Chapter 190
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၉၀)


Chapter 190 (ယုံကြည်စိတ်ချသော)

ဒုံးပျံကို ပစ်လွှတ်ပြီးနောက် မုမု၏အသွင်အပြင်သည် တဖန်ပြန်လည်ကျုံ့သွားပြီး လင်ချီးယဲ့၏ခြေလှမ်းများနှင့်အတူ တွဲလောင်းကျသွားပြန်သည်။

"ကျည်ဆံတွေနဲ့ ဒုံးပျံတွေကို သတ္တုနဲ့ ပြုလုပ်ထားတယ်။ ဒါပေမယ့် သူ့ကြောင့် ဖြိုခွဲမသွားဘူး။ ဆိုလိုတာကတော့ သူက အဲဒီဓား ဒါမှမဟုတ် အထူးသတ္တုအမျိုးအစားကိုပဲ ဖြိုခွဲနိုင်တာ။ ဒါက ပိုလွယ်ကူစေတယ်။" လင်ချီးယဲ့က ရေရွတ်လိုက်သည်။

ကောင်းကင်တွင် လင်းနို့များစွာသည် ၎င်းတို့၏အတောင်ပံများကိုခတ်ကာ လင်ချီးယဲ့ကို ဖြတ်၍ ပျံသန်းနေပြီး စက်ဝိုင်းတစ်ဝက်လောက် လှည့်ပတ်ပြီးနောက် လျှင်မြန်စွာ ထွက်ခွာသွားကြသည်။

လင်ချီးယဲ့၏အမူအရာက ချက်ချင်းပင် လေးနက်လာသည်။

လင်းနို့က ပြန်ယူလာသော အချက်အလက်ကို ကြည့်ပြီး အခြေနေက သူထင်ထားတာထက် ပိုဆိုးသွားသည်။ မူလက သူထင်တာက 'ချွမ်း' နယ်ပယ်မှာ ရန်သူသုံးယောက်နှင့် 'ဟိုင်' နယ်ပယ်မှာ တစ်ယောက်ပဲ ရှိတယ်လို့ သူထင်ခဲ့သော်လည်း တခြားညအချိန်သတ္တဝါများ၏ အမြင်အာရုံကို အောင်မြင်စွာ လှည့်စားခဲ့ပြီး တောအုပ်ထဲတွင် ပုန်းနေသော တခြား 'ချွမ်း' နယ်ပယ်မည်ဟု သူမမျှော်လင့်ထားပေ။

မူလက ရှန်ချင်းကျူကို ကယ်ဆယ်ရန် အလျင်စလို ပြေးသွားခဲ့သော နည်းပြဟုန်သည် တစ်ဖက်လူ၏ လုံးထွေးမှုကို ခံခဲ့ရပြီး မထွက်ခွာနိုင်ပေ။ ကံကောင်းစွာပင် ပိုင်လီဖက်တီးသည် ထုတ်ဖော်ခံရခြင်းမရှိဘဲ ရှန်ချင်းကျူ၏ ဦးတည်ရာဆီသို့ တည့်တည့်သွားခဲ့သည်။

သို့သော်... သူတို့လူအနည်းငယ်က 'ချွမ်း' နယ်ပယ်ကို အနိုင်ယူနိုင်ပါ့မလား။

ထို့အပြင် လင်းနို့မှပြန်ယူလာသော အချက်အလက်ကို ကြည့်ပြီး 'ချွမ်း' နယ်ပယ်မှ သန်မာသော တခြားလူသည်လည်း လမ်းကြောင်းပြောင်းကာ ရွာနံပါတ် ၁ ကို ကျော်ဖြတ်ပြီး လင်ချီးယဲ့ဆီသို့ လိုက်လာခဲ့သဖြင့် အကွာအဝေးက အလွန်နီးကပ်နေပြီဖြစ်သည်။

လင်ချီးယဲ့သည် ညနေခင်းအချိန်၌ သတ္တဝါများမှတစ်ဆင့် စုဆောင်းရယူသည့် အချက်အလက်တွင် အချိန်ကွာခြားမှုရှိပါသည်။ လင်ချီးယဲ့သည် ညအချိန်သတ္တဝါများနှင့်သာ ဆက်သွယ်နိုင်ပြီး ၎င်းတို့နှင့် အမြင်အာရုံမမျှဝေနိုင်ပေ။ တစ်နည်းဆိုရသော် တခြားအချက်အလက်များကို သူသိချင်ပါက စုဆောင်းရန် ထိုညအချိန်သတ္တဝါများကို အရင်ထွက်ခိုင်းရမည်။ ထို့နောက် သူတို့ရှာတွေ့ပြီး ပြန်လာတာကို စောင့်ရမည်။

အလယ်တွင် လုပ်ငန်းစဉ်က ဆယ်မိနစ်ခန့်ကြာမြင့်ကာ သူ၏သတင်းစကားက နှောင့်နှေးနေပြီဖြစ်သည်။

နောက်ထပ်မှတ်သားထိုက်သည့်အချက်မှာ တောင်စောင်းတစ်ခုပေါ်တွင် ထိုင်နေသည့် 'ဟိုင်' ရန်သူသည် ပျောက်ကွယ်သွားပြီး သူ၏အသွင်အပြင်သည် တောင်ပေါ်တောထဲတွင် မည်သည့်နေရာမှ မပေါ်လာတော့သော်လည်း သူထိုင်နေသည့်နေရာတွင် ထူးဆန်းလှသည့် ဂူတစ်ခုကို တွေ့ရှိခဲ့ပြီး ယခုအခါ လင်းနို့များက အထဲမှာ စူးစမ်းနေကြသည်။

ဝှီး

လင်ချီးယဲ့သည် သူ့စိတ်ထဲမှာ အချက်အလက်များကို မြန်မြန်ဆန်ဆန် ရှင်းလင်းလိုက်သလို သူ့နောက်ကနေ အသွင်အပြင်တစ်ခုက လျင်မြန်စွာ လိုက်လာသည်။ ထူထပ်သော အမဲလိုက်ဓားအပိုင်းအစများသည် မုန်တိုင်းတစ်ခုလို သံမဏိကျိုင်းကောင်များကဲ့သို့ လင်ချီးယဲ့ကို ဖြတ်သွားသည်။ ချက်ချင်းပင် ပတ်ဝန်းကျင်က မြက်ပင်နှင့် သစ်ပင်များ ထက်ဝက်ပြတ်သွားသည်။

၎င်းသည် မမြင်နိုင်သော ဧရာမဓားကြီးနှင့်တူပြီး တောနက်တစ်ဝက်ကို ချောမွေ့စွာဖြတ်တောက်ပစ်လိုက်သည်။

လင်ချီးယဲ့၏စိတ်အာရုံခံစားမှုတွင် ဤတစ်ကြိမ်မှာ အမဲလိုက်ဓားအပိုင်းအစများ အရွယ်အစားသည် ယခင်ကထက် များစွာသေးငယ်ကြောင်း ရှင်းရှင်းလင်းလင်း တွေ့ရှိခဲ့ရသည်။ အကယ်၍ ယခင်က အမဲလိုက်ဓားအပိုင်းအစများသည် လက်သည်းအရွယ် စက္ကူအပိုင်းအစများကဲ့သို့ ဖြစ်နေပါက ယခုအခါ လင်ချီးယဲ့နောက်ပြေးလိုက်နေသော ဓားသွားများက သဲမှုန်အရွယ်အစားသာဖြစ်သည်။

တူညီသောဓားဖြင့် အပိုင်းအစများ အရွယ်အစားပြောင်းလဲပြီးနောက် စွမ်းအားက လုံးဝကွဲပြားသွားမည်ဖြစ်သည်။

ဤအရွယ်အစားရှိသော ဓားတစ်ချောင်းကို လူတစ်ဦး၏ အဆုတ်ထဲသို့ အလွယ်တကူ ရှူသွင်းနိုင်သည်။ ကျွမ်းချီစဉ်းစားနေသရွေ့ သူက လူ့ခန္ဓာကိုယ်အတွင်းပိုင်းကနေ အပိုင်းပိုင်းပိုင်းဖြတ်နိုင်သည်။

ခန္ဓာကိုယ်ထဲကို မဝင်ရင်တောင် ဒီငွေအမှုန်အမွှားလေး၏ ထောင့်က ခန္ဓာကိုယ်ကို ညင်သာစွာထိမိနေသရွေ့ အရေပြားအလွှာကို ချက်ချင်း ခြစ်ထုတ်နိုင်သည်။ ပိုမိုသေချာစွာ ထိုးဖောက်ဝင်ရောက်နိုင်လျှင် အရိုးများကိုပင် အပိုင်းပိုင်းပိုင်းဖြတ်နိုင်သည်။

လင်ချီးယဲ့သည် သူ့နောက်မှ လူ၏တားမြစ်အပျက်အစီးကို အပြည့်အဝ နားလည်သဘောပေါက်လိုက်သည်။ သူသည် အထူးသတ္တုဖြင့်ပြုလုပ်ထားသော အမဲလိုက်ဓားကို အကန့်အသတ်မရှိ ဖြိုခွဲကာ သတ်ပစ်ရန် ၎င်းတို့ကို ထိန်းချုပ်နိုင်သည်။ ယခုအခါ သူသည် 'ချွမ်း' နယ်ပယ်သာရှိပြီး သဲမှုန့်အရွယ်အစားအထိသာ ဓားကိုဖြိုခွဲရန် အသုံးပြုနိုင်သည်…

အကယ်၍ သူသည် မြင့်မားသောအဆင့်သို့ရောက်ရှိခဲ့ပါက ဓားကို နာနိုမီတာအရွယ် အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခွဲထုတ်ပြီး အနီးနားရှိ သက်ရှိပုံစံအားလုံးကို မမြင်နိုင်ဘဲသတ်ပစ်နိုင်မည်ဖြစ်သည်။

ဤအရာသည် အလွန်ကြောက်စရာကောင်းပြီး အဖျက်သဘောဆောင်သော တားမြစ်အပျက်အစီးတစ်ခုဖြစ်သည်။

လင်ချီးယဲ့၏ အရှက်ကွဲခြင်းကို ခံရပြီးနောက် ကျွမ်းချီက အမှန်တကယ် ဒေါသထွက်သွားတာကို တွေ့မြင်နိုင်သည်။

လင်ချီးယဲ့သည် ဤအရာအားလုံးကို လုံးလုံးလျားလျား သိရှိလိုက်သောအခါ အမဲလိုက်ဓား၏ဓားသွား ငွေရောင်အမှုန်များက သူ့နောက်သို့ ရောက်ရှိလာပြီး လင်ချီးယဲ့၏ ပတ်ပတ်လည်တွင် ပြန့်ကျဲလျက် ရစ်ပတ်နေသည်။

သူသည် လင်ချီးယဲ့၏ပတ်ပတ်လည်နေရာကို အောင်မြင်စွာ လွှမ်းခြုံပြီးသည်နှင့် လင်ချီးယဲ့သည် နောက်ဆုတ်ရန် နည်းလမ်းမရှိတော့ဘဲ ကျွမ်းချွီကြောင့် အစိတ်စိတ်အမြွှာမြွှာ ဖြတ်တောက်ခံရရုံရှိတော့သည်။

"ဟေး"

မုမု၏ပခုံးပေါ်ရှိ ဒုံးပျံလောင်ချာကို ထပ်မံပစ်ခတ်ခဲ့ပြီး ဒုံးပျံသည် ပြင်းထန်သောမီးဖြင့် ပေါက်ကွဲထွက်လာကာ ငွေရောင်အမှုန်အမွှားများကို ထိမှန်သွားသော်လည်း ဒုံးပျံ၏ သက်ရောက်မှုသည် ငွေရောင်အမှုန်အမွှားများ၏ တိုးတက်မှုကို အနည်းငယ်မျှသာ နှေးကွေးစေရုံဖြစ်ပြီး မကြာမီ ၎င်းတို့က ထပ်မံလိုက်မီသွားခဲ့သည်။ 

ဒီလိုသေးငယ်ပြီး သိပ်သည်းသော ဓားသွားအုပ်စုကို ဒုံးပျံများဖြင့် ကိုင်တွယ်ဖြေရှင်းလို့မရပါဘူး။

လင်ချီးယဲ့၏စိတ်အာရုံခံစားမှုထဲတွင် ဓားသွားငွေရောင်အမှုန်အမွှားတစ်စိတ်တစ်ပိုင်းသည် သူ့ရှေ့သို့ လွင့်ပျံသွားကာ ဝိုင်းဖွဲ့လုနီးဖြစ်နေပြီဖြစ်သည်။

လင်ချီးယဲ့၏ ဦးနှောက်သည် လျင်မြန်စွာ လည်ပတ်နေပြီး အခြေအနေမှာ အလွန်ဆိုးရွားနေပြီဖြစ်သော်လည်း သူ့မျက်လုံးများက တည်ငြိမ်မှုအပြည့်ရှိနေဆဲဖြစ်သည်။

ထိုကဲ့သို့သောအခြေအနေမျိုးတွင် အမှောင်ထုနတ်ဘုရားအပျက်အစီးသည် ထိုကြီးမားသောဧရိယာကို ရိုးရှင်းစွာ ဖျက်ဆီးနိုင်စွမ်းမရှိသည့်အပြင် ကြီးမားပြီး ဘက်စုံတိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် ဓားစွမ်းရည်များမှာ မည်သည့်အခန်းကဏ္ဍမှ ပါဝင်မည်မဟုတ်ပါ...

လင်ချီးယဲ့၏ မျက်လုံးများ တောက်ပလာပြီး တစ်ခုခုကို တွေးနေပုံပေါ်ကာ သူ့ပခုံးပေါ်မှ မံမီလေးကို ရုတ်တရက် ယူလိုက်ပြီး လဲချကာ သူ့အောက်ရှိ သေးငယ်သောမံမီလေးကို ဖိလိုက်သည်။

"ဒီလိုလုပ်တာက အကြံကောင်းမဟုတ်ဘူးဆိုတာ ငါသိပေမယ့် အခု တခြားနည်းလမ်းတော့ မရှိဘူး။ မင်းအပေါ်မှာ မူတည်တယ်၊ မုမု" လင်ချီးယဲ့က ကူကယ်ရာမဲ့ပြောသည်။

ဝိညာဉ်စာချုပ်၏ ချိတ်ဆက်မှုအောက်တွင် မုမုသည် လင်ချီးယဲ့၏ အဓိပ္ပါယ်ကို တခဏချင်း နားလည်သဘောပေါက်ခဲ့ပြီး သူ၏ရုပ်သွင်သည် လျင်မြန်စွာ ဖောင်းကားလာကာ မြေပြင်ပေါ်သို့ ဖိထားသော သူ့နောက်ကျောသည် ရုတ်တရက် ဖောင်းပွလာပြီး ဖောက်ခွဲရေး အထုပ်နှစ်ထုပ်ကို ထုတ်လွှတ်လိုက်လေသည်။

အဝေးတွင် ကျွမ်းချီသည် ဝိုင်းရံဖွဲ့စည်းထားသော ငွေရောင်အမှုန်အမွှားကို ကြည့်လိုက်ရာ သူ့နှုတ်ခမ်းထောင့်တွင် ပြင်းထန်သော အပြုံးတစ်ခု ပေါ်လာသည်။

"ဟေး"

ဗုန်း ဗုန်း

ဓားသွား၏ ငွေရောင်အမှုန်အမွှားများသည် လင်ချီးယဲ့ ပတ်ပတ်လည်တွင် ဖုံးလွှမ်းခါနီးတွင် မုမုကြီးကြောင့် မြေပြင်ပေါ်သို့ ဖိထားသော ဖောက်ခွဲရေး အထုပ်နှစ်ထုပ်သည် ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရွေ့စွမ်းအင်များက မုမုနှင့် လင်ချီးယဲ့ကို တိုက်ရိုက် မှုတ်ထုတ်ကာ ကောင်းကင်သို့ ပစ်လွှတ်လိုက်လေသည်။ ဓားသွားငွေရောင်အမှုန်အမွှားများ မဖုံးလွှမ်းခင် သူသည် မီးရှူးမီးပန်းများပစ်လွှတ်ပြီး ဒီနေရာကနေ ပြေးထွက်သွားသည်။

ဖောက်ခွဲရေးအထုပ်ပေါ်တွင် မုမုကြီးက ဖိထားပြီး ဖောက်ခွဲရေးစွမ်းအားကို လင်ချီးယဲ့က ထိရုံမျှသာဖြစ်သည်။ ဤယုံကြည်စိတ်ချရသော မုမုသည် လင်ချီးယဲ့အား ထိခိုက်မှုအားလုံးကိုခံယူရန် ကူညီပေးခဲ့သည်။

ပြင်းအားကြီးသော ပေါက်ကွဲမှုက မုမုကို ဒဏ်ရာရအောင် မပြုလုပ်နိုင်ပေ။ မုမု၏ နောက်ကျောရှိ မီးလောင်ထားသော ပတ်တီးများသည် လျော့ပါးသွားပြီး မူလအခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ထို့ကြောင့် လင်ချီးယဲ့သည် မုမုကြိပွေ့ဖက်ကာ ကောင်းကင်ယံတွင် လှပသော ပါရာပိုလာကိုဆွဲပြီး တောင်ထိပ်မှ တိုက်ရိုက်ပျံသန်းကာ အဝေးက တောင်ကြားဆီသို့ ကျဆင်းသွားခဲ့သည်။

ကျွမ်းချီသည် မယုံကြည်နိုင်လောက်သော မြင်ကွင်းကို ထိတ်လန့်စွာ ငေးကြည့်နေခဲ့ပြီး သူ့အသိများ ပြန်လည်ရရှိရန် အချိန်အတော်ကြာခဲ့သည်။

"လခွမ်း မင်းက ဒီလိုလည်း ကစားလို့ရသေးတာလား။"


တောင်တန်းများ တခြားဖက်တွင်။

ဗုန်း

ပေါက်ကွဲသံက တောင်ခြေရင်းမှာ ပဲ့တင်ထပ်ပြီး ဟိန်းဟောက်နေသော မီးနဂါးကြီးလို ကောင်းကင်မှာ မီးတောက်များ တဟုန်းဟုန်းတောက်လောင်နေသည်။ ပတ်ဝန်းကျင်သစ်ပင်များကို မီးတောက်များဖြင့် ပြင်းထန်စွာ လောင်ကျွမ်းစေခဲ့သည်။

သို့သော် နောက်အခိုက်အတန့်တွင် ပတ်ဝန်းကျင်လေထုကို တိုက်ရိုက် ဖယ်ရှားခဲ့ပြီး ကြောက်မက်ဖွယ်ရာ မီးတောက်များ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ပျက်စီးနေသော ဤတော၌ နေရာတိုင်းတွင် မီးလောင်လုနီးပါး သစ်ပင်များ ဝရုန်းသုန်းကား ရပ်နေကြသည်။ ဒီတောရိုင်းအလယ်မှာ ပုဆိန်တစ်ချောင်းကိုင်ထားသော လူကြီးတစ်ယောက်က နက်နဲသောတွင်းထဲကနေ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လာသည်။

"ကောင်လေး မင်းစွမ်းအားက နည်းနည်းအားနည်းနေသေးတယ်။"

TK Team (Chapter 190)