Chapter 223
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၂၂၃)


Chapter 223 (အဖြေမှန်)

"အန်းချင်းယွီ… ဘယ်လိုလုပ် မင်းဖြစ်နေတာလဲ" လင်ချီးယဲ့သည် ထိုရင်းနှီးသောမျက်နှာကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားသည်။

သူတို့တိုက်ခိုက်နေသောအခါ ထိုမျက်နှာကိုမြင်ရန် သူ့စိတ်အာရုံခံစားမှုကို အသုံးပြုခဲ့သည်။ ရိုးရိုးသားသားပြောရလျှင် ရလဒ်က တကယ် သူ့ကိုအံ့အားသင့်စေသည်။

သူ့မှတ်ဉာဏ်‌ထဲတွင် နန်ထော်မြွေမိစ္ဆာအဖြစ်အပျက်ပြီးနောက် ဉာဏ်ကြီးရှင် အန်းချင်းယွီသည် 'လျှို့ဝှက်ဆန်းကြယ်' နှင့်ပတ်သက်သည့် မှတ်ဉာဏ်အားလုံးကို မေ့သွားကာ ပုံမှန်ကျောင်းသားဘဝသို့ ပြန်သွားသင့်သည်။

သူ့မှတ်ဉာဏ်များ ဖျောက်ဖျက်တာကို မည်သို့ရှောင်ရှားခဲ့သနည်း၊ သူ မည်သို့ ချန်းနန်မြို့မှာ တစ္ဆေဖြစ်လာရသနည်း။

အန်းချင်းယွီက ပြုံးပြီး မေးလေသည်။ "မင်းအံ့ဩသွားသလား"

သူသည် လှည့်၍ မြောင်းအနက်ပိုင်းသို့ လျှောက်သွားသည်။ "ငါနဲ့လိုက်ခဲ့၊ မင်းက တစ်နှစ်ကျော်အတွင်း ပထမဆုံးဧည့်သည်ပဲ"

လင်ချီးယဲ့သည် ခဏမျှ တုံ့ဆိုင်းသွားပြီး မုမုကို ဖယ်ရန် သူ့လက်ကို ဝှေ့ယမ်းကာ သူ့နောက်သို့ လိုက်သွားခဲ့သည်။

"နန်ထော်မြွေမိစ္ဆာအဖြစ်အပျက်ပြီးတော့ ဘာဖြစ်သွားတာလဲ" လင်ချီးယဲ့က မနေနိုင်ဘဲ မေးလေသည်။

အန်းချင်းယွီသည် သက်ပြင်းရှည်ကြီး ချလိုက်ရင်း သူ့မျက်လုံးထဲတွင် အမှတ်တရ အရိပ်အယောင်တွေ ပေါ်လာပြီး တည်ငြိမ်စွာ ပြောသည်။ "အဲဒီနေ့က မင်းထွက်သွားပြီးတဲ့ နောက်မှာ နန်ထော်မြွေမိစ္ဆာရဲ့ ဦးခေါင်းကို ငါယူပြီး မြောင်ထဲမှာ တိတ်တဆိတ် ပုန်းနေခဲ့တယ်…"

အန်းချင်းယွီသည် သူမည်သို့နိုးထလာပုံ၊ ညကင်းစောင့်လူသားများ၏ရှာဖွေမှုကို ရှောင်ရှားပုံ၊ သူ့ကိုယ်ပိုင်မြေအောက်ဓာတ်ခွဲခန်းတည်ဆောက်ရန် မြောင်းစနစ်တွင် ပုန်းအောင်းပုံတို့ကို လင်ချီးယဲ့အား အတိုချုံးပြောပြခဲ့သည်။

"မင်းရဲ့တားမြစ်အပျက်အစီးက 'လျှို့ဝှက်ဆန်းကြယ်' ရဲ့စွမ်းအားကို ပုံတူကူးနိုင်တာလား" လင်ချီးယဲ့သည် ထိုအရာကိုကြားပြီးနောက် အံ့အားသင့်စွာ မေးလိုက်သည်။

"မတူဘူး" အန်းချင်းယွီက ခေါင်းခါလိုက်ပြီး "ငါ့ရဲ့တားမြစ်အပျက်အစီး အဓိကက 'ခွဲခြမ်းစိတ်ဖြာခြင်း' ပဲ၊ ခွဲခြမ်းစိတ်ဖြာမှုတွေ အများအပြားနဲ့ စမ်းသပ်မှုတွေကြောင့် ငါက 'လျှို့ဝှက်ဆန်းကြယ်' လက္ခဏာတွေဖြစ်တဲ့ နန်ထော်မြွေမိစ္ဆာရဲ့ မြွေမျိုးစိတ်တွေ၊ ပုတ်သင်တွေပြန်လည်အသစ်ဖြစ်ခြင်း၊ လူသတ်တစ္ဆေရဲ့ တိုက်ခိုက်ရေးဗီဇနဲ့ စိတ်တိုက်ခိုက်ရေးနဲ့ နှင်းခဲနွယ်ပင်တွေရဲ့ အေးခဲခြင်းစွမ်းအားစတဲ့ တည်ရှိမှုနိယာမကို ခွဲခြမ်းစိတ်ဖြာခဲ့တယ်။

အစဉ်အလာအရ ပုံတူကူးခြင်းနဲ့ အခြေခံအားဖြင့် ကွဲပြားတယ်၊ အလောင်းတစ်လောင်းရရှိခြင်းကနေ တိကျတဲ့စွမ်းရည်ကို ခွဲခြမ်းစိတ်ဖြာဖို့ အချိန်များစွာကြာတယ်၊ ပိုပြီးထူးခြားတဲ့စွမ်းရည်ဖြစ်လေ အချိန်ကြာလေပဲ၊ ဒါပေမယ့် သူတို့ရဲ့လုပ်ဆောင်ချက်နိယာမကို ငါလုံးဝနားလည်ပြီးနောက် အဲဒါကိုအခွင့်ကောင်းယူပြီး ငါ့ကိုယ်ငါတိုးတက်အောင် လုပ်နိုင်တယ်။

ခန္ဓာဗေဒဆိုင်ရာ 'လျှို့ဝှက်ဆန်းကြယ်' အပြင် ဒီစွမ်းရည်ကို 'ခွဲခြမ်းစိတ်ဖြာခြင်း' မှာလည်း အသုံးပြုနိုင်တယ်၊ ဥပမာ တိကျတဲ့ကိရိယာဖွဲ့စည်းပုံလိုမျိုး ငါက တခြားအရာတွေကို ကြည့်လိုက်ရုံနဲ့ ကျွမ်းကျင်စွာ အသုံးပြုနိုင်တယ်၊ ငါ လူသားခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအခြေအနေကိုလည်း ရှင်းရှင်းလင်းလင်း ထောက်လှမ်းနိုင်ပြီး စသဖြင့်ပေါ့"

ထိုသို့ပြောပြီးနောက် အန်းချင်းယွီသည် သူ့မျက်လုံးထဲတွင် မီးခိုးရောင်အရိပ်အယောင်ဖြင့် လင်ချီးယဲ့ကို လှည့်ကြည့်လိုက်သည်။

"ဥပမာ မင်းပဲ... မင်းရဲ့လက်ရှိရုပ်ပိုင်းဆိုင်ရာအခြေအနေက သာမန်လူသားနဲ့ယှဉ်ရင် အံ့ဖွယ်တစ်ခုပဲ၊ ဒါပေမယ့် ငါ ခွဲခြမ်းမစိတ်ဖြာနိုင်သေးတဲ့ ထူးဆန်းတဲ့စွမ်းအားတစ်ခု မင်းအပေါ်မှာ ဖုံးလွှမ်းထားတယ်"

လင်ချီးယဲ့သည် မျက်ခုံးပင့်လိုက်သော်လည်း ဘာမှမပြောချေ။

ယခုအခါ သူသည် [ညကောင်းကင်အက] ၏အပိုဆုအောက်တွင် ရှိနေဆဲဖြစ်သည်။ သေချာပေါက် အန်းချင်းယွီသည် သူ၏လက်ရှိခွန်အားနှင့်အတူ ညနတ်ဘုရားမ၏စွမ်းအားကို ခွဲခြမ်းစိတ်ဖြာ၍မရပေ။

"ဒါဆို မင်းရဲ့တားမြစ်အပျက်အစီးက ဘာလဲဆိုတာ မင်းနားလည်ဖို့ကြိုးစားဖူးလား" လင်ချီးယဲ့က ‌မမေးဘဲမနေနိုင်ပေ။

အရာခပ်သိမ်းကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ပုံကူးယူခြင်းစွမ်းရည်ကိုပင် ရရှိစေမည့် တားမြစ်အပျက်အစီးသည် တားမြစ်အပျက်အစီးနံပါတ်စဉ်တွင် 'အလွန်အန္တရာယ်မြင့်အဆင့်' မှာ သေချာပေါက် ပါဝင်နိုင်ပြီး အလွန်နာမည်ကြီးမည်ဟု ယူဆသင့်သည်။

"ငါ အဲဒါနဲ့ပတ်သက်ပြီး လေ့လာဖူးတယ်၊ ဒါပေမယ့်… ငါ့ရဲ့တားမြစ်အပျက်အစီးက ရှိပြီးသားတားမြစ်အပျက်အစီးနံပါတ်စဉ်ထဲမှာ မရှိဘူးလို့ ထင်ရတယ်၊ အလားတူ နံပါတ်စဉ် ၃၁၅ [စစ်မှန်သောမျက်စိအမြင်အာရုံ] တစ်ခုပဲရှိတယ်၊ ဒါပေမယ့် အဲဒါက ဆင်တူရုံဖြစ်ပြီး လုံးဝကွဲပြားတဲ့လုပ်ဆောင်ချက်တွေရှိတယ်"

လင်ချီးယဲ့သည် အံ့အားသင့်သွား၏။ "တစ်နည်းပြောရရင် အဲဒါက အရင်ကတစ်ခါမှမပေါ်ဖူးသေးတဲ့ တားမြစ်အပျက်အစီးအသစ်လား"

"အဲဒီလိုဖြစ်နိုင်တယ်" အန်းချင်းယွီက ခေါင်းညိတ်လိုက်သည်။ "ငါ့ရဲ့တားမြစ်အပျက်အစီးက တားမြစ်အပျက်အစီးနံပါတ်စဉ်ထဲမှာ မဟုတ်သလို အရင် ဘယ်သူမှ မပိုင်ဆိုင်ဖူးဘူး၊ ငါ အဲဒါကို… [အဖြေမှန်] လို့ နာမည်ပေးခဲ့တယ်"

"...ဒီနာမည်က ဘာလို့ထူးဆန်းနေတာလဲ"

"ဒါက အမှန်တရားကို လိုက်ရှာနေတဲ့ သိပ္ပံပညာနဲ့ အင်ဂျင်နီယာတစ်ယောက်ပါ"

"ကောင်းပြီ" လင်ချီးယဲ့သည် သက်ပြင်းချရင်း နောက်ဆုံးတော့ အဆိုးဆုံးနာမည်နှင့်လူက သူတစ်ယောက်တည်းမဟုတ်ချေ။

"ဒီကြွက်တွေကကော"

"ဒါက ငါ့ထိန်းချုပ်မှုအောက်မှာပဲ" အန်းချင်းယွီသည် ခေါင်းညိတ်လိုက်ပြီး "နန်ထော်မြွေမိစ္ဆာရဲ့ စွမ်းရည်ကို ငါခွဲခြမ်းစိတ်ဖြာခဲ့ပြီး အဲဒါက 'မြွေမျိုးစိတ်' ရဲ့စွမ်းရည်နဲ့ ဆင်တူတယ်၊ ဒါပေမယ့် ဒီစွမ်းရည်က အရမ်းရှုပ်ထွေးပြီး ခွဲခြမ်းစိတ်ဖြာမှုက မပြီးပြတ်သေးဘူး။ အစက အဲဒါကို ကြွက်တွေအပေါ်မှာပဲ အသုံးပြုနိုင်ပေမယ့် အခုတော့ လူသားမဟုတ်တဲ့ သတ္တဝါအားလုံးအပေါ် အသုံးပြုနိုင်ပြီ၊ ဒါပေမယ့် ကြွက်တွေက ဖုံးကွယ်မှုအမြင့်ဆုံးဖြစ်တယ်လို့ ယူဆတာကြောင့် ငါ တခြားမျိုးစိတ်တွေကို မတီထွင်ခဲ့ဘူး။

ဒီစွမ်းရည်ကို 'ယွီကျုံ(ငါးမျိုးစိတ်)' လို့ နာမည်ပေးလိုက်တယ်"

"…နာမည်ကောင်းပဲ"

သူတို့နှစ်ဦး စကားပြောနေစဉ်တွင် မြေအောက်ဂူထဲသို့ သူတို့ရောက်လာကြသည်။ နမူနာများ၊ ကိရိယာများနှင့် စမ်းသပ်ခုံတန်းလျားများ ပြည့်နေသည်ကို တွေ့လိုက်ရာ လင်ချီးယဲ့၏ မျက်လုံးများတွင် ထိတ်လန့်သွားသည့် အကြည့်များ ပေါ်လာသည်။

"မင်းက ဒီမှာ ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ထားတာလား"

"ဟုတ်တယ်၊ အပေါ်မှာ ဆေးရုံတွေနဲ့ ဓာတ်ခွဲခန်းတွေက စက်ပစ္စည်းအားလုံးကို ဖယ်ရှားလိုက်ပါပြီ၊ ဒါပေမယ့် သူတို့ရဲ့ တည်ဆောက်ပုံက မရှုပ်ထွေးပါဘူး၊ အဲဒါတွေကို ငါ အနည်းငယ် ပြုပြင်ပြီး အသုံးပြုနိုင်သေးတယ်၊ သူတို့က အဆင့်မြင့်ဆုံး စက်ပစ္စည်းတွေထက်တောင် ပိုထိရောက်တယ်"

စမ်းသပ်မှုများအကြောင်းပြောသောအခါ အန်းချင်းယွီ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာပြန်သည်။

လင်ချီးယဲ့သည် ဖော်မလင်နမူနာလေးခုဆီသို့ လျှောက်သွားကာ ၎င်းတို့ထဲတွင် နစ်မြုပ်နေသော 'လျှို့ဝှက်ဆန်းကြယ် အလောင်းများ' ကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောသည်။

"ဒါတွေက… မင်းခိုးထားတဲ့ အလောင်းတွေလား"

"ပထမအနေနဲ့ မင်းအသုံးပြုတဲ့ 'ခိုးတယ်' ဆိုတဲ့ စကားလုံးကို ငါသဘောမတူဘူး၊ အဲဒါကို 'ငှားတယ်' လို့ ပြောလို့ရတယ်၊ ဒါက အမှန်တရားနဲ့ ပိုနီးစပ်ဖို့ ငါ့အတွက် လိုအပ်တဲ့အဓိပ္ပါယ်တစ်ခုပဲ" အန်းချင်းယွီက အလွန်လေးနက်စွာပြောသည်။

"ဒုတိယအနေနဲ့ သူတို့သုံးကောင်ကိုပဲ 'ငှား' တာပါ၊ နောက်ဆုံးလူသတ်သမားက ငါကိုယ်တိုင်သတ်ခဲ့တဲ့ ဆုဖလားပါ၊ အစပိုင်းမှာတော့ 'ယွီကျုံ' ကလွဲရင် ငါ့မှာ တိုက်ခိုက်ရေးစွမ်းရည်မရှိတာကြောင့် ပုတ်သင်ရဲ့ခန္ဓာကိုယ်ကို 'ငှား' ရုံသာတတ်နိုင်ပေမယ့် အနည်းဆုံးတော့ ညကင်းစောင့်လူသားအတွက် ခန္ဓာကိုယ်တစ်ဝက် ချန်ထားပေးခဲ့ပါတယ်။

'အလွန်လျင်မြန်မှုပြန်လည်အသစ်ဖြစ်ခြင်း' ကို ရရှိပြီးနောက် ငါ့ရဲ့ရှင်သန်နိုင်စွမ်းက တိုးတက်ကောင်းမွန်လာပေမယ့် ငါ့မှာတိုက်ခိုက်ရေးစွမ်းရည် မရှိသေးတာကြောင့် တူညီတဲ့နည်းလမ်းအတိုင်း နှင်းခဲနွယ်ပင်ရဲ့ခန္ဓာကိုယ်ကို 'ငှား' ရုံပဲရှိတယ်၊ အေးခဲစွမ်းရည်ကို ရရှိပြီးနောက် ငါနောက်ဆုံးတော့ တိုက်ခိုက်စွမ်းအားအစစ်ကို ရရှိခဲ့တယ်။

အဲဒီနောက် ကိုယ့်ဘာသာကိုယ် လှုပ်ရှားပြီး လူသတ်သမားကို သတ်လိုက်တယ်။

တစ်နည်းအားဖြင့် ငါက ညကင်းစောင့်လူသားအတွက် ငါ့အသက်ကိုစွန့်စားပြီး သူတို့ကို ခရက်ဒစ်နဲ့ ဆုလာဘ်ပေးပြီးတော့ 'လျှို့ဝှက်ဆန်းကြယ်' အလောင်းတစ်ဝက်ကို ချန်ထားခဲ့ပါတယ်။

ဒါက တကယ့် win-win အခြေအနေပါပဲ"

လင်ချီးယဲ့သည် သူ့ကို လေးလေးနက်နက်ကြည့်ကာ သက်ပြင်းချလိုက်သည်။

"မင်းပြောခဲ့တာတွေက အဓိပ္ပာယ်ရှိပေမယ့် ညကင်းစောင့်လူသားအဖွဲ့နဲ့ မသက်ဆိုင်တဲ့ အရပ်သားစွမ်းရည်တိုင်းက လူမှုတည်ငြိမ်ရေးကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်ဆိုတာ မင်းသိထားရမယ်၊ ညကင်းစောင့်လူသားက မင်းရဲ့လှုပ်ရှားမှုတွေကို ဆက်လုပ်ခွင့်ပေးမှာမဟုတ်ဘူး။

မင်းကိုဖမ်းမိတာနဲ့ မင်းမှာရွေးချယ်စရာနှစ်ခုပဲရှိတယ်၊ ညကင်းစောင့်လူသားထဲကို အတင်းဝင်ခိုင်းတာ ဒါမှမဟုတ် အကျဉ်းထောင်မှာ အကျဉ်းချခဲ့ရတာပဲ"

အန်းချင်းယွီသည် သူ့နှာတံပေါ်မှ မျက်မှန်ကို တွန်းတင်လိုက်ပြီး လင်ချီးယဲ့၏မျက်လုံးများကို အလေးအနက်ထားကြည့်ကာ ဖြည်းညှင်းစွာပြောလိုက်သည်။

"အခု မင်းငါ့ကိုဖမ်းမိပြီပဲ… ငါက လူ့အဖွဲ့အစည်းအတွက် အန္တရာယ်မဟုတ်မှန်း မင်းသိနေတာတောင် မင်းငါ့ကို ဖမ်းချင်နေသေးတာမလား"

လင်ချီးယဲ့သည် ထိတ်လန့်သွားပြီး တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။ "ငါ နားမလည်ဘူး၊ မင်းမှာ ဒီလို ထူးခြားတဲ့တားမြစ်အပျက်အစီး ရှိနေတာကို ဘာလို့ ညကင်းစောင့်လူသားထဲ မဝင်ချင်တာလဲ"

『TK: 'ယွီကျုံ(ငါးမျိုးစိတ်)' ရဲ့ 'ယွီ' က 'အန်းချင်းယွီ' ရဲ့ 'ယွီ' ပါပဲ။ အန်းချင်းယွီက သူ့ကိုယ်တိုင်ပထမဆုံးတီထွင်ထားတာကြောင့် 'ယွီမျိုးစိတ်' လို့ ပေးထားတာပါ။ နာမည်ပေးကြမ်းတယ်။』

TK Team (Chapter 223)