Chapter 109
Viewers 21k

🎶 Chapter 109



ယဲ့ဇယ်ရှစ် မိတ်ကပ်အား ဦးစွာ ဖျက်လိုက်ပြီး ထို့နောက် ရေကို ဖြေးညင်းစွာ စချိုးလိုက်သည်။


ရေချိုးနေစဥ်အတွင်း သူမနေနိုင်ဘဲ သူ့ကိုယ်သူ မှန်ထဲတစ်ချက် ကြည့်လိုက်သည်။


သူက ပိန်ပါးပြီး ခြေတံလက်တံရှည်လျားကာ သူ၏ခန္ဓာကိုယ်ကာ စံချိန်မှီ 37 အတိုင်းအတာပင်။


ဝမ်းဗိုက်ကို ထပ်ကြည့်လိုက်ရာ...


ဝမ်းဗိုက်ပိုင်းကတော့ ထားလိုက်ပါတော့...


အဆုံးတွင် ဝမ်းဗိုက်ကြွက်သားများက လူတိုင်း အလိုရှိတိုင်း မရနိုင်ပေ။ 


အိုး ဟုတ်သား... ရေသူမလိုင်းတွေရောပဲ...


ဒီလိုပုံပန်းသွင်ပြင်ဆို အဆင်ပြေသင့်လောက်တယ် မလား...


ယဲ့ဇယ်ရှစ် သူ့လက်မောင်းများကို ညှစ်ကြည့်လိုက်ပြီး စိတ်ကျေနပ်သွားပုံ ပေါ်၏။


ရေပိတ်ပြီးနောက် ရေချိုးတဘက်ကိုပတ်ကာ ယဲ့ဇယ်ရှစ် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ ထို့နောက် အခန်းတံခါးကို ဖွင့်လိုက်လေ၏။


ဟယ့်ကျင်းယွင်က အိပ်ပေါ်တက်ကာ လှဲလျောင်းနေပြီပင်။ အမျိုးသားက လှဲလျောင်းနေပြီး ဤနေရာရှိ သူ့လှုပ်ရှားသံများကို ကြားပုံ မပေါ်ချေ။


ယဲ့ဇယ်ရှစ်၏နှုတ်ခမ်းထောင့်များ တဖြည်းဖြည်း မြင့်တက်သွားပြီး သူ့နှလုံးသားက ပိုပိုမြန်ဆန်စွာ ခုန်လာခဲ့သည်။


ဟယ့်ကျင်းယွင်က ငါ့ကို စောင့်နေတယ်...


ပြီးတော့လည်း ငါ့ကိုကျောပေးထားတယ်...


သေစမ်း ဒီပုံက အရမ်းကောင်းလွန်းနေပြီဟ...


ယဲ့ဇယ်ရှစ် အသက်ပြင်းပြင်းတစ်ချက် ရှူပြီး ဟန်ပန်အပြည့်ဖြင့် ကပ်သွားကာ ခုတင်ပေါ် လှိမ့်ဝင်လိုက်ပြီး ပြောလိုက်သည်။

"အဟမ်း...ကျွန်တော် ရေချိုးတာ နည်းနည်းကြာသွားပြီး ခင်ဗျားကို စောင့်နေရအောင် လုပ်မိသွားတယ်..."


ဤအချိန်မှသာ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ယဲ့ဇယ်ရှစ် သတိထားမိလိုက်သည်။


ဘာလို့ ဟယ့်ကျင်းယွင်က ဘာမှမပြောတာလဲ...


ခင်ဗျား ရှက်နေတာလား...


ဤသို့တွေးလိုက်ပြီး ယဲ့ဇယ်ရှစ် ရုတ်တရက် နောက်တစ်ကြိမ် စိတ်လှုပ်ရှားသွားပြန်သည်။


မထင်ထားဘူး...ဟယ့်ကျင်းယွင်လည်း ရှက်သွားတတ်တာပဲ...


ယဲ့ဇယ်ရှစ် ချောင်းဖွဖွလေး ဆိုးလိုက်သည်။ သူ့မျက်နှာက ပူနွေးပြီး နီရဲပြီးသားဖြစ်သော်ငြား သူရှက်ရွံ့နေမှုကို သည်းခံကာ ပြောလိုက်သည်။

"ကျွန်တော်တို့ အဲ့ဒါကို လုပ်လိုက်ကြတော့လား..."


တစ်ဖက်က ဟယ့်ကျင်းယွင်ကမူ စကားမပြောသေးချေ။ 


ဤအချိန်မှသာ တစ်စုံတစ်ခုက လုံးဝကို လွဲချော်နေပြီဆိုသည်ကို ယဲ့ဇယ်ရှစ် နောက်ဆုံးတွင် သဘောပေါက်လိုက်သည်။


မဖြစ်နိုင်ဘူးမလား...


ဟယ့်ကျင်းယွင်က ငါ့ကို ဦးဆောင်ခွင့် ပေးလိုက်ပြီးတော့ ငါလုပ်ချင်ရာ လုပ်ခွင့်ပေးလိုက်တာ ဖြစ်နိုင်ပါ့မလား...


ယဲ့ဇယ်ရှစ် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် သူ မထိန်းထားနိုင်တော့ချေ။


သို့သော် ယဲ့ဇယ်ရှစ် အနားကို ပိုနီးကပ်လာချိန်၌ ရှည်လျားသည့် အသက်ရှုသံကို ကြားလိုက်ရသည်။


ယဲ့ဇယ်ရှစ် တောင့်တင်းသွားခဲ့သည်။


ဟမ်...


ဤအခိုက် ယဲ့ဇယ်ရှစ်က နောက်ဆုံးတွင် ဟယ့်ကျင်းယွင်၏မျက်နှာကို မြင်လိုက်ရသည်။ အိပ်ပျော်နေသည့်အလား အမျိုးသား၏ မျက်ဝန်းများက ပိတ်လျက်

ရင်ဘတ်က မှန်မှန် မြင့်လိုက်နိမ့်လိုက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။


အသံထွက်လျက်ကို အိပ်မောကျနေခဲ့သည်။


မှန်ပေ၏။ သူက အသက်ရှုသံထွက်ပြီးကို အိပ်မောကျနေလေ၏။


ယဲ့ဇယ်ရှစ် : "..."


ဖာ့ခ်ပဲ...


ခင်ဗျားပဲ အတူတူအိပ်မယ်လို့ မပြောခဲ့ဘူးလား...

%&%&%&%&ÂĽ#%#ÂĽ#@?


ဟယ့်ကျင်းယွင်က ဘယ်လိုလုပ်ပြီး တစ်ယောက်တည်းအရင် အိပ်သွားနိုင်ရတာလဲ...


ယဲ့ဇယ်ရှစ် ကြက်သေသေကာ မှင်တက်နေလေ၏။


အိပ်ရာပေါ် နှစ်မိနစ်မျှ ထိုင်ပြီးနောက် သူအိပ်မက်မက်နေခြင်း မဟုတ်သည်ကို ယဲ့ဇယ်ရှစ် နားလည်လိုက်သည်။


ဟယ့်ကျင်းယွင်က အမှန်တကယ် အိပ်ပျော်သွားခြင်းဖြစ်သည်။


သို့သော်ငြား ယဲ့ဇယ်ရှစ်က လက်မလျှော့ချင်သေးချေ။


ငါတို့ ဒီနေ့ပဲ နမ်းခဲ့တာလေ...


နမ်းပြီးတာနဲ့ မင်းက ငါ့ကို စိတ်မဝင်စားတော့ဘူးလား...


"ဟေး ဟယ့်လောင်ရှီး..."

ယဲ့ဇယ်ရှစ် အော်လိုက်သည်။


ဟယ့်ကျင်းယွင်က မလှုပ်ပေ။


"ဟယ့်လောင်ရှီးလို့..."

ယဲ့ဇယ်ရှစ်အသံက မြင့်တက်သွားသည်။


ဟယ့်ကျင်းယွင်က နောက်ဆုံးတွင် နိုးလာပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ့နံဘေးရှိ ယဲ့ဇယ်ရှစ်ကို မြင်လိုက်ရသည်။


"ချိုးပြီးပြီလား...အိပ်တော့လေ..."

ဟယ့်ကျင်းယွင် လက်ဆန့်ပြီး ယဲ့ဇယ်ရှစ်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ တီးတိုးလေး ပြောလိုက်သည်။

"အိပ်တော့နော်..."


ယဲ့ဇယ်ရှစ် : "...."

သေစမ်း အစခံလိုက်ရပြီ...


သူက တကယ်ကြီး အိပ်ဖို့ အဓိပ္ပါယ်နဲ့ ပြောခဲ့တာပဲ...အိပ်ဖို့ပဲ...


လုံးဝကို အခဲမကျေဘူး...


အသက်အနည်းငယ်ပြင်းပြင်းရှူပြီးနောက် ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင် အိပ်ပျော်နေသည် ဟူသောအချက်ကို လက်ခံလိုက်သည်။


သူ့ခါးပေါ်ရှိ အမျိုးသား၏လက်မောင်းအလေးချိန်က ယဲ့ဇယ်ရှစ်အား သူ၏လက်ရှိအခြေအနေအား သတိရစေပြီး ခေါင်းပြန်မော့လိုက်ချိန်တွင် ဟယ့်ကျင်းယွင်၏ အိပ်မောကျနေသောမျက်နှာက သူ့မြင်ကွင်းထဲ ဝင်လာခဲ့သည်။


ယခုလို အနေအထားမျိုးနှင့် ဟယ့်ကျင်းယွင်အား တိုက်ရိုက်ကြည့်ခြင်းက ယဲ့ဇယ်ရှစ်အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ နွေးထွေးသော အဝါရောင်အလင်းရောင်အောက်တွင် အမျိုးသား၏မျက်နှာသွင်ပြင်က ပို၍ပင် ထင်ရှားပြတ်သားနေကာ နှာတံက မြင့်မားပြီး မှိတ်ထားသော မျက်တောင်များက သူ့မျက်လုံးတစ်ဝိုက်က အနက်ရောင်ဖျော့ဖျော့ မျက်ကွင်းညိုများကို မဖုံးကွယ်ထားနိုင်ချေ။


ရုတ်တရက်ဆိုသလိုပင် ဟယ့်ကျင်းယွင်က ယမန်နေ့က အအင်္ဂလန်မှ ရှန့်ဟိုင်းအထိ ဝေးကွာလှသည့် လေယာဥ်ခရီးစဥ်ကို စီးခဲ့ရသည်ကို ယဲ့ဇယ်ရှစ် သတိရလိုက်သည်။ ထို့နောက်တွင် သူ့ကိုတွေ့ရန် ဟိုတယ်ကို ဦးဆုံးလာခဲ့ပြီး တွေ့ဆုံပွဲကျင်းပရာ နေရာကိုလည်း အမြန်သွားခဲ့ရသည်။


ယမန်နေ့ညက သူ အိပ်ရာမဝင်မီတွင် ဟယ့်ကျင်းယွင်ထံ မက်ဆေ့ချ်တစ်စောင် ပို့ခဲ့သော်လည်း မနက်ခင်း 4 နာရီမှသာ ပြန်စာတစ်စောင်ကို လက်ခံရခဲ့သည်။ မနက်ခင်း ကျင်းပရာနေရာသို့ ယဲ့ဇယ်ရှစ် ရောက်ချိန်တွင် ဟယ့်ကျင်းယွင်က သူ့အဝတ်အစားများကို လဲပြီးသွားပြီ ဖြစ်သည်။


အချိန်အတော်ကြာ ပရိုမိုးရှင်းတွေ့ဆုံမှုဖြစ်ပြီး ယဲ့ဇယ်ရှစ်အတွက် လွယ်လွယ်ကူကူ လုပ်နိုင်၍ ဧည့်ခန်းတွင်နေရန်သာ လိုပေသည်။


ပရိုမိုးရှင်းမစတင်မချင်း ယဲ့ဇယ်ရှစ် ပေါ်လာစရာ မလိုအပ်ချေ။


သို့သော်ငြား ဟယ့်ကျင်းယွင် အတွက်မူ ခြားနားပေသည်။ လူထုတွေ့ဆုံခြင်းအခမ်းအနားက တရားဝင်စတင်လာပြီး မီဒီယာများ တွေ့ဆုံပွဲအခန်းတွင်း မပြည့်မီတွင် အနားယူချိန်က အနည်းငယ်မျှသာ ရှိပေသည်။ 


ထိုအချိန်က သူက ဟယ့်ကျင်းယွင် ဘေးတွင်ထိုင်ပြီး သူနှင့်အတူ စကားများ ဖောင်ဖွဲ့ပြောဆိုခဲ့ပေသည်။


ပရိုမိုးရှင်းအခမ်းအနား ပြီးဆုံးသွားသည့် နောက်တွင်လည်း သူတို့နှစ်ယောက်က သူတို့၏ဆက်ဆံရေးနှင့်ပတ်သတ်ပြီး အလေးအနက် ပြောခဲ့ကြသေးသည်။


ဒီလို တွက်ကြည့်လိုက်ရင် ဒီလူ့မှာ အနားယူချိန် ဆယ်နာရီထက်တောင် မကျော်ဘူးပဲ ဟုတ်တယ်မလား..


ငါရေချိုးနေတုန်းမှာပဲ သူအိပ်ပျော်သွားတာ အံ့သြစရာမရှိတော့ပါဘူး...


ယဲ့ဇယ်ရှစ်၏နှုတ်ခမ်းထေင့်က ကွေးညွတ်သွားပြီး ဟယ့်ကျင်းယွင် ပိုင်ဆိုင်သည့် အငွေ့အသက်များကို လောဘတကြီး ရှူသွင်းလိုက်သည်။


ရှေ့သို့ အနည်းငယ် တိုးမှီလိုက်ပြီး အမျိုးသား၏ နှုတ်ခမ်းထောင့်လေးကို နမ်းရှိူက်လျှက် ယဲ့ဇယ်ရှစ် နူးညံ့ပျော့ပျောင်းစွာ ပြောလိုက်သည်။

"ကောင်းသောညပါ..."


အိပ်မက်မရှိသော ညတစ်ညပင်။


တံခါးခေါက်သံကြောင့် ဟယ့်ကျင်းယွင် နိုးသွားခဲ့သည်။


သူ အိပ်ရာထရန် ပြင်လိုက်ချိန် သူ့လက်မောင်းအား လေးလံသည့် အရာတစ်ခုဖြင့် ဖိထားခံရသည်ကို ခံစားလိုက်ရသည်။


ဟယ့်ကျင်းယွင် ခေါင်းငုံ့ပြီး တစ်ချက်ကြည့်လိုက်သည်။ သေချာပေါက် ယဲ့ဇယ်ရှစ် ဖြစ်နေသည်ပင်။


မှတ်ဥာဏ်များက ပြန်ရောက်လာပြီး သူအိပ်မပျော်မီတွင် လူတစ်ယောက်အား သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည့် မြင်ကွင်းကို သူသတိရသွားသည်။


သူ့နှုတ်ခမ်းထောင့်များက ဖြေးဖြေးချင်း ကော့တက်သွားကာ ငုံ့ကိုင်းလိုက်ပြီး ယဲ့ဇယ်ရှစ်နဖူးပေါ် ညင်သာစွာ တစ်ချက်နမ်းလိုက်သည်။


တိုးဖွသည့် တံခါးခေါက်သံနှစ်ချက်က တံခါးမှ ထွက်ပေါ်လောခဲ့သည်။


ယဲ့ဇယ်ရှစ် နိုးမသွားစေရန် သူ့ခေါင်းကို ညင်သာစွာ မလိုက်ပြီး ဟယ့်ကျင်းယွင် သူ့လက်မောင်းမား ဆွဲထုတ်သည်။ အဝတ်အစားများ ဝတ်ပြီးနောက် အိပ်ရာထဲမှ ထွက်လိုက်သည်။


တံခါးဖွင့်လိုက်ရာ ယွိရယ်က တံခါးပေါက်တွင် ရပ်လျက် မနက်စာကို လက်တစ်ဖက်ကိုင်ပြီး အခြားလက်တစ်ဖက်က ဖုန်းကိုကိုင်ကာ ဟယ့်ကျင်းယွင်အား ဖုန်းခေါ်ရမည်လားဟု တုံ့ဆိုင်းလျက် ရပ်နေသည်ကို မြင်လိုက်ရသည်။


ဟယ့်ကျင်းယွင်ကို မြင်ပြီး ယွိရယ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

"အစ်ကိုဟယ့်..."


ဟယ့်ကျင်းယွင် မနက်စာကို လှမ်းယူကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

"ငါ့ကို ဆယ်မိနစ်အချိန်ပေး...မင်အောက်ထပ်ကို ဆင်းပြီး ငါ့ကို အရင်စောင့်နေလိုက်..."


ယွိရယ် ခေါင်းညိတ်ပြီး လှည့်ကာ အောက်ထပ်ကိုဆင်းသွားလိုက်သည်။


ဟယ့်ကျင်းယွင်တံခါးကို ပိတ်ပြီး မနက်စာကို ချထားကာ အိပ်ခန်းထဲသို့ ဝင်သွားလိုက်ရာ ယဲ့ဇယ်ရှစ်က အိပ်ရာပေါ် အမှန်တကယ် ထိုင်ပြီးနေသည်ကို မြင်လိုက်ရသည်။


အနည်းငယ် တန့်သွားပြီးနောက် လမ်းလျှောက်သွားကာ အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

"ကိုယ်မင်းကို နိုးအောင် လုပ်မိသွားတာလား..."


ပထမတွင် ယဲ့ဇယ်ရှစ် ခေါင်းညိတ်လိုက်သော်ငြား ယခုထိ မနိုးသေးသည့်အလား တွေဝေငေးငိုင်စွာဖြင့် ခေါင်းကို ထပ်ခါလိုက်ပြန်သည်။


ဟယ့်ကျင်းယွင် ရယ်လိုက်သည်။

"နည်းနည်းလောက် ထပ်အိပ်ချင်သေးလား..."


ဟယ့်ကျင်းယွင်အသံကို ကြားပြီး ယဲ့ဇယ်ရှစ် နောက်ဆုံးတွင် အနည်းငယ် နိုးလာကာ ခေါင်းထပ်မခါမီ သမ်းဝေလိုက်သည်။

"ဘယ်အချိန်ရှိသွားပြီလဲ..."


ဟယ့်ကျင်းယွင် သူ့လက်ပတ်နာရီကို ကြည့်လိုက်သည်။

"6 နာရီခွဲ ...အစောကြီးရှိသေးတယ် မင်း ခဏလောက် ထပ်အိပ်ချင်သေးလား..."


"ခင်ဗျား ထတော့မှာလား..."

ယဲ့ဇယ်ရှစ် မဖြေဘဲ ထပ်မေးလိုက်သည်။

"ရိုက်ကွင်းကို သွားတော့မှာလား..."


ဟယ့်ကျင်းယွင် ခေါင်းညိတ်ပြီး သဘာဝကျစွာနှင့် ယဲ့ဇယ်ရှစ်ပေါ် အုပ်မိုးကာ သူ့နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။

"အင်း...မင်းနည်းနည်းလောက် ထပ်အိပ်ချင်သေးလို့လား..."


ရင်းနှီးသော အငွေ့အသက်က ပိုနီးကပ်သွားပြီး ယဲ့ဇယ်ရှစ်၏ဦးနှောက်က သူ့နှုတ်ခမ်းထောင့်က နွေးထွေးမှုကို သတိမပြုမိခင် သူ့ဦးနှောက်က တစ်ခဏမျှကြာအောင် မူးနောက်တွေဝေသွားသည်။


ယဲ့ဇယ်ရှစ် ရုတ်တရက်ဆိုသလို ယမန်နေ့ညက 'ဘာဖြစ်သွားလဲ'ဆိုသည်ကို တွေးမိသွားသည်။ သူ မျက်မှောင်ကြုတ်ပြီး သူ့လက်ကိုဆန့်ထုတ်ကာ အမျိုးသား၏ကော်လံကို တိုက်ရိုက်ဆွဲချပြီး သူ့ကိုယ်ပိုင်နည်းလမ်းကို သုံး၍ နမ်းလိုက်လေ၏။


ဟယ့်ကျင်းယွင်မှာ ယဲ့ဇယ်ရှစ်က သူ့ကိုထိန်းချုပ်ရန် အစပျိုးလုပ်ဆောင်လိမ့်မည်ဟု မမျှော်လင့်ထားဘဲ သူ့ခန္ဓာကိုယ်က အနည်းငယ် မတည်မငြိမ် ဖြစ်သွားကာ ယဲ့ဇယ်ရှစ်ပေါ် တစ်ဝက် ဖိမိလုနီးပါး ဖြစ်သွားခဲ့သည်။


ယဲ့ဇယ်ရှစ်က သူ့လက်ဖဝါးဖြင့် ထောက်ပြီး ခန္ဓာကိုယ်အား ထိန်းလိုက်ချင်သော်ငြား ၎င်းက နူးညံ့ပြီး ချောမွေ့နေ့သည့် မျက်နှာပြင် ဖြစ်နေလေ၏။ သူတစ်နေရာကိုရှာရန် ကြိုးစားလိုက်ချိန်တွင် လက်ချောင်းများက မညီညာသည့် အဖုအထစ် တစ်နေရာကို ဖျတ်ခနဲ ထိမိသွားသည်။ ယဲ့ဇယ်ရှစ် အင့်ခနဲ ညည်းလိုက်ကာ သူ့ခန္ဓာကိုယ်က တောင့်တင်းသွားပြီး မျက်လုံးများက အံ့သြမှုဖြင့် ပြူးကျယ်သွားသည်။


သူ ထရန် ရုန်းကန်တော့မည်ကို မြင်လိုက်ရသဖြင့် ဟယ့်ကျင်းယွင် သူ့လက်ကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။


နှစ်ယောက်ကြားက အကွာအဝေးက အနည်းငယ် ကွာသွားသဖြင့် ဟယ့်ကျင်းယွင် ယဲ့ဇယ်ရှစ်၏ခန္ဓာကိုယ် အပေါ်ပိုင်းက ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ရေချိုးတဘက်တစ်ထည်ကသာ သူ့ခန္ဓာကိုယ်အား ရစ်ပတ်ထားလေသည်။


သူ ယခုလေးတင် မတော်တဆ ဖိမိလိုက်သည့်အရာအတွက်ကမူ...

ဟယ့်ကျင်းယွင်၏ မျက်လုံးများ အနည်းငယ် နက်မှောင်သွားသည်။


ယဲ့ဇယ်ရှစ်က စောင်ကိုဆွဲပြီး သူ့ခန္ဓာကိုယ်ပေါ် ပတ်ထားလိုက်ပြီ ဖြစ်သည်။ ဤအချိန်တွင် ယဲ့ဇယ်ရှစ်၏မျက်နှာက ရှက်သွေးဖြာနေပြီးဖြစ်ကာ ဟယ့်ကျင်းယွင်အား ရှက်ရွံ့မှုဖြင့် ဒေါသတကြီး ကြည့်လိုက်သည်။


ဟယ့်ကျင်းယွင် တစ်ခဏမျှ ခေါင်းကိုက်သွားသည်။

"တောင်းပန်ပါတယ်..."


ငါက အဲ့လိုဆိုတာ မဟုတ်ဘူးလို့ ပြောချင်ပေမဲ့ တစ်ဖက်လူကက ငါ့ကိုသေချာပေါက် ယုံမှာ မဟုတ်ဘူးမလား...


သေချာသည်ပင်။ ယဲ့ဇယ်ရှစ် အေးစက်စွာ နှာရှုံ့ကာ ကိုယ်ကို လှည့်လိုက်သည်။

"မနက်အစောကြီးပဲ...မဂ္ဂဇင်းရိုက်ဖို့ သွားစရာမလိုဘူးလား..."


ဟယ့်ကျင်းယွင် ခပ်တိုးတိုး ရယ်မောကာ သူ့ဆံပင်အား ပွတ်သပ်ပြီး မတ်တတ်ရပ်လိုက်သည်။ ထို့နောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကောင်းပါပြီ...ဒါဆို ကိုယ်အရင် သွားဆေးကြောလိုက်ဦးမယ်...မင်း မနက်စာ အရင်စားပြီးမှ ပြန်အိပ်ချင်လား..."


ယဲ့ဇယ်ရှိ စကားမပြောခဲ့ပေ။ သို့သော် စောင်ပေါ်ကလက်များက ထပ်ပြီး တင်းကျပ်သွားခဲ့သည်။


ဟယ့်ကျင်းယွင် စကားပြောသည်ကို ရပ်လိုက်ပြီး ထကာ ရေချိုးခန်းသို့ အရင်သွားလိုက်သည်။


သူထွက်လာသည်ကို စောင့်ရင်းပင် ယဲ့ဇယ်ရှစ် အဝတ်အစား လဲလိုက်ပြီး အိပ်ရာဘေးတွင် အသက်ပြင်းပြင်းရှူလျက် ထိုင်လိုက်သည်။


ဟယ့်ကျင်းယွင် တစ်ခဏမျှ တန့်သွားသည်။

"မင်းလည်း အပြင်သွားတော့မလို့လား..."


ယဲ့ဇယ်ရှစ် သူ့အား ထူးဆန်းစွာ စိုက်ကြည့်လိုက်သည်။

"မဟုတ်ရင်ရော...ခင်ဗျားက ကျွန်တော့်ကို ခင်ဗျားနဲ့အတူ မလိုက်စေချင်ဘူးလား..."


ဤစကားများကိုကြားပြီး ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းထောင့်များက ကော့တက်သွားကာ ယဲ့ဇယ်ရှစ်ကို အပြုံးလေးတစ်ခုနှင့် ကြည့်လိုက်သည်။


ဟယ့်ကျင်းယွင်က သူ့အား ဤကဲ့သို့ ကြည့်နေသည်ကို မြင်လိုက်ချိန် ယဲ့ဇယ်ရှစ် သူ့ကျောတစ်လျှောက် ကြက်သီးမွေးညင်းများ ထလာသကဲ့သို့ ခံစားလိုက်ရပြီး မသက်မသာဖြင့် ပြောလိုက်သည်။

"ခင်ဗျား ဘာလို့ ကျွန်တော့်ကို စိုက်ကြည့်နေတာလဲ..."


ဟယ့်ကျင်းယွင် လမ်းလျှောက်လာကာ ယဲ့ဇယ်ရှစ် နံဘေးထိုင်ချလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

"ကိုယ်မင်းကို ထပ်နမ်းလို့ရလား..."


ပြောပြီးနောက် ယဲ့ဇယ်ရှစ် ငြင်းလိုက်သံကို မကြားချေ။ ထို့ကြောင့် ဟယ့်ကျင်းယွင် အရှေ့သို့ ယိမ်းလိုက်ကာ တစ်ဖက်သူအား နမ်းလိုက်သည်။


နမ်းပြီးနောက် နှစ်ဦးသား အနည်းငယ် လေပြတ်လပ်သွားသည်။ အခြေအနေက PG-13(အသက်၁၃နှစ်အောက် )အတွက် ပိုပိုပြီး မသေချာမရေရာ ဖြစ်လာသည်ကို မြင်လိုက်ရာ ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို အလျင်အမြန် တွန်းထုတ်ပြီး ပြောလိုက်သည်။

"ကျွန်တော် သွားဆေးကြောတော့မယ်..."


ထို့နောက် ရေချိုးခန်းထဲသို့ ပြေးတော့လေ၏။


ဟယ့်ကျင်းယွင် သူ့နှုတ်ခမ်းများကို လက်နှင့်ကာပြီး ရယ်မောလိုက်သည်။


မိနစ်အနည်းငယ်မျှကြာအောင် ရယ်မောနေပြီးမှ ဖုန်းကို ထုတ်ကာ ယွိရယ်ထံ မက်ဆေ့ချ် လှမ်းပို့လိုက်သည်။

"နောက်ထပ် ဆယ်မိနစ်လောက်ထပ်စောင့်ဦး..."


ယွိရယ် : "..."


ထို့ကြောင့် နောက်ထပ် ဆယ်မိနစ်ကြာပြီးနောက်တွင် ယွိရယ် ဖုန်းကို စိုက်ကြည့်ပြီး အချိန်က တစ်ကမ္ဘာလောက်ကြာသည်ဟု ခံစားရလုနီးပါးပင်။


အခု မိနစ်နှစ်ဆယ်တောင် ရှိသွားပြီးလေ...သူ ငါဘော့စ်ကို ဖုန်းဆက်ပြီး သတိပေးလိုက်သင့်လား...


ဒါပေမဲ့ ငါ့ဖုန်းခေါ်သံက အချိန်ကောင်းမဟုတ်လောက်ဘူးဟု ခံစားနေရတယ်...


ပြောရရင် သူတို့နှစ်ယောက်လုံးက ဒီမနက် တစ်ခန်းတည်း အိပ်နေကြတာလေ...


အဘယ့်ကြောင့်ဆိုသော် ဟယ့်ကျင်းယွင် တံခါးကိုဖွင့်လိုက်ချိန်တွင် အိပ်ခန်းက တံခါးကို မျက်နှာမူနေသောကြောင့် ယွိရယ်က ၎င်းကို ကြည့်ရန် မရည်ရွယ်ခဲ့ပေ။


ယွိရယ် သက်ပြင်းချလိုက်သည်။


အတိအကျ ဤအချက်ကြောင့်ပင် သူ မတိုက်တွန်းရဲခြင်း ဖြစ်သည်။


ဆယ်မိနစ်ကြာပြီးနောက်၊ နောက်ထပ်ဆယ်မိနစ်ကြာပြီးသည်အထိ ဟယ့်ကျင်းယွင် ဓာတ်လှေကားထဲမှ ထွက်မလာမီအထိ ယွိရယ် ကားထဲတွင် နာရီဝက်မျှကြာအောင် စောင့်ခဲ့ရသည်။ သို့သော် ယဲ့ဇယ်ရှစ်ကလည်း ဟယ့်ကျင်းယွင်နောက်မှ လိုက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။


ယွိရယ် မနေနိုင်ဘဲ မေးလိုက်သည်။

"ယဲ့လောင်ရှီးလည်း အတူတူသွားမှာလား..."


ဟယ့်ကျင်းယွင် ခေါင်းညိတ်လိုက်သည်။

"အင်း...မင်း စီစဥ်နိုင်လား..."


ယွိရယ် အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး တုံ့ပြန်လိုက်သည်။

"ရပါတယ်...ဒါဆို ကျွန်တော် မဂ္ဂဇင်းဘက်ကို တစ်ချက်ဆက်သွယ်ပြီး သူတို့ကို နားနေခန်းတစ်ခု သီးသန့်လုပ်ပေးဖို့ မေးလိုက်ပါ့မယ်..."



🎶🎶🎶