✨ Chapter 68
အချစ်များကို ပြသခြင်း
သူငယ်ချင်းအုပ်စုတစ်စုလုံး ကြက်ပေါက်ကလေးများကဲ့သို့ တုန်ယင်နေကြသည်။ သူတို့က မည်သည့်စကားမှ မပြောရဲကြဘဲ ကားလို့စ်နှင့် ကျီလင်ကြားက နွေးထွေးပြီး ချစ်ခင်မှုများ ပြည့်နေသည့်မြင်ကွင်းကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေခဲ့ကြသည်။
ကားလို့စ်နှင့်ဧကရာဇ်က သဟဇာတမဖြစ်ဘဲ ဆန့်ကျင်ဘက် ဖြစ်သည်ကို လူတိုင်း သိကြပေသည်။
ဧကရာဇ်ရဲ့အချစ်စစ်ဖြစ်တဲ့ ကျီလင်က ဘယ်လိုလုပ်ပြီး သူနဲ့ဧကရာဇ်ရဲ့ဆက်ဆံရေးကို ငြင်းလိုက်ပြီးတော့ အဲအစား မြို့စားကြီးကားလို့စ်နဲ့ ရင်းရင်းနှီးနှီးနေပြနေရတာတုန်း...အဓိပ္ပါယ်မရှိလိုက်တာ...
ဘယ်လိုအံ့သြစရာကောင်းလိုက်တဲ့ အတင်းအဖျင်းကြီးကို ငါတို့ ဒီနေ့တွေ့လိုက်ရတာတုန်း... ငါတို့အသတ်ခံရတော့မှာလား...
အခြားသူများ ဘာတွေးနေသည်ကို ကျီလင် ဂရုမစိုက်ပေ။
သူ ကားလို့စ်ကို စိုစွတ်နေသည့် မျက်ဝန်းများဖြင့်ကြည့်လိုက်ပြီး စိတ်ဓာတ်ကျနေဆဲပုံ ပေါ်သော်ငြား နူးညံ့စွာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့...ကျွန်တော် အဆင်ပြေပါတယ်..."
ကားလို့စ်က ကောင်ငယ်လေး၏မျက်ဝန်းများထဲက ဖုံးကွယ်ရန်ခက်သည့် မှိန်ဖျော့နေသည့် မောပန်းနွယ်နယ်မှုများကို ကြည့်လိုက်သည်။ သူ့နှလုံးသားထဲ သနားကြင်နာသွားပြီး လက်ဆန့်ကာ ကောင်ငယ်လေးအား သူ့ရင်ခွင်ထဲပွေ့ဖက်ကာ နားခိုခွင့်ပြုလိုက်သည်။ သူက ကျီလင်အား နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။
"ခေါင်းမမာပါနဲ့ကွာ...တကယ်လို့ မင်းအရမ်းဝမ်းနည်းနေရင် ကိုယ့်ဆီလာခဲ့လို့ ရပါတယ်...ကိုယ်မင်းဘေးမှာ အမြဲရှိနေမှာပါ..."
ကျီလင် ကားလို့စ်ကို သူ့အား ဖက်ခွင့်ပေးလိုက်ပြီး ခေါင်းငုံ့ကာ သူ့နှုတ်ခမ်းများကို ကိုက်ထားလိုက်သည်။
လူတိုင်း : "..."
မဖြစ်နိုင်တာ... ငါတို့ဒီနေ့ ဘာကိုတွေ့လိုက်ရတာလဲ...ဧကရာဇ်ကို ခြံခုန်သွားတဲ့ ကျီလင်ကို မြင်နေရတယ်ဆိုတော့ ကြည့်ရတာ ပစ်မှတ်က မြို့စားကြီးကားလို့စ်ပဲ ဖြစ်နေသေးတုန်းပေါ့လေ...
ကယ်ကြပါဦး... ငါတို့မသေချင်ဘူးလို့ အား...
ငါတို့ ကိုယ်တိုင် မျက်လုံးတွေကို ထိုးဖောက်ပစ်ဖို့ဆို နောက်ကျသွာပြီလားဟင်...
ကျီလင် မျက်လုံးပင့်ကာ လူတိုင်း၏ကြောက်ရွံ့တုန်လှုပ်နေသည့် မျက်လုံးများကို ကြည့်ပြီး ဤအခန်းက ပြီးလုနီးပါးဖြစ်နေပြီဟု သူ့နှလုံးသားထဲတွင် ပြောလိုက်သည်။ သူ သေသေချာချာ မတ်တတ်ရပ်ကာ ပြောလိုက်သည်။
"ကျွန်တော် အရမ်းပင်ပန်းနေပြီ..အရင်ပြန်နားနှင့်တော့မယ်..."
လူတိုင်း မည်သည့်စကားမှ မပြောရဲခဲ့ကြပေ။ သူတို့က ကြက်ကလေးများကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြလေသည်။
ကားလို့စ် တစ်ဦးတည်းကသာ တုန်နေအောင်ချစ်မြတ်နိုးသည့် အပြုံးဖြင့် ပြောလိုက်သည်။
"ကိုယ်မင်းကို ပြန်ပို့ပေးမယ်..."
ကျီလင်က သူ့အခန်းကို ပြန်သွားပြီး ကားလို့စ်ကို ထွက်သွားစေချင်ခဲ့သည်။ ကားလို့စ်အား ပေါ့ပေါ့တန်တန် သူ မဆက်ဆံဝံ့ချေ။ ကျင်းဆွေ့အား ခက်ခဲစေရန် ကားလို့စ်က ယနေ့ တမင်သက်သက် လာခဲ့ခြင်းဟု သူထင်ပေ၏။ သို့သော်ငြား သူလည်း ကားလို့စ်ကို လိုအပ်နေချိန်နှင့် တိုက်ဆိုင်သွားကာ ရိုးရှင်းစွာပင် ပြဇာတ်ကလိုက်ခြင်းဖြစ်သည်။ သူနှင့်ကားလို့စ်တွင် တူညီသည့် ရည်ရွယ်ချက်ရှိပြီး အချင်းချင်း အသုံချနေရုံမျှပင်။
ကားလို့စ်က ကျင်းဆွေ့အား တိုက်ခိုက်ချင်ပြီး သူကလည်း ကျင်းဆွေ့အား ပထုတ်ချင်ပေသည်။
ကျီလင် ဘေးဘက်ကို ဝေ့ကြည့်ကာ တီးတိုးပြောလိုက်သည်။
"အန်ကယ်ကားလို့စ်...ကျွန်တော့်ကို လာတွေ့ပေးလို့ ကျေးဇူးတင်ပါတယ်... ကျွန်တော် တကယ်အဆင်ပြေပါတယ်..."
ကားလို့စ် ကောင်ငယ်လေး၏ တုန်ယင်နေသည့် မမျက်တောင်မွေးများ၊ ဖျော့တော့နေသည့် မျက်နှာနှင့် အင်္ကျီလည်ပင်းတစ်ဝိုက်တွင် ပေါ်နေသည့် လည်ပင်းသွယ်သွယ်လေးကို ကြည့်လိုက်သည်။ လူငယ်လေး၏ ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းထန်သည့် လေပြင်းတိုက်ခတ်မှုကို ခံထားရသည့်အလား ကျိုးပဲ့ကြေကွဲလွယ်နေသော်ငြား အလွန်အမင်း သန်မာဟန်ဆောင်ရန် ကြိုးစားနေဆဲပင်။
ကားလို့စ် သူ့ကိုယ်သူ ယုံကြည်သော်ငြား စိတ်ထိခိုက်သွားရသည်။
ကားလို့စ် နာကျင်သွားရသည်။ ယခင်က သူအလွန်ပင် စိတ်ရှည်ခဲ့ပေ၏။ ကောင်ငယ်လေးက သူနှင့်နီးကပ်လာပြီး တဖြေးဖြေး ပြောင်းလဲသွားလိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။ ကိစ္စများကသာ ဤအထိ ရောက်မလာခဲ့ပါက ထိုကဲ့သို့သော နည်းလမ်းများကို သူ မည်သည့်အခါကမှ အသုံးပြုလိုစိတ်ရှိခဲ့လိမ့်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ သူ လက်မလွှတ်လိုက်ချင်ပေ။
မင်းကိုရဖို့ ကိုယ်ဘာမဆို လုပ်မှာ...
ကားလို့စ် ကျီလင်အား နူးညံ့ညင်သာစွာ ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"မင်းက သန်မာတဲ့ကလေးမှန်း ကိုယ်သိပါတယ်ကွာ...ဒါပေမဲ့ ကိုယ်အခု စိုးရိမ်နေတာက ဧကရာဇ်က မင်းကို လက်မလွှတ်ပေးမှာကိုပဲ..."
ကျီလင် အံ့အားသင့်မှုများဖြင့် မျက်ဝန်းပင့်ကြည့်လိုက်သည်။
ကားလို့စ်က စိုးရိမ်ပူပန်နေပုံ ပေါ်သည်။
"မင်းရဲ့ သဘောတူညီမှုမပါဘဲ သူက တိုက်ရိုက်အဲ့ကိစ္စကို ထုတ်လွှင့်ပြီး လက်လွန်ခြေလွန် ဖြစ်အောင်လုပ်လိုက်တာပဲ...မင်းရဲ့နှလုံးသားက အရမ်းနူးညံ့ကြင်နာပြီးတော့ သူ့ကိုလည်း ချစ်နေသေးတယ်... မင်း သူ့ကို ဆက်ပြီး မငြင်းပယ်နိုင်မှာကို ကိုယ်ကြောက်တယ်...မင်းသူ့ဆီ ပြန်သွားဖို့အတွက်သူ ဘာမှတောင် လုပ်နေစရာမလိုဘူး...ဒီလိုလှည့်ကွက်က ကိုယ့်နှလုံးသားကိုတောင် အေးစိမ့်သွားစေတယ်..."
ကျီလင် : "..."
ကျင်းဆွေ့က အမှန်တွင် ဤသို့ရည်ရွယ်နေခြင်းမဟုတ်လောက်ဟု ကျီလင် သူ့နှလုံးသားထဲ တွေးလိုက်သည်။ သို့သော်ငြား သူက မိန်းမောတွေဝေပြီးနာကျင်သွားသကဲ့သို့ ဟန်ဆောင်နေလိုက်ဆဲပင်။ သူဆက်လက်ပြီး တောင့်မခံနိုင်တော့သည့်အလား မျက်ဝန်းများက တုန်လှုပ်ယိမ်းယိုင်လာခဲ့သည်။
ကားလို့စ် သက်ပြင်းချလိုက်ပြီး သူ့အသံထဲတွင် နောင်တ တစွန်းတစဖြင့် ပြောလိုက်သည်။
"ကိုယ် အဲ့အကြောင်းကို အရင်ကတည်းက တွေးဖူးတယ်...ဖြစ်နိုင်တာက ကိုယ်တစ်ခုခု မှားသွားတာနေမှာပါ...အကယ်လို့ ကိုယ်သာ ဒီအကြောင်းကို မင်းကို အမှန်အတိုင်း မပြောခဲ့ရင်၊ ဧကရာဇ်က မင်းကို သဘောကျဟန်ဆောင်နေတုန်းဆိုရင် အဲ့ဒါက အတုဆိုရင်တောင်...အနည်းဆုံးတော့ မင်းဝမ်းနည်းရမှာမဟုတ်ဘူး..."
သူ ကျီလင်ကို ကြည့်လိုက်သည်။ သူ၏နက်ရှိုင်းသည့် အညိုရောင်မျက်ဝန်းများထဲတွင် အလွန်အမင်းရှုပ်ထွေးသော နောင်တနှင့် လွန်ဆွဲနေသည့် ခံစားချက်များက ရှိနေခဲ့လေသည်။
"ကိုယ်တောင်းပန်ပါတယ်..."
ကျီလင် မှင်သက်သွားခဲ့သည်။
ဒါက ဘယ်လို ရုပ်ရှင်ဧကရာဇ်တုန်း...ခင်ဗျား အော်စကာရဖို့ ရည်ရွယ်ထားတာလားဟင်...
ဖျော်ဖြေသူတစ်ဦးတွင် ပြိုင်ဘက်ကောင်းတစ်ဦးရှိသည့်အချိန်၌ ဖျော်ဖြေတင်ဆက်မှုအခြေအနေသို့ လမ်းညွှန်ရန် ပိုမိုလွယ်ကူသွားပေသည်။
ကျီလင် အလိုလျောက်ပင် ဇာတ်ကွက်နောက် စတင်လိုက်ပါသရုပ်ဆောင်လိုက်သည်။ သူက ဆို့နင့်နေသည့်အသံဖြင့် ငိုယိုကာ ပြောလိုက်သည်။
"အန်ကယ် ကားလို့စ် ကျွန်တော့်ကို တောင်းပန်စစာမလိုပါဘူး...ကျွန်တော့်ကို ညာခဲ့တဲ့လူက သူပဲ...အန်ကယ်က ကျွန်တော်နာကျင်သွားမှာကို စိတ်ပူနေရုံတင်ပါ...ကျွန်တော် အကုန်သိပါတယ်.."
ကားလို့စ်က စိတ်သက်သာရာရကာ ရင်ထဲထိရှသွားသည့်ပုံဖြင့် ကျီလင်အား ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်။ သူက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"ဘာတွေပဲဖြစ်ဖြစ် ကိစ္စတွေက ဒီထိတောင်ရောက်လာပြီးပြီ...မင်းကိုတွန်းအားပေးပြီး ထိခိုက်အောင်လုပ်ဖို့ ကိုယ် သူ့ကို အခွင့်အရေးပေးမှာ မဟုတ်ဘူး..."
'ဟုတ် ဟုတ် ဟုတ်' ဟု ကျီလင် အမှန်တကယ် ပြောချင်မိသွားသည်။
ကျွန်တော် အားလုံး ယုံကြည်တယ် ဟုတ်ပြီလား...
ရလဒ်အနေဖြင့် ကားလို့စ်က သူ့ရှေ့တွင် ဖြည်းဖြည်းချင်း ဒူးတစ်ဖက်ထောက်လိုက်သည်ကို မြင်လိုက်ရသည်။ ဤတစ်ကြိမ်တွင် ကျီလင်အမှန်အကန် မှင်သက်သွားခဲ့ပြီး မည်သည့်လှုပ်ရှားမှုမှ မလုပ်နိုင်တော့ချေ။ သူ ကျောက်ရုပ်တုကြီးကဲ့သို့ တောင့်တင်းနေကာ ကားလို့စ်က သူ့ညာလက်အား မိန်းမောတွေဝေစွာ ပင့်မပြီး ဖွဖွလေး တစ်ချက်နမ်းရှိုက်လိုက်သည်ကိုသာ ခွင့်ပြုထားလိုက်ရသည်။
ကျက်သရေအဖြာဖြာနှင့် နက်ရှိုင်းလှသည့် မျက်နှာသွင်ပြင်ရှိသည့် အမျိုးသားက မနှိုင်းယှဥ်သာလောက်အောင် နက်မှောင်လှသည့် အကြည့်များဖြင့်သူ့အား ကြည့်နေခဲ့သည်။ အမျိုးသား၏ပါးလွှာသည့်နှုတ်ခမ်းများက အသာပွင့်ဟသွားကာ သံလိုက်ကဲ့သို့ သာယာနာပျော်ဖွယ်ရှိသည့် အသံနိမ့်နိမ့်လေးတစ်ခု ထုတ်လွှတ်လိုက်သည်။ ထိုအမျိုးသားကသန္နိဋ္ဌာန်ချမှတ်လိုက်လေ၏။
"ကျေးဇူးပြုပြီး မင်းကိုကာကွယ်ဖို့ ကိုယ့်ကိုအခွင့်အရေးတစ်ခု ပေးပါ...ကိုယ့်ဇနီးဖြစ်ပေးပါ ဟုတ်ပြီလား..."
ကျီလင် : "..."
သူ့ရှေ့၌ ဒူးတစ်ဖက် ထောက်ထားသည့် ကားလို့စ်ကို ကျီလင် ကြည့်လိုက်သည်။ ထိုသူ၏ကြော့ရှင်းရည်မွန်၍ အထက်တန်းဆန်သော မျက်နှာကို ကြည့်ပြီးနောက် မတွေးတတ်လောက်အောင်ပင် နက်နဲသည့် အညိုရောင် မျက်ဝန်းများကို ငေးကြည့်နေမိလျက် သူ့လက်ချောင်းများက မထိန်းချုပ်နိုင်စွာ အနည်းငယ် တုန်ယင်လာတော့သည်။
ငါ ဒီအခြေအနေကြီးကို တကယ် မခံနိုင်တော့ဘူး အား...
သူ့လက်ထဲတွင် ဇာတ်ညွှန်းကိုကိုင်လျက် ဇာတ်ကြောင်း ဒုတိယအကြိမ်ကို ပိုမိုကောင်းမွန်လာအောင် ကြိုးစားနေသော်ငြား ကားလို့စ်၏ ရုတ်တရက် လက်ထပ်ခွင့်တောင်းလိုက်သည့် လုပ်ရပ်က သူ့အား စိတ်ရှုပ်ထွေးသွားစေဆဲဖြစ်သည်။
ဘာတွေဖြစ်နေတာတုန်း...အိပ်မက်မက်နေတာ မဟုတ်မှာ ကြောက်တယ်လို့...ငါ အိပ်မက်မက်နေတာမလားဟင်...
ကျင်းဆွေ့ရှိနေခြင်းကိုက လုံလောက်အောင် ဆိုးရွားနေပြီ ဖြစ်သည်။
ဒါပေမဲ့ ခုကျ စာအုပ်တစ်အုပ်လုံးထဲက ကြောက်စရာ အကောင်းဆုံး ဗီလိန်ကြီးက ငါ့ကို လက်ထပ်ခွင့်တောင်းနေတယ်တဲ့…
ဒီကိစ္စက မျှော်လင့်ထားတာထက် ကျော်သွားပြီ...မှားဖြေမိရင် သတ်များခံရမလားမသိ အားးးး...
ကောင်ငယ်လေး၏ ထိတ်လန့်အံ့ဩကာ သွေးမရှိတော့သည့် မျက်နှာကို တွေ့သော်ငြား ကားလို့စ်၏မျက်ဝန်းများက တည်ငြိမ်အေးဆေးနေခဲ့သည်။ ကောင်ငယ်လေးက သူ့အား အားကိုးမှီခို၍ရသည့် အကြီးတစ်ယောက်အဖြစ်သာ တစ်လျှောက်လုံး မှတ်ယူထားခဲ့မှန်း သူသိပေသည်။ သေချာပေါက် သူ့လက်ထပ်ခွင့်တောင်းလိုက်မှုက ကောင်ငယ်လေးအား ထိတ်လန့်ပြီး အံ့အားသင့်သွားစေမည်ပင်။
ကောင်ငယ်လေး၏သတိဝီရိယကို တဖြည်းဖြည်းလျှော့ချကာ သူ့အတောင်များအောက် သိမ်းသွင်းလျက် ကောင်ငယ်လေးအား သူ့နံဘေး အကျဥ်းချထားရမည်ဖြစ်သည်။
ကားလို့စ်၏မျက်ဝန်းများတွင် နူးညံ့မှုနှင့် စိတ်ပူမှုများရှိနေပြီး ပြောလိုက်သည်။
"ဧကရာဇ်က သူ့ပန်းတိုင်ရောက်ဖို့ ဘာမဆို လုပ်မယ့်သူမျိုး...ဒီလိုအရာမျိုးတောင် လုပ်မှတော့ မင်း သူ့လက်ထဲ ပြန်မရောက်မချင်း မင်းကို လွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ်ဘူး...အဆုံးကျ မင်း ရွေးချယ်စရာမရှိဘဲ သူ့လက်ထဲပဲ ပြန်ရောက်သွားလိမ့်မယ်...ကိုယ်မင်းကို ကူညီချင်ရင်တောင် ကိုယ်က ဘယ်သူမှ မဟုတ်ရင် မင်းကို သူလိုက်နေတာကို ဘယ်လိုလုပ် ရပ်နိုင်မှာလဲ...ဒါပေမဲ့ မင်းသာ ကိုယ့်ဇနီး ဖြစ်သွားပြီဆိုရင်တော့ ကွာခြားသွားပြီ..."
သူ တခဏမျှ ရပ်သွားပြီးနောက် ဖြေးညှင်းစွာ ပြောလိုက်သည်။
"မင်းသာ ကိုယ့်ဇနီးဖြစ်သွားပြီဆိုရင် ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ကိုယ်မင်းကို ကာကွယ်လို့ရသွားပြီ... သူ မင်းကို လုံးဝ ဆက်အနှောင့်အယှက် ပေးနိုင်မှာ မဟုတ်တော့ဘူး...မဟုတ်ရင် သူသေပြီသာမှတ်..."
ကျီလင် : "..."
ကျီလင် တွေဝေမိန်းမောနေသည်ကိုမြင်ပြီး ကားလို့စ် အလျင်မလိုစွာ ထပ်ပေါင်းပြောလိုက်သည်။
"ဒီလက်ထပ်ခွင့်တောင်းတာက လုံးဝ အဓိပ္ပါယ်မရှိဘူးဆိုတာ ကိုယ်သိပါတယ်...ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် မင်းကို ဧကရာဇ်လက်ထဲကနေ ကာကွယ်နိုင်တာ ဒီနည်းပဲရှိတယ်...မင်း စိုးရိမ်စရာမလိုပါဘူး လက်ထပ်တယ်ဆိုတာ နာမည်ခံပါပဲ...ကိုယ်တို့တကယ် လက်ထပ်စရာမလိုသလို ကိုယ်မင်းကို ထိမှာလည်း မဟုတ်ပါဘူး...ဧကရာဇ် လက်လျှော့သွားတဲ့အချိန်ကျရင် အချိန်မရွေး ဒီလက်ထပ်မှုကိုဖျက်ပြီး မင်းလွတ်လပ်နိုင်ပါတယ်ကွာ..."
သူ့အကြည့်များက ညင်သာနေလျက် ကျီလင်အတွက် တွေးပေးနေသည့်အလား သည်းခံခြင်းတရား၊ စိတ်သဘောထားများ ပြည့်ဝနေပေ၏။
သူ့ကိုကြည့်ပြီး ကျီလင် ယုံမိလုနီးနီးပင်။
သို့သော် ၎င်းက မဖြစ်နိုင်ချေ။
ကားလို့စ်ကသာ ကြင်နာယုယတတ်တဲ့လူမျိုးဆို နေက အနောက်ရပ်ကနေ ထွက်လာလိမ့်မယ်...
ကားလို့စ်က အမှန်တကယ် ကြောက်စရာကောင်းလှသော စဥ်းလဲသည့် မြေခွေးအိုကြီး တစ်ကောင်ပင်။ ကားလို့စ်က ကျင်းဆွေ့ကို ဆန့်ကျင်တော်လှန်နိုင်ရန် ယခုကဲ့သို့ လုပ်နေခြင်းဟု ကျီလင် ဖြေးဖြေးချင်း သဘောပေါက်သွားသည်။
အာ...
အရင်ဘဝတုန်းက ကျင်းဆွေ့နဲ့နဥ်ယွီကြား အတင်းအဖျင်းတွေကလည်း ကားလို့စ်က လှုံ့ဆော်ခဲ့တာပဲ မဟုတ်ဘူးလား...
ကားလို့စ်က နဥ်ယွီကို စိတ်ထဲ လုံးဝမရှိသော်ငြား ဇဝေဇဝါဖြစ်စေရန်လည်း တမင်တကာ ကြံစည်ထားခဲ့လေသည်။ လက်ထပ်ခွင့်တောင်းခြင်းကဲ့သို့သောအသည်းကွဲစရာ အရာများကို မလုပ်ခဲ့သော်ငြား နဥ်ယွီကို သူ့ဘက်သို့ ပါလာစေရန် ကြိုစားလျက် ကျင်းဆွေ့ဖန်တီးထားခဲ့သည့် ချစ်ခင်ရင်းနှီးမှုများကို ဖျက်ဆီးပစ်ခဲ့သည့် အပေါ်ယံ ချည်းကပ်မှုများက ရှိခဲ့သည်ပင်။
ယခုဘဝတွင်မူ ကျင်းဆွေ့က ကျီလင့်အပေါ် သိသိသာသာ ချစ်မြတ်နိုးနေလျက် ပြည်သူလုထုအရှေ့၌ပင် ကျီလင့်အတွက် သူ့အချစ်များကို ထုတ်ပြခဲ့သည်။ ထို့ကြောင့် မြေခွေးအိုကြီး ကားလို့စ်က ပို၍ ထိုခိုက်နစ်နာစေသည့် လှည့်ကွက်များကို သုံးလာခဲ့ပြီး သူ့ကို လက်ထပ်ခွင့်ပင် တောင်းလာခဲ့သည်။
တကယ်လို့ ငါသာ လက်ထပ်ခွင့်တောင်းတာကိုသဘောတူလိုက်ရင် ကျင်းဆွေ့ကို လူပုံအလယ်မှာ မျက်နှာဖြတ်ရိုက်လိုက်သလို ဖြစ်မသွားဘူးလား..
ကျင်းဆွေ့ကို ရင်ဆိုင်ရမှာ အဲ့လောက်ပျော်ဖို့ကောင်းပါ့မလားဟ...
✨✨✨