Chapter 72
Viewers 15k

✨ Chapter 72

အဓိကရုဏ်း



ကားလို့စ်က သူ ပြောခဲ့သည့်အတိုင်း လုပ်ခဲ့ပေသည်။ ထိုနေ့မွန်းလွဲပိုင်းတွင် သူနှင့်ကျီလင်တို့ စေ့စပ်ခဲ့ကြသည့် သတင်းက ခေါင်းစီးပိုင်းများအထိ ရိုက်ခတ်သွားခဲ့ပြီး တစ်ညလုံး နိုင်ငံတစ်ဝှမ်း၌ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။


ဧကရာဇ်က ကျီလင့်အား လူသိရှင်ကြား ဝန်ခံပြီး ဆယ်ရက်အကြာ၌ ကျီလင်နှင့် ကားလို့စ်၏ စေ့စပ်ကြောင်းလမ်းမှုသတင်းက အံ့ဩစရာကောင်းလောက်အောင် ထွက်ပေါ်လာခဲ့ပြီး ကျင်းဆွေ့မှာ လုံးဝ ဦးထုပ်စိမ်းဆောင်းခံလိုက်ရသည်။


ဒါက အရမ်းကို မယုံနိုင်လောက်အောင်ပဲ...


ထိုချမ်းသာပြီး ဩဇာကြီးမားသော မြို့စားကြီးကားလို့စ်က နာမည်ဆိုးဖြင့်ကျော်ကြားသော လူပေါ်ကြော့လေး ကျီလင်နှင့် လက်ထပ်တော့မည်ဖြစ်သည်။ ထို့အပြင် ကျီလင်က ဧကရာဇ်၏ ချစ်ခြင်းမေတ္တာကိုလည်း ရရှိထားဆဲပင်။


အင်ပါယာ၏ ဧကရာဇ်က ဦးထုပ်စိမ်း ဆောင်းခံလိုက်ရပြီး သူ၏ကြင်ယာတော်သည်လည်း လုယက်ခံလိုက်ရပေသည်။ သူ့ဇနီးအား လုယူသွားသည့် အမုန်းတရားကြောင့် သူတို့နှစ်ယောက်မှာ တူညီသော ကောင်းကင်တစ်ခုတည်းအောက်တွင် အတူတူ နေထိုင်နိုင်လိမ့်မည် မဟုတ်ပေ။


ဤသည်မှာ ထိတ်လန့်ဖွယ်ရာ သတင်းမျိုးဖြစ်၏။


သူတို့တွင် ယခင်က နိုင်ငံရေးအငြင်းပွားမှုများ ရှိခဲ့သော်လည်း ယင်းက လျှို့ဝှက်တိုက်ပွဲတစ်ခုသာဖြစ်ပြီး အပေါ်ယံမျက်နှာပြင်ပေါ်တွင် သဟဇာတဖြစ်နေကြဆဲပင်။ သူတို့၏ အဆင့်အတန်းကြောင့် ဆင်ခြင်တုံတရားမဲ့သည့် မည်သည့်လုပ်ရပ်များကိုမျှ လုပ်မည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က စံပြပြယုဂ်များပင်ဖြစ်ကြ၏။ ယခုအခါ ကားလို့စ်က စည်းကို တိုက်ရိုက် ကျော်ဖြတ်သွားလေသည်။ ၎င်းက ကျင်းဆွေ့နှင့် ထိပ်တိုက်လူကိုယ်တိုင် ရင်ဆိုင်လိုက်ခြင်းပင်။


ပွင့်ပွင့်လင်းလင်းကို တိုက်ခိုက်နေတာပဲ...


တစ်တိုင်းပြည်လုံးက ရင်တုန်ကာ စိတ်လှုပ်ရှားနေကြသည်။


အင်တာနက်ပေါ်တွင် နေ့တိုင်း အတင်းအဖျင်းမျိုးစုံနှင့် ပြည့်နှက်နေသည်။ ကွဲပြားသော ထင်မြင်ချက်များအတွက် ငြင်းခုံပြောဆိုမှုများလည်း ရှိနေသည်။


လူအချို့က ကျီလင်သည် ဘေးဒုက္ခကို ဆောင်ကျဉ်းပေးလာသော အလှလေးတစ်ယောက်ဟု ဆိုကြသည်။ သူက ကြက်အစပ်ကောင်လေးတစ်ယောက်ဖြစ်သော်လည်း ရုပ်ရည်မှာ အမှန်တကယ်ကို ကြည့်ကောင်းပေ၏။ မြို့စားကြီးကားလို့စ်နှင့် ဧကရာဇ်တို့က ရုပ်ရည်ကြည့်ကောင်းသူများအား နှစ်သက်သူဖြစ်ကြောင်း သူတို့မသိခဲ့ကြပေ။ သို့သော်လည်း ဤကြက်အစပ်ကောင်ငယ်လေးအား ဖမ်းဆုပ်ရန် ထိုသို့သော အရှုပ်အထွေးကို ပြုလုပ်ခဲ့ကြသည်။


အခြားသူများကမူ ထိုသူနှစ်ယောက်လုံးက ကျီလင်ကို အမှန်တကယ် သဘောမကျဘဲ သူတို့၏စစ်ပွဲအတွက် သူ့ကို အသုံးချနေကြသည်ဟု ဆိုကြသည်။ 

အသိပညာကြွယ်ဝပြီး ဩဇာကြီးမားတဲ့ ဧကရာဇ်နဲ့ ကျက်သရေရှိပြီး အဆင့်အတန်းမြင့်မားတဲ့ မြို့စားကြီးကားလို့စ်က ဒီလိုမျိုး အပျော်အပါးလိုက်စားတဲ့ ကောင်လေးကို ဘယ်လိုလုပ်ပြီး မျက်စိထဲထည့်မှာလဲ... သူတို့ အရင်က ဘယ်လိုမျိုးအလှလေးတွေကို မမြင်ဖူးခဲ့လို့လဲ...


ကျီလင်က အိမ်၌သာနေပြီး ကမ်းစပ်ကို ဖြတ်ကူးလာသော မီးကို စောင့်ကြည့်နေခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ ကျီလင် လိုချင်သည့်အရာမှာ နာမည်တစ်ခုသာဖြစ်ပြီး ကားလို့စ်ကို အမှန်တကယ် လက်ထပ်ရန် ရည်ရွယ်မထားပေ။ သူ လုပ်သင့်သည့်ကိစ္စကို လုပ်ထားပြီးသားပင်။ ယခု ကျင်းဆွေ့နှင့် ကားလို့စ်အား တစ်ယောက်ကို တစ်ယောက် ဆုတ်ဖြဲဖျက်ဆီးကြပေလိမ့်မည်။ သို့သော် သူနှင့် မည်သည်မျှ သက်ဆိုင်တော့မည် မဟုတ်ပေ။ ကားလို့စ် ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ သူတို့ထဲမှ တစ်ယောက်ယောက် အနိုင်ရသွားလျှင် ထိုအချိန်၌ သူ လက်ထပ်စာချုပ်ကို ဖျက်သိမ်းရန် ယုတ္တိတန်သည့် အကြောင်းပြချက်တစ်ခုကို ရှာတွေ့နိုင်ပေသည်။


စနစ်ကလည်း ထိုဟာသတစ်ပုဒ်ကို ကြည့်နေပြီး သက်ပြင်းချလိုက်မိသည်။

[မင်း အခု တကယ်ကို နာမည်ကြီးနေပြီ]


ကျီလင်: [မင်း ဒီလိုမျိုး နာမည်ကြီးချင်လား... ငါ မင်းကို ပေးလိုက်မယ်]


စနစ်: [...]


စနစ်မှာ စိတ်ထိခိုက်သွားသလို ခံစားလိုက်ရသည်။ မကြာသေးမီက ပိုင်ရှင်၏ပါးစပ်မှာ ပို၍ပို၍ အဆိပ်ပြင်းလာပေသည်။ ကျီလင်က ဒေါသများကို သူ့အပေါ်သို့သာ အမြဲပုံချတတ်ပေသည်။ သို့သော် ကျီလင်က သူ့ရှေ့တွင်သာ ထိုကဲ့သို့လုပ်နိုင်ကြောင်း တွေးတောမိပြီး စနစ်က သူ့အား ရက်ရက်ရောရော ခွင့်လွှတ်ပေးလိုက်သည်——

ဒါက စနစ်ရဲ့ အရည်အချင်းတစ်ခုပါပဲလေ...


ထိုည၌ ကျီလင် ညစာစားပြီးနောက် သူ့အခန်းသို့ ပြန်လာချိန်တွင် သူ့အား စောင့်မျှော်နေသော ဝမ်ယန်ကို တွေ့လိုက်ရသည်။


ကျီလင်က သူ့နောက်လိုက်နေသည့် ဝမ်ယန်ကြောင့် ရူးလုမတတ်ပင်။ 

ဒီဘဝမှာ ဒီဗီလိန်က ဘယ်နေရာကို စည်းထားရမယ်မှန်းမသိဘူးပဲ... 


ထိုသူက ဤနေရာတွင် အချိန်ဖြုန်းရသည်ကို သဘောကျသည့်ပုံပင်။ ယခင်ဘဝကမူ ဝမ်ယန်က သူ့ကို သိသိသာသာ ဂရုမစိုက်ခဲ့ပေ။


ပြန်လည်မွေးဖွားခြင်းက လူတစ်ယောက်ရဲ့ ဦးနှောက်ကို ထိခိုက်စေလို့လား...


ကံကောင်းစွာပင် ဝမ်ယန်က သူ့ရှေ့တွင် နှိမ့်ချပြီး ယဉ်ကျေးပျူငှာသလို အမြဲတမ်း ဟန်ဆောင်နေခဲ့သည်။ ထို့ကြောင့် ကျီလင်က သူ့ကို အနည်းငယ် ပိုလွယ်ကူပြီး ပေါ့ပေါ့ပါးပါး ဆက်ဆံနိုင်ခဲ့သည်။ ကျီလင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ…"


သို့သော် အမြဲတစေ တည်တည်ငြိမ်ငြိမ်နှင့် နှိမ့်ချတတ်သော အပြုအမူရှိသည့် ဤအမျိုးသား၏ မျက်နှာက ယခုတစ်ကြိမ်တွင် နှင်းခဲကဲ့သို့ အေးစက်နေသည်။ သူ၏ စူးရှသောအကြည့်များက ကျီလင်၏မျက်လုံးများထဲသို့ စူးစူးစိုက်စိုက် ကြည့်ကာ ပြောလိုက်သည်။

"မင်း ကားလို့စ်ကို လက်ထပ်လို့မရဘူး…"


ကျီလင်က ခဏမျှ အေးခဲသွားသည်။ ထိုကဲ့သို့ဝမ်ယန်က သူ့ကို ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားစေသည်။

'ငါလည်း ကားလို့စ်နဲ့ လက်ထပ်ဖို့ စီစဉ်မထားပါဘူး' ဟု သူ့ကိုယ်သူ တွေးလိုက်မိသည်။ သို့သော် ကျီလင်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"ဒါက မင်းရဲ့ကိစ္စမဟုတ်ဘူး…"


ဝမ်ယန်၏ရင်ဘတ်က သူ့စကားများကြောင့် ပြင်းပြင်းထန်ထန် ခုန်လှုပ်နေသည်။ ကားလို့စ်နှင့်ကျီလင်တို့ လက်ထပ်တော့မည့် အကြောင်းကို သူ တွေးမိနေသရွေ့ ဘာမှမဖြစ်သကဲ့သို့ ဆက်လက်ပြီး ဟန်မဆောင်နိုင်တော့ပေ။ သူ၏ဖီးနစ်မျက်လုံးများထဲရှိ ကြောက်လန့်ဖွယ်လေထုက အေးစက်နေပေသည်။ ထို့နောက် ဩရှနက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။

"ဧကရာဇ်က မင်းအပေါ် အခွင့်ကောင်းယူနေတယ်လို့ ထင်ရင် ကားလို့စ်ကရော မင်းအပေါ် အခွင့်ကောင်းယူနေတာ မဖြစ်နိုင်ဘူးလား…"


ကျီလင်က သူ့ကို နောက်တစ်ကြိမ် ဖျောင်းဖျနေသည့် စကားကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် ဝမ်ယန့်အပေါ် မုန်းတီးဖွယ်အကြည့်ကို ဖော်ပြပြီး အေးစက်စွာ ပြောလိုက်သည်။

"ဂရုမစိုက်ဘူး…"


ဝမ်ယန်၏နှလုံးသားက ခါးသက်သွားပြီး နာကျင်စွာဖြင့် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။

မင်းက ကားလို့စ်ကို သိပ်ယုံတယ်လား... မင်းက အယုံလွယ်တဲ့သူလား... ကားလို့စ်တောင် လုပ်နိုင်တာပဲ... ငါက ဘာလို့ ဘာမှမလုပ်နိုင်ရတာလဲ...


ဝမ်ယန်က လေပူတစ်ချက်ကို မှုတ်ထုတ်ပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ၏ အနက်ရောင်မျက်လုံးများက ပြောင်းလဲသွား၏။ ဝမ်ယန်က ရုတ်တရက် ရှေ့သို့လှမ်းလာပြီး ကျီလင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ လက်တစ်ဖက်ဖြင့် သူ့မျက်နှာနားဆီသို့ ဆွဲယူလိုက်သည်။


ကျီလင်၏ခြေလှမ်းများက ယိမ်းယိုင်သွားပြီး ဝမ်ယန်၏ ခန္ဓာကိုယ်နှင့် ဝင်တိုက်လုနီးပါး ဖြစ်သွားသည်။ သူ့လက်ကောက်ဝတ်မှာ ဖျစ်ညှစ်ခံထားရသည်။ ကျီလင်က ခေါင်းကိုမော့ပြီး ထိုလူ၏ မယုံကြည်နိုင်သော အနက်ရောင် ဖီးနစ်မျက်လုံးများနှင့် ဆုံတွေ့လိုက်ရချိန်တွင် မသိစိတ်မှ မျက်မှောင်ကြုတ်မိသွားသည်။ ထို့နောက် အထိတ်တလန့်ဖြင့် ပြောလိုက်သည်။

"မင်း– မင်း ဘာလုပ်တာလဲ…"


ဝမ်ယန်က ချက်ချင်းပင် သူ့ရှေ့မှ ကောင်ငယ်လေး၏ မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ ဖိနှိပ်မျိုသိပ်ထားသည့် သူ့နှလုံးသားထဲမှ ပြင်းပြသောစိတ်ဆန္ဒများက ကန့်သတ်ချုပ်ချယ်မှုများ ပြိုပျက်သွားသကဲ့သို့ အလျင်အမြန် တိုးထွက်လာပြီး သူ၏ချုပ်တည်းမှု အားလုံးကို ဝါးမျိုပစ်လိုက်လေသည်။ ကျီလင်က မကောင်းသည့် အကြံအစည်များရှိသည့် ကားလို့စ်ကို လက်ထပ်လိုက်မည်ဆိုလျှင် ကျီလင့်ကို သူ့အပိုင် လုပ်ပစ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။


နောက်ဆုံးတွင် ကျီလင်က အနည်းငယ် ကြောက်လန့်သွားပြီး ဒေါတကြီး အော်ပြောလိုက်သည်။

"ငါ့ကိုလွှတ်စမ်း…"


ဝမ်ယန်က မျက်လွှာများကို ချပြီး ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသော ကောင်ငယ်လေး၏ မျက်လုံးများနှင့် အနည်းငယ် ဖြူဖျော့နေသည့် မျက်နှာကို ငုံ့ကြည့်လိုက်သည်။


အချိန်အတော်ကြာပြီးနောက် ဝမ်ယန်က အသက်ပြင်းပြင်းတစ်ချက်ရှူကာ လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်သည်။ စိတ်တည်ငြိမ်သွားစေရန် မျက်လွှာများကို ချလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ကိုယ် တောင်းပန်ပါတယ်…"


ကျီလင်က အလွန်ကြောက်လန့်သွားပြီး ထွက်ပြေးသွားသည်။ သူ နောက်ပြန် လှည့်မကြည့်ရဲပေ။

နေပါဦး... ဝမ်ယန်က ကျင်းဆွေ့နဲ့ ပူပေါင်းတာ ကြာပြီလား... သူက ကျင်းဆွေ့အတွက် ဒီနေရာမှာ လော်ဘီ လာလုပ်ပေးနေတာလား... ကြောက်စရာကောင်းလိုက်တာ...


ဝမ်ယန်၏ အကြည့်များက ဝေးကွာသွားသော ကျီလင်၏ နောက်ကျောကိုသာ ကြည့်နေခဲ့သည်။


သူ့မျက်လုံးများက ဖြည်းဖြည်းချင်း အုံ့မှိုင်းလာသည်။

ကားလို့စ်ကို အမြစ်ပြတ်ချေမှုန်းဖို့ ကျင်းဆွေ့က ငါနဲ့အတူ တတ်နိုင်သမျှ အမြန်ပူးပေါင်းလာလိမ့်မယ် ထင်တယ်... ကိုယ် မင်းကို ကားလို့စ်ရဲ့ဘေးမှာ အကြာကြီးနေခွင့်မပေးနိုင်ဘူး...


ဒီတစ်ကြိမ်တော့ ကိုယ် မင်းကို နောက်တစ်ကြိမ် လက်လွှတ်မပေးတော့ဘူး...


ဒါကြောင့် ကိုယ့်ကို စောင့်ပါ...


………………


ယခင်က သူ သတိလက်လွတ်နေခဲ့မိကြောင်း ကျီလင် ခံစားမိသည်။ သူက ဝမ်ယန်၏ နှိမ့်ချတတ်သည့် အပြုအမူကို လွန်စွာကျင့်သားရနေခဲ့သောကြောင့် ထိုသူက ယုတ်မာသည့် ဗီလိန်တစ်ဦးဖြစ်ကြောင်းကို မေ့လုနီးပါးပင်။ ကျီလင်က ဝမ်ယန်ကို သတိကြီးကြီးထား၍ စတင်ရှောင်ဖယ်လာခဲ့သည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ ဝမ်ယန်က ထိုနေ့ကတည်းက ပေါ်မလာခဲ့တော့ပေ။ ထိုသူက ပိုပြီးအလုပ်များလာသည့်ပုံပင်။


ကျင်းဆွေ့ကလည်း သူ့ကိုလာတွေ့ရန်မဆိုထားနှင့် မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။

ဒီတစ်ခါတော့ သူ တကယ်ကြီး လက်လျှော့သွားပြီလား...


မှန်တယ်... အင်ပါယာရဲ့ ဧကရာဇ်အနေနဲ့ တခြားသူရဲ့ ချစ်သူကို ခိုးယူလို့ မရဘူး ဟုတ်တယ်မလား...


ကျီလင် စိတ်သက်သာရာရသွားပြီး ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။ ထိုနေ့၌ပင် ကျီလင်က ရုတ်တရက် ကားလို့စ်ထံမှ မက်ဆေ့ချ်တစ်စောင်ရရှိခဲ့သည်။ ၎င်းမှာ ချိန်းတွေ့ရန် ဖိတ်ခေါ်ထားခြင်းပင်။


ကျီလင်က အဘိုးကြီးနှင့် အပြင်သွားပြီး လုံးဝ ချိန်းမတွေ့ချင်သလို ထိုသူနှင့်အတူ ပူးပေါင်းဟန်မဆောင်ချင်ပေ။ သို့သော် ယခုအခါ သူတို့က စေ့စပ်ထားကြပြီး ဖြစ်သောကြောင့် ချိန်းတွေ့ကာ အပြင်ထွက်လျှောက်လည်ရသည်က ပုံမှန်သာဖြစ်ကြောင်း ကားလို့စ်က ချက်ကောင်းကို ထောက်ပြလာခဲ့သည်။ တကယ့် စေ့စပ်ပွဲအစစ်နှင့်တူပြီး အခြားသူများ သံသယမဝင်စေရန်အတွက်ပင်။


ကျီလင်က ကိုယ့်ဘာသာကိုယ် တွေးလိုက်မိသည်။

'ကျွန်တော် ခင်ဗျားကို သောက်ကျိုးနည်းအောင် ယုံလိုက်မယ်... ဒါပေမဲ့ အပြည့်အ၀ သရုပ်ဆောင်ဖို့အတွက်တော့ သဘောတူနေရဦးမှာပဲ…'


ကားလို့စ်က သူ့ကိုလာခေါ်ရန် ရောက်ရှိလာပြီး အင်ပါယာကြယ်ရှိ နာမည်ကြီးဟိုတယ်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ သူတို့နှစ်ဦးမှာ သီးသန့်အခန်းထဲတွင် ထိုင်ခဲ့ကြသည်။ ထိုသီးသန့်ခန်းမှာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို ပေးစွမ်းနိုင်ပြီး ကြမ်းပြင်မှ မျက်နှာကြက်အထိ မှန်များဖြင့် ကာရံထားသည်။ ညစာဒိတ်အတွက် အကောင်းဆုံးနေရာပင်။


ကားလို့စ်က ကျီလင်၏ အကြိုက်ဆုံးဟင်းလျာကို မှာယူခဲ့ပြီး ယခင်ကကဲ့သို့ နူးညံ့မြတ်နိုးစွာ ကြည့်နေခဲ့သည်။

"မင်း အိမ်မှာဆို အမြဲတမ်း စိတ်အခြေအနေ ဆိုးရွားနေမှာကို ကိုယ်က စိုးရိမ်နေခဲ့တာ... ဒီနေရာက အစားအသောက်တွေက အရမ်းကောင်းတယ်... ပါဝင်ပစ္စည်းတွေအားလုံးက အခြားဂလက်ဆီတွေကနေ နေ့တွင်းချင်း တင်ပို့ပေးတာလေ... အရသာက အရမ်းကောင်းတယ်... မြည်းကြည့်လိုက်…"


ကျီလင် ကိုယ့်ဘာသာကိုယ် တွေးနေမိသည်။

'ခင်ဗျား ဘာတွေလုပ်နေလဲဆိုတာ ကျွန်တော် သိတယ်... အရမ်းကြီး ကြိုးကြိုးစားစား လုပ်ဖို့ မလိုအပ်ဘူးလေ…'


သို့သော် သူက သရုပ်ဆောင်ကောင်းတစ်ဦးအနေဖြင့် ဝမ်းနည်းသည့် အမူအရာကို ဖော်ပြကာ စိတ်ဓာတ်ကျနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော် စားချင်စိတ်မရှိဘူး…"


ကားလို့စ်က ထိုင်းမှိုင်းနေသော ကောင်ငယ်လေး၏ မျက်လုံးများနှင့် အနည်းငယ် တုန်ယင်နေသော မျက်တောင်များကို ကြည့်လိုက်ပြီး ကောင်ငယ်လေးမှာ ကျင်းဆွေ့ကို ဂရုစိုက်နေသေးကြောင်း သိလိုက်ရသည်။ သူ့နှလုံးသားထဲရှိ မနာလိုစိတ်က မြွေပွေးတစ်ကောင်လို တွယ်တက်လာသော်လည်း ကားလို့စ်က ၎င်းကို မဖော်ပြခဲ့ပေ။ သူက အသံတိတ် သက်ပြင်းတစ်ချက်သာ ချလိုက်ပြီး မေးလာသည်။

"ဒါနဲ့ စကားမစပ်... ဧကရာဇ်က မင်းကို စိတ်အနှောင့်အယှက် ပေးနေသေးလို့လား…"


ကျီလင် ခေါင်းယမ်းပြလိုက်သည်။


ကားလို့စ်က ခေါင်းညိတ်ပြလာပြီး သူ၏နက်ရှိုင်းလှသော မျက်လုံးများထဲရှိ အကြည့်များက စိုးရိမ်မှုကို ဖော်ပြနေသည်။ ထို့နောက် အသံတိုးတိုးဖြင့် ပြောလာသည်။

"အဲဒါကြောင့်ပြောတာ... ကိုယ်တို့ ပေါ့ပေါ့တန်တန် တွေးလို့မရဘူး... သူက လွယ်လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ဘူး…"


ကျီလင်က အလွန်စိတ်အနှောင့်အယှက် ဖြစ်နေပုံရသော်လည်း ပြန်ဖြေလိုက်ဆဲပင်။

"ကျွန်တော် သိပါတယ်…"


အစာစားနေစဉ် တစ်ဝက်လောက်၌ ကျီလင်မှာ အလွန်လိမ္မာနေရခြင်းကြောင့် ပင်ပန်းလာသလို ခံစားရသည်။ ထို့ကြောင့် အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူရန် ဆင်ခြေပေးလိုက်သည်။ ကားလို့စ်အား ချန်ထားခဲ့ပြီး ထွက်လာမှသာ အသက်ရှူရ ပိုမိုလွယ်ကူလာသည်ဟု ကျီလင် ခံစားမိသည်။ မည်သို့ပင်ဆိုစေကာမူ ထိုမြေခွေးအိုကြီးက အလွန်ရက်စက်လှ၏။ ကားလို့စ်၏ရှေ့၌ သရုပ်ဆောင်သည့်အခါ အထူးသတိထားရန် လိုအပ်ပေသည်။


ကျီလင်က သန့်စင်ခန်းထဲရှိ မှန်ရှေ့တွင် မတ်တတ်ရပ်ကာ မျက်လုံးထဲတွင် တွေဝေသော အကြည့်များဖြင့် ပြောလိုက်သည်။

[အဲဒီမြေခွေးအိုကြီးကို မင်း ဘယ်လိုထင်လဲ... ငါ စေ့စပ်ဖို့ သဘောတူခဲ့တယ်လေ... သူက ဘာလို့ ငါ့ကို ချိန်းတွေ့ဖို့ တောင်းဆိုရတာလဲ…]


စနစ်: [သူက ပိုပြီးလက်တွေ့ဆန်ဆန် သရုပ်ဆောင်ချင်နေတာ ဖြစ်နိုင်လောက်လား... ဘာပဲဖြစ်ဖြစ် မင်းရဲ့ ပင်ကိုယ်စရိုက်က ချော့မော့ရ လွယ်တယ်လေ... မင်းက သူ့ကို လုံးလုံးလျားလျား ချစ်မြတ်နိုးသွားရင် ကျင်းဆွေ့ကို တိုက်ခိုက်ဖို့ မင်းကို ပိုပြီးထိထိရောက်ရောက် အသုံးချလို့ရတယ်…]


ကျီလင်: [ဒီနေ့ ရုတ်တရက်ကြီး ဘာလို့ မင်းရဲ့ဦးနှောက်ကို စသုံးနေရတာလဲ...]


စနစ်: [မင်း ထိပ်ပြောင်သွားမှာကို ငါ စိုးရိမ်လို့…]


ကျီလင်: [.....]


ကျီလင် အသက်ကို ရှူထုတ်လိုက်သည်။ သူ ထွက်လာသည်မှာ ကြာပြီဖြစ်သောကြောင့် ပြန်ရန်အချိန်တန်ပေပြီ။ သို့သော် သန့်စင်ခန်းထဲမှ လှည့်ထွက်လာချိန်တွင် သူ့ရှေ့ရှိ အရပ်မြင့်မြင့် ဆံပင်နီညိုရောင်နှင့် မျက်လုံးညိုညိုများရှိသည့် အမျိုးသားနှင့် ဝင်တိုက်လုနီးပါး ဖြစ်သွားရသည်။ ကျီလင်၏ အမူအရာက တောင့်တင်းသွားပြီးနောက် အေးစက်နေသည့် အမူအရာကို ဖော်ပြလိုက်သည်။ ထို့နောက် တစ်ဖက်လူကို ရှောင်ကွင်းပြီး လှည့်ထွက်သွားရန် ကြိုးစားလိုက်သည်။


ရလဒ်အနေဖြင့် ထိုလူက ရှေ့သို့ ခြေတစ်လှမ်း တိုးလာခဲ့သည်။ သူ၏မြင့်မားသော ခန္ဓာကိုယ်က တောင်ကြီးတစ်လုံးကဲ့သို့ သူ့လမ်းကို တိုက်ရိုက် ပိတ်ဆို့ထားလေသည်။


ကျီလင်: "..."


'အခု ကျင်းဆွေ့ရဲ့ လော်ဘီသမားကို တွေ့လိုက်ရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်သွားပြီ အားးး…'


ကျီလင်က အေးစက်စွာ ပြောလိုက်သည်။

"အရာရှိကြီးမာရှယ် ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ…"


ဘရန်ဒန်က ကောင်ငယ်လေး၏ အေးစက်နေသော မျက်နှာထားနှင့် သီးသန့်ဆန်သော အပြုအမူကို ကြည့်ပြီး သူ့နှလုံးသားထဲတွင် အလွန်နာကျင်သွားသလို ခံစားလိုက်ရသည်။ သို့သော် ဘရန်ဒန်က လက်မလျှော့ခဲ့ပေ။ ထိုအစား လေးနက်သော လေသံဖြင့် ပြောလာသည်။

"ကားလို့စ်က မင်းအပေါ် မရိုးသားဘူး... သူက မင်းကို အသုံးချနေရုံပဲ... အဲဒါကို မင်းသိလား…"


ကျီလင်က ရယ်မောလိုက်သည်။ ထို့နောက် မျက်ခုံးများကိုပင့်ကာ ပြောလိုက်သည်။

"ကျွန်တော် သိတယ်... ကျွန်တော့်ကို လူတော်တော်များများက ပြောခဲ့ဖူးပြီးသား…"


ဘရန်ဒန်က အနည်းငယ် စိုးရိမ်သွားသည်။

"ဒါဆို မင်း——"


ကျီလင်က အေးစက်စက်အကြည့်များကို ဆင်မြန်းပြီး ဘရန်ဒန်၏စကားကို ဖြတ်ပြောလိုက်သည်။

"ကျွန်တော် သိတယ်ဆိုပေမဲ့ ကျွန်တော် ယုံကြည်တယ်လို့ မဆိုလိုဘူးလေ... အန်ကယ်ကားလို့စ်က ကျွန်တော့်အပေါ် အမြဲတမ်း ကောင်းပေးတယ်... သူက ကျွန်တော့်ကို ဘယ်တုန်းကမှ မထိခိုက်စေခဲ့သလို အမြဲတမ်းလည်း ဂရုစိုက်ပေးခဲ့တယ်... ဒါပေမဲ့ ခင်ဗျားတို့ကရော..."


ကျီလင်က စကားတစ်ခွန်းချင်းစီ လေးလေးနက်နက် ပြောလာသည်။

"ခင်ဗျားတို့ ကျွန်တော့်ကို ကာကွယ်ပေးခဲ့လို့လား…"


ဘရန်ဒန်၏မျက်နှာမှာ ဖြူဖျော့သွား၏။


ကျီလင်က သူ့ကိုယ်သူ လှောင်ပြောင်ရယ်မောလိုက်သည်။

"ကျွန်တော့်ကို ကာကွယ်ပေးမယ်ဆိုပြီး ခင်ဗျားက ကျွန်တော့်အဖေကို ကတိပေးခဲ့ပေမဲ့ ကျွန်တော့်ကိုထားခဲ့ပြီး ဧကရာဇ်ရဲ့လက်ထဲကို အပ်လိုက်တယ်... နောက်ပြီး ဂါဘရီရယ်လက်ထဲ ရောက်သွားတယ်... တကယ်တော့ ကျွန်တော် ရှင်လား သေလားဆိုတာကို ခင်ဗျား လုံးဝဂရုမစိုက်ပါဘူး ဟုတ်တယ်မလား…"


ဘရန်ဒန်က ပါးစပ်ကို ဖွင့်လိုက်သော်လည်း ရုတ်တရက် ပြန်လည်မချေပနိုင်ခဲ့ပေ။ ၎င်းက ယခင်ဘဝမှအကြောင်းကို အမှတ်ရသွားစေသည်။ ထိုအချိန်က သူ၏ပေါ့လျော့မှုကြောင့် ကောင်ငယ်လေးမှာ သူပုန်များ၏လက်တွင်းသို့ ကျရောက်သွားခဲ့သည်။ ထို့နောက် အကြင်သူက ညှဉ်းပန်းနှိပ်စက်မှုနှင့် ထိတ်လန့်မှုတို့ကို ခံစားခဲ့ရသည်။


ဤတစ်ကြိမ်၌ ကျင်းဆွေ့က ကောင်ငယ်လေးကို ကာကွယ်ပေးနိုင်မည်ဟု သူ ထင်ထားခဲ့သောကြောင့် နောက်ဆုတ်ရန် ရွေးချယ်ခဲ့သော်လည်း နောက်ဆုံးတွင် ထိုသူက ကောင်ငယ်လေးကို နာကျင်စေဆဲပင်။


၎င်းက သူ့အမှားပင်ဖြစ်၏။


အချိန်ခေတ္တမျှ ကြာသွားပြီးနောက် ဘရန်ဒန်က အက်ရှသောအသံဖြင့် ပြောလာသည်။

"ကိုယ်... ကိုယ် တောင်းပန်ပါတယ်…"


ကျီလင်က အနည်းငယ် ရယ်မောလိုက်သော်လည်း သူ့အမူအရာက တည်ငြိမ်ပြီး ဂရုမစိုက်ဆဲပင်။

"မလိုပါဘူး... ခင်ဗျားရဲ့တောင်းပန်မှုကို ကျွန်တော် မလိုအပ်ဘူး…"


စကားပြောပြီးနောက် ကျီလင်က ဘရန်ဒန်အား ဖြတ်လျှောက်သွားသည်။


ဤတစ်ကြိမ်တွင် ဘရန်ဒန်က သူ့ကို မတားခဲ့ပေ။


ယခုအခါ သူသည် လူအများ မုန်းလာစေရန် လုပ်ဆောင်ရာ၌ အလွန်တော်လာကြောင်း ကောင်းစွာ သဘောပေါက်လာခဲ့သည်။

' တကယ်ကို အဲဒီလိုပြောလို့ရတယ်... သေချာတာပေါ့... ငါလည်း အဲဒီလိုလုပ်ဖို့ တွန်းအားပေးခံရတာပဲ... မဟုတ်ရင် အဲဒီကောင်တွေကို ဘယ်လိုလုပ်ပြီး ရှင်းထုတ်နိုင်မှာလဲ…'


ကျီလင် ထိုအကြောင်းကို ပိုတွေးလေလေ၊ ပို၍ဝမ်းနည်းလာလေလေပင်။



✨✨✨