Chapter 182
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၈၂)


Chapter 182 (ယိယွီ)

နံပါတ် ၇ ရွာ တာဝန်ခံ စစ်တပ်မှ အဖွဲ့ဝင်များနှင့် နည်းပြပေါင်းများစွာသည် အပျက်အစီးများ လျော့ပါးသွားသော ရွာဆီသို့ အပြေးအလွှား ရောက်ရှိလာပြီး တချို့မှာ သေဆုံးသူများ၏ တည်နေရာကို ရှာဖွေရန် တာဝန်ရှိကာ တချို့မှာ တူးဖော်ကယ်ဆယ်ရေးအတွက် တာဝန်ရှိသည်။ အနီးနားတွင် ယာယီကုသရေးစခန်းတစ်ခု တည်ထောင်ရန် တာဝန်ရှိသည်။

အရာအားလုံးသည် တင်းမာပြီး လေးလံသော လေထုထဲတွင် စနစ်တကျ ဖြစ်ပျက်နေခဲ့သည်။

မကြာခင်မှာပဲ တစ်စုံတစ်ယောက်က အပျက်အစီးများပေါ်မှာ ဒူးထောက်ထိုင်နေသော အမျိုးသားကို ကောက်ယူပြီး ကုသရေးစခန်းကို ခေါ်သွားရင်း အခြေအနေကို စိတ်ရှည်လက်ရှည် မေးမြန်းခဲ့သည်။ ထူထပ်သော မြေဆီလွှာကို နောက်လူတစ်စုက အမြန်တူးပြီး သူ့ဇနီးနှင့် မိဘများကို စတင် ရှာဖွေ ကယ်ဆယ်ခဲ့သည်။

ထိုလူသည် ဤမြင်ကွင်းကို ငေးစိုက်ကြည့်နေပြီး ထိန်းမနိုင်သိမ်းမရ မျက်ရည်များ စီးကျလာသည်။ အသက်သုံးဆယ်ကျော် အရပ်မြင့်မြင့် တောင့်တင်းသောဤလူသည် ပထမဆုံးအကြိမ် ကလေးကဲ့သို့ ငိုကြွေးနေလေသည်။

"ကျေးဇူးပြုပြီး… ကျေးဇူးပြုပြီး သူတို့ကို ကယ်ပေးပါ…"

"စိတ်မပူပါနဲ့" သူ့ကို ကျောပေါ်တွင်သယ်လာသော ကျန့်ကျုံးက လေးနက်စွာ ပြောလိုက်သည်။ "ဒါက ကျွန်တော်တို့တာဝန်ပါ။"

တခြားကားတန်းအများအပြားသည် ရွာတံခါးဝတွင် ရပ်တန့်ခြင်းမရှိဘဲ ဖြတ်သွားကာ တခြားရွာများဆီသို့ အရှိန်ပြင်းပြင်းဖြင့် မောင်းသွားကြသည်။

ကျင်းနန်တောင်ခြေရင်းတွင် နံပါတ် ၇ ရွာကဲ့သို့ အဖြစ်ဆိုး ခုနစ်ခုရှိသေးသည်။ အချိန်က သူတို့ကို လုံးဝရပ်တန့်ရန် ခွင့်မပြုပေ။

ကားတန်း၏အဆုံးမှာထိုင်နေသော လင်ချီးယဲ့သည် ငိုနေသောလူကို တိတ်တဆိတ်ကြည့်နေသည်။ ကားကထွက်သွားတော့ သူ့ငိုသံက သေးသထက်သေးငယ်လာပြီး အပျက်အစီးများ၏ ကောက်ကြောင်းက မိုးရေထဲမှာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

သူ မမြင်နိုင်တော့ပေမယ့် နာကျင်စွာ ငိုကြွေးနေသော လူ၏မြင်ကွင်းက လင်ချီးယဲ့၏ နှလုံးသားထဲမှာ စွဲကပ်နေပုံရပြီး အချိန်အကြာကြီး ဖယ်ထုတ်လို့မရပေ… သူ့နှလုံးသားက မွန်းကျပ်ပုံရပြီး ပြောမပြနိုင်လောက်အောင် စိတ်မသက်မသာ ခံစားခဲ့ရသည်။

ကားအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေ၏။

"ရွာ နံပါတ် ၅ က မကြာခင် ရောက်လာတော့တယ်။ နံပါတ် ၅ ကယ်ဆယ်ရေးအဖွဲ့က ဘတ်စ်ကားပေါ်ကနေ ဆင်းပြီး ပင်မတပ်ဖွဲ့ကနေ ခွဲထွက်ပြီး တောင်ပေါ်ကို တိုက်ရိုက် မောင်းမယ်။" နည်းပြဟုန်ကပြောရင်း အဝေးရှိ အုံ့မှိုင်းဆနသောရွာကိူ ကြည့်လိုက်သည်။

ယာဉ်က ရွာ နံပါတ် ၅ နှင့် ပိုနီးလာသည်။ ယခု ရွာ နံပါတ် ၇ နှင့် ယှဉ်ရင် ဒီမှာက ပိုတိတ်ဆိတ်သည်။

ငိုနေသောလူမရှိ၊ သူတို့ကြည့်ရာနေရာတိုင်းတွင် အသက်ရှင်ကျန်ရစ်သူ မတွေ့နိုင်ဘဲ ရွှံ့နွံထူထပ်သော ကျောက်တုံးများသည် သက်ရှိအားလုံးကို နစ်မြုပ်ထားပုံရပြီး မြေပြင်တစ်ပြင်လုံးတွင် ပြိုကျနေသော နံရံများသာ ကျန်တော့သည်။

ကားထဲတွင် တခြားတပ်သားများသည် လက်သီးများကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားကြောင်း လင်ချီးယဲ့ ရှင်းရှင်းလင်းလင်း ခံစားရပြီး သူတို့သည် တိတ်ဆိတ်နေသော အပျက်အစီးများကို မီးငြှိမ်းသတ်နိုင်သကဲ့သို့ သူတို့၏ မျက်လုံးများက စိုက်ကြည့်နေသည်။

ယာဉ်မရပ်တန့်မီ တစ်စုံတစ်ယောက်သည် ရုတ်တရက် ထရပ်ကာ ရွေ့လျားနေသော ကားတန်းပေါ်မှ ခုန်ဆင်းရင်း မိုးရေထဲကျသွားကာ အပျက်အစီးများဆီသို့ အမြန်ပြေးသွားခဲ့သည်။

"သာ့ရှရဲ့စစ်သားတွေ ဒီမှာရောက်နေပါပြီ။ သေမင်းတမန်ဆုတ်ခွာသွားပြီ။ ကျန်ရစ်သူတွေက… အသက်ရှင်ရမယ်။"

မိုးရေထဲမှာ အပျက်အစီးများတွင် သူ့အသံက ပဲ့တင်ထပ်နေသည်။ မည်သူနှင့် သူစကားပြောနေမှန်း မသိသော်လည်း တစ်စုံတစ်ယောက်က သူ့အသံကို ကြားနိုင်တယ်ဆိုတာ အမြဲလိုလို ခံစားရသည်။

ကြားလိုက်ရတာက မျှော်လင့်ချက်ကို မြင်တာနှင့်တူသည်။

သူတို့က ဒီလူများ၏ မျှော်လင့်ချက်ဖြစ်သည်။

လူတစ်ယောက် ခုန်ထွက်ပြီးနောက် ကျန်လူများက မထိုင်နိုင်တော့ဘဲ လက်သီးတွေကို ဆုပ်ကိုင်ကာ ကားပေါ်ကနေ ခုန်ဆင်းသွားသည်။ သူတို့သည် ခွန်အားရှိသမျှစုဆောင်းပြှး အပျက်အစီးများဆီသို့ ပြေးရင်း အော်ဟစ်ကြသည်။

"သာ့ရှရဲ့စစ်သားတွေ ဒီမှာရောက်နေပါပြီ။ သေမင်းတမန်ဆုတ်ခွာသွားပြီ။ ကျန်ရစ်သူတွေက… အသက်ရှင်ရမယ်။"

"သာ့ရှရဲ့စစ်သားတွေ ဒီမှာရောက်နေပါပြီ။ သေမင်းတမန်ဆုတ်ခွာသွားပြီ။ ကျန်ရစ်သူတွေက… အသက်ရှင်ရမယ်။"

"သာ့ရှရဲ့စစ်သားတွေ ဒီမှာရောက်နေပါပြီ…"

အပျက်အစီးများကြားတွင် အသံများ အဆက်မပြတ် ပဲ့တင်ထပ်နေသော်လည်း ယာဉ်သည်မရပ်ဘဲ ရွာကို ထောက်ပံ့မည့်သူများ အားလုံး ကားပေါ်မှ ခုန်ဆင်းသွားကြသည်။

လေထုကြောင့် ယာဉ်မောင်းသူ နည်းပြကို ကူးစက်နေပုံရသည်။ လူအားလုံး ကားအမိုးအောက်နေ ထွက်သွားပြီး ကားပေါ်မှလူ ၉ ယောက်သာကျန်တော့တာကို တွေ့လိုက်ရသည်နှင့် သူက အောက်ရှိ လီဗာကို နင်းလိုက်ပြီး အင်ဂျင်က အရှိန်ပြင်းစွာမြည်လာပြန်ပြီး ကျင်းနန်တောင်၏နက်ရှိုင်းရာသို့ ကားကိုအမြန်မောင်းသွားခဲ့သည်။


ကျင်းနန်တောင်ခြေရင်းတွင်။

ယာယီကယ်ဆယ်ရေးဌာနချုပ်။

ရိုးရှင်းသော စစ်ဘက်တဲတွင် နည်းပြနှစ်ဦးသည် ဂြိုဟ်တုခြေရာခံကိရိယာများကို ချိတ်ဆက်ထားပြီး အီလက်ထရွန်းနစ်ဆက်သွယ်ရေးကွန်ရက်ကို တပ်ဆင်ရင်း အလုပ်များနေသည်။ ယွမ်ကန်းသည် တဲတံခါးဝတွင် လက်နှစ်ဖက်နောက်ပစ်လျက် မတ်တတ်ရပ်ပြီး သူ့ရှေ့က ပြင်းထန်သောမိုးရေထဲတွင် နစ်မြုပ်နေသော ကျင်းနန်တောင်ကို ကြည့်ရင်း တိတ်ဆိတ်နေသည်။

"ခေါင်းဆောင် ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဆက်သွယ်ရေးပစ္စည်းအားလုံးကို ချိတ်ဆက်ထားပြီ။" နည်းပြတစ်ယောက်က ကိရိယာများကို ဂရုတစိုက် ချိန်ညှိကာ ပြောခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းပြီး ရွှံ့မြေပြိုမှုများကြောင့် အနီးနားရှိ အချက်ပြတာဝါတိုင်အများစု ပျက်စီးသွားကာ တောင်ပေါ်ရှိ ကယ်ဆယ်ရေးအဖွဲ့ကို ဆက်သွယ်ရန်အတွက် ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက်တစ်ခု ထူထောင်ထားရမည်ဖြစ်သည်။

"ကယ်ဆယ်ရေးအဖွဲ့အားလုံး အခြေအနေကို သတင်းပို့ပါ။" ယွမ်ကန်းက လေးနက်သောအသံဖြင့် ပြောသည်။

"ကယ်ဆယ်ရေးအဖွဲ့ နံပါတ် ၈ က ပစ်မှတ်ရွာကို ရောက်ရှိပြီး ကယ်ဆယ်ရေးတွေ စတင်နေပါပြီ။" 

"ကယ်ဆယ်ရေးအဖွဲ့ နံပါတ် ၇ က ပစ်မှတ်ရွာကို ရောက်ရှိပြီး ကယ်ဆယ်ရေးတွေ စတင်နေပါပြီ။"

"ကယ်ဆယ်ရေးအဖွဲ့ နံပါတ် ၆ က…"

"..."

"ကယ်ဆယ်ရေးအဖွဲ့ နံပါတ် ၁ က ပစ်မှတ်ရွာကို မရောက်သေးပါဘူး။"

နည်းပြဟုန်၏ အသံသည် နောက်ဆုံးတွင် ဆက်သွယ်ရေးကိရိယာမှ ထွက်ပေါ်လာသည်။ ကျင်းနန်တောင် အနက်ထဲတွင်ရှိသော ကယ်ဆယ်ရေးအဖွဲ့ နံပါတ် ၁၊ နံပါတ် ၂၊ နံပါတ် ၃ မှလွဲ၍ ကျန်အဖွဲ့များသည် အခြေခံအားဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ခဲ့ကြသည်။

ယွမ်ကန်းသည် ခေါင်းငုံ့ကာ တွက်ချက်မှုများအရ နံပါတ် ၂ နှင့် နံပါတ် ၃ သည် ပစ်မှတ်ရွာသို့ ၅ နာရီအတွင်းရောက်ရှိနိုင်သော်လည်း နံပါတ် ၁ ကယ်ဆယ်ရေးအဖွဲ့သည် အရာအားလုံးအဆင်ပြေနေရင်တောင် အနည်းဆုံး ၁၀ နာရီကြာလိမ့်မည်။

သူသည် တဲတံခါးဆီသို့ လျှောက်သွားကာ ကောင်းကင်တွင် မည်းမှောင်နေသော တိမ်များကို မျှော်ကြည့်လိုက်သည်။ လက်ရှိအခြေအနေအရ မိုးရေသည် အချိန်တိုအတွင်း ရပ်တန့်မည်မဟုတ်ပေ။ အချိန်အကြာကြီး မိုးရွာနေပါက နောက်တစ်ကြိမ် ရွှံ့မြေပြိုကျနိုင်ခြေရှိတာကို ဖယ်ထုတ်လို့မရဘူး။

ယွမ်ကန်းသည် လေးလေးနက်နက် တွေးတောနေချိန်တွင် တဲအတွင်းမှ ကိရိယာများကို ပြင်ဆင်နေသော နည်းပြနှစ်ဦး၏ စကားသံများသည် သေးငယ်လာပြီး တဲ၏ထိပ်ကို ရိုက်ခတ်လာသော မိုးရေစက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို သူ သတိမထားမိလိုက်ပေ။ မိုးရေစက်များ၏ လမ်းကြောင်းက ပို၍ မှုန်ဝါးလာကာ... သူ့ဘေးနားက အရာအားလုံးသည် တဖြည်းဖြည်း ဝေးကွာသွားသလိုပင်။

သူသတိပြန်ဝင်လာတော့ တဲထဲမှာရှိနေသော နည်းပြနှစ်ယောက်သည် လုံးဝပျောက်ကွယ်သွားပြီး ရွာသွန်းနေသောမိုးစက်များက ရပ်တန့်ခလုတ်ကိုနှိပ်လိုက်သကဲ့သို့ လေထဲမှာ အေးခဲသွားသည်။ တဲထဲမှာထိုင်နေသော နည်းပြနှစ်ယောက်က အကြောင်းတစ်ခုခုကြောင့် ပျောက်ကွယ်သွားသည်။

ဗလာနတ္ထိကမ္ဘာတွင် သူတစ်ယောက်တည်းကျန်ခဲ့၏။

တစ်နည်းဆိုရသော် ဘယ်အချိန်ကစ၍ မသိဘဲ ဤကမ္ဘာသည် သူသိသောကမ္ဘာမဟုတ်တော့ပေ။

ယွမ်ကန်းသည် တင်းကျပ်စွာ မျက်မှောင်ကြုတ်ရင်း ထူးဆန်းသောပတ်ဝန်းကျင်က သူ့ကို ပျာယာခတ်အောင်မလုပ်ဘဲ တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး တဲအပြင်ဘက်သို့ သူ့မျက်လုံးများကျသွားသည်။

မိုးကုပ်စက်ဝိုင်း၏ တစ်ဖက်စွန်းတွင် ရပ်တန့်ထားသော မိုးရေများကိုဖြတ်၍ အသွင်အပြင်တစ်ခုက ဤနေရာဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။

အနက်ရောင် tuxedo ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် သူ၏နောက်ကျောတွင် ပေါ့ပေါ့ပါးပါး ဆံပင်ရှည်ရှည်ချထားကာ ရင်ဘတ်ပေါ်တွင် ခရမ်းရောင် လေတံခွန်ရင်ထိုးကို တပ်ထားပြီး သူ၏ဆွဲဆောင်မှုရှိသောမျက်နှာတွင် ခပ်ရေးရေးအပြုံးရှိသည်။ မင်းမျိုးမင်းနွယ်လူကြီးလူကောင်းက အဆင့်မြင့်ဘောလုံးပွဲသို့ တက်ရောက်နေသလို ကျက်သရေရှိပြီး ယဉ်ကျေးပျူငှာသည်။

ဒီလူကိုမြင်တော့ ယွမ်ကန်း၏မျက်နှာက ချက်ချင်းမည်းမှောင်သွားခဲ့သည်။

"[ယိယွီ]"

ထိုလူသည် အံ့အားသင့်စွာ မျက်ခုံးပင့်ကာ ကျောက်စိမ်းကဲ့သို့ သူ့အသံက နူးညံ့သိမ်မွေ့သည်။ "ရှန့်ကျင်းမြို့တပ်ဖွဲ့ရဲ့ ဒုခေါင်းဆောင်ဖြစ်တဲ့မင်းက ငါ့ကိုသိနေလိမ့်မယ်လို့ မထင်ထားမိဘူး။"

"မင်းက အရမ်းမှတ်မိလွယ်တာကို။" ယွမ်ကန်းက တည်ငြိမ်စွာ ပြောသည်။ "အိမ်မက်ဆိုး၊ စိတ်ခြယ်လှယ်သူ၊ ရှေးနတ်ဘုရားကျောင်းမှာ အသက်အကြီးဆုံး 'နတ်ဘုရားသုံးပါး' ထဲက တစ်ပါး၊ ပြီးတော့ ယုံကြည်သူတွေရဲ့ စာချုပ်ကို ဖန်တီးသူ…

ဟုတ်ပါတယ် အရေးကြီးဆုံးအရာက မင်းရဲ့ရွံစရာကောင်းတဲ့ မင်းမျိုးမင်းနွယ်အပြုအမူပဲ။"

ယိယွီသည် ပြုံးကာ သူ၏ရှည်လျားကျဉ်းမြောင်းသော ဖီးနစ်မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းကာ "တကယ်ရိုင်းစိုင်းတာပဲ… ခေါင်းဆောင်ယွမ်"

TK Team (Chapter 182)