မဏိတို့ကျောင်း၀န်းထဲမှာမုန့်တွေပတ်စားကြတာဗိုက်တွေကိုဖောင်းတင်းလို့....သူငယ်ချင်း၄ယောက်ဗိုက်တင်းလို့လမ်းလျှောက်လိုက်ဗိုက်ချောင်ရင်မုန့်ထပ်စားလိုက်နှင့်....အဆင်တွေကိုပြေလို့....
ကျွေးတဲ့မုန့်တွေကတော့ရှည်တွေချည်းပဲ....ပထ၀ီမေဂျာကဟော့ဒေါ့၊အင်္ဂလိပ်မေဂျာကဒံပေါက်၊ရူပဗေဒမေဂျာကတော့ဒင်ဆမ်း၊ဓာတုဗေဒမေဂျာကခေါက်ဆွဲကြော်၊ecoမေဂျာကဟမ်ဘာဂါ....စားစရာတွေမှစုံလို့....အရသာတွေကအရမ်းကောင်းတော့စားတာရပ်လို့ကိုမရတော့တာ....
ဌာနာအချင်းချင်းဘယ်ဌာနကျွေးတာအကောင်းဆုံး၊ဘယ်ဌာနကျွေးတာအညံ့ဆုံးလို့ယှဥ်ပြိုင်ခြင်းမရှိပဲပျော်စေချင်ရုံသက်သက်ဖြင့်စေတနာနှင့်ဌာနတိုင်းကပိုက်ဆံစုပြီးမုန့်ကျွေးကြတာဖြစ်တယ်....
"မုန့်တွေစားလို့ကောင်းလိုက်တာ...ဗိုက်ကိုပြည့်တင်းနေတာပဲ...."
ပန်းလေးကသူ့ဗိုက်ကလေးကိုပွတ်ရင်းပြောတယ်....
"ဟုတ်ပါ့....ငါတို့ပွဲသွားကြည့်ကြရအောင်....အခုဆိုပွဲစနေလောက်ပြီ...."
"အေး...ဟုတ်သားပဲ...မေ့နေတာ....သွားကြရအောင်....စီနီယာချောချောလေးကိုသွားငမ်းရမယ်...."
ပန်းလေးကရွှတ်ရွှတ်နောက်နောက်ပြောလိုက်ပေမဲ့ဘေးကနေမျက်နှာတည်တင်းသွားသူတွေကမိုးမခနှင့်သျှား......
"အေး...ဟုတ်တယ်...မျက်စိစာသွားကျွေးရအောင်...."
မဏိကလည်းပန်းလေးကိုပြန်နောက်လိုက်တယ်....
"ဘယ်သွားမလို့လဲ...."
သျှားကမဏိတို့စကား၀ိုင်းထဲ၀င်လာတယ်....
"Mainဆောင်မှာစီနီယာဖျော်ဖြေတာသွားကြည့်မလို့လေ...."
Mainဆောင်မှာအဆိုအက၀ါသနာရှင်တွေဖျော်ဖြေကြမှာလေ...ပျော်ပွဲရွှင်ပွဲပေါ့....
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"အွန်း...အဲ့တာဆိုလည်းအတူတူသွားကြည့်ရအောင်...."
အစမသွားဖို့လုပ်ထားပေမဲ့သူမကိုစိတ်မချတာကြောင့်ကျွန်တော်လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်....
"ငသျှား...မင်းပြောတော့မသွား...."
အရေးထဲ၀င်ရှည်နေသည့်မိုးမခကိုကျွန်တော်တံတောင်နှင့်လှမ်းတွတ်ကာတားလိုက်ရတယ်....ထိုအခါကျမှပါးစပ်ပိတ်သွားတဲ့မိုးမခ....
ကျွန်တော်တို့mainဆောင်ကိုသွားနေတုန်းကောင်လေးတွေရဲ့အကြည့်တွေကမဏိဆီမှာ...ကျွန်တော်သ၀န်တိုတွေတိုပြီးဒေါသတွေအလိပ်လိုက်ထွက်လာတော့တယ်....
သူမကိုကြည့်နေတဲ့ကောင်တွေကိုကျွန်တော်ဘုဆတ်ဆတ်နှင့်ပြန်ကြည့်ပေးလိုက််တယ်....ထိုအခါကျမှသကောင့်သားတွေကအကြည့်လွှဲသွားတော့တယ်....
ကောင်မလေးရယ်...မင်းကနတ်မိမယ်လေးလိုသိပ်လှနေတော့ကိုရင်တွေပူနေရတယ်....ဖြစ်နိုင်ရင်မင်းလေးကိုကိုယ့်ရင်ခွင်ထဲမှတသက်လုံးသိမ်းထားချင်မိတယ်ကွာ.....
မဏိတို့လွတ်နေတဲ့နေရာမှာ၀င်ထိုင်လိုက်ပြီးပွဲကြည့်နေလိုက်တယ်....စီနီယာတွေရဲ့အသံတွေကကောင်းချက်...တကယ့်အဆိုတော်ကြီးတွေအတိုင်းပဲ....အကperformanceတွေကလည်းလှပြီးကြည်သိပ်ကိုကြည့်ကောင်းတယ်....
"2018အတွက်တကျောင်းလုံးကပေးတဲ့အလှဘုရင်နှင်အလှဘုရင်မလေးကိုကြေညာပေးတော့မှာပါရှင်....အားလုံးပဲသိချင်နေကြပြီလို့ထင်ပါတယ်...."
"ဟုတ်ပါတယ်...."
မနှစ်ကqueenဘွဲ့ရထားတဲ့စီနီယာမမရဲ့အမေးကိုအားလုံးကတညီတည်းပြန်ဖြေကြတယ်....
💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"ပထမဆုံးkingဘွဲ့ရသွားတဲ့သူကိုကြေညာပေးပါ့မယ်နော်....kingဘွဲ့ရသွားတဲ့ကောင်လေးကlaw majorကပဲ...."
စီနီယာမမရဲ့စကားအဆုံးမှာအခန်းတခုလုံးဆူညံသွားတယ်....
"2018ပညာသင်နှစ်အတွက်တကျောင်းလုံးကပေးတဲ့kingဘွဲ့ကိုရရှိသွားတဲ့သူကတော့law majarမှတောင်၀င်သျှားပဲဖြစ်ပါတယ်...."
စီနီယာမမရဲ့စကားအဆုံးမှာလက်ခုပ်သံတွေဟာအခန်းတခုလုံးပြည့်သွားတော့တယ်....
ဟင်....ကျွန်တော်လား???ကျွန်တော်ကkingဘွဲ့ရမယ်လို့စိတ်တောင်မကူးဖူးဘူး....ဘယ်လိုဖြစ်တာလဲ???
"ဟေ့ကောင်...သျှား....ဘာလုပ်နေတာလဲ???စင်ပေါ်တက်တော့လေ...အားလုံးကမင်းကိုစောင့်နေကြတာ...."
"အော်...အေး..."
ကျွန်တော်စင်ပေါ်တက်သွားလိုက်တယ်....စီနီယာအမကကျွန်တော့်ကိုသရဖူချီးမြှင့်ပြီးပန်းစည်းလေးလဲထပ်ချီးမြှင့်တယ်....
"အခုတော့အလှဘုရင်မလေးကိုကြေညာရမဲ့အချိန်ကျရောက်လာပြီပေါ့နော်....wow!!!သူလေးကလည်းlaw majorကပဲ.....2018ပညာသင်အတွက်queenဘွဲ့ကိုရရှိသွားတဲ့သူကတော့law majorကျောင်းသူလေးမဏိစိမ့်ပါရှင်...."
"မဏိ...နင်queenဘွဲ့ရတယ်...၀မ်းသာလိုက်တာဟယ်...."
ပန်းလေးကမဏိကိုဖက်လိုက်ကာဂုဏ်ပြုပေးနေတယ်....
"ကျေးဇူးပဲ...."
မဏိလည်းစင်ပေါ်တက်သွားလိုက်တယ်...လူအများကြီးကမဏိကိုကြည့်နေကြတာကြောင့်ရင်တွေတုန်နေမိတယ်....ဘေးမှားသျှားရှိနေလို့သာစိတ်နည်းနည်းငြိမ်သွားခဲ့ရတာ...
စီနီယာမမမဏိကိုသရဖူဆောင်းပေးပြီးပန်းစည်းလေးပေးတယ်....
"kingလေးနှင့်queenလေးရဲ့သီချင်းဆိုသံလေးကြားပါရစေ...."
ဧည့်ပရိသတ်တွေကမဏိနှင့်သျှားနှင့်ကိုသီချင်းဆိုပေးဖို့တောင်းဆိုနေကြတယ်.....အဲ့တော့မဏိနှင့်သျှားလည်းပရိသတ်ကိုသီချင်းတပုဒ်တင်ဆက်ဖို့ဖြစ်လာခဲ့တယ်.....
တီးလုံးသံချိုချိုလေးနှင့်အတူသျှားရဲ့ဆွဲဆောင်မူရှိတဲ့အသံလေးကဟာခန်းမတခုလုံးကိုလွှမ်းခြုံသွားတော့တယ်....အဆိုတော်တယောက်လိုခပ်မိုက်မိုက်သီဆိုနေတဲ့သျှားကိုမဏိငေးကြည့်နေမိတယ်....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-7 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰