Chapter 189
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၈၉)


Chapter 189 (မံမီလည်း ရက်စက်ကြမ်းကြုတ်တယ်)

တိတ်ဆိတ်နေသော တောအုပ်ထဲတွင် လျှာထိုးဦးထုပ်ဆောင်းထားသည့် အမျိုးသားတစ်ဦးသည် တောအုပ်တစ်ခု၏ အလယ်ဗဟိုသို့ လှည့်ပတ်ကြည့်နေသည်။

"ဒီနေရာက အခုလေးတင် အငွေ့အသက်ထွက်လာတဲ့နေရာပါ…"

သူထိုင်ချလိုက်ပြီး အတွေ့အကြုံရှိသော မုဆိုးတစ်ယောက်လို ပတ်ဝန်းကျင်မြေဆီလွှာက လင်ချီးယဲ့၏ ခြေရာများကို ဂရုတစိုက် ရှာဖွေခဲ့သည်။

သူ၏အမည်မှာ ကျွမ်းချီဖြစ်ပြီး အမှန်မှာ သူသည် ယုံကြည်သူဖြစ်မလာခင် မုဆိုးတစ်ဦးဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် သူသည် တားမြစ်အပျက်အစီးကို မတော်တဆ နိုးထမိပြီး [ယုံကြည်သူများ] ထဲသို့ စုဆောင်းခြင်းခံရပြီး နတ်ဆိုးခေတ်၏ ထောက်ခံသူဖြစ်လာခဲ့သည်။

ကျွမ်းချီသည် သူ့ခန္ဓာကိုယ်ကို မြေပြင်ပေါ်တွင် ဖိထားရင်း ညင်သာစွာ ရှူရှိုက်လိုက်သည်။ မိုးရွာနေချိန်တွင် သဲလွန်စအများစုမှာ မျောပါသွားပြီး သာမန်လူများက ၎င်းတို့ကို နောက်တစ်ကြိမ် ခြေရာခံနိုင်ခြင်းမရှိခဲ့ပေ။ သို့သော် ကျွမ်းချီက ဘယ်တော့မှ သာမန်လူတစ်ယောက်မဟုတ်ခဲ့ပေ။ သူ၏ခြေရာခံစွမ်းရည်က နောက်စရာမဟုတ်ချေ။

မကြာခင်မှာပဲ လင်ချီးယဲ့ ထွက်သွားသော လမ်းကြောင်းကို သူတွေ့လိုက်သည်။

"နက်နဲတဲ့တောင်တန်းတွေထဲ ပြေးတယ်ပေါ့ ဟမ်… နုံအလိုက်တာ။" ကျွမ်းချီသည် လင်ချီးယဲ့၏ အစီအစဉ်ကို မြင်ပုံရပြီး သရော်ကာ သူထွက်သွားသော လမ်းကြောင်းအတိုင်း သူ့နောက်ကို လိုက်သွားခဲ့သည်။

သူ့လှုပ်ရှားမှုများက ပေါ့ပါးသွက်လက်ကာ သူ့လက်ချောင်းများက မမြင်နိုင်သော နက်နဲသည့် တောင်တန်းကို မမှီနိုင်ရင်တောင် သူ့အရှိန်က မနှေးကွေးသေးဘဲ စူးရှသော မျက်လုံးများက သူ့ပတ်ဝန်းကျင်ကို အမြဲ စောင့်ကြည့်နေသည်။

ရုတ်တရက် သူသည် တစ်စုံတစ်ခုကို တွေ့ရှိသွားပုံရပြီး ချက်ချင်း ရပ်တန့်သွားသည်။

သူ့မျက်လုံးများက သစ်ပင်တစ်ပင်၏ဘေးက မြေပြင်ပေါ်ကို မျက်စိမှိတ်ကျသွားပြီး မြေဆီလွှာထဲမှာ ထည့်ထားသော သစ်ခေါက်ကို မြင်လိုက်ကာ ပတ်ဝန်းကျင်မြေဆီလွှာက အလွန်အသစ်နေဆဲဖြစ်ပြီး ထည့်ထားတာ အချိန်မကြာလောက်သေးဘဲ သစ်ခေါက်ပေါ်တွင် ယောင်ဝါးဝါးရေးထားတာကို မြင်နိုင်သည်…

ကျွမ်းချီ၏ စိတ်ထဲတွင် သံသယတချို့ ပေါ်လာပြီး သိချင်စိတ်ဖြင့် သူသည် သစ်ပင်အခေါက်ဆီသို့ လျင်မြန်စွာ လျှောက်သွားပြီး ၎င်းပေါ်တွင် ရေးထားသည့်အရာကို ကြည့်ရန် လက်ဆန့်လိုက်သည်။

ကလစ်

ကျွမ်းချီသည် သစ်ပင်အခေါက်၏ဘေးရှိ မြက်ခင်းပြင်ပေါ်တွင် နင်းလျှောက်သွားကာ သူ့ခြေဖဝါးအောက်မှ ထွက်ပေါ်လာသော စက်သံကိုကြားလိုက်ရပြီး ခဏတာ ထိတ်လန့်သွားသည်။

ဗုန်း

စူးရှသောမီးသည် သူ့ခြေဖဝါးအောက်မှ ပြင်းထန်စွာ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံက သူ့တစ်ကိုယ်လုံးကို လေထဲသို့ တိုက်ရိုက် သယ်ဆောင်သွားပြီး ဆယ်မီတာအကွာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။

လေထဲတွင် သင်းပျံ့သော မီးလောင်နံ့ကို ရလာသည်။

"အဟွတ် အဟွတ် အဟွတ် အဟွတ်…" ကျွမ်းချီသည် မည်းနက်သောမီးလောင်ရာ သွေးကွက်များဖြင့် ဖုံးလွှမ်းထားကာ ပြင်းထန်စွာ ချောင်းဆိုးပြီး မြေပြင်မှ ဖြည်းညှင်းစွာ ထလာခဲ့သည်။ လူတစ်ကိုယ်လုံး ပေါက်ကွဲမှုဖြင့် ထိပ်တိုက်တွေ့ခဲ့သော်လည်း သူကတော့ အပြင်းအထန် ဒဏ်ရာရပုံမပေါ်ဘူး။

"သေစမ်း။ ဒီနက်နဲတဲ့ တောတောင်ထဲမှာ ဘာလို့ မြေမြုပ်မှိုင်းက ရှိနေရတာလဲ။ ဘယ်သူက ဒီလောက်ကောက်ကျစ်တာလဲ။" ကျွမ်းချီသည် သူ၏သွေးသံတရဲရဲ ညာလက်ကိုထိရင်း ဆဲဆိုလိုက်သည်။

'ချွမ်း' နယ်ပယ်ကို ရောက်သောအခါ တဟုန်ထိုး တက်လာသည့် စိတ်စွမ်းအားက ခန္ဓာကိုယ်ကို ဆက်လက် ရှင်းလင်းပြီး "စူပါလူသား" ဖြစ်လုနီးပါးအထိ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အားကောင်းစေသည်။ မြေမြုပ်မှိုင်းတစ်လုံးကို ဖိအားပေးထိမှန်ခံရရင်တောင် အသက်မသေနိုင်ပေ။

ထို့အတွက်ကြောင့် 'ချီ' နယ်ပယ်နှင့် 'ချွမ်း' နယ်ပယ်ကြားတွင် ကြီးမားသော ကွာဟချက် ရှိနေပါသည်။

ကျွမ်းချီသည် နာကျင်မှုကို တောင့်ခံပြီး ပေါက်ကွဲသွားသည့်နေရာသို့ လျှောက်သွားခဲ့သည်။ အခေါက်သည် ပြာမှုန်များအဖြစ်သို့ ကျရောက်သွားခဲ့ပြီး အခေါက်ပေါ်တွင် ရေးထားသည်များကို သူသိခွင့်ရတော့မည်မဟုတ်ပေ။ ဒါကို တွေးတောရင်း သူသည် ယင်ကောင်ကို စားမိသလို ခံစားလိုက်ရသည်။

နောက်ဆက်တွဲမပါဘဲ လူများ၏စူးစမ်းချင်စိတ်ကို နှိုးဆွပေးသည့် ဒီခံစားချက်က သူ့ကို အလွန်မပျော်မရွှင်ဖြစ်စေသည်။

ခပ်ဝေးဝေးတွင် တုတ်ခိုင်သောသစ်ကိုင်းပေါ်မှာ ပုန်းအောင်းနေသော လင်ချီးယဲ့၏ နှုတ်ခမ်းထောင့်များက အနည်းငယ်လှုပ်ယမ်းကာ သက်ပြင်းချလိုက်သည်။

"သေချာတယ် 'ချွမ်း' နယ်ပယ်ကလူတွေက လွယ်လွယ်နဲ့မသေဘူး။ မုမု မင်းအပေါ်မှာ မူတည်တယ်။"

လင်ချီးယဲ့သည် သူ့ဘေးနားက မံမီလေး၏ ခေါင်းကို ပုတ်ပြီး ပြောလိုက်သည်။

မုမု ဟု လင်ချီးယဲ့က မံမီလေးကို အမည်ပေးထားသည်။ တကယ်တော့ သူ့ကို တစ်ချိန်လုံး မံမီဟု ခေါ်၍မကောင်းဘဲ လင်ချီးယဲ့ကိုယ်တိုင်က နာမည်ပေးရာတွင် မကောင်းသောကြောင့် သူ့နာမည်ကို အလျင်စလိုဆုံးဖြတ်လိုက်သည်။

မုမုသည် ခေါင်းညိတ်လိုက်ပြီး သူ့ပခုံးပေါ်မှ ပတ်တီးများသည် ရုတ်တရက် ဖောင်းလာပြီး သေးငယ်သော ပခုံးပေါ်မှာ ကြီးမားသည့် ဒုံးပျံလောင်ချာကြီး ပေါ်လာသည်။

မုမုသည် ထောင့်ကို ဂရုတစိုက် ချိန်ညှိပြီး အဝေးမှ ကျိန်ဆဲနေသော ကျွမ်းချီကို ဒုံးပျံလောင်ချာဖြင့် ချိန်ထားသည်...

"ဟေး"

မုမုသည် သူ့လည်ချောင်းမှ တိုးညှင်းစွာ ညည်းတွားပြီး သူ့ပခုံးပေါ်ရှိ ဒုံးပျံလောင်ချာသည် ရုတ်တရက် မီးတောက်သွားပြီး မီးတောက်နေသော အမြီးပါသော ဒုံးပျံသည် ကျွမ်းချီဆီသို့ ဟိန်းဟောက်၍ သွားခဲ့သည်။

ဒုံးပျံပစ်လွှတ်တာကို မြင်လိုက်ရတော့ လင်ချီးယဲ့သည် ဘာမှမပြောဘဲ မုမုကို သူ့ပုခုံးပေါ်တင်ကာ လှည့်၍ထွက်ပြေးသွားသည်။

ကျွမ်းချီသည် မြေမြုပ်မိုင်းတွင်းမှ ယခုလေးတင် ပြန်လည်သက်သာလာခဲ့ပြီး တခြားဒုံးပျံတစ်စင်းက သူ့မျက်နှာပေါ်သို့ ကျရောက်လာသောအခါတွင် သူ့မျက်လုံးများ မှုန်ဝါးသွားခဲ့သည်။

"သေစမ်း…"

ဗုန်း

လင်ချီးယဲ့သည် သူ့ပခုံးပေါ်တွင် မုမုသယ်ရင်း သူ့အသွင်အပြင်က သရဲတစ္ဆေကဲ့သို့ ရှေ့သို့ လွင့်မျောနေသည်။ သူ့အရှိန်မြန်လွန်း၍ မံမီလေးသည် သဲအိတ်ကဲ့သို့ အပေါ်အောက်ပျံသန်းနေခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် မီးခိုးမည်းကြီးတစ်ခုက မီးတောက်မှ ပျံထွက်လာပြီး သူ့လက်ထဲက အမဲလိုက်ဓားသည် ကခုန်နေသောမီးတောက်များကို ရောင်ပြန်ဟပ်ကာ ဟိန်းဟောက်နေရင်း လင်ချီးယဲ့နောက်ကို လိုက်သွားခဲ့သည်။

ကျွမ်းချီ၏အရှိန်က လင်ချီးယဲ့ထက် များစွာမြန်၏။ အတားအဆီးက သူ့ကို ပိတ်ဆို့ထားသော်လည်း လင်ချီးယဲ့၏နောက်သို့ လိုက်မီရန် စက္ကန့်ဆယ်ဂဏန်းမျှသာ ရှိသည်။

"သူခိုးလေး မင်းက သေလမ်းရှာနေတာပဲ။" ကျွမ်းချီ၏မျက်နှာတစ်ဝက်မှာ သွေးများရွှဲနေပြီး လင်ချီးယဲ့ကို အစိတ်စိတ်အမွှာမွှာခုတ်ဖြတ်လိုသည့်အတိုင်း သူ့မျက်လုံးများတွင် ဒေါသများပြည့်နေသည်။

သူ့အသွင်အပြင်က လင်ချီးယဲ့ကို လိုက်မီခါနီးတွင် လင်ချီးယဲ့က အော်လိုက်သည်။ "မုမု"

"ဟေး"

မုမု၏ ခန္ဓာကိုယ်အနှံ့ ပတ်တီးများ ဖောင်းပွလာပြီး သူ၏ နဂိုက သေးငယ်သော ခန္ဓာကိုယ်သည် နှစ်ဆကျော်ဖောင်းပွလာကာ လင်ချီးယဲ့၏ ပခုံးပေါ်တွင် တောင်ကဲ့သို့ လဲလျောင်းနေသည်။ တစ်ချိန်တည်းတွင် အနက်ရောင် သေနတ်ပြောင်းများသည် သူ့ခန္ဓာကိုယ်မှ ထွက်လာ၏။ အားလုံးက လေထုအလယ်မှ ကျွမ်းချီကို ချိန်ရွယ်ထားသည်။

"ဘာကြီးလဲ။" ကျွမ်းချီသည် ဤမြင်ကွင်းကို သူ့မျက်လုံးများဖြင့် မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။

လက်နက်အဖြစ် ပြောင်းလဲနိုင်တဲ့ မံမီလား။ ဒါကဘာလဲ။ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်လဲ။

၎င်းနှင့်ပတ်သက်၍ သူမစဉ်းစားမီ စက်သေနတ်များ၊ အော်တိုမက်တစ်ရိုင်ဖယ်များ၊ စနိုက်ပါရိုင်ဖယ်များ၊ ပစ္စတိုများ၊ အနီးပစ်သေနတ်များ၊ မတူညီသောပြောင်းဝများ၏ သေနတ်များမှ ကျည်ဆန်များ များပြားစွာ ထွက်ပေါ်လာသည်။

တောက်ပသော မီးရောင်သည် မှောင်မည်းနေသော တောနက်တစ်ထောင့်တွင် လင်းထိန်နေပြီး တစ်ချိန်တည်းတွင် ရာနှင့်ချီသော သေနတ်သံများ ကျယ်လောင်စွာ ပစ်ခတ်လာကာ ကောင်းကင်ယံ၌ မိုးခြိမ်းသံကိုပင် ဖိနှိပ်ထားပြီး နက်နဲသော တောင်တန်းများတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။

ဒတ် ဒတ် ဒတ် ဒတ်

ကျွမ်းချီ၏လက်ထဲတွင်ရှိသော အမဲလိုက်ဓားသည် ချက်ချင်းဆိုသလို တစ်စစီဖြစ်သွားပြီး ပျက်စီးသွားသော ဓားသွားများသည် လေပွေထဲတွင် ကြွေကျနေသော သစ်ရွက်ခြောက်များကဲ့သို့ဖြစ်နေပြီး သူ့တစ်ကိုယ်လုံးကို ကျည်ဆန်များ ဖုံးလွှမ်းသွားကာ အမဲလိုက်ဓားအပိုင်းအစများနှင့် ထိမိသွားပြီး တောက်ပနေသော မီးပွားစက်ဝိုင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။

အမဲလိုက်ဓား၏အပိုင်းအစသည် လှုပ်နေသောကျည်ဆန်များကို ပိတ်ဆို့ထားသော်လည်း ကျည်ဆံများစွာတွင် အရွေ့စွမ်းအင်ပါဝင်သည်။ လေထုအလယ်မှ ကျွမ်းချီ၏အသွင်အပြင်သည် ကျည်ဆန်ရေတံခွန်၏ဖိနှိပ်မှုအောက်တွင် တိုက်ရိုက်ကျရောက်သွားပြီး လင်ချီးယဲ့ဆီကနေ ချက်ချင်း ဝေးကွာသွားခဲ့သည်။

"ဓားကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲအောင် ထိန်းချုပ်လိုက်တယ်… ဒါကတားမြစ်ပစ္စည်းလား။ ဒါမှမဟုတ် သူ့ရဲ့တားမြစ်အပျက်အစီးလား။ တားမြစ်အပျက်အစီးဖြစ်ခဲ့ရင် ဒီဓားကိုပဲ ဖြိုခွဲနိုင်တာလား။ ဒါမှမဟုတ် သတ္တုအားလုံးကို ဖြိုခွဲနိုင်တာလား။" လင်ချီးယဲ့သည် စိတ်စွမ်းအားဖြင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ခံစားရပြီး ရှေ့ကို ပြေးရင်း မြန်မြန်တွေးလိုက်မိသည်။

ကျည်ဆံအားလုံးကို ပိတ်ဆို့ပြီးနောက် ကျွမ်းချီသည် အမဲလိုက်ဓား၏ အပိုင်းအစများကို ပြန်ယူခါနီးတွင် နောက်ထပ် မီးတောက်သော ဒုံးပျံတစ်စင်းက အရှေ့မှ ပျံသန်းလာခဲ့သည်။

ဗုန်း

"သေစမ်း။ မင်းမပြီးသေးဘူးလား။" ကျွမ်းချီသည် သူ့အမဲလိုက်ဓားအပိုင်းအစားဖြင့် ဒုံးပျံပေါက်ကွဲတာကို ခုခံပြီး ဒေါသတကြီး အော်လိုက်သည်။

『TK: မံမီ(木乃伊) = ‘မုနိုင်ယီး’ လို့အသံထွက်ပါတယ်။ လင်ချီးယဲ့က ခေါ်ရအဆင်ပြေအောင် ‘မုနိုင်ယီး’(မံမီ) ထဲက ‘မု’ ကိုယူပြီး ‘မုမု’ လို့ခေါ်လိုက်တာပါ။』

TK Team (Chapter 189)