Chapter 88
Viewers 15k

✨ Chapter 88



ထိုလူ့၏အနမ်းများက ပို၍ပွင့်လာပြီး၊ ပို၍မသင့်တော်သော နေရာများတွင် လုပ်ဆောင်လာသည့်တိုင် လူဆိုသည်မှာ အချိန်ကြာလာသည်နှင့်အမျှ တားဆီးထားသည့် အကန့်အသတ်တို့ လျော့ရဲလာတတ်ကြသည်ပင်။


ကျီလင်က တစ်ချိန်က သူ့အား ထိုလူ မုဒိမ်းကျင့်မည်ဟု ထင်ခဲ့သည့်အတွေးများနှင့်စာလျှင် ယခုလို အနမ်းခံရခြင်းက သည်းခံနိုင်သည်ဟု လက်ခံလိုက်သည်။


ထို့အပြင် ထိုသူက သူ့ကို အမြဲတမ်း ခြိမ်းခြောက်ပြီး ကြောက်စရာကောင်းစွာ ပြုမူသော်လည်း သူ၏အနမ်းများက အံ့သြဖွယ်ကောင်းလောက်အောင် နူးညံ့သည်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်မသက်သာမှုမှလွဲ၍ ကျီလင်က တကယ်တမ်း ဒဏ်ရာရခြင်း သို့မဟုတ် ညှဉ်းပန်းခံရခြင်း မရှိပေ။


ဘယ်လိုတောင် စိတ်တည်ငြိမ်မှုမရှိတဲ့တဏှာရူးလဲ...


တစ်နေ့တွင် ကျီလင်က ဥယျာဉ်ထဲ၌ စိတ်မပါသလိုထိုင်ပြီး ပုံရိပ်ယောင်ကောင်းကင်ကို ကြည့်နေခဲ့သည်။ သူ့အကြည့်များက ဦးတည်ချက်မဲ့နေသည်။ သူက ယခုလေးတင် ဝတ္ထုတစ်ပုဒ် ဖတ်ခဲ့ပြီး၊ မုန့်အချိုနည်းနည်းစားကာ ဂိမ်းအချို့ကစားခဲ့ပြီး၍ ယခုအခါ အပြင်ကို လမ်းလျှောက်ထွက်လာခဲ့ခြင်း ဖြစ်သည်။


နေ့ရက်တွေက အရမ်းကို ပျင်းစရာကောင်းတာပဲ...


သို့သော် ပုံမှန်မဟုတ်စွာ ငြိမ်းချမ်းနေခြင်းလည်း ဖြစ်သည်။ ဂါဘရီရယ်က ဘယ်တော့မှ ကြာကြာမနေတတ်ပေ။ ထိုသူက ပုံမှန်အားဖြင့် အစားအစာတစ်ခုခု သို့မဟုတ် အသေးစားပစ္စည်းတစ်ခုခုယူလာတတ်သလို၊ ကျီလင့်ကို မျက်လုံးများစည်းနှောင်ပေးပြီး အနမ်းတစ်ပွင့်ပေးကာ ပြန်သွားတတ်သည်။ ကျီလင်က သူ့ကိုယ်သူ အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်လို ခံစားနေရသည်။ သူ့ပိုင်ရှင်ထံမှ  ဂရုတစိုက် စောင့်ရှောက်ခံရပြီး နေ့စဉ်အစာကျွေးခံရသည်။ သူ့ပိုင်ရှင်က သူ့အပေါ် အချစ်များ တနင့်တပိုးနှင့် ကြင်နာဂရုစိုက်ပေးရခြင်းကို စွဲလမ်းနေပြီး၊ ကံဆိုးသော အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ဖြစ်သည့် သူက ၎င်းတို့အားလုံးကို သည်းခံနေရသည်။


နေပါဦး... ဘယ်သူက အိမ်မွေးတိရစ္ဆာန်လဲ...


ကျီလင်က သူပါးသူ ရိုက်လိုက်သည်။

ငါ စိတ်လွတ်သွားပြီလား...


အဆိုးဆုံးမှာ ဤဘဝတွင် သူ နေသားကျလာနေပြီ ဆိုသည်ကို သူ့ကိုယ်သူ သတိထားမိလိုက်ခြင်းဖြစ်သည်။


ဆိုးရွားသော အကြောက်တရားနှင့် ထက်သန်သော လွတ်မြောက်ထွက်ပြေးလိုစိတ်တို့က မကြာသေးမီ အချိန်ကပင် မရှိတော့သည်ကို သူသတိထားမိသွားသည်။ စဉ်းစားတွေးတောစရာမလို၊ အလုပ်လုပ်စရာမလို၊ လူများနှင့် ပတ်သက်ဆက်ဆံစရာမလိုသည့်အပြင် သရုပ်ဆောင်ရန်ပင် မလိုသည့်ဘဝကလည်း မဆိုးလောက်ဟု သူတွေးမိနေသည်။


ကျင်းဆွေ့၏ မနားမနေ သိမ်းသွင်းခြင်းကို လည်းကောင်း၊ ကားလို့စ်၏ တောက်လျှောက်ဖိအားပေးခြင်းကိုလည်းကောင်း ရင်ဆိုင်စရာ မလိုသည့်အပြင် သူ့သရုပ်မှန် ဖော်ထုတ်ခံရမည်ကိုလည်း ပူပန်နေစရာ မလိုတော့ပေ။ တိတ်ဆိတ်ငြိမ်းချမ်းသော နေရာတွင် တသီးတသန့်နေနိုင်ခဲ့သည်။ ဂါဘရီရယ်မှာ ဇာတ်ကွက် အခိုင်အမာ မရှိသည့် အရံဇာတ်ကောင်လေး တစ်ယောက်သာဖြစ်၍ သူ့ဆီကို မကြာမကြာ လာတွေ့ခြင်း မရှိသလို သူ့အနေနှင့် ထိုသူ့အရှေ့၌ အထူးတလည် သရုပ်ဆောင်ပြနေရန်ပင် မလိုအပ်ချေ။


သူ့၏အားစိုက်မှုများ တဖြည်းဖြည်း လျော့နည်းလာသည်။


ဂါဘရီရယ်က သူ့ကို မျက်စိစည်း၍ နမ်းတတ်သည့်စိတ်မနှံ့သည့်သူမဟုတ်ခဲ့ပါက ဂါဘရီရယ်က သူ့ကို ဒုက္ခတွင်းမှ ကယ်တင်ရန် လာခဲ့သည်ဟုပင် ထင်မှတ်ခဲ့နိုင်သည်။


အား...မဟုတ်ဘူး...မဟုတ်သေးပါဘူး...ငါဘယ်လိုအတွေးတွေ ရှိနေရတာလဲ...


ငါ စတော့ခ်ဟုမ်းရောဂါ (ပြန်ပေးဆွဲသူကို အကောင်းမြင်သော စိတ်အခြေအနေတစ်ခု)ဖြစ်နေတာများလား...


ကျီလင်က ထုံးစံအတိုင်း နေသားကျလာချိန်တွင် တစ်စုံတစ်ရာကြောင့် စိုးရိမ်ပူပန်လာပြန်သည်။ 


မဖြစ်ဘူး... အဲလူက အလွန်အန္တရာယ်များလွန်းတယ်...


သူက ကျီလင့်ကို တဖြည်းဖြည်းချင်း ဆွဲခေါ်နေခြင်းဖြစ်နိုင်သည်။ ပထမဦးစွာ မိမိကို ကြောက်ရွံ့စေအောင်လုပ်ပြီးနောက် မိမိကို ကြင်ကြင်နာနာ ဆက်ဆံခြင်းဖြင့် ကျီလင် သတိလက်လျှော့သွားစေရန် ကြံစည်နေခြင်းဖြစ်သည်။


အရမ်းလှည့်စားနိုင်ပြီး လိမ္မာပါးနပ်လွန်းတယ်...


ငါ မင်းရဲ့လှည့်ကွက်တွေကို မြင်ပြီးသားပါနော်...


ကျီလင်က ထိုသူ၏ လှည့်ဖြားမှုများထဲကို မကျရောက်စေရန် ဆုံးဖြတ်ချက်ချကာ နေ့စဉ် ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မြှင့်တင်ပေးနေသည်။


ငါက သာမန်လူတစ်ယောက်ပဲ...ငါ့ကို အကျဥ်းချထားတဲ့ မကောင်းတဲ့သူကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး...


ညနေခင်းအချိန် ကျရောက်လာသည်နှင့် ဂါဘရီရယ်က ပုံမှန်တိုင်းရောက်လာသည်။


ငွေရောင်မျက်နှာဖုံးနှင့်ယောက်ျားက ဘူးတစ်ဘူးကို သယ်ဆောင်လာပြီး ကျီလင် အရှေ့ရှိ စားပွဲပေါ်တင်လိုက်သည်။ ထို့နောက်တွင် သူက ပျင်းရိပျင်းတွဲထိုင်လိုက်ပြီးနောက် သူ့အကြည့်များက ကျီလင်ဆီသာ ဇောက်ချလိုက်တော့သည်။


ဤသည်က ဂါဘရီရယ်၏ပုံမှန်အခြေအနေဖြစ်ပြီး သူက ကျီလင်စားသုံးသည့်အချိန်ကလွဲ၍ ကျန်သည့်အချိန်များတွင် တိတ်ဆိတ်နေတတ်သည်။


ကျီလင်က ဘူးကိုဖွင့်လိုက်ချိန်တွင် သူအကြိုက်ဆုံးဟင်းလျာဖြစ်သည့် ခရမ်းမြီးငါးဟင်းလျာကို မြင်လိုက်ရသည်။


သူက အလွန်ဗိုက်ဆာနေသည့်ပုံ မပြသရန် ကြိုးစားကာ တူကို ကိုင်ယူပြီး ငါးကို ဖဲ့ယူကာ ဂါဘရီရယ်ထံမှ အနည်းငယ် လှည့်ပြီး တိတ်ဆိတ်စွာ စားသုံးလိုက်သည်။


ဂါဘရီရယ်က နေ့တိုင်း မတူညီသည့်အစားအသောက်ဟင်းလျာမျိုးစုံကို ယူလာခဲ့ပြီး အချို့သောအစားအသောက်များက အင်ပါယာကြယ်မှာပင် ကျီလင် မမြင်ဖူးပေ။ ဤအစားအသောက်များက အခြားဂြိုဟ်များဆီက ထိပ်တန်းဟင်းလျာများနှင့်အချိုပွဲများ ဖြစ်ရ ပေမည်။


ယခင်ရက်က ခရမ်းမြီးငါးကို အရသာမြည်းစမ်းပြီးနောက် သူက ၎င်းအရသာကို လွမ်းဆွတ်နေခဲ့သည်။ ဤသည်ကို ဂါဘရီရယ်က သတိထားမိပုံရပြီး မကြာခဏ ယူဆောင်လာပေးတတ်သည်။


ကျီလင်က စိတ်ကျေနပ်စွာ စားသောက်ခဲ့သော်လည်း ဂါဘရီရယ်ကို ကျေးဇူးမတင်ချင်သောကြောင့် မကြိုက်ချင်ယောင်ဆောင်စွာ ပြုမူလိုက်သည်။


ငါ မင်းဆီကနေ ဘာမှ မတောင်းဆိုခဲ့ဘူးနော်...မင်းဘာသာ ငါ့ကိုပေးတာ...ဟွန့်...


သူက ကိုယ့်အတွေးကို ထုတ်မပြောလေ့ရှိသော သခင်ငယ်လေးဖြစ်သည်။


ငါးဟင်းလျာကို သုံးဆောင်ပြီးနောက်မှာ ကျီ-အတွေးများကို ထုတ်မပြောလေ့ရှိသောသခင်ငယ်လေး-လင်က ဟင်းခါးခွက်နှင့်တူကို ချလိုက်ပြီး သူ၏အကြည့်များကို အောက်ပို့ထားကာ ငြိမ်သက်စွာထိုင်နေ၍ ဆက်ဖြစ်လာမည်ကို စောင့်နေလိုက်သည်။


သို့သော်လည်း ဤတစ်ကြိမ်တွင် ဂါဘရီရယ်က ဘာမှ မလုပ်သေးပေ။ သူက ကျီလင်၏ နှုတ်ခမ်းထောင့်ကို ညင်သာစွာ သုတ်ပေးလိုက်ပြီးနောက် တိတ်တဆိတ် ရယ်မောလိုက်သည်။ 

"ဒီတစ်ခါတော့ ပြန်ဖို့ စိတ်မလောတော့ဘူးပေါ့..."


ကျီလင်၏အမူအရာက တောင့်ခဲသွားပြီး ချက်ချင်းအမူအရာပြောင်းလဲသွားတော့သည်။

ဒီလူ ငါ့ကို စမ်းသပ်နေပြန်ပြီ...


ကျီလင်က အမှန်တကယ် ဒေါသထွက်သည့်အမူအရာကိုပြလိုက်ပြီးနောက် အေးစက်စွာဖြင့်ပြောလိုက်သည်။

"ကျွန်တော် ပြန်ချင်ရင်တောင် ခင်ဗျားက ကျွန်တော့်ကို လွှတ်ပေးမှာမို့လို့လား..."


ဂါဘရီရယ်က သူ့ကို တည်ငြိမ်စွာ ကြည့်နေပြီး သူ့မျက်ဝန်းထဲ၌ ရယ်မြူးနေသည့်အရိပ်များရှိနေသည်။ သူက  ချဉ်းကပ်လာသူများကို သတိထားစွာ ရန်စွာနေပြီး ခြေသည်းထောင်နေသောကြောင်လေးတစ်ကောင်ကို ကြည့်နေသလိုပင်။


ဖုံးကွယ်ရခြင်းက ကျီလင်၏အကျင့် ဖြစ်လာသည်။


ဒါဆိုရင် မင်းက ဘာကိုကြောက်နေရတာလဲ...


ဂါဘရီရယ်၏ စူးရှသောမျက်ဝန်းများရှေ့တွင် ကျီလင်က မသက်မသာ ခံစားလိုက်ရသည်။ တစ်အောင့်အကြာတွင် သူက ခေါင်းကိုထောင်ကာ ဒေါသထွက်နေသည့် အသံဖြင့် ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကို ဝံ့ကြွားမနေနဲ့... ဧကရာဇ်နဲ့ ကားလို့စ်က ကျွန်တော့်ကို မကြာခင်မှာ လာကယ်တော့မယ်...သူတို့က ခင်ဗျားကို လွှတ်ပေးမှာ မဟုတ်ဘူး..."


စက္ကန့်အနည်းငယ်ကြာချိန်တွင် ဂါဘရီရယ်က ရုတ်တရက် ထရယ်မောလာပြန်သည်။ 


အနည်းငယ် လှောင်ပြောင်သည့်ရယ်သံမျိုးဖြစ်သည်။


ကျီလင်က သူ့အလိမ်များ ပေါ်ပေါက်သွားသလိုမျိုး သူ၏မျက်နှာက ရဲတွတ်သွားတော့သည်။ 


ဒါပေမယ့် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


သူ တံထွေးကို ခက်ခက်ခဲခဲမြိုချလိုက်ပြီးနောက် သတိထားပြီး ထိုယောက်ျားကိုကြည့်လိုက်သည်။


ဂါဘရီရယ်က သူ့ကို ယခင်က မရေတွက်နိုင်အောင် စနောက်ကျီတယ်တတ်သည်ကို ပြန်ပြီး သတိရသောအခါ ကျီလင်က ဂါဘရီရယ်သာ သူ့ကို ဆက်လက်၍ ဖိအားပေးပါက မည်သို့ တုံ့ပြန်သင့်သည်ကို စဉ်းစားနေမိသည်။


သို့သော် ဂါဘရီရယ်က စကားလုံးတစ်လုံးမှမထွက်ဘဲ ထရပ်လိုက်သည်။ ကျီလင်ဆီ လျှောက်လာပြီး မျက်စိကို ပြန်လည်စည်းနှောင်ကာ လက်နောက်ပိုင်းကို ချည်နှောင်လိုက်သည်။ 


ထို့နောက် ဂါဘရီရယ်က ကျီလင်ကို ပွေ့ချီလိုက်သည်။


ထို့နောက်ပိုင်းတွင် ဖြစ်ပျက်သည်များက ထုံးစံအတိုင်းပင် ဖြစ်သည်။ 


အတွေးများ လွင့်မျောနေသည့်အလယ်၌ ကျီလင်က အလေ့အကျင့်တစ်ခု၏ သက်ရောက်မှုသည် မည်မျှ ကြောက်ရွံ့စရာကောင်းလည်း တွေးမိလိုက်သည်။ 


တစ်ခါတစ်ရံတွင် လုပ်ရမည်ကို လုပ်ရပြီး လက်ခံရမည်ကို လက်ခံရမည်သာ ဖြစ်ပေသည်။ စတင်ချိန်တွင် ခက်ခဲသော်လည်း ကြိုးစားပြီးနောက် ထိုမျှအဆိုးကြီးမဟုတ်ကြောင်း သိရှိလာပြီး တဖြည်းဖြည်းချင်း ဂရုမစိုက်တော့ခြင်းသို့ ရောက်ရှိလာသည်။ 


သူက ဒူးရင်းသီးစားခြင်းကို မနှစ်သက်သော်လည်း သူငယ်ချင်းတစ်ဦးက ကြိုက်နှစ်သက်သည်။ စမ်းစားကြည့်ရန် ပြင်းပြင်းထန်ထန်တွန်းအားပေးခံရပြီးနောက် ဒူးရင်းသီးက ထိုမျှ စက်ဆုပ်ဖွယ်ရာ မကောင်းကြောင်း သူသိရှိလာခဲ့သည်။


သေစမ်း...ငါ ဘာလို့ ဒီလိုတွေ တွေးနေတာလဲ...


သူ စိတ်များလွင့်နေချိန်တွင် ဂါဘရီရယ်၏အနမ်းများက မနမ်းသင့်သည့်နေရာများထိ  သူ့အား ကျူးကျော် ဆွဲခေါ်ဆောင်သွားတော့သည်။


မိနစ်အနည်းငယ်ကြာတွင် ကျီလင်က ငါးသေတစ်ကောင်ကဲ့သို့ လှဲလျောင်းနေပြီး သူ၏မျက်နှာက စိတ်အားငယ်မှုများဖြင့် ပြည့်နေသည်။


ဒီနေ့... ဒီနေ့က ကြောက်စရာကောင်းလိုက်တာ... ငါ စိတ်လွင့်မိတဲ့အတွက် ဖြစ်ရမယ်... ငါ တကယ်ကို ပျော်ဝင်သွားတာပဲ...


ကျီလင်က အလွန်တရာ စိတ်ဓာတ်ကျ၊ စိုးရိမ်ပူပန်ပြီး ထိတ်လန့်နေမိသည်။ သူက သူ့စိတ်ကို ထပ်မံလွင့်မျောခွင့်မပြုတော့ပေ။


ငါ ဘာတွေဖြစ်နေတာလဲ... ငါက... ယောက်ျားလေးချင်း စိတ်ဝင်စားလာတာလား... ဒါပေမယ့် ငါယောက်ျားလေးတွေကို မကြိုက်ဘူးလေ... ဘယ်လိုဖြစ်နိုင်မှာလဲ...


ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးမိပြီးနောက် ကျီလင်က ရှက်လွန်း၍ သေချင်စိတ်များပေါက်သွားတော့သည်။

ဒါက ရှက်စရာကောင်းလိုက်တာ... အား...


ပို၍ဆိုးသည်က ဂါဘရီရယ်က အနီးတိုးကပ်လာပြီး မျက်ရည်များစိုနေသည့်မျက်စိစည်းကို နမ်းရှိုက်လာပြီူနောက် ခပ်နိမ်နိမ့်ဖြင့် သဘောတကျရယ်မောလာသည်။

"ကြိုက်လား..."


ကျီလင်က အံကိုကြိတ်လိုက်ပြီး စကားပြောရန် ငြင်းဆန်လိုက်သည်။


ဟ...ငါ မကြိုက်ဘူးလို့ ပြောစေချင်တာမလား...


ဒါဆိုရင် မင်းက... ပြန်ပြီးတော့ မင်းရဲ့ပါးစပ်ကသာ မကြိုက်တာ မင်းရဲ့ခန္ဓာကိုယ်ကတော့ ကြိုက်နေတာသိသာတယ်လို့ပြောပြီး ငါ့ကို အနိုင်ကျင့်ချင်နေတာမလား...


အိပ်မက်ပဲ မက်နေလိုက်စမ်းပါ... ငါ ဘယ်တော့မှမပြောဘူး...


ဤလူယုတ်မာ၏ လှည့်စားတတ်သည့်သဘောထားကို သိထားသောကြောင့် ကျီလင်က ဂါဘရီရယ် ထိုသို့ပြောလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ ယနေ့ဖြစ်ပျက်ခဲ့သည့်အရာများကြောင့် ကျီလင်က အလွန်ရှက်နေပြီး ဂါဘရီရယ်က ထိုသို့ပြောလာပါက ကျီလင် ရှက်လွန်း၍ မြစ်ထဲကိုသာ ခုန်ချပစ်လိုက်မည်ဟု တွေးလိုက်သည်။


ထို့ကြောင့် သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။

ငါ လုံးဝ စကားမပြောဘူး...


မင်းရဲ့ လှည့်စားမှုတွေကို ငါမြင်တယ်...


တစ်ခဏအကြာတွင် ကျီလင်က ဂါဘရီရယ်၏ ထွေးဖက်မှုနှင့်အတူ ခပ်တိုးတိုးရယ်သံကို ကြားလိုက်ရသည်။ 


သူ၏အသံက ခြောက်သွေ့ပြီး အဆင်မပြေသော်လည်း ကျီလင်က ထိုအသံ၏ အောက်ခြေမှ ကူကယ်ရာမဲ့စွာအားနည်းခြင်းနှင့် ချစ်ခင်မှုတို့၏ အရိပ်အယောင်တစ်ခုကို ခံစားမိသည်။ သူ တုန်လှုပ်သွားသည်။


ဒါက ငါ့ရဲ့စိတ်ကူးယဉ်မှုပဲ ဖြစ်ရမယ်...


ဂါဘရီရယ်၏လက်ချောင်းများက ကျီလင်၏လည်ပင်းကို ဖွဖွလေးကိုင်တွယ်၍ မျက်လုံးစည်းကို ဖြည်ပေးလာတော့သည်။ ကျီလင်က ယခုအခါ ဤအခြေအနေက ပြီးဆုံးသွားပြီမှန်းသိလိုက်သည်။


သူ၏ ကြီးမားလှသော ပြစ်တင်ဝေဖန်မှုကို ထိန်းချုပ်ရင်း ကျီလင်က လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာသည်။ သူက ယခုအချိန်တွင် ဤနေရာ၌ ပိတ်မိနေခြင်းကို စိတ်မပူပေ။ အဘယ့်ကြောင့်ဆိုသော် ပြန်သွားပါက ကျင်းဆွေ့ နှင့် ကားလို့စ် ကြားတွင် ပိတ်မိပြီး အမြဲတမ်း လှုပ်ရှားနေရပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရမည်ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် နောက်တစ်ယောက်ရှိသေးသည်။ 


နဥ်ယွီလည်း ...ဒီနေရာမှာ ပိတ်မိနေတယ်...


ဆယ်ရက်ကုန်လွန်သွားပြီ ဖြစ်သော်လည်း နဥ်ယွီ ဘာလုပ်နေသလဲ သူ မသိရသလို၊ ထိုသူ၏ဒဏ်ရာ သက်သာသွားပြီလား သူ မသိရချေ။


အချိန်ကြာလာသည်နှင့် ကျီလင်က ဂါဘရီရယ်၏နည်းလမ်းကို နားလည်လာသည်။ သူက သည်းခံနေမည်ဆိုလျှင် ဂါဘရီရယ်က သူ့အား ခက်ခဲသည့်အရာများ မလုပ်ခိုင်းပေ။ ထို့ပြင် ထိုသူက တစ်ခါတလေ ညင်သာာငဲ့ညှာသေးသည်။ 


ကျီလင်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ပြောလိုက်သည်။

"ကျွန်တော် နဥ်ယွီကို တွေ့ချင်တယ်..."


ဂါဘရီရယ်က ရပ်တန့်သွားသည်။


ကျီလင် မည်သည်ကိုမှ မမြင်ရသော်လည်း သူ့နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး ဆက်လက်ပြောလိုက်သည်။

"ခင်ဗျား ပြောသမျှကို ကျွန်တော်လုပ်ပေးတယ်...လိမ်လိမ်မာမာလည်းနေသေးတယ်လေ...ဒါကြောင့် သူ အဆင်ပြေလား ကျွန်တော်မြင်ချင်တယ်...တကယ်လို့ သူသာ တစ်ခုခုဖြစ်ရင် ကျွန်တော် ခင်ဗျားစကားကို နားမထောင်တော့ဘူး..."


သူ၏မျက်နှာက ပူလောင်နေသလိုခံစားရပြီး ထိုလူ၏စကားကို စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေမိသည်။


ဤရက်အတွင်းတွင် သူက ဂါဘရီရယ်ကို ပထမဆုံးအကြိမ် ထိုကိစ္စကို မေးမြန်းခြင်းဖြစ်သည်။ သို့သော်လည်း အရေးမပါသည့်ကိစ္စမဟုတ်သောကြောင့် ဂါဘရီရယ်က သေချာပေါက် သဘောတူလိမ့်မည်ဖြစ်သည်။ ကျီလင်က မျှော်လင့်ချက်အတွေးများနှင့် ထိုသူအား မျှော်လင့်တကြီးကြည့်လိုက်သည်။


သို့သော် ထိုအခိုက်အတန့်တွင် ဂါဘရီရယ်က တစ်ခုခုကို မျိုသိပ်ထားသလိုမျိုး သူ၏ အသက်ရှုသံက တမင်တကာ နှေးကွေးလာသည်ကို သတိပြုမိသည်။ 


ကျီလင်'ဘာဖြစ်တာလဲ'ဟု အဖြေရှာနေမိသည်။


ခဏကြာသည်အထိ ငြိမ်သက်နေပြီး တည်ငြိမ်နေခဲ့သော ထိုသူက ချက်ချင်းပင် ကျီလင်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ၏နှုတ်ခမ်းကို ဆွဲယူကာ ပြင်းပြင်းထန်ထန် နမ်းရှိုက်လာသည်။


----------


စာရေးသူမှာ ပြောစရာရှိပါတယ်။ 


ကျီလင်: ငါက အဖြောင့်တစ်ယောက်ဆိုတာ ကျိန်ရဲပါတယ် QAQ



✨✨✨