"မဏိနှင့်တော်၀င်....နင်တို့၂ယောက်သီချင်းဆိုတတ်မှန်းတောင်မသိလိုက်ဘူး...အသံတွေကရှယ်ပဲ...."
"ဟုတ်ပါ့...မင်းတို့၂ယောက်ကအသံကောင်းတွေရှိတာကိုလျှိုထားကြတယ်ပေါ့...."
မိုးမခနှင့်ပန်းလေးကတော့မဏိတို့ကိုချီးမွမ်းခန်းဖွင့်နေကြတယ်....
"မင်းတို့၂ယောက်ကတော့စွတ်ချီးမွမ်းနေတယ်....ငါနှင့်မဏိရဲ့အသံကပုံမှန်ပါပဲ...."
"အေးလေ..."
သျှားရဲ့အပြောကိုမဏိ၀င်ထောက်ခံလိုက်တယ်....ထိုအချိန်မှာပန်းလေးကိုခပ်ချောချော၊ခပ်မိုက်မိုက်ကောင်လေးကလာပြီးနှုတ်ဆတ်တယ်.....
"Flower....နင်ပန်းမို့မို့မလား???"
ပန်းလေးကထိုသူကိုလှည့်ကြည့်လိုက်တယ်....
"ဟုတ်ပါတယ်...ဘယ်သူများလဲ???"
"Flowerရယ်....ငါနင့်ကိုflowerလို့ခေါ်နေတာတောင်မမှတ်မိဘူးလား???"
ပန်းလေးတယောက်မျက်ခုံးနှစ်ခုတွန့်ချိုးကာစဥ်းစားခန်းလိုက်တယ်.....
"နင်ဟန်သာမဟုတ်လား???"
"အခုမှမှတ်မိတာလား???"
ပန်းလေးတယောက်ပျော်ရွှင်ပြီးငယ်သူငယ်ချင်းဖြစ်တဲ့ဟန်သာကိုဖက်လိုက်တယ်....ထိုမြင်ကွင်းကြောင့်မျက်နှာပျက်သွားသူကမိုးမခပါ....မဏိမိုးမခမျက်နှာပျက်ယွင်းသွားသည်ကိုသတိထားမိတယ်....
"ကောင်စုတ်လေး...နင်ဘယ်တုန်းကရန်ကုန်ရောက်တာလဲ???ငါ့တောင်မပြောဘူး...."
"ပြန်ပြောင်းလာတာတော့မကြာသေးပါဘူး...daddyကလည်းရန်ကုန်မှာတာ၀န်ပြန်ကျနေပြီလေ...အဲ့တာကြောင့်ဒီမှာပဲတက္ကသိုလ်ဆက်တက်ဖြစ်တာ...."
"ဟုတ်လား???ကောင်းတာပေါ့...ငါတို့သူငယ်ချင်း၂ယောက်ပြန်ဆုံကြပြီ....နင်နှင့်ငါနှင့်ကလည်းတိုက်တိုက်ဆိုင်ဆိုင်တက္ကသိုလ်လာတူနေတယ်...."
"ကံမကုန်လို့ပြန်ဆုံရတာပေါ့ဟာ....."
သူပြောတာဟုတ်ပါတယ်...ဟန်သာကအလယ်တန်းကတည်းကသူ့အဖေတာ၀န်ကျတဲ့စစ်ကိုင်းကိုပြောင်းသွားတာ...ပန်းလေးနှင့်အဲ့ကတည်းကကွဲသွားတာ....ငယ်သူငယ်ချင်းကိုမထင်မှတ်ပဲပြန်တွေ့ရလို့ပန်းလေးအရမ်းပျော်မိတယ်....
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"ဒါနှင့်နင်ဘာမေဂျာတက်နေလဲ???"
"ငါကlawတက်နေတာ...နင်ရော..."
"ငါကenglish...နင်ပြောတော့၁၀တန်းအောင်ရင်koreaသွားပြီးကျောင်းဆက်မှာဆို....အခုတော့ဘယ်လိုဖြစ်တာလဲ???"
"ဘယ်လိုဖြစ်ရမှာလဲ???ဟောဒီကချစ်သူငယ်ချင်းလေးကြောင့်ပေါ့...."
ပန်းလေးကမဏိပုခုံးကိုဖက်ပြီးပြောနေတယ်....
"ဟန်သာ...ဒါငါ့ချစ်ဆုံးလေ....နာမည်ကမဏိစိမ့်တဲ့...မှတ်ထားနော်...မဏိသူကငါ့ငယ်သူငယ်ချင်းဟန်သာတဲ့....အလယ်တန်းထဲကကွဲသွားပြီးအခုမှပြန်ဆုံတာ...."
ပန်းလေးကသူ့သူငယ်ချင်းနှင့်မဏိကိုမိတ်ဆတ်ပေးတယ်....
"ကျွန်တော့်နာမည်ဟန်သာပါ....flowerရဲ့သူငယ်ချင်းပါ...."
"ဟုတ်ကဲ့...ကျွန်မကမဏိစိမ့်ပါ...."
"Flower...ငါသူငယ်ချင်းတွေနှင့်ချိန်းထားလို့သွားလိုက်အုန်းမယ်....နောက်ရက်ကျမှနင့်အိမ်လာလည်တော့မယ်....အရင်လိပ်စာပဲမလား???"
"ဟုတ်တယ်....သေချာလာခဲ့နော်...."
"အေးပါ..."
ဟန်သာကမဏိတို့ကိုနှုတ်ဆတ်ပြီးထွက်သွားတော့တယ်....
"ပန်းလေး....အဲ့တာဘယ်ကကောင်လဲ???"
ပန်းလေးကိုဘုဆတ်ဆတ်နှင့်မေးလာသည့်မိုးမခ....
"အောင်မယ်...အောင်မယ်...သူများသူငယ်ချင်းများ....ရာရာစစ..."
"မေးတာသာဖြေပါ..."
"ငယ်သူငယ်ချင်းပါဆို...ရှင်မကြားဘူးလား...."
"သူငယ်ချင်းဆိုတာနှင့်အဲ့လောက်ရင်းရင်းနှီးနှီးနေဖို့မလိုပါဘူး....မင်းတို့ကလွန်ကိုလွန်တယ်...."
"ရှင်နော်...ကျွန်မကိုယ်ရေးကိုယ်တာကိစ္စတွေ၀င်မပါ ပါနှင့်...ကျွန်မမကြိုက်ဘူး...."
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
ချစ်သူရည်စားတွေလိုရန်ဖြစ်နေသည့်ပန်းလေးနှင့်မိုးမခတို့ကိုမဏိတွေတွေလေးကြည့်နေမိတယ်....သူတို့၂ယောက်ကအကြောင်းအရင်းမရှိပဲဘာလို့ရန်ထဖြစ်ကြတာလဲ...မဏိခေါင်းထဲမှာနားမလည်နိုင်တဲ့မေးခွန်းများစွာ....
"မဏိ...သူတို့၂ယောက်ကိုထားလိုက်...."
သျှားမဏိနားနားကပ်ကာတိုးတိုးလေးပြောလိုက်တယ်....သျှားကမဏိကိုတနေရာခေါ်လာခဲ့တယ်....
သူခေါ်လာသည့်နေရာလေးကလူရှင်းပြီးသစ်ပင်ကြီးတွေများစွာရှိနေသည့်နေရာ...ကျောင်း၀င်းထဲမှာဒီနေရာရှိနေမှန်းတောင်မဏိမသိဘူး....
"သျှား....ပန်းလေးနှင့်မိုးမခကအကြောင်းအရင်းမရှိပဲဘာလို့ရန်ထဖြစ်ကြတာလဲ....မဏိတော့နားမလည်နိုင်တော့ဘူး...."
"ကိုလည်းသေချာတော့မသိပါဘူး....မဏိရယ်....ဒါပေမဲ့စိတ်ထင်တာတခုတော့ရှိတယ်...."
"ဘာလဲဟင်....မဏိကိုပြောပြပါလား???"
"သ၀န်တိုနေတယ်လို့ထင်တယ်...."
"သ၀န်တိုတာချစ်သူရည်းစားတွေကြားမှာဖြစ်လေ့ရှိတာမလား???မိုးမခနှင့်ပန်းလေးကချစ်သူတွေမှမဟုတ်တာ..."
သူမအမေးလေးကြောင့်ကျွန်တော်ပြုံးလိုက်မိတယ်....ဒီကောင်မလေးအချစ်အကြောင်းတကယ်ဘာမှမသိတာပဲ....တကယ်အဖြူထည်လေး....
"သ၀န်တိုတယ်ဆိုတာချစ်သူရည်စားတွေမှဖြစ်တာမဟုတ်ဘူး...မဏိရဲ့...တယောက်ယောက်ကိုချစ်မိသွားရင်လည်းသ၀န်တိုတတ်တယ်....ကိုချစ်နေတဲ့သူတယောက်ကကိုမဟုတ်တဲ့အခြားတယောက်နှင့်အတူရှိနေရင်သ၀န်တိုတတ်ကြတာပဲလေ...."
"ဟင်....ဟုတ်လား???"
"မင်းမှာလည်းပန်းလေးလိုယောကျ်ားလေးသူငယ်ချင်းရှိရင်ကိုသ၀န်တိုမိမှာပဲ...."
"ရှင်!!!"
မျက်လုံးလေးအ၀ိုင်းသားဖြစ်သွားသည့်ကျွန်တော့်ရဲ့မဏိလေး....
"ဟုတ်တယ်...မဏိကိုကျွန်တော်ချစ်မိနေလို့...မဏိနားမှာဘယ်ယောကျ်ားလေးမှမရှိစေချင်ဘူး...."
ကျွန်တော်မရည်ရွယ်ပဲမဏိကိုကျွန်တော့်ခံစားချက်တွေကိုဖွင့်ဟလိုက်မိတယ်....
"သျှား..."
မဏိအံ့သြလွန်းလို့ဘာစကားမှပြန်ပြောနိုင်ခြင်းမရှိတော့....သူနှင့်မဏိသိတာရက်ပိုင်းပဲရှိသေးတာလေ....အခုလိုဖွင့်ပြောခံလိုက်ရမယ်လို့မထင်ထားမိပါ....
"သျှားရယ်...မဏိက...."
"ကျွန်တော့်ကိုချက်ချင်းကြီးအဖြေပေးဖို့မတောင်းဆိုပါဘူး....ဒါပေမဲ့ကျွန်တော့်ကိုတော့စဥ်းစားပေးပါနော်....မဏိ..."
မဏိသျှားရဲ့စကားတွေကိုမငြင်းဆန်နိုင်ခဲ့ပေ....ချစ်သူရည်းစားထားခွင့်မရှိတဲ့မဏိကယောကျ်ားလေးတွေကိုတခါမှမလှည့်ကြည့်ဖူးပေမဲ့သျှားကိုတော့ခံစားချက်တွေပိုနေမိတယ်.....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
Chapter-8 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰