Chapter 183
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၈၃)


Chapter 183 (အိပ်မက်ဆိုး)

ယွမ်ကန်းသည် ထိုပြုံးနေသော မျက်နှာကို မြင်လိုက်ရသောအခါတွင် သူ့အမူအရာက ပို၍ပင် မည်းမှောင်လာသည်။

"ဒါဆို ဒီငလျင်နဲ့ ရွှံ့မြေပြိုတာတွေက သဘာဝဘေးဒဏ်တွေ မဟုတ်ဘူးပေါ့။" ယွမ်ကန်းက လေးနက်သောအသံဖြင့် ပြောသည်။ "ကျင်းနန်တောင်ရဲ့ မြေငလျင်ပြင်းအားက ချန်းနန်မြို့ရဲ့ မြို့လယ်နဲ့ ဘာလို့အရမ်းကွာခြားရတာလဲလို့ ငါတွေးနေတာ။ လာကြည့်လိုက်တော့ မင်းရဲ့ဖန်တီးထားတဲ့ 'အိမ်မက်ဆိုးတွေ' ဖြစ်နေတာကို။"

ယိယွီသည် ညင်သာစွာ လက်ခုပ်တီးပြီး ပြုံးကာပြောသည်။ "ခေါင်းဆောင်ယွမ်က ငါထင်ထားသလို ချက်ချင်း ခန့်မှန်းနိုင်တာပဲ။"

"မင်းရဲ့ပစ်မှတ်က လင်ချီးယဲ့လား။" ယွမ်ကန်းက မျက်မှောင်ကြုတ်ပြီး "'ချီ' နယ်ပယ် လူသစ်တစ်ယောက်ကို မင်းလို ရှေး 'နတ်ဘုရား' က ကိုယ်တိုင်လှုပ်ရှားတယ်လား။"

"ဒါက ငါကိုယ်တိုင် လှုပ်ရှားတာလို့ ပြောလို့မရဘူး။ တကယ်တော့ ဒီမှာရပ်နေတဲ့ 'ငါ' က အိမ်မက်ဆိုးတစ်ခုသာဖြစ်ပြီး [ဝိညာဉ်ကြားခံ] အထူးတပ်ဖွဲ့ရဲ့ အဲဒီအရူးတွေက ငါ့ခန္ဓာကိုယ်ကို လိုက်ရှာနေတုန်းပဲ။" ယိယွီက ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။ "နံပါတ် ၂ အထူးတပ်ဖွဲ့ဆိုတဲ့အတိုင်း ငါ 'ခဲ့လိုင်ယင်း' ထဲဝင်ရောက်ပြီးကတည်းက ဒီလောက်အရှုပ်အထွေးမဖြစ်တာကြာပြီ။"
 
"ဒါဆို လင်ချီးယဲ့ကို တိုက်ခိုက်တဲ့ တခြားတစ်ယောက်ရှိနေတာလား။ မင်းရဲ့ [ယုံကြည်သူများ] လား။" ယွမ်ကန်းက ဒီစကား၏ အဓိကအချက်ကို နားလည်လိုက်သည်။

ယိယွီက ဘာမှ မပြောဘဲ ပြုံးနေလိုက်သည်။

"ငါပြောတာမှန်နေတာပဲ။" ယွမ်ကန်းက အေးဆေးတည်ငြိမ်စွာပြောသည်။ "မင်းငါ့ကိုထိန်းထားဖို့ ဒီ 'အိမ်မက်ဆိုးဖန်တီးမှု' ထဲပို့လိုက်တဲ့အဓိပ္ပါယ်က မင်းလွှတ်လိုက်တဲ့ ယုံကြည်သူတွေဟာ 'ဟိုင်' နယ်ပယ်ထက် မကျော်လွန်ဘူးဆိုတာကို ပြသနေတာပဲ။ ငါက မင်းအစီအစဉ်ကို အနှောင့်အယှက်‌ဖြစ်စေမှာလေ ဟုတ်တယ်မလား။"

"ရှန့်ကျင်းမြို့ရဲ့ ဒုခေါင်းဆောင် မင်းက ရဲရင့်ပြီး မိုက်မဲတယ်လို့ အားလုံးက ပြောကြတယ်။ ဒါပေမယ့် အခုတော့ ဒီလိုမဟုတ်ဘူးပဲ။" ယိယွီက ခံစားချက်ဖြင့် ဆိုသည်။" မင်းခန့်မှန်းတာမှန်လည်း အသုံးမဝင်ဘူး။ အခု ချန်းနန်မြို့ရဲ့ အသန်မာဆုံးမင်းက ပိတ်မိနေပြီး တပ်ဖွဲ့ ၁၃၆ က အထက်လူကြီးတွေရဲ့ အမိန့်အရ မြို့ထဲမှာပဲ တပ်စွဲထားပြီး ဒီနေရာကို လုံးဝလာမှာမဟုတ်ဘူး။ တပ်သားသစ်တစ်စုနဲ့ ရင်ဆိုင်ဖို့ 'ဟိုင်' နယ်ပယ်က အရည်အချင်းပြည့်မီနေပါပြီ။"

ဒီစကားကိုကြားတော့ ယွမ်ကန်း၏မျက်လုံးအိမ်များက ရုတ်တရက် ကျုံ့သွားသည်။ "ညကင်းစောင့်လူသားရဲ့ အထက်လူကြီးတွေ ထုတ်ပြန်တဲ့အမိန့်ကို မင်းဘယ်လိုသိတာလဲ။"

သူသည် စကားတစ်ခွန်းမှ မပြောဘဲ ရယ်မောနေသည်။

"ထင်ထားသလိုပဲ မင်းက [ယုံကြည်သူများ] ကို အဆင့်မြင့်ရာထူးတွေမှာ ထည့်သွင်းထားတာပဲ။"

"ဒါကအရေးမကြီးပါဘူး" ယိယွီသည် ဖြောင်းစင်းသော ဂီတမှူးကဲ့သို့ လက်ကိုဆန့်ကာ လေထဲတွင် ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ကောင်းကင်၊ မြေကြီး၊ တောင်များ၊ မိုးရေ... အရာအားလုံးသည် ၎င်းအလိုလို အသက်ရှိသွားသလို ပြင်းထန်စွာ တုန်ခါသွားသည်။ တစ်ချိန်တည်းမှာပဲ ယွမ်ကန်းသည် သူ့နှလုံးသားထဲတွင် မကြုံစဖူး အေးစက်သွားသလို ခံစားလိုက်ရသည်။

“ငါ့ရဲ့ 'အိပ်မက်ဆိုး'ထဲ ရောက်သွားပါ။" ယိယွီက တိုးတိုးလေး ပြောလိုက်သည်။


"ခေါင်းဆောင် ခေါင်းဆောင်"

နည်းပြသည် တဲထဲကနေ ထွက်သွားပြီး ပတ်ပတ်လည်ကို လှမ်းကြည့်ပေမယ့် ယွမ်ကန်းကို မတွေ့ခဲ့ဘူး။

"ထူးဆန်းလိုက်တာ ခေါင်းဆောင်ဘယ်သွားတာလဲ။ အခုပဲ ဒီမှာရှိနေတာကို..." နည်းပြက စိတ်ရှုပ်စွာ ခေါင်းကိုကုတ်လိုက်သည်။

"သူက ကယ်ဆယ်ဖို့ ရွာတစ်ရွာကို သွားတာများလား။" တခြားနည်းပြက မေးသည်။
 
"မသိဘူး" နည်းပြသည် ခေါင်းခါပြပြီး ခဏလောက်စဉ်းစားပြီးမှ ပြောလိုက်သည်။ "ခဏစောင့်လိုက်ပါ။ ပြီးရင် ကယ်ဆယ်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းလိုက်မယ်။ ဒီလိုအကျပ်အတည်းအချိန်မှာ ခေါင်းဆောင်က အကြောင်းပြချက်မရှိဘဲ မပျောက်သွားနိုင်ဘူး…"

"အင်း"


ကျင်းနန်တောင်။

မိုးသည်းထန်စွာရွာနေချိန်တွင် စစ်တပ်ယာဉ်တန်းတစ်စီးသည် တောင်ပေါ်လမ်းပေါ်ကို လျင်မြန်စွာ ရွေ့လျားနေသည်။ တောက်ပသောအလင်းရောင်များက မှုန်ဝါးဝါးမိုးရွာနေသည့် ကန့်လန့်ကာကို ထိုးဖောက်ဝင်ရောက်လာကာ ရှေ့မြင်ကွင်းကို မီတာများစွာအကွာအဝေးသာ မြင်တွေ့နိုင်ခဲ့သည်။

လင်ချီးယဲ့နှင့် တခြားသူများသည် ကားထဲတွင် ထိုင်ကာ သူတို့လက်ထဲတွင် ရှုပ်ထွေးနေသော မြေပုံကို ကြည့်ရင်း သူတို့၏တည်နေရာများကို အဆက်မပြတ် မှတ်တမ်းတင်ပြီး ရွာသို့ အသင့်တော်ဆုံး လမ်းကြောင်းကို ရှာဖွေနေသည်။

ဒုန်း

ရုတ်တရတ် ယာဉ်တန်းသည် ရပ်တန့်သွားကာ ယာဉ်သည် နောက်လူများကို လွင့်ထုတ်လုနီးပါးဖြစ်သွားသည်။ ယာဉ်သည် ရွှံ့ဗွက်လမ်းပေါ်တွင် တစ်ပိုင်းတစ်စ ကွေ့ပတ်ကာ တည်ငြိမ်စွာ ရပ်တန့်သွားသည်။

"ရှေ့မှာ မြေပြိုတာက လမ်းကို ပိတ်ဆို့ထားပြီး ကားက ဒီအထိပဲ မောင်းလို့ရတယ်။" ယာဉ်မောင်းနည်းပြက လှမ်းအော်သည်။

လင်ချီးယဲ့နှင့် တခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မြေပုံကို အမြန်ဖယ်ရင်း ကားပေါ်မှ လှည့်ဆင်းခဲ့ကြသည်။ နည်းပြဟုန်က ကားခေါင်းရှေ့ရှိ မှန်ကို ခေါက်လိုက်ပြီး "ဒီမှာ ရပ်လိုက်ကြရအောင်။ ငါတို့ အောက်လမ်းအတိုင်း ကိုယ့်ဟာကိုယ်လျှောက်သွားမယ်။" 
ပေါက် ပေါက် ပေါက် ပေါက်…

ကောင်းကင်မှ သိပ်သည်းသော မိုးရေစက်များ ကျဆင်းလာပြီး တိတ်ဆိတ်သော တောင်ကြားတွင် အဆက်မပြတ်မိုးသံများသာ ရှိပုံရသည်။ အနက်ရောင် စစ်အင်္ကျီများ ဝတ်ဆင်ထားသည့် လူတချို့သည် သူတို့နောက်ကျောက ကြယ်ဓားများဖြင့် ကားပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းကာ ရွှံ့တွေစင်လေသည်။ ဓား၏အနက်ရောင်သေတ္တာသည် တောနက်ကြီးဆီသို့ လျင်မြန်စွာ ပြေးသွားလေသည်။

သူတို့တွင် ကားမရှိသောကြောင့် လမ်းမကြီးပေါ်မှာ အချိန်ဖြုန်းနေစရာ မလိုတော့ပေ။ ဤလမ်းကို ကားဖြင့်သာ နံပါတ် ၁ ရွာကို အမြန်ရောက်ရန် သူတို့စီစဉ်ခဲ့သည်။ သာမာန်လူများအမြင်တွင် လက်ရှိရာသီဥတုဖြင့် ဒီလမ်းကိုသွားတာက သေလမ်းရှာသည်နှင့် ဘာမှမကွာခြားပေ။ ကွာခြားတာက သူတို့အတွက်တော့ မခက်ခဲပါဘူး။

လူကိုးယောက်သည် တန်းစီပြီး နက်နဲသော တောအုပ်များထဲကို မြန်မြန်ဆန်ဆန် လျှောက်သွားကြသည်။

ရှေ့က ပြေးနေသူသည် နည်းပြဟုန်မဟုတ်ဘဲ လင်ချီးယဲ့ဖြစ်သည်။ ယခုအခါ တိမ်တွေက နေကို ပိတ်ဆို့ထားပြီး တောထဲမှာ အလင်းရောင်က မိုးရွာနေတာကြောင့် အလွန်အမင်းမှုန်မှိုင်းနေကာ မိုးရေက အမြင်အာရုံကို ဖုံးထားပြီး သာမန်လူများက နှစ်မီတာအကွာတွင်ရှိသော သစ်ပင်များကို မမြင်နိုင်လောက်ပေ။ ဤအခြေအနေမျိုးတွင် တိုးတက်မှု သိသိသာသာ နှေးကွေးနေမည်မှာ သေချာပါသည်။

လင်ချီးယဲ့တွင် အတားအဆီးအားလုံးကို ကောင်းစွာရှောင်ရှားနိုင်သည့် [သေမျိုးနတ်ဘုရားနယ်မြေ] ရှိပြီး သူ့ကိုရှေ့ကနေ ပြေးခိုင်းကာ သူ့နောက်မှလူတိုင်းသည် သူ့အရှိန်အဟုန်အတိုင်း အရှိန်အပြည့်ဖြင့် ရှေ့သို့တက်လှမ်းရန်သာ လိုအပ်သည်။

လူတန်း၏အဆုံးတွင် နည်းပြဟုန်ရှိသည်။ သူသည် အဖွဲ့ထဲတွင် တစ်ဦးတည်းသော 'ချွမ်း' နယ်ပယ် အသန်မာဆုံးသူဖြစ်ပြီး သူက အလွန်အမင်းအတွေ့အကြုံရှိသည်။ အဆုံးတွင် သူရောက်ရှိနေခြင်းသည် လူတိုင်းအတွက် သံသယဖြစ်ဖွယ်မရှိဘဲ ကြီးမားသောလုံခြုံမှုကိုပေးစွမ်းသည်။

ဘယ်သူကမှ စကားမပြောသလို ဘယ်သူကမှ အော်ဟစ်ညည်းညူခြင်းမရှိပေ။ အများအားဖြင့် အငြိမ်မနေတတ်သော ပိုင်လီဖက်တီးပင် ဘာမှ မပြောဘဲ တိတ်ဆိတ်စွာဖြင့် ရှေ့ကို ပြေးသွားခဲ့သည်။

ယခုအချိန်က စကားစမြည်ပြောပြီး ညည်းညူရမည့် အချိန်မဟုတ်ပေ။ လူ့အသက်ကို… စနောက်လို့မရပါ။

စက္ကန့်တိုင်း သူတို့ရွာကို မြန်မြန်ရောက်ပါက သူတို့ နောက်ထပ်အသက်တစ်သက်ကို ပို၍ကယ်တက်နိုင်လိမ့်မည်။ သူတို့သည် ရှေ့ကို ဆက်သွားရန် အာရုံစူးစိုက်ပြီး စွမ်းအင်အနည်းငယ်တိုင်းကို ချွေတာရမည်။

သူတို့သည် တောအုပ်နှစ်ခုကိုဖြတ်၍ တောင်ကြားရှိ စမ်းချောင်းတလျှောက် ရှေ့သို့ ပြေးသွားခဲ့သည်။ မိုးရေများစုပုံမှုအောက်တွင် မူလက ပျော့ပျောင်းသော ချောင်းရေသည် ပြင်းထန်သောမြစ်ဖြစ်လာကာ ဆန့်ကျင်ဘက်သို့ စီးဆင်းလာခဲ့သည်။

ဝေါ…

တိမ်မည်းများကြားတွင် မိုးကြိုးများက လိမ့်တက်လာပြီး မြေကြီးနှင့် တောင်ကြားတစ်ဖက်ရှိ ကျောက်တုံးများကို မိုးရေက ဆေးကြောသွားကာ လိမ့်ဆင်းသွားပြီး မြေကြီးနှင့် ကျောက်တုံးများသည် အညိုရောင် လှိုင်းလုံးများကဲ့သို့ တဟုန်ထိုး ထွက်ကျလာကာ မိုးကြိုးနှင့်ရောနှောစွာ အော်မြည်နေရင်း ကျဉ်းမြောင်းသော တောင်ကြားဆီသို့ လိမ့်ဝင်သွားသည်။

လင်ချီးယဲ့သည် ဤမြင်ကွင်းကို အလျင်မြန်ဆုံး သတိပြုမိကာ ရုတ်တရက် ခေါင်းလှည့်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။ "ဘယ်ဘက်က မြေပြိုနေပြီ။"

မော့လိသည် လိမ့်လာသော မြေကြီးနှင့် ကျောက်တုံးများကို ဖြိုခွဲရန် တားမြစ်အပျက်အစီးကို အသုံးပြုဖို့ သူမ၏လက်ကို လျင်မြန်စွာ မြှောက်လိုက်သည်။ ရှေ့က ပိုင်လီဖက်တီးသည် ရုတ်တရက် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"မရဘူး။ တောင်ရဲ့ဖွဲ့စည်းပုံက အခုအရမ်းပျက်စီးနေပြီ။ [အရာခပ်သိမ်းကြိမ်နှုန်း] ကိုသုံးတာက သူတို့ရဲ့ပျက်စီးမှုနှုန်းကိုပဲ အရှိန်မြင့်ပေးလိမ့်မယ်။ ငါလုပ်လိုက်မယ်။"

သူ ရှေ့တစ်လှမ်းတိုးကာ သူ့ရင်ဘတ်ပေါ်ရှိ [‌ကျောက်စိမ်းအလင်းတန်း] သည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပလာသည်။ ရွှေရောင်အရိပ်များသည် လူကိုးဦး၏ ဘယ်ဘက်ရှိ ဟင်းလင်းပြင်နေရာပေါ်တွင် စုရုံးကာ ထူထဲသော ရွှေရောင်နံရံကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ကြီးမားသော အရွေ့စွမ်းအင်ကို သယ်ဆောင်ထားသော မြေကြီးနှင့် ကျောက်တုံးကြီးများသည် ရွှေရောင်နံရံ၏ မျက်နှာပြင်ကို ထိမှန်သွားသည်။ မျက်နှာပြင်ပေါ်တွင် ရွှေရောင်အလင်းတန်းသည် ထိတ်လန့်ဖွယ် လင်းလက်သွားပြီး နောက်ဆုံးတွင် ပြင်းထန်သောမြေပြိုကျမှုနှင့် ကျောက်တုံးများကို ပိတ်ဆို့ထားသည်။

အနက်ရောင် စစ်အင်္ကျီအောက်မှ ပိုင်လီဖက်တီးသည် သူ့လက်ကို တဖန် ဆန့်ထုတ်လိုက်ပြီး တောက်ပသော ရွှေရောင်အလင်းတန်းက သူ့ရင်ဘတ်ပေါ်ရှိ လည်ဆွဲဆီသို့ ပြန်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် ခါတိုင်းကဲ့သို့ သူမကြွားတော့ဘဲ လျင်မြန်စွာ အဖွဲ့ဆီပြန်သွားခဲ့သည်။ စကားတစ်လုံးမှမပြောလဲ ရှေ့ကိုဆက်သွားလေသည်။

သူ့နောက်တွင်ရှိနေသည့် မော့လိသည် သူ၏တိတ်ဆိတ်နေသောနောက်ကျောကို ကြောင်တောင်တောင် စိုက်ကြည့်နေသည်။ ဒီလိုမျိုးပိုင်လီဖက်တီးကို သူမပထမဆုံးအကြိမ်မြင်ဖူးပုံရပြီး သူမရင်ထဲတွင် ထူးဆန်းသောခံစားချက်တစ်ခု ထွက်ပေါ်လာသည်။

ဒီလိုမျိုးသူက… အတော်လေးမိုက်တယ်။

TK Team (Chapter 183)