✨ Chapter 67
ကျီလင်၏နှလုံးသားလေးက မောပန်းနွမ်းနယ်နေချိန်မှာပင် မဖိတ်ခေါ်ထားသည့် အခြားဧည့်သည်ကို သူကြိုဆိုလိုက်ရသည်။
ဝမ်ယန် ရောက်လာခဲ့သည်။
ဝမ်ယန်နှင့် ပြောဆိုဆက်ဆံရန် ကျီလင် လုံးဝ ရည်ရွယ်ချက်မရှိပေ။ ယိုယွင်းလာသည့် ဇာတ်အိမ်အများကြီးနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ကျီလင် စိတ်ပိုင်းဆိုင်ရာ အနည်းငယ် ပြိုလဲနေခဲ့သည်။ ပြောရပါက ဝမ်ယန်က အောက်ခြေလူတန်းစားမှ လာခဲ့ခြင်းဖြစ်သည်။ သူ၏စွမ်းအားက ကားလို့စ်နှင့်ကျင်းဆွေ့ထက်ပင် ပိုကောင်းနိုင်ပေ။
ဝမ်ယန်က ဗီလိန်ဖြစ်နေလျှင်ပင် ဤအိမ်ထဲ၌ သူ့(ကျီလင်)အား သတ်ရဲပါက သေချာပေါက် သေခြင်းတရားကို ရင်ဆိုင်ရလိမ့်မည်သာဖြစ်သည်။ ဝမ်ယန်က ထိုကဲ့သို့ ရူးမိုက်သည့်အရာကို လုပ်လိမ့်မည်ဟုတော့ သူမထင်ချေ။
ထို့ကြောင့် ကျီလင်က ဝမ်ယန်အား လုံးဝ မကြောက်ရွံ့ချေ။
ကျီလင် သူ့ရှေ့က ငွေရောဆံပင်နှင့် ယောကျ်ားကို အေးစက်စွာကြည့်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။
"မင်းက ဒီနေရာမှာ ဘာလုပ်နေတာလဲ..."
သူ စိတ်ကြီးဝင်နေချိန်မှာပင် အမြဲလိုလို နွေးထွေးမှုများဖြင့် ဝင်းလက်နေခဲ့သည့် လူငယ်လေး၏အေးစက်စက် အကြည့်များကို ဝမ်ယန်ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် လူငယ်လေး၏မျက်ဝန်းများက မီးခိုးရောင်သန်းနေခဲ့ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေပုံပေါ်ကာ မည်သည်ကိုမှ ဂရုမထားတော့ပုံဖြင့် ကြည့်နေခဲ့သည်။ ဝမ်ယန်၏နှလုံးသားက ရုတ်ခြည်းကိုက်ခဲသွားခဲ့ရသည်။
ဘာဖြစ်ခဲ့သည်ကို သူ ခန့်မှန်းခဲ့ပြီးသားပင်။ ပြဿနာဖြစ်အောင် သွေးထိုးလှုံ့ဆော်ခဲ့သည့် ကားလို့စ်ကိုသာမက ကောင်ငယ်လေးကို မကာကွယ်ပေးနိုင်ခဲ့သည့် ကျင်းဆွေ့ကိုပါ သူ မုန်းတီးပေ၏။ သူချစ်မြတ်နိုးရသည့် ကောင်ငယ်လေးကို နောက်ဆုံး၌ လက်လျှော့ရန် မဆုံးဖြတ်မီကပင် သူ အများကြီး နောက်ဆုတ်အရှုံးပေးပြီးသားပင်။ သို့ပေမည့် သူက ကောင်ငယ်လေးအား ဝမ်းနည်းကာ စိတ်နှလုံးကြေကွဲသွားအောင် လုပ်မိခဲ့သည်။
ဝမ်ယန် သူ့နှလုံးသားထဲက နာကျင်မှုများကို ဖိနှိပ်လိုက်သည်။ သူ့မျက်လုံးများက နက်မှောင်နေကာ ပူပန်မှုများ စွန်းထင်းနေပေ၏။ သူ ကျီလင်အား လေးနက်စွာ ပြောလိုက်သည်။
"ကားလို့စ်ကို မယုံပါနဲ့...သူမင်းကို လိမ်နေတာ...ဧကရာဇ်က မင်းအပေါ်စိတ်ရင်းမှန်ပါတယ်..."
ကျီလင် : ???
မင်း အရမ်းစွက်ဖက်လွန်းနေတာ မဟုတ်ဘူးလား...ငါ့ခံစားချက်ပြဿနာက မင်းနဲ့ဘာဆိုင်လို့လဲ...
ယခုအချိန်၌ တစ်စုံတစ်ယောက်က သူ့အား ကျင်းဆွေ့နှင့် အတူရှိစေရန် ဖြားယောင်းသွေးဆောင်နေသည်ကို ကြားလိုက်ချိန်တွင် အလိုအလျောက်မသိစိတ်က ခုခံနေပြီး နားထောင်ရန် ငြင်းဆန်နေမိသည်။
ကျီလင် ရုတ်ချည်းပင် ဝမ်ယန်အား နီရဲနေသည့်မျက်ဝန်းများနှင့် ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
"အန်ကယ်ကားလို့စ်က ငါ့ကိုလိမ်မှာမဟုတ်ဘူး ...သူက ငါ့အပေါ် အမြဲကောင်းခဲ့တဲ့သူတစ်ယောက်..."
ဝမ်ယန် စိုးရိမ်ကြောင့်ကြသွားရသည်။ ထိုသူတော်ကောင်းဟန်ဆောင်ပြီး စက်ဆုပ်ဖွယ်ကောင်းသည့် ကားလို့စ်ဆိုသည့်သူက အပေါ်ယံတွင် ကျီလင်အား ကောင်းမွန်စွာ ဆက်ဆံဟန်ဆောင်နေသော်ငြား ကျီလင်၏ကွယ်ရာတွင်မူ အကြင်နာတရားကင်းမဲ့လှသည့် အမျိုးမျိုးသော အရာများအားလုံးကို လုပ်ခဲ့လေသည်။ ကျီလင်အား နာကျင်စေမည့်သူမှာ ကားလို့စ်ဆိုသည့် ထိုသူသာ ဖြစ်လိမ့်မည်ပင်။
ဝမ်ယန် အသံနက်နက်ဖြင့် ပြောလိုက်သည်။
"မင်းကို သစ္စာဖောက်တာက ဧကရာဇ်မဟုတ်ဘူး ကားလို့စ်ပဲ...ဒါ အမှန်တရားပဲ..."
ကျီလင် : "ဒါဆို ငါ့ကိုသက်သေပြလေ..."
ဝမ်ယန် : "..."
ကျီလင် လှောင်ပြုံး' ပြုံးလိုက်သည်။ သူ့မျက်ဝန်းများက ဝမ်းနည်းနေပုံပေါ်ကာ ပြောလိုက်သည်။
"မင်းမှာ ဘာသက်သေမှ မရှိဘူးမလား...ရှိလို့လား...ဘာလို့ မင်းတို့အကုန်လုံးက အန်ကယ်ကားလို့စ်ကို အသရေဖျက်ပြီး လုပ်ကြံပြောဆိုနေရတာလဲ..."
ဝမ်ယန် ခက်ခဲစွာပြောလိုက်သည်။
"မဟုတ်..."
ကျီလင် လက်မြှောက်ပြီး မျက်ဝန်းများကို ပွတ်သုတ်လျက် အသည်းကွဲနေပုံပေါ်သည်။ ဖြူဖျော့နေသည့်သူ့မျက်နှာထက်တွင် မျက်ဝန်းများက နုနယ်ပြီးကြေကွဲလွယ်နေခဲ့သည်။
"လုံလောက်ပြီ...ငါ့နှလုံးသားထဲမှာ အဲဒါကို သိပြီးသားပါ...အရှင်က ငါ့ကို လုံးဝကြိုက်လိမ့်မှာ မဟုတ်ပါဘူး...ငါ သူ့ကို အရင်တုန်းကပုံစံအတိုင်းပဲ ဖြစ်စေချင်တယ်...ဒါဆိုရင် အနည်းဆုံးတော့ သူငါ့ကို တစ်နေ့တော့ သဘောကျလာမှာပါဆိုပြီး ကိုယ့်ကိုကိုယ် လှည့်စားလို့ရသေးတယ်...ဒါပေမဲ့သူ ငါ့ကို ဘာလို့ ဒီလိုမျိုး လိမ်ခဲ့ရတာလဲ...ဘာအတွက်လဲ..."
ဝမ်ယန် ကောင်ငယ်လေး၏နာကျင်ပြီး ကြံရာမရဖြစ်နေသည့် သွင်ပြင်လေးကို ကြည့်ကာ သူ့နှလုံးသားအား အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ နှစ်သိမ့်ပေးရန် သူ့ပါးစပ်ကို ဟလိုက်သော်ငြား ရုတ်ချည်းပင် စကားတစ်ခွန်း မဆိုနိုင်တော့ချေ။ သူ ကျင်းဆွေ့ဘက်မှ ခုခံကာကွယ်ပြောဆိုမပေးနိုင်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူ့ယခင်ဘဝတွင် ကျင်းဆွေ့က ကောင်ငယ်လေးအား ယခုကဲ့သို့ နာကျင်စေခဲ့၍ ဖြစ်သည်။ ကျင်းဆွေ့ကသာ ကောင်ငယ်လေးအား အနာကျင်စေဆုံးလူ ဖြစ်ခဲ့ပေ၏။
ကျင်းဆွေ့က အမှန်တကယ်ပင် ကောင်ငယ်လေးနှင့် လုံးဝ မထိုက်တန်ပေ။
ကောင်ငယ်လေး၏မျက်ဝန်းထောင့်စွန်းက မျက်ရည်များကို သူ ကြည့်လိုက်သည်။ သူ့ရင်ဘတ်ထဲမှ အထိန်းအကွပ်မဲ့သည့် ခံစားချက်များက မြေပြင်ကို ဖောက်ထွက်ချင်သကဲ့သို့ နောက်တစ်ဖန် ပြင်းပြင်းထန်ထန် ရုန်းကန်ထကြွလာခဲ့ပြန်သည်။
ဝမ်ယန် ရုတ်တရက် လက်မြှောက်ပြီး ကျီလင်၏မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်ကာ အက်ကွဲသြရှနေသည့် အသံဖြင့် ပြောလိုက်သည်။
"မငိုပါနဲ့ကွာ..."
ထိုအခိုက် စက်ဆုပ်ဖွယ်ကောင်းသည့် အတွေးတစ်ခုက သူ့နှလုံးသားထဲ ထပ်မံမြင့်တက်လာခဲ့ပြန်သည်။
တကယ်လို့ ကောင်ငယ်လေးက ကျင်းဆွေ့ကို ဆက်ပြီးမကြိုက်တော့ဘူးဆိုရင် ငါ့မှာလည်း အခွင့်အရေးရှိလာမှာ မဟုတ်ဘူးလား...
ကားလို့စ်က မသတီစရာကောင်းပေမယ့်...ဒါပေမဲ့ သူလည်း အဲ့လိုအတွေးမျိုး တွေးဖူးလောက်မလား...
ကားလို့စ်က သူလုပ်ချင်သမျှကို လုပ်ခဲ့သောည်လည်း သူ(ဝမ်ယန်)ကက သည်းမခံနိုင်တော့ပေ။
ကျီလင် ဝမ်ယန်၏အနည်းငယ် အေးစက်နေသည့်လက်ချောင်းများကို ခံစားလိုက်ရသည်။ ဝမ်ယန်က ထိုကဲ့သို့ လုပ်လိမ့်မည်ဟု ကျီလင် မမျှော်လင့်ထားခဲ့မိချေ။
ဝမ်ယန်က အမြဲတမ်း နှိမ့်ချတတ်ပြီး ယဥ်ကျေးတာပဲ အဲ့လိုမျိုး မလုပ်လောက်ဘူးမလား ...
ကျီလင် မသိစိတ်အရ ခေါင်းလှည့်လိုက်ပြီး ဝမ်ယန်၏လက်ချောင်းများကို ရှောင်လိုက်သည်။ ထို့နောက် ဝမ်ယန်၏ နက်မှောင်နေသည့် အကြည့်များထဲက ကြောက်မက်ဖွယ်ကောင်းမှုကို မရှင်းပြနိုင်စွာ ခံစားလိုက်ရသည်။
ဝမ်ယန် အနည်းငယ် အေးခဲသွားကာ သာမာန်ကာလျှံကာဖြင့် သူ့လက်ကို ပြန်ရုတ်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"ကိုယ်တောင်းပန်ပါတယ်..."
ကျီလင် အနည်းငယ်မလွယ်ကူသလို ခံစားလိုက်ရသည်။ ဤလူအား ကြောက်စရာမလိုဟု မကြာသေးမီကပင် သူ့ကိုယ်သူ ပြောခဲ့သော်ငြား ယခုလေးတင် ဝမ်ယန်က သူ့အားအန္တရယ်အငွေ့အသက်ကို အမှန်တကယ် ပေးခဲ့လေသည်။
ဒီလူ ငါနဲ့ပတ်သက်ပြီး ထပ်ပြီး တွက်ချက်နေတာတော့ မဟုတ်လောက်ပါဘူးနော်...
ကျီလင် ဤပုဂ္ဂိုလ်၏စိတ်ကို နားမလည်နိုင်တော့ချေ။
မရှင်းလင်းသည့် ရည်ရွယ်ချက်များရှိသည့် လူများက တစ်ခါတစ်ရံ၌ ကြောက်စရာအကောင်းဆုံးပင်။
ကျီလင် အနည်းငယ် ကြောက်ရွံ့သွားသည်။ ဝမ်ယန်က သူ့ခေါင်းကိုညွှတ်ကာ လေးစားစွာ ပြောလိုက်သည်။
"ကိုယ် အရင်သွားနှင့်ပါ့မယ်...သခင်လေးတစ်ခုခုလိုတာရှိရင် ကိုယ့်ကို အမိန့်ပေးလိုက်ပါ..."
ထိုသို့ပြောပြီးနောက် သူလှည့်ကာ ထွက်သွားလိုက်သည်။
ကျီလင် ထွက်ခွာသွားသည့် ဝမ်ယန်၏နောက်ကျောကို ကြည့်၍ ဖြေးညင်းစွာ သက်ပြင်းမှုတ်ထုတ်လိုက်သည်။
မကြောက်စရာလား...တကယ်တော့ နည်းနည်းကြောက်ဖို့ကောင်းတယ်...
---------------
ဤသို့ဖြင် နှစ်ရက်တာကုန်ဆုံးသွားပြီးနောက် အင်တာနက်ပေါ်တွင် အခြေခံကျသည့် အကြမ်းဖျဥ်းထင်မြင်ယူဆချက်တစ်မျိုးသာ ကျန်တော့သည်။ ထိုညက ညစာစားပွဲသတင်းက ထွက်ပေါ်လာသောကြောင့် ကျင်းဆွေ့နှင့်ကျီလင်က အချစ်စစ်နှင့် ချစ်နေကြပြီဟု လူများက ပြောနေကြသည်။ ကျင်းဆွေ့က ကျီလင်အား မည်မျှအလိုလိုက်ထားသည်ကို အထက်တန်းလွှာများက သူတို့၏မျက်လုံးများနှင့်ကိုယ်တိုင်မြင်တွေ့ခဲ့ကြသည်။ ၎င်းက အချစ်စစ်မဟုတ်ဟုပြောလျှင် မည်သူမှ ယုံမည်မဟုတ်ပေ။
ကျီလင်မှာ အလွန်ဝမ်းနည်းနေ၍ အင်တာနက်ကိုသာ မျက်ကွယ်ပြုထားလိုက်သည်။ ကျေးဇူးတင်စရာကောင်းသည့် တစ်ခုတည်းသောအရာမှာ ကျင်းဆွေ့က ထပ်မပေါ်လာတော့ခြင်း ဖြစ်သည်။ ကျင်းဆွေ့နှင့် တိုက်ရိုက် မျက်နှာချင်းဆိုင်စရာ မလို၍ ယင်းက သူ၏ တစ်ခုတည်းသော နှစ်သိမ့်မှုတစ်ခုဖြစ်ပေသည်။
နေ့လည်ခင်းတစ်ခုတွင် သူ အိပ်ရာထဲ ပျင်းရိမိန်းမောစွာ လှဲလှောင်းနေချိန် မဒမ်မာရီနာက ရုတ်တရက် ဝင်လာပြီး သူ့အား အိပ်ရာမှ ဆွဲထုတ်ကာ ဧည့်ခန်းထဲသို့ ဆွဲခေါ်သွားလိုက်သည်။ ကျီလင် နားလည်ရခက်စွာ တံခါးအား တွန်းဖွင့်လိုက်ရာ သတိပေးခြင်းမရှိဘဲ ရောင်စုံစက္ကူစများက ဖွာခနဲ လွင့်စင်လာခဲ့သည်။ ဧည့်ခန်းက လူတိုင်း၏ကြိုဆိုမြူးထူးသံများဖြင့် ပဲ့တင်ထပ်သွားခဲ့သည်။
ကျီလင် : "..."
မဒမ်မာရီနာ သူမသား၏လက်ကို ဆုပ်ကိုင်ကာ ချစ်မြတ်နိုးစွာ ပြောလိုက်သည်။
"ကလေးလေး...ဒီနေ့အိမ်မှာ ပျော်ကြရအောင်လို့ သားသူငယ်ချင်းတွေအကုန်လုံးကို အမေခေါ်လိုက်တာ..."
ကျီလင် : "..."
သောက်ရေးမပါတာတွေ... ကျွန်တော် အခု ဘယ်သူ့ကိုမှ တွေ့ချင်မနေဘူး ဟုတ်ပြီလား...
အင်ပါယာအတင်းအဖျင်းထဲက အဓိကဇာတ်လိုက်တစ်ယောက်အနေဖြင့် စပ်စုချင်စိတ်များဖြင့် တလက်လက် တောက်ပနေသော မရေမတွက်နိုင်သည့်မျက်လုံးများကို မြင်လိုက်ချိန်တွင် ခေါင်းများကို သေအောင် ရိုက်သတ်လိုက်ချင်သကဲ့သို့ အလွန်ခါးသက်သွားခဲ့ရသည်။
သို့သော်ငြား မဒမ်မာရီနာ၏ စိုးရိမ်ပူပန်နေသည့်မျက်လုံးများထဲသို့ သူ ကြည့်၍ သည်းခံလိုက်ပြီး အဆုံး၌ ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်။
"ကျေးဇူးတင်ပါတယ် မေမေ..."
မဒမ်မာရီနာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမမှာ ကျီလင်နှင့်ပတ်သက်ပြီး အလွန်စိတ်ပူခဲ့ရကာ ကျီလင် အိမ်ပြန်လာခဲ့သည့် ထိုညမှာပင် မဒမ်ရှမန်ကိုရှာရန် နန်းတော်ထဲသို့ ဒေါသူပုန်ထကာ ဝင်သွားခဲ့သည်။ မဒမ်ရှမန်က သူမအား အချိန်အတော်ကြာအောင် စောင့်နေပြီးသားပင်။
ရလဒ်အနေဖြင့် သူမနန်းတော်သို့ ဝင်သွားချိန်တွင် အလွန် ဒေါသထွက်နေခဲ့ပြီး ပြန်လာချိန်၌ စိတ်ဓာတ်ကျသွားခဲ့သည်။ ဤကိစ္စက အမှန်ပင် ကျင်းဆွေ့၏အမှား မဟုတ်ပေ။
ထို့အပြင် ကျင်းဆွေ့က သူ၏ရိုးသားစစ်မှန်မှုကို ကျီလင်အား ရှင်းပြမည့်အကြောင်း မဒမ်ရှမန်က အထပ်ထပ်အခါခါ ကတိပေးခဲ့သည်။ ထို့နောက် အင်တာနက်ပေါ်က သတင်းကို သူမ မြင်လိုက်ရသည်။ ကျင်းဆွေ့က အမှန်တကယ်ပင် သူ့အချစ်ကို လူထုကြားထဲ၌ ထုတ်ဖော်ပြခဲ့ပြီး တည်ငြိမ်ပြီး ဆင်ခြင်တုံတရားလွန်ကဲလွန်းသော ကလေးအပေါ်၌ စိတ်ရင်းမှန်ကြောင်း သိသာလှပေ၏။
သူ့ပုံရိပ်နှင့်ပတ်သက်ပြီး အမြဲလိုလို စိုးရိမ်ပူပန်ခဲ့သည့် ကျင်းဆွေ့က ဤကဲ့သို့ကိစ္စမျိုးကို ဟာသလုပ်နိုင်မည်မဟုတ်ချေ။
မဒမ်မာရီနာက သူမ၏သံသယများကို လွှတ်ချလိုက်ပြီး ပြဿနာများဖန်တီးကာ သူမ၏အဖိုးထိုက်တန်လှသည့် ကလေးလေး၏နှလုံးသားကို ကွဲကြေသွားစေခဲ့သည့် ကားလို့စ်အား စတင်မုန်းတီးလာခဲ့သည်။
မဒမ်ရှမန်ကလည်း သူမကို ကျီလင်အား ယခုအချိန်၌ မလှုံ့ဆော်မိစေရန် ပြောခဲ့သေးသည်။ ဤကိစ္စအား ဖြေးဖြေးချင်း ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ ထိုမှသာ မဒမ်မာရီနာ သူမသားကို သွားစကားမပြောမိစေရန် သည်းခံခဲ့သော်ငြား သူမအား စိုးရိမ်စေသည့်အရာမှာ ကျင်းဆွေ့က ဤသို့လုပ်ခဲ့သည့်တိုင်အောင် ကျီလင်ပျော်ရွှင်နေသည်ကို သူမ မမြင်ခဲ့ခြင်းပင်။
ကျင်းဆွေ့ရဲ့ရည်ရွယ်ချက်တွေကို သက်သေပြဖို့ ဒါက မလုံလောက်သေးလို့ များလား...
သူမ ထိုအကြောင်းကို တွေးခဲ့သော်ငြား မည်သည်မှ မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူမ ကျီလင်၏သူငယ်ချင်းများကို အိမ်၌ ပါတီကျင်းပရန် ခေါ်ခဲ့လိုက်သည်။ လူပိုများလာလျှင် သူ ပျော်ရွှင်ကောင်း ပျော်ရွှင်နိုင်လိမ့်မည်ပင်။
သက်ဝင်လှုပ်ရှားမှုကို ငါ့ကလေးလေးက ဘယ်လောက်တောင် သဘောကျခဲ့လိုက်သလဲလို့...
မဒမ်မာရီနာ သူမသား၏ခေါင်းလေးကို ပုတ်ကာ နူးညံ့စွာ ပြောလိုက်သည်။
"မေမေ အရင်သွားနှင့်မယ်နော်..."
ပြောပြီးသည်နှင့် သူမသား သက်တောင့်သက်သာဖြစ်စေမည့် နေရာအနည်းငယ် ရစေရန် သူမလှည့်ထွက်သွားလိုက်သည်။
မဒမ်မာရီနာ ထိုအကြောင်းကို အလွန်စဥ်းစားတွေးတောခဲ့ရကြောင်း ကျီလင် မသိချေ။ သူသိပါက သွေးပင် အန်ထွက်သွားနိုင်ပေ၏။ စပ်စုနေသည့် သူငယ်ချင်းအုပ်စုတစ်စုကို သူကြည့်ကာ ခေါင်းကိုက်လာချေသည်။
ရို့စ်က ကျီလင်ကို လေးစားသဘောကျမှုများဖြင့် ကြည့်လိုက်သည်။
"သခင်လေးကျီ...ဧကရာဇ်က သခင်လေးကို တကယ် သဘောကျတာပဲနော် ဟုတ်တယ်မလား..."
သမ်းတုန်းက ပင့်သက်ရှိုက်ကာ အံ့သြတကြီး ပြောလိုက်သည်။
"ငါတို့အကုန်လုံး အဲ့နေ့က အဲ့ဒါကို မြင်လိုက်တယ်လေ... ဧကရာဇ်က သခင်လေးကို သူ့နှလုံးသားထိပ်မှာ ဖူးဖူးမှုတ်ထားတာပဲ...ဧကရာဇ်က တစ်ယောက်ယောက်ကို အဲ့လောက် ကောင်းကောင်းဆက်ဆံတာ ငါတစ်ခါမှတောင် မမြင်ဖူးဘူး..."
ကျီလင် သွားများပင်ကိုက်လာပြီး မျက်ဝန်းများကလည်း စိတ်ဓာတ်ကျနေသည့် အကြည့်ဖြင့် ပြောလိုက်သည်။
"ရပ်လိုက်..."
ရို့စ်နှင့် သမ်းတုန်း နှစ်ယောက်လုံး ကျီလင်ကိုသံသယဖြင့်ကြည့်လျက် အဘယ့်ကြောင့် ကျီလင် ထိုသို့ မျက်နှာအမူအရာမျိုး ဖြစ်သွားလဲကို မသိဖြစ်နေကြသည်။
သူ မပျော်ဘူးလား...
ကျီလင် သူနှင့်ကျင်းဆွေ့၏ဆက်ဆံရေးကို လုံးဝ ဝန်မခံချင်ပေ။ ငြင်းပယ်ခြင်းက သူ၏နောက်ဆုံးခေါင်းမာမှုပင်။ သူ တောင့်တင်းစွာ ပြောလိုက်သည်။
"ငါ ဧကရာဇ်နဲ့တွဲနေတာမဟုတ်ဘူး..."
ထိုစကားများ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရို့စ်နှင့်သမ်းတုန်းသာမက သူတို့၏နားရွက်များကို ထောင်ကာ မတင်းအဖျင်းကို နားထောင်နေကြသော ကျန်သူငယ်ချင်းအားလုံးပါ မှင်သက်သွားကြသည်။
ကျီလင်က ဧကရာဇ်ကို နက်နက်ရှိုင်းရှိူင်း ချစ်နေတာကို အင်ပါယာကြယ် တစ်ခုလုံးက ဘယ်သူကများ မသိလို့လဲ...အခု ဧကရာဇ်က လူကြားထဲ သူ့အချစ်တွေ ဖော်ပြလိုက်မှ သူက ငန်သလေးဘာလေး ဟန်ဆောင်နေပြီး မတွဲနေကြဘူးလို့တောင် ပြောလိုက်တယ်ပေါ့...ငါတို့ စိတ်ကယောင်ချောက်ချား ဖြစ်နေတာလား...ဒါက ဧကရာဇ်ရဲ့ဖွင့်ဟဝန်ခံချက်ကို ငြင်းလိုက်တာလား...
ထိုအခိုက် နက်ရှိုင်းပြီး ကျက်သရေရှိသည့် အသံက ဘေးဘက်မှ ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံးပဲ့တင်ထပ်သွားခဲ့သည်။
"မှန်တယ်..."
လူတိုင်း လှည့်ကြည့်လိုက်ကြပြီး အားလုံး ကြောက်ရွံ့မှုဖြင့် အေးခဲသွားခဲ့သည်။
ဘာတွေဖြစ်နေတာလဲ...ဘယ်လိုလုပ်ပြီး မြို့စားကြီးကားလို့စ်က ဒိနေမှာ ရုတ်တရက်ကြီး ပေါ်လာရတာလဲ...
ကားလို့စ်နောက်မှ လိုက်လာခဲ့သည့် အစေခံကလည်းခေါင်းကိုက်နေလေပြီ။
ငါက လက်အောက်ခံငယ်သား တစ်ယောက်လေးပဲလေ...ဘယ်လိုလုပ်ပြီး မြို့စားကြီးကားလို့စ်ကို တားနိုင်မှာတုန်းလို့...မြို့စားကြီးကားလို့စ်က ရုတ်တရက်ကြီး ကျီမိသားစုဆီ အလည်လာခဲ့တာလေ...ဒါက ဘယ်သူမှ မတားနိုင်တဲ့ဟာကို အား...
ကျီလင်လည်း အံ့သြထိတ်လန့်သွားခဲ့သည်။ သူကရုတ်တရက် ပေါ်လာသည့် ကားလို့စ်ကို စိတ်ရှုပ်ထွေးမှုများဖြင့် ကြည့်လိုက်သည်။
ကားလို့စ်၏ ကျက်သရေရှိပြီး နက်ရှိုင်းသည့်မျက်နှာက ပြုံးနေလေသည်။ ကျီလင်၏နံဘေးသို့ ရောက်သည်နှင့် သူ့နှုတ်ခမ်းများက ကော့တက်သွားပြီး ကျီလင်အား ညင်သာစွာ ကြည့်လိုက်သည်။
"ကိုယ် ဒီရက်တွေမှာ အပြင်က ကောလာဟလတွေကို ကြားခဲ့ရတယ်လေ...ကိုယ်မင်းကို အရမ်းစိတ်ပူနေခဲ့တာ...အဲ့ကြောင့် ကိုယ်လာပြီး တစ်ချက်ကြည့်ကြည့်တာ..."
ကျီလင် : "..."
ကားလို့စ်၏စိတ်ထဲ ဘာရှိမှန်း ကျီလင်မသိချေ။ သိူ့သော် ထိုအကြောင်းကို တွေးကြည့်ပြီးနောက် သူ ကားလို့စ်အား ကျင်းဆွေ့ရှေ့တွင် ဆင်ခြေတစ်ခု အနေဖြင့် အသုံးပြုခဲ့ပြီးပြီပင်။ ယခုလည်း သူ ကောလာဟလများကို ချိုးဖျက်ရန် ဤအခွင့်အရေးကို ယူလိုက်ရုံပင်။ ထို့ကြောင့် ကျီလင် ကားလို့စ်အား ဖျော့တော့တော့ပြုံးပြကာ ခေါ်လိုက်သည်။
"အန်ကယ်ကားလို့စ်..."
ရို့စ်၊ သမ်းတုန်း : ....
✨✨✨