Chapter 95
Viewers 15k

✨ Chapter 95



မဒမ်ရှမန်က နန်းတော်အတွင်းမှ လှည့်ထွက်သွားပြီးနောက် မျက်ရည်သုတ်ရန် သူမ၏လက်ကိုင်ပဝါကို ထုတ်လိုက်သည်။ သူမက အတော်လေး ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။ သူမ၏ဝမ်းနည်းမှုအား ကျီလင်ထံမသက်ရောက်စေရန်နှင့် ကိစ္စများ ထို့ထက်ပိုပြီး မဆိုးရွားစေရန်ဖြစ်သည်။


အချိန်အတော်အတန် ငိုကြွေးပြီးနောက် သူမ၏စိတ်အခြေအနေကိုထိန်းလိုက်ပြီး မော့ကြည့်လိုက်ရာ သူမ၏သားဖြစ်သူက ရုပ်တုကဲ့သို့ တိတ်ဆိတ်စွာရပ်နေသည်ကို မြင်လိုက်ရသည်။


မဒမ်ရှမန်က နီရဲနေသည့်မျက်ဝန်းဖြင့် ပြောလိုက်သည်။

"သူ ဒီနေ့နည်းနည်းပိုပြီး စားလာတယ်...အမေ မနက်ဖြန်မှပဲ သူနဲ့ထမင်းစားဖို့ ထပ်လာခဲ့လိုက်မယ်..."


ကျင်းဆွေ့က ခေါင်းညိတ်ကာ အက်ကွဲသောအသံဖြင့်ပြန်ပြောသည်။

"ကျေးဇူးတင်ပါတယ်..."


မဒမ်ရှမန်က သူမ၏လက်ကိုင်ပဝါကိုညှစ်ကာ ဒေါသတကြီးပြောလိုက်သည်။

"အဲဒီဆိုးရွားလှတဲ့ပုန်ကန်သူတွေ...ဘယ်သူက အာဏာရှိတယ်ဆိုတာ သူတို့ကိုပြမှဖြစ်တော့မယ်...မဟုတ်ရင် အမေတို့ကို အားနည်းတယ်ထင်နေတော့မှာ..."


ကျင်းဆွေ့က ခေါင်းထပ်ညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့..."


သူမသား၏ရွှေအိုရောင်မျက်ဝန်းတစ်စုံ၌ နက်မှောင်မှုများကို မြင်တွေ့သည့်အခါ မဒမ်ရှမန်က တစ်ခဏရပ်တန့်သွားလျက် သက်ပြင်းချလိုက်သည်။ ကျင်းဆွေ့က သူမထက်ပို၍ ဝမ်းနည်းနေမည်ကိုသူမသိသည်။ ဤကာလအတွင်း၌ ကျီလင့်အပေါ်တွင် သူမ၏သားက နက်နက်ရှိုင်းရှိုင်းဂရုစိုက်သည်ကို သူမသေချာသိလာခဲ့သည်။ 


တစ်ခဏမျှ စဥ်းစားပြီးသည့်နောက် အားပေးစကားပြောလိုက်သည်။

"ဖြည်းဖြည်းချင်းလုပ်... နည်းလမ်းတစ်ခုတော့ ရှိလာမှာပါ..."


ထိုနေ့မှစလျက် မဒမ်ရှမန်က ကျီလင်နှင့်အတူတူ နေ့စဥ်စားသောက်ရန် ရောက်ရှိလာခဲ့သည်။ 


ကျီလင်က နန်းတော်မှထွက်သွားချင်သော်လည်း ယခုအချိန်တွင် သူထွက်သွား၍ မရသေးချေ။ သို့သော် အနည်းဆုံး၌ သူက ကောင်းကောင်းစားသောက်ရသည်။ ထိုအကြောင်းပြချက်ဖြင့် သူက နေ့စဥ် ဆာလောင်မှုကို မခံစားရတော့ချေ။ ထို့ကြောင့် သူစိတ်သက်သာရာရရှိလာသည်။ 


ရလဒ်အနေဖြင့် ကျီလင်က ပြည့်စုံစွာပူးပေါင်းဆောင်ရွက်ကာ မဒမ်ရှမန်ယူလာပေးသည့် အစားအသောက်များကို နာနာခံခံသုံးဆောင်လေသည်။


ကျီလင်က သူမအားအခက်မတွေ့စေရန်အတွက် စားသောက်နေသည်ကို မဒမ်ရှမန်က သတိထားမိလေသည်။ ဤအချက်ကြောင့် သူမ၏နှလုံးသားက ပို၍နာကျင်လာသည်။ ပျော်ပျော်ရွှင်ရွှင်နေတတ်သည့်ကလေးက ယခုအခါ သရဲတစ်ကောင်ကဲ့သို့ နှုတ်ဆိတ်နေလေ၍ သူမကိုပိုပြီး စိတ်မကောင်းဖြစ်လာစေသည်။ 


သူက နောက်ဆုံးတွင် အစာစားလာနိုင်သော်လည်း ဤသည်က ရေရှည်ဖြေရှင်းနိုင်သော နည်းလမ်းမဟုတ်ပေ။ သူမက သူ့အား ဤအမှောင်ထုအတွင်းမှ ထွက်လာနိုင်ရန် နည်းလမ်းရှာဖွေကာ ကူညီပေးရမည်။ 


ညစာစားပြီးသည့်နောက် မဒမ်ရှမန်က သက်ပြင်းမောချလျက် နန်းတော်မှထွက်ခွာလာခဲ့သည်။ 


ကျင်းဆွေ့က သူကိုယ်တိုင်မရောက်လာသော်လည်း ကျီလင်၏အခြေအနေကိုသိရန် သူမကို အပြင်တွင် နေ့တိုင်းစောင့်ဆိုင်းနေတတ်သည်။ 


မဒမ်ရှမန်က သက်ပြင်းထပ်မံချလိုက်လျက် သူမ၏မျက်ခုံးတို့က စိတ်ပူပန်မှုကြောင့် တွန့်ချိုးနေသည်။ 

"သူအရမ်းနာကျင်နေလို့ သူ့ကိုယ်သူ သူ့ရဲ့ကမ္ဘာလေးထဲမှာ ပိတ်လှောင်ထားပြီး လူတိုင်းကိုကြောက်ရွံ့နေပြီးတော့ အကွာအဝေးတစ်ခုခြားထားတယ်...အမေလည်း ဘာဆက်လုပ်ရမလဲ မသိတော့ပါဘူး..."


ယခုအချိန်တွင် ကျင်းဆွေ့က အတော်အတန်ကြာ တိတ်ဆိတ်နေသည်။ နောက်ဆုံး၌ သူက မော့ကြည့်လာလျက် သူ့အကြည့်က ခြောက်သွေ့ကာအေးစက်နေ၍ အက်ကွဲနေသောအသံဖြင့် ပြန်ဖြေသည်။

"ကျွန်တော် နားလည်ပါပြီ..."


ယခုအခါ သူဘာမှမလုပ်ပါက ဘာမှရရှိမည်မဟုတ်ကြောင်းကို သိရှိလာခဲ့သည်။


ထိုနာကျင်စရာ အမှတ်တရများက အလွန်နက်ရှိုင်းကာ အမြစ်တွယ်နေပြီးဖြစ်သည်။ ပြင်းထန်စွာ ဖြိုခွဲမထားပါက ကျီလင်က ထိုအရာများမှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ချေ။ 


သူ ထာဝရပိတ်မိနေလိမ့်မည်။


........


နှစ်ရက်သုံးရက်ကြာပြီးနောက် ကျီလင်က အာလူးလုံးလုံးဖြစ်လုနီးပါး အနေအထားသို့ ရောက်ရှိလာသည်။ 


စားခြင်း၊ အိပ်ခြင်းနှင့် စိတ်မကောင်းဖြစ်နေခြင်းတို့ကလွဲပြီး သူ့အတွက် လုပ်စရာ အခြားဘာမျှမရှိချေ။


သို့သော် အံ့အားသင့်စရာကောင်းသည်က မဒမ်ရှမန်က ယနေ့ညတွင် သူနှင့်ညစာအတူတူစားသောက်ရန် ရောက်ရှိမလာခဲ့ချေ။ 


ကျီလင်က စားပွဲပေါ်ရှိ အရသာရှိသော အစားအသောက်များအား စိုက်ကြည့်ရင်း စိတ်သောကရောက်လာသည်။ သူ့အား စားသုံးရန် နူးညံ့စွာတိုက်တွန်းခြင်းနှင့် တည်ခင်းပေးမည့်လူ မရှိသည့်အတွက် သူစားသင့်သလား၊ မစားသင့်သလား တွေးနေမိသည်။


ရွေးရတာ တော်တော်ခက်ခဲတာပဲ...


ကျီလင်က တစ်ခဏကြာအောင် စိတ်မဝင်စားဟန်ထိုင်နေပြီးနောက် နောက်ဆုံး၌ သူ၏ပန်းကန်လုံးကိုကိုင်ကာ ချင့်ချိန်စွာ ဟင်းရည်ကိုစုပ်သောက်လိုက်ပြီး သူ့မျက်ဝန်းများက စဥ်းစားနေစဥ်လှည့်လည်နေသည်။ 


နေ့ရက်အတော်အတန်ကြာပြီဖြစ်သော်လည်း ကျင်းဆွေ့က သူ့ဆီသို့မရောက်ရှိလာသေးချေ။ 


ဒီနေ့ ငါ နည်းနည်းပိုစားလိုက်မိတယ်...သံသသဖြစ်စရာတော့ မရှိဘူးမလား...


ထိုအတွေးဖြင့် ကျီလင်က ဟင်းရည်ကို ခပ်မြန်မြန်သောက်လိုက်သည်။ သို့သော် သံသသဖြစ်စရာများကိုရှောင်ဖယ်ရန်အတွက် ပန်းကန်လုံးထဲမှ ထမင်းတစ်ဝက်ခန့်ကိုသာ စားသောက်ပြီးနောက် ပန်းကန်လုံးကိုချကာ သူ့အခန်းဆီသို့ပြန်၍ သူ့ကိုယ်သူလှောင်ပိတ်ထားလိုက်သည်။


ဒါက အရမ်းပျင်းဖို့ကောင်းတယ်...တော်တော်ကြီးကို ပျင်းစရာကောင်းတယ်...


နေ့စဥ် အစာစားချင်စိတ်မရှိသည့်ပုံစံကို လုပ်ဆောင်နေရခြင်းကြောင့် သူက အလွန်ပင်ပန်းစွာဖြင့် ခုတင်ပေါ်သို့ပြိုလဲကျသွားတော့သည်။ 


အပြင်ကို ထွက်ကစားဖို့ အခွင့်အရေးလည်း မရှိတော့...ငါ့မှာ အိပ်ပြီးရင်းအိပ်နေရတာ အိပ်ပျော်ရင်းနဲ့ တကယ်ကြီး အပြီးတိုင် အိပ်ပျော်သွားတော့မယ်တောင် ထင်နေမိပြီ...


သို့သော် ထိုညတွင် ထူးထူးခြားခြားနွေးထွေးနေသည်ဟု ခံစားမိသည်။ သူ၏အိပ်စက်မှုက သက်တောင့်သက်သာမရှိလှကာ လည်ပင်းအထိခြုံထားသော စောင်ကိုကန်ချလိုက်သည်။ သို့သော် အလွန်ပူအိုက်ပြီး အိပ်မပျော်နိုင်ဖြစ်နေသည်။


ထူးဆန်းပေသည်။ အင်ပါယာကြယ်၏ နည်းပညာက အလွန်တိုးတက်ပြီး နန်းတော်တစ်ခုလုံးကို ဉာဏ်ရည်ရှိသော အပူချိန်ထိန်းညှိစနစ်ဖြင့် ထိန်းချုပ်ထားပြီး တစ်နှစ်ပတ်လုံးကို နွေဦးရာသီကဲ့သို့ သက်တောင့်သက်သာရှိစေသည်။ 


သူက ယခင်၌ ဤကဲ့သို့ မသက်မသာ မခံစားခဲ့ရဖူးချေ။ ယခုအချိန်တွင် သူက လေအေးပေးစက်ပျက်နေသည့် နွေရာသီအလယ်၌ ကမ္ဘာပေါ်တွင်ပြန်လည်ရောက်ရှိနေသကဲ့သို့ ခံစားရပြီး ချမ်းအောင် ရေချိုးရန် စဥ်းစားမိလောက်အောင် ပူနွေးလျက်ရှိသည်။ 


မဟုတ်မှလွဲရော နန်းတော်ရဲ့အပူချိန်ထိန်းညှိပေးတဲ့စနစ်က ပျက်များသွားတာလား... ဒါက အရမ်းကံဆိုးတာပဲ...


စိတ်ဓာတ်ကျပြီး စိတ်တိုနေသော ကျီလင်က လေကောင်းလေသန့်ရှူရန် အပြင်သို့ ထွက်သင့်၊ မထွက်သင့်ကို သူဆုံးဖြတ်ချက်ချနေစဥ် ရုတ်တရက်ဆိုသလို တံခါးက ပွင့်လာလေသည်။ 


အရပ်ရှည်ပြီး အနက်ရောင်ဆံပင်နှင့် ရွှေအိုရောင်မျက်ဝန်းပိုင်ရှင်က တံခါးဝတွင် တစ်ဖန်ပေါ်လာခဲ့သည်။ 


ထိုလူက သူ့ဆီသို့ တစ်လှမ်းချင်းလျှောက်လာသည်။ 


ကျီလင်က အေးခဲသွားသည်။ 


ကျင်းဆွေ့က ရုတ်တရက်ကြီး ဘာလို့ရောက်ချလာတာလဲ...သူ အပူချိန်ထိန်းညှိစနစ်ပျက်သွားတာကို ငါ့ကိုသေချာပြောဖို့များ ရောက်လာတာတော့ မဟုတ်လောက်ပါဘူးနော်...


ကျီလင်က ကြောင်ငေးနေစဥ် ထိုလူက အနည်းငယ်ငုံ့ကိုင်းကာ သူ၏မျက်လုံးများကို လေးလေးနက်နက် စိုက်ကြည့်လာသည်။


မှိန်ဖျော့ဖျော့ဖျော့အလင်းရောင်အောက်တွင် ထိုရွှေရောင်မျက်လုံးများက နက်နဲပြီး မယိမ်းယိုင်သော နွေးထွေးမှုတို့ဖြင့် တောက်ပနေသော်လည်း ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုသည်လည်း ကိန်းအောင်းနေသည်။ 


ကျီလင်က ချက်ချင်းပင် တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို သိလိုက်ရသည်။ သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီး သရုပ်ဆောင်ရန် တွန်းအားများလှုပ်ရှားလာလျက် ကြောက်ရွံ့စွာ နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ယခုအခါ ထိုလူက သူ့အား လွတ်မြောက်စေခွင့် မပေးတော့ချေ။ ကျင်းဆွေ့က သူ့လက်ကောက်ဝတ်များကိုဆုပ်ကိုင်လာလျက် ခေါင်းအထက်၌ဖိထားကာ သူ၏နွေးထွေးသော အသက်ရှူသံကို ကျီလင်၏နားရွက်မှ ခံစားရသည်အထိ အနီးသို့တိုးကပ်လာသည်။


ဘာ...ဘာလုပ်တာလဲဟ... ငါဒီလောက်ထိ စိတ်ဆင်းရဲဒုက္ခရောက်နေတဲ့ပုံစံကို မြင်တာတောင် သူက ငါ့ကိုကြိုက်နေတုန်းလား...


ကျီလင်က အံ့သြလွန်း၍စကားမပြောနိုင်တော့ဘဲ မျက်ရည်များဝဲကာ တိုးတိုးလေးပြောလိုက်သည်။

"အ...အနားမလာနဲ့..."


ထိုလူ၏ ဆုပ်ကိုင်ထားမှုက သန်မာကာ လက်ကို ခိုင်မြဲစွာဆုပ်ထွေးထားလျက် သူ၏အသနားခံမှုအပေါ် မတုန်လှုပ်ပေ။ နူးညံ့အေးမြသော အနမ်းတစ်ပွင့်က ကျီလင်၏ လည်ပင်းပေါ်သို့ ကျရောက်လာသည်။ 


အနမ်းက တောင်ပေါ်နွေဦးကဲ့သို့ အေးမြကာ နှလုံးသားကို ပူလောင်စေပြီး နောက်ဆုံးတွင် ပူနွေးလာကာ သက်တောင့်သက်သာခံစားရစေသည်။ 


မထင်မှတ်ထားဘဲ စိတ်တိုချင်စရာကောင်းလှသော်လည်း ကြည်နူးချင်စရာလည်းကောင်းသည်။


ကျီလင်က တစ်ခဏတာ ရပ်တန့်သွားပြီး ကျင်းဆွေ့ကို မျက်လုံးပြူးပြူးဖြင့် ငေးကြည့်နေရင်း သူ၏မျက်ဝန်းတစ်စုံ၌ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။ 


ကျင်းဆွေ့၏ မျက်လုံးများက မကြုံစဖူး နူးညံ့သိမ်မွေ့မှုများနှင့် စိတ်ပိုင်းဖြတ်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူ၏နှုတ်ခမ်းက ပွင့်ဟလာလျက် ပုံမှန်အေးစက်သော လေသံက ညအချိန်ကြောင့် သိမ်မွေ့ပျော့ပျောင်းနေသည်။ 

"ကိုယ်မင်းကို ခံစားလို့ကောင်းအောင် လုပ်ပေးမယ်..."


သူ၏စိတ်များ လွတ်ထွက်သွားသကဲ့သို့ ကျီလင်က ခံစားလိုက်ရသည်။ 


ထိုလူက အောက်သို့ငုံ့ကိုင်းကာ သူ၏နှုတ်ခမ်းထောင့်စွန်းကို ပြင်းပြပြီး နူးညံ့စွာဖြင့် ထိတွေ့လာသည်။

"တခြားအရာအလုံးကိုမေ့ပစ်လိုက်ပြီး ကိုယ့်ကိုပဲသတိရနေပေးပါ..."


ကျီလင်က နောက်ဆုံး၌ လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာလျက် ကျင်းဆွေ့က မည်သည့်အရာကို ပြုလုပ်တော့မည်ကို သဘောပေါက်သွားသည့်အခါ အံ့သြထိတ်လန့်သွားလေသည်။ 


စစ်မှန်သော နှလုံးသားထဲက ထွက်ပေါ်လာသည့် ငိုကြွေးသံဖြင့် သူက ငိုကြွေးလိုက်သည်။ 


ငါ့သေတွင်းကို ငါတူးလိုက်မိတာပဲ ...ဘယ်သူက ထင်မှာတုန်း...ကျင်းဆွေ့က ဒီကိုရောက်ချလာပြီးတော့ ငါ့ရဲ့'နာကျင်စရာအမှတ်တရတွေ'ကို ဒီလိုနည်းလမ်းနဲ့ကူညီဖျောက်ဖျက်ပေးမယ်လို့လေ...


ငါ အလွန်အကျွံလုပ်မိသွားပြီ...ငါ ရှုပ်ထွေးအောင်လုပ်လိုက်မိပြီ...


ဒီအချိန်မှာ ငါ စိတ်သက်သာသွားပါပြီလို့ ပြောလိုက်ရင် ရနိုင်သေးလား...


-----------


ထိုယောကျာ်း၏ ညင်သာပြီး နူးညံ့သော အနမ်းများ သူ့အပေါ်သို့ကျရောက်လာသည့်အခါ ကျီလင်က နောက်ဆုံးတွင် ထိတ်လန့်မှုကြောင့် မျက်ရည်များစွာ ပေါက်ကွဲထွက်လာသည်။ 


သူ့အား ယခုအချိန်တွင် မည်သို့ခံစားနေရသလဲဟုမေးမည်ဆိုပါက သူ၏အဖြေက နောင်တရမှုပင် ဖြစ်သည်။ အလွန်ကိုနက်နဲသော နောင်တတရားဖြစ်သည်။ 


ဤသို့ ဖြစ်လာမည်ကို သိခဲ့ပါက သူ့သရုပ်ဆောင်မှုများကို သေချာပေါက်ထိန်းသိမ်းခဲ့သည်။ အကယ်၍ ကျင်းဆွေ့က ချိုသာစွာ ဆက်ဆံပေးခဲ့ပါက ဤသို့သော အခြေအနေမျိုးထိ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ 


မဟုတ်ပါက ကျင်းဆွေ့၏ အပြုအမူမှတစ်ဆင့် သူ့အား တင်းတင်းကြပ်ကြပ်လုပ်လာလိမ့်မည်မဟုတ်ပေ။ ကျင်းဆွေ့က သူ့အား ကူညီရန်နှင့် ဤအရာများ၏ ပျော်ရွှင်မှုကို ခံစားစေရန်အတွက် ၎င်းက တစ်ခုတည်းသော နည်းလမ်းဟု ယုံကြည်ပြီး'ဖျက်ပြီးပြင်'ဆိုသည့် စိတ်ထားနှင့် ဤသို့လုပ်ရန် ဖြစ်လာသည်။


ပြဿနာက ငါဘာမှမဖြစ်ခဲ့ဘူးလေ...ငါ့ကို ဘယ်သူမှလည်း မုဒိမ်းမကျင့်ခဲ့ပါဘူးကွ...


ယနေ့ ဤကိစ္စဖြစ်ခဲ့ပါက ယင်းက သူ၏ပထမဆုံးအကြိမ်သာဖြစ်လိမ့်မည်။ 


မည်သည်က တုန်လှုပ်စရာကောင်းလည်းဆိုပါက သူက ကျင်းဆွေ့၏အနမ်းများကို နှစ်မြို့ပြီး သူ၏တစ်စိတ်တစ်ပိုင်းကလည်း ရှေ့ဆက်ရန်ကြိုးစားချင်နေသည်။ သူ့ခန္ဓာကိုယ်၏ တွန်းအားများက သူ့စိတ်နှင့် ဆန့်ကျင်နေသည်။


ကျင်းဆွေ့က ငါ့အပေါ် ဘာတွေလုပ်ထားတာလဲ...


ကယ်တင်ကြပါ...


ငါက ပြောင်းလဲပြီး ပြန်မရနိုင်တဲ့လမ်းစဥ်ကို လျှောက်လမ်းဖို့ ပြင်ဆင်နေရတာလား...


သူက ယနေ့အထိ ဖြူစင်ရိုးသားခဲ့ပြီး အချစ်ရေးတွင်ပင် မည်သည့်အတွေ့အကြုံမှ မရှိသေးသည့်အပြင် မိန်းကလေးတစ်ယောက်၏ လက်နုနုလေးကိုပင် မကိုင်ဖူးသေးချေ။ 


ငါက ဒီကိစ္စတွေကိုကျော်ပြီး ယောက်ျားတစ်ယောက်နဲ့ တိုက်ရိုက်လုပ်ရတော့မှာလား...


မဖြစ်ဘူး...ငါ အရှုံးမပေးနိုင်သေးဘူးကွ...


ကျီလင်က သူ့ဘဝတွင်သိခဲ့သည့် နတ်ဘုရားအားလုံး သူ့အား ကယ်တင်ရန် ဆင့်ခေါ်လိုက်ပြီးနောက် မျက်ရည်ထွက်ရန်အတွက် သူ၏လျှာကို နာနာလေးကိုက်လိုက်သည်။ ဤနာကျင်မှုက သူ့ကို လှုပ်ခါစေပြီး သတိပြန်လည်လာစေသည်။ ကျင်းဆွေ့အား မျက်ရည်ဝဲနေသော ဒေါသထွက်သယောင် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ သူက အော်ဟစ်ပြောဆိုလိုက်သည်။

"ကျွန်တော့်ကို လွှတ်ပေး..."


ကျင်းဆွေ့က ငုံ့ကြည့်လိုက်ပြီး ကောင်ငယ်လေး၏ မျက်ဝန်းအတွင်း၌ စိတ်ဓာတ်အကြီးအကျယ်ကျဆင်းမှုနှင့် ဝမ်းနည်းမှုများကို တွေ့လိုက်ရသလို နှုတ်ခမ်းထောင့်တွင် သွေးစက်လေးများကိုလည်း တွေ့လိုက်ရသည်။


ကျင်းဆွေ့၏အမူအရာက ပြောင်းလဲသွားပြီး သူက ကောင်ငယ်လေး၏ မေးရိုးကိုဖျစ်ညှစ်ကာ ပါးစပ်ကိုအတင်းအကျပ်ဖွင့်လိုက်သည်။ သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြင့် ပြင်းပြင်းထန်ထန်အသက်ရှူသံများ ထွက်ပေါ်လာပြီး အော်ဟစ်လိုက်သည်။ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့်အတူ သူ၏ရင်ဘတ်သည်လည်း နိမ့်ချည်မြင့်ချည် ပြင်းထန်စွာလှုပ်ရှားနေတော့သည်။

"မင်း ဘာလုပ်လိုက်တာလဲ..."


ကျီလင်က သူ့အား စိတ်ပျက်အားငယ်စွာဖြင့် ထိတ်လန့်မှု၊ တုန်လှုပ်မှုနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုများဖြင့် ကြည့်လိုက်သည်။ 


ထိုအကြည့်တစ်ချက်ကြောင့် ကျင်းဆွေ့၏ ခက်ခက်ခဲခဲရရှိခဲ့သည့် ဆုံးဖြတ်ချက်များက ချက်ချင်းပြိုလဲကျသွားစေသည်။ သူ၏လက်များလည်း တုန်တုန်ယင်ယင်ဖြစ်သွားသည်။ တစ်ခဏ ငြိမ်သက်နေပြီးနောက် သူစကားစပြောလိုက်လိုက်သည်။ အမြဲတမ်း သန်မာပြီး စိတ်ဓာတ်ခိုင်သည့်သူ မည်သူ့ကိုမှ အားနည်းချက်မပြသတတ်သူက ယခုအခါတွင် တောင်းပန်မှုများ ကိန်းအောင်းနေသည့်အသံဖြင့် ပြောလာသည်။ 

"အဲဒီလို မကြည့်ပါနဲ့...ကိုယ်မင်းကို နာကျင်အောင် မလုပ်ပါဘူး..."


သို့သော် ကျီလင်က သူ့ကိုမကြည့်ဘဲ ခေါင်းကိုတစ်ဖက်သို့ လှည့်သွားလေသည်။ ကောင်ငယ်လေး၏ ခန္ဓာကိုယ်က အနည်းငယ်တုန်နေသည်။ 


သူက ဤအရာကို ကြောက်လန့်နေသည်။ ဤကြောက်လန့်မှုက သူ၏အရိုးများထဲအထိ နက်ရှိုင်းစွာစိမ့်ဝင်နေသည့်အလားပင်။ ဤအရာက သူ့အတွက် အလွန်ကိုကြီးမားလွန်းသောကြောင့် လက်ခံလိုက်မည့်အစား သူ့ကိုယ်သူသာ ထိခိုက်အောင်လုပ်လိုက်မည်ဖြစ်သည်။ 


ကျီလင်ထံမှထွက်သည့် မျိုသိပ်ထားသော ငိုရှိုက်သံများကလွဲပြီး အခန်းထဲရှိလေထု၏ တိတ်ဆိတ်မှုက လွှမ်းမိုးနေသည်။ 


အချိန်များ မည်မျှ ကုန်ဆုံးသွားသည်ကို မည်သူမှမသိကြချေ။ 


ကျင်းဆွေ့က နောက်ဆုံးတွင် အရှုံးပေးဟန်ဖြင့် သူ့မျက်ဝန်းများကိုမှိတ်ချကာ အက်ကွဲနေသည့် အသံဖြင့်ပြောသည်။ 

"ကိုယ် မင်းကိုမထိတော့ဘူး...ဒါကြောင့် မကြောက်နဲ့တော့နော်...အခုအားလုံးပြီးသွားပြီ..."


စက္ကန့်အနည်းငယ်အကြာတွင် ကျင်းဆွေ့က ကျီလင်၏ခန္ဓာကိုယ်လေးအား ပွေ့ချီကာ ရေချိုးခန်းအတွင်းဆီသို့ သယ်ဆောင်သွားတော့သည်။ 


.........


အရာအားလုံးပြီးဆုံးသွားသော်လည်း ကျီလင်က ယခုအချိန်အထိ အထိန်းအကွပ်မဲ့စွာ ငိုယိုနေဆဲဖြစ်သည်။ 


သူ၏ကိုယ်ကျင့်သိက္ခာကို ကာကွယ်ရန်အတွက် ခက်ခက်ခဲခဲ ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း ထိုလူက သူ့ကိုလက်နှင့်ထိကပါးရိကပါး အသားယူခဲ့သေးသည်။ 


အရှက်အရဆုံးကတော့...ငါက အဲဒါကိုတကယ်ကြီး သာယာနေခဲ့တာလေ...


ကျင်းဆွေ့က မကောင်းဆိုးဝါးကြီး...တကယ့်ကိုမကောင်းဆိုးဝါးကောင်ကြီးပဲ...


ကျီလင်က အမှန်တကယ်ကို စိတ်ပျက်လက်ပျက်ဖြစ်ကာ မျှော်လင့်ချက်ကုန်ဆုံးနေသည်။



✨✨✨


သူက အရမ်းကို ဆင်ဆာဖြတ်ထားတော့ ဘာဖြစ်မှန်းကို မသိလိုက်ဘူး၊ ဒါပေမဲ့ ကိုယ့်စိတ်ထင်ပြောရရင် ဂါဘရီရယ်နဲ့တုန်းက bl*wjob, ကျင်းဆွေ့နဲ့က h*ndjobထင်တယ် 🥹