Chapter 214
Viewers 17k

Volume 1 (သေမျိုးနယ်မြေ ၂၁၄)


Chapter 214 (ဖူးကျီ)


အဝါရောင်သဲများနှင့် ကြမ်းတမ်းသော လမ်းကျဉ်းလေးတလျှောက်မှာ လင်ချီးယဲ့သည် စစ်တပ်စစ်ဆေးရေးဂိတ်အပြင်ဘက် ရောက်သွားသည်အထိ သူ့ခရီးဆောင်အိတ်ကို ဆွဲလာခဲ့သည်။


ပို့ဆောင်ရန် နောက်ဆုံးဘတ်စ်ကားကို စောင့်ဆိုင်းနေစဉ်မှာပဲ သူ့မျက်လုံးများက အဝေးကို ရောက်သွားပြီး ရုတ်တရက် အံ့အားသင့်သွားသည်။


လမ်းဘေးတွင် ရင်းနှီးသောအနက်ရောင်ဗင်ကား ရပ်ထားသည်။ အနီရောင် အားကစားဝတ်စုံနှင့် နေကာမျက်မှန်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် တံခါးကို မှီ၍ ရပ်နေသည်။ သူမသည် လင်ချီးယဲ့ကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားစွာ လက်ပြလိုက်သည်။


လင်ချီးယဲ့သည် ပြုံးပြီး သူ့ခရီးဆောင်အိတ်ကို ဆွဲယူကာ ရှေ့သို့ လျှောက်သွားသည်။


"အစ်မဟုန်ယင်း ဘာလို့ဒီကိုရောက်နေတာလဲ" လင်ချီးယဲ့က အပြုံးဖြင့် မေးသည်။


ဟုန်ယင်းက ပြုံးပြီး ရှေ့ကို အမြန် လျှောက်သွားကာ လင်ချီးယဲ့ကို သူမလက်မောင်းထဲ ပွေ့ဖက်လိုက်သည်။


"သေချာပေါက် ငါတို့ ၁၃၆ အဖွဲ့ရဲ့ အဖွဲ့ဝင်အသစ်လေးကို စခန်းကနေ လာကြိုတာပေါ့" ဟုန်ယင်းသည် လင်ချီးယဲ့ကိုဖက်ထားကာ အသက်ရှူကျပ်လုနီးပါးဖြစ်နေသည်။ လင်ချီးယဲ့လည်ပင်းကျိုးခါနီးတွင် သူမလက်မောင်းကိုလွတ်လိုက်ကာ လင်ချီးယဲ့၏လက်မှ ခရီးဆောင်အိတ်ကို ယူပြီး ဆက်ပြောသည်။


"ခေါင်းဆောင်က နင် စခန်းကနေထွက်မယ့်အချိန်ကို ပြီးခဲ့တဲ့လကတည်းက ရေတွက်နေတာ သူက ပြက္ခဒိန်ပေါ်မှာ နေ့တိုင်း စက်ဝိုင်းပုံဆွဲပြီး နင်ပြန်လာဖို့ ဘယ်နှစ်ရက်လောက်ကျန်သေးသလဲဆိုတာ ထပ်ခါထပ်ခါရေတွက်နေတယ်… ဆရာတော် ဘုရားစာရွတ်နေသလိုပဲ အရမ်းစိတ်ရှုပ်စရာကောင်းတယ်"


ဟုန်ယင်းသည် ကားပေါ်တက်ပြီး တံခါးကိုပိတ်လိုက်သည်။ "ဒါပေမယ့် နင် ငါတို့ ၁၃၆ အဖွဲ့ကို ပြောင်းလာနိုင်လို့ အားလုံးက အရမ်းပျော်နေကြတယ် လန်ရွှမ်းကသာ မျက်နှာတည်တည်နဲ့ 'ငါတို့ချီးယဲ့က ချန်းနန်ကို မပြောင်းလာသင့်ဘဲ ပိုမြင့်တဲ့နေရာကို သွားသင့်တာ' လို့ အေးစက်စက်ပြောခဲ့တယ်…"


ခရီးသည်ထိုင်ခုံတွင်ထိုင်နေသော လင်ချီးယဲ့သည် သူပြောသောအခါ လန်ရွှမ်းက မည်ကဲ့သို့ပြောမည်ကို စိတ်ကူးထားသလိုမျိုး ခေါင်းကုတ်လိုက်သည်။


ဟုန်ယင်းသည် ကားကို စတင်၍ မောင်းနှင်တော့မည့်အချိန်တွင် ခဏလောက် တွေးပြီးနောက် သူမသည် ဘေးတိုက်လှည့်ကာ စကားမပြောဘဲ လင်ချီးယဲ့၏ ပခုံးကို ပုတ်လိုက်သည်။


လင်ချီးယဲ့က ကြောင်တောင်တောင် မေးလိုက်သည်။ "အစ်မဟုန်ယင်း ဘာလုပ်နေတာလဲ"


"...ခေါင်းဆောင်ကပြောတယ် ငါနင့်ကို နှစ်သိမ့်ပေးလိုက်ပါတဲ့ လေ့ကျင့်ရေးစခန်းမှာ အဆင့်ကောင်းကောင်း မရတဲ့အတွက် ရှက်စရာ မဟုတ်ပါဘူး လူတိုင်းက နင့်ရဲ့အလားအလာကို ယုံကြည်တယ်..."


ဟုန်ယင်း၏ ပါးပြင်များသည် အနည်းငယ်နီနေသည် "ဒါပေမယ့် ဒါပေမယ့် ငါ... ငါက လူတွေကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ တကယ်မသိဘူး အစက ခေါင်းဆောင်လို တုပပြီး ပခုံးကို ပုတ်ချင်ပေမယ့် ငါဘာပြောရမှန်းမသိဘူးဆိုတာ ရုတ်တရက် သိလိုက်ရတယ်… အိုး ဒါကအရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ"


ဟုန်ယင်းသည် ရှက်ကိုးရှက်ကန်းဖြင့် ဒေါသတကြီး အရှိန်မြင့်လိုက်သည်။ တာယာများသည် မီးခိုးများနှင့် ဖုန်မှုန့်များ လွင့်ထွက်ကာ အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ ပြေးသွားခဲ့သည်။


လင်ချီးယဲ့သည် လက်ကိုင်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး တံတွေးမျိုချလိုက်သည်။ "အစ်မဟုန်ယင်း... စိတ်အေးအေးထားပါ စိတ်အေးအေးထားပါ"


ယခုအချိန်တွင် လင်ချီးယဲ့လည်း ကိစ္စ၏အကျိုးသက်ရောက်မှုနှင့် အဖြစ်အပျက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ လေ့ကျင့်ရေးစခန်းရှိ အဆင့်သတ်မှတ်ခြင်းက နည်းပြများက တိုက်ရိုက် ကြေညာခြင်းမဟုတ်တာဖြစ်ပုံရသည်။ ၁၃၆ တပ်ဖွဲ့ရှိ လူတိုင်းက သူ့အဆင့်မမြင့်သောကြောင့် လင်ချီးယဲ့က ချန်းနန်ကိုပြောင်းရွှေ့ခံရသည်ဟု ထင်နေကြသည်။


ဒါကို ရှင်းပြစေချင်သလား။


လင်ချီးယဲ့ တုံ့ဆိုင်းနေသောအခါ ဟုန်ယင်းက ဆက်ပြောသည်။


"တကယ်တော့ ငါတို့အားလုံး ဒီနေ့ နင့်ကို လာကြိုဖို့ စီစဉ်ထားပေမယ့် တစ်ခုခုဖြစ်လာတော့ ငါတစ်ယောက်တည်းပဲလာဖို့ အချိန်ရခဲ့တာ"


"ဘာဖြစ်တာလဲ"


"မြို့အရှေ့ဘက်မှာ သံသယဖြစ်ဖွယ် 'လျှို့ဝှက်ဆန်းကြယ်' ကိစ္စတစ်ခု ဖြစ်ပွားခဲ့တယ် ဝမ်းချီမော့၊ လန်ရွှမ်းနဲ့ ရှောင်နန်တို့က အခြေအနေကို စစ်ဆေးဖို့ သွားခဲ့ကြတယ် ခေါင်းဆောင်နဲ့ ခွေးအိုကြီးရှန်းနန်တို့က အရေးကြီးပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ဆုံနေတယ်"


"အရေးကြီးပုဂ္ဂိုလ်လား" လင်ချီးယဲ့က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ "ဘယ်အရေးကြီးပုဂ္ဂိုလ်က ချန်းနန်ကို လာမှာလဲ"


ဟုန်ယင်းသည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး "သူက 'လူသားထျန်းဟွားပန်' လို့ ပြောတာပဲ"


"ဘာ" လင်ချီးယဲ့က အံ့သြသွားသည်။


"အံ့ဩသွားလား ဒီသတင်းကြားတုန်းက ငါ့တူချောင်တောင် ပြုတ်ကျသွားမလိုပဲ" ဟုန်ယင်းက ပခုံးတွန့်လိုက်သည်။ "တစ်နေ့က ကျင်းနန်တောင်မှာ 'နတ်ဘုရား' လို့ သံသယဖြစ်ရတဲ့ အတက်အကျတွေ ထောက်လှမ်းမိတယ်လို့ပြောတာကြောင့် လူသားထျန်းဟွားပန်က အဲဒါကို အထူးစုံစမ်းဖို့ ရောက်လာတာ


အခု ချန်းနန်မှာ တပ်စွဲထားတဲ့ ငါတို့အဖွဲ့နဲ့ အခြေအနေကို ဦးစွာနားလည်မှုယူနေပြီး နောက်ပိုင်းမှာ ခေါင်းဆောင်ကိုရှာဖွေကို စခန်းဆီသွားဖွယ်ရှိတယ်"


ဒီစကားကိုကြားတော့ လင်ချီးယဲ့၏နှလုံးက လေထဲမှာ တွဲလျားကျနေသည်။ တစ်နေ့က ကျင်းနန်တောင်မှာ… သူသည် နက်စ်၏ဝိညာဉ်ကိုသယ်ဆောင်ပြီး ကောင်းကင်မှာ မီးလျှံမြေနဂါးကို သတ်လိုက်တာ မဟုတ်ပါလား။


စခန်းတွင် ဖြောင့်ချက်ပေးပြီး တခြားနည်းပြများကို လှည့်စားရန် သူသည် ပိုင်လီဖက်တီးနှင့် နည်းပြဟုန်တို့ဖြင့် ပူးပေါင်းခဲ့သော်လည်း မီးလျှံမြေနဂါးကိုသတ်တာက စစ်မှန်သောအရာဖြစ်သည်။ ကျင်းနန်တောင်မှာ သူဘာဖြစ်ခဲ့သလဲဆိုတာ ဒီလူသားထျန်းဟွားပန်က သဲလွန်စရှာတွေ့မှာလား။


"ဘယ်လူသားထျန်းဟွားပန်ရောက်လာတာလဲ"


ဝမ်းချီမော့က သူ့ကို လူသားထျန်းဟွားပန်အကြောင်း ရှင်းပြခဲ့တာကို လင်ချီးယဲ့မှတ်မိပြီး လူငါးယောက်ကို 'ယိကျန့်၊ ယိချီ၊ ယိစွမ်း၊ ယိရွှီးဝူ၊ ယိဖူးကျီ' ဆိုပြီး ဒဏ္ဍာရီများကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ဘယ်တစ်ယောက်က ချန်းနန်ကိုရောက်လာသနည်း။


"သူက လှည်းနဲ့ရောက်လာတာ သူက 'ဖူးကျီ' ဖြစ်မယ်ထင်တယ်" ဟုန်ယင်းက ခန့်မှန်းခဲ့သည်။


လင်ချီးယဲ့သည် 'အိုး' ဟု ရေရွတ်ပြီး ခေါင်းငုံ့ကာ စဉ်းစားနေတော့သည်။


ဒီတစ်ခါတော့...ဒုက္ခရောက်ပြီ။



ဟယ်ဖျင်ရုံး


မြေအောက်စခန်း


ချန်မုရယ်နှင့် ဝူရှန်းနန်တို့သည် သူတို့မျက်လုံးများထဲတွင် ကူကယ်ရာမဲ့သောအရိပ်အယောင်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။


သူတို့နှင့် ဆန့်ကျင်ဘက် ဆိုဖာပေါ်တွင် အသက်ငါးဆယ်ခန့် အဘိုးကြီးတစ်ဦးသည် သူ့ဆံပင်ဖြူရှည်ရှည်ကို သစ်သားဆံညှပ်ဖြင့် ချည်ထားသည်။ သူ့မျက်နှာက အသက်ကြီးနေသော်လည်း မျက်လုံးများက တက်ကြွနေဆဲဖြစ်ပြီး မသေမျိုး ခံစားချက်မျိုး ရှိနေသည်။


သူသည် လက်ဖက်ရည်ပူပူတစ်ခွက်ကို ကိုင်ကာ တစ်ငုံသောက်လိုက်ပြီး ဖြည်းညှင်းစွာ ချလိုက်သည်။


"ချန်ဖူးကျီ… ကျင်းနန်တောင်မှာ ဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့သိပ်မသိပါဘူး ဒီအသေးစိတ်အချက်အလက်တွေကို ယွမ်ကန်းဆီသွားမေးဖို့ လိုအပ်မယ်ထင်တယ်" ချန်မုရယ်က ဂရုတစိုက် ပြောသည်။


ချန်ဖူးကျီက ပြုံးကာ သူ့လက်ကို ဝှေ့ယမ်းပြီး ဆိုသည်။ "ရပါတယ် ဒီကိစ္စအတွက် အလျင်မလိုပါဘူး… ငါ့ကို ထွက်သွားဖို့ မတိုက်တွန်းနဲ့ ဒီမှာ လက်ဖက်ရည်သောက်ပြီး ငါနဲ့ စကားစမြည်ပြောတာက မင်းတို့အတွက် လက်ခံရတာ အရမ်းခက်ခဲနေလို့လား"


ဝူရှန်းနန်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒါပေမယ့် ဖူးကျီ… ကျွန်တော်တို့ ဒီမှာ ခင်ဗျားနဲ့အတူ တစ်နေ့လယ်လုံး လက်ဖက်ရည်သောက်နေတာ အခုနေဝင်တော့မယ် အဲဒါက…"


"ရပါတယ် ရပါတယ်" ချန်ဖူးကျီက အမှုမထားသလို ပြောလိုက်သည်။


ချန်ဖူးကျီက ထွက်သွားရန် ဆန္ဒမရှိသည်ကို မြင်လိုက်ရသဖြင့် ချန်မုရယ်နှင့် ဝူရှန်းနန်တို့သည် အံကြိတ်ပြီး သူနှင့်အတူ လက်ဖက်ရည်သောက်ရုံကလွဲ၍ ရွေးချယ်စရာမရှိပေ။


"မင်းတို့ ၁၃၆ တပ်ဖွဲ့မှာ လင်ချီးယဲ့လို့ခေါ်တဲ့ ညကင်းစောင့်အသစ်တစ်ယောက်ရှိတယ်လို့ ငါကြားတယ်" ချန်ဖူးကျီသည် လက်ဖက်ရည်တစ်ငုံသောက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ "သူ့အကြောင်းလေး မင်းတို့ငါ့ကို ပိုပြောပြနိုင်မလားမသိဘူး"


ဝူရှန်းနန်က အံ့အားသင့်သွားသည်။ "ဖူးကျီက လင်ချီးယဲ့ကို သိတာလား"


"နတ်ဘုရားနှစ်ပါးကိုယ်စားအကြောင်းကို ငါသေချာပေါက်ကြားဖူးတာပေါ့" ချန်ဖူးကျီက တည်ငြိမ်စွာ ဆိုသည်။


ဝူရှန်းနန်က ချန်မုရယ်ကို လှည့်ကြည့်လိုက်ပြီး ချန်မုရယ်က သူ့ကို ခေါင်းညိတ်ပြကာ ဝူရှန်းနန်က ဆက်ပြောလေသည်။


"တကယ်တော့ ကျွန်တော်တို့က တစ္ဆေမျက်နှာလူသားရဲ့ အဖြစ်အပျက်ကနေ လင်ချီးယဲ့ကို စသိတာပါ…"


တစ္ဆေမျက်နှာလူသားအဖြစ်အပျက်ကနေစပြီး သူတို့ ၁၃၆ တပ်ဖွဲ့၏ သူ့အပေါ်အကဲဖြတ်မှုအပါအဝင် လင်ချီးယဲ့လုပ်ဆောင်ခဲ့သောအရာအားလုံးကို ဝူရှန်းနန်က ပြန်ပြောပြလေသည်။ သူသည် စကားငါးခွန်းတွင် သုံးခွန်းက လင်ချီးယဲ့ကို ချီးကျူးတာဖြစ်ပြီး လင်ချီးယဲ့က နေရာတိုင်းတွင် တော်ပြီး ကောင်းကင်ရောက်လုမတက် သူ့ကိုချီးကျူးလေသည်။


ချန်ဖူးကျီသည် တိတ်တဆိတ် နားထောင်နေရင်း ရံဖန်ရံခါ ခေါင်းညိတ်ပြီး သူ့မျက်ဝန်းနက်နက်များက သူဘာတွေတွေးနေမှန်း မည်သူမျှမသိချေ။


ဝူရှန်းနန်ပြောပြီးသောအခါ ချန်ဖူးကျီက သူ့လက်ထဲရှိ ခွက်ကိုချပြီး ပြောလိုက်သည်။ "ငါသိပြီ… ငါနားလည်ပြီ"


ဝူရှန်းနန်သည် ချန်ဖူးကျီ အမြန်ထွက်သွားရန် မျှော်တလင့်လင့် ကြည့်နေချိန်မှာပဲ ချန်ဖူးကျီက ထပ်ပြောလိုက်သည်။ "လက်ဖက်ရည်က နည်းနည်းအေးနေပြီ"


ဝူရှန်းနန်: "…"


ချန်မုရယ်သည် ချန်ဖူးကျီ၏အဓိပ္ပါယ်ကို နားလည်ပြီး ဝူရှန်းနန်ကို ကြည့်ကာ ပြောလိုက်သည်။ "ရှန်းနန် ချန်ဖူးကျီအတွက် နောက်ထပ်လက်ဖက်ရည်တစ်ခွက် ထပ်လုပ်ပေးပါ


"ကောင်းပြီ"


ဝူရှန်းနန်သည် လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး အခန်းတွင်းမှ ထွက်လာခဲ့သည်။ အခန်းထဲတွင် ချန်မုရယ်နှင့် ချန်ဖူးကျီတို့သာ ကျန်ခဲ့သည်။


ချန်ဖူးကျီသည် ချန်မုရယ်ကို စိုက်ကြည့်ပြီး ခဏအကြာတွင် သူ ဖြည်းညှင်းစွာ ပြောလ

ာသည်။


"ခေါင်းဆောင်ချန် လွန်ခဲ့တဲ့ဆယ်နှစ်လောက်က မင်း အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့တာပဲ…"


TK Team (Chapter 214)