contactများထဲမှ နာမည်တစ်ခုကိုရှာဖွေလိုက်ကာရှီကျားကိုပြသလာခဲ့သည်။


"နှစ်တိုင်း သူက ဆရာသခင်တွေကိုယ်စားပြုအစည်းအဝေးပွဲကိုတက်နေကြလေ..ဒါပေမယ့်သူကသေမျိုးဆိုတော့ ၁၀ရက်လုံးလုံးတော့ မစားမသောက်ဘဲ မနေနိုင်ဘူး ဒါကြောင့် အစည်းအဝေးပထမရက်ကိုပဲတက်တယ်..သူ့ကိုပြောလိုက်ရင် အထဲ၀င်ပြီး မင်းတွေ့ချင်တဲ့သူကိုတွေ့လို့ရလောက်လား"



ရှီကျား"...."


ဖုန်းမျက်နှာပြင်ပေါ်မှ ဆင်ဆာဖြတ်ထားသော အမည်၃လုံးကိုကြည့်လျက် ရှီကျား၏ မျက်လုံးများပြူးလျက် ခွေးတစ်ကောင်လိုဆွံ့အနေခဲ့လေသည်။


၅မိနစ်မျှကြာပြီးနောက် ချိုးဟူရဲဌာနမှ စခန်းမှူးကိုယ်တိုင်ထွက်လာပြီး ယဲ့ကျင်းကျီနှင့်ရှီကျားကိုလာရောက်ကြိုဆိုခဲ့လေသည်။ လမ်းတစ်လျှောက်တွင် ထိုစခန်းမှူးမှာထူးထူးဆန်းဆန်းပြုမူနေပြီး တီးတိုးဆိုလာခဲ့သည်။


"ကျွန်တော်သိပါတယ်..ဒါကိုလျှို့၀ှက်ထားပြီး အပြင်ကိုမပေါက်ကြားစေရပါဘူး..ခေါင်းဆောင်တို့..အဲ..လူကြီးမင်းတို့ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ..ကျွန်တော်နဲ့ မြို့တော်၀န်ကလွဲရင် ဒီနေ့ဒီသံသယရှိသူကိုလာတွေ့တဲ့အကြောင်း ဘယ်သူ့ကိုမှမပေါက်ကြားစေရပါဘူး"


ရှီကျား"...ကျေးဇူးပါ" 


စခန်းမှူးမှာ လေးနက်စွာခေါင်းညိတ်လာပြီး သူတို့အခန်းထဲသို့၀င်လိုက်သည်နှင့် စခန်းမှူးက တံခါးကိုဂရုတစိုက်ပိတ်ပေးလိုက်လေသည်။


ကျယ်၀န်းသော ဧည့်တွေ့ခန်းထဲတွင်ထိုင်လျက် ရှီကျားမှာ သက်တောင့်သက်သာမဖြစ်သလိုခံစားနေရလေသည်။ သူကယဲ့ကျင်းကျီကိုလှည့်ကြည့်လိုက်လျှင် တည်ငြိမ်စွာထိုင်နေသည်ကိုသာတွေ့လိုက်ရလေသည်။ ရှီကျားကသူ့ကိုကြည့်နေသည်ကိုမြင်လျှင် သူလည်းရှီကျားကိုလှည့်ကြည့်လိုက်လေသည်။ သို့သော် ရှီကျားက သူ့အားဆက်တိုက်ဆက်တိုက် စိုက်ကြည့်နေလေရာ ဆရာယဲ့မှာ အကြည့်ပြန်လွှဲသွားလျက် ထပ််မကြည့်ရဲတော့ချေ။


ရှီကျား ယဲ့ကျင်းကျီ၏အမူအယာအပြောင်းအလဲကို သတိမထားမိခဲ့ချေ။ 


ယနေ့ညတွင် သူ၏ကမ္ဘာကြီးအပေါ်အမြင်မှာ ပြိုကွဲသွားခဲ့ပြန်သည်။


ငယ်ငယ်တည်းက ပင်လယ်စာတစ်ခါမှမစားဖူးပါဘူးဆိုတဲ့လူက သူ့ဖုန်းထဲမှာ အစိုးရဖုန်းနံပါတ်ဘယ်လိုရှိနေတာလဲဆိုတာ တစ်ယောက်ယောက်ပြောပြနိုင်မလား..


လုံး၀သိပ္ပံနည်းကျမနေဘူးနော်...


ဤသည်ကိုလိုင်းပေါ်တင်လိုက်ပါက ၀ိုင်းလှော်ခံရေလောက်သည်။ 


အရမ်းဂျက်ဆူးဆန်နေတာကိုး..

အခုခေတ်မှာ ရှီထျန်းအမျိုးသားဇာတ်လိုက်တွေတောင် ဒီလိုဇာတ်ကွက််မျိုးရေးမနေတော့ဘူးသိရဲ့လား..


(TN- ဂျက်ဆူး = မယ်ရီဆူး (ယောကျာ်းလေးဗားရှင်းပါ) )


ရှီကျား၏ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များပြည့်နှက်နေခဲ့လေသည်။ သူသည်ရုတ်ချည်းဆိုသလို ဆရာယဲ့မှာ နောက်ခံမရှိသော အညတရလေးမဟုတ်ဘဲ ထင်ထားသည်ထက်ပင်တောင့်တင်းလွန်းသော နောက်ခံမျိုးရှိနေသည်ဟု ခံစားလိုက်ရလေသည်။ 


ဒီလောကကြီးမှာ အစိုးရရဲ့ဖုန်းနံပါတ်ရှိတဲ့ လူဘယ်နှယောက်ရှိမှာတုန်းလို့..


ထို့အပြင်သူဆက်တွေးမိလေသည်။ ဆရာယဲ့ကထိုအစိုးရမှာ ဆရာသခင်များကိုယ်စားပြုအစည်းအဝေးကို နှစ်တိုင်းတက်သည်ဟုဆိုလေရာ..


ရှီရှန်းတောက်ရန် စန်းရှို့ကျန်းကျွင်း ဆရာတော်ပုရှင်းတို့လည်း အစိုးရကိုသိတာများလား..သူတို့ဖုန်းထဲမှာလည်း အစိုးရဖုန်းနံပါတ်ရှိမနေလောက်ပါဘူးနော်..


ရှီကျားသူ့ကိုယ်သူပြန်လည်ထိန်းချုပ်လိုက်ပြီး ထိုပေါက်ကရများကိုဆက်တွေးမနေတော့ချေ။ သူ၏စိတ်တို့ပြန်လည်တည်ငြိမ်သွားချိန်တွင် အပြင်ဘက််မှ ခြေသံတိုးတိုးများကို ကြားလိုက်ရလေသည်။ ခတ္တမျှအကြာတွင် မှန်ချပ်၏တစ်ဖက်ခြမ်းမှ တံခါးမှာပွင့်လာခဲ့လေသည်။ ရဲအရာရှိတစ်ဦးသည် ငယ်ရွယ်ကာ ပိန်ပိန်ပါးပါးနှင့်မိန်းကလေးတစ်ဦးကို ဦးဆောင်လျက်ခေါ်လာခဲ့လေသည်။ ထိုရဲအရာရှိထွက်သွားပြီးနောက် မိန်းမငယ်လေးမှာ စားပွဲတွင် ခေါင်းငုံ့လျက်၀င်ထိုင်လာခဲ့သည်။ သူမမှာ ၀ိဥာဥ်ပျောက်ဆုံးနေသည့်အလား အပြင်ဘက်မှ အသံများကိုလည်းမကြားနိုင်သလိုပင်။


ရှီကျား ထိုမိန်းကလေးကို အတော်ကြာသည်အထိ ဂရုတစိုက်ကြည့်နေခဲ့လေသည်။ အဆုံးတွင် လှပခြင်းနှင့် ညင်သာမှုတို့ရောယှက်နေသော မျက်၀န်းအစုံကိုကြည့်လိုက်ပြီးမှ သူမမှာ တခါက သူတို့ကွန်ပျုတာသိပ္ပံဌာန၏ပန်းကလေး ၀မ်ယွီဖြစ်ကြောင်း အတည်ပြုလိုက်နိုင်လေသည်။


သူမ၏မျက်နှာပေါ်တွင် ရှည်လျားသောအမာရွတ်ကြီးရှိကာ ၄င်းမှာ မပျောက်ကင်းနိုင်တော့ပုံပင်။ ထိုအမာရွတ်မှာ သူမ၏နဖူးပေါ်တွင်ဖြစ်သည်။ ၄င်းမှာ သူမ၏လှပသောမျက်နှာကိုမဖျက်ဆီးလိုက်နိုင်သော်လည်း လူတိုင်းကိုအကြည့်မလွှဲနိုင်အောင်တော့ဖြစ်စေလေသည်။ သူမမှာအလွန်ပိန်ကျသွားသဖြင့် သူမ၏အလှအပတို့အလွန်မှိန်ဖျော့သွားခဲ့ချေပြီ။ ယခင်ကဌာနတစ်ခုလုံးရူးသွပ်စေခဲ့သည့် တောက်ပသောမျက်၀န်းအစုံမှာ ယခုမူ အသက်၀ိဥာဥ်ကင်းမဲ့လျက် ရေသေအိုင်နှယ်တည်ငြိမ်နေခဲ့လေသည်။


ရှီကျား၏အတွေးတို့ အသာတုန်လှုပ်သွားခဲ့သည်။ အဘယ်ကြောင့်မူ ထိုမျက်နှာကိုကြည်၍ သူမမှာ တစ်ခါကမည်သို့အကြည့်မျိုးရှိခဲ့သည်ကို ပြန်စဥ်းစား၍မရတော့သောကြောင့်ပင်။ 


အတော်ကြာမှ သူကပြုံးလျက်ဆိုလိုက်သည်။


"၀မ်ယွီ ငါ့ကိုမှတ်မိသေးလား..ငါကမင်းကောလိပ်တုန်းကအတန်းဖော်ပါ..ငါ့နာမည်က.."


"ရှီကျား.."


ခပ်အက်အက်မိန်းကလေးအသံက ဧည့်တွေ့ခန်းထဲမှ တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်လေသည်။


ရှီကျား၏အသံ တန့်သွားခဲ့သည်။


မီးခြစ်ဆံတစ်ချောင်းနှယ်ပိန်ပါးသော အမျိုးသမီးမှာ သူမ၏ခေါင်းကိုဖြည်းညှင်းစွာမော့လာခဲ့ပြီး မှန်၏တဖက်ခြမ်းမှ လူရွယ်လေးအား တုန်လှုပ်နေသောမျက်၀န်းများနှင့်ကြည့်လာခဲ့လေသည်။


"ရှင်က..ရှီကျား.."


ကောလိပ်တက်စဥ်က ရှီကျားမှာ အလွန်သီးခြားဆန်လေသည်။ 


မောက်ထိုင်ကျောက်မှာ သူ၏နေ့စဥ်နှင့်အမျှတိုးလာသော ယင်စွမ်းအင်ကို ဖိနှိပ်နိုင်ခြင်းမရှိတော့လေရာ အခြားသူများမထိခိုက်စေရန်အလို့ငှာ သူကချန်းထောင်နှင့်သာ ပြောဆိုဆက်ဆံလေသည်။ ထိုကောလိပ်တတိယနှစ်တွင် သူသည်ကျောင်းဆောင်မှ အပြင်သို့တစ်ယောက်နေရန်ပြောင်းရွေ့သွားကာ ကျောင်းတွင်ဖြစ်ပျက်နေခဲ့သည့် ကိစ္စများနှင့်အလှမ်းကွာသွားတော့သည်။


အချိန်များဖြတ်ခနဲကုန်လွန်သွားလျက် သူဘွဲ့ရခဲ့သည်က၁နှစ်ကျော်ခဲ့ပြီဖြစ်ကာ ကောလိပ်မှာ မှတ်ဥာဏ်တစ်ခုအဖြစ်သာကျန်ရစ်တော့သည်။


ရှီကျားမှာ သူ၏အရှေ့ရှိ မှန်တဖက်ခြမ်းမှမိန်းကလေးကိုကြည့်နေခဲ့လေသည်။ ထိုဖြူဖျော့နေသောမျက်နှာပေါ်တွင် တချိန်က ယုံကြည်ချက်အပြည့်နှင့်တောက်ပမှ၍များကို ပြန်လည်ရှာဖွေကြည့်လိုက်မိငည်။ အဆုံးတွင်တော့သူသည်သက်ပြင်းကိုသာ အသာချလိုက်မိလေသည်။


ရှီကျား၏ ၀မ်ယွီအပေါ်ရှိသောမှတ်ဥာဏ်များမှာ ပထမနှစ်သူ့အားစာပေးခဲ့ခြင်းနှင့် ဘွဲ့အခမ်းအနားတွင် လူသိရှင်ကြားလက်ထပ်ခွင့်တောင်းခြင်းမြင်ကွင်းနှင့် ဒုတိယနှစ် ပြဇာတ်ပင်ဖြစ်သည်။


Sတက္ကသိုလ်၏ဒရာမာ clubမှာ နှစ်၁၀၀သမိုင်းနှင့်နာမည်ကြီးလေသည်။ လတိုင်းတွင်ကျောင်းတွင်းနှင့် ကျောင်းပြင်တို့၌ ပြဇာတ်များအမြဲရှိတတ်သည်။ ဒရာမာclub၏ထောက်တိုင်ကြီးအဖြစ် ၀မ်ယွီမှာ ဒုတိယနှစ်တွင် ကျောက်မျိုးရိုး၏မိဘမဲ့ဟူသောပြဇာတ်ထဲတွင် ပါ၀င်ခဲ့လေသည်။ ရှီကျားမှာ ချန်းထောင်ထံမှ CSဌာန၏ကိုယ်စားပြုအဖြစ် ဌာန၏ပန်းကလေးကိုအားပေးရန်ဆိုကာ အတင်းဆွဲခေါ်လာခဲ့လေသည်။ ဆလိုက်မီးများထိုးထားသောစင်မြင့်ပေါ်တွင် လှပကျော့ရှင်းသောမိန်းကလေးမှာ တောက်ပသောအနီရောင်၀တ်စုံကို၀တ်ဆင်ထားပြီး လူအုပ်တစ်ခုလုံးကိုဖမ်းစားထားခဲ့လေသည်။


ထိုစဥ်ကရှီကျားပင်လျှင် ဌာနပန်းကလေးဆိုသည်မှာ အမည်သက်သက်သာမဟုတ်ကြောင်း လက်ခံခဲ့မိလေသည်။ သို့သော်ယခုမူ...


ရှီကျားမှာ သူ၏ရှေ့မှ ပိနိကပ်နေသောအမျိုးသမီးကိုကြည့်လိုက်မိသည်။ အတော်ကြာတိတ်ဆိတ်နေပြီးမှ သူကညင်သာစွာဆိုလိုက်လေသည်။


"အင်း..ငါရှီကျားပါ"


၀မ်ယွီ သူ့အား တိတ်တဆိတ်မော့ကြည့်လာခဲ့လေသည်။ သူအားတစ်ချက်မျှကြည့်ပြီးသည်နှင့် သူမမှာချက်ချင်းအကြည့်လွှဲလျက် သူမ၏မျက်နှာကို ဆံပင်များကြား၀ှတ်လျက် ရှီကျားမှသူမအားစိုက်ကြည့်နေခြင်းကိုငြင်းဆန်နေခဲ့လေသည်။


ရှီကျားမှာ အတွေးတစ်ခုနှင့်အတူ တစ်စုံတစ်ခုကိုရုတ်ချည်းနားလည်သွားခဲ့လေသည်။ သူက၀မ်ယွီကိုကြည့်လျက် သူ၏ဘေးမှ ယဲ့ကျင်းကျီကိုကြည့်လိုက်သည်။ ဆရာယဲ့မှာ ဖြောင့်တန်းစွာထိုင်လျက် သူတို့၂ဦးပြောဆိုနေသည်ကို အလေးအနက်နားထောင်နေခဲ့လေသည်။ ရှီကျားကသူ့အား ရုတ်တရက်ကြည့်လာသည်ကိုမြင်လျှင် သူသည်လည်းရှီကျားကို ရှုပ်ထွေးစွာလှည့်ကြည့်လာခဲ့လေသည်။ ရှီကျားခေါင်းခါလျက် အရှေ့သို့ပြန်လှည့်သွားခဲ့လေသည်။


အင်း..ဆရာယဲ့ကကြည့်ရတာ လူကဲသိပ်မခတ်တတ်တော့ ၀မ်ယွီနဲ့သူ့ကြားကကိစ္စကိုမရိပ်မိဘူးထင်တယ်..


ရှီကျားမှာ သူ၏အတန်းဖော်ဟောင်းအပေါ် စိတ််မကောင်းဖြစ်မိရုံးသာဖြစ်ကာ ကြိုက်နှစ်သက်သည့်ခံစားချက်မျိုးလုံး၀မဟုတ်ချေ။ သူသာ၀မ်ယွီကိုနှစ်သက်ခဲ့လျှင် သူမ၏စာကိုငြင်းခဲ့မည်မဟုတ်သလို ထိုဘွဲ့အခမ်းအနားတွင် သူမလက်ထပ်ခွင့်တောင်းခံခဲ့ရခြင်းကိုလည်း လျစ်လျူရှူနေခဲ့မည်မဟုတ်ချေ။


တချို့စကားများမှာပြောစရာမလိုချေ။ သူ၀မ်ယွီကိုတွေ့လိုက်စဥ်မှာပင် ယခင်ကကျောင်းပန်းကလေး၏ဘ၀မှာ မချောမွေ့ခဲ့ကြောင်းဆိုနိုင်လေသည်။


သူမ၏မျက်နှာပေါ်မှ ဒဏ်ရာကိုဖုံးကွယ်၍မရချေ။ ထိုအမှတ်ကိုကြည့်လျက် ၄င်းမှာလွန်ခဲ့သော ၁နှစ်ခန့်က ဓါးဖြင့်မွှန်းခံရသောဒဏ်ရာဖြစ်နိုင်သည်ဟုတွေးမိလေသည်။ ထိုအမာရွတ်မှလွဲလျှင် ၀မ်ယွီ၏ နှုတ်ခမ်းဘေးနှင့် မျက်လုံးများမှာ ညိုမဲများစွဲနေခဲ့လေသည်။ ရှေ့အပတ်ကသူမမှာ ရဲများထံမှ ဖမ်းဆီးခံခဲ့ရလေသည်။ ထိုအချိန်က သူမဒဏ်ရာရခဲ့ခြင်းမဖြစ်နိုင်ချေ။ ထိုညိုမဲစွဲသောဒဏ်ရာများမှာ သူမအဖမ်းမခံရခင်ကဖြစ်နိုင်လေသည်။ 


လင်ရှောင်းသည် လွန်ခဲ့သော လ၀က်ကျော်ကသေဆုံးခဲ့သည်။ ကြားထဲတွင် ၀မ်ယွီ တစ်ပတ်ကျော်မှပြေးနေခဲ့ရသည်။ သူမ၏ဒဏ်ရာများမှာ ထိုတစ်ပတ်အတွင်း ရိုက်နှက်ခံခဲ့ရခြင်းမဖြစ်နိုင်ချေ။ ဂရုတစိုက်တွေးကြည့်မိလျှင် ၄င်းမှာ လင်ရှောင်းမသေမီက သူမ၏ရိုက်နှက်ခဲ့သော ဒဏ်ရာများဖြစ်နိုင်လေသည်။


ထိုအချိန်တုန်းက သူမမှာမည်မျှပင်ပြင်းထန်အောင်အရိုက်ခံခဲ့ရ၍ သူမဒဏ်ရာများမှာ ယခုထိတောင်မပျောက်ကင်းသေးပါသနည်း။


သူမ၏ဖုံးကွယ်ထားသောအ၀တ်များအောက်တွင် ထိုထက်မကသောဒဏ်ရာများစွာ ရှိနေနိုင်လေသည်။


အင်တာနက်ပေါ်တွင် လူအများက ၀မ်ယွီအား 'အဆိပ်ပြင်းသော မြွေလိုမိန်းမ'ဟုဆိုကြသည်။ အဘယ်ကြောင့်မူ ထိုသတင်းကိုတင်စဥ်က သတင်းမီဒီယာမှာ ပို၍စိတ်၀င်စားစရာကောင်းရန်အလို့ငှာ သူတို့၏ဘွဲ့အခမ်းအနားဓါတ်ပုံကိုသုံးခဲ့၍ပင်။ ထို့အပြင် လင်ရှောင်း၏မိသားစုမှာ သူမ၏ကောလိပ်၂နှစ်စာကိုထောက်ပံ့ခဲ့သည့်အပြင် သူမ၏အဖေမနာကျန်းဖြစ်စဥ်တွင်ပင် ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်းဆိုခဲ့လေသည်။


ထိုဘွဲ့အခမ်းအနားတွင် ဤကြင်နာတတ်၍ ရိုးသားသောလူရွယ်ကလေးမှာ သူ၏ကောင်မလေးကို အားလုံးရှေ့တွင်လက်ထပ်ခွင့်တောင်းခဲ့ပြီး တစ်ကျောင်းလုံး၏ကောင်းချီးပေးမှုကိုရရှိခဲ့လေသည်။ သူတို့မှာ ကံကြမ္မာခြင်းချည်နှောင်ပြီးနောက် ပျော်စရာစုံတွဲတစ်တွဲဖြစ်လာသင့်လေသည်။ သို့တိုင်အောင်ထိုလူရွယ်လေးမှာ အဆုံးသတ်မကောင်းခဲ့ချေ။


ထို၀ါးတားတားဘွဲ့ဓါတ်ပုံမှာCSဌာနပန်းကလေး၏အလှကိုမဖုံးကွယ်နိုင်ခဲ့ချေ။ ထိုစဥ်က၀မ်ယွီမှာ ပျော်ရွှင်ကာတောက်ပသောမိန်းကလေးပင်။ သူမက ကင်မရာထံတောက်ပစွာပြုံးပြနေခဲ့လေသည်။ ယခုမူအင်တာနက်ပေါ်မှလူအများမှာ ထိုအပြုံးကိုကျိန်ဆဲနေခဲ့ကြလေသည်။


: 【 အပျက်မ..အဆိပ်ပြင်းတဲ့ဟာမ သေဒဏ်ပေးပါစေ ! 】


သတင်းဌာနအများစုမှာ သတင်း၏တပိုင်းတစမျှကိုသာတင်ကြလေသည်။ မည်သို့သတင်းမျိုးကပွဲဆူစေသည်ဖြစ်စေ ၄င်းကိုတင်ကြမည်ပင်။ ထိုသတင်းများအောက်တွင် အင်တာနက်ပေါ်မှလူများမှာ ၀မ်ယွီမည်မျှခံစားခဲ့ရသည် ဘယ်လိုပုံဖြစ်နေသည်ကိုမမြင်ပဲ သူမ၏ယခင်က ငယ်ရွယ်တောက်ပသောအလှတရားကိုသာမြင်နိုင်ကြလေသည်။


ရှီကျားမှာ စားပွဲကိုစိုက်ကြည့်နေမိခဲ့သည်။ အတော်လေးကြာပြီးမှသူကဆိုလိုက်သည်။


"မင်း သူ့ကိုမသတ်ခဲ့ဘူးဆိုတာ ငါသိတယ် ."


၀မ်ရွီ၏ကိုယ်မှာတုန်ခါသွားသော်လည်း သူမ၏ခေါင်းကိုမော့မလာသေးချေ။ 


ရှီကျား၏လေသံမှာ ညင်သာ၍ တည်ငြိမ်နေခဲ့လေသည်။ 


"ဒီကိစ္စကိုအခုထိ အမိန့်မချနိုင်သေးဘူးဆိုတာ..ရဲတွေကမင်းလိုအားနည်းတဲ့မိန်းကလေးက လင်ရှောင်းကိုအဲဒီလောက်အချိန်တိုအတွင်းမှာ အဲဒီလိုနည်းလမ်းနဲ့မသတ်နိုင်ဘူးဆိုတာ သိလို့ပဲ..."


၀မ်ယွီ၏အမူအရာမှာ ဆံပင်များကြားတွင်ဖုံးကွယ်ခံစားရပြီး သူမကစကားတခွန်းမှမဆိုခဲ့ချေ။


ရှီကျား ယဲ့ကျင်းကျီကိုလှည့်ကြည့်လိုက်သည်။ သူတို့အကြည့်ချင်းဆုံမိချိန်တွင် ယဲ့ကျင်းကျီ ခေါင်းညိတ်ပြလိုက်သည်။




👻