ကျွန်တော်မဏိအတွက်ဖိနပ်လှလှလေးတရံကိုအမြန်သွား၀ယ်လိုက်တယ်.....ဖိနပ်လေး၀ယ်ပြီးတာနှင့်ကျောင်းကိုပြမန်လာခဲ့လိုက်တယ်....
"မဏိ....ကျွန်တော်မဏိအတွက်ဖိနပ်၀ယ်လာပေးတယ်...."
"သျှားရယ်....အားနာစရာ...."
"ရပါတယ်....မဏိ၀တ်ကြည့်လိုက်လေ...."
"ဟုတ်..."
သျှား၀ယ်လာပေးတဲ့ဖိနပ်လေးကချစ်စရာလေး....ရှုးဖိနပ်လေးဖြစ်တာကြောင့်ဒေါင့်ဖိနပ်ထက်စာရင်စီးရတာသက်တောင့်သက်သာလည်းဖြစ်တယ်....
ပန်းလေးနှင့်မိုးမခကတော့မဏိတို့၂ယောက်ကိုကြည့်ပြီးအချင်းချင်းလက်တို့ကာရီနေလေတယ်.....
"မနက်ဖြန်ကျရင်fresher welcomeပွဲနော်....မဏိနှင့်ပန်းလေးတို့ရောလာမယ်မလား???"
ကန်တင်းမှာနေ့လည်စာအတူတူစားရင်းမေးလိုက်သည့်သျှား.....
"လာမှာပေါ့....သျှားရဲ့...ဒီပွဲကတသက်မှာတခါပဲကြုံရတဲ့ပွဲလေ....ဘယ်လက်လွတ်ခံလို့မလဲ....နော်...ပန်းလေး...."
"ဒါပေါ့...မနက်ဖြန်လေမုန်တိုင်းတိုက်ရင်တောင်ရအောင်လာမှာ...."
ပန်းလေးရဲ့စကားကြောင့်မဏိနှင့်သျှားအပြင်မိုးမခပါရယ်လိုက်မိတော့တယ်.....
"အန်တီငယ်နှင့်အန်တီလေး....သမီးသွားတော့မယ်နော်...."
"အေး....အေး..."
"စောစောပြန်လာခဲ့ဖို့လည်းမမေ့နှင့်နော်...."
"ဟုတ်ကဲ့ပါ...စိတ်မပူပါနှင့်သမီးကကလေးမှမဟုတ်တော့တာ...."
"ကလေးမဟုတ်လို့စိတ်ပူနေရတာပေါ့....."
"ဟီး....အန်တီတို့ကလည်း...."
မဏိအန်တီတို့ကိုနှုတ်ဆတ်ကာပန်းလေးနှင့်ကျောင်းကိုလာခဲ့လိုက်တယ်....
"မဏိ....တော်၀င်လေ...ဖုန်းတွေတခွမ်ခွမ်ဆက်နေတာသိလား???"
"ဟင်...ဘာဖြစ်လို့လဲ???"
"သူတို့ကကျောင်းကိုရောက်နှင့်နေပြီလေ....အဲ့တာငါတို့မရောက်သေးလို့နားပူနေတာ...."
"သျှားတို့ကတော့ဖြစ်ရမယ်...."
"ဟုတ်ပါ့....အချိန်တန်ရင်ရောက်လာမဲ့ဟာကို...."
💚💚💚💚💚💚💚💚💚💚💚💚💚💚💚
ကျောင်းကိုရောက်တော့ကျောင်းမှာကျောင်းသူ/သားတွေရော၊ကားတွေရောပြည့်ကျပ်နေတာ....fresher welcomeပွဲကြောင့်ဒီနေ့တော့တက္ကသိုလ်ကျောင်းတော်ကြီးကစည်ကားနေတာပေါ့....
မဏိတို့ကားကိုအရိပ်ရတဲ့နေရာမှာရပ်ခဲ့ပြီးဥပဒေဆောင်ဖက်ထွက်လာခဲ့တယ်....ဘာဖြစ်လို့လဲဆိုသျှားတို့နှင့်မဏိတို့အဲ့နေရာမှာချိန်းထားလို့ပဲဖြစ်တယ်.....
မဏိတို့ဥပဒေဆောင်ရှေ့မှာတော့အစားအသောက်တွေကျွေးဖို့ပြင်ဆင်နေကြပြီ....majorတခုချင်းဆီကဆရာ၊ဆရာမတွေနှင့်ကျောင်းသူ/သားတွေစုပြီးလာသမျှကျောင်းသူကျောင်းသားတွေကိုအကျွေးအမွေးနှင့်ဧည့်ခံကြတာဖြစ်တယ်......
မဏိတို့ဥပဒေmajorကတော့ဒါကာ(သျှားနှင့်မိုးမခ)နှစ်ယောက်ကောင်းမူကြောင့်ကြက်ကြော်နှင့်ပီဇာအပြင်colaပါတိုက်နိုင်တယ်....ကျန်တဲ့majorတွေကတော့ဘာတွေကျွေးမလဲမသိသေး.....
သျှားတို့၂ယောက်ကတော့အစားအသောက်တွေကူပြီးပြင်ဆင်နေတယ်....မဏိနှင့်ပန်းလေးလည်းသွားကူလုပ်ပေးလိုက်တယ်....ကြက်ကြော်နံ့လေးတွေကိုမွှေးပြီးပီဇာလေးတွေလည်းcheeseအများကြီးနှင့်မို့စားချင်စရာပင်....
"မဏိ...ကြက်ကြော်နှင့်ပီဇာဘယ်ဟာစားမလဲ???"
"၂ခုလုံးစားချင်တယ်...."
"ဟုတ်ပါပြီဗျာ....ကျွန်တော်ယူပေးမယ်...."
"အော်...မျက်နှာကြီးရာဟင်းဖက်ပါတယ်ကြားဖူးပါတယ်....အခုတော့မျက်နှာချောရာဟင်းဖက်ပါတယ်လို့ပြောင်းပြောရမလိုဖြစ်နေပြီ....မဏိလိုချောချောကျတော့ကြက်ကြော်နှင့်ပီဇာသွားယူပေးမဲ့သူနှင့်...ပန်းလေးကျတော့...ဟွန့်..."
ပန်းလေးကသျှားကိုနှုတ်ခမ်းလေးဆူကာရန်တွေ့နေတော့တယ်.....မဏိတို့သူငယ်ချင်း၃ယောက်လည်းပန်းလေးစကားကြောင့်မနေနိုင်တော့ပဲရယ်လိုက်မိတယ်....
💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"မဏိအတွက်ချည်းမဟုတ်ပါဘူး....ပန်းလေးအတွက်ပဲပါပါတယ်...."
"ပန်းလေးရယ်...မင်းနှုတ််ခမ်းဆူတာကထော်နေတာပဲ...ထော်ရင်းထော်ရင်းနှင့်၀က်ကလေးဖြစ်သွားအုန်းမယ်...."
မိုးမခကပန်းလေးကို၀င်စလိုက်တယ်.....
"ဘာ....ငါက၀က်ဆိုနင်ကကလန်ကလားနှင့်သစ်ကုလာအုတ်...."
ပန်းလေးကမိုးမခကိုလှမ်းရိုက်လိုက်တယ်....မိုးမခနှင့်ပန်းလေးတို့၂ယောက်စကားနိုင်လုကာရန်ဖြစ်နေတာကိုကြည့်ပြီးသျှားနှင့်မဏိရယ်ရတာပါးစပ်တောင်မစိရတော့....
သျှားနှင့်မိုးမခကပီဇာနှင့်ကြက်ကြော်ယူလာပေးပြီးမဏိနှင့်ပန်းလေးတို့ကိုကျွေးတယ်....ပီဇာသားကနူးညံ့နေပြီးcheeseများတော့စိမ့်စိမ့်အိအိလေး....အရမ်းကိုအရသာရှိတယ်....ကြက်ကြော်ကကြွပ်ကြွနေပြီးအနံ့လေးကစမွှေးနေတာ....
"စားလို့ကောင်းလား...မဏိ???"
"ကောင်းတယ်....သျှား..."
"အများကြီးမစားကြနှင့်အုန်းနော်....ပြီးရင်ကျောင်းပတ်ပြီးစားကောင်းတာတွေစားရအုန်းမှာ...."
ပန်းလေးကမဏိတို့ကိုအများကြီးမစားဖို့သတိပေးတယ်.....
"အေး...ငါတို့လည်းစားလို့ပြီးပြီဆိုတော့ကျောင်းထဲလျှောက်ကြည့်ရအောင်...."
"အဲ့တာဆိုသွားကြမယ်လေ...."
မဏိတို့သူငယ်ချင်း၄ယောက်အဆောင်ဖက်ကနေထွက်လာလိုက်တယ်.....
"မဏိ....ပထဝီမေဂျာကဟော့ဒေါ့ကျွေးတယ်တဲ့...ငါတို့အဲ့တာသွားစားရအောင်...."
မဏိရဲ့လက်ကိုချိတ်ကာကလေးတယောက်လိုပြောနေသည့်ပန်းမို့မို့ဆိုသည့်သူငယ်ချင်းလေး....
"မဏိနှင့်သျှားရေ....ငါတို့၀က်ပေါက်စလေးကတော့အခုပဲစားပြီးတာကိုအစားအသောက်အကြောင်းပဲထပ်ပြောနေတာ...."
မိုးမခကပန်းလေးကိုလှမ်းစလိုက်တယ်....
"ဘာ၀က်ပေါက်လဲ....နင်ကမှကလန်ကလျားနှင့်သစ်ကုလားအုတ်...."
ပန်းလေးကလှမ်းရိုက်လိုက်ပေမဲ့မိုးမခကကရှောင်လိုက်တာကြောင့်မရိုက်မိလိုက်....
"ရှက်ပါတယ်....ထိအောင်လည်းမရိုက်နိုင်ဘူး....ရှက်...ရှက်..."
မိုးမခကလျှာလေးထုတ်ကာပန်းလေးကိုပြောင်ပြနေတယ်....
"မိုးမခ...သစ်ကုလားအုတ်....ဒီနေ့နင်လက်နှင့်သေပြီသာမှတ်...."
ပန်းလေးကမိုးမခကိုလိုက်ရိုက်ပါလေရော...မဏိနှင့်သျှားကတော့ကလေးလေးလိုဖြစ်နေသည့်သူငယ်ချင်း၂ယောက်ကိုကြည့်ကာရယ်လိုက်ရတာအူတောင်တတ်တော့မယ်....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-6 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰