Volume 1 (သေမျိုးနယ်မြေ ၁၇၈)
Chapter 178 (သင်တန်းဆင်းဖို့နီးကပ်လာပြီ)
သက်ပြင်းတစ်ချက်ချရင်း ပိုင်လီဖက်တီးက အိပ်ဆောင်သို့ ပြန်လာခဲ့သည်။
"ဘယ်လိုလဲ" လင်ချီးယဲ့က မျက်ခုံးပင့်လိုက်သည်။
"ဘာဖြစ်တာလဲတော့ ငါမသိဘူး။ ငါဝင်လိုက်တာနဲ့ နည်းပြက ငါ့ [နေရာလွတ်] ကို စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ သူတို့က သရဲတစ္ဆေမြင်သလိုပဲ နောက်တော့ ငါလည်း ကြောင်တောင်တောင် ထွက်လာခဲ့တယ်။" ပိုင်လီဖက်တီးက အနည်းငယ်စိတ်ရှုပ်စွာ ပြောသည်။
လင်ချီးယဲ့သည် နှစ်ကြိမ်ချောင်းဟန့်ပြီး ဘာမှမပြောပေ။
ကံကောင်းထောက်မစွာ သူသည် မနေ့ညက အမှောင်ထုနတ်ဘုရားအပျက်အစီးကိုအသုံးပြုပြီး ဂိုဒေါင်ထဲတွင်ကျန်ခဲ့သောသဲလွန်စများကို လုံးလုံးဖျက်ပစ်ခဲ့ကာ သူနှင့်အဆက်အသွယ်လုံးဝဖြတ်တောက်ခဲ့သည်။
နည်းပြများသည် တခြားသဲလွန်စများကို ရှာမတွေ့ခဲ့ဘဲ ပိုင်လီဖက်တီးက လက်နက်ဂိုဒေါင်ကို ရှင်းလင်းရန် [နေရာလွတ်] ကို အသုံးပြုခဲ့သည်ဟု သံသယရှိခဲ့သော်လည်း ဤရှာဖွေမှုဖြင့် ပိုင်လီဖက်တီး၏သံသယက လုံးဝရှင်းလင်းသွားပြီး စုံစမ်းစစ်ဆေးရန် ပို၍ခက်ခဲသွားသည်။
"ငါချေးထားတာလို့ မှတ်ယူလိုက်ပါ… အနာဂတ်မှာ ငါအင်အားကြီးလာမှ နှစ်ဆပြန်ပေးပါ့မယ်။" လင်ချီးယဲ့က သူ့ရင်ထဲမှာ တိတ်တိတ်လေး ပြောလိုက်သည်။
စစ်ပွဲမံမီတစ်ယောက်အတွက် သူမျိုချလိုက်သောလက်နက်အရေအတွက်သည် သူ့ခွန်အားကိုဆုံးဖြတ်ရန် အရေးကြီးဆုံးအကြောင်းရင်းဖြစ်သည်။ သူသည် လေ့ကျင့်ရေးစခန်းမှ ထွက်သွားပြီး လက်နက်များစွာနှင့် ကြုံတွေ့ချင်ပါက စစ်တက်အခြေစိုက်စခန်းကို လုယက်ရန် မဖြစ်နိုင်တော့ပေ။ တစ်သက်မှာတစ်ခါ ဒီအခွင့်အရေးကို လင်ချီးယဲ့လက်လွတ်မခံနိုင်ဘူး။
လင်ချီးယဲ့သည် တိတ်တိတ်လေး ဝန်ခံလိုက်ချိန်မှာပဲ အိပ်ဆောင်အဆောက်အအုံအပြင်ဘက်မှာ ရင်းနှီးသော ဝီစီသံက ချက်ချင်းဆိုသလို ပြန်လည်ထွက်ပေါ်လာပြီး ရှုပ်ထွေးနေဆဲဖြစ်သော ပိုင်လီဖက်တီး၏ ပခုံးကို ပုတ်လိုက်သည်။
"သွားရအောင်။ လေ့ကျင့်ရေးစတော့မယ်။"
ပိုင်လီဖက်တီးသည် ညည်းညူရင်း လင်ချီးယဲ့၏နောက်ကနေ အမြန်ပြေးထွက်လာခဲ့သည်...
…
သြဂုတ်လ။
နွေဦး၏ အအေးဓာတ်သည် အနည်းငယ်မှိန်ဖျော့သွားကာ နွေ၏ထူးခြားသော ပူလောင်သောအပူရှိန်သည် ကြီးမားလှသော မီးဖိုတစ်ခုကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးကို လောင်ကျွမ်းစေပါသည်။ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားရုံဖြင့် ချွေးများရွှဲရွှဲစိုစေသည်။
လင်ချီးယဲ့သည် သစ်ပင်ရိပ်အောက်တွင် တစ်ယောက်တည်းထိုင်ကာ အဝေးက ရင်းနှီးနေသော လေ့ကျင့်ရေးကွင်းကို ကြည့်ပြီး သူဘာတွေတွေးနေလဲ သိချင်လာသည်။
"ချီးယဲ့ မင်းဘာလို့ ဒီမှာတစ်ယောက်တည်း ထိုင်နေတာလဲ။" ချောင်ယွမ်းသည် အဝေးကရောက်လာပြီး သံသယတချို့ဖြင့် မေးသည်။ "မင်းထမင်းမစားဘူးလား။"
"သွားမယ်။" လင်ချီးယဲ့သည် ခေါင်းညိတ်ပြပြီး မြေပြင်ပေါ်ကနေ မတ်တတ်ထရပ်ရင်း လေ့ကျင့်ရေးကွင်းကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီး "ဒီအတိုင်း… နည်းနည်းဝန်လေးနေတာပါ။"
ချောင်ယွမ်းက နောက်ပြန်လှည့်ကြည့်ကာ သက်ပြင်းချလိုက်သည်။ "တကယ်တော့ ဒီနေရာက ငါတို့ တစ်နှစ်ပတ်လုံး တိုက်ပွဲဝင်ခဲ့တဲ့ နေရာပဲ။ သဘက်ခါ ငါတို့ ထွက်သွားရတော့မယ်။ ငါတို့ ထွက်သွားပြီးတာနဲ့… ငါတို့ ပြန်မလာနိုင်တော့ဘူး။ အဲဒါကို ငါတို့ကောင်းကောင်းကြည့်သင့်တယ်။"
လင်ချီးယဲ့သည် စကားမပြောဘဲ ခေါင်းယမ်းပြီး ကန်တင်းဆီသို့ လျှောက်သွားလိုက်သည်။
"ချီးယဲ့ မင်းဘာလို့ဒီလောက်နှေးနေတာလဲ။" ပိုင်လီဖက်တီးသည် စားပွဲရှေ့မှာရပ်နေပြီး စားစရာများပြည့်နေသော ပါးစပ်ဖြင့် ယောင်ဝါးဝါးပြောသည်။ "မင်းနောက်ကျမှလာမယ်ဆိုရင် ငါအကုန်စားလိုက်မယ်။"
"အစားပုပ်" ချောင်ယွမ်းက ပေါ့ပါးစွာပြောသည်။
ပိုင်လီဖက်တီးသည် ပြုံးပြီး ချောင်ယွမ်းကို တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် လင်ချီးယဲ့က ရုတ်တရက် ပြောလိုက်သည်။
"စကားမစပ် လေ့ကျင့်ရေးနဲ့ အကဲဖြတ်မှု ပြီးသွားပါပြီ။ နောက်ထပ်လုပ်စရာရှိသေးလား။"
ပိုင်လီဖက်တီးက ခဏလောက်စဉ်းစားပြီး "မကျန်တော့ဘူးထင်တယ် အားလုံးရဲ့ စုစုပေါင်းရမှတ်အဆင့်ကို စောင့်ပြီးတော့ အထက်အရာရှိတွေက ငါတို့ကို ဘယ်သွားရမလဲဆိုတာ စီစဉ်ပေးပြီး အဲဒီအချိန်မှာ တိုက်ရိုက် အကြောင်းကြားစာ ပို့ပေးလိမ့်မယ်။"
"သဘက်ခါ ကျမ်းသစ္စာကျိန်ဆိုပွဲရှိမယ်။ ကြယ်ဓားတွေ၊ ဝတ်ရုံတွေနဲ့ ဆုတံဆိပ်တွေ ပေးပြီးတာနဲ့ အဲဒီနေ့ညမှာ လေ့ကျင့်ရေးစခန်းကနေ ထွက်ခွာပြီး သက်ဆိုင်ရာ စခန်းတွေကို သွားကြမှာ။" ချောင်ယွမ်းက ဆက်ပြောသည်။
"အတိုချုပ်ပြောရရင် လာမယ့်ရက်အနည်းငယ်အတွင်းမှာ ငါတို့ အေးအေးဆေးဆေး အိပ်ဖို့ပဲလိုတယ်။" ပိုင်လီဖက်တီးက သမ်းဝေလိုက်သည်။ "ဒီမှာ တစ်နှစ်လောက် အပြင်းအထန် လေ့ကျင့်ပြီးနောက် နောက်ဆုံးတော့ နှစ်ရက်လောက် သက်တောင့်သက်သာ ဘဝကို ဖြတ်သန်းနိုင်ပြီ။"
သူပြောပြီးသည်နှင့် သူ့ဆဲလ်ဖုန်းက သူတင်မကဘဲ စားသောက်နေသော ကန်တင်းကလူတိုင်းလည်း မက်ဆေ့ခ်ျတစ်ခု ဝင်လာသည်။
လေ့ကျင့်ရေးနှင့် အကဲဖြတ်ပြီးနောက် နည်းပြများသည် လေ့ကျင့်ရေးစခန်းမှ ထွက်ခွာခွင့်မရှိသည့်အပြင် လေ့ကျင့်ရေးစခန်းနှင့်ပတ်သက်သည့် အချက်အလက်များကို ထုတ်ဖော်ပြောဆိုခွင့်မရှိခြင်းမှတစ်ပါး တခြားကန့်သတ်ချက်များ မရှိပါ။
တစ်နည်းအားဖြင့် သူတို့သည် တရားဝင် ညကင်းစောင့်လူသားများ ဖြစ်ကြပြီး ဤလေ့ကျင့်ရေးစခန်းက တပ်သားသစ်များ မဟုတ်တော့ဘဲ ကျမ်းသစ္စာကျိန်ခြင်း အခမ်းအနားသာ ကျန်တော့သည်။
"လခွမ်း။ ဒါက စုစုပေါင်းရမှတ်အဆင့်ပဲ။" ပိုင်လီဖက်တီးသည် သူ့ဖုန်းထဲက မက်ဆေ့ချ်ကို တွေ့သောအခါ အော်ဟစ်လိုက်သည်။ "ငါ့ရဲ့ စုစုပေါင်းရမှတ်က ၇၄ မှတ်၊ စခန်းမှာ အဆင့် ၁၈၄ မှာရှိတယ်... အာ"
ပိုင်လီဖက်တီး၏ မျက်နှာက အနည်းငယ် ရုပ်ဆိုးနေပုံရပြီး "အဲဒါက အဓိပ္ပာယ်မရှိဘူး။ လေ့ကျင့်ရေးလုပ်တုန်းက ငါဒုတိယရတာကို ဘာလို့အခု ၁၈၄ ဖြစ်သွားတာလဲ။"
လင်ချီးယဲ့က မှင်တက်စွာ ဆိုသည်။ "ဒါက စုစုပေါင်းရမှတ်လေ။ လေ့ကျင့်ရေးနဲ့ သေနတ်ပစ်နှစ်ခုမှာပဲ မင်းရမှတ်တွေက အတော်လေးမြင့်မားတာ။ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ အနီးကပ်တိုက်ခိုက်ရေးနဲ့ နည်းဗျူဟာလို့မျိုး တခြားအရာတွေမှာ မင်းရမှတ်ဘယ်လောက်ရနိုင်မှာလဲ။ မင်းသေချာမသိဘူးလား။"
ပိုင်လီဖက်တီး: "…"
ချောင်ယွမ်းသည် အဆင့်များကို တစ်ချက်ကြည့်လိုက်ပြီး "ငါ့ရဲ့ စုစုပေါင်းရမှတ်က ၉၁ ဖြစ်ပြီး အဆင့် ၃ ပဲ… ငါထင်ထားတဲ့အတိုင်းပါပဲ။"
ပိုင်လီဖက်တီးသည် လင်ချီးယဲ့ထံ ချဉ်းကပ်ပြီး "ချီးယဲ့ မင်းအဆင့်ကဘယ်လောက်လဲ မသိချင်ဘူးလား။"
"တစ်" လင်ချီးယဲ့သည် စာရင်းကို မကြည့်ဘဲ အေးအေးဆေးဆေး ပြောလိုက်သည်။
"..." ပိုင်လီဖက်တီးသည် ပခုံးတွန့်ကာ "တကယ် ပျင်းဖို့ကောင်းလိုက်တာ။"
စာရင်း၏ထိပ်တွင် ‘လင်ချီးယဲ့’၏နာမည်သုံးလုံးကို အားလုံး၏ထိပ်၌ ချိတ်ဆွဲထားပြီး စုစုပေါင်းရမှတ် ၉၅ ဖြင့် အဆင့် ၁ ဖြစ်သည်။
တကယ်တော့ လင်ချီးယဲ့သည် သေနတ်ပစ်အကဲဖြတ်မှုတွင် ၆ မှတ်သာ မရရှိခဲ့ပါက သူ့ရမှတ်သည် ပို၍ပင်မြင့်မားနိုင်သည်။ ယခုလက်ရှိ ဒုတိယနေရာတွင် ရှိနေသော ရှန်ချင်းကျူသည် ၉၂ မှတ်သာရပြီး လင်ချီးယဲ့၏ရမှတ်က ဘယ်လောက်ကြောက်စရာကောင်းလည်း ပြသနေသည်။
ပိုင်လီဖက်တီးသည် သက်ပြင်းချရင်း "လူတွေကြားက ကွာဟချက်က ဘယ်လိုလုပ်အရမ်းကြီးမားရတာလဲ… ဒီအခြေအနေအရ ချီးယဲ့က ရှန့်ကျင်းအဖွဲ့ကို ရောက်သွားမယ်ဆိုတာ သေချာသလောက်ပါပဲ။"
"မလိုပါဘူး။" ချောင်ယွမ်းက အေးအေးဆေးဆေး ပြောသည်။ "ရှန့်ကျင်းတင်မကဘူး ငါ့အထင်တော့ အထူးတပ်ဖွဲ့တွေတောင် မထိန်းတော့ဘူးထင်တယ်…"
…
သာ့ရှနယ်စပ်။
ရှေးဦးတောတွင်းတချို့တွင်။
"သူ့ကိုဖမ်းရမယ်။ ငါတို့သူ့ကိုဖမ်းမှရမယ်။" ရွှေရောင်ဝတ်စုံဖြင့် အမျိုးသမီးသည် ပြတ်သားစွာ ပြောလိုက်သည်။ "နတ်ဘုရားနှစ်ပါးရဲ့ကိုယ်စားလှယ်၊ လေ့ကျင့်ရေးစခန်းမှာ အဆင့် ၁ ပြီးတော့ ကြယ်တံဆိပ်ရှိတယ် ဒီလင်ချီးယဲ့က ကောင်းမွန်တဲ့အလားအလာရှိပြီး ငါတို့သူ့ကို ပြန်ပေးဆွဲရမယ်… မဟုတ်ဘူး ငါတို့ [ဖီးနစ်] အဖွဲ့ထဲကို သူ့ကိုခေါ်ယူရမယ်။"
သူမဘေးနားက မျက်မှန်တပ်ထားသော လူကြီးလူကောင်းဆန်သည့် အမျိုးသားက သက်ပြင်းချလိုက်သည်။ "ခေါင်းဆောင် စိတ်လျော့ပါ။ ငါတို့အဖွဲ့က အခု လူလိုနေတာမှမဟုတ်တာ…"
"အဲဒါက လူလိုတာ၊မလိုတာကို ပြောနေတာမဟုတ်ဘူး။ ဒီလင်ချီးယဲ့က တိုးတက်လာသရွေ့ သူက ငါနဲ့ ဝမ်မြန့်ထက်သာလွန်တဲ့ ကြောက်စရာကောင်းတဲ့ တည်ရှိမှု ဖြစ်လာမှာသေချာတယ်။ ငါတို့ [ဖီးနစ်] အဖွဲ့က ဒီလိုပါရမီရှင်ကို လက်လွတ်မခံနိုင်ဘူး။"
"ဒါပေမယ့် စည်းမျဉ်းတွေအရ အထူးတပ်ဖွဲ့အနေနဲ့ လူအရေအတွက် အများအပြား မဆုံးရှုံးဘဲ လူသစ်စုဆောင်းလို့မရဘူးလေ။" အမျိုးသားက တုံ့ဆိုင်းစွာပြောသည်။
ဒီစကားကြားတော့ အမျိုးသမီးသည် လေးလေးနက်နက် စတင်တွေးလေသည်...
ခဏအကြာတွင် သူမ၏မျက်လုံးများသည် တဖြည်းဖြည်း တောက်ပလာပြီး ထိုအမျိုးသားကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူမမျက်လုံးများက သူ့ကိုထိတ်လန့်သွားစေသည်။
"ခေါင်း… ခေါင်းဆောင်… ဘာလုပ်ချင်လို့လဲ။"
"ဒီလိုလုပ်ရအောင်။" အမျိုးသမီးက ဝမ်းသာအားရ အကြံပြုသည်။ "ငါနင့်ကို အရင်ဆုံး မသန်မစွမ်းဖြစ်အောင်လုပ်ပြီး လူအရေအတွက်ဆုံးရှုံးတယ်လို့ ကြေညာလိုက်မယ်။ လင်ချီးယဲ့ကို ငါတို့အဖွဲ့ထဲ ပြန်ပေးဆွဲပြီးရင် ငါနင့်ကိုပြန်လည်ကုသခွင့်ပေးမယ်… ကမ္ဘာနှစ်ခုလုံးရဲ့ အကောင်းဆုံးတွေကိုရဖို့ ဒါက နည်းလမ်းကောင်းမဟုတ်ဘူးလား။"
အမျိုးသား: "…"
TK Team (Chapter 178)