Chapter 188
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၈၈)


Chapter 188 (မီးလျှံမြေနဂါး)

"မရဘူး။" နည်းပြဟုန်က ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်ပြီး "မင်းက တခြားသုံးယောက်ကို အဝေးဆီ မျှားခေါ်မယ်။ သူတို့က 'ချွမ်း' နယ်ပယ် အစစ်တွေကွ။ အရင်လေ့ကျင့်ခန်းလုပ်တုန်းက လျှို့ဝှက်ဆန်းကြယ် 'ချွမ်း' နယ်ပယ်နဲ့ မတူဘူး။ လေ့ကျင့်ခန်းတုန်းက မင်း လျှို့ဝှက်ဆန်းကြယ် 'ချွမ်း' နယ်ပယ် နှစ်ယောက်ကို သတ်ပစ်နိုင်ခဲ့တာကြောင့် 'ချွမ်း' နယ်ပယ်ကို မထူးခြားဘူးလို့မထင်နဲ့။ သူတို့ထဲတစ်ယောက်က မင်းကို တစ်ဖက်သတ် အမှုန့်ကြိတ်ပစ်လို့ရတယ်။ 'ဟိုင်' နယ်ပယ်ရှိနေတာကို ပြောစရာတောင်မလိုဘူး။"

"ဒါပေမယ့် ဒါက တစ်ခုတည်းသောနည်းလမ်းပဲ" လင်ချီးယဲ့က တည်ငြိမ်စွာပြောသည်။ "ကျွန်တော့်ကိုယ်ကျွန်တော် ထုတ်ဖော်ဖို့ အစမပျိုးရင် သူတို့တွေ ဒီနေရာကို သေချာပေါက် ရှာတွေ့လိမ့်မယ်။" 

နည်းပြဟုန်သည် တစ်ခုခုပြောချင်နေသလို ပါးစပ်ဖွင့်လိုက်သော်လည်း လင်ချီးယဲ့က ဆက်ပြောသည်။

"ဒါ့အပြင် သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကျွန်တော့်မှာ ရည်ရွယ်ချက် မရှိပါဘူး။ သုံးနာရီကြာအောင် အချိန်ဆွဲနိုင်သရွေ့ တခြားနည်းပြတွေ ရောက်လာတဲ့အခါ အစပြုမှုက ကျွန်တော်တို့လက်ထဲမှာ ရှိနေမှာပါ။

ညဘက် တောထဲမှာ သူတို့ ကျွန်တော့်ကို ဖမ်းချင်ရင်… ဒီလောက်လွယ်မှာကို ကျွန်တော်စိုးရိမ်မိတယ်။"

လင်ချီးယဲ့သည် ခေါင်းမော့ပြီး သူ့မျက်လုံးများတွင် မကြုံစဖူးယုံကြည်မှုဖြင့် နည်းပြဟုန်ကို ခိုင်မာစွာ စိုက်ကြည့်နေသည်။

နည်းပြဟုန်သည် ခဏလောက် မှင်တက်သွားပြီး အဝေးရှိ တောင်တန်းများပေါ်မှ ပေါက်ကွဲသံများ ပိုမိုကျယ်လောင်လာသည်။ သူသည် အံကြိတ်ကာ "ကောင်းပြီ။ ဒါဆို မင်းပြောတဲ့အတိုင်းလုပ်မယ်။ မှတ်ထားနော်။ သူတို့နဲ့ ထိပ်တိုက်မရင်ဆိုင်နဲ့။ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ။"

လင်ချီးယဲ့က ခေါင်းညိတ်လိုက်သည်။ နည်းပြဟုန်က တုံ့ဆိုင်းမနေတော့ဘဲ ရှန်ချင်းကျူနှင့် တခြားသူဆီ ပြေးသွားသည်။ သူ့ခြေလှမ်းများလှမ်းလိုက်တိုင်း သူ့ကိုတွန်းပေးသော လျှို့ဝှက်ဆန်းကြယ်တွန်းအားတစ်ခုရှိနေသည်။ သူ့ခန္ဓာကိုယ်က လျင်မြန်စွာ လှုပ်ရှားနေကာ ခြေလှမ်းနှစ်လှမ်း သုံးလှမ်းလှမ်းရုံဖြင့် မီတာ ၁၀၀ အကွာကို ရောက်သွားပြီဖြစ်သည်။

ပိုင်လီဖက်တီးသည် နည်းပြဟုန်တစ်ယောက် အလွန်လျင်မြန်စွာ ပြေးသွားတာကို မြင်သောအခါ 'Fuck' ဟုအော်ဟစ်ရင်း သူ့ကိုလိုက်မီရန် တတ်နိုင်သမျှ သူ့နောက်သို့ ပြေးသွားခဲ့သည်။

သူတို့၏အသွင်အပြင်များသည် ညထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွားတာကို မြင်လိုက်ရသောအခါ လင်ချီးယဲ့သည် ရွာတွင် ကြာကြာမနေတော့ဘဲ တခြားဖက်သို့ ပြေးသွားသည်။ သူ့အသွင်အပြင်သည် သရဲတစ္တေကဲ့သို့ မှောင်မိုက်သော တောအုပ်ထဲကို ဖြတ်ပြေးသွားပြီး ရွာနှင့်လုံးလုံးဝေးရာတွင် မကြာမီ ပေါ်လာသည်။

အနေအထားရောက်လုနီးနီးကို မြင်လိုက်ရတော့ လင်ချီးယဲ့သည် အသက်ပြင်းပြင်းရှူရင်း သူ့မျက်လုံးများတွင် တောက်ပနေသော ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေပြီး ကောင်းကင်တမန်တော်၏နတ်စွမ်းအားကို သူ့ဆီကနေ လုံးဝထုတ်လွှတ်လိုက်သည်။

ဤတိတ်ဆိတ်သောတောင်တွင် ကောင်းကင်တမန်တော်၏နတ်စွမ်းအားက ထူးထူးခြားခြားထင်ရှားနေပါသည်။

ခဏအကြာမှည လင်ချီးယဲ့၏ မျက်လုံးများတွင် ရွှေရောင်သည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး သူ့လက်ကို ဆန့်တန်းကာ ဟင်းလင်းပြင်ကို ညင်သာစွာ ဖိလိုက်ရာ လှပသော မှော်စက်ဝိုင်းသည် လေထဲတွင် အလိုအလျောက် တည်ရှိနေလေသည်။

တခြားအတိုင်းအတာတစ်ခုမှ အာကာသအတက်အကျများသည် ပိုမိုပြင်းထန်လာပြီး မကြာမီတွင် လင်ချီးယဲ့၏ရှေ့မှာ ခပ်ပုပုမံမီလေး ပေါ်လာသည်။

မံမီသည် လျင်မြန်စွာ လှည့်ပတ်ကြည့်ပြီး ဒီတစ်ခါတော့ အခန်းထဲမှာ လက်နက်နှင့် မုန့်များ မရှိတာကို တွေ့လိုက်ရတော့ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့လိုက်သည်။

လင်ချီးယဲ့သည် မံမီလေး၏ ခေါင်းကို ကိုင်လိုက်ကာ အဝေးရှိ တောင်တန်းများကို ကြည့်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

"ငါ့ကိုသတ်ဖို့မလွယ်ပါဘူး..."


တိတ်ဆိတ်သောနက်နဲတောင်တန်းများတွင် လျှာထိုးဦးထုပ် ဆောင်းထားသည့် အသွင်အပြင်သည် တောအုပ်မှဖြတ်၍ ရွာနံပါတ် ၁ ဆီသို့ လျှောက်လာနေသည်။

ရုတ်တရက် နတ်စွမ်းအားလှိုင်းလုံးသည် တခြားဦးတည်ရာမှ ထွက်လာပြီး အရောင်အဝါက ကြယ်များကဲ့သို့ တောက်ပနေသည်။ သူသည် အနည်းငယ် သက်ပြင်းချပြီး ဖြည်းညှင်းစွာ ရပ်လိုက်သည်။

"ထူးဆန်းလိုက်တာ။ သူက ဒီရွာကို ကယ်ဆယ်ရေးလုပ်ဖို့ လာခဲ့တာလို့ မင်းပြောခဲ့တယ်မလား။ သူဘယ်လိုလုပ် အဲဒီနေရာမှာ ရှိနေတာလဲ…"

သူသည် မျက်လုံးမှိတ်ပြီး ခဏလောက် ဂရုတစိုက်ခံစားရင်း အခိုင်အမာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ အဲဒါက နတ်ဘုရားတွေရဲ့ ဖိအားပဲ။ အဲဒါသူပဲ။"

လင်ချီးယဲ့၏အရောင်အဝါပေါ်လာသောနေရာကို သူ၏စိတ်လှုပ်ရှားနေသောမျက်လုံးများဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။ "ဒီတစ်ခါ ငါ နတ်ဘုရားနှစ်ပါးရဲ့ ကိုယ်စားလှယ်ကို သတ်နိုင်ရင် [ယုံကြည်သူများ] ကြားမှာ နေရာတစ်နေရာ သေချာပေါက်ရလိမ့်မယ်။ ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ငါလုံလောက်အောင်ရခဲ့ပြီးပြီ။

ကိုယ်စားလှယ်လေးရေ မင်းရဲ့ကံကြမ္မာကို လက်ခံလိုက်ပါ။"

သူ့ခြေထောက်များကိုဖွင့်လိုက်ရာ သူ့အရှိန်က ယခင်ထက် အများကြီးပိုမြန်လာပြီး အငွေ့အသက်ထွက်လာသောနေရာသို့ သူတည့်တည့်ပြေးသွားသည်။

အလားတူ အခြေအနေမျိုးသည် တခြားသန်မာသူ 'ချွမ်း' နယ်ပယ်တွင်လည်း ဖြစ်ခဲ့သည်။

သို့သော် ချွင်းချက်တစ်ခုတော့ ရှိသေးသည်။

ဤအခိုက်အတန့်တွင် ကျင်းနန်တောင်၏ တောင်ထွတ်တစ်ခု၏ တောင်စောင်းမှာ လူတစ်ယောက်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ လင်ချီးယဲ့၏နတ်စွမ်းအားများ ထွက်ပေါ်လာသည့်နေရာကို ကြည့်လိုက်သည်။

"မင်းက တခြားသူတွေကို ကာကွယ်ဖို့ ကိုယ့်ကိုကိုယ် စွန့်စားချင်တာလား... နတ်ဘုရားနှစ်ပါးရဲ့ ဒီကိုယ်စားလှယ်က တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲ။"

သူသည် ဘယ်သောအခါမှ လှုပ်ရှားခြင်းမရှိသော 'ဟိုင်' နယ်ပယ်တွင် သန်မာသည့် သံသယရှိသူတစ်ဦးဖြစ်သလို လင်ချီးယဲ့က ထောက်လှမ်းမိသော သူတစ်ဦးလည်းဖြစ်သည်။ 

အကွာအဝေးက တောင်တန်းတွေဆီ လှမ်းကြည့်ပြီး သူသည် လှုပ်ရှားရင်ကောင်းမလား၊ မကောင်းဘူးလားဟု တုံ့ဆိုင်းနေသကဲ့သို့ သူ့မျက်လုံးများတွင် တုံ့ဆိုင်းမှုအရိပ်အယောင်ပေါ်လာသည်။ အချိန်ကြာပြီးနောက် သူသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

"ဒါက 'ချီ' နယ်ပယ် တစ်ခုပါပဲ။ အဲဒီအမှိုက်နည်းနည်းနဲ့ လုံလောက်သင့်တယ်။ အခု လက်ရှိကိစ္စက ပိုစိတ်ဝင်စားဖို့ကောင်းတယ်…"

သူ့ရှေ့က ဂူကြီးကို ပြန်လှည့်ကြည့်လိုက်တော့ တောင်ကြီး အသက်ဝင်လာသလို လှိုဏ်ဂူထဲကနေ ပြင်းပြင်းထန်ထန် မီးမှုတ်လာသည်။

ထူးဆန်းသော အလင်းတန်းတစ်ခုသည် ထိုလူ၏မျက်လုံးများတွင် ပေါ်လာပြီး "မမျှော်လင့်ဘဲ ဒီအမည်မသိတောင်တန်းကြီးအောက်မှာ တကယ်ပဲ မီးလျှံမြေနဂါးအိပ်နေတာကို… မထင်မှတ်ဘဲ အမြတ်တစ်ခုပဲ။"


မှောင်မိုက်သောညတွင် နည်းပြဟုန်၏ခြေထောက်များသည် စူပါမင်းကဲ့သို့ပင် အပြာရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။ သူသည် တစ်ချက်တည်း လေထဲကနေ ဆယ်မီတာသို့ ခုန်တက်ကာ တောင်ထိပ်ကို ခြေလှမ်းသုံးလှမ်းဖြင့် တက်ခဲ့သည်။

ဤစွမ်းရည်ဖြင့် နည်းပြဟုန်သည် အစပိုင်းတွင် လင်ချီးယဲ့နှင့် တခြားသူများကို တောင်ပေါ်သို့ မခေါ်ဆောင်ခဲ့ပါက ရှစ်နာရီအောက် သို့မဟုတ် အနည်းဆုံး နှစ်နာရီအတွင်း ရွာနံပါတ် ၁ သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

ပေါက်ကွဲသံက နီးကပ်လာသည်နှင့်အမျှ အဝေးရှိ တောင်တန်းများမှ ထွက်ပေါ်လာသော ပြိုးပြိုးပြက်ပြက် တောက်လောင်နေသော မီးတောက်များကို သူမြင်နေရပြီဖြစ်ပြီး အထပ်ထပ်အခါခါ တောက်လောင်နေကာ ၎င်းတို့အားလုံးကို တခဏချင်း ငြိမ်းသတ်လိုက်ပြီး နောက်တဖန် လောင်ကျွမ်းနေသည်...

ရှန်ချင်းကျူကလွဲ၍ မည်သူမျှ ဒီလိုမျိုး မလုပ်နိုင်ပါ။

နည်းပြဟုန်၏မျက်နှာသည် ပိုလေးနက်လာပြီး သူသည် အနည်းငယ် ငုတ်တုတ်ထိုင်ချလိုက်ကာ သူ့ခြေထောက်ပေါ်ရှိ အပြာရောင်အလင်းတန်းများ ပြန်ပွင့်လာပြီး တိုက်ပွဲဆီသို့ ဦးတည်ကာ တောင်ထိပ်မှ ရုတ်တရက် ခုန်ဆင်းသွားသည်။

တောင်ထိပ်မှ သူသည် ပေါ့ပါးစွာ ပြုတ်ကျသွားပြီး တောင်ပေါ်မှ တစ်ဝက်တစ်ပျက် ဆင်းသက်လာသောအခါ လျှပ်စီးကဲ့သို့ပင် ထူထဲသော နွယ်ပင်များစွာ ပေါက်ထွက်လာကာ နည်းပြ ဟုန်၏ခြေထောက်ကို ချက်ချင်း ချည်နှောင်ပြီး ပြင်းထန်စွာ ဆွဲချလိုက်သည်။ 

မူလဟန်ချက်ပျက်သွားကာ ကြီးမားသောဆွဲငင်အားသည် ချက်ချင်းပင် အလယ်ဗဟိုသို့ပြောင်းသွားပြီး နည်းပြဟုန်၏ခန္ဓာကိုယ်ကို တောင်အလယ်ရှိ စမ်းချောင်းဘေးဘက်သို့ ပြင်းထန်စွာပစ်ချလိုက်သည်။

ဗုန်း

ခပ်မှိုင်းမှိုင်းရိုတ်ခတ်သံ ထွက်ပေါ်လာပြီး ကြီးမားသော ရိုက်ခတ်မှုအောက်တွင် ကျောက်စရစ်များစွာ လွင့်ထွက်သွားသည်။ နည်းပြဟုန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပြင်မှ ထလိုက်ပြီး နဖူးမှ သွေးများ စီးကျလာသည်။

ဝှီး

နည်းပြဟုန်၏ ခြေထောက်များကို ချည်နှောင်ထားသည့် နွယ်ပင်များသည် အားစိုက်ထုတ်ကာ ထပ်မံဆွဲလိုက်ပြီး လျင်မြန်စွာ သူ့ကို တောနက်ထဲသို့ ဆွဲခေါ်သွားသည်။ နည်းပြဟုန်သည် ဒဏ်ရာရသွားသော်လည်း လွန်စွာ ငြိမ်သက်နေဆဲပင်။ သူသည် လက်ပြန်ဖြင့် ကြယ်ဓားကို ဆွဲထုတ်ပြီး နွယ်ပင်ကို ချက်ချင်းဖြတ်လိုက်သည်။

သူသည် ခိုင်မာစွာ မတ်တတ်ရပ်ပြီး သူ့မျက်လုံးများက လင်းယုန်မျက်လုံးလို အမှောင်ထုကို စူးစူးရှရှ ကြည့်နေသည်။

"ငါက အစတုန်းက ကံဆိုးတဲ့ကလေးတစ်ယောက်ကို ဖမ်းချင်ပေမယ့် နည်းပြကို ဖမ်းမိမယ်လို့ မထင်ထားဘူး… ကျွတ် ကျွတ် ကျွတ်" သစ်ပင်ပင်စည်မှ အသွင်အပြင်တစ်ခု ဖြည်းညှင်းစွာ ထွက်လာသည်။ ဒီမတိုင်ခင်အထိ နည်းပြဟုန်သည် ဒီလူတွေကို တစ်ခါမှမမြင်ဖူးချေ။

ဤသည်မှာ အမှောင်ထဲတွင် ပုန်းအောင်းနေသော ရန်သူဖြစ်သည်။

နည်းပြဟုန်၏ မျက်နှာသည် တဖြည်းဖြည်း လေးနက်လာကာ သူ့ရှေ့မှ လူသည် သူ့ကိုဆွဲခေါ်လာသဖြင့် ရှန်ချင်းကျူနှင့် တခြားသူများကို အချိန်တိုအတွင်း ကယ်တင်ရန်မဖြစ်နိုင်တော့ပေ။ 

ပြဿနာတက်နေပြီ။

ဟိုးအဝေးက မထင်ရှားသော ထောင့်လေးတစ်ခုတွင်။

ဖက်တီးအသွင်အပြင်သည် တိတ်တဆိတ် ခေါင်းထွက်လာကာ စမ်းချောင်းဘေးတွင် ထိပ်တိုက်တွေ့နေသော လူနှစ်ယောက်ကို ကြည့်ပြီး သူ့မျက်လုံးများတွင် ရှုပ်ထွေးမှု အရိပ်အယောင်များ ရှိနေသည်။

"ငါနှေးနှေးပြေးတာ ကံကောင်းသွားတယ် မဟုတ်ရင် ငါ လမ်းတစ်ဝက်မှာ အတားခံရလိမ့်မယ်… ဒါပေမယ့် အခု ငါ နည်းပြကို အရင်ကူညီသင့်သလား ဒါမှမဟုတ် အစ်ကိုကျွိုင်းကို ကယ်သင့်သလား။"

သူသည် အေးဆေးတည်ငြိမ်သည့် ပုံပေါက်သော နည်းပြဟုန်ကိုကြည့်ပြီး အဝေးက ဆက်တိုက်ပေါက်ကွဲသံများကို ကြည့်ကာ စိတ်ထဲကနေ ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချလိုက်သည်။

"နည်းပြဟုန် ကျွန်တော် ခင်ဗျားကို မကူညီချင်တာမဟုတ်ပါဘူး။ ကျွန်တော် ခင်ဗျားရဲ့ခွန်အားကို ယုံကြည်လို့ပါ…"

ပိုင်လီဖက်တီးသည် ရှန်ချင်းကျူ တိုက်ခိုက်ရာအရပ်ဆီသို့ လျင်မြန်စွာ ပြေးရင်း အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

TK Team (Chapter 188)