✨ Chapter 91
ပူပေါင်းကြံစည်မှု
ကျီလင်က ထိုနေရာတွင် ထိုင်ခဲ့ရပြီး အေးစက်ခြင်းနှင့် အဆင်မပြေမှုကို ခံစားနေရသည်။ သူ့ရင်ထဲတွင် ဒေါသမီးစက်လေးက စတင်တောက်လောင်လာတော့သည်။
ဒီနေ့ အဲမကောင်းတဲ့လူ လွန်လွန်းသွားပြီ...
ထိုလူက သူ့ကို အတင်းအကျပ်အနမ်းများ အပြင် ပရောပရည်လုပ်ပြီး ထွက်ပြေးသွားရဲသေးသည်။ အနည်းဆုံး မထွက်ခွာမီ သူ့ကို လွှတ်ပေးသင့်သည်။
ပုံမှန်မဟုတ်တဲ့ လိင်စိတ်ဆန္ဒရှိတဲ့သူ၊ အသိတရား တစ်စက်ကလေးမှ မရှိဘူး...
စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ကူညီရာမဲ့စွာ လှဲနေချိန်တွင် ကျီလင်က တံခါးကို အတင်းပြန်ဖွင့်သံနှင့် ခြေသံများ ကြားသည်အထိ အမှောင်ထဲတွင် စောင့်ဆိုင်းနေရသည်။ ထိုသူ၏ အပြုအမူများကို သတိရသွားသောအခါ မကျေနပ်ချက် အရှိန်အဟုန်ဖြင့် သူက သနားစရာကောင်းသော အပြစ်ကင်းစင်မှုကို စတင်ဟန်ဆောင်ကာ သူ့မျက်လုံးများက မျက်ရည်များ စီးကျလာသည်။
ငါ အဲ့နှလုံးသားမရှိတဲ့ လူဆိုးကို သူ့အမှားတွေကို သိအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်...
သို့သော် အချိန်ကြာမြင့်သည်တိုင် မည်သည့် တုံ့ပြန်မှုမရသောကြောင့် ကျီလင် အံ့အားသင့်သွားသည်။ ကျီလင် စိတ်မသက်မသာဖြစ်လာသည့်အခါမှ သူ့ခန္ဓာကိုယ်ပေါ်ကို ဖြည်းညင်းစွာ ဖုံးအုပ်လာသည့် ကုတ်အင်္ကျီကို ခံစားလိုက်ရသည်။
ထို့နောက် သူက ဆွဲဖက်ခံလိုက်ရပြီး ထိုလူက သူ့အား တင်းကျပ်နွေးထွေးစွာ ပွေ့ဖက်ထားသည်။ ထို့နောက် ထိုလူ၏ သြရှပြီး အက်ကွဲနေသည့် နာကျင်သောအသံကို သူ့နားထဲတွင် ကြားလိုက်ရသည်။
"ကိုယ်ပါ..."
ကျီလင်၏ မျက်နှာက အံ့ဩမှုကြောင့် တောင့်ခဲသွားတော့သည်။
ဒီအသံ...ကျင်းဆွေ့အသံပဲ...
နောက်တစ်စက္ကန့်တွင် သူ့မျက်လုံးများကို အုပ်ထားသည့် ဖဲကြိုးနက်ကို ဖြည်ပေးလိုက်ပြီး သူ့လက်ကို ချည်ထားသည့် ကြိုးကိုလည်း ဖြည်လိုက်သည်။ ကျင်းဆွေ့၏ ချောမောသော မျက်နှာက ထင်ရှားလာပြီး သူ၏ ပုံမှန်အေးစက်သော ရွှေရောင်မျက်လုံးများက ယခုအခါ နာကျင်နေပြီး လွမ်းမောခြင်းဖြင့် ပြည့်နှက်နေသည်။ သူက ကျီလင်ကို အလွန်တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း သူ၏လက်များက အနည်းငယ် တုန်ရီနေသည်။
ကျီလင် : "...
စက္ကန့်အနည်းငယ်အကြာတွင် သူ့မျက်နှာက နီရဲတွတ်သွားတော့သည်။
သေရော...သွားပါပြီ... ဘယ်လောက်ရှက်စရာကြီးလဲ... ဒီကို အရင် ရောက်လာတဲ့သူက ကျင်းဆွေ့တဲ့လား...
ဤကဲ့သို့ ရှက်စရာကောင်းသော သူ့အခြေအနေကို ကျင်းဆွေ့က မြင်တွေ့သွားသည်ကို စဉ်းစားမိသောအခါ ကျီလင်က လုံးဝစိတ်ဓာတ်ကျသွားသည်။ ထိုဆိုးရွားသော သူပုန်၏ ကစားစရာဖြစ်ခြင်းက ရှက်စရာကောင်းဖွယ်ဖြစ်သော်လည်း ယခုတွင် တစ်စုံတစ်ဦးက သူ့ကို ဤသို့တွေ့မြင်ခဲ့ပြန်သည်။
ဘာလို့လဲ...ဘာလို့လဲ...
ငါ ဒီနေရာမှာပဲ ဖုန်မှုန့်လေးလို ပျောက်ကွယ်လိုက်ချင်တယ်... QAQ
သူက ဤနေရာတွင် သေဆုံးလိုက်ချင်သည်။
ကျင်းဆွေ့က သူ၏ အနက်ရောင် ကုတ်အင်္ကျီကို ချွတ်ပြီး ကောင်ငယ်လေးအပေါ်သို့ ဂရုတစိုက် ခြုံပေးလိုက်ကာ သူ့ကို နီးကပ်စွာ ပွေ့ဖက်ထားသည်။
ကောင်ငယ်လေး၏ မျက်လုံးများက အံ့ဩထိတ်လန့်ကြောက်ရွံ့နေသည်။ ထို့နောက် ရှက်စိတ်ကြောင့် မြန်မြန်ပိတ်သွားသော်လည်း တုန်ရီနေသည့်မျက်ခွံများကို သူကြည့်နေမိသည်။ ဤမြင်ကွင်းက ကျင်းဆွေ့၏ နှလုံးသားကို ဓားပေါင်းများစွာ ထိုးစိုက်လိုက်သလိုခံစားရသည်။
သူ့နှလုံးသားနှင့် သူ့အကြောင်းပြချက်များစွာကို ထောင်နှင့်ချီပြီး ဆုံးရှုံးစေသည်။
သူက မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှုသွင်းလိုက်ပြီး ကျန်ရှိသော လက်ကျန်ခွန်အားများဖြင့် သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းကာ ဖြူဖျော့နေသည့် ကောင်ငယ်လေးကို ညင်သာစွာ ပွေ့ချီလိုက်သည်။
ကျီလင်က ကျင်းဆွေ့၏ ရင်ခွင်ထဲတွင် ပုန်းကွယ်နေပြီး အသံထွက်ရန်ပင် ရှက်လွန်းနေသည်။
သို့သော် ခဏကြာသောအခါ ထိုနေရာတွင် ဖမ်းခံထားရသည့် နဥ်ယွီကို သူ သတိရသွားသည်။ သူ၏ အရှက်ကို တွန်းလှန်ရင်း သူက မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်တောင်များက မျက်ရည်များစိုနေပြီး အားနည်းသည့်အသံလေးဖြင့် ပြောလိုက်သည်။
"နဥ်ယွီ... ကျွန်တော်ကြောင့် ဖမ်းခံထားရတယ်... ကျေးဇူးပြုပြီး... သူ့ကို ကယ်ပေးပါ..."
ကျင်းဆွေ့၏ မျက်ဝန်းတို့က အနည်းငယ် ခက်ထန်လာသည်။ သူ နဥ်ယွီကို သံသယရှိနေသည်က ကြာလှပြီးဖြစ်သည်။ အကယ်၍ နဥ်ယွီသာ ထိုနေ့က ကျီလင်အား မဖိတ်ကြားခဲ့ပါက ကျီလင်ကို သူပုန်များက ဖမ်းဆီးမိလိမ့်မည် မဟုတ်ပေ။
သို့သော် ကျီလင်၏ မျက်ဝန်းထဲရှိ အလွန် စိုးရိမ်ပူပန်သောကများကို မြင်လိုက်ရသဖြင့် ထိုအကြောင်းကို ပြန်လည်ပြောမနေဘဲ ကျီလင်အား ပြန်ဖြေလိုက်သည်။
"ဟုတ်ပြီ..."
သူ့အဖြေကို ကြားသောအခါ ကျီလင်က မျက်လုံးများကို ပြန်ပိတ်လိုက်ပြီး တိတ်ဆိတ်သွားပြန်သည်။
ကျင်းဆွေ့က သူ့ကို ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်ပြီး ကျီလင်အား သူ့ရင်ခွင်ပေါ်တွင် အနားယူခိုင်းလိုက်သည်။ သူ့ကို ချက်ချင်းပင် ခေါ်ဆောင်သွားလိုသည့် ဆန္ဒသာ ပြည့်ဝနေသည်။
သူတို့ ထွက်လာသည့်တစ်ပြိုင်နက် ပြင်းထန်သော တိုက်ပွဲသံများက သူ့နားထဲ တိုးဝင်လာတော့သည်။
ဘရန်ဒန်က ကားလို့စ်၏ လမ်းကို ပိတ်ဆို့ထားသောကြောင့် ကားလို့စ်က အဝေးတွင်သာ မတ်တတ်ရပ်နေသည်။ ကျင်းဆွေ့က မျက်မှောင်ကြုတ်လိုက်ပြီး ကားလို့စ်ကို အေးစက်စွာဖြင့် ကြည့်လိုက်သည်။
ထိုနှစ်ဦးစလုံးက ကျင်းဆွေ့ ပွေ့ချီထားသည့် ကောင်ငယ်လေးကို သတိပြုမိသွားကြသည်။
ကျီလင်ကို အနက်ရောင်အင်္ကျီဖြင့် ပတ်ထားသော်လည်း ပေါ်လွင်နေသော ဖြူဖွေးသွယ်လျသည့် ခြေတံရှည်များက ဘောင်းဘီမဝတ်ဆင်ထားသောကြောင့် ထိုနူးညံ့သိမ်မွေ့သော ခြေတံရှည်တောက်လျှောက်တွင် နမ်းရာများနှင့် လက်ရာများ ထင်ရှားစွာ ပေါ်လွင်နေသည်။
ရက်စက်မှု၏ အမှတ်လက္ခဏာဖြစ်သော ဤအမာရွတ်များက သူ မည်သည့်နာကျင်မှုများကို အောင့်ခံခဲ့ရသည်ကို သိသာစေသည်။
ကားလို့စ်၏ ခံ့ညားသောမျက်နှာက ဒေါသရိပ်များကြောင့် တင်းမာသွားလျက် ခက်ထန်စွာဖြင့် ရှေ့သို့ တက်လာခဲ့သည်။ သို့သော် ဘရန်ဒန်က သူ့ကို တားဆီးပိတ်ဆို့လာ၏။
ဘရန်ဒန်က သူကိုယ်တိုင်လည်း တုန်လှုပ်နေပြီး နာကျင်မှုများဖြင့် ပြည့်နှက်နေသော်လည်း ယနေ့အတွက် သူ၏ တာဝန်ကို မမေ့နိုင်ပေ။ သူက ကားလို့စ်အား ကျီလင်ကို ပြန်လည်ယူဆောင်သွားခွင့် မပြုနိုင်ပေ။
ကျင်းဆွေ့က အဝေးတွင် ရပ်နေသည့်ကားလို့စ်ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ကျီလင်ကို သူ၏ စစ်သင်္ဘောထဲသို့ သယ်ဆောင်သွားလိုက်သည်။ ကားလို့စ်၏ မျက်လုံးများတွင် ဒေါသမီးတောက်လောင်နေသော်လည်း ဘရန်ဒန်က သူ့ကို တားဆီး ပိတ်ပင်ထားသောကြောင့် ဘာမှ လုပ်မရချေ။
သေစမ်း...ငါ ပထမဆုံးရောက်လာခဲ့ရင် ကျင်းဆွေ့က ကျီလင်ကို ခေါ်သွားနိုင်မှာ မဟုတ်ဘူး...
……………
ကျီလင် အပြင်ဘက်က တိုက်ပွဲသံများကို လုံးဝ အရေးမစိုက်ချေ။ ကျင်းဆွေ့ သို့မဟုတ် ကားလို့စ် မည်သူက သူ့ကို ပြန်လည်ခေါ်ဆောင်သွားပါစေ သူ့အတွက် ထူးမခြားနားတော့ပေ။
အဲ့နှစ်ယောက်လုံးက ရူးနေတဲ့သူတွေကြီးပဲ... QAQ
ကျီလင်က ကျင်းဆွေ့၏ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ခံနေရပြီး နန်းတော်ကို ပြန်လည်ရောက်ရှိသည်အထိ တိတ်ဆိတ်စွာ နေခဲ့ရသည်။ ကျင်းဆွေ့က သူ့ကို တစ်ခါမျှ လွှတ်မပေးခဲ့ပေ။ သူ အလွန်သတိထားသော်လည်း သူတို့၏ခရီးကို သတိမပြုမိနိုင်ဘဲ ကျီလင်၏ မျက်နှာတွင် ရှက်ရွံ့မှုဖြင့် နီမြန်းနေသည်။
ငါ ဘယ်လို အကုသိုလ်မျိုး ကျူးလွန်ခဲ့မိလို့ အခုလိုမျိုး လူသိရှင်ကြား အရှက်ရခံရတာလား...
ကံကောင်းစွာဖြင့် ဤသည်က သူ၏ မူလကမ္ဘာမဟုတ်ပေ။ သို့မဟုတ်ပါက သူ အပြင်ဘက်သို့ မျက်နှာမပြရဲတော့ပေ။
ကျင်းဆွေ့က ကျီလင်ကို သူ၏ နန်းဆောင်ဆီ ပြန်လည်ခေါ်ဆောင်လာပြီး ရင်းနှီးလှသော အခန်းထဲသို့ ပြန်လည်ရောက်ရှိလာသည်။ သူ တစ်ချိန်က ထွက်ပြေးရန် အလွန်ကြိုးစားခဲ့သည့် ဤနေရာသို့ ပြန်လည်ရောက်ရှိလာမည်ဟု ဘယ်တော့မျှ မစဉ်းစားမိခဲ့ပေ။
ကျင်းဆွေ့ကို နေ့တိုင်း နမ်းခိုင်းသည့်မှတ်ဥာဏ်များနှင့် ရှင်သန်ရန် နေ့တိုင်းသရုပ်ဆောင်ပြီး ဗျူဟာများ ခင်းနေခဲ့ရသည်ကို ပြန်လည်သတိရသွားတော့သည်။ ဂါဘရီရယ်က ဆိုးရွားသော်လည်း သူ့ကို ထိုသို့သော အရာများကို ပြုလုပ်ရန် ရည်ရွယ်ချက်မျိုး မရှိပေ။
သို့သော် ကျင်းဆွေ့က လုပ်ပေသည်။
ကျီလင်က စိုးရိမ်တုန်လှုပ်ပြီး စိတ်မသက်မသာဖြစ်နေသည်။ ဤကဲ့သို့သော အကြင်နာတရားမရှိသည့် ကမ္ဘာကြီးကို စိတ်ပျက်လက်ပျက်ဖြစ်နေသည်။
ကျင်းဆွေ့က မျက်လွှာကို ချလိုက်ရင်း သူ၏ အကြည့်များက ကျီလင်၏ လည်ပင်း၊ လက်မောင်း နှင့် ပခုံးများကို စိုက်ကြည့်နေသည်။ သူ၏ မေးရိုးများက ဒေါသကြောင့် ထောင်ထသွားသည်။ ကားလို့စ် ရောက်ရှိမလာမီ ကျီလင်ကို ကယ်ဆယ်ရန် သူက အရေးတကြီးဆောင်ရွက်ခဲ့သောကြောင့် ကျင်းဆွေ့ ကျီလင်၏ အခြေအနေကို သေချာစစ်ဆေးရန် အချိန်မရှိခဲ့ပေ။ ယခုအခါတွင် သူ့နှလုံးသားထဲ၌ ပြင်းထန်သော ဝေဒနာတစ်ခုက ထိန်းချုပ်မရအောင်ပင် ပျံ့နှံ့လာ၏။
ကျီလင်ကို မကာကွယ်နိုင်ခဲ့သည်က သူ့အပြစ်ပင်ဖြစ်သည်။ ယခင်အချိန်တည်းက ကျီလင် သူ့အား မည်မျှ မုန်းတီးနေပါစေ ကျီလင်ကို သူ့ဘေးနားတွင် ထားရှိခဲ့ပါက ဤကဲ့သို့သော ညှဉ်းပန်းနှိပ်စက်မှုများကို ကာကွယ်နိုင်ခဲ့လိမ့်မည်။ သူ၏ ကောင်ငယ်လေးက အပြစ်ကင်းစင်လှသည်။
ဒီလိုနာကျင်မှုမျိုးကို ဘယ်လောက်တောင် သည်းခံနေခဲ့မလဲ...
သူက ကျီလင်ကို လွှတ်ပေးလိုက်သည်နှင့်ပတ်သက်၍ ယခုတွင် အလွန်နောင်တရနေတော့သည်။
ကျင်းဆွေ့က ခဏကြာစွာ တိတ်ဆိတ်နေပြီးနောက် ကျီလင်၏ခေါင်းကို ဖွဖွလေး ပွတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကိုယ် နောက်မှ ပြန်လာခဲ့မယ်…"
သူက ကောင်လေးဆီက ထွက်သွားရမည်ကို လေးပင်နေခဲ့သည်။
သို့သော် သူ့တွင် ဆောင်ရွက်ရန် လိုအပ်သည့် အရေးကိစ္စများ ရှိနေသေးသည်။
…………………
ကျင်းဆွေ့က သူ့နန်းဆောင်မှ ထွက်လာပြီး ခန်းမဆောင်ကို ရောက်လာသည်။
ဘရန်ဒန်က ထိုနေရာတွင် စောင့်ဆိုင်းနေပြီး ကားလို့စ်နှင့် တိုက်ပွဲဝင်ခဲ့သည့် ဒဏ်ရာများက ရှိနေဆဲဖြစ်၍ သူ့လက်မောင်းပေါ်တွင် သွေးစက်များ ပေါ်လွင်နေသည်။ သူ၏ ပုံမှန်တည်ငြိမ်သော ပုံရိပ်များက ပျက်ပြားနေပြီး သူ၏ မျက်နှာပေါ်ရှိ နာကျင်မှုများက ထင်ရှားလွန်းသည်။
ကျင်းဆွေ့ကို တွေ့မြင်သောအခါ သူ့မျက်နှာက တင်းကျပ်သွားပြီး သူ၏ နက်နဲသော အသံက နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။
"သူ ဘယ်လိုနေလဲ..."
ကျင်းဆွေ့၏အကြည့်က အသူတရာနက်သည့် ချောက်နက်ကြီးအလား မှောင်မိုက်၍နေသည်။ သူက စကားမပြောမီ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။
" သူက အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမရှိတော့ဘူး..."
ဘရန်ဒန်က သူ၏ညာဘက်လက်ကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ သူ၏ မီးခိုးရောင် မျက်လုံးများတွင် အမုန်းတရားများနှင့် ဝမ်းနည်းနာကျင်မှုများ ပြည့်နှက်နေသည်။
ကျီလင်တွင် အသက်အန္တရာယ် မရှိသော်လည်း ထိုသေသင့်သည့်သူပုန်များထံတွင် လူတစ်ယောက်ကို သေခွင့်ပေးရန်တောင်းဆိုစေနိုင်သည့် အဆုံးမရှိသော နှိပ်စက်ညှင်းပန်းမှု နည်းလမ်းများစွာ ရှိနေပေသည်။
ကျီလင် ခံစားခဲ့ရနိုင်သည့် အရာများကို စဉ်းစားရုံဖြင့် ဘရန်ဒန်၏ မျက်လုံးများက အေးစက်နေတော့သည်။ ပထမဆုံးအကြိမ် သူက ထိုကြမ်းကြုတ်သော သူပုန်များအပေါ် ပြင်းထန်သော လက်စားချေမှု ဆန္ဒကို ခံစားရသည်။
သူ၏ ပြင်းထန်သော ဒေါသများရှိနေသော်လည်း ဘရန်ဒန်က သူ၏ စိတ်ကို ထိန်းထားဆဲဖြစ်သည်။ သူက ကိုယ့်ကိုယ်ကိုယ် ပြန်လည်အာရုံစိုက်ရန် ဖိအားပေးပြီး အေးစက်သည့် အသံဖြင့် ပြောလိုက်သည်။
"ငါ အဲဒီဂြိုဟ်နဲ့ အခြေစိုက်စခန်းကို စစ်ဆေးပြီးပြီ...သခင်ကွင်ခ် ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ထင်ရှားပေမယ့် တကယ်က ကားလို့စ်က လျှို့ဝှက်ပြီးစီမံခန့်ခွဲနေတယ်..."
ကျင်းဆွေ့က မျက်လုံးကို ပင့်မော့လိုက်ပြီး နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟကာ ပြောလိုက်သည်။
"ဒါပေမယ့် ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ကားလို့စ် ရှိမနေဘူး..."
ဘရန်ဒန်က တစ်ခွန်းတစ်ခွန်းကို အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
"သူပုန်တွေ..."
လေးနက်သော အကြည့်ချင်းဖလှယ်ကြပြီးနောက် နှစ်ယောက်စလုံးက လေးနက်သောအမူအရာကို ထုတ်ဖော်လိုက်ကြသည်။
ယခုအချိန်အထိ ကားလို့စ်က ကျီလင်ကို ရှာဖွေရန် ကြိုးစားအားထုတ်မှုများက ဟန်ဆောင်နေခြင်း မဟုတ်ပေ။ သူက ထိုကဲ့သို့သော ဂိမ်းကို ကစားရန် လိုအပ်ဘဲ၊ ကျီလင်ကို ဤသို့သော နည်းလမ်းဖြင့် ထိခိုက်စေရန်လည်း မရှိပေ။ ထို့ကြောင့် ဤအခြေအနေက သူမဟုတ်သည်က ထင်ရှားနေသည်။ ကျီလင်ကို သူလျှို့ဝှက်ထိန်းချုပ်ထားသော ဂြိုဟ်တစ်ခုပေါ်တွင် တွေ့ရှိခဲ့သည်။
သို့သော် ဤသည်က တိုက်ဆိုင်မှုမဟုတ်ပေ။
ကျင်းဆွေ့က နှေးကွေးစွာ ပြောလိုက်သည်။
"ဂါဘရီရယ်က တမင်လုပ်ခဲ့တာပဲ... သူက ကားလို့စ်ရဲ့ နယ်မြေထဲမှာ ကျီလင်ကို တမင်ဝှက်ထားပြီး.. ကျီလင်ရဲ့ အခြေအနေကို အသုံးချပြီးတော့ ငါတို့နဲ့ ကားလို့စ် ပဋိပက္ခဖြစ်အောင် လုပ်ချင်တာ...မဟုတ်ရင်လည်း ငါတို့ဘက်က ကားလို့စ်ကို တိုက်ခိုက်ဖို့ အကြောင်းပြချက် ရှိသွားအောင် လုပ်တာပဲ..."
ဘရန်ဒန်၏ အသံက ဒေါသနှင့် ပြည့်နှက်သွားသည်။
"သူက ကောင်းတဲ့ ရည်ရွယ်ချက်ရှိပုံမရဘူး...
သူက ငါတို့နဲ့ ကားလို့စ်တို့ အများဆုံး အထိနာအောင်လုပ်နေတာ..."
ကျင်းဆွေ့က အေးစက်စွာ ပြုံးလိုက်ပြီးနောက်က သူ၏ မျက်လုံးများက အကြံအစည်များဖြင့် ပြည့်သိပ်နေတော့သည်။ သူက သူ့အစီအစဉ်ကို တစ်လုံးချင်း ပြတ်ပြတ်ပြတ်သားသားပြောဆိုလိုက်သည်။
"ငါတို့က ကျီလင်ကို အောင်အောင်မြင်မြင် ကယ်လိုက်နိုင်ပြီး၊ ကျီလင်ကို ကားလို့စ်က လိမ်လည်လှည့်ဖြားခဲ့တဲ့ အကြောင်းကို ကြေညာမယ်... ပြီးတော့ ကျီလင်က သူ့အကြံအစည်ကို သိသွားတဲ့အခါ သူက ကျီလင့်ကို သူ့ပိုင်နက်မှာ ဖမ်းထားပြီး သူပုန်တွေကို အပြစ်လွှဲချ တရားခံအဖြစ် စွပ်စွဲပြီး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ခဲ့တယ်... သူ့ရည်မှန်းချက်အတွက် သူက ဒီလို လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတာကို မြိုစားမင်းကျီထင်နဲ့ ငါ့ကို ဖြေရှင်းချက်ပေးရမယ်..."
ဘရန်ဒန်က အံ့ဩသွားပြီး မော့ကြည့်လိုက်သည်။ "မင်း..."
ကျင်းဆွေ့၏ မျက်နှာက အေးစက်နေသည့်အမူအရာဖြင့် ပြည့်နှက်ပြီး သူက အေးစက်စွာဖြင့်သာ ပြောလိုက်သည်။
"ငါတို့ဒီလိုလုပ်ဖို့ သေချာပေါက် ဂါဘရီရီယ် မျှော်လင့်ထားတာပဲ... ငါးစာကိုဟပ်ပြီး စိတ်လိုက်မာန်ပါ လုပ်မိမယ်... ဒီလိုနဲ့ မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲမှု ဆေးဝါးက ချောချောမွေ့မွေ့ ဆက်ရှိနေမယ်... ငါတို့ ကားလို့စ်ရဲ့ အာဏာကို အဆုံးမသတ်ပစ်နိုင်ရင်တောင် သခင်ကွင်ခ် အပါအဝင် ဒီကိစ္စမှာပါဝင်ပတ်သတ်နေတဲ့ သူ့ရဲ့အပေါင်းအပါတွေ အားလုံးက ငါ့အမျက်ဒဏ်ကို ခံကြရမယ်... ကားလို့စ်လည်း ဒီဒဏ်ကို ခံရပြီး ငါတို့ကို ရန်စမယ့် နောက်ထပ် အကြံအစည်တွေ ထုတ်လာလိမ့်ဦးမယ်.. ဒါကြောင့် ငါတို့ သူ့ကို ထိပ်တိုက်တွေ့ဖို့ မဖြစ်မနေလိုတယ်…"
ဘရန်ဒန်က ခဏစဉ်းစားပြီး သော့ချက်များကို သဘောပေါက်သွားသော်လည်း စိတ်မကျေနပ်မှုကို ခံစားရသည်။
ဤသို့သော လှည့်ဖြားခံရခြင်းက မှားယွင်းသည်ဟု ခံစားရသည်။
ကောင်ငယ်လေးက ထိခိုက်ဒဏ်ရာရရှိပြီး နောက်ကွယ်မှ တကယ့်အပြစ်မှုကျူးလွန်သူမှာ လွတ်မြောက်နေသည်။
သူတို့တွင် တကယ့်ရန်သူကို လိုက်လံရှာဖွေရန် တရားဝင် အကြောင်းပြချက် မရှိခဲ့ပေ။
ဘရန်ဒန်က ဒေါသကြောင့် စိတ်လွတ်လုနီးပါးဖြစ်နေပြီး သူ့လက်သီးများက တုန်ရီနေသည်။
ကျင်းဆွေ့က ထိုခါးသီးမှုကို နားလည်သော်လည်း သူက လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ မျက်လုံးများက ထက်ရှပြီး တည်ငြိမ်စွာ ရှိနေသည်။
"ဒါက ငါတို့ရဲ့ အကောင်းဆုံး ရွေးချယ်မှုပဲ..."
ဘရန်ဒန်၏ အသံက ဒေါသဖြင့် ပြည့်နှက်နေသည်။
"ဒီအတွက် သူပေးဆပ်ရမယ်..."
ကျင်းဆွေ့၏ နှုတ်ခမ်းများက ခက်ထန်စွာ ပြုံးလိုက်ပြီး သူ၏ မျက်လုံးများက မှောင်မိုက်လာသည်။
"သူက ငါတို့ လွှတ်မပေးဘူးဆိုတာ သိတယ်... ဒါပေမယ့် ငါတို့ သူ့ရဲ့ 'လက်ဆောင်' ကို ငြင်းဆန်မှာ မဟုတ်တာကိုလည်း သူသိတယ်... ဒါက ပွင့်လင်းတဲ့ လှည့်စားမှုပဲ... ဘာကြောင့်လဲဆိုတော့ ငါတို့ ကားလို့စ်ကို ဖိနှိပ်တာကို စွန့်လွှတ်ပြီး သူပုန်တွေကို အာရုံစိုက်ရင် ကားလို့စ်ကို အကျိုးဖြစ်ထွန်းစေမှာပဲလေ...အရင်က ငါတို့ရဲ့ ကြိုးပမ်းမှုတွေ အားလုံးကို ပျက်ပြားစေပြီး အခြေအနေကို ထိန်းချုပ်မရနိုင်အောင် ဖြစ်စေမှာ... နောက်ပြီး..."
ဘရန်ဒန်က တိတ်ဆိတ်စွာ နေလိုက်သည်။
ကျင်းဆွေ့က ဖြေးညင်းစွာ ဆက်ပြောလိုက်သည်။
"ငါတို့ရဲ့ အဓိက အာရုံစိုက်မှုက ကားလို့စ်ဖြစ်ပေမယ့် လျှို့ဝှက်ရှာဖွေမှု ကြိုးပမ်းမှုတွေကို လျှော့ချလို့ မရပါဘူး... ငါ သူပုန်တွေကို အကဲခတ်လွဲသွားတယ်... သူတို့က ငါထင်ထားတာထက် ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ထားတယ်...ကျီလင်ကို မြို့တော်ကနေ တိုက်ရိုက် ဖမ်းဆီးပြီး ကားလို့စ်ရဲ့ နယ်မြေမှာ သတိမပြုမိဘဲ ဖုံးကွယ်ထားနိုင်တယ်... သူတို့ရဲ့ အာဏာကို သေးသေးလေး မထင်ရဘူး..."
ဘရန်ဒန်က နောက်ဆုံးတွင် ပြောလိုက်သည်။ သူ၏ အသံက တည်ငြိမ်ပြီး ပြတ်သားစွာနှင့် ဖြစ်နေသည်။
"ငါ ကိုင်တွယ်ပေးမယ်..."
ကျင်းဆွေ့က ခေါင်းညိတ်လိုက်ပြီး သူ၏ ရွှေရောင် မျက်လုံးများက ဖျော့တော့စွာ တောက်ပနေသည်။ သူ၏ အသံက အေးစက်သော်လည်း နက်နဲစွာ စွဲမြဲနေသော ပြစ်တင်မှုများ ပြည့်နှက်နေသည်။
"ငါ ကားလို့စ်ရဲ့ တပ်တွေကို နှိမ်နင်းပြီး ဆင့်ကဲပြောင်းလဲစေတဲ့ဆေးဝါးကို လုံခြုံအောင်လုပ်ပြီးရင် သူပုန်တွေက မခိုင်မြဲတော့ဘူး... အဲဒီအချိန်မှာ... သူ့ကို သတ်ပစ်လိုက်..."
ဘရန်ဒန်၏ မီးခိုးရောင်မျက်လုံးများက သနားညှာတာမှုကင်းကာ သွေးဆာနေသော အရိပ်အယောင်ကို ပြသနေပြီး သူက အေးစက်စွာပြောလိုက်သည်။
"ငါတို့ စောင့်စရာ မလိုပါဘူး... ငါတို့ သူ့ကို အမြန်ရှာတွေ့ရင် ငါ ကျေနပ်စွာနဲ့ အဆုံးသတ်လိုက်မယ်..."
ကျင်းဆွေ့က မျက်ခုံးများကို ပင့်လိုက်ပြီး သူ့မျက်လုံးများက အေးစက်စွာ ရှိနေသည်။
"ကောင်းပြီ…"
✨✨✨