Chapter 61
Viewers 15k

✨ Chapter 61



သူ မြန်မြန်ပြန်ရမည်ဟု ကျီလင်တွေးလိုက်သည်။ သူနောက်တစ်ကြိမ် ဘယ်သောအခါမှ အရူးလုပ်ခံမည်မဟုတ်ဘဲ အသတ်ခံရမည်ဆိုလျှင်ပင် နန်းတော်ထဲသို့ ဝင်လိမ့်မည် မဟုတ်ချေ။


သူ မဒမ်ရှမန်၏နန်းတော်ထံ ပြန်သွားလိုက်သော်ငြား ထိုနေရာတွင် သူမတစ်ယောက်တည်းကိုသာ မြင်လိုက်ရပြီး သူ့အမေ၏ အရိပ်အယောင်လေးပင် မမြင်ရပေ။ သူ အေးခဲ တောင့်တင်းသွားလျက် ပြောလိုက်သည်။

"အန်တီရှမန်...ကျွန်တော့်မေမေရော..."


မဒမ်ရှမန်က သူ့အားကြည့်ပြီး ချစ်မြတ်နိုးစွာ ပြောလိုက်သည်။

"အိုး မင်းမေမေလား...သူက အိမ်ကိုကြိုပြန်သွားခဲ့တာလေ...သူက မင်းကို နန်းတော်ထဲ ရက်နည်းနည်းလောက် စိတ်အေးလက်အေး နေခွင့်ပေးသွားတယ်..."


ကျီလင် သူမရှေ့မှောက် မူးလဲလုနီးနီးပင် ဖြစ်သွားခဲ့သည်။


ယခုလေးတင်ပင် သူ ကျင်းဆွေ့အား သူ့အမေက သူ့ကို သဘောတူမည်မဟုတ်ဟု ပြောခဲ့သော်ငြား ချက်ချင်းပင် မျက်နှာဖြတ်ရိုက်ခံလိုက်ရသည်။


သူ ထွက်သွားသည်မှာ မိနစ်နှစ်ဆယ်သာ ကြာသေးသော်ငြား ပြန်လာချိန်တွင် သူ့အမေထံမှ စွန့်ပစ်ခံလိုက်ရ၏။


များသွားပြီ...တကယ်ကြီး များသွားပြီ...


မဒမ်ရှမန်က ကျီလင်၏ မိန်းမောပြီး ထိတ်လန့်နေသည့်သွင်ပြင်ကို ကြည့်ကာ သူမနှလုံးသားလေးထဲ သနားမိသွားပေသည်။ အချိန်ကိုက်ပင် ကျင်းဆွေ့က သူ့နောက်ကနေ အလျင်မလိုဘဲ လိုက်လာခဲ့သည်။ မဒမ်ရှမန်၏မျက်နှာက မှုန်ကုပ်သွားကာ ပြောလိုက်သည်။

"အမေ မာရီနာကို ကတိပေးထားတယ်...မင်းရှောင်လင်ကို ဂရုစိုက်ရမယ်နော်...သူ မင်းနဲ့နေတုန်း နည်းနည်းလေး နစ်နာသလို ခံစားရရင်တောင် အမေ မင်းကို ညှာတာမှာ မဟုတ်ဘူး...မင်း နားလည်ပြီလား..."


ကျင်းဆွေ့ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"စိတ်မပူပါနဲ့...ကျွန်တော် သူ့ကိုဂရုစိုက်မှာပါ..."


မဒမ်ရှမန် သူ့အား ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ ကျင်းဆွေ့၏ ရုတ်တရက် ဥာဏ်အလင်းပွင့်သွားမှုကို သူမ ပျော်ရွှင်သော်ငြား ကျီလင် ယခင်က နစ်နာမှုများအပြည့် ခံစားခဲ့ရလေသည်။ သူမ လုံးလုံးလျားလျား စိတ်သက်သာရာ မရသေးချေ။ ကျီလင်က ယခင်ကနာကျင်ခဲ့ရလေသည်။ သူမ သတိပေးသည့် လေသံနှင့် နောက်တစ်ခုထပ်ကာ ညွှန်ကြားလိုက်သည်။

"အမေ ခဏခဏ လာကြည့်မှာနော်..."


ကျင်းဆွေ့ ကူကယ်ရာမဲ့နေသည့် အကြည့်ဖြင့် ဖြေလိုက်သည်။

"ကိစ္စမရှိပါဘူး..."


မဒမ်ရှမန် စိတ်သက်သာရာ ရသွားကာ ကျီလင်အား ပြုံးပြလိုက်သည်။

"မင်းဒီမှာ မင်းအိမ်လို ပေါ့ပေါ့ပါးပါး နေလို့ရတယ်နော်...တစ်ယောက်ယောက်က မင်းကို အရှက်ရအောင် လုပ်ရဲရင် အန်တီ့ကိုပြော...အန်တီ မင်းကိုကူညီပေးမယ်..."


ကျီလင် : "..."


ကျင်းဆွေ့ လူငယ်လေး၏သနားစဖွယ်ကောင်းသည့်အသွင်အပြင်ကို ကြည့်လိုက်သည်။ ရုတ်တရက် အိမ်မှထွက်ကာ ထူးဆန်းသည့်နေရာသို့ ရောက်လာပြီးနောက် သူ့မိခင်ထံမှ စွန့်ပစ်ခံလိုက်ရသော ကြောင်လေးတစ်ကောင်ကဲ့သို့ တွေဝေမိန်းမောနေရှာပေ၏။ သူ၏ မှင်သက်တွေဝေနေသည့် အကြည့်လေးက အလွန်ချစ်စရာကောင်းလှသည်။ ကျင်းဆွေ့က ကော့တက်နေသည့် နှုတ်ခမ်းထောင့်များကို ကြိုးစားဖိနှိပ်လိုက်ရသည်။ လူငယ်လေးအား သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားရန် မစောင့်နိုင်တော့ချေ။ 


သူ့အမေ၏တောင်စဥ်ရေမရ စကားများအား သူ နားမထောင်ချင်တော့ပေ။ ထို့ကြောင့် ကျီလင်၏လက်အားဆွဲကာ အပြင်သို့ ပြန်ခေါ်သွားလိုက်တော့သည်။


ကျင်းဆွေ့၏အင်အားများ ပြည့်နှက်နေသည့် လက်ဖဝါးက ကျီလင်၏လက်အား မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့သည်။ တစ်ဖက်လူ၏လက်က ပူပြင်းကာ ခွန်အားများ ပြည့်နှက်နေပြီး ငြင်းပယ်နိုင်စရာမရှိချေ။ သူ အသက်ရှုကြပ်လုနီးပါး ဆို့နင့်သွားရသည်။


နန်းတော်မှာ ငါဘယ်လိုများ နေရမှာတုန်း...ကယ်ကြပါဦး...


သူ ယခုလေးတင် ထွက်ပြေးလာခဲ့သည့် အခန်းထဲသို့ပြန်ရောက်နေသည်ကို မြင်လိုက်ရသည်။ ကျင်းဆွေ့၏နက်ရှိုင်းသည့် ရွှေရောင်မျက်ဝန်းများကို ကြည့်ကာ အလျင်စလို တံတွေးမြိုချလိုက်ပြီး လက်ဖြုတ်ရန် ကြိုးစားကာ တိုးတိုးလေး ပြောလိုက်သည်။

"ကျင်းဆွေ့ကော အလုပ်များနေမှာပဲ...ကျွန်တော့်ကို စိတ်မပူပါနဲ့..."


ရလဒ်မှာမူ ကျင်းဆွေ့က ရုတ်တရက်ကြီး ရှေ့တစ်လှမ်းတိုးလာခဲ့သည်။


ကျီလင် လန့်ဖျပ်သွားကာ နောက်တစ်လှမ်းဆုတ်ပြီး ပြတင်းပေါက်ပေါ်၌ သူ့ကျောအား ကပ်ထားလိုက်သည်။ လေညှင်းက ပြတင်းပေါက်၌ ချိတ်ဆွဲထားသည့် ပါးလွှာသည့် လိုက်ကာစလေးအား ညင်သာစွာ တိုက်ခတ်သွားခဲ့သည်။ ခံစားချက်တစ်မျိုးမျိုး အစပျိုးလာသကဲ့သို့ ကျင်းဆွေ့၏မျက်လုံးများက တဖြည်းဖြည်း နက်မှောင်လာသည်ကို ကျီလင်မြင်လိုက်ရသည်။ သူ့ခြေထောက်များ တုန်ယင်လာလေ၏။


ဤအမျိုးသား၏မျက်ဝန်းများက ကြောက်မက်ဖွယ်ကောင်းသည့် သားရဲတိရစ္ဆာန်တစ်ကောင်ထက်ပင် ကြောက်စရာကောင်းလှပြီး သူက(ကျီလင်) ပစ်မှတ်ထားသည့် သားကောင်လေး တစ်ကောင်ကဲ့သို့ပင်။


မ...မကောင်းတော့ဘူး...


သေရေးရှင်ရေးကို ကြုံတွေ့နေရသကဲ့သို့ ပြင်းထန်သော ခံစားချက်က ကျီလင်အား လှည့်ကာ ထွက်ပြေးသွားစေရန် သတ္တိများကို စုစည်းသွားစေခဲ့သည်။ သို့သော် နောက်စက္ကန့်မှာပင် သူ့မေးစေ့ကို ခွန်အားများ ပြည့်နေသည့် လက်တစ်ဖက်က ဆုပ်ကိုင်လိုက်ပြီး အနည်းငယ် အေးမြနေသည့် အနမ်းတစ်ပွင့်က သူ့နှုတ်ခမ်းပေါ် ကျဆင်းလာခဲ့သည်။


ကျီလင် မျက်ဝန်းများ ပြူးကျယ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားကာ လှုပ်ရှားရန်ပင် တစ်ခဏမျှ မေ့သွားခဲ့သည်။


ကျင်းဆွေ့ လူငယ်လေး၏မေးစေ့အား လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြားလက်တစ်ဖက်က လူငယ်လေး၏ပခုံးပေါ် ဖိကာ သူ့ခန္ဓာကိုယ်အောက်တွင် မြဲမြံစွာ အကျဥ်းချလိုက်ပြီး ညင်သာစွာ နမ်းရှိုက်လိုက်သည်။ သူ အချိန်ကြာမြင့်စွာ တမ်းတမက်မောခဲ့ရသည့် နူးညံ့သည့် နှုတ်ခမ်းများကို နောက်ဆုံး၌ ထိတွေ့လိုက်သည်။


သူ ကောင်ငယ်လေး၏မျက်လုံးများကို စူးစိုက်ကြည့်လိုက်သည်။ ထိုမျက်လုံးများ အတွင်းမှ ကြည်လင်သော အလင်းရောင်နှင့် တဖြည်းဖြည်းချင်း ပြူးကျယ်လာခဲ့သော သူငယ်အိမ်များကို ကြည့်နေခဲ့သည်။


အလွန်အမင်း စိတ်ရှုပ်ထွေးနေပြီး ကျိုးပဲ့လွယ်ကာ သနားစဖွယ် ကောင်းလှသည်။


ဤလူသားက သူနှစ်ဘဝစာ မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာကြာအောင် တမ်းတမက်မောခဲ့ရသည့်သူပင်။ တစ်ဖက်လူ၏မျက်နှာအား သူ့အိပ်မက်မထဲတွင် မရေမတွက်နိုင်သည့် အကြိမ်ပေါင်းများစွာ ပုံဖော်ခဲ့သော်ငြား သူလက်ဆန့်လိုက်ချိန်တွင် ၎င်းက လေလေးတစ်ချက်တိုက်ရုံမျှဖြင့် ပျောက်ကွယ်သွားနိုင်သည့် ထင်ယောင်ထင်မှား ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။


ကောင်ငယ်လေးက ဘယ်သောအခါမှ ပြန်လာတော့မည်မဟုတ်ပေ။


သူ တစ်ဖက်လူအား ချစ်မိနေပြီကို အဆုံး၌ နားလည်သွားချိန်တွင် နောင်တနှင့်နာကျင်မှုက သူ့အား နှစ်ပေါင်းများစွာကြာအောင် နှိပ်စက်ညှင်းပန်းနေခဲ့သည်။


ဤအခိုက်အတန့်တွင် အဆုံး၌ သူချစ်ခင်ရသည့် လူငယ်လေးအား နောက်တစ်ကြိမ် ထပ်မံထိတွေ့နိုင်ပြီဖြစ်သည်။ သူ့လက်ဖဝါးအောက်က အထိအတွေ့က နွေးထွေးလှသည်။ တစ်ဖက်လူ၏အရေပြားအောက်က စီးဆင်းနေသော သွေးများကိုပင် ခံစားနိုင်လုနီးနီးပင်။ သူ့လက်ဖဝါးများက အနည်းငယ် တုန်ယင်နေခဲ့သည်။


ဒါ အစစ်အမှန်ပဲ...


လူငယ်လေးက သူ့ရှေ့တွင်ရှိကာ အသက်ရှင်နေပြီး စကားပြောနိုင်၊ အသက်ရှုနိုင်ပြီး ပျော်ရွှင်မှု၊ဝမ်းနည်းမှုကို ခံစားနိုင်ပေသည်။


နာကျင်မှု၊ နောင်တ တရားနှင့် သံသယလွန်ကဲမှုများ...ဤခံစားချက်အမျိုးမျိုးက ကျင်းဆွေ့၏ မျက်ဝန်းများထဲ တလိပ်လိပ် တိုးထွက်လာခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် သူ့နှလုံးသားထဲတွင် စုပုံနေခဲ့သည့် ခံစားချက်များက ဤအခိုက်အတန့်၌ နောက်ဆုံးတွင် လွတ်မြောက်ရှင်သန်လာခဲ့သည်။


ငါ ဆက်အောင့်အည်းပြီး မသည်းခံချင်တော့ဘူး...သူ့ကို ဆက်ပြီးပြေးဖို့ အခွင့်အရေး မပေးချင်တော့ဘူး...


သူ့ကို အရင်ချဥ်းကပ်ပြီး သူ့ကိုအရယူပစ်လိုက်မယ်...


ကျင်းဆွေ့၏မျက်ဝန်းများက ပိုမို နက်ရှိုင်းလာခဲ့ကာ သူ့လက်ချောင်းများတွင် အားအနည်းငယ် ထည့်ပြီး ကောင်ငယ်လေး၏ ပါးစပ်အား အတင်းအကြပ် ဖိအားပေးကာ ပွင့်ဟသွားအောင် လုပ်လိုက်သည်။ သူ၏စူးရှထက်မြနေသည့် မျက်ဝန်းများက လူငယ်လေး၏အပြာရောင် မျက်ဝန်းများထဲသို့ ငေးစိုက်ကြည့်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိ အနမ်းကို ပိုနက်ရှိုင်းစေလိုက်သည်။


အမျိုးသားက သူ့အား နမ်းလိုက်စဥ် ကျီလင် အသံနိမ့်နိမ့်ဖြင့် တအင့်အင့် ညည်းညူလိုက်သည်။ သူရှေ့ရှိ အမျိုးသားက ဤအခိုက်တန့်တွင် အယောင်ဆောင် ညင်သာနူးညံ့မှုများကို ဖယ်ခွာလိုက်ပြီး သားရဲတစ်ကောင်ကဲ့သို့ပင် ခွန်အားများ ပြည့်နှက်နေပြီး ကြောက်စရာကောင်းလှ၏။ ကျင်းဆွေ့က သူ့အား ခုခံရန် အခွင့်အရေးတစ်ခုလေးမျှပင် မပေးခဲ့ချေ။ သူ့အား ချုပ်နှောင်ထားသည့် လက်များက သံမဏိကဲ့သို့ပင် ခိုင်မာကာ လှုပ်ရှားမရနိုင်ဘဲ တစ်ဖက်လူရှေ့မှောက်၌ အတင်းအကြပ် ခံစားနေရုံသာ တတ်နိုင်ပေသည်။


အမျိုးသား၏ မခုခံနိုင်လောက်အောင် ပြင်းထန်လှသော သားရဲတိရစ္ဆာန်ဆန်သည့် အနမ်းကို သူခံစားမိပြီး မထိန်းနိုင်ဘဲ တသိမ့်သိမ့် တုန်လှုပ်သွားကာ ပင်ကိုအသိစိတ်အရ အလိုလို လွတ်မြောက်ချင်သော်ငြား သူ၏အကြောင်းပြချက်က သူ့အား ရပ်တန့်သွားစေခဲ့သည်။


ပထမတော့ ငါရုန်းဖို့မေ့သွားတယ်ပေါ့... အဲ့နောက်ကျ ငါမရုန်းရဲတော့ဘူး...


သူ့အပေါ် ခံစားချက်ရှိနေကြောင်းကို ကျင်းဆွေ့က ပြသနေသော်ငြား သူမည်မျှ ညင်သာပြီး တုန်နေအောင်ချစ်ပြနေပါစေ ကျီလင်က အဓိကအချက်ကို ဘယ်သောအခါမှ မေ့သွားလိမ့်မည် မဟုတ်ချေ။ 


ငါက နဂိုကျီလင်မဟုတ်ဘူး...ငါ ဒီလူကို မချစ်ဘူး...ငါ့ဘဝကို ဒီလူအတွက် ပေးလိုက်မှာ မဟုတ်သလို ဘာကိုမှပေးမှာလည်း မဟုတ်ဘူး...


သူက ဤဧကရာဇ်အား လိမ်လည်လှည့်ဖြားကာ တစ်ဖက်လူ၏နှစ်သက်မှုကို ရယူရန် စတင်လှည့်စားပြီး သူ့သရုပ်မှန်ကို အပြင်လူတစ်ယောက်အဖြစ် အသုံးချခဲ့သည်။


ထိုသည်က သူ့ရည်ရွယ်ချက် မဟုတ်သော်ငြား...


ကျင်းဆွေ့က သူ့အားချစ်လာရန် သူတစ်ခါမှ အလိုမရှိခဲ့သော်ငြား...


ကိစ္စများက နောက်ဆုံး၌ သူ့ထိန်းချုပ်မှုမှ လွတ်သွားချိန်တွင် သူ လုပ်ဆောင်စရာ မည်သည်မှ မကျန်ရှိတော့ဘဲ သူ့အခန်းကဏ္ဍကိုသာ ဆက်လက် ကစားရတော့သည်။


ပြင်းထန်သည့် အကြောက်တရားက ကျီလင်ကို လွှမ်းမိုးသွားပြီး သူရွေးချယ်စရာမရှိဘဲ ပါးစပ်ကိုဟကာ တစ်ဖက်လူကို လက်ခံလိုက်ရသည်။ သူ အသက်ရှူကျပ်ကာ ကြောက်ရွံ့နေလျက် ထိတ်လန့်မှုနှင့်မလွယ်ကူမှုကို ခံစားလိုက်ရသည်။ သူက ယောကျ်ားတစ်ယောက်ထံမှ အနမ်းခံနေရပြီး ထိုအမျိုးသားက လူသားပုံသဏ္ဍာန် ရှိနေသည်မှလွဲ၍ ဒဏ္ဍာရီလာ သားရဲတိရစ္ဆာန်တစ်ကောင်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းပေသည်။ 


သူ(ကျင်းဆွေ့)က ညင်သာပုံပေါ်သော်ငြား အမှန်တကယ်မှာမူ သူ့လက်များဖြင့် ဤလူလိမ်လေးအား သေနိုင်သည်အထိ ဖိညှစ်ဆုပ်ကိုင်ထားနိုင်ပေသည်။


ကျီလင် သူ့ကိုယ်သူ သေးငယ်ပြီး စွမ်းအားမဲ့သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။ သူ အသေအချာ ဂရုတစိုက်ဖြင့် ဇာတ်ကြောင်းနောက်လိုက်ပြီး မစ်ရှင်ကို အောင်မြင်ပြီးမြောက်စေရန် ကြိုစားပါသော်ငြား ကံတရားက ညံ့ဖျင်းသော ဟာသများ တစ်ခုပြီးတစ်ခုဖြင့် သူ့အားကစားခဲ့သည်။


ကျီလင်မျက်ဝန်းများထဲ မထိန်းနိုင်ဘဲ မျက်ရည်များ ပြည့်လျှံလာတော့သည်။ သူ့နှလုံးသားလေးက အလွန်အမင်း ပူဆွေးသောကများကို ခံစားလိုက်ရသည်။ 


ခင်ဗျားကို ကျွန်တော့်ကို ကြိုက်ခွင့် ဘယ်သူက ပေးလိုက်လို့လဲ...ဘာလို့ ကျွန်တော့်ကို ကြိုက်ရတာလဲ အားး...


ငါ ဆိုးဆိုးဝါးဝါး ပြုမူတာတွေ မလုံလောက်သေးလို့များလား...


ဘယ်သူကြိုက်တာမှ မခံရအောင် ခက်ခက်ခဲခဲ ကြိုးစားထားရတာကို...ဇာတ်ကြောင်းအတိုင်းလုပ်ပြီး အိမ်လေးပြန်ချင်ရုံလေးကို အားး...


ကျင်းဆွေ့ သူ့ရင်ခွင်ထဲမှ ကောင်ငယ်လေး၏ခန္ဓာကိုယ်က တုန်ယင်နေသည်ကို ခံစားမိသည်။ သို့သော် သူ မမျှော်လင့်ထားသည်မှာ ဤတစ်ကြိမ်တွင် ကောင်ငယ်လေးက သူ့အား မရှောင်ခဲ့ပေ။ ကောင်ငယ်လေး၏မေးစေ့အား ဖိဆုပ်ထားသည့် သူ့လက်ကို တဖြေးဖြေးချင်း လွှတ်လိုက်ပြီး ပါးပြင်အား ညင်သာစွာ ပွတ်သပ်ကာ တစ်ဖက်လူ၏နှုတ်ခမ်းထက်မှ ချိုမြိန်မှုကိုခံစားလျက် အနမ်းကို မနက်ရှိုင်းလိုက်ဘဲ မနေနိုင်တော့ချေ။


သူ ပြန်လည်မွေးဖွားလာကတည်းက သူ့ကိုယ်သူထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီး ကောင်ငယ်လေးအား မခြောက်လှန့်မိစေရန်၊ အချိန်ယူရန် သူ့ကိုယ်သူ သတိပေးခဲ့သည်။


ဒီတော့ ကောင်ငယ်လေးကို လွတ်မြောက်ခွင့် ပေးရမှာပေါ့...


နောက်ဆုံးတော့ ငါချစ်ရတဲ့ကောင်ငယ်လေးကို နမ်းနိုင်သွားခဲ့ပြီ...


ကျင်းဆွေ့ ကျီလင်၏နီရဲနေသော ပါးပြင်များနှင့် စိုစွတ်နေသော မျက်ဝန်းလေးများကို ကြည့်ကာ ညင်ညင်သာသာ ဖက်ထားလိုက်သည်။ ကောင်ငယ်လေးက ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ တအီအီညည်းညူနေလေသည်။ ထိုအချိန်မှသာ ကျင်းဆွေ့ သူ့အား ချစ်မြတ်နိုးစွာ ကြည့်လိုက်ပြီး လွှတ်ပေးလိုက်သည်။


အဆုံးတွင် ကျီလင် ကြောက်ရွံ့နေမည်ကို သူ မခုခံနိုင်ဆဲပင်။ ထို့ကြောင့် သူဤနေရာတွင်သာ ရပ်တန့်လိုက်ကာ ရှေ့မဆက်တော့ချေ။


ကောင်ငယ်လေးက သူ့ချည်းကပ်မှုကို ရှက်ရွံ့နေပြီး တစ်ခါတစ်ရံတွင် ၎င်းက သူ့အား ကောင်ငယ်လေးက သူနှင့် မနီးကပ်ချင်ဟူသော ထင်ယောင်ထင်မှားစိတ်ကိုပင် ဖြစ်ပေါ်စေခဲ့သည်။ 


ဒါပေမဲ့ အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...



✨✨✨