✨ Chapter 48
ကျီလင် စိတ်အားထက်သန်စွာ စောင့်နေခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ဇာ့ဂ်များကျူးကျော်မှုလာမှုနှင့် ဧကရာဇ်ကိုယ်တိုင် ထွက်တိုက်မည့်သတင်းကို မြင်ခဲ့ရသည်။ ကျီလင်က သူ့အဖေနှင့်အမေထံသို့ ပြေးသွားရန် မတွန့်ဆုတ်နေဘဲ သူ့ကိုယ်ပိုင် ညုတုတုနည်းလမ်းများကို အသုံးပြုခဲ့သည်။
ကျီလင် - "ဖေဖေ မေမေ ကျွန်တော် ဧကရာဇ်နဲ့အတူ နာဒိုဂလက်ဆီကို လိုက်သွားချင်တယ်..."
မြို့စားကြီးကျီထင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"အဲဒီမှာ အန္တရာယ်များတယ်..."
မဒမ်မာရီနာကလည်း ပြောလာခဲ့၏။
"ပေါင်ပေ့... အဲဒီလို ကြမ်းတမ်းတဲ့နေရာမျိုးကိုမသွားနဲ့... အဲဒီမှာ ခက်ခဲပြီးကြမ်းတမ်းလွန်းတယ်... သား နေသားကျမှာမဟုတ်ဘူး..."
ကျီလင်က အလွန်ဇွဲကောင်းစွာဖြင့် ပြောလိုက်သည်။
"ကျွန်တော်သွားမှာပဲ... ဖေဖေတို့ အဲဒါကို သဘောတူဖို့ပဲလိုတယ်..."
မဒမ်မာရီနာက အန္တရာယ်မရှိနိုင်သည်ကို သိသော်လည်း အလွန်စိုးရိမ်နေဆဲဖြစ်သည်။ သူမ၏ကလေးက ကျင်းဆွေ့အား တစ်ဖန်ထပ်လိုက်တော့မည်ကို မြင်ရစဉ် စိတ်မသက်မသာဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီးရဲ့ စွမ်းဆောင်ရည်နဲ့ဆို သူ မကြာခင်ပြန်ရောက်လာမှာပါ..."
မြို့စားကြီးကျီထင်ကလည်း ပြောလာခဲ့သည်။
"ပြဿနာသွားမရှာနဲ့..."
ကျီလင် ၎င်းကိုကြားသည်နှင့် မျက်ရည်မျာကျဆင်းလာပြီး သူ့အဖေနှင့်အမေကို သနားစရာကောင်းစွာ ကြည့်လိုက်သည်။
"ဖေဖေနဲ့ မေမေရဲ့မျက်လုံးထဲမှာ ကျွန်တော်က အမြဲတမ်းပြဿနာရှာနေတဲ့သူလား... ကျွန်တော်က အရွယ်ရောက်နေပါပြီ... ကျွန်တော်သွားချင်တဲ့နေရာကို ကိုယ့်ဘာသာရွေးချယ်နိုင်တယ်..."
ထိုစကားကြားချိန်တွင် မြို့စားကြီးကျီထင်နှင့် မဒမ်မာရီနာတို့၏မျက်နှာက အနည်းငယ်တောင့်တင်းသွားခဲ့သည်။ ကျီလင် တစ်ယောက်တည်းအပြင်သွားမည်ကို စိတ်မသက်မသာဖြစ်သော်လည်း ကျီလင်၏ နီမြန်းသောမျက်လုံးများကိုမြင်ချိန်တွင် သူတို့ စိတ်မကောင်းဖြစ်သွားခဲ့ကြသည်။
ငါတို့ အလိုလိုက်ထားလို့ ဒီကလေးက ရုပ်ပိုင်းဆိုင်ရာ မသန်မာဘူးဆိုပေမယ့် ငါတို့ရဲ့ အလွန်အကျွံကာကွယ်မှုကြောင့် ကလေးစိတ်ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ...
မဒမ်မာရီနာက တုံ့ဆိုင်းသွားခဲ့သည်။
"မေမေက ဒီတိုင်း သားကိုစိတ်ပူလို့ပါ... ဇာ့ဂ်တွေက လူတွေကိုစားတယ်လို့ကြားဖူးတယ်..."
ကျီလင် ပြန်ပြောလိုက်သည်။
"အရှင်မင်းကြီးနဲ့ မာရှယ်ဘရန်ဒန်လည်း အနားမှာရှိနေမှာဆိုတော့ ဘာအန္တရာယ်မှ ရှိလာမှာမဟုတ်ဘူး..."
မြို့စားကြီးကျီထင်က ခဏခန့်တိတ်ဆိတ်သွားပြီး ပြောလာခဲ့သည်။
"တကယ်လို့ သားသွားချင်ရင် စစ်တပ်နဲ့အတူ လိုက်သွားမှဖြစ်မှာ... စစ်တပ်ရဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမဖြစ်မှာ ဖေဖေစိုးရိမ်နေတုန်းပဲ..."
ကျီလင် ပြောလိုက်သည်။
"ကျွန်တော် ရောက်တောင်မရောက်ဖူးဘဲနဲ့ ဘယ်လိုလုပ် မလုပ်နိုင်ဘူးထင်ရတာလဲ..."
မဒမ်မာရီနာနှင့် မြို့စားကြီးကျီထင်တို့က အချင်းချင်းကြည့်လိုက်ကြပြီး သူတို့နှစ်ဦးလုံး၏မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သောအမူအရာများ ထွက်ပေါ်လာခဲ့သည်။ သူတို့နှစ်ဦးလုံးက ထိုကိစ္စကို အချိန်အတန်ကြာတွေးပြီး နောက်ဆုံးတွင် ကျီလင်၏ခိုင်မာသောမျက်လုံးများကိုကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
မြို့စားကြီးကျီထင်က နောက်ဆုံးတွင် စိတ်လျှော့ကာ သက်ပြင်းချလိုက်သည်။
"ကောင်းပြီ... ဒါပေမယ့် အပြင်မှာက အင်ပါယာကြယ်လိုမဟုတ်ဘူးနော် သားအမြဲတမ်း သတိထားနေရမယ် သိလား..."
မဒမ်မာရီနာကလည်း ပြောလာခဲ့သည်။
"ခရီးဝေးသွားတာက ရှားတယ်... ပြီးတော့ အဲဒီမှာသားအိပ်နေကျ အိပ်ရာလည်းမရှိဘူး... သား သုံးနေကျအသုံးအဆောင်တွေလည်းမရှိဘူး... မေမေ အအစေခံတွေကို ပြင်ဆင်ထားဖို့ပြောလိုက်မယ်..."
ထိုသို့ဖြင့် ကျီမိသားစုက ရုတ်တရက် အလုပ်များလာခဲ့သည်။
မဒမ်မာရီနာက ကျီလင်အတွက် နေ့စဉ်အသုံးအဆောင်ပစ္စည်းများနှင့် အစေခံများကို စတင်ပြင်ဆင်ခဲ့သည်။ အစေခံတစ်ဒါဇင်ကျော်အပြင် ပစ္စည်းလှည်းပေါင်းများစွာကို ပြင်ဆင်ပေးလာခဲ့ပြီး အိမ်တစ်ခုလုံးရွှေ့ပြောင်းလုနီးပါးဖြစ်လာခဲ့သည်။ ကျီလင်၏မျက်ခွံများ လှုပ်သွားပြီး လျင်မြန်စွာတားလိုက်သည်။
"ရပြီ ရပြီ ထပ်ပြင်ပေးဖို့မလိုတော့ဘူး..."
မြို့စားကြီးကျီထင်ကလည်း ကူကယ်ရာမဲ့စွာပြောလာခဲ့သည်။
"ဟုတ်တယ် ငါတို့ ဆက်ပြင်ဆင်ပေးနေရင် ဧကရာဇ်မြင်တဲ့အခါကျ ဒေါသထွက်မှာစိုးမိတယ်..."
ဧကရာဇ်က အလွန်ကိန်းကြီးခမ်းကြီးနိုင်သော အထက်တန်းလွှာများကို အမုန်းဆုံးဖြစ်ကာ မာရှယ်ဘရန်ဒန်က ပို၍ဆိုးပေသည်။ အကယ်၍ သူတို့ ထိုပစ္စည်းများယူပြီး စစ်ဌာနချုပ်သို့သွားပါက ချက်ချင်းနှင်ထုတ်ခံရနိုင်ချေရှိသည်။
နောက်ဆုံးတွင် ကျီလင်တို့သားအဖက မဒမ်မာရီနာကို ဖြောင်းဖျပြီး နေ့စဉ်သုံးပစ္စည်းများနှင့် အစေခံတစ်ဦးကိုသာယူ၍ စစ်ဌာနချုပ်သို့ထွက်လာခဲ့သည်။
မြို့စားကြီးကျီထင်က သူ့သား၏ ဘေးကင်းလုံခြုံမှုအတွက် စစ်ဌာနချုပ်သို့ ကိုယ်တိုင်ပို့ဆောင်ပေးခဲ့သည်။
စစ်ဌာနချုပ်ရှိ လေထုက အလွန်တင်းမာနေပြီး လူတိုင်းက အလျင်စလိုလှုပ်ရှားသွားလာနေကြကာ ထွက်ခွာရန်ပြင်ဆင်နေကြသည်။ ယခုတစ်ကြိမ်တွင် ဇာ့ဂ်ဘုရင်မ ဦးဆောင်နေသောကြောင့် လွယ်ကူသောတိုက်ပွဲ မဟုတ်နေချေ။ ကံကောင်းစွာဖြင့် ဧကရာဇ်နှင့် မာရှယ်ဘရန်ဒန်တို့ ရှိနေကြသည်။
ဘရန်ဒန်က သူ၏ရုံးခန်းထဲ၌ ရှိနေခဲ့သည်။ သူ၏ နီညိုရောင်ဆံပင်အောက်ရှိ မီးခိုးရောင်မျက်ဆံများက အေးစက်မှုဖြင့် တောက်ပနေပြီး မျက်ခုံးများတွန့်ချိုးနေသည်။ သူက လူတိုင်းကို စနစ်တကျအမိန့်ပေးထားပြီး အဆင်သင့်ဖြစ်ရန် စောင့်နေခဲ့သည်။ သူ နာဒိုဂလက်ဆီသို့သွားရန်အတွက် အာကာသခုန်ကျော်ခြင်းနည်းပညာကိုအသုံးပြုရန် အဆင်သင့်ဖြစ်နေစဉ် အပြင်ဘက်မှ တံခါးခေါက်သံကြားလိုက်ရ၍ ဩရှရှအသံဖြင့် ပြောလိုက်သည်။
"ဝင်လာခဲ့ပါ..."
မြို့စားကြီးကျီထင်က ကျီလင်နှင့်အတူ တံခါးတွန်းဖွင့်ကာ ဝင်လာပြီး အပြုံးတစ်ခုဖြင့် ယဉ်ယဉ်ကျေးကျေးပြောလာခဲ့သည်။
"မာရှယ်ဘရန်ဒန်... နှောင့်ယှက်မိလို့တောင်းပန်ပါတယ်..."
မူလက ဘရန်ဒန်မှာ လေးနက်တည်ကြည်သောအမူအရာရှိနေသော်လည်း ဧည့်သည်များက မြို့စားကြီးကျီထင်နှင့် ကျီလင်ဖြစ်သည်ကို မြင်လိုက်ရစဉ် သူ့မျက်နှာက ရုတ်တရက် နူးညံ့သွားပြီး ယဉ်ကျေးသောအပြုအမူဖြင့် ပြန်ပြောလာခဲ့သည်။
"မြို့စားကြီးကျီီထင်က အရမ်းယဉ်ကျေးနေတာပဲ...ဒီကို ကိစ္စတစ်ခုခုရှိလို့များ လာတာလား..."
သူ ထိုသို့မေးလိုက်သော်လည်း အမှန်တွင် မြို့စားကြီးကျီထင်လာရသည့်အကြောင်းရင်းကို ဘရန်ဒန်ကောင်းကောင်းသိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက ယခင်ဘဝ၌လည်း ဖြစ်ခဲ့သောကြောင့်ပင်။ ထိုအချိန်၌ ကျီလင်က ကျင်းဆွေ့နောက်သို့လိုက်ရန် သူ့ဖခင်ကိုတောင်းဆိုခဲ့ပြီး စစ်တပ်နှင့်အတူ လိုက်ပါခဲ့သည်။
မြို့စားကြီးကျီထင်က ခဏခန့်ရပ်ပြီး မျက်နှာတည်တည်ဖြင့်ပြောလိုက်သည်။
"ကျုပ်မှာ မာရှယ်ကို တောင်းဆိုချင်တာလေးတစ်ခုရှိလို့ပါ... မာရှယ်လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်..."
ဘရန်ဒန်က ပြုံးပြီးပြောလိုက်သည်။
"မြို့စားကြီး လိုချင်တာပြောပါ... ကျွန်တော် သေချာပေါက်မငြင်းပါဘူး..."
မြို့စားကြီးကျီထင်က ကျီလင်ကိုဆွဲခေါ်ပြီး ပြောလိုက်သည်။
"ဒီကလေး အရင်က အင်ပါယာကြယ်က ဘယ်မှမထွက်ဖူးဘူးလေ...ဒီတစ်ခါတော့ သူ လောကကိုကြည့်ဖို့ အင်ပါယာကြယ်အပြင်ဘက်ကို ထွက်ချင်တယ် ပြောလာလို့ပါ... ကျုပ် သေချာစဉ်းစားပြီးမှ မာရှယ်ကိုလာရှာတာ...ကျုပ် သူ့ကို မာရှယ့်လက်ထဲမှာ စိတ်ချပါရစေ..."
သူ ထိုသို့ပြောပြီးနောက် ဘရန်ဒန်၏တုံ့ပြန်မှုကို စောင့်နေခဲ့သည်။ ဘရန်ဒန်က ထိုတောင်းဆိုမှုငယ်လေးကို မငြင်းသင့်ဟု သူ တွေးထားသော်လည်း မသေချာချေ။ နောက်ဆုံးတွင် ဘရန်ဒန်က သူ့သားကဲ့သို့ အင်ပါယာအထက်တန်းလွှာများကို မကြိုက်ဆုံးဖြစ်ပြီ. သူ့ကိုမျက်နှာသာပေးရန် မဖြစ်နိုင်ချေ။
သို့သော် ခဏအကြာမှ ဘရန်ဒန် သဘောတူလာသည်ကို သူ ကြားလိုက်ရ၏။
"မစိုးရိမ်ပါနဲ့ မြို့စားကြီး... ကျွန်တော် သူ့ကို ကျွန်တော့်အသက်နဲ့ရင်းပြီး ကာကွယ်ပေးပါ့မယ်..."
မြို့စားကြီးကျီထင် - "... "
ကျီလင် : "... "
ကျီလင်က ရှက်ရွံ့မှုအချို့ဖြင့် သူ့မျက်လုံးများကိုရှောင်ကာ တိုက်ရိုက်မကြည့်ဝံ့ခဲ့ချေ။
မြို့စားကြီးကျီထင်က ခဏခန့်ကြောင်အနေပြီး သူ့အရှေ့ရှိ အေးစက်တင်းမာသောမျက်နှာထားဖြင့် မာရှယ်ဘရန်ဒန်ကိုကြည့်လိုက်သည်။ သူ၏ အကြည့်များက လေးနက်တည်ကြည်နေသည်။
ငါက ဘယ်နေရာမှတော်တာမရှိတဲ့ ငါ့သားလေးကို ဂရုစိုက်ပေးဖို့တောင်းဆိုချင်ရုံပါ...ဒီလိုမျိုး အသက်နဲ့လဲပြီး ကာကွယ်ပေးရတဲ့အထိတော့ ပြောစရာမလိုပါဘူး...
ဒီတိုက်ပွဲက အန္တရာယ်သိပ်မရှိဘူးမလား...
သို့သော် ဘရန်ဒန်က သူပြောခဲ့သောစကားထဲ၌ မည်သည့်အမှားအယွင်းမှမရှိဟု ခံစားခဲ့ရသည်။ ယခင်ဘဝက သူ ဇာ့ဂ်ဘုရင်မ၏ထောင်ချောက်ထဲကျရောက်ခဲ့ပြီး သူ့ပတ်ဝန်းကျင်ရှိလူများ သေဆုံးခဲ့ရသည်။ သူ ဇာ့ဂ်များ၏ ပြင်းထန်သောတိုက်ခိုက်မှုများကြား တစ်ယောက်တည်းထိန်းထားရန် ရုန်းကန်နေရစဉ် ကောင်ငယ်လေးက သူ့ကို ကယ်တင်ရန်စွန့်စားခဲ့သည်။
သို့သော် သူ၏ပေါ့ဆမှုကြောင့် အပြန်လမ်းတွင် ကောက်ကျစ်ရက်စက်သော သူပုန်တပ်မှူးထံမှ ပြန်ပေးဆွဲခံရပြီး ကျီလင်အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်။
နောက်ဆုံး၌ ကျီလင် အန္တရာယ်ကင်းစွာ ပြန်လာနိုင်လျှင်ပင် ထိုအကြောင်းပြန်တွေးမိတိုင်း ဘရန်ဒန်သူ့ကိုယ်တိုင် အလွန်အပြစ်တင်ပြီး ခွင့်မလွှတ်နိုင်ခဲ့ချေ။ သူ ကောင်ငယ်လေးကို ထိုကဲ့သို့ကိစ္စမျိုး မခံစားရရန် ကာကွယ်ပေးသင့်သော်လည်း သူ မလုပ်ခဲ့ချေ။
၎င်းက သူ့အမှားဖြစ်သည်။
ဒီတစ်ခါတော့ ကိုယ် မင်းကို ဘာအန္တရာယ်မှမဖြစ်စေဘဲ ကောင်းကောင်းကာကွယ်ပေးပါ့မယ်...
သို့သော် မြို့စားကြီးကျီထင်က ၎င်းကိုမသိသောကြောင့် သူ့စိတ်ထဲရှိ အံ့အားသင့်မှုကိုဖိနှိပ်ပြီး ခြောက်ကပ်စွာ ပြုံးပြလိုက်သည်။
"ဒါဆို မာရှယ်... ကျုပ် မင်းကိုပဲ ဒုက္ခပေးရတော့မယ်...မာရှယ် အောင်ပွဲရပြီး ပြန်လာတဲ့အခါကျ ကျုပ်အိမ်ကိုလာခဲ့လေ... ကျုပ် ကောင်းကောင်းကျေးဇူးဆပ်ပါ့မယ်..."
ဘရန်ဒန်က လေးနက်သော အသံဖြင့် ပြန်ပြောလာခဲ့သည်။
"အဲဒါက လုပ်သင့်တာပါ...ကိစ္စမရှိပါဘူး..."
မြို့စားကြီးကျီထင် - "... "
ဒီနေ့ဘာတွေဖြစ်နေတာလဲ...ဘရန်ဒန်က ဒီလောက်သဘောကောင်းတဲ့လူမှန်း ငါ ဘာလို့မသိခဲ့တာလဲ... ဒါဆို ဒီတိုင်းပြီးသွားပြီလား...
ကျီလင် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ သူ့ဖခင်၏အင်္ကျီစကိုဆွဲကာ တိုးဖွဖွပြောလိုက်သည်။
"ဖေဖေ စိတ်မပူပါနဲ့တော့...မာရှယ်က ကတိပေးလာမှတော့ သူ ကျွန်တော့်ကို သေချာပေါက် ဂရုစိုက်ပေးမှာပါ... ဖေဖေ အရင်ပြန်တော့လေ...ကျွန်တော် အဆင်ပြေပါတယ်..."
မြို့စားကြီးကျီထင်လည်း လေထုက အနည်းငယ် ကသိကအောက်ဖြစ်လာသည်ကို ခံစားမိပြီး ခေါင်းညိတ်ပြကာ ချောင်းဟန့်၍ စကားဝိုင်းကိုအဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
"ဒါဆို ကျုပ် မာရှယ့်ကို မနှောင့်ယှက်တော့ဘူး... ရှောင်လင်ကို မာရှယ်လက်ထဲပဲအပ်ခဲ့လိုက်ပြီနော်..."
မြို့စားကြီးကျီထင်က ခေါင်းလှည့်ပြီး ကျီလင်ကို မှာလိုက်သည်။
"ဒီမှာ မာရှယ်ရဲ့စကားကို သေချာနားထောင်ရမယ်နော်... အိမ်မှာလို စိတ်ရှိသလိုနေလို့မရဘူး...ဟုတ်ပြီလား..."
ကျီလင်က ကြက်ကလေး ဆန်ကောက်နေသကဲ့သို ခေါင်းတဆတ်ဆတ်ညိတ်ပြပြီး ဂရုတစိုက် နားထောင်ပါ့မည်ဟု ကတိပြုခဲ့သည်။ မြို့စားကြီးကျီထင်က နောက်ဆုံးတွင် တုံ့ဆိုင်းစွာဖြင့် ထွက်သွားခဲ့သည်။
မြို့စားကြီးကျီထင်က ထပ်ခါတလဲလဲ ငြင်းဆန်ခဲ့သည့်တိုင် ဘရန်ဒန်က သူ့ကိုလူကိုယ်တိုင် လိုက်ပို့ခဲ့ဆဲဖြစ်သည်။ အရပ်ရှည်ပြီး အေးစက်သော ဘရန်ဒန်၏ မျက်နှာက အမူအရာမရှိသော်လည်း သူ့မျက်လုံးများထဲတွင်မူ လေးနက်တည်ကြည်မှုများ ရှိနေခဲ့သည်။
"ကျွန်တော် သူ့ကို သေချာပေါက် အထိအခိုက်မရှိဘဲ ပြန်ခေါ်လာခဲ့ပါ့မယ်..."
မြို့စားကြီးကျီထင်က ကျေးဇူးတင်ဟန်ပြုံးပြကာ ပြောလိုက်သည်။
"ကောင်းပြီ ကောင်းပြီ...ကျုပ် မာရှယ့်ကိုယုံပါတယ်...ကျုပ်ကို လိုက်ပို့စရာမလိုပါဘူး...မာရှယ် အလုပ်ရှုပ်နေတာပဲကို..."
ဘရန်ဒန် အခန်းထဲသို့ပြန်ရောက်လာချိန်တွင် ကျီလင်က အခန်းပြတင်းပေါက်နားရှိ ကုလားထိုင်ပေါ်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ သူက လက်နှစ်ဖက်ကို ကုလားထိုင်အစွန်းပေါ်တင်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းမတ်ထားကာ ခြေထောက်များ အနည်းငယ်လှုပ်ယမ်း၍ မျက်ခုံးပင့်လျက် ဘရန်ဒန်ကိုကြည့်နေခဲ့သည်။ သူ အနည်းငယ် ခေါင်းစောင်းပြီး ကြည်လင်သောအသံဖြင့် ပြောလာခဲ့သည်။
"ကျွန်တော်တို့ ဘယ်အချိန်သွားမှာလဲ... ဒီမှာစောင့်နေတာကြာလှပြီ..."
ဘရန်ဒန်က ကျီလင်၏မောက်မာ၊ တောက်ပသောမျက်လုံးများကိုကြည့်လာသော်လည်း သူ၏ရိုင်းစိုင်းမှုကို လုံးဝစိတ်မရှိချေ။ ထိုအစား နူးညံ့လွမ်းဆွတ်သော အရိပ်အယောင်အချို့က သူ့မျက်လုံးများထဲ ပေါ်လာပြီး ပြောလညခဲ့သည်။
"အခုသွားကြမယ်..."
ကျီလင်က ထိုင်ခုံပေါ်မှ ပေါ့ပါးစွာ ခုန်ဆင်းပြီး ခေါင်းလေးစောင်းကာ ပြောလိုက်သည်။
"ဒါဆိုလည်း သွားရအောင်..."
ဘရန်ဒန်က ခေါင်းညိတ်ပြပြီး လက်မြှောက်ကာ ကျီလင်၏ ပျော့ပျောင်းသော ရွှေရောင်ဆံပင်များကို ထိ၍ ဩရှရှအသံဖြင့် ပြောလာခဲ့သည်။
"ကိုယ်နဲ့လိုက်ခဲ့..."
ဘရန်ဒန်က ထိုစကားပြောသည်နှင့် လှည့်ထွက်ကာ ရှေ့မှလျှောက်သွားခဲ့ပြီး ကျီလင်လည်း သူ့နောက်မှ လိုက်သွားခဲ့သည်။
သူ စစ်ဌာနချုပ်သို့ရောက်လာသည်မှာ ဒုတိယအကြိမ်ရှိပြီဖြစ်သော်လည်း ကမ္ဘာမြေမှကောင်ငယ်လေး ကျီလင်က သူ့ရှေ့ရှိ ကြီးကျယ်ခမ်းနားသောမြင်ကွင်းများ ပြန်မြင်ရချိန်တွင် အံ့အားသင့်သောအကြည့်ကို မပြဘဲ မနေနိုင်ခဲ့ချေ။
ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ အနာဂတ်နည်းပညာကြီးလဲ...
ကျီလင် သူ့အရှေ့ရှိ သံမဏိသားရဲကဲ့သို့ ကြီးမားသော ကြယ်တာရာစစ်သင်္ဘောကိုကြည့်ကာ တုန်ယင်သွားခဲ့သည်။
ကျီလင် သူ့ကိုယ်သူ အမှုန်အမွှားလေးကဲ့သို့ ခံစားလိုက်ရသည်။
သူ ရုတ်တရက် အိမ်ပြန်ချင်လာခဲ့သည်။
ကျီလင် သူ့ရှေ့ရှိမြင်ကွင်းမှ အာရုံများပြန်ရုတ်သိမ်းလိုက်သည်။
အခုချိန်ကစပြီး အဲဒါက ငါ့ကိုယ်ငါ ပြသဖို့ စင်မြင့်ပဲ...ခင်ဗျားတို့အားလုံး ကျွန်တော့်ကို လျော်ကြေးပေးချင်နေတာမလား... အရင်ဘဝတုန်းက ကျွန်တော့်အပေါ် ခင်ဗျားတို့ အကြွေးတင်နေတယ်လို့ ခံစားနေကြတာမလား...
ဒါဆိုရင် ခင်ဗျားတို့ ဘယ်လောက်အထိ သည်းခံနိုင်ကြမလဲဆိုတာ ကြည့်ရသေးတာပေါ့...
ကျီလင် ဘရန်ဒန်၏နောက်မှလိုက်သွားပြီး အခြားသူများ၏ စူးစမ်းလိုသော အကြည့်များကိုဂရုမစိုက်ဘဲ သူ့အနီးနားရှိ အနက်ရောင်ယူနီဖောင်းဝတ်ထားသော စစ်သည်များကို မောက်မာစွာ ကြည့်လိုက်သည်။ ရုတ်တရက် သူ့အကြည့်များ အေးခဲသွားခဲ့သည်။ ရာထူးအဆင့်လိုက်စီထားသော လူအုပ်ကြီးအကျော်တွင် ယူနီဖောင်း ဝတ်ဆင်ထားသည့် ချောမောသောမျက်နှာနှင့် စိမ်းမြရောင်မျက်လုံးများရှိသည့် လူငယ်လေးက သူ၏ဦးထုပ်အောက်မှတစ်ဆင့် ကျီလင်ကို စိတ်မဝင်စားဟန်ဖြင့် ကြည့်နေခဲ့သည်။
ကျီလင်၏နှုတ်ခမ်းထောင့်များက ကော့တက်သွားပြီး ဘရန်ဒန်၏နောက်တွင် ရပ်ကာ အဝေးမှလူကို ရန်စသောအကြည့်တစ်ချက်ပေးလိုက်သည်။
ဟား စောင့်ကြည့်နေလိုက်...မကြာခင်မှာ မင်းကမှ သူတို့ရဲ့အချစ်စစ်ဆိုတာ သူတို့အားလုံး သိလာကြလိမ့်မယ်...
✨✨✨