"တောက်!!!မဏိငါမိုးမခကိုတော်တော်ဒေါသထွက်တယ်သိလား....သူကပိုင်စိုးပိုင်နက်နှင့်ငါ့ကိုယ်ရေးကိုယ်တာကိစ္စတွေထဲ၀င်ပါနေတာ....ငါ့အဖေတောင်ငါ့ကိုယ်ရေးကိုယ်တာကိစ္စတွေမှာတခါမှ၀င်ပါတာမဟုတ်ဘူး...."
ကျောင်းကအပြန်မှာမိုးမခအကြောင်းပေါက်ပေါက်ဖောက်နေတဲ့ပန်းလေး....မဏိကတော့ပန်းလေးပြောတာကိုသာငြိမ်ပြီးနားထောင်နေလိုက်တယ်....
"မဏိနင်ငြိမ်လှချည်လား???နင်ဘာဖြစ်နေတာလဲ???"
တလမ်းလုံးစကားတခွန်းမှမပြောပဲငြိမ်နေသည့်သူငယ်ချင်းဖြစ်သူကိုပန်းလေးမေးခွန်းထုတ်လိုက််သည်....
"ငါစိတ်ညစ်နေလို့....ပန်းလေးရယ်...."
"ဟယ်...နင်ဘာတွေဖြစ်နေတာလဲ...မဏိ...ငါ့ကိုလည်းပြောပြပါအုန်း...သူငယ်ချင်းရယ်...."
ပန်းလေးကစိတ်ပူစွာဖြင့်မေးခွန်းထုတ်တော့တယ်....
"သျှားကငါ့ကိုချစ်တယ်တဲ့...."
"ဘယ်လို???"
"ဟုတ်တယ်...သျှားကငါ့ကိုချစ်တယ်လို့ဖွင့်ပြောလိုက်တယ်...."
"တော်၀င်နင့်ကိုချစ်နေမှန်းငါရိပ်တော့ရိပ်မိပါတယ်....ဒါပေမဲ့သူဒီလောက်မြန်မြန်ကြီးဖွင့်ပြောလိမ့်မယ်လို့မထင်ထားဘူး....ဒါနှင့်နင်ကဘာလို့စိတ်ညစ်နေတာလဲ....တော်၀င်ကဖွင့်ပြောတာပျော်စရာကို...."
"သူငယ်ချင်းရယ်...နင်ငါ့အကြောင်းအကုန်မသိသေးပါဘူးဟာ...."
"ဘာဖြစ်လို့လဲ???နင်ကတော်၀င်ကိုမကြိုက်လို့လား???"
"ပန်းလေး...ငါ့နင်ကိုငါ့ရင်ထဲကအရာတွေကိုမကွယ်၀ှက်တန်းပြောပြတော့မယ်...ငါအရမ်းမွန်းကြပ်လွန်းလို့....နင်သျှားကိုတော့သွားပြန်မပြောနှင့်နော်...."
"အေးပါ...စိတ်ချ...ငါကတိပေးတယ်...."
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"ငါလေသျှားကိုစတွေ့တဲ့အချိန်ကစပြီးငါနှလုံးသားခုန်ပေါက်နေတာ....သူ့ကိုငါခံစားချက်တွေရှိတယ်...ဒါပေမဲ့...."
ပြောရင်းနှင့်မဏိရဲ့မျက်နှာလေးညှိုးငယ်သွားသည်ကိုပန်းလေးသတိထားမိတယ်....
"သူငယ်ချင်းရယ်...စိတ်ညစ်စရာတွေအကုန်လုံးကိုငါ့ကိုသာဖွင့်ပြောလိုက်...ငါကူညီနိုင်တာရှိရင်ကူညီပေးမယ်...."
"ကျေးဇူးတင်ပါတယ်...သူငယ်ချင်းရယ်...ငါ့မှာနင်ပဲရှိတယ်....ငါယောကျ်ားလေးတွေနှင့်ခပ်ဝေးဝေးနေခဲ့တာကငါ့အန်တီလေးတွေကြောင့်မဟုတ်ဘူး...ငါ့မိဘတွေကြောင့်ပဲ....ပန်းလေး..."
"ဟမ်...ဘာဖြစ်လို့လဲ???"
"မေမေတို့ကငါကျောင်းပြီးတာနှင့်သူ့တို့သူငယ်ချင်းရဲ့သားနှင့်ပေးစားမှာတဲ့...."
"ဟာ!!!ဘယ်လိုကြီးလဲ...နင့်မိဘတွေကမမိုက်ပါဘူး..."
"ဟုတ်တယ်...ငါ့မိဘတွေကစည်းကမ်းအရမ်းကြီးတာ....ပြောရင်ပြောတဲ့အတိုင်းလည်းလုပ်တတ်တာငါအသိဆုံးပဲ....ငါကျောင်းပြီးတာနှင့်လက်ထပ်ရမှာ....ငါသျှားကိုချစ်မိသွားမှာကြောက်နေမိတယ်....ပန်းလေးရယ်...ငါကြောင့်သျှားနာကျင်သွားမှာမမြင်ရက်ဘူးဟာ....သူ့ကိုငြင်းလိုက်ရင်လည်းသူနာကျင်သွားမှာ...ငါဘာဆက်လုပ်ရမလဲဟင်...."
"မဏိရယ်....နင်ကြောက်ဖို့မလိုပါဘူး....အချစ်ကနင့်ကိုသတ္တိတွေအလိုလိုပေးလိမ့်မယ်....နင်နှင့်သျှားရဲ့အချစ်တွေသာစစ်မှန်ခဲ့ရင်အရာအားလုံးကိုအနိုင်ယူသွားလိမ့်မယ်....စိတ်မညစ်နှင့်တော့နော်...."
သနားစရာကောင်းတဲ့သူငယ်ချင်းလေးကိုပန်းလေးနှစ်သိမ့်ပေးလိုက်တယ်....သိပ်ချစ်ရတဲ့သူငယ်ချင်းလေးအတွက်ပန်းလေးလည်းဘာလုပ်ပေးရလဲမသိတော့....
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"ဟဲ့...သား...ဒီနေ့ဘာဖြစ်နေတာလဲ....ထမင်းကောင်းကောင်းမစားပဲရီပဲရီနေတယ်...."
မေမေကကျွန်တော့်ကိုအလိုမကျစွာကြည့်ရင်းပြောလိုက်တယ်....
"ဟုတ်ပါ့...ငါ့သားဒီနေ့ဘာဖြစ်နေတာလဲ???မျက်နှာကပြုံးလို့ဖြီးလို့...."
ဖေဖေကပါ၀င်ပြောတော့တယ်....မဏိအကြောင်းတွေးမိနေတော့ကိုယ့်ကိုကိုယ်ပြုံးနေမှန်းတောင်သတိမထားလိုက်မိ....ဖေဖေတို့ပြောမှပဲကိုယ့်ကိုကိုယ်သတိထားမိတော့တယ်....
"ဘာမှမဖြစ်ပါဘူး...ဒီနေ့fresher welcomeပွဲလုပ်တယ်လေ...အဲ့တာသူငယ်ချင်းတွေနှင့်ပျော်ခဲ့တာတွေကိုပြန်တွေးမိလို့ပါ...."
"ဪ...ဘာများလဲလို့သားရယ်....ဒီမှသားကြိုက်တဲ့၀က်သားဟင်းမေမေကိုယ်တိုင်ချက်ထားတယ်....များများစားနော်...."
မေမေကကျွန်တော့်ပန်းကန်ထဲ၀က်သားဟင်းခပ်ထည့်ပေးတယ်....
"ကျေးဇူး...မေကြီး...အဲ့တာကြောင့်သားကမေမေ့ကိုချစ်နေရတာ...."
ထမင်းစားရင်းမေမေ့ကိုကျွန်တော်ကပ်ချွဲလိုက်တယ်....
ဒေါ်မြလေးနှင့်ဦးတော်၀င်ဦးတို့မှာတဦးတည်းသောသားဖြစ်သူရဲ့ချွဲနွဲ့တဲ့အမူအရာလေးကြောင့်အပြုံးကိုယ်စီဖြစ်သွားတော့တယ်.....သူတို့မှာဒီသားလေးတယောက်ပဲရှိတာကြောင့်ဒီသားလေးကိုပဲအချစ်တွေပိုနေခဲ့ရတာမဟုတ်လား....
မဏိအိမ်ပြန်ရောက်တော့အန်တီလေးနှင့်အန်တီငယ်ကဧည့်ခန်းထဲမှာမဏိပြန်အလာကိုစောင့်နေကြတယ်.....
"သမီးနောက်ကျတယ်နော်..."
ပြောထားတဲ့အချိန်ထက်နောက်ကျသွားတာကြောင့်အန်တီလေးကလေသံမာမာနှင့်မေးနေခြင်းပင်....
"ကားတွေပိတ်နေလို့ပါ...အန်တီလေးရဲ့...."
"အင်းပါ...ဒီတခါတော့ရှိစေတော့...နောက်တခါဒီလိုမဖြစ်စေနှင့်....အန်တီလေးတို့အချိန်တိကျမှကြိုက်တာသိတယ်မလား???"
"ဟုတ်ကဲ...အန်တီလေး...နောက်တခါမဖြစ်စေရဘူးလို့သမီးကတိပေးပါတယ်...."
"အေး...အေး...သွားနားတော့...."
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
Chapter-9 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰