Chapter 86
Viewers 15k

✨ Chapter 86

ကျီစယ်ခြင်း



ကျီလင်က ထိုလူ ရုတ်တရက် လှုပ်ရှားလာမည်ဟု မမျှော်လင့်ခဲ့ပေ။ သူက ထိုလူ၏ ရင်ခွင်ကြား လဲကျသွားပြီး မရင်းနှီးသောယောက်ျားတစ်ယောက်၏ ကိုယ်သင်းရနံ့မှ လွှမ်းမိုးမှုကို ခံစားရပြီး ကြောက်ရွံ့သွားသည်။


ဂါဘရီရယ်၏လက်ချောင်းများက ကျီလင်၏လည်တိုင်အား ဖွဖွလေးပွတ်ဆွဲလိုက်သည်။ သူက ကျီလင်၏နားအနားကို ကပ်၍ ပြောလိုက်သောစကားက ကျီလင်ကို ကျောရိုးထဲထိ စိမ့်အေးသွားစေသည်။

"နဥ်ယွီကို မင်းက တကယ်ဂရုစိုက်တဲ့ပုံစံလိုမျိုး လုပ်နေတာပဲ... "


ကျီလင်က ကြောက်လန့်မှုကြောင့် သွားများ ခိုက်ခိုက်တုန်နေပြီး အထစ်အငေါ့ဖြစ်သွားသည်။ 

"မ...မဖြစ်နိုင်တာ... ကျွန်တော်က ဘာလို့ အဲနိမ့်ကျတဲ့လူကို ဂရုစိုက်ရမှာလဲ... သူ့ကို ဘာမှမကြွေးမတင်ချင်လို့ပါ..."


ဂါဘရီရယ်က ကျီလင်တစ်ဖက်လူကို 'နိမ့်ကျတဲ့လူ'ဟု ခေါ်နေသည်ကို စိတ်မဆိုးဘဲ နားထောင်နေခဲ့သည်။ ဤအစား သူက အေးအေးလူလူဖြင့် ပြောလိုက်သည်။

"အဲဒါက အမှန်ဆိုရင် မင်းကိုယ်မင်း စိတ်ပူသင့်တယ်...ကိုယ် သူ့ကို သွားခွင့်ပြုမှာ မဟုတ်ဘူး..."


ကျီလင်က သူ့ကို ရှုပ်ထွေးစွာကြည့်လိုက်သည်။

"ဘာလို့လဲ... ခင်ဗျားရဲ့ရည်ရွယ်ချက်က ကျွန်တော်လေ သူ့ကို လွှတ်ပေးလိုက်တော့ ဘာကွာသွားမှာမလို့လဲ... "


ဂါဘရီရယ်က သူ့ရင်ခွင်ထဲက ကောင်လေးကို နူးညံ့ပြီး ရက်စက်မှုနှင့် ရောယှက်နေသည့် အသံဖြင့် ရက်စက်သည့်အမှန်တရားကို ထုတ်ပြောလိုက်သည်။


"မသိဘူးလား...သူ့ကို လွှတ်ပေးလိုက်တာက ဒီနေရာကို ဖော်ပြသလိုပဲလေ... သူက တစ်ယောက်တည်းထွက်ပြေးရမဲ့အစား မင်းကို ကူညီဖို့ ရွေးချယ်လိုက်တည်းက...သူ ဒီကနေ ဘယ်မှသွားလို့မရတော့ဘူး..."


ကျီလင်၏တစ်ကိုယ်လုံး အေးစက်သွားပြီးနောက် သူ့ရှေ့က လူကို စိုက်ကြည့်လိုက်သည်။


မဟုတ်ဘူး...မဖြစ်နိုင်ဘူး...


ဒါပေမဲ့ ငါဘာလုပ်နိုင်လဲ...ငါက ဘာလုပ်နိုင်မှာလဲ...နဥ်ယွီက ငါ့ကြောင့် တကယ်သေရတော့မှာလား...


ပထမဆုံးအနေနှင့် ကျီလင်က မျှော်လင့်ချက်မဲ့မှုကို ခံစားလိုက်ရသည်။ ဤလူက ကျင်းဆွေ့နှင့် ကားလို့စ်တို့ဖြင့် မတူချေ။ သူ့အတိတ်ဘဝနှင့် သူ၏မမျှတသည့်အချစ်ကြောင့် လူများက သူ့အပေါ်တည်ငြိမ်သည့်အမြင်တစ်ခုရှိသော်လည်း လွယ်လွယ်နှင့် မပြောင်းလဲနိုင်ပေ။ သူတို့၏ဂရုစိုက်မှုကြောင့် အမှန်တရားကို မမြင်နိုင်ကြပေ။


သူတို့က ကျီလင့်ကို လှည့်စားခွင့်ပြုထားသော်လည်း ထိုလူက မတူညီပေ။ ထိုသူက ကျီလင်၏အထောက်အထားနှင့်ပတ်သက်ပြီး ဂရုမစိုက်သလို၊ သူက မည်သူဆိုသည်ကိုလည်း ဂရုမစိုက်ချေ။ 


သူ့အတွက်က ကျီလင်က အားနည်းပြီး လှည့်စားတတ်သည့် သူရဲဘောကြောင်သူတစ်ယောက်အပြင် မပိုချေ။ သူ့ကို ဟာသလုပ်မည်မဟုတ်သလို သည်းခံမည်လည်း မဟုတ်ပေ။ သူ့အလိမ်အညာများကိုလည်း ယုံကြည်မည် မဟုတ်ချေ။ သူ့၏မျက်ရည်များနှင့် လိမ်ညာမှုများကို ခံစားပေးလိမ့်မည် မဟုတ်ပေ။ ဤလူက အေးစက်၊ ကြမ်းတမ်း၊ ယုတ္တိမရှိအောင်ကို နှလုံးသားမရှိသူဖြစ်သည်။


ကျီလင်က အကြောက်တရားနှင့် စိုးရိမ်မှုတို့ကို ရောယှက်ခံစားရပြီးနောက် မျက်ရည်များစီးကျလာသည်။ 


ဒီတစ်ခါ ငါ တကယ်ငိုနေတာကွ...


သို့သော်လည်း ဤအချိန်တွင် ဂါဘရီရယ်က သူ့လက်ကို မြှောက်၍ သူ၏အေးစက်နေသည့် လက်ချောင်းများက သူ့မျက်ရည်များကို ညင်ညင်သာသာသုတ်ပေးပြီး နူးနူးညံညံရယ်မောလိုက်သည်။ သူ၏မျက်ဝန်းများက နားမလည်နိုင်စရာကောင်းနေခဲ့သည်။

"ဒါပေမဲ့ ဒီနေ့ ခံစားချက်ကောင်းနေလို့ သူ့ကို အခုလောလောဆယ် မသတ်ဖို့သဘောတူလိုက်မယ်..."


ကျီလင်က သူ့ကို မယုံကြည့်နိုင်ဖွယ် ကြည့်လိုက်သည်။ မျှော်လင့်ချက်အလင်းရောင်လေးကို ဖမ်းဆုပ်မိလိုက်သလိုမျိုးပင် သူ့မျက်ဝန်းများက ကျေးဇူးတင်မှုများနှင့် ပြည့်သွားသည်။

"ကျေး...ကျေးဇူးတင်ပါတယ်..."


ထိုယောက်ျားက သူ့လက်နှင့် ကျီလင့်နှုတ်ခမ်းကို ဖိပြီး တိတ်တိတ်နေခိုင်းလိုက်သည်။


ကျီလင်က အေးခဲသွားပြီး လှုပ်ရှားရန် ကြောက်လန့်သွားခဲ့ရသည်။


အေးစက်သောလက်ချောင်းများက သူ၏မျက်နှာကို အသာအယာပွတ်သပ်သွားသည်။ သို့သော် ၎င်းလက်ချောင်းများက သူ၏မျက်လုံးများ၊ နှာတံလေးနှင့်နှုတ်ခမ်းပါးများကိုထိတွေ့လာချိန်တွင် ယခင်အခေါက်များက ပါဝင်ခဲ့သည့် စနောက်ခြင်းများနှင့်ကွာခြားစွာ ဤတစ်ကြိမ်တွင် မပါဝင်လုနီးသည်အထိ နည်းပါးလှပါသော နူးညံ့ညင်သာမှုများက ထိုအထိအတွေ့ထဲ၌ ပါဝင်လာတော့သည်။


ထိုလူ၏အသံက အဓိပ္ပာယ်များစွာနှင့်ရစ်ဖွဲ့ထားသော အသံအနေအသံထားမျိုးဖြစ်သည်။

"ကောင်းပြီ...မင်းရဲ့တောင်းဆိုမှုကို ကိုယ်သဘောတူတယ်..အခု အပြန်အလှန်အနေနဲ့ မင်းက ဘာကိုကမ်းလှမ်းမှာလဲ..."


ကျီလင်က ခဏတာအေးခဲသွားပြီးနောက် ဂါဘရီရယ်က မည်သည်အား ဆိုလိုချင်သည်ကို သဘောပေါက်သွားလေသည်။

ဒီလူက ငါ့ကို ဈေးဆစ်နေတာပဲ...


အကယ်၍ ဂါဘရီရယ်ကသာ ကောင်းကောင်းမွန်မွန်ညှိနှိုင်းလိုစိတ်ရှိပါက ဤသည်က ကောင်းမွန်သောရလဒ်ဖြစ်၏။ ထို့ကြောင့် သူက အလျင်အမြန်ပြောလိုက်သည်။

"ခင်ဗျားလိုချင်တာဘာမဆို ကျွန်တော်လုပ်ပါ့မယ်...ကျွန်တော့်ရဲ့အဖေက မြို့စားကြီးကျီထင်ပါ...နောက်ပြီး ကျွန်တော်က ကားလို့စ်ရဲ့စေ့စပ်ထားတဲ့လူ... ခင်ဗျား..."


ဂါဘရီရယ်က သူပြောနေသည်ကို ကြားဖြတ်ပြောလိုက်သည်။

"ကိုယ်လိုချင်တာက ဘာဆိုတာကို..အရင်တစ်ခေါက်ကတည်းက မင်းကိုပြောပြပြီးပြီ..."


ကျီလင် : "..."


ထိုလူက နောက်ထပ်တစ်ကြိမ် မေးကို ခပ်မြင့်မြင့်မော့၍ သူ၏မျက်လုံးထဲသို့ နက်နက်နဲနဲ စိုက်ကြည့်လာကာ စကားလုံးတစ်လုံးချင်းစီကို ဖြည်းညင်းစွာပြောလာသည်။

"ဧကရာဇ်နဲ့ကားလို့စ် နှစ်ယောက်လုံး အလိုဆန္ဒရှိတဲ့လူတစ်ယောက်က တကယ့်ကို နူးညံ့နေလောက်မှာပဲ...တကယ်လို့ ကိုယ်ကသာ သူတို့ထက်အရင် မင်းကိုအရင်သုံးဆောင်လိုက်မယ်ဆိုရင်... သူတို့တွေ ဒေါသထွက်သွားမယ်မလား..."


ကျီလင်၏မျက်နှာက ဖြူဖပ်သည်အထိ အရောင်ဖျော့သွားတော့သည်။


မဖြစ်နိုင်တာ...မင်းက သူပုန်တပ်ခေါင်းဆောင်မဟုတ်ဘူးလားဟ...ဘာကိစ္စ ကာမဂုဏ်တွေ အရမ်းပြင်းထန်နေတာလဲ...


သူ၏နှုတ်ခမ်းက အလွန်အမင်းတုန်ယင်နေသဖြင့် စကားပြောရန်ကိုပင် ခက်ခဲနေလေသည်။ သူ့အမူအရာက တောင့်တင်း၍ နေရခက်နေသည်။


"ကျွန်တော်...ကျွန်တော်က ဒီအတိုင်း သာမန်တော်ဝင်မျိုးနွယ်တစ်ယောက်ပဲလေ... အင်ပါယာကြယ်ထဲမှာ ကျွန်တော့်လိုမျိုးတော်ဝင်မျိုးနွယ်တွေက...မရေမတွက်နိုင်အောင်တောင်ရှိတာ... ကျွန်တော်က တကယ့်ကို ဘာမှမထူးခြားရပါဘူး..."


ဂါဘရီရယ်က လှောင်ပြောင်လိုက်သည်။

"အဲ့လိုလား...ဒါဆို ဧကရာဇ်နဲ့ကားလို့စ်က တခြားတူညီတဲ့ 'သာမန်'တော်ဝင်မျိုးနွယ်တွေအတွက် မတိုက်ခိုက်ဘဲ မင်းအတွက်ပဲ...ဘာလို့တိုက်ခိုက်နေကြတာလဲ..."


သူ၏လက်ချောင်းများကို ပိုမိုအားထည့်လိုက်သဖြင့် ကျီလင်၏ ဖြူဖျော့သောပါးပြင်လေးထက်၌ ခပ်ဖျော့ဖျော့ပန်းရောင်အမှတ်အသားကို ထင်ကျန်စေသည်။ ကောင်လေး၏ကျုံ့ထားသည့် မျက်ဆံလေးများထဲသို့ စိုက်ကြည့်လိုက်ချိန်၌ ဂါဘရီရယ်၏မျက်လုံးထဲ အမည်းရောင်အရိပ်တစ်ခုက ဖျတ်ခနဲလင်းလက်သွား၏။ သူက ယုတ်မာစိတ်များပါဝင်သည့် အသံခပ်နိမ့်နိမ့်ဖြင့် ပြောလာသည်။


"မင်းကို...ဘယ်အရာကများ ထူးခြားစေနေလဲဆိုတာကို...ကိုယ်တကယ်သိချင်မိတယ်... အဲ့ဒါက မင်းရဲ့ မျက်နှာလား၊ ဒါမှမဟုတ်...မင်းရဲ့ခန္ဓာကိုယ်လား..."


ကျီလင်၏မျက်နှာမှာ ဖြူဖျော့သွားလေသည်။ ထို့နောက် အနီရောင်အပါးလွှာလေးဖြစ်တည်လာကာ ထပ်မံဖြူဖျော့သွားပြန်လေသည်။ ထို့အတူ အကြောက်တရားနှင့် ထိတ်လန့်မှုများက သူ့ကို အားအင်အပြည့်ဖြင့် လွှမ်းခြုံသွား၏။ ဂါဘရီရယ်က ဤကိစ္စကို နောက်ထပ်တစ်ကြိမ်အစဖော်လာလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ ထိုအခေါက်းက ဤအတိုင်း သူ့ကိုခြောက်လှန့်နေခဲ့ခြင်းသာဖြစ်သည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။


သို့သော် ယခုတွင် ဂါဘရီရယ်က အတည်ကြီးပြောနေကြောင်းဖြစ်နိုင်သည်ကို သူသတိထားမိလာ၏။


ဒီ...ဒီဟာက တကယ်ကြီး ဖြစ်လာနိုင်တယ်...


အဆုံးတွင် ဤသူပုန်များက သူကဲ့သို့သော ရာထူးအမြင့်တွင်ရှိသည့် တော်ဝင်မျိုးနွယ်များကို အသွေးထဲအသားထဲမှ နက်ရှိုင်းစွာမုန်းတီးနေကြခြင်းဖြစ်သည်။ အကယ်၍ သူသာ ထိုလူများ၏လက်ထဲသို့ကျရောက်သွားပါက အနှိပ်စက်ခံရ၍ ထို့နောက် အသတ်ခံရပေလိမ့်မည်။ သေချာပေါက်ကို တိတိကျကျ ထိုသို့ဖြစ်လာပေလိမ့်မည်။


ကူညီတော်မူကြပါ...အားး


ဂါဘရီရယ်က ဒီလိုလူမျိုးမဟုတ်ဘူးလို့...ငါ ထင်ထားခဲ့မိတာလေ...အားးးး


ကျီလင်က သေချာပေါက်ကို ထိတ်လန့်ကြောက်ရွံ့နေသော်လည်း သူ၏စိတ်ထဲ၌ ဂါဘရီရယ်ကို စိတ်သဘောထားကြီးစွာပြုမူသင့်သည်ဟု နားချချင်နေသေးသည်။ ထို့ကြောင့် တုန်ယင်နေရင်းဖြင့် သူကပြော၏။


"ကျွန်တော်က တကယ့်ကို...သာမာန်လူသားတစ်ယောက်ပါ...ပြီးတော့ အမှန်အတိုင်းပြောရရင် ကျွန်တော်ကလေ တကယ် အရသာမကောင်းပါဘူး...ကျွန်တော့်ကိုဒီလိုလုပ်ပြီး ခင်ဗျား ဘာကိုမှရမှာမဟုတ်ဘူး...အခုလိုထက် ခင်ဗျား ကျွန်တော့်ကိုအသုံးချပြီး ကားလို့စ်ကိုသွားခြိမ်းခြောက်တာကမှ ပိုကောင်းလိမ့်ဦးမယ်...သူ...သူက သေချာပေါက် ခင်ဗျားရဲ့တောင်းဆိုချက်တွေကို လိုက်လျောပေးလိမ့်မယ်...သူက ကျွန်တော့်ကိုအတော်လေးဂရုစိုက်တာ..."


ဂါဘရီရယ်က ရယ်မောလိုက်သည်။

"မင်းက ဉာဏ်ကောင်းသားပဲ...ဒါပေမဲ့ မင်းအတွက် စိတ်မကောင်းစရာက...ကိုယ့်ဘဝမှာ ကိုယ်လိုချင်တဲ့အရာကဘာဆိုတာကို ပြောပြဖို့အတွက်... တခြားလူတစ်ယောက်ကို မလိုအပ်တာပဲ..."


ကျီလင် : "..."


ဂါဘရီရယ်က ကောင်ငယ်လေး၏နူးညံ့လှသော နားသန်သီးလေးကို ပျင်းရိစွာဆော့ကစားနေသည်။ သူ၏အသံက နှေးကွေးသော်လည်း ပေါ့ပေါ့ပါးပါးဖြစ်နေ၏။


"ကဲ...ဒီတော့ မင်းရဲ့အလုပ်က ကိုယ့်ကိုပြန်ဖြေရုံပဲ... မင်းသဘောတူလား...ဒါမှမဟုတ် သဘောမတူဘူးလား..."


ကျီလင်၏မျက်နှာအမူအရာက ထပ်မံ၍ ကူကယ်ရာမဲ့သွားပြန်သည်။


ငါ… ငါ တကယ်ကြီးကို အဲလူဆီကနေ မုဒိမ်းကျင့်မခံရချင်ဘူးလို့… ပြီးတော့ ဒီလိုကြောက်စရာလူမျိုးဆီကနေပဲ…


ယောက်ျားသားတွေက မုဒိမ်းကျင့်ခံရမှာကို မကြောက်ဘူးလို့ ဘယ်ကောင်ပြောခဲ့တာလဲဟ...


သူ သေသွားချင်သည်အထိ အလွန်အမင်း ကြောက်ရွံ့နေမိပြီဖြစ်သည်။ သို့သော်လည်း နဥ်ယွီသေဆုံးသွားမည့်အဖြစ်ကိုလည်း အဖြစ်မခံနိုင်ပေ။


ငါ့ကံကြမ္မာက ဘာကြောင့်များ ဒီလောက်အထိတောင် ကံဆိုးမိုးမှောင်ကျနေရတာလဲ...


ဒီလို ခက်ခဲကြမ်းတမ်းလှတဲ့ရွေးချယ်မှုတွေနဲ့ ဘာလို့များ ကြုံတွေ့နေရတာလဲကွာ...


နေ့ရက်တိုင်းက ရှင်ခြင်းသေခြင်းမေးခွန်းများကို ဖြေဆိုနေရသည့်အတိုင်းပင်။


ဂါဘရီရယ်က အခက်တွေ့မှုများနှင့် စိတ်ပျက်အားငယ်မှုများက တစ်လှည့်စီဖြစ်ပေါ်နေသော ကောင်လေး၏မျက်နှာကို ကြည့်နေခဲ့သည်။ သူ့အသံက ပိုမိုနူးညံ့လာပြီး ကျီလင်၏ရွှေအိုရောင်ဆံပင်ဖျားလေးကို လက်ဖြင့်ဆော့ကစားနေရင်း အသာလေးပြုံးလေသည်။


"မင်း မြန်မြန်ဆုံးဖြတ်သင့်ပြီနော်...ဒါပေမဲ့ မင်း ငြင်းရင်လည်း ဒါက ကိစ္စတော့မရှိပါဘူး... သာမန်ပြည်သူပြည်သားတစ်ယောက်က သေသွားပြီဆိုရင်...သေသွားတာပဲလေ ဟုတ်တယ်မလား..."


သူ၏အသံက ကြားရသည့်အခါတွင် ညင်သာနေသယောင်ရှိသော်လည်း ထူးဆန်း၍ကြောက်ရွံ့ဖွယ်ရာခံစားချက်များကို ပေးစွမ်းနေသော ခပ်အက်အက်အသံက ကျီလင်၏ကျောရိုးတစ်လျှောက်လုံးကို စိမ့်အေးသွားစေသည်။


ကျီလင်၏မျက်လုံးများက ယောက်ယက်ခတ်မှုများဖြင့် လှုပ်ရှားသွားရသည်။ အချိန်အတော်ကြာ တိတ်ဆိတ်ပြီးနောက်တွင် ကျီလင်က ချောင်းဟန့်လိုက်၏။

"တ...တကယ်လို့ ကျွန်တော်သာ သဘောတူမယ်ဆိုရင်... သူ့ကိုမသတ်ဘူးလို့ ခင်ဗျား ကတိပေးမယ်မလား..."


ဂါဘရီရယ်က ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့...မင်း ကိုယ့်စကားတွေကို ယုံကြည်လို့ရပါတယ်..."


ကျီလင်က သူ၏အောက်နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းဖိကိုက်ပစ်လိုက်သဖြင့် နှုတ်ခမ်းသားတွင် အရောင်အသွေးများပင် ပျောက်ဆုံးသွားလေသည်။ ဤသည်က သူ၏ဘဝသက်တမ်းတစ်လျှောက်လုံး၌ ချမှတ်ခဲ့ရသည့်ဆုံးဖြတ်ချက်များထဲ၌ အခက်ခဲဆုံးတစ်ခုပင်။ ကံကြမ္မာကိုလည်း မျက်စိစုံမှိတ်၍ ပုံအပ်လိုက်ဖို့ရာလည်း သူ မလုပ်ချင်ပေ။


ဒါမှမဟုတ် ငါထပ်ပြီး နောက်ဆုံးအကြိမ်အဖြစ်နဲ့ အပူတပြင်းကြိုးစားကြည့်သင့်လား...


ဂါဘရီရယ်က လျှာရိုးမရှိတိုင်းလျှောက်ပြောနေကာ သူ့ကိုတမင်ခြောက်လှန့်နေခြင်းလည်းဖြစ်နိုင်သည်။


ဤလူက ကြည့်ရဆိုးသွမ်းလှသည့်အပြင် ကြောက်မက်ဖွယ်ရာလည်းကောင်း၏။


သို့သော် ကျီလင်က ထိုလူကို ဤကဲ့သို့သောလူမျိုးမဟုတ်နိုင်သည်ကို အလိုအလျောက်သိနေသော ခံစားချက်တစ်ခုရရှိနေသည်။ အမှန်တကယ်တွင် ဂါဘရီရယ်အတွက် နဥ်ယွီကိုသတ်ရန် အကြောင်းပြချက် တကယ်မရှိပေ။


ကျီလင်က သေးငယ်လှသည့် မျှော်လင့်ချက်မီးတောက်လေးကို ဆုပ်ကိုင်ထားရင်း ဂါဘရီရယ်ကို သတိထား၍ စိုက်ကြည့်နေကာ သူ၏မျက်တောင်လေးများသည်ပင် အနည်းငယ်တုန်ယင်သွားလေသည်။


"တကယ်လို့... ကျွန်တော်က သဘောမတူရင်ရော.."


မင်း တကယ်ကြီး နဥ်ယွီ ကိုသတ်မှာလား...


ထိုစကားကိုကြားပြီးနောက် ဂါဘရီရယ်က ရယ်မောလာတော့သည်။ ဤရယ်မောခြင်းက ယခင်ကနှင့်ကွာခြား၏။ ဤအကြိမ်မှာ ပိုမိုပေါ့ပါး၊ ပိုမိုအေးဆေးကာ အနည်းငယ်ပင် နွေးထွေး၍ အေးချမ်းလှသည်။ သားကောင်တစ်ကောင်က ထောင်ချောက်ထဲ၌ပိတ်မိနေပြီး နောက်ဆုံးသောအချိန်၌ အစွမ်းကုန်ရုန်းကန်လှုပ်ရှားနေရပုံကို ကြည့်နေသည့်အလားပင် သူ၏အမည်းရောင်မျက်လုံးများက နူးညံ့သောသနားညှာတာမှုများ၏ တစ်စွန်းတစ်စကို ပြသ၍နေ၏။


ထို့နောက် သူက ပြောလိုက်သည်။

"ဒါဆိုလည်း... သူ့ကိုအရင်သတ်လိုက်ပြီးမှ မင်းကို ပျော်ပျော်ကြီး စားလိုက်တာပေါ့..."


ကျီလင် : ဟမ်...


------


ဒီလောက်ကြာကြာ စကားပြောခိုင်းပြီးတော့ ပထမဆုံး ငါ့ကို ရွေးချယ်ခိုင်းတယ်...ပြီးတော့ ဆုံးဖြတ်ချက်ချခိုင်းတယ်...


ဒီလို ဖိအားပေးတဲ့ အခြေအနေကို ဖန်တီးပြီး ဒီခက်ခဲတဲ့ ရွေးချယ်မှုနဲ့ ငါ့ကို ခက်ခဲအောင် လုပ်တယ်... နောက်ဆုံးမှာတော့ တကယ်တမ်း ရွေးချယ်စရာဆိုတာ ဘာမှ မရှိဘူးတဲ့လား....


ငါ သဘောတူတူ၊ မတူတူ မင်း ငါ့ကို ဖင်ချမှာပဲပေါ့ ဟုတ်လား...


ကျီလင်၏မြင်ကွင်းက မှောင်မိုက်သွားပြီး သူ၏လက်များက တုန်ယင်နေသည်။ 


ငါဒေါသထွက်လွန်းလို့ သွေးတက်ချင်နေပြီ...


ဂါဘရီရယ်က ကောင်ငယ်လေး၏မေးရိုးကို ညင်သာစွာပင့်တင်လိုက်ပြီး ဒေါသရောင်တောက်ပသည့် လှပသောမျက်လုံးများကို စိုက်ကြည့်လိုက်သည်။


အာ...သူ နောက်ဆုံးတော့ ဒေါသထွက်သွားပြီပဲ...


ဂါဘရီရယ်က နူတ်ခမ်းထောင့် တစ်ဖက်ပင့်ကာ ပြုံးလိုက်ပြီး အဓိပ္ပါယ်ပြည့်ဝသော တိုးညှင်းသည့် အသံဖြင့်ပြောလိုက်သည်။

"ဒါဆိုရင် မင်းဆုံးဖြတ်ချက် ချပြီးပြီလား..."


ကျီလင်က ဒေါသကြောင့် ငိုလုမတက်ဖြစ်သွားသည်။ သူက သွားများကို တင်းတင်းစေ့လိုက်ပြီး အံကြိတ်ရင်း ညှစ်ထုတ်ပြောလိုက်သည်။

"ကျွန်တော်... ကျွန်တော် သဘောတူတယ်..."


ဘာများ မေးစရာကျန်သေးလို့လဲ...ငါ သဘောတူတာဖြစ်ဖြစ်၊ သဘောမတူတာဖြစ်ဖြစ် ဘာမှ မပြောင်းလဲဘူးဆိုတာ ရှင်းနေတာပဲလေ...အဲတော့ လူတစ်ယောက်ကို ကယ်တင်ပြီး ကုသိုလ်ပဲ ယူလိုက်တော့မယ်...


ကျီလင်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူရှေ့ရှိ ယောက်ျားကို သံသယနှင့်ကြည့်လိုက်ပြီး အေးစက်စက်နှင့် ဆက်ပြောလိုက်သည်။

"ဒီမတိုင်ခင်မှာ နဥ်ယွီကို အရင်တွေ့ချင်တယ်..."


ထိုလူက အလွန်ယုတ်မာလှသည်။ သူက သူ့ကို ဆော့ကစား၍ လှောင်ရယ်နေမှန်းသိသာသည်။ ဤသို့ကြောင့် ထိုလူက သူ၏ကတိကို တည်လိမ့်မည်ဟု ကျီလင်သေချာပေါက် မယုံကြည်ပေ။ 


နဥ်ယွီရဲ့ဘေးကင်းမှုကို ငါ့မျက်လုံးတွေနဲ့ သေချာမြင်မှ မင်းကို ယုံမယ်...


ဂါဘရီရယ်က ကျီလင်ကို အချိန်ကြာသည့်တိုင် စိုက်ကြည့်နေခဲ့ပြီးနောက် ကျီစယ်သောလေသံဖြင့်ပြောလာသည်။

"ကောင်းပြီ..." 


သူက အနက်ရောင်ဖဲကြိုးကို ထုတ်လိုက်ပြီး ကျီလင်၏နားအနား ကပ်လာကာ တိုးညှင်းစွာပြောလာသည်။

"မလှုပ်နဲ့..."


ထို့နောက်တွင် သူ၏လက်များကို မြှောက်လိုက်ပြီးနောက် ကျီလင်၏မြင်ကွင်းကို အနက်ရောင်ဖဲကြိုးဖြင့် ပိတ်လှောင်လိုက်တော့သည်။ 


×××××


စာရေးသူမှာ ပြောစရာရှိပါတယ်။


ဒင်... ဂါဘရီရယ်ရဲ့ဆော့ကစားခြင်းဆိုတဲ့ ပုန်းကွယ်ထားတဲ့ဇာတ်ကြောင်းကို ရှာဖွေနိုင်တဲ့ကစားသမား၊ ကျီလင်ကို ဂုဏ်ပြုပါတယ်...


ကျီလင် : (ငါဘယ်သူလဲ...ငါဘယ်ရောက်နေတာလဲ...ပြီးတော့ ငါ ဘာတွေလုပ်နေတာလဲ...)



✨✨✨