✨ Chapter 75
ကားလို့စ်က သူ့အပေါ် ကောင်ငယ်လေး၏ မှီခိုအားထားမှုကို ခံစားမိချိန်တွင် မထင်မှတ်ထားလောက်အောင် ပျော်ရွှင်သွားသည်။ သူက အကာအကွယ်ပေးသည့် အမူအရာဖြင့် ရှေ့သို့ခြေတစ်လှမ်း တိုးကာ သူ့နောက်ရှိ ကောင်ငယ်လေးကို ဒိုင်းကာသဖွယ် ကာကွယ်ပေးထားသည်။ ကားလို့စ်က ကျင်းဆွေ့၏အကြည့်ကို တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ စိုက်ကြည့်ကာ မျက်ခုံးများကိုပင့်ပြီး နူးနူးညံ့ညံ့ပြုံးပြလိုက်သည်။
"ဧကရာဇ်လည်း ရောက်လာတာပဲ…"
ကျင်းဆွေ့က ကျီလင်ကို တစ်ချက် ကြည့်လိုက်ပြီး အလျင်အမြန်ပင် အကြည့်လွှဲလိုက်သည်။ ကားလို့စ်အား ပြုံးပြလိုက်သော်လည်း တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။
"ဒါပေါ့ ဒီလိုမျိုး ပျော်စရာကောင်းတဲ့ ပွဲအတွက် ခင်ဗျားကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ဂုဏ်ပြုပေးရမှာပေါ့…"
ကားလို့စ်က အတုအယောင် အပြုံးတစ်ပွင့်ကို ချိတ်ဆွဲလိုက်သည်။
"ကြိုဆိုပါတယ် ဧကရာဇ်…"
ကျင်းဆွေ့၏ နှုတ်ခမ်းများက ကော့တက်သွားသည်။
"ဖြစ်သင့်တာပဲလေ…"
ပထမဆုံးရောက်လာသည့် အခိုက်အတန့်မှလွဲ၍ ထိုနောက်ပိုင်း ကျင်းဆွေ့က ကျီလင်ကို ကြည့်မလာတော့ဘဲ လုံးဝ ဂရုမစိုက်သည့်ပုံနှယ်။ ထိုမှသာ ကျီလင်က နောက်ဆုံးတွင် စိတ်သက်သာရာရသွားခဲ့သည်။ သူ၏စိုးရိမ်မှုများက ယခုအချိန်တွင် မလိုအပ်ကြောင်း ထင်ရပေသည်။
ဒီလိုအခြေအနေမျိုးမှာ ကျင်းဆွေ့က ဘယ်လိုလုပ်ပြီး မဆင်မခြင် ပြုမူရဲမှာလဲ...
ကျင်းဆွေ့က ဧကရာဇ်တစ်ပါးဖြစ်ပြီး သူ၏စကားလုံးတိုင်းနှင့် လုပ်ဆောင်မှုတိုင်းက အင်ပါယာမိသားစုကို ကိုယ်စားပြုပေသည်။ သူက အေးအေးဆေးဆေး နေတတ်သူဖြစ်ကြောင်း ယခင်ဘဝကတည်းက မြင်တွေ့နိုင်ပေသည်။ ကျင်းဆွေ့နှင့် ကားလို့စ်တို့က နောက်ကွယ်တွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသော်လည်း အပေါ်ယံ၌ အတုအယောင်ဆန်သော ငြိမ်းချမ်းသည့် ဆက်ဆံရေးကို အမြဲထိန်းသိမ်းထားခဲ့သည်။ ကျင်းဆွေ့က မဆင်မခြင် ပြုမူလိမ့်မည် မဟုတ်သလို သူ တစ်ခါလှုပ်ရှားလိုက်လျှင်လည်း ချက်ကောင်းထိနိုင်မည့် လှုပ်ရှားမှုများသာဖြစ်၏။
သူနှင့် ကားလို့စ်အကြားရှိ စေ့စပ်ပွဲက နောက်ဆုံးတွင် ကျင်းဆွေ့အား ပုံမှန်ပြန်ဖြစ်သွားစေသည့်ပုံရသည်။
ဤခြေလှမ်းက အောင်မြင်သွားလိမ့်မည်ဟု ကျီလင် မမျှော်လင့်ထားပေ။
ကျီလင် သူ့စိတ်ထဲ၌ အနည်းငယ် ပျော်ရွှင်သွားသည်။
'ခင်ဗျားက ကျွန်တော့်လို ကျေးဇူးမသိတတ်တဲ့ ဒီလိုလူပေါ်ကြော့လေးအပေါ် လက်လျှော့လိုက်ရင် နဉ်ယွီက ကံကြမ္မာက သတ်မှတ်ပေးထားတဲ့ ခင်ဗျားရဲ့ ဖူးစာရှင် လက်တွဲဖော်ဖြစ်ကြောင်း ခင်ဗျား သိလာလိမ့်မယ်... သူကမှ ခင်ဗျားနဲ့ အသင့်တော်ဆုံးလူ... သူက ခင်ဗျားရဲ့အသက်မွေးဝမ်းကြောင်းကို ကူညီပေးရုံတင်မက အရမ်းလည်း စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတဲ့သူ... သူက ကျွန်တော့်လိုမျိုး အတားအဆီးတစ်ခု မဟုတ်ဘူး... တစ်ယောက်နဲ့တစ်ယောက် ထားခဲ့ပြီး ကောင်းကောင်းမွန်မွန်လေး နေကြရအောင်လေ... အဆင်ပြေတယ်မလား…'
၎င်းကိုတွေးပြီး ဤနေရာတွင်နေကာ သူတို့၏ ဟန်ဆောင်ယဉ်ကျေးနေမှုများကို ကျီလင် ဆက်မကြည့်ချင်တော့ပေ။ သူက ကားလို့စ်ကို နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
"ခင်ဗျား ဧကရာဇ်နဲ့ စကားပြောလို့ရတယ်... ကျွန်တော် အရင်ပြန်နှင့်လိုက်မယ်…"
ကားလို့စ်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
ကျီလင်မှာ စိတ်သက်သာရာ ရသွား၏။
'အာ မီးရောင်အောက်က ထွက်လာရတာက အရမ်းကောင်းတာပဲ…'
………………
အိမ်တော်၏ အရှေ့ဘက်ခြမ်းတွင် ဧည့်သည်များ အများအပြား ရှိနေသော်လည်း နောက်ဘက်ခြမ်းတွင်မူ ပို၍တိတ်ဆိတ်နေသည်။ ထိုနေရာတွင် သာယာလှပပြီး ကြည်လင်သော ရေကန်တစ်ခုရှိရုံသာမက စိမ်းလန်းစိုပြေသော သစ်ပင်များသည်လည်း ဝန်းရံပေါက်ရောက်နေပေသည်။ ရှုခင်းများက သာယာလှပပြီး တိတ်ဆိတ်ငြိမ်သက်နေကာ လူအများအား နားမလည်နိုင်စွာဖြင့် စိတ်အေးချမ်းစေသည့် ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။
ကျီလင်က ပိုပြီးဝေးဝေးသွားရန် အစီအစဉ်မရှိပေ။ ယနေ့အတွက် သူ့၏တာဝန်မှာ ပြီးမြောက်သွားပြီဖြစ်ပြီး ပွဲပြီးသည့်အထိ စောင့်နေရုံသာ လိုတော့သည်။
ကျီလင်က ရေကန်ဘေးနား၌ ပျင်းပျင်းရိရိ ထိုင်ချလိုက်ပြီး ကျောက်ခဲများကို ကောက်ကာ ရေထဲသို့ ပစ်ချနေလေသည်။ ခဏအကြာ၌ ဖိနပ်ကို ချွတ်ကာ ရေဆော့နေလိုက်သည်။ နောက်ဆုံးတွင် သစ်ပင်ပေါ်သို့ တက်ကာ ခဏမျှ အိပ်လိုက်လေသည်။ ကျီလင် ဗိုက်ဆာနေသော်လည်း အရှေ့ဘက်ခြမ်းသို့ မသွားရဲပေ။ အဆာပြေစားရန် အသီးအနှံအနည်းငယ်ကို ရှာတွေ့သွားပြီး သူ၏အင်္ကျီလက်အနားများနှင့် အကြိမ်အနည်းငယ် သုတ်လိုက်သည်။
မှောင်ရီပျိုးစအချိန်အထိ စိတ်အားထက်သန်သော ကောင်ငယ်လေးမှာ အလုပ်များနေခဲ့သည်။
ကျီလင် ကိုယ့်ဘာသာကိုယ် တွေးမိသည်။
'ဒီပွဲက ဘာလို့ ကြာနေရတာလဲ... တကယ်ကို ပျင်းစရာကောင်းတယ်…'
ကောင်းကင်ကြီး မှောင်စပြုလာသည်ကို မြင်လိုက်ရပြီး ကျီလင်က တိတ်တိတ်လေး ခိုးထွက်သွားရန် ဆုံးဖြတ်လိုက်သည်။
ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ကျင်းဆွေ့နှင့် ဆုံတွေ့လိုက်ရသည်။
'အိုး... သူလည်း လမ်းလျှောက်ဖို့ ရောက်လာတာလား…'
ညအချိန်တွင် ကျင်းဆွေ့၏ မျက်နှာတစ်ဝက်က အရိပ်ထဲတွင် ပုန်းကွယ်နေသည်။ ထို့ကြောင့် သူ၏အမူအရာကို မြင်နိုင်ရန် အတော်ခက်လှသည်။
အစောပိုင်းက ကားလို့စ်နှင့် ပြောဆိုဆက်ဆံခဲ့သည့် ကျင်းဆွေ့၏ ဟန်ဆောင်ယဉ်ကျေးပျူငှာမှုကို ကျီလင် သတိရသွားပြီး ကျင်းဆွေ့က သူ့ကို လက်လွှတ်ပေးကာ ထပ်ပြီးမနှောင့်ယှက်တော့ဟု ထင်ထားခဲ့သည်။ သို့သော်လည်း သူက ကျင်းဆွေ့ကို ဦးထုပ်စိမ်း ဆောင်းပေးခဲ့သောကြောင့် ကျင်းဆွေ့နှင့် တစ်ယောက်တည်း ရင်မဆိုင်ခြင်းက အကောင်းဆုံးပင်။ ၎င်းက သူ့နှလုံးသား၏ အောက်ခြေမှလာသည့် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ပင်ကိုယ်အသိပင်။
ကျီလင်က ကျင်းဆွေ့ကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် လှည့်ထွက်သွားသည်။
မမြင်လိုက်ဘူး... ငါ မမြင်လိုက်ဘူး... မမြင်ချင်ယောင်ဆောင်လိုက်မယ်...
သို့ရာတွင် သူ့နောက်မှလူက ပါးစပ်ကိုဟ၍ အေးတိအေးစက်နှင့် လျစ်လျူရှုသောလေသံဖြင့် သူ့ကိုအော်ပြောလာသည်။
"မတွေ့တာကြာပြီနော်…"
ကျီလင်၏လှုပ်ရှားမှုမှာ ခေတ္တမျှရပ်တန့်သွားသည်။ ကျင်းဆွေ့က စကားပြောလာပြီ ဖြစ်သောကြောင့် သူ့အတွက် မမြင်ချင်ယောင်ဆောင်လိုက်ခြင်းက မသင့်တော်ပေ။ ကျီလင်က တောင့်တင်းစွာဖြင့် လှည့်ကြည့်လိုက်ပြီး ကသိကအောက်ဖြစ်စွာ ပြောလိုက်သည်။
"ဧကရာဇ်…"
ကျင်းဆွေ့က ကျီလင့်ထံသို့ တစ်လှမ်းပြီးတစ်လှမ်း ရောက်လာသည်။ အေးစက်ပြီး ချောမောလှသော သူ၏မျက်နှာပေါ်တွင် မထင်မှတ်ထားသည့် အေးစက်မှုတစ်ခု ပေါ်ပေါက်လာပြီး ပေါ့ပေါ့ပါးပါး ပြောလာသည်။
"မင်းတို့ ဘယ်တော့ လက်ထပ်ဖို့ စိတ်ကူးထားလဲ... မင်္ဂလာဆောင်တော့မယ်ဆိုရင် ကိုယ့်ကို ပြောဖို့မမေ့နဲ့နော်... ကိုယ် မင်းအတွက် ဂုဏ်ပြုလက်ဆောင်တစ်ခု ပြင်ဆင်ပေးမယ်…"
ကျီလင်က ကျင်းဆွေ့၏ ရွှေရောင်မျက်လုံးများကို ကြည့်လိုက်သည်။ ကျင်းဆွေ့က ယဉ်ကျေးသည့် သာမန်စကားလုံးများကို ပြောနေသည်မှာ သိသာထင်ရှားလှသည်။ သို့သော် ဤအခိုက်အတန့်တွင် တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ကျီလင်မှာ တုန်လှုပ်ချောက်ချားသွားသလို ခံစားလိုက်ရသည်။ အန္တရာယ်တစ်ခု ကျရောက်လာတော့မည့် အသိက သူ့နောက်ကျောတစ်လျှောက် တဖြည်းဖြည်း တိုးဝင်လာသည်။
ကျီလင်က ခြောက်ကပ်စွာ ရယ်မောလိုက်သည်။
"ကောင်းပါပြီ…"
ထိုစကားကို ပြောပြီးနောက် ကျီလင်က လှည့်ထွက်ပြီး ဤနေရာမှ ဦးစွာထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။ ကျင်းဆွေ့က မူမှန်သည့်ပုံစံ ပေါက်နေလျှင်ပင် တစ်ခုခုမှားနေကြောင်း သူ ခံစားမိနေဆဲပင်။
သို့သော် သူ ခြေတစ်လှမ်း မလှမ်းမီအချိန်မှာပင် သူ့နောက်မှလူက ရုတ်တရက် ချဉ်းကပ်လာပြီး သစ်ပင်ပင်စည်နားသို့ ကြမ်းကြမ်းတမ်းတမ်း တွန်းလိုက်သည်။
ကျီလင်၏အမူအရာမှာ အေးခဲသွားပြီး သူ၏ဦးရေပြားမှာ ကြောက်ရွံ့မှုကြောင့် ထူပူသွားသည်။ ကျီလင်က ဤနေရာမှ လွတ်မြောက်ရန် ကြိုးစားရုန်းကန်ခဲ့သော်လည်း ထိုလူက သူ့လက်များကို အလွယ်တကူ ဖမ်းဆုပ်ပြီး သူ့ခေါင်းထက်တွင် ဖိထားလိုက်သည်။ သူ၏ အေးစက်သော မျက်နှာက သူ့ထံသို့ ချဉ်းကပ်လာပြီး သူ့နှုတ်ခမ်းပေါ်တွင် လှောင်ပြောင်လိုသည့် အပျော်သဘောဆောင်သော အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။ မျက်လုံးများထဲတွင် နွေးထွေးမှုဟူ၍ တစ်စိုးတစ်စိမျှမရှိဘဲ အသူတရာချောက်နက်ကြီးတစ်ခုကဲ့သို့ မည်းမှောင်၍သာနေပေ၏။
ကျီလင်က ကျင်းဆွေ့၏ အလွန်ကြောက်စရာကောင်းသည့်ပုံစံကို မမြင်ဖူးခဲ့ပေ။ သူ ခဏမျှ လှုပ်ရှားရန် မေ့လျော့သွားခဲ့သည်။
ယခင်ဘဝ၌ ကျင်းဆွေ့က သူ့အား နှလုံးသားထဲတွင် ဘယ်သောအခါမှ ထည့်မထားခဲ့သောကြောင့် သူ့ကို ဂရုမစိုက်သည့် မျက်လုံးများဖြင့်သာ အမြဲကြည့်တတ်သည်။ ကျင်းဆွေ့က သူ့အား ပုရွက်ဆိတ်တစ်ကောင် သို့မဟုတ် ဖုန်မှုန့်အမှုန်အမွှားတစ်ခုကဲ့သို့သာ မြင်ပြီး သူ့ထံသို့ အစပြုချဉ်းကပ်လာသည်မှာ နည်းပါးလှသည်။
ယခုဘဝ၌ ကျင်းဆွေ့က သူ့ကို အချိန်အများစုတွင် နူးညံ့သိမ်မွေ့ပြီး ချစ်ခင်ကြင်နာသည့် အကြည့်များနှင့် ကြည့်တတ်သော်လည်း ရံဖန်ရံခါ နာကျင်နောင်တရနေသည့် အကြည့်များဖြင့် ကြည်တတ်သည်။ ကျင်းဆွေ့က သူ့ကို အမြဲတမ်း အလိုလိုက်ပြီး သူ့သဘောအတိုင်း လိုက်နာခဲ့ပေသည်။ ထို့ကြောင့် တစ်ခါတစ်ရံ ကျင်းဆွေ့က အမှန်တကယ် ကြောက်စရာကောင်းသည့် တည်ရှိမှုဖြစ်ကြောင်းကို ကျီလင် မေ့သွားတတ်သည်။
သို့သော် ယခုမူ ကျီလင်က ဤကဲ့သို့ အမူအရာကို ဖော်ပြလာသည့် ကျင်းဆွေ့အား ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
၎င်းက အလွန်အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းပြီး ရှုပ်ထွေးလှသော ရုန်းကန်မှုများ၊ အမုန်းတရားများနှင့် ပြည့်နှက်နေသည်။ လူများအား အရေခွံစုတ်၍ အရိုးများကို စားပစ်ချင်သည့်နှယ်။ ထို့အပြင် ကြောက်ရွံ့မှုနှင့် လွတ်မြောက်ရန် နေရာမရှိတော့သကဲ့သို့ လူများကို ခံစားရစေသည်။
ကျီလင် မှင်သက်သွားရ၏။
အချိန်အတော်ကြာပြီးမှသာ နောက်ဆုံး၌ ကျီလင် တုံ့ပြန်နိုင်ခဲ့သည်။
ကျင်းဆွေ့က စိတ်မဆိုးဘူးလို့ သောက်ကျိုးနည်း ဘယ်သူက ပြောတာလဲ... သူ စိတ်အနှောင့်အယှက် ဖြစ်သွားမှာ သေချာပေါက်ပဲ... သူ ခုနက အဲဒါကို မဖော်ပြခဲ့ရုံပဲ... ဒါပေမဲ့ သူ ဘယ်လောက် ဒေါသထွက်နေမှန်းတော့ ငါလည်း မသိဘူး... ကျင်းဆွေ့က ငါ့ကို သေအောင်တော့ သတ်ပစ်မှာ မဟုတ်လောက်ပါဘူး ဟုတ်တယ်မလား
အားးး ကယ်ကြပါဦး...
ကျီလင် ရုတ်တရက် ကြောက်လန့်သွားသည်။ သူ့မျက်နှာက ဖြူဖျော့သွားပြီး ဒေါသတကြီး အမူအရာဖြင့် ပြောလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို လွှတ်ပေး... လာမရှုပ်နဲ့... ကားလို့စ်က အပြင်မှာရှိတယ်…"
ထိုစကားများ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျင်းဆွေ့၏ မျက်လုံးများထဲရှိ အကြည့်များက ပိုပြီးအေးစက်လာပေသည်။ သူက ရုတ်တရက် အနားကပ်လာပြီး ကျီလင်နားထဲသို့ အဓိပ္ပါယ်ရှိသော အသံတစ်ခုဖြင့် ပြောလိုက်သည်။
"တကယ်လား…"
မင်းက သူ့ကို အရမ်းယုံပြီး အားကိုးတယ်ပေါ့... သူက မင်းကို ကာကွယ်ပေးနိုင်တယ်လို့ ထင်နေတာလား... မင်းက ဒီလိုမျိုးရင်းရင်းနှီးနှီးနဲ့ သူ့ရဲ့ပထမဆုံး နာမည်ကို ခေါ်နေတုန်းပဲ... ကိုယ်က မင်းကို ထိခိုက်နာကျင်စေမယ်လို့ ထင်နေတာလား...
မင်းက ကိုယ့်ကို ကြောက်နေတာလား...
ကျင်းဆွေ့က ကြောက်စိတ်ကြောင့် ဖြူဖျော့သွားသည့် ကျီလင်၏ မျက်နှာလေးကို စိုက်ကြည့်နေသည်။
သူက ထိုရိုးရှင်းလှသည့် စကားများကိုသာ ပြောခဲ့သော်လည်း သူ့ရင်ဘက်ထဲသို့ ထိုးသွင်းလာသည့် ဓားတစ်ချောင်းကဲ့သို့ပင်။ သူ့နှလုံးသားအား ဆွဲထုတ်ပြီး အသွေးအသားအပိုင်းအစများ ထုတ်ယူလိုက်သကဲ့သို့ ထိုနာကျင်မှုက ထုံထိုငထးလုနီးပါး နာကျင်သွားစေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ သွေးများ၏အပူချိန်က အေးခဲသွားပေ၏။
'မင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့ရိုးသားမှုထက် လူလိမ်ကားလို့စ်ကို မင်းက ပိုယုံတယ်ပေါ့…'
'ကိုယ် ဘာပဲလုပ်လုပ် မင်းက ကိုယ်ကို ယုံကြည်ပေးဖို့ ငြင်းဆန်နေတယ်…'
ကျင်းဆွေ့၏ မျက်လုံးများထဲတွင် နာကျင်မှုက သိပ်သည်းလာပြီး ဆင်ခြင်တုံတရားရှိလှသော သူ၏ထိန်းချုပ်ထားမှုကို တဖြည်းဖြည်း ဖုံးလွှမ်းသွားလေသည်။ နက်ရှိုင်းလှသည့် မည်းမှောင်လှသော ဝဲဂယက်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပြီး ရူးသွပ်ဖွယ် ဒေါသတရားနှင့် ကရုဏာကင်းမဲ့သော အရောင်များသာ ကျန်ရစ်ခဲ့ပေသည်။ ကျင်းဆွေ့က လက်ကိုမြှောက်လိုက်ပြီး ကျီလင်၏ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ၏လက်ချောင်းထိပ်များက ကျီလင်၏နှုတ်ခမ်းပေါ်သို့ ပွတ်တိုက်သွားပြီး ထူးဆန်းဖွယ် ခပ်တိုးတိုး ရယ်မောလိုက်သည်။
"ကားလို့စ်ရဲ့ ဇနီးလောင်းလေး—— အင်ပါယာရဲ့ အထက်တန်းလွှာတွေကြားမှာ ရေပန်းစားနေတဲ့ ကိစ္စတစ်ခုကို မင်း သိလား…"
ကျင်းဆွေ့က သူ့အား 'ကားလို့စ်၏ ဇနီးလောင်းလေး' ဟု တစ်ခွန်းချင်းစီ ခေါ်လိုက်သံကို ကြားလိုက်ရချိန်တွင် ကြောက်စိတ်ကြောင့် ကျီလင်၏ဦးရေပြားမှာ ပေါက်ကွဲထွက်လုနီးပါးပင်။
ကျင်းဆွေ့က ကျီလင်၏ မေးစေ့ကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို ကြည့်လာစေရန် အတင်းတွန်းအားပေးလိုက်သည်။ ကြောက်စိတ်များဖြင့် ဖုံးလွှမ်းနေသည့် မိုးပြာရောင်မျက်လုံးများကို ကြည့်ကာ ကျင်းဆွေ့က ကျီစားလိုသည့်နှယ် အေးစက်စက် အပြုံးတစ်ပွင့်ကို ဖော်ပြလိုက်သည်။
"အဲဒါက ချစ်ရေးချစ်ရာကိစ္စပဲ…"
ကျီလင်၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ ကျင်းဆွေ့က ထိုကဲ့သို့သောကိစ္စအား ပြောလာခြင်းကို သူ မယုံကြည်နိုင်ပေ။
'သူ ရူးနေတာလား…'
သို့သော် နောက်အခိုက်အတန့်၌ ကျင်းဆွေ့ ရုတ်တရက် ချဉ်းကပ်လာသည်ကို သူ မြင်လိုက်ရသည်။ ကျင်းဆွေ့၏နှုတ်ခမ်းများက သူ့နှုတ်ခမ်းများနှင့် တစ်လက်မျှသာ ကွာဝေးတော့သည်။ သူ၏ တောက်လောင်နေသော အသက်ရှူသံများနှင့် အပြင်းအထန် ရန်လိုနေသည့် ရနံ့တစ်ခုက သူ့မျက်နှာကို လာရိုက်ခတ်နေသည်။ ထိုအမျိုးသားက သူ့မျက်လုံးများကို ကြည့်ကာ ပြုံးပြီး ဖြည်းညှင်းစွာ ပြောလာသည်။
"ကိုယ် မင်းကို နမ်းလို့ရမလား ကားလို့စ်ရဲ့ーဇနီးလောင်းလေး…"
ထိုစကား၏ စကားလုံးတိုင်းကို နက်ရှိုင်းလှသည့် အေးစက်မှုနှင့်အတူ သူ့သွားများကြားမှ ညှစ်ထုတ်ပြောဆိုလိုက်ပုံရသည်။
ကျီလင်က ကြောက်စိတ်ဖြင့် ရူးသွပ်သွားမတတ်ပင်။ သူ အသည်းအသန် ရုန်းကန်နေရပြီး ပါးစပ်ကိုဟကာ အကူအညီတောင်းရန် ပြင်လိုက်သည်။ သို့သော် ရလဒ်အနေဖြင့် ထိုအမျိုးသားက သူ့ကို ပြင်းပြင်းထန်ထန် နမ်းလာခဲ့ပေသည်။ သူ၏သွားများက အညှာအတာမရှိ အတင်းတွန်းဖွင့်ခံလိုက်ရပြီး ပါးစပ်မှအသက်ရှူသံကို ထိုအမျိုးသားက အရိုင်းဆန်စွာ ခိုးယူလုယက်သွားလေသည်။
ဤအနမ်းက မကြုံဖူးလောက်အောင် ပြင်းထန်လှသည်။ ပုံမှန်အချိန်ကဲ့သို့ နူးညံ့သိမ်မွေ့မှုနှင့် သနားကြင်နာမှု အနည်းငယ်မျှ မပါရှိဘဲ သားရဲတစ်ကောင်၏ ရက်စက်ကြမ်းကြုတ်မှုသာ ကျန်ရစ်သည်။
ကျီလင်က မျက်ရည်များ ကျလာသည်အထိ အနမ်းခံခဲ့ရသည်။ သူ ခပ်တိုးတိုးသာ ညည်းညူနိုင်သော်လည်း ကျင်းဆွေ့၏လက်မှ လုံးဝ မလွတ်မြောက်နိုင်ခဲ့ပေ။ သူ့လက်ကောက်ဝတ်၌ နာကျင်မှုကိုသာ ခံစားရပေသည်။ ထိုယောက်ျားက အနမ်းတစ်ခုတည်းနှင့် လုံးဝ မကျေနပ်နိုင်သည်မှာ ထင်ရှားပေသည်။ သေသေသပ်သပ် ဝတ်ဆင်ထားသော သူ့အ၀တ်အစားများကိုပင် ကြမ်းတမ်းစွာ ဆုတ်ဖြဲပစ်လိုက်သည်။
ကျီလင်က သူ့ကို ကန်ပစ်ရန် ခြေထောက်ကို မြှောက်လိုက်သော်လည်း အလွယ်တကူ ဖိနှိပ်ခံခဲ့ရသည်။ ကျီလင်က ပြိုလဲသွားလုဆဲဆဲဖြစ်နေပြီး အမှန်တကယ် အံသြသွားသည်။
ခင်ဗျား ဒီတစ်ခါတော့ တော်တော်ဝေးဝေးထိ သွားမှာ မဟုတ်ဘူးမလား...
ယခင်က ကျင်းဆွေ့၏ သည်းခံနိုင်စွမ်းကို ကြည့်ပြီး ကျင်းဆွေ့က စိတ်ဆိုးမည် မဟုတ်ဟု သူ ထင်ထားခဲ့သည်...
ငါ သတိလက်လွတ် ဖြစ်သွားခဲ့တာပဲ...
ဤလူ၏ အမူအကျင့်က မည်မျှပင် နူးညံ့သိမ်မွေ့ပြီး ချစ်မြတ်နိုးနေပါစေ ထိုသူက ကရုဏာတရားကင်းမဲ့သည့် ဧကရာဇ်တစ်ပါးဖြစ်နေဆဲပင်။ ကျင်းဆွေ့၏ သည်းခံနိုင်စွမ်းက သူ လက်ခံပေးနိုင်သည့် အောက်ဆုံးစည်းပင်ဖြစ်၏။ ကျင်းဆွေ့က သူ့ကိုယ်သူ ထိန်းချုပ်မထားတော့ဘဲ သူ၏လုပ်ရပ်များက ပိုပိုပြီး အကျင့်သိက္ခာမဲ့လာသည်ကို တွေ့လိုက်ရချိန်တွင် ကျီလင် မှင်သက်စွာ တွေးလိုက်မိသည်။
'ငါ ဒီနေရာမှာပဲ အသတ်ခံရမှာတော့ မဟုတ်ဘူးမလား'
'ဝူးဝူးဝူး... ငါ နောက်တစ်ကြိမ် အစကနေ ပြန်စရတော့မှာလား... ဒါပေမဲ့ ဒီလိုသေနည်းမျိုးက အရမ်းသနားစရာကောင်းပြီး ရှက်ဖို့လည်းကောင်းတယ်လေ... ငါ ဒီလိုမျိုး မသေချင်ဘူး... အားးး'
ကျင်းဆွေ့က ကောင်ငယ်လေးကို သူ့ခန္ဓာကိုယ်အောက်တွင် တင်းတင်းကြပ်ကြပ် ဖိထားပြီး လည်ပင်းကို ကိုက်လိုက်သည်။ ထိုကဲ့သို့ ကားလို့စ်၏ဘေး၌ ရှိနေသည့် သူ၏ချစ်လှစွာသော ကောင်ငယ်လေးက ကားလို့စ်ထံမှ ချော့မြူခံရ၊ သိမ်းပိုက်ခံရပြီး အသုံးချခံရသည်ကို မြင်သည့်အချိန်တိုင်း... သူ့တွင်ကျန်ရှိသည့် တစ်ခုတည်းသာ အကြောင်းပြချက်မှာ အပိုင်းပိုင်းအစစ ကွဲကြေသွားပြီး အကြင်သူကို အဝေးသို့သာ ခေါ်ဆောင်သွားချင်သည့် ဆန္ဒသာရှိတော့ပေသည်။ သို့မှသာ အကြင်သူက အခြားမည်သူတစ်ဦးတစ်ယောက်၏ ချော့မြူခြင်းကို ခံရတော့မည် မဟုတ်သလို မည်သူကမှလည်း သူ့ကို မြင်တွေ့နိုင်လိမ့်မည် မဟုတ်ပေ။
ဤနည်းဖြင့် မည်သူကမျှ သူ့ထံမှ ကျီလင်ကို ယူဆောင်သွားနိုင်မည် မဟုတ်ပေ။
ကျီလင်၏ လည်ပင်းမှာ နာကျင်သွားသည်။ ထိုအမျိုးသား၏ ချွန်ထက်သော သွားများက သွေးဆာနေသည့် သားရဲတစ်ကောင်ကဲ့သို့ သူ့လည်ပင်း၏ဘေးဘက်ရှိ နူးညံ့သော အရေပြားကို ထိုးဖောက်ကိုက်ဖြတ်လိုက်လေသည်။ သူ့အား အချိန်မရွေး ကိုက်ဝါးပစ်ရန် အသင့်ဖြစ်နေသည့်ပုံပင်။ ကျီလင်က စိတ်ပျက်အားငယ်နေသည့် အကြည့်များကို ဖော်ပြလိုက်သည်။
တကယ်ကို သောက်ကျိုးနည်းပဲ...QAQ
သို့သော် ကျီလင်က သူ့ကိုယ်သူ လက်လျှော့လိုက်ပြီး အစမှပြန်လည်စတင်ရန် ပြင်ဆင်နေချိန်တွင် ရုတ်တရက် ပြင်းထန်လှသော ရေခဲတမျှ အေးစက်သည့်လေက သူ့ပါးပြင်ကို ပွတ်တိုက်ဖြတ်သန်းသွားသည်။ ငွေနက်ရောင် တုတ်ချောင်းက သူ့အနားရှိသစ်ပင်၏ ပင်စည်ကို ထိုးဖောက်သွားလေသည်။ အားက ပင်စည်ကို ဖြတ်သွားသည်အထိ လုံလောက်ပြီး တုတ်ချောင်း၏ တစ်ဝက်မျှအထိ ထိုးဖောက်သွားကာ အနည်းငယ် ယိမ်းယိုင်သွားသည်။
ကျီလင်က အနည်းငယ်မျှ သတိလွတ်သွားသည်။ ခဏအကြာတွင် အံ့အားသင့်ရာမှ သတိပြန်ဝင်လာခဲ့သည်။
ကျင်းဆွေ့က ခဏမျှရပ်ပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
ကားလို့စ် သူ့လက်ကို ပြန်ချလိုက်သည်။ ခံ့ညားလှသော သူ၏မျက်နှာက နှင်းခဲအလွှာတစ်ခုဖြင့် ဖုံးအုပ်ထားပြီး သူ့မျက်လုံးများက အေးစက်နေ၏။ ညအချိန်၌ သူ၏အသံတိုးတိုးက ဟိန်းထွက်နေပြီး အရိုးထဲထိ အေးစက်စေသော လေသံဖြင့် ပြောလာသည်။
"ဧကရာဇ် ဒါကတော့ တရားလွန်သွားပြီ…"
×××××××
စာရေးသူမှာ ပြောစရာရှိပါတယ်။
ကျီလင်: သောက်ကျိုးနည်း QAQ
✨✨✨