Chapter 184
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၈၄)


Chapter 184 (ကယ်ဆယ်ရေး)

လင်ချီးယဲ့နှင့် တခြားသူများအတွက် ဤမြေပြိုမှုသည် ရှေ့သွားမည့်လမ်းစဉ်တစ်ခုမျှသာဖြစ်ပြီး သဘာဝဘေးဒဏ်ကြောင့် သူတို့၏တိုးတက်မှုကို မရပ်တန့်နိုင်ဘဲ သူတို့၏အခြေအနေများကို လျင်မြန်စွာ ပြင်ဆင်ပြီး သူတို့၏မူလလမ်းကြောင်းအတိုင်း ပြေးသွားခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် ရွာနံပါတ် ၁ နှင့် နီးကပ်လာသည်။

ရွှံ့အစွန်းအထင်းများသည် စစ်အင်္ကျီ၏မျက်နှာပြင်ကို အနက်ရောင်နှင့်ရောနှောနေသည်။ ဖိနပ်များက ပျော့ပျောင်းသော မြေဆီလွှာထဲသို့ ထပ်ခါထပ်ခါ နစ်မြုပ်သွားသောအခါ သူတို့က အပြင်းအထန် ဆွဲထုတ်ရလေသည်။ တောတွင်းမှ သစ်ရွက်ခြောက်များနှင့် ရွှံ့များက ဖိနပ်များတွင် ရောနှောနေပြီး ရှင်းမပြနိုင်လောက်အောင် အဆင်မပြေဖြစ်ခဲ့သည်။

အအေးမိခြင်း၊ ဆာလောင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နာကျင်ခြင်း... အမျိုးမျိုးသော အပျက်သဘောခံစားချက်များသည် သူတို့၏နှလုံးသားများကို ဖုံးအုပ်ထားသော်လည်း ပင်ပန်းသည်ဟု မည်သူမျှ မပြောချေ။

ဒီနှစ်လေ့ကျင့်ရေးပြီးနောက် သူတို့လည်း ကျင့်သားရနေပြီဖြစ်သည်။

သူတို့သည် လေ့ကျင့်ရေးစခန်းသို့ မဝင်မီက သာမန်လူများ မဟုတ်တော့ဘ ယခု သူတို့သည် ညကင်းစောင့်လူသားဖြစ်လာရန် ကျမ်းသစ္စာကျိန်ဆိုမည့် စစ်သားများပင် ဖြစ်သည်။

နည်းပြဟုန်၏ခါးပေါ်ရှိ walkie-talkie က မြည်လာပြီး သူလက်လှမ်းကာ walkie-talkie ၏တစ်ဖက်သို့ပြောနေစဉ် ရှေ့သို့ပြေးသွားခဲ့သည်။

ခဏကြာတော့ သူ့မျက်ခုံးများက တင်းကျပ်သွားသည်။

"နည်းပြဟုန် ဘာဖြစ်တာလဲ။" လင်ချီးယဲ့သည် နည်းပြဟုန်၏ အမူအရာ ပြောင်းလဲသွားတာကို သတိထားမိပြီး မေးလိုက်သည်။

နည်းပြဟုန်သည် ခဏမျှ နှုတ်ဆိတ်နေပြီး ဩရှရှအသံဖြင့် ပြောလိုက်သည်။ "ခေါင်းဆောင် ပျောက်နေတယ်"

"ပျောက်နေတာလား။" ပိုင်လီဖက်တီးက အံ့အားသင့်သွားသည်။

"လွန်ခဲ့တဲ့ ၈ နာရီလောက်က သူပျောက်သွားတာ။ နောက်ဆုံးတွေ့တဲ့လူက ယာယီကွပ်ကဲရေးဌာနမှာ နေတဲ့ နည်းပြနှစ်ယောက်ပဲ။ မူလက ခေါင်းဆောင်က ကယ်ဆယ်ဖို့ ရွာတစ်ရွာကို သွားတယ်လို့ သူတို့ထင်ခဲ့ပေမယ့် ရွာတိုင်းမှာ သူ့ကိုမတွေ့ဘူးလို့ပြောတယ်။"

"ဒါဆို သူတို့က ကျွန်တော်တို့ကို တွေ့လားလို့ လာမေးတာလား။"

"ဟုတ်တယ် ဒါပေမယ့် ရွာနံပါတ် ၁ ကို ငါတို့ မရောက်သေးတဲ့အတွက် အခြေအနေကို မသိသေးဘူး။" နည်းပြဟုန်သည် ခဏလောက် တွေးပြီး "ဒါပေမယ့် ခေါင်းဆောင် အရှိန်နဲ့ သူတကယ် ရွာနံပါတ် ၁ ကိုသွားရင်တော့ နှစ်နာရီတောင် ကြာမှာမဟုတ်ဘူး။ သူအခု အဲဒီကို ရောက်နေလောက်ပြီ။"

"ဒါဆို ကျွန်တော်တို့ ရွာနံပါတ် ၁ နဲ့ ဘယ်လောက်ဝေးသေးလဲ။" လင်ချီးယဲ့က မေးလိုက်သည်။

နည်းပြဟုန်သည် ခဏလောက်စဉ်းစားပြီး သူ့စိတ်ထဲမှာ မှတ်တမ်းတင်ထားသော မြေပုံကို နှိုင်းယှဥ်ပြီး ပြောသည်။ "ဒီအရှိန်နဲ့ နာရီဝက်လောက်ကြာလိမ့်မယ်။ ဒါပေမယ့် ငါတို့ပြေးနေတာကြာပြီ မင်းတို့ အနားယူချင်လား။"

"ကျွန်တော်တို့ရောက်ခါနီးနေပြီ" ချွေးတွေရွှဲနေသော ပိုင်လီဖက်တီးက အံကြိတ်ရင်း "မနားနဲ့။ တစ်ခါတည်း မြန်မြန်ပြေးမယ်။"

တခြားမည်သူမျှ ကန့်ကွက်ခြင်း မရှိသဖြင့် အားလုံးက အရှိန်မြင့်ကာ ရွာနံပါတ် ၁ သို့ ပြေးသွားကြသည်။

များမကြာမီပင် ပတ်ဝန်းကျင်သစ်ပင်များ တဖြည်းဖြည်းကျဲလာပြီး မြင်ကွင်းသည် ပို၍ကျယ်လာ၏။ အဝေးတစ်နေရာ၌ ရွှံ့ပြိုမှုများဖြင့် နစ်မြုပ်နေသော ရွာ၏ ထောင့်ချိုးတစ်ခု ထွက်ပေါ်လာသည်။

လူကိုးယောက်သည် အပျက်အစီးများရှေ့တွင် ရပ်တန့်ကာ အပြင်းအထန် မော့ဟိုက်နေကြသည်။ ချွေးများက မိုးရေစက်များဖြင့် ရောနှော၍ မြေပြင်ပေါ်သို့ ကျဆင်းလာပြီး စစ်အင်္ကျီအောက်ရှိ အင်္ကျီစများ လုံးလုံးလျားလျား စိုစွတ်နေခဲ့သည်။

"ခေါင်းဆောင်က ဒီကိုမလာဘူး။" နည်းပြဟုန်က အပျက်အစီးတွေကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ပြီး ပြောသည်။ "သူ တကယ် ပျောက်နေတယ်..."

"ခေါင်းဆောင်က 'ဟိုင်' နယ်ပယ်မှာ သန်မာတဲ့သူပဲ။ မတော်တဆမှုတော့ မဖြစ်လောက်ပါဘူး။ တစ်ခုခုကြောင့် သူ စောစောစီးစီး ထွက်သွားတာဖြစ်နိုင်ပါတယ်" တုန့်ဝေက မသေချာမရေရာ ပြောသည်။

နည်းပြဟုန်က အဖြေမပေးချေ။ ဒီတပ်သားသစ်များက ယွမ်ကန်း ဘယ်လိုလူစားလဲဆိုတာ သိပ်မသိကြပေမယ့် သူတို့တွေ၊ နည်းပြတွေကတော့ ကောင်းကောင်းသိသည်။ ဒီလိုအခြေအနေမျိုးမှာ ယွမ်ကန်းသည် ကယ်ဆယ်ရေးလုပ်နေသော သူတို့ကို စွန့်ပစ်ပြီး ထွက်သွားရန် လုံးဝမဖြစ်နိုင်ပေ။ တခြားအရာများကို လုပ်ဆောင်ရန် ဘာမှမပြောဘဲ သူထွက်သွားခဲ့သည်။

သူတို့မသိသော မတော်တဆမှု တစ်ခုခုတော့ ရှိသင့်သည်...

နည်းပြဟုန်သည် အသက်ပြင်းပြင်းရှူပြီး "အခုတော့ ထားလိုက်ပါ။ လူတွေကို ကယ်တင်ဖို့ အရေးကြီးတယ်။ မူလလုပ်အားခွဲဝေမှုအရ ကယ်ဆယ်ရေးကိုဖြန့်မယ်။ လူတိုင်း ကိုယ့်လက်နက်ကိုယ် ယူလာပြီး တစ်ခုခုမှားတာတွေ့ရင် ချက်ချင်းခေါ်လိုက်ပါ။"

"ဟုတ်ကဲ့။"

ကျန်လူရှစ်ဦးက အရပ်ရပ်သို့ ပြန့်ကျဲသွားသည်။ လင်ချီးယဲ့သည် သူ၏စွမ်းရည်များဖြင့် ဒုက္ခသည်များ၏ တည်နေရာကို ရှာဖွေရန် တာဝန်ရှိသည်။ ရှန်ချင်းကျူ၊ မော့လိ၊ ပိုင်လီဖက်တီး၊ တုန့်ဝေ၊ လီကျာ၊ လီလျန့်နှင့် နည်းပြဟုန်တို့က တူးဖော်ခြင်းနှင့် ကယ်ဆယ်ခြင်းတွင် တာဝန်ရှိသည်။ ဝမ်ချင်းချင်းသည် ဒဏ်ရာရသူများကို ကုသရန် တာဝန်ရှိသည်။

လင်ချီးယဲ့သည် ပြိုကျပျက်စီးနေသော ရွာများတလျှောက်တွင် လျင်မြန်စွာ လှည့်ပတ်သွားလာနေသည်။ အသက်ရှင်ကျန်ရစ်သူ တစ်ဦးကို သူတွေ့ရှိသည့်အခါတိုင်း မြေကြီး သို့မဟုတ် နံရံပေါ်တွင် 'ဖြတ်တောက်' ဟု ထွင်းထုရန် ကြယ်ဓားကို အသုံးပြုခဲ့သည်။

တားမြစ်အပျက်အစီးများကို လုံးလုံးလျားလျား အသုံးချခြင်းဖြင့် တခြားလူပေါင်းများစွာ၏ ကယ်ဆယ်မှု အရှိန်သည် အံ့ဩလောက်အောင် မြန်ဆန်ခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများကို သူတို့တွေ တစ်ယောက်ပြီးတစ်ယောက် ကယ်ဆယ်ပြီးနောက် ဝမ်ချင်းချင်း ကုသပေးသည့် မိုးဒဏ်ခံနိုင်သော ပျက်စီးနေသောအိမ်သို့ ပို့လိုက်သည်။

ရွာနံပါတ် ၁ သည် အရွယ်အစား မကြီးမားဘဲ တခြားရွာများထက် လူနည်းပြီး ယခုခေတ်တွင် တောင်ပေါ်၌ နေထိုင်လိုသူ အများစုမှာ သက်ကြီးရွယ်အိုများဖြစ်သည်။ အိမ်တွင် မျိုးဆက်ပေါင်းများစွာ ကြီးပြင်းလာခဲ့ပြီး ထွက်ခွာရန် ဆန္ဒမရှိသော လူငယ်အနည်းငယ်ရှိသည်။

ထို့အပြင် နံပါတ် ၁ ကယ်ဆယ်ရေးအဖွဲ့သည် နာရီဝက်မပြည့်မီတွင် အသက်ရှင်ကျန်ရစ်သူအားလုံးကို ကယ်ဆယ်နိုင်ခဲ့သည်။

"ကယ်‌ဆယ်ရေးအဖွဲ့ နံပါတ် ၁ က ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားပြီလို့ သတင်းပေးပို့ပါတယ်။ ရွာနံပါတ် ၁ မှာ အသက်ရှင်ကျန်ရစ်သူ ၁၇ ယောက်ရှိတယ်။ ပဏာမဆေးကုသမှု ခံယူပြီး နောက်ဆက်တွဲ ကယ်ဆယ်ရေးအဖွဲ့တွေကို စောင့်ဆိုင်းနေပါတယ်။"

နည်းပြဟုန်သည် အခြေအနေကို ယာယီဌာနချုပ်သို့ သတင်းပို့ရန် Walkie-talki ကိုအသုံးပြုခဲ့ပြီး မကြာမီ ဌာနချုပ်ထံမှ အတည်ပြုချက်ရရှိခဲ့သည်။

"ကယ်ဆယ်ရေးအဖွဲ့ရောက်လာဖို့ တစ်ရက်လောက်ကြာလိမ့်မယ်။ အဲဒီအချိန်အထိ ဒဏ်ရာရသူတွေကို ကာကွယ်ဖို့ ဒီမှာပဲနေရမယ်။" နည်းပြဟုန်သည် အုတ်ကျိုးများကိုမှီလျက် အနားယူနေသော လူများကို ခေါင်းလှည့်ပြီးပြောလိုက်သည်။

"ကယ်ဆယ်ရေးအဖွဲ့ရောက်ပြီးရင် ဘာလုပ်မှာလဲ။ ကျွန်တော်တို့က သူတို့နဲ့အတူ တောင်ပေါ်ကနေ ဆင်းရမှာလား။" ပိုင်လီဖက်တီးက မေးလိုက်သည်။

နည်းပြဟုန်က ခေါင်းခါပြသည်။ "မဟုတ်ဘူး။ သူတို့ရောက်လာတဲ့အခါ သူတို့နဲ့ ထိပ်တိုက်မတွေ့မိအောင် ငါတို့ဘာသာ တောင်ပေါ်က ဆင်းကြမယ်"

အားလုံးက ခေါင်းညိတ်လိုက်ကြပြီး ချက်ချင်း နားလည်သွားကြသည်။

သူတို့သည် တရားဝင်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ မရောက်ရှိမီ စောစောပိုင်း ကယ်ဆယ်ရေး လုပ်ဆောင်သည့် အဖွဲ့ဖြစ်ပြီး သူတို့သည် ညကင်းစောင့်လူသားအဖွဲ့အစည်းမှ ဖြစ်သည်။ တစ်နည်းအားဖြင့် ပုံမှန်ကယ်ဆယ်ရေးအဖွဲ့၏ အမြင်တွင် သူတို့သည် တည်ရှိခြင်းမရှိသော ကယ်ဆယ်ရေးအဖွဲ့ဖြစ်သည်။

ထိုအချိန်တွင် သူတို့သည် ပုံမှန်ကယ်ဆယ်ရေးအဖွဲ့နှင့်တွေ့ဆုံပါက ၎င်းက အလွယ်တကူ ပြဿနာဖြစ်စေနိုင်သည်။

အနက်ရောင် စစ်အင်္ကျီဝတ်ထားသည့် လူကိုးဦးသည် နံရံကိုမှီ၍ သူတို့ခေါင်းထက်က ကျိုးနေသော နံရံသည် လေနှင့်မိုးများ ပိတ်ဆို့ထားသော်လည်း မိုးစက်များက သူတို့အပေါ်ကို ကျဆင်းလာပြီး မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လျှောကျလာခဲ့သည်။

ပိုင်လီဖက်တီးသည် ခေါင်းငိုက်စိုက်ကျကာ အနည်းငယ် ခါယမ်းနေရင်း သူ့မျက်လုံးများကို သံလိုက်များဖြင့် ဆွဲဆောင်ထားပုံရပြီး အချိန်မရွေး ပိတ်ရန် အသင့်ဖြစ်နေချိန်တွင် တခြားဖက်မှ လီကျာ၊ တုန့်ဝေနှင့် တခြားသူများက အိပ်ပျော်သွားကြသည်။

သူတို့က အလွန်ပင်ပန်းနေသည်

အနားယူခြင်းမရှိဘဲ ပြင်းထန်သောပတ်ဝန်းကျင်တွင် ကိုးနာရီကြာ ပြေးလာပြီးနောက် သူတို့ရောက်လာသောအခါ သူတို့သည် အပြင်းအထန် ကယ်ဆယ်ရန် စတင်ခဲ့ပြီး သူတို့၏ခွန်အား အားလုံးနီးပါး ကုန်ဆုံးသွားသည်။ ဒီတပ်သာသစ်ရှစ်ဦးက အသက် ၂၀ အရွယ်သာရှိသေးကြောင်း သိရမည်။

မော့လိသည် ကောင်းကင်မှ အနည်းငယ်ကျလာသော မိုးရေများကို မော့ကြည့်ရင်း အနည်းငယ် ငေးမောနေသည်။ ရုတ်တရက် ခေါင်းတစ်လုံးက သူမပခုံးကို ထိလာသည်။ သူမသည် မသိစိတ်က ရှောင်ရှားရန် ပြင်ဆင်ထားသော်လည်း စစ်ဦးထုပ်အောက်မှ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို မြင်လိုက်ရသောအခါတွင် သူမရပ်တန့်လိုက်သည်။

ပိုင်လီဖက်တီးက အိပ်ပျော်သွားသည်။

သူ့ခန္ဓာကိုယ်က မော့လိ၏ပခုံးပေါ် ပြုတ်ကျတာကိုတောင် သတိမထားမိဘဲ အိပ်ပျော်နေခဲ့သည်။

မော့လိသည် သူ့မျက်နှာကို ကြောင်တောင်တောင်ကြည့်ရင်း သူမစိတ်ထဲတွင် ခဏလောက် ရုန်းကန်နေသော်လည်း သူမ သူ့ကို တွန်းဖယ်ရန် မရွေးချယ်သေးဘဲ သူမခန္ဓာကိုယ်ပေါ် မှီခွင့်ပြုလိုက်သည်။

သူမသည် နှုတ်ခမ်းကိုတွန့်ကွေးရင်း သည်းထန်စွာ ရွာသွန်းနေသော မိုးရေများကို လှည့်ကြည့်လိုက်ရာ သူမသည် တစ်ခုခုကို တွေးနေသကဲ့သို့ သူမမျက်နှာပေါ်တွင် နီမြန်းသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

အိပ်ပျော်နေစဉ် ပိုင်လီဖက်တီး၏ နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်လာသည်။

TK Team (Chapter 184)