Volume 1 (သေမျိုးနယ်မြေ ၂၁၅)
Chapter 215 (ထူးဆန်းသောဖြစ်ရပ်)
အနက်ရောင် ဗင်ကားသည် ဗီလာရှေ့တွင် ဖြည်းညှင်းစွာ ရပ်သွားသည်။ လင်ချီးယဲ့နှင့် ဟုန်ယင်းတို့သည် ကားထဲမှ ထွက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
ရင်းနှီးသောဧည့်ခန်း၊ ရင်းနှီးသောဆိုဖာ၊ ရင်းနှီးသောအိပ်ခန်း... အရာအားလုံးသည် ပြောင်းလဲခြင်းမရှိဘဲ သူထွက်သွားသည့်အချိန်တုန်းကနှင့် အတူတူပင်။
"နင့်ပစ္စည်းတွေကို အရင်ချလိုက်ပါ ခေါင်းဆောင်က သူ့အလုပ်မပြီးသေးဘူးထင်တယ်" ဟုန်ယင်းသည် အချိန်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ "ပြောတော့ အခြေအနေကို နားလည်ချင်ရုံပဲဆို… ဘယ်လိုလုပ် တစ်နေ့လယ်လုံးအချိန်ကုန်ပြီး မသွားရသေးတာလဲ ခေါင်းဆောင်က ညစာမချက်ချင်တာကြောင့်များ အချိန်ဆွဲနေတာလဲ"
"အစ်မဟုန်ယင်း ဒီနေ့ ညစာစားဖို့ ရုံးကိုသွားမှာလား"
"ဟုတ်တယ် ခေါင်းဆောင်က မနေ့ညက ဟင်းပွဲတွေ ပြင်ဆင်ထားတယ် သူက နင့်ကို ကြိုဆိုပြီး ၁၃၆ တပ်ဖွဲ့ထဲ တရားဝင် ဝင်ရောက်တာကို ဂုဏ်ပြုချင်တယ်တဲ့ ငါ့အထင်တော့ ညစာက ညဉ့်နက်စာဖြစ်တော့မယ်ထင်တယ်" ဟုန်ယင်းက ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။
လင်ချီးယဲ့သည် ခေါင်းညိတ်ပြပြီး အထုတ်ဖြည်ရန် သူ့ခရီးဆောင်အိတ်ကို အိမ်ထဲသို့ ဆွဲယူသွားခဲ့သည်။ နာရီဝက်လောက်ကြာတော့ ဟုန်ယင်း၏အသံက အောက်ထပ်ကနေ ထွက်လာသည်။
"ချီးယဲ့ နင် အထုပ်ချလို့ပြီးပြီလား အခု သွားစားလို့ရပြီ"
"လာမယ်"
လင်ချီးယဲ့သည် ဓားဖြောင့်နှင့် ဝတ်ရုံကို အိမ်ထဲတွင် ထားခဲ့ပြီး တံဆိပ်ကို သူ့ခန္ဓာကိုယ်နှင့် နီးကပ်စွာ သိမ်းဆည်ထားသည်။ ထို့နောက် လှေကားများမှ အမြန်ဆင်းကာ ရုံးခန်းဆီသို့ မောင်းသွားခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက်
တင်းတောင်…
ကြိုဆိုပါသည်။
လင်ချီးယဲ့သည် ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်တော့ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေသော ချန်မုရယ်ကလွဲ၍ တခြားအဖွဲ့ဝင်များသည် စားပွဲမှာ ထိုင်နေကြသည်။ သူတို့က လင်ချီးယဲ့ရောက်လာတာကို မြင်သောအခါ သူတို့နှုတ်ခမ်းတွင် အပြုံးပေါ်လာသည်။
လင်ချီးယဲ့သည် တံခါးဝတွင် ရပ်ကာ အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။
"ညကင်းစောင့်တပ်ဖွဲ့ ၁၃၆၊ လင်ချီးယဲ့ လာပြီးသတင်းပါတယ်"
အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သူတို့မျက်နှာပေါ်ရှိအပြုံးက ပို၍ပင်တောင့်တင်းလာသည်။ ဝူရှန်းနန်သည် တစ်ဖက်ကိုလှည့်ပြီး မီးဖိုချောင်ဘက်ကို လှမ်းအော်သည်။ "ခေါင်းဆောင်ချန် အဖွဲ့ဝင်အသစ် ရောက်လာပြီ"
မီးဖိုချောင်ထဲရှိ အသံက ရုတ်တရက် ငြိမ်ကျသွားသည်။ ချန်မုရယ်သည် မီးဖိုချောင်ထဲက ထွက်လာပြီး လင်ချီးယဲ့ကို ခဏလောက် ဂရုတစိုက်ကြည့်ပြီးနောက် ပြုံးပြီး ကြိမ်းမောင်းလိုက်သည်။ "ကောင်းပြီ ငါတို့ ၁၃၆ အဖွဲ့မှာ စည်းကမ်းတွေ အများကြီး မရှိပါဘူး သွားထိုင်ချေ ခဏနေ စားစရာရတော့မယ်"
လင်ချီးယဲ့သည် သူ့ဘေးက ထိုင်ခုံကို လှမ်းထိုင်လိုက်ပြီး ဝမ်းချီမော့က သူ့ပခုံးကို ပုတ်ကာ ညင်သာစွာ ပြောသည်။ "ပြန်လာတာ ကောင်းပါတယ် မြို့ကြီးပြကြီးတွေက ညကင်းစောင့်အဖွဲ့တွေမှာ စည်းကမ်းတွေ အများကြီးရှိပြီး အလုပ်တွေက လေးလံပြီးတော့ စတေးခံရခြေ မြင့်မားတယ် သူတို့က ငါတို့ချန်းနန်လောက် ဘယ်လိုလုပ်သက်သာမှာလဲ"
လန်ရွှမ်းသည် လင်ချီးယဲ့၏ မျက်လုံးများကို ကြည့်ပြီး တည်ငြိမ်စွာပြောသည်။ "ယာယီရှုံးနိမ့်တာက အရေးမကြီးပါဘူး ရွှေမှန်ရင် အမြဲတမ်းတောက်ပနေမှာပါ"
လင်ချီးယဲ့သည် အံ့အားသင့်သွားပြီး ရယ်ရမလား ငိုရမလားမသိတော့သလို ခံစားရသည်။
ယခုအခါ ၁၃၆ တပ်ဖွဲ့မှာရှိသော လူတိုင်းသည် လေ့ကျင့်ရေးစခန်းမှာ သူ့ရလဒ်များက ကျေနပ်လောက်စရာမရှိဘူးလို့ ထင်ကြပြီး သူ့ကို နှစ်သိမ့်ရန် ကြိုးစားနေကြသည်... သူတို့ကို သူရှင်းပြတာက ပိုကောင်းပါသည်။
လင်ချီးယဲ့ စကားပြောခါနီးတွင် ဟုန်ယင်းက အရင်မေးလိုက်သည်။
"ဝူရှန်းနန် နင်တို့ တစ်နေ့လယ်လုံး ဘာတွေလုပ်နေတာလဲ ဘာလို့ အခုမှပြီးရတာလဲ"
ဤမေးခွန်းပေါ်လာသည်နှင့်တပြိုင်နက် လူတိုင်း၏အာရုံစူးစိုက်မှုကို ခံခဲ့ရသည်။ ချန်းနန်တွင် လူသားထျန်းဟွားပန်တစ်ယောက် ရောက်ရှိလာခြင်းက ကြီးမားသောကိစ္စတစ်ခုဖြစ်သည်။
ဝူရှန်းနန်က ခါးသက်သက် ခေါင်းခါလိုက်သည်။ "တင်ပြတာက ဆယ်မိနစ်အတွင်း ပြီးသွားတယ် ကျန်တဲ့နာရီတွေမှာတော့ သူက ငါတို့ကို စကားစမြည်ပြောပြီး လက်ဖက်ရည်သောက်နေတာ... သူဘာတွေ တွေးနေမှန်းမသိဘူး"
ထိုစကားကိုပြောပြီးနောက် ဝူရှန်းနန်သည် မီးဖိုချောင်ရှိ ချန်မုရယ်ကို ရည်ရွယ်သလို၊ မရည်ရွယ်သလို စိုက်ကြည့်လိုက်သည်။
စကားစမြည်ပြောသည့်နောက်ဆုံးဆယ်မိနစ်တွင် ဝူရှန်းနန်ကို ချန်မုရယ်က တမင်တကာ ပထုတ်ခဲ့သည်။ ချန်ဖူးကျီသည် ထိုဆယ်မိနစ်အတွက် သူတို့နှင့် တစ်နေ့လယ်လုံး လက်ဖက်ရည်သောက်ခဲ့သည်ဟု အမှန်တကယ် သံသယရှိခဲ့သည်။
သာမန်မြို့ငယ်လေး၏ ညကင်းစောင့်ခေါင်းဆောင်နှင့် ထိပ်ဆုံးလူသားထျန်းဟွားပန်ငါးယောက်ထဲက တစ်ယောက်မှာ ဘာတွေများပြောစရာရှိနေသနည်း။
ဝူရှန်းနန်သည် စိတ်ရှုပ်နေသော်လည်း ဘာမှမပြောသလို ဘာမှမမေးခဲ့ပေ။ ဒီကိစ္စကို ချန်မုရယ်ပြောနိုင်ပါက သူပြောပြီးတာကြာလှပါပြီ။
ယခုအခါ ဒီအဖြစ်အပျက် ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးဟုသာ သူဟန်ဆောင်ရုံရှိသည်။
"ဒါဆို သူ ချန်းနန်က ထွက်သွားပြီလား" ဟုန်ယင်းက ဆက်မေးသည်။
"ငါမသိဘူး သူ့နေရာက ငါတို့ ခန့်မှန်းလို့ မရဘူး" ဝူရှန်းနန်ပ ပခုံးတွန့်လိုက်သည်။
"အစားပုပ်"
"…"
နှစ်ယောက်သား မျက်လုံးချင်းဆုံမိသည့် အချိန်တွင် လင်ချီးယဲ့က ဝမ်းချီမော့ကိုကြည့်ကာ ရုတ်တရက်ပြောလိုက်သည်။
"စကားမစပ် မြို့ထဲမှာ နောက်ထပ် 'လျှို့ဝှက်ဆန်းကြယ်' ရှိတယ်လို့ ကျွန်တော်ကြားတယ်"
"အခုထိ မရှင်းလင်းသေးဘူး" ဝမ်းချီမော့က သက်ပြင်းချကာ "ဒီမနက်က မြို့အရှေ့ဘက် အရက်ဆိုင်ရဲ့ နောက်ဖေးမှာ အလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းပို့တယ်။ သေဆုံးသူရဲ့ လက်ချောင်းတွေက အဖြတ်ခံရပြီး တစ်ကိုယ်လုံးကို နံရံမှာ သံရိုက်ထားတယ် သေဆုံးသွားတဲ့အသွင်အပြင်က အရမ်းကြောက်စရာကောင်းပြီး သူက အရမ်းကြောက်စရာကောင်းတဲ့ အရာတစ်ခုကို မြင်လိုက်ရသလိုပဲ”
လင်ချီးယဲ့က တွေးဆဆဖြင့် ခေါင်းညိတ်ပြီး "ဒါတစ်ခုတည်းကို အခြေခံပြီး အဲဒါက 'လျှို့ဝှက်ဆန်းကြယ်'လားဆိုတာ ဆုံးဖြတ်ရခက်တယ်..."
"ဒါပေမယ့် ပြဿနာကတော့ အဲဒါက ဒီလအတွင်း စတုတ္ထမြောက် သေဆုံးမှုပဲ ဒီတစ်ယောက်နဲ့ ပထမသေဆုံးသူ သုံးဦးက ဆက်စပ်မှုမရှိသလို ပြောစရာပုံစံမရှိပေမယ့် သူတို့သေဆုံးတဲ့နည်းလမ်းကတော့ အတူတူပဲ သူတို့မျက်နှာပေါ်က အမူအရာတွေတောင် အတူတူပဲ
ရဲတပ်ဖွဲ့က ဒီအမှုကို အချိန်အတော်ကြာ စုံစမ်းခဲ့ပေမယ့် သဲလွန်စမရှိဘူး ဒီနေ့နံနက်ကိစ္စမှာ သဘာဝလွန်အင်အားစုတွေ ပါဝင်နေတယ်လို့ သူတို့ကို အမှန်တကယ် ယုံကြည်စေခဲ့တယ်"
ဝမ်းချီမော့သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး လေးနက်စွာ ပြောခဲ့သည်။ "ရဲတွေဆီက သဲလွန်စတွေအရတော့ အခင်းဖြစ်ပွားတဲ့ညမှာ အရက်ဆိုင်က ဧည့်ခံပွဲကျင်းပခဲ့တယ် အရက်ဆိုင်ပိုင်ရှင်က ဧည့်ခံတာကို ကင်မရာနဲ့ မှတ်တမ်းတင်ပြီးတဲ့နောက်မှာတော့ ဆိုင်ကိုပိတ်ဖို့ မေ့သွားခဲ့ပြီး ဆိုင်ထဲကနေ ထွက်သွားခဲ့တယ် သေဆုံးသူ နံရံမှာ သံမှိုနဲ့ ရိုက်ကပ်ခံထားတဲ့နေရာဖြစ်တဲ့ ကင်မရာက နောက်ဖေးတံခါးကို ညွှန်ပြထားတယ်"
"ဖြစ်စဉ်ကို ရိုက်ကူးခဲ့တာလား"
"ဒါက ပြဿနာပဲ ဖြစ်စဉ်ကို တကယ်ပဲ ရိုက်ကူးခဲ့တယ် ဒါပေမယ့်... ဖြစ်စဉ်တစ်ခုလုံးက ထူးဆန်းလွန်းတယ်" ဝမ်းချီမော့က လက်ဖက်ရည်သောက်ပြီး ဆက်ပြောသည်။
"ပုံထဲမှာတော့ သေဆုံးသူကလွဲလို့ တခြားသူမရှိဘူး သူက ရုတ်တရက် ထူးထူးခြားခြား မြှောက်တက်သွားပြီး မြေပြင်ပေါ်က သံမှိုတွေဟာ အလိုလိုပျံတက်သွားပြီး ခြေလက်တွေနဲ့ နှလုံးကို သံမှိုရိုက်ခံခဲ့ရတယ် အဲဒီနောက် သူ့လက်ချောင်းတွေကို တစ်ခုခုက ကိုက်နေသလို အစားခံရပြီး စက္ကန့်ပိုင်းအတွင်း ပျောက်သွားတယ်"
ဝမ်းချီမော့၏ဖော်ပြချက်ကို နားထောင်ပြီးနောက် စစ်းရှောင်နန်သည် သူမတစ်ကိုယ်လုံး ကြက်သီးမွေးညင်းထလာပြီး မျက်နှာအနည်းငယ် ဖြူဖျော့သွားခဲ့သည်။
"မထူးဆန်းပါဘူး... တကယ်တော့ အဲဒါက လူသားတွေလုပ်နိုင်တဲ့ပုံမပေါ်ဘူး" ဝူရှန်းနန်က ခေါင်းညိတ်လိုက်သည်။ "မင်းတို့ ဒီနေ့တိုးတက်မှုရှိခဲ့လား"
"…မရှိဘူး ဒီကိစ္စက အရမ်းထူးဆန်းတယ် ဘယ်ကစရမှန်းမသိဘူး" ဝမ်းချီမော့သည် ရှက်ရွံ့စွာ ခေါင်းကုတ်ပြီး "ဒါ့အပြင် ငါတို့တွေက 'လျှို့ဝှက်သူခိုး' ကို အမြဲသတိထားရဦးမယ်"
"လျှို့ဝှက်သူခိုးလား" လင်ချီးယဲ့က အံ့သြသွားသည်။
"လျှို့ဝှက်ဆန်းကြယ်ကို ငါတို့ရှင်းလိုက်တိုင်း အလောင်းတစ်စိတ်တစ်ပိုင်းက ထူးထူးခြားခြား ပျောက်ကွယ်သွားတယ်လို့ ငါနင့်ကို ပြောဖူးတယ်မလား" ဟုန်ယင်းက ရှင်းပြသည် "အခုထိတော့ သူ လျှို့ဝှက်ဆန်းကြယ် အလောင်းလေးလောင်းရဲ့ အစိတ်အပိုင်းတွေကို ခိုးယူသွားခဲ့ပြီ ဒါကြောင့် ငါတို့ကသူ့ကို 'လျှို့ဝှက်သူခိုး' လို့ခေါ်တာ"
"သူ့ကို မဖမ်းမိသေးဘူးလား" လင်ချီးယဲ့က အံ့အားသင့်စွာမေးသည်။
"မမိသေးဘူး သူဘယ်မှာရှိလဲဆိုတာ ထူးဆန်းလွန်းတယ် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ပုတ်သင်ညိုရဲ့ အလောင်းကို ခိုးယူပြီးနောက် ငါတို့က 'ချွမ်း' နယ်ပယ်ရှိတဲ့ နောက်ထပ်နှင်းခဲနွယ်ပင်ကို ရှင်းပစ်ခဲ့တယ် နွယ်ပင်ရဲ့ ခန္ဓာကိုယ်ကို သယ်ယူဖို့ တာဝန်ရှိတဲ့အဖွဲ့က လမ်းတစ်ဝက်မှာ တိုက်ခိုက်ခံခဲ့ရတယ် ကားထဲက လူအားလုံး သတိ
လစ်သွားခဲ့ပြီး နိုးလာတဲ့အခါ နွယ်ပယ်ရဲ့ ခန္ဓာကိုယ်တစ်ဝက်လောက် ပျောက်သွားတယ်"
TK Team (Chapter 215)