Volume 1 (သေမျိုးနယ်မြေ ၂၁၀)
Chapter 210 (ကြီးထွားမှု)
"ယုံကြည်သူ" ဟူသော စကားလုံးကို ကြားလိုက်သောအခါ သူ့ရှေ့ရှိ ခန္ဓာကိုယ်သည် အနည်းငယ် တုန်လှုပ်သွားသည်။
"မင်းဘယ်သူလဲ အရင်က မင်းဘာတွေလုပ်ခဲ့လဲ ငါဂရုမစိုက်ပါဘူး အဲဒါတွေက ငါ့အတွက် ဘာမှအဓိပ္ပါယ်မရှိဘူး ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ငါ့ကို သစ္စာမဖောက်နိုင်ဘူး"
ယိယွီ၏အသံက အလွန်ဆွဲဆောင်မှုရှိပြီး တည်ငြိမ်သောလေသံမှာ ယုံကြည်မှုအပြည့်ရှိသည်။
"မင်း စိတ်ပျက်လက်ပျက်နဲ့ ဒီမှာပဲသေမှာလား ဒါမှမဟုတ် မင်းငါ့နောက်ကိုလိုက်ပြီး ဘဝသစ်တစ်ခုစမှာလား မင်းရဲ့အဖြေ ငါ့ကိုပြောပါ..." ယိယွီ၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားသည်။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်...
ခန္ဓာကိုယ်က မလှုပ်မယှက် သေသွားပုံရသည်။
ယိယွီ သည်းမခံနိုင်တော့သည့်အချိန်တွင် လောင်ကျွမ်းနေသော ခန္ဓာကိုယ်က တုန်ခါသွားပြီး အပျက်အစီးများ ကွာကျလာသည်။ သူ့နှုတ်ခမ်းများ အနည်းငယ်တုန်ခါပြီး အလွန်တိုးညှင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။
"…ကောင်းပြီ"
သူ့အသံသည် အလွန်သေးငယ်ပြီး အားနည်းသော်လည်း ယိယွီက ၎င်းကို ကြားလိုက်ရသည်။
ယိယွီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး သူ မတ်တတ်ထရပ်လိုက်သည်။ ပတ်ဝန်းကျင်သည် ထူးထူးခြားခြား ပုံပျက်သွားကာ သူ့ခန္ဓာကိုယ်မှ ထူးခြားဆန်းကြယ်သော မြင်ကွင်းများ ပြန့်ကျဲလာသည်။ သူ့ပတ်ဝန်းကျင်မှ အရာအားလုံးသည် လက်တွေ့နှင့် အိပ်မက်များကြားတွင် ပျံ့လွင့်နေသည်။
ဤသည်မှာ 'ခဲ့လိုင်ယင်း' နယ်ပယ် တားမြစ်အပျက်အစီး နံပါတ်စဥ် ၀၁၈ [မုန့်ချီ] ဖြစ်သည်။
မရှိဟုထင်ရသည့် ဤကမ္ဘာတွင် လောင်ကျွမ်းနေသော ခန္ဓာကိုယ်သည် တဖြည်းဖြည်း လွင့်ပျံလာကာ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် မှိတ်တုတ်မှိတ်တုတ် အလင်းတန်းများ မှုန်ဝါးလာကာ မီးလောင်ကျွမ်းနေသော အသားများ ပြန်လည်ရှင်သန်လာပြီး ပြတ်ထားသော ညာဘက်ခြေထောက်သည် ကြီးထွားလာကာ သေဆုံးနေသည့် အတွင်းအင်္ဂါများက ပြန်လည်ကောင်းမွန်လာသည်…
တစ်စုံတစ်ယောက်သည် သေနေသောအသားအားလုံးကို ဓားဖြင့်လှီးဖြတ်ပြီး သက်ရှိကြွက်သားတစ်သျှူးထဲသို့ အတင်းထည့်လိုက်သကဲ့သို့ ယားယံကာ နာကျင်နေသည်။ ပြင်းထန်သော ပြစ်ဒဏ်နှင့် ယှဉ်နိုင်သော ဤကဲ့သို့ နှိပ်စက်ညှဉ်းပန်းမှုကို ခံနိုင်ရည်ရှိသော်လည်း သူသည် အံကြိတ်ကာ ဘာမှ မပြောပေ။
အချိန်တွေ တရွေ့ရွေ့ကုန်သွားကာ စိတ်ကသိကအောက်ဖြစ်မှု အလင်းရောင်များ ကွယ်ပျောက်ပြီး သစ်လွင်သော ခန္ဓာကိုယ်အသစ် မွေးဖွားလာခဲ့သည်။
သူ့မူလအခြေအနေသို့ပြန်ရောက်သွားသော ရှန်ချင်းကျူသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားသည်။ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားကာ သူ့ရှေ့ရှိ ညုတုတုလူသားအား သူဘာတွေတွေးနေမှန်းမသိအောင် စိုက်ကြည့်နေသည်။
ယိယွီသညိ သူ့လက်ကိုဝှေ့ယမ်းပြီး နတ်ဘုရားအပျက်အစီး ပျောက်သွားသည်။ သူသည် ရှန်ချင်းကျူကို အပြုံးဖြင့်ကြည့်ပြီး အံ့သြစွာပြောသည်။
"မင်းပြန်လည်ကောင်းမွန်လာပြီးနောက် မင်းပထမဆုံးလုပ်ရမယ့်အရာက ငါ့ကို တိုက်ခိုက်ဖို့ပဲလို့ ထင်ထားခဲ့တာ"
"ကျွန်တော် ခင်ဗျားကို မနိုင်ဘူး" ရှန်ချင်းကျူက တည်ငြိမ်စွာပြောသည်။
"ဒါဆို မင်းဘာလို့ ပြေးဖို့မကြိုးစားတာလဲ မင်း အောင်အောင်မြင်မြင် လွတ်မြောက်နိုင်ပါတယ်"
"မဟုတ်ဘူး" ရှန်ချင်းကျူက ခေါင်းခါလိုက်ပြီး "ကျွန်တော်ထွက်မပြေးဘူး ငါ [ယုံကြည်သူများ] နဲ့ပူးပေါင်းချင်တယ်"
ဒီတစ်ခါတော့ ယိယွီက တကယ်ကို အံ့အားသင့်သွားသည် သူသည် ရှန်ချင်းကျူကို ခဏလောက် ဂရုတစိုက်ကြည့်ရင်း ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းတယ် သိပ်ကောင်းတယ် အနာဂတ်မှာ [ယုံကြည်သူများ] ရဲ့ ထိပ်တန်းနေရာအနည်းငယ်မှာ မင်းပါဝင်လိမ့်မယ်လို့ ငါအာရုံခံနိုင်တယ်"
သူသည် သူ၏ညာလက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏လက်ညိုးထိပ်တွင် အလင်းဘောလုံးလေး ပေါ်လာသည်။ အလင်းရောင်က သူ့လက်ချောင်းကနေ ထွက်သွားပြီး ရှန်ချင်းကျူ၏ မျက်ခုံးဆီသို့ လွင့်မျောသွားသည်။
"ဒါက [ယုံကြည်သူ] ရဲ့ ဝိညာဉ်စာချုပ်ပဲ ငါ့ကိုယ်တိုင်ဖန်တီးထားတာ နတ်ဘုရားအဆင့်မရှိတဲ့သူတိုင်း သူတို့ရဲ့ဝိညာဉ်ကို တံဆိပ်ခတ်ခံရမှာဖြစ်ပြီး အခုအချိန်ကစပြီးတော့ ငါ့ရဲ့ယုံကြည်သူအစစ်အမှန် ဖြစ်လာလိမ့်မယ်
ဒါပေမယ့် စိတ်မပူပါနဲ့ မင်းက အလားအလာကောင်းတစ်ယောက်ပါ မင်းအတွေးကို ငါသိပ်ပြီးဝင်နှောင့်ယှက်မှာမဟုတ်ဘူး မင်းပုန်မကန်သရွေ့ ငါမင်းကိုထိန်းချုပ်ဖို့ အသုံးမပြုဘူး"
ရှန်ချင်းကျူသည် သူ့မျက်လုံးများရှေ့က အလင်းဘောလုံးကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးများတွင် တုံ့ဆိုင်းခြင်းမရှိဘဲ သူသည် အလင်းဘောလုံးကို ဖမ်းကိုင်လိုက်ပြီး မျက်ခုံးကြားကို ဖိလိုက်သည်။
အဖြူရောင်အလင်းတန်းက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
ရှန်ချင်းကျူ၏ လျင်မြန်သော လှုပ်ရှားမှုများ အလွန်ပြတ်သားတာကို မြင်လိုက်ရသဖြင့် ယိယွီသည် အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်ပြီး သူ့ကို အနည်းငယ် ပိုသဘောကျသွားသည်။
အလင်းပျောက်ကွယ်သွားသောအခါ ရှန်ချင်းကျူက တစ်လှမ်းချင်း လှမ်းထွက်လာသည်။ သူသည် အနည်းငယ် ဦးညွှတ်ကာ ညာလက်ကို သူ့ရင်ဘတ်ပေါ်တွင် တင်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ယုံကြည်သူရှန်ချင်းကျူက ခင်ဗျားခြေလှမ်းအတိုင်း အမြဲလိုက်ပါ့မယ်"
ယိယွီ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာပြီး ဤခံစားချက်ကို သူ အလွန်နှစ်သက်သည်။
"အရမ်းကောင်းတယ် ထတော့" ယိယွီသည် ခေါင်းမော့ပြီး အဝေးက ကောင်းကင်ကို ကြည့်လိုက်သည်။ သူက အလွန်စိတ်အခြေအနေကောင်းနေပုံရသည်။ "သွားဖို့အချိန်ရောက်ပြီ ငါမင်းကို [ယုံကြည်သူများ] ဌာနချုပ်ဆီ ပြန်ခေါ်သွားမယ် မင်း ခပ်ကြာကြာနေရင်… အဲဒီစိတ်ရှုပ်စရာကောင်းတဲ့လူတွေက မင်းကိုပြန်လိုက်ဖမ်းလိမ့်မယ်"
"ဟုတ်ကဲ့" ရှန်ချင်းကျူက လေးစားစွာပြောသည်။
ယိယွီသည် တစ်ဖက်ကိုလှည့်ပြီး ပုံရိပ်ယောင်တံခါးတစ်ခု ပေါ်လာသည်။ သူသည် ၎င်းထဲသို့ အေးအေးဆေးဆေး လျှောက်သွားပြီး ပျောက်ကွယ်သွားသည်။
ယိယွီ၏ရုပ်သွင် ပျောက်ကွယ်သွားသော နောက်ကျောကို ရှန်ချင်းကျူကြည့်လိုက်ရင်း သူ့နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်လာသည်။
"အရူး"
ရှန်ချင်းကျူသည် ခေါင်းငုံ့ပြီး သူ့ရင်ဘတ်ကို ထိရန် လက်ဆန့်လိုက်သည်...
ထိုနေရာမှာ ကျောက်စိမ်းတုံးအဝိုင်းတစ်ခုရှိသည်။
သူသည် မှန်ကန်သော အလောင်းအစားကို ပြုလုပ်ခဲ့သည်။
[ဟွေထျန်းကျောက်စိမ်း] သည် ယိယွီ၏ ဝိညာဉ်တံဆိပ်ခတ်ကို အောင်မြင်စွာ ပိတ်ဆို့ခဲ့ပြီး ဆိုလိုသည်မှာ သူသည် ယိယွီ၏ထိန်းချုပ်မှုမှ လွတ်မြောက်သော [ယုံကြည်သူများ] အားလုံးထဲတွင် တစ်ဦးတည်းသောသူ ဖြစ်လာခဲ့သည်။
ကြည့်ရတာ... သူအကြွေးတင်နေတဲ့ ဖက်တီးကောင်ရဲ့ အကူအညီတွေ ပိုများလာသလိုပဲ။
သူနောက်ပြန်လှည့်ပြီး ရင်းနှီးသောတောင်တန်းကို ကြည့်လိုက်သည်။ သူ့အကြည့်က အဆုံးမဲ့ မြေဆီလွှာများကို ဖြတ်သွားပုံရပြီး မြေအောက်က တောက်ပြောင်သောတံဆိပ်ကို ရောက်သွားသည်။
"နှုတ်ဆက်ပါတယ်… ညကင်းစောင့်"
သူ့ကိုယ်သူရေရွတ်လိုက်သည်။
သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး တစ်ချိန်တည်းမှာပင် သူ၏ခြေရင်း၌ ပိုးအိမ်သည် ရုတ်တရက် ပွင့်ထွက်သွားပြီး ပျက်စီးနေသော ပိုးအိမ်ခွံမှ အတောင်ပံများကို ဆန့်ထုတ်ရန် လှပသော အတောင်ပံတစ်စုံသည် အားကြိုးမာန်တက် ခတ်လိုက်ကာ အဝေးသို့ ယိမ်းတိယိမ်းယိုင် ပျံသန်းသွားလေသည်။
ရှန်ချင်းကျူသည် ရပ်ပြီး ဤမြင်ကွင်းကို ကြောင်တောင်တောင် စိုက်ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူသည် ပြုံးကာ ခေါင်းယမ်းပြီး ပုံရိပ်ယောင်တံခါးဆီသို့ လျှောက်သွားသည်။
သူ့အသံက လေထဲတွင် ဖြည်းညှင်းစွာ လွင့်ပျံလာသည်။
"ကြီးထွားမှု…လား"
…
အဆုံးမရှိသော အမှောင်ထုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာသည်။ သူအိပ်ပျော်နေစဉ်တွင် လင်ချီးယဲ့က မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
အဖြူရောင်မျက်နှာကျက်၊ အဖြူရောင်ဆေးရုံကုတင်၊ အဝါဖျော့ဖျော့ကြမ်းပြင်၊ အဖြူရောင်ပိတ်ကျဲစကဲ့သို့ ပျော့ပျောင်းသော ကုလားကာများသည် လေထဲတွင် လွင့်ပျံနေပြီး ဖွင့်ထားသည့် ပြတင်းပေါက်အပြင်ဘက်တွင် ရင်းနှီးသောလေ့ကျင့်ရေးကွင်းတစ်ခုဖြစ်သည်။
ဒါက... ဆေးကုသခန်းလား။
လင်ချီးယဲ့သည် ထထိုင်ရန် ကြိုးစားသော်လည်း သူ့ဝိညာဉ်က အားနည်းသွားသည့် ခံစားချက်က သူ့တစ်ကိုယ်လုံး ပြည့်သွားသည်။ သူ၏ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်သည် ခဲကဲ့သို့ လေးလံနေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာတိုင်းကို သေသေချာချာ ပတ်တီးပတ်ထားသည်။ သူ့ကိုယ်ပေါ်ရှိ အဖြူအပြာရောင် ဆေးရုံဝတ်စုံကို ကြည့်လိုက်ရင်း လင်ချီးယဲ့က ကူကယ်ရာမဲ့ ပြုံးလိုက်သည်။
ဌာနမှူးက ဆေးရုံဝတ်ရုံဝတ်ရတဲ့နေ့လည်း ရှိတာပဲ။
နောက်ဆုံးတွင် သူထထိုင်ကာ ဖိနပ်ကိုစီးပြီး အိမ်အပြင်ဘက်သို့ ထော့နဲ့ထော့နဲ့ ထွက်သွားသည်။ သူ တံခါးဖွင့်လိုက်သည်နှင့် ဘေးခန်းမှ ပိုင်လီဖက်တီး၏ အော်သံကို ကြားလိုက်ရသည်။
"မဖြစ်နိုင်ဘူး သူမသေနိုင်ဘူး ကျွန်တော် သူ့ကို [ဟွေထျန်းကျောက်စိမ်း] ပေးခဲ့တာ ငရဲမင်းရောက်လာရင်တောင် သူမသေနိုင်ဘူး"
လင်ချီးယဲ့သည် သူ့မျက်လုံးများတွင် ရှုပ်ထွေးမှုများဖြင့် လန့်သွားသည်။
ဘယ်သူသေတာလဲ။
သူသည် မသိစိတ်က အရှိန်ကို အရှိန်မြင့်လိုက်ပြီး ဘေးခန်းကို လျှောက်သွားသည်။ သူ့ခြေထောက်များ ရုတ်တရက် အားနည်းလာပြီး ယိမ်းယိုင်ကာ မြေပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
"လင်ချီးယဲ့လား"
လင်ချီးယဲ့က တံခါးဝတွင် ပေါ်လာတာကို မြင်သောအခါ နည်းပြဟန်လိက အော်ဟစ်လိုက်ပြီး သူ့ကိုထောက်ကူပေးရန် အမြန် းရှေ့တိုးလိုက်သည်။
လင်ချီးယဲ့သည် တံခါးဘောင်ကို ကိုင်ထားပြီး သူအဆင်ပြေကြောင်းပြသရန် လက်ယမ်းလိုက်သည်။ ပိုင်လီဖက်တီးသည် တူညီသော ဆေးရုံဝတ်စုံကို ဝတ်ဆင်ထားကြောင်း သူမြင်လိုက်ရပြီး သူ၏ဦးခေါင်းကို ပတ်တီးဖြင့် ပတ်ထားကာ ခေါင်းကြီးအရုပ်ကဲ့သို့ ကုတင်ပေါ်တွင် ထိုင်နေသည်။
"ချီးယဲ့ မင်းနိုးပြီလား" ပိုင်လီဖက်တီးသည် လင်ချီးယဲ့ကို မြင်သောအခါ ထပ်တူအံ့သြသွားသည်။
"ဘာဖြစ်တာလဲ ဘယ်သူသေတာလဲ" လင်ချီးယဲ့က မျက်မှောင်ကြုတ်ကာ မေးသည်။
နည်းပြဟန်လိနှင့် ပိုင်လီဖက်တီးတို့သည် တစ်ချိန်တည်းတွင် တိတ်ဆိတ်သွားကြသည်။
"ရှန်ချင်းကျူပဲ" နည်းပြဟန်လိက ဖြည်းညှင်းစွာပြောလိုက်သည်။ "နည်းပြဟုန်နဲ့ ပိုင်လီထူမင်တို့ကို ကယ်တင်ဖို့အတွက်က သူက နည်းပြရဲ့တံဆိပ်ကိုယူပြီး မီးလောင်နေတဲ့ဂူထဲကို ခုန်ဆင်းခဲ့တယ်"
"သူသေမှာမဟုတ်ဘူး" ပိုင်လီဖက်တီးက ထပ်ပြောပြီး လင်ချီးယဲ့၏မျက်လုံးများကို လေးနက်စွာကြည့်ရင်း ခိုင်မာစွာပြောသည်။ "ချီးယဲ့ ငါ့ကိုယုံပါ သူသေမှာမဟုတ်ဘူး
လူတစ်ယောက်က မီးလောင်ပြီး ကျောက်တုံးကြီးအောက်မှာဖိမိနေရင်တောင် သူသေမှာမဟုတ်ဘူး
သူ့ကို မြေအောက်တစ်နေရာမှာ ပိတ်မိနေရမယ်... ငါသူ့ကိုရှာပြီး တူးထုတ်မယ်"
ပိုင်လီဖက်တီးသည် ဖိနပ်ပင်မစီးဘဲ စိတ်အားထက်သန်စွာ ကုတင်မှထကာ အိမ်အပြင်သို့ အမြန်ထွက်လာခဲ့သည်။
TK Team (Chapter 210)