Chapter 108
Viewers 21k

🎶 Chapter 108



ယဲ့ဇယ်ရှစ် နှာခေါင်းရှုံ့ကာ မငြင်းလိုက်ပေ။


ဟယ့်ကျင်းယွင် ယဲ့ဇယ်ရှစ်ကို မတ်တတ်ရပ်ရန် ထူပေးလိုက်ပြီး နားနေခန်းအပြင်ကို မဆွဲခေါ်သွားမီ ယဲ့ဇယ်ရှစ်၏ဦးထုပ်နှင့် မက်စ်ကို ကောက်ပြီးဝတ်ပေးလိုက်သည်။


ဝရံတာအဆုံးကို လျှောက်လာပြီး နောက်ဆုံးတွင် နှစ်ယောက်သား သူတို့၏ဆုပ််ကိုင်ထားသော လက်များကို လွှတ်လိုက်ကြသည်။


ယွိရယ်က ကားပါကင်၏ ဓာတ်လှေကားတွင် အချိန်အတော်ကြာကတည်းက စောင့်နေခဲ့ခြင်း ဖြစ်သည်။ ဓာတ်လှေကားထဲမှ ယဲ့ဇယ်ရှစ်လည်း ထွက်လာသည်ကို မြင်လိုက်ချိန်တွင် သူ့မျက်ဝန်းများထဲမှ အံ့သြမှုများကို မဖုံးလိုက်နိုင်ခဲ့ချေ။ 


ကြည့်ရတာ တော်တော်ကို....မြန်တာပဲ..


ဟယ့်ကျင်းယွင် သူ့အမူအရာကို သတိထားမိသွားပြီး သူ့ခေါင်းကို ဖြည်းဖြည်းလေး ယမ်းပြလိုက်သည်။


ယွိရယ်က ဟယ့်ကျင်းယွင် ဆိုလိုသည်ကို ချက်ချင်းနားလည်သွားပြီး သူနားလည်ကြောင်းပြရန် ခေါင်းကိုအလျင်အမြန် ညိတ်ပြလိုက်သည်။


အဲ့ဒါလေးပဲကိုး...


ဟယ့်ကျင်းယွင်က မနက်ဖြန် မဂ္ဂဇင်းရိုက်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ဟိုတယ်အား ရိုက်ကူးရေးနေရာနှင့် ပိုနီးသော ဟိုတယ်ကို ပြောင်းလိုက်သည်။


ယွိရယ်က အဆင်မြင့်အခန်းကို ကြိုတင်ဘွတ်ကင်တင်ပြီးသား ဖြစ်သည်။ ထို့ကြောင့် ယခု မေးခွန်းတစ်ခုပေါ်လာခဲ့သည်။


ငါ နောက်တစ်ခန်း ဘွတ်ကင် ထပ်တင်လိုက်သင့်လား...


အချိန်အကြာကြီး တုံ့ဆိုင်းနေပြီးနောက် ယွိရယ်က ဟယ့်ကျင်းယွင်ကို ဦးဆုံး မေးရန် ဆုံးဖြတ်လိုက်သည်။


သို့‌သော် တိုက်ရိုက်မေးမည့်အစား ဟယ့်ကျင်းယွင်ထံ Wechat မက်ဆေ့ချ်ပို့ရန် ဆုံးဖြတ်လိုက်သည်။


နောက်ခန်းထဲတွင်ထိုင်နေသည့် ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်၏လက်ချောင်းများနှင့် ဆော့နေခဲ့သည်။ ယဲ့ဇယ်ရှစ် အနည်းငယ် စိတ်မရှည်တော့သော်လည်း သူ့လက်ချောင်းများကို တိုက်ရိုက်ကြီး ဆွဲထုတ်လိုက်သည်မှာ မကောင်းလှဟု ခံစားမိပေ၏။


ကံသီစွာဖြင့် ထိုအခိုက်တွင် ဟယ့်ကျင်းယွင်၏ဖုန်းက မြည်လာခဲ့ပြီး ယဲ့ဇယ်ရှစ်က သူ့လက်များကို လျင်မြန်စွာ ပြန်ဆွဲယူလိုက်သည်မှာ သိသာသွား၏။


ယဲ့ဇယ်ရှစ်ကြောင့် ဟယ့်ကျင်းယွင် တစ်ဖန် ထပ်ပြီးစိတ်ရွှင်မြူးသွားသော်လည်း ရွေးချယ်စရာမရှိဘဲ သူ့ဖုန်းအား ထုတ်လိုက်ရသည်။ ယွိရယ်၏မက်ဆေ့ချ်ကိုဖတ်ပြီးနောက် ဟယ့်ကျင်းယွင် မျက်ခုံးပင့်လိုက်သည်။


တစ်ခန်း ဒါမှမဟုတ် နှစ်ခန်း...


ကောင်းပြီ ဒါက ပြဿနာတစ်ခုပဲ...


ဟယ့်ကျင်းယွင် ခေါင်းလှည့်ပြီး သူ့နံဘေးရှိ ယဲ့ဇယ်ရှစ်ကို ကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ်မှာ ဟယ့်ကျင်းယွင်ကြောင့် အမှန်တကယ်ပင် စိတ်တိုနေခဲ့ပြီ ဖြစ်သည်။


ငါတို့ ခုမှတွဲဖြစ်သွားတာကို ဘယ်လိုလုပ် ဒီလူက အဲ့လောက် တွယ်ကပ်လာရတာတုန်း...


အဓိက ပြဿနာကတော့... ငါကလည်း အဲ့တာကို တကယ် ကြိုက်နေတာလို့...


ဒါပေမဲ့ ပတ်ပတ်လည်မှာ အခြားသူတွေရှိနေသေးတယ်လေ...


ဟယ့်ကျင်းယွင်က သူ့အား ထပ်ကြည့်နေသည်ကို မြင်ချိန်တွင် ယဲ့ဇယ်ရှစ်က အလွန်ရှက်ရွံ့သွားပြီး ရက်စက်ကြမ်းကြုတ်သည့် ပါးစပ်ပုံစံ လုပ်ပြလိုက်သည်။

"ခင်ဗျား ဘာကြည့်နေတာလဲ..."


ဟယ့်ကျင်းယွင် ရယ်မောလိုက်သည်။


မေ့လိုက်တော့ မမေးနဲ့တော့... ငါ ဆုံးဖြတ်လိုက်ပြီ...


နောက်တစ်စက္ကန့်တွင် ယွိရယ်၏ Wechat ကအသံမြည်လာခဲ့သည်။

"တစ်ခန်းဆိုရပြီ..."


×××××


ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်က ဟိုတယ်ခန်းကို ပထမဆုံး သွားလိုက်ပြီး ယွိရယ်က ယဲ့ဇယ်ရှစ်၏ ခရီးဆောင်အိတ်များကို ကူညီထုတ်ပိုးရန် အခြားဟိုတယ်ကို သွားလိုက်သည်။


ယွိရယ်က သူ့အိတ်များနှင့် ညစာကို ဟိုတယ်ခန်းထဲသို့ ပြန်ယူလာသည့် အချိန်မှသာလျှင် ယဲ့ဇယ်ရှစ်က လေးနက်သည့် ပြဿနာတစ်ခုကို နားလည်လိုက်သည်။


"ငါ့အခန်းက ဘယ်မှာလဲ..."

ယဲ့ဇယ်ရှစ် ယွိရယ်အား ကြည့်လိုက်သည်။


ယွိရယ်၏ခန္ဓာကိုယ်က ရုတ်ချည်းတောင့်ခဲသွားကာ သူ့ဘေးနားရှိ ဟယ့်ကျင်းယွင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။


ခင်ဗျားတို့နှစ်ယောက် အခုထိ အဲ့ဒါကို မဆွေးနွေးရသေးဘူးဆိုတာ ဖြစ်ရောဖြစ်နိုင်ရဲ့လား...


ဟယ့်ကျင်းယွင် မျက်ခုံးကို ဖြေညင်းစွာ ပင့်လိုက်ပြီး

ယွိရယ်ကို ဦးစွာထွက်သွားခိုင်းလိုက်သည်။


ယွိရယ် အိတ်နှင့်ညစာများကို ချထားလိုက်ပြီးနောက် အလျင်အမြန် ထွက်သွားလိုက်သည်။


ယဲ့ဇယ်ရှစ်က ယွိရယ်၏ထွက်ခွာသွားသည့် နောက်ကျေကို စိုက်ကြည့်နေပြီး ကြက်သေသေကာ ဟယ့်ကျင်းယွင်ကို မနေနိုင်ဘဲ မေးလိုက်သည်။

"ဟမ်...ခင်ဗျား သူ့ကို ကျွန်တော် အခန်းတစ်ခန်းလိုတယ်ဆိုတာ ပြောဖို့မေ့သွားတာလား..."


ဟယ့်ကျင်းယွင်က ပြန်မဖြေဘဲ ပြုံးကာ ထရပ်လိုက်ပြီး အိတ်များကို မာစတာအိပ်ခန်းတံခါးထဲ တွန်းပို့လိုက်သည်။ အဓိပ္ပါယ်က သိသာထင်ရှားပေသည်။


ယဲ့ဇယ်ရှစ်၏နှလုံးသားက ရုတ်တရက် ခုန်ပေါက်သွားသည်။


အဲ့ဒါက သငါ တွေးနေသလိုများလား...


သူလည်း ကားထဲတွင်ရှိသည်ကို ယွိရယ်မြင်ပြီး သူ့အား ကူညီပြီး ခရီးဆောင်အိတ် ထုတ်ပိုးရမည်ကိုလည်း ယွိရယ်က သိပေသည်။ ဆိုလိုသည်မှာ ယွိရယ်ကလည်း သိနေခြင်း ဖြစ်ရပေမည်။


သူ ဤနေရာသို့လာမည်ကို ယွိရယ် သိနေပြီးသားပင်။ သို့သော်ငြား အခန်းတစ်ခန်းကိုသာလျှင် ဘိုကင်တင်ခဲ့၏။


ဒါ ဟယ့်ကျင်းယွင် စီစဥ်ထားတာပဲဖြစ်ရမယ်...


ငါမေးလိုက်တဲ့အချိန် သူ အဲ့လောက် မြန်မြန်ထွက်ပြေးသွားတာ အံသြစရာ မရှိတော့ပါဘူးလေ...


ဒါပေမဲ့ ငါနဲ့ဟယ့်ကျင်းယွင်ရဲ့ တိုးတက်မှုက အရမ်းမြန်လွန်းနေသလားလို့...


ငါ လုံးဝကို အဆင်သင့် မဖြစ်သေးဘူးလေ...


ယဲ့ဇယ်ရှစ်၏ အမူအရာက အလွန်ရှုပ်ထွေးနေပြီး သူ့နှလုံးသားကလည်း စတင်၍ အရူးအမူး ခုန်ပေါက်လာခဲ့သော်လည်း ယာယီနောက်ပြန်ဆုတ်လိုက်လေ၏။


အဲ့ဒါ လုံးဝ ငါ့စတိုင်လ် မဟုတ်ဘူး...


ငါက ဘာကိုကြောက်နေရမှာတုန်း...


ယောကျ်ားတစ်ယောက်နဲ့ အိပ်ရုံပဲမဟုတ်ဘူးလား..ပြီးတော့ရော...အခုပဲ အဲ့ယောကျ်ားက သူ့ကောင်လေး ဖြစ်သွားပြီလေ...အဲ့ဒါက ပိုပြီးတော့တောင် မှန်သေးတယ်...


ယဲ့ဇယ်ရှစ် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ခုန်ပေါက်နေသော သူ့နှလုံးသားက အနည်းငယ် ငြိမ်သက်သွားသည်။ ဆိုဖာပေါ် ထိုင်လိုက်ပြီး ဖုန်းထုတ်ကာ သတင်းများကို စတင်စစ်ဆေးလိုက်တော့သည်။


မပြင်ဆင်ရသေးဘဲ တိုက်ပွဲမစနဲ့... အားလုံး အကွက်ချ မပြီးမချင်း မအိပ်နဲ့...

ဤသည်က ယဲ့ဇယ်ရှစ်၏ ဘဝဆောင်ပုဒ် ဖြစ်ပေ၏။


"မင်း ဘာလုပ်နေတာလဲ..."

ဟယ့်ကျင်းယွင် အခန်းထဲကထွက်လာပြီး သူ့နားလျှောက်လာလိုက်သည်။


ယဲ့ဇယ်ရှစ် နှလုံးသားက ခုန်ပေါက်သွားပြီး ဖုန်းကလက်ထဲက ပြုတ်ကျခါနီး ဖြစ်သွားသည်။


"ဘာမှမဟုတ်ပါဘူး..."

ဖုန်းကို ပြန်ဖမ်းပြီး'ပြီးချင်းပင် စခရင်ကို ပိတ်ပြီး အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။


"အပြစ်မကင်းစိတ်" ဟူသည့် စကားလုံးက သူ့မျက်နှာပေါ် ရေးထားလေ၏။


ဟယ့်ကျင်းယွင် ယဲ့ဇယ်ရှစ်၏မျက်နှာကို နက်နက်ရှိုင်းရှိူင်း တစ်ချက်ကြည့်လိုက်ရာ ထင်ထားသကဲ့သို့ပင် ယဲ့ဇယ်ရှစ်၏နီရဲတွတ်နေသော နားရွက်ထိပ်လေးများကို ထပ်မြင်လိုက်ရသည်။


သူ့မျက်ဝန်းထဲရှိအပြုံးက ပိုနက်ရှိုင်းသွားပြီး ၎င်းကို ဖုံးကွယ်ရန် ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ ဘာမှမဖြစ်သည်နှင့် မတူသော်လည်း ၎င်းက ချစ်သူနှစ်ဦးကြား လျှိူ့ဝှက်ချက် သေးသေးလေး ရှိသည်က ပုံမှန်ပင်။ ဟယ့်ကျင်းယွင်က ၎င်းနှင့်ပတ်သက်ပြီး မည်သည်မှ မမေးလိုက်ချေ။


"ညစာစားကြစို့..."

ဟယ့်ကျင်းယွင်က ပြောလိုက်သည်။


ယဲ့ဇယ်ရှစ် မတ်တတ်ထရပ်ကာ စားပွဲထံ ဖြေးဖြေးချင်း လျှောက်သွားလိုက်သည်။


လမ်ူးလျှောက်နေစဥ်မှာပင် သူ့နှလုံးသားထဲက စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။


သေစမ်း... ငါ နည်းနည်းလေး စစ်ဆေးကြည့်ရုံပဲကို ဒါပေမဲ့ အဲဒါက စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေတယ်လေ...


ဖော်ပြချက်အချို့ကို တွေးကြည့်လျက် ယဲ့ဇယ်ရှစ် ငါးလေးခြောက်ကို တစ်ကိုက် ကိုက်လိုက်ပြီး မနေနိုင်ဘဲ သူ့ဘေးနားရှိ ဟယ့်ကျင်းယွင်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ်၏ငေးကြည့်မှုကို သတိပြုမိသွားပြီး ဟယ့်ကျင်းယွင် မျက်လုံးပင့်ကာ သူ့အား ပြန်ကြည့်လိုက်သည်။ အမျိုးသား၏ပုံသဏ္ဍာန်က အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။ သူသာ ဂရုမစိုက်မိပါက ထိုဆွဲဆောင်မှုများထဲ လွယ်လွယ်ကူကူ ကျရှုံးသွားလိမ့်မည်ပင်။


"ဘာဖြစ်လို့လဲ..."

ဟယ့်ကျင်းယွင် အပြုံးလေးတစ်ခုနှင့် မေးလိုက်သည်။


သူ့မျက်နှာအနည်းငယ် ပူကျစ်လာသည်ကိုသာ ယဲ့ဇယ်ရှစ် ခံစားလိုက်ရသည်။ ထို့ကြောင့် အလျင်အမြန်ပင် အဝေးကို အကြည့်လွှဲလိုက်ကာ ဟယ့်ကျင်းယွင်၏ ခံ့ညားချောမောလှသော မျက်နှာတစ်ခြမ်းကိုသာလျှင် သူ့မြင်ကွင်းထဲ ချန်ထားလိုက်သည်။


"ဘာမှမဟုတ်ဘူး..."

ယဲ့ဇယ်ရှစ် ခြောက်ကပ်စွာ ပြောလိုက်သည်။


သေစမ်း...အရမ်းကို ဖြားယောင်းသွေးဆောင်နိုင်လွန်းတယ်...


အိပ်ရာထဲမှာ လှဲနေတဲ့ ဟယ့်ကျင်းယွင်ကို တွေးကြည့်...အဟွတ်အဟွတ်...


ရပ်လိုက်တော့...အဲ့ဒါကို ဆက်မတွေးစမ်းနဲ့...


ယဲ့ဇယ်ရှစ် ငါးလေးခြောက်ကို ထပ်ကိုက်လိုက်သည်။


အဲ့တော့ အဲ့ဒါ ဒီနေ့လား...


သူ ရုတ်တရက်ဆိုသလို မစောင့်နိုင်တော့ပေ။


ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်၏ တွေးတောနေသည့် အကြည့်ကို သတိမထားမိပေ။


ဟယ့်ကျင်းယွင် ဘေးနားရှိ ရေဘူးကိုကောက်ကာ ဖြေးညင်းစွာ တစ်ငုံသောက်လိုက်ပြီး ရဲရဲတင်းတင်းအပြုံးတစ်ပွင့်က သူ့နှုတ်ခမ်းထောင့်တွင် ပေါ်လာခဲ့သည်။


သူ ထင်ထားသည်ထက် ယဲ့ဇယ်ရှစ်က ပိုတက်ကြွနေပုံပေါ်ပေသည်။


အရမ်းကောင်းတယ်...


ဒါက ငါ ယဲ့ဇယ်ရှစ်ကို နည်းနည်းလောက် ပိုစနောက်လို့ရတယ်လို့ ဆိုလိုတာမလား...


ဟယ့်ကျင်းယွင် ရေဘူးကိုချပြီး တစ်ရှူးတစ်ရွက်ကို ယူကာ သူ့ပါးစပ်ကို ဖြေးညင်းစွာ သုတ်လိုက်ပြီး ယဲ့ဇယ်ရှစ်အား ပြုံးပြီး ပြောလိုက်သည်။

"ဒါဆို ကိုယ်ရေအရင် ချိုးလိုက်ဦးမယ်...မင်းကိုစောင့်နေမယ်နော်..."


ယဲ့ဇယ်ရှစ် ငါးလေးခြောက် သီးလုနီးပါး ဖြစ်သွားသည်။

"အဟွတ်..."


ဟယ့်ကျင်းယွင် ယဲ့ဇယ်ရှစ်ထံ ရေဘူးကို အလျင်အမြန် ကမ်းပေးလိုက်သည်။

"မင်းအဆင်ပြေရဲ့လား..."


ယဲ့ဇယ်ရှစ် : "အဟွတ် အဟွတ် အဟွတ်..."


ဟယ့်ကျင်းယွင် လှမ်းပေးသည့် ရေဘူးကိုယူပြီး ရေတစ်ငုံ သောက်လိုက်ပြီးမှသာ ယဲ့ဇယ်ရှစ် အနည်းငယ် ပိုကောင်းသွားလေ၏။


"အခု ပိုကောင်းသွားပြီလား..."

ဟယ့်ကျင်းယွင် မျက်မှောင်ကြုတ်ပြီး နောင်တ အနည်းငယ် ရသွားသည်။ သူ ယဲ့ဇယ်ရှစ်ကို မစလိုက်သင့်ချေ။


ယဲ့ဇယ်ရှစ် စိတ်ငြိမ်သွားပြီး ဟယ့်ကျင်းယွင်ကို လက်ယမ်းပြလိုက်သည်။

"မဟုတ်ဘူး...ကျွန်တော်အဆင်ပြေတယ်..."


ဟယ့်ကျင်းယွင် : " တကယ် အဆင်ပြေရဲ့လား..."


"အဆင်ပြေပါတယ်..."

ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို မကြည့်ရဲချေ။ 

"ကျွန်တော်က ဘာဖြစ်နိုင်မှာမို့လို့လဲ...ခင်ဗျား ရေအရင်သွားချိုးလိုက်ပါ..."


ယဲ့ဇယ်ရှစ်၏စကားများကို ကြားပြီး ဟယ့်ကျင်းယွင်အနည်းငယ် စိတ်သက်သာသွားသည်။


"ဒါဆို ကိုယ်ရေအရင်ချိုးလိုက်ဦးမယ်...မင်း ပြီးအောင်စားလိုက်ဦး..."

ရေဘူးကိုချပြီး ဟယ့်ကျင်းယွင် မတ်တတ်ထရပ်ကာ ရေချိုးခန်းသို့ သွားလိုက်သည်။


ယဲ့ဇယ်ရှစ် ဘယ်လိုဆက်စားနိုင်ဦးမှာလဲ...


ရေချိုးခန်းထဲမှ ရေတပေါက်ပေါက်ကျသံကို နားထောင်ရင်း ယဲ့ဇယ်ရှစ် လက်ဆန့်ကာ ပူနေသော မျက်နှာကို ပွတ်သပ်လိုက်သည်။


စိတ်လှုပ်ရှားစရာ အခိုက်အတန့်လေးက ရောက်လာတော့မည်ပင်။


ယဲ့ဇယ်ရှစ် ဖုန်းထုတ်ကာ မတိုင်မီက သူဖတ်၍မပြီးသေးသည့် စာမျက်နှာကို ဖွင့်ပြီး အကြောင်းအရာကို ဆက်ဖတ်လိုက်သည်။


သူ့ကိုယ်သူ မှားမမှတ်မိစေရန် စာကြောင်းများကို ပိုအလေးအနက် မှတ်နေသည်ထက် ယဲ့ဇယ်ရှစ် ရိုးရိုးရှင်းရှင်းပင် စာမျက်နှာတစ်ခုလုံးကို အလွတ်ကျက်လိုက်လေသည်။


သူ့သုတေသန ပြီးသွားပြီးနောက် ယဲ့ဇယ်ရှစ် သူ့တူများကို ချလိုက်ကာ အိပ်ခန်းထံ ခြေဖျားထောက်လျက် ပြန်သွားလိုက်သည်။


ဟယ့်ကျင်းယွင်က အိပ်ခန်းထဲရှိ ရေချိုးခန်းတွင် ရေချိုးနေကာ ရေကျသံများကို နားထောင်နေရင်း ယဲ့ဇယ်ရှစ် အိပ်ရာဘေးရှိ စားပွဲကို ညင်ညင်သာသာ ဖွင့်လိုက်သည်။


ဟေး...


ဘာလို့ ဘာမှမရှိရတာလဲ...


ယဲ့ဇယ်ရှစ်၏မျက်ခုံးများက ရုတ်တရက် တွန့်တက်သွားသည်။


ဟိုတယ်ကုတင်ဘေးက စားပွဲခုံတွေမှာ အမြဲတမ်း"ဝန်ဆောင်မှုအပြည့်စုံ"ကို ထားပေးပြီး စီစဥ်ပေးထားတာမဟုတ်ဘူးလား...

(T/N - ဟုတ်ပါတယ် ယဲ့ဇယ်ရှစ် ရှာနေတဲ့ full service က အဲ့ဒါပါပဲ လူကြီးမင်းတို့)


ငါ အခုဘာလုပ်သင့်လဲ...


ဧည့်ကြိုကောင်တာကို ဖုန်းလှမ်းခေါ်လိုက်ဖို့ကလည်း မဖြစ်နိုင်ဘူး...


မဖြစ်ဘူး...


ငါ့ကိုသာ မှတ်မိသွားရင် ပြီးပြီပဲ...


ယဲ့ဇယ်ရှစ် တစ်ခဏမျှ တွေးကြည့်လိုက်ပြီး အိပ်ရာဘေးရှိ စားပွဲပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ကာ 'မိန်ထွမ်' ကိုဖွင့်လိုက်သည်။

(T/N - Meituan -မိန်ထွမ်က food panda လိုမျိုး deli အမြန်ရောက် online shopping app တစ်ခုပါ)


သူ မှတ်မိသည်ကမှန်လျှင် အမြန် deli ပို့ဆောင်ရေး အက်ပ်ပလီကေးရှင်းမှ သူ မှာယူနိုင်ပေသည်ပင်။


"ရှစ်ရှစ်လား..."


ရေချိုးခန်းထဲမှ ရေကျသံများ ရပ်သွားသည်ကို သူသတိမထားမိခဲ့ပေ။


ဟယ့်ကျင်းယွင် ထွက်လာချိန်တွင် ကုတင်ဘေးရှိ စားပွဲပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသည့် ယဲ့ဇယ်ရှစ်ကို မြင်လိုက်ရသည်။


ဒီကြောင်ပေါက်လေးက ဘာတွေထပ်လုပ်နေပြန်တာလဲ...


ဟယ့်ကျင်းယွင် အူမြူးသွားခဲ့၏။


ယဲ့ဇယ်ရှစ် လန့်ဖျပ်သွားပြီး ဤဤတစ်ခေါက်တွင် သူ အမှန်တကယ်ပင် ဖုန်းကို မြေပေါ် လွှတ်ချလိုက်သည်။


ဟယ့်ကျင်းယွင်၏ စူးရှသောမျက်ဝန်းများက ယဲ့ဇယ်ရှစ် ဖွင့်ထားသော 'မိန်ထျန်း'ပေ့ချ်ကို ရှာတွေ့သွားလေ၏။


"ဘာဖြစ်လို့လဲ...ဗိုက်ဆာနေသေးလို့လား..."

ဟယ့်ကျင်းယွင် ရှေ့သို့နှစ်လှမ်း တိုးလိုက်သည်။


ယဲ့ဇယ်ရှစ် ဖုန်းကို လျင်မြန်စွာ ကောက်လိုက်ပြီး ပို့ဆောင်ရေး အက်ပ်ပလီကေးရှင်းထဲမှ တည်တည်ငြိမ်ငြိမ်ဖြင့် ထွက်လိုက်ကာ မတ်တတ်ထရပ်ပြီး အပြုံးလေးနှင့် ပြောလိုက်သည်။

"မဟုတ်ပါလူး... အက်ပ်ပလီကေးရှင်း မှားနှိပ်မိသွားတာ..."


သူပြော၍ မပြီးသေးမီမှာပင် ယဲ့ဇယ်ရှစ် သူ့မျက်စိရှေ့က လှစ်ဟထားသည့် တောင်းတင်း ကြံ့ခိုင်သောရင်ဘတ်ကို မြင်လိုက်ရသည်။


ပူနွေးနေသော ရေစက်များက လည်ပင်းမှ လှိမ့်စီးကျလာပြီး ရင်ဘတ်အား စီးဆင်းသွားကာ ကောက်ကြောင်းတစ်လျှောက် ဖြတ်ကျော်သွားပြီးနောက်ဆုံးတွင် အဖြူရောင် ရေချိုးတဘက်အောက် ပျောက်ကွယ်သွားလေသည်။


ယဲ့ဇယ်ရှစ်၏လည်စေ့က ထိန်းချုပ်မရစွာ လှိမ့်သွားခဲ့ပြီး သူ့မျက်လုံးများက ဟယ့်ကျင်းယွင်၏ ဝမ်းဗိုက်ပေါ် စွဲကပ်နေခဲ့သည်။


တစ် နှစ်...သေစမ်း ကြွက်သားက six-pack ဟ...


သဘာဝကျစွာပင် ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်၏ လေ့လာစူးစမ်းနေသော မျက်လုံးများကို သတိပြုမိလေသည်။ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးတက်သွားပြီး ယဲ့ဇယ်ရှစ်ထံ တိုက်ရိုက် တိုးကပ်သွားလိုက်သည်။

"မင်းတကယ် ဗိုက်မဆာဘူးလား..."


ယဲ့ဇယ်ရှစ် အနည်းငယ် သဘာဝမကျစွာ ခေါင်းလှည့်လိုက်ပြီး ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် ဗိုက်ပြည့်နေပြီ..."


သူ့လည်ပင်းက တောင့်တင်းနေကာ ဟယ့်ကျင်းယွင်အား ထပ်မကြည့်ရဲပေ။

"အင်း အာ...ခင်ဗျား ရေချိုးပြီးသွားပြီလား..."


ဟယ့်ကျင်းယွင် သူ့အားထပ်မစတော့ဘဲ ဘေးကရေချိုးတဘက်ကို ယူကာ ခန္ဓာကိုယ်ပေါ်တင်ပြီး ခေါင်းညိတ်လိုက်သည်။

"မင်းအခု အထဲဝင်တော့မှာလား..."


ယဲ့ဇယ်ရှစ် 'အင်း'ဟုအသံပေးလိုက်ပြီး လှည့်ကာ ရေချိုးခန်းထဲသို့ ပြေးသွားလိုက်သည်။


ရေချိုးခန်းထဲသို့ ပြေးသွားပြီးနောက် ယဲ့ဇယ်ရှစ် နောက်တစ်ကြိမ် ထပ်ပြီး နောင်တရသွားခဲ့သည်။


ဟယ့်ကျင်းယွင် ယခုလေးတင် ချိုးသွားခဲ့သော ရေချိုးခန်းက စိုစွတ်နေသော ရေငွေ့များဖြင့် ပြည့်နှက်နေပြီး ယဲ့ဇယ်ရှစ် ရင်းနှီးကျွမ်းဝင်နေသော ဟယ့်ကျင်းယွင်၏ အသက်ရှူငွေ့များနှင့် ပြည့်နှက်နေလေသည်။


ယဲ့ဇယ်ရှစ် မှန်ထဲတွင်ပေါ်နေသာ သူ့ကိုယ်သူ မနေနိုင်ဘဲ ကြည့်လိုက်သည်။


သူသိသာစွာပင် အောက်ခံမိတ်ကပ်အား အထူကြီးလိမ်းခဲ့သော်ငြား သူ့မျက်နှာပေါ်က သိသာထင်ရှားလှသည့် ရှက်သွေးဖြာနေမှုကို မှန်ထဲတွင် မြင်နေရဆဲပင်။


ဤသည်ကို သဘောပေါက်လိုက်ပြီး ယဲ့ဇယ်ရှစ်၏မျက်နှာက ရုတ်ချည်းဆိုသလို အနီရောင်နှင်းဆီများ ပွင့်လာခဲ့ပေ၏။


ဒါဆို ဒီနေ့ ဒီလိုမျိုး နီရဲနေတဲ့မျက်နှာကြီးနဲ့ ဟယ့်ကျင်းယွင်ရှေ့ ငါ လမ်းလျှောက်ခဲ့တာလား...


ယဲ့ဇယ်ရှစ် ခေါင်းကိုက်သွားသည်။


ငါက အရင်ကဆို ဒီလောက်လွယ်လွယ်လေးနဲ့ ရှက်သွေးဖြာတတ်တဲ့ ပုံစံမျိုး မဟုတ်ဘူးလေ...ဘာတွေဖြစ်နေတာတုန်း...


မဟုတ်ဘူး... ငါ့ကိုယ်ငါ ထိန်းချုပ်တာကို လေ့ကျင့်မှဖြစ်မယ်...


အခုလို ရှက်သွေးဖြာနေတဲ့ အကြည့်ကြီးက တော့ပ်တစ်ယောက်ရဲ့အကြည့် လုံးဝမဟုတ်ဘူး...


ပြီးတော့ ငါနဲ့ဟယ့်ကျင်းယွင် လုပ်ဖို့စောင့်နေတဲ့ ကိစ္စတွေလည်း အများကြီးရှိသေးတယ်...


ဒီမှားယွင်းနေတဲ့ အခြေအနေကြီးကို ငါ မကြာခင် မှန်အောင် မပြင်လိုက်ရင်...ဟယ့်ကျင်းယွင်ရဲ့ စတတ်တဲ့ အကျင့်အရဆို သေချာပေါက် ငါ့ကို ဟာသလုပ်လိမ့်မယ်...



🎶🎶🎶