Volume 1 (သေမျိုးနယ်မြေ ၁၇၄)
Chapter 174 (Rubik ကုဗတုံးက အပြည့်အဝအလိုအလျောက်…)
လင်ချီးယဲ့: "…"
ပင့်ကူလက်လား။ မင်းရဲ့ပိန်ပါးပါးလက်ချောင်းနှစ်ချောင်းနဲ့ အသားဘယ်လောက်ရှိမှာလဲ။
လင်ချီးယဲ့သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်၏။ ဤမျှအန္တရာယ်ကင်းသော ကောင်လေးနှင့် ရင်ဆိုင်ရသောအခါ သူ့ဝိညာဉ်ကို သူတကယ် မဖျက်ဆီးနိုင်တော့ပေ။
လင်ချီးယဲ့ ခေါင်းယမ်းလိုက်တာကိုမြင်တော့ ကောင်လေး၏မျက်နှာက ပို၍ဖျော့တော့လာသည်။
သူက အံကြိတ်ပြီး ဝမ်းနည်းစွာ ပြောလေသည်။ "ဒါဆို မင်းပြောကြည့်။ ငါ့ကိုလွတ်ပေးဖို့ မင်းကို လက်ဘယ်နှချောင်း ပေးရမှာလဲ။ ငါမင်းကို…"
"ငါမင်းရဲ့လက်ကို မလိုချင်ဘူး။" လင်ချီးယဲ့က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ "ငါမင်းလိုချင်တာ။"
"ငါ…ငါက ကလေးပဲရှိသေးတာ။"
"…ငါဆိုလိုတာက ငါ့ဆေးရုံမှာ သူနာပြုအဖြစ် မင်းကိုထားဖို့ပဲ။"
"သူနာပြုလား။" ကောင်လေးက မျက်တောင်ခတ်လိုက်သည်။ "အဲဒါ ဘာအတွက်လဲ။"
လင်ချီးယဲ့သည် ခဏလောက်စဉ်းစားပြီး "အဘိုးအိုကို စာဖတ်ဖို့ အဖော်ပြုပေးတာ၊ အဘွားအိုကို ပျော်ရွှင်အောင် ချော့ပေးတာ၊ တစ်ခါတစ်ရံ ထမင်းဟင်းချက်တာ၊ အဝတ်လျှော်တာ၊ မာရသွန်ပြေးတာ။ အဲဒါက တကယ်တော့ အတော်လေးလွယ်ကူပါတယ်။"
ကောင်လေး၏မျက်လုံးများက သံသယများဖြင့် ပြည့်နှက်နေသည်။ သူသည် မာရသွန်ဆိုတာ မည်သို့အရာမှန်းမသိသော်လည်း… မကောင်းသောအရာဟု ထင်နေပုံရသည်။
ဟမ်… သူ့အင်္ဂါတွေကို မရောင်းသရွေ့ပေါ့။
"သူနာပြုဖြစ်လာရင် မင်းငါ့ကို တကယ်မသတ်တော့ဘူးလား။"
"အသေအချာပဲ။"
"ပြဿနာမရှိဘူး။" ကောင်လေးသည် လင်ချီးယဲ့က သူ့စကားကို ပြန်ရုတ်လိုက်မှာ စိုးရိမ်သောကြောင့် အသည်းအသန် ခေါင်းညိတ်လိုက်သည်။
လင်ချီးယဲ့သည် ဗလာနတ္ထိကို လှမ်းကိုင်ရန် လက်ဆန့်လိုက်ပြီး ချက်ချင်းဆိုသလို အလုပ်သမားစာချုပ်က သူ့လက်ထဲတွင် ပေါ်လာသည်။ ထိုအချိန်တုန်းက လီယိဖေးနှင့် ချုပ်ဆိုခဲ့သည့် စာချုပ်နှင့်အတူတူပင် ဖြစ်သည်။ ပင့်ကူကောင်လေး၏ ကော်လံတွင် တာဝန်များဖြင့် ပြည့်နေသော်လည်း သူဖြည့်ဆည်းပေးရမည့် တာဝန်များကတော့ ဗလာဖြစ်နေသည်…
တစ်ခုတည်းသော ခြားနားချက်မှာ ဤစာချုပ်တွင် လီယိဖေး၏ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် မြွေမိစ္ဆာအား ခွင့်မပြုခြင်းကဲ့သို့ ဖြည့်စွက်စာပိုဒ်များမရှိပါ။
လင်ချီးယဲ့သည် စာချုပ်ကို ကောင်လေးထံ လွှဲပေးပြီး "လက်မှတ်ထိုးလိုက်ပါ။"
ကောင်လေးသည် ဘာစကားမှမပြောဘဲ စာချုပ်ကိုယူကာ ဂရုတစိုက်ဖတ်ရင်း ခေါင်းညိတ်ပြီးနောက် လက်မှတ်ထိုးရန် ဘောပင်ကို ကောက်ကိုက်လိုက်သည်။
"အမ်… ငါ့နာမည်ကို ဘယ်လိုရေးရတာလဲ။"
"မင်းမဖတ်တတ်ဘူးလား။"
"အင်း"
"မင်းစာမဖတ်တတ်တာကို ဘာလို့အကြာကြီးကြည့်နေတာလဲ။" လင်ချီးယဲ့သည် ပြောစရာစကားမဲ့သွား၏။ "မင်းနာမည်ဘယ်လိုခေါ်လဲ။"
"အားကျူး"
လင်ချီးယဲ့သည် ခေါင်းညိတ်ပြပြီး ထိုစကားလုံးနှစ်လုံးကို သူ့လက်ဖဝါးပေါ်တွင် ဘောပင်ဖြင့် ရေးပေးလိုက်သည်။ ထိုကောင်လေး၏လေးနက်သောမျက်နှာကို တစ်ချက်ကြည့်လိုက်ရင်း သူ့စိတ်ထဲမှာ အပြစ်ရှိသလို ခံစားလာရသည်...
ဒါကို ကလေးအလုပ်သမား ငှားရမ်းခြင်းလို့ မယူဆသင့်ဘူးလား။
"မင်းအသက်ဘယ်လောက်ရှိပြီလဲ။" လင်ချီးယဲ့က မနေနိုင်ဘဲ မေးလိုက်သည်။
"ငါ… ငါက အသက် ၁၃၀ ကျော်ပြီထင်တာပဲ။ ဘာဖြစ်လို့လဲ။"
"ဘာမှမဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ မင်းဆက်ပြီး လက်မှတ်ထိုးပါ…"
အားကျူးသည် သူ့နာမည်ကို ဂရုတစိုက် ရေးထိုးလိုက်ရင်း ကောက်ကွေးနေသော်လည်း တရားဝင်နေသေးကာ စာချုပ်သည် အလိုအလျောက် ပျောက်ကွယ်သွားပြီးနောက် အကျဉ်းခန်းတံခါးက ဖြည်းညှင်းစွာပွင့်လာသည်။
တစ်ချိန်တည်းမှာပဲ လီယိဖေးနှင့် ပုံစံတူ အစိမ်းရောင် သူနာပြုဝတ်စုံကို အားကျူး၏ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားပြီး နံပါတ် ၀၀၂ ကို သူ့ရင်ဘတ်ရှေ့ နာမည်ကတ်တွင် ရေးထားသည်။
သူက ဤစိတ်ကျန်းမာရေးဆေးရုံ၏ ဒုတိယသူနာပြုဖြစ်သည်။
"ငါ အခု ဘာလုပ်ရမှာလဲ။" အားကျူးသည် ခေါင်းစောင့်ကာ မေးလိုက်သည်။
"ခဏနေဦး နောက်တစ်ယောက်ကျန်သေးတယ်။" လင်ချီးယဲ့သည် နောက်အကျဉ်းခန်းဆီသို့ လျှောက်သွားကာ လေထဲတွင် ပျံ့လွင့်နေသော Rubik ကုဗတုံးကို ကြည့်လိုက်ပြီး သူ့မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ "အခုလေးတင် ငါသူ့ကိုပြောသမျှ မင်းကြားတယ်မလား။"
ကလေး အားကျုးကို ရင်ဆိုင်သောအခါ လင်ချီးယဲ့သည် အလွန်ကြင်နာသော်လည်း Rubik ကုဗတုံးကို ရင်ဆိုင်သောအခါ သူချိုသာနေစရာမလိုပေ။
"ကြားတယ်။"
စိတ်ခံစားမှု အတက်အကျမရှိသော အီလက်ထရွန်နစ် ပေါင်းစပ်ထားသော အသံကဲ့သို့ Rubik ကုဗတုံးအတွင်းပိုင်းမှ အားနည်းသော အသံတစ်ခု ထွက်ပေါ်လာပြီး စကားလုံးများသည် ဟောင်းနွမ်းသောရေဒီယိုကဲ့သို့ အနည်းငယ် မရှင်းလင်းပါ။
လင်ချီးယဲ့သည် ၎င်းနောက်ရှိ ဘောင်ကွက်ကို တစ်ချက်ကြည့်လိုက်သည်။
"အပြစ်သား: ဖရိုဖရဲ Rubik ကုဗတုံး
ရွေးချယ်မှု: သင့်လက်နှင့် သတ်လိုက်သော ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်အနေဖြင့် သင့်မှာ သူ၏ဝိညာဉ်ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။
ရွေးချယ်မှု ၁: သူ၏ဝိညာဉ်သည် တိုက်ရိုက်ဖျက်ဆီးခံရ၍ ကမ္ဘာပေါ်တွင် လုံးဝသေဆုံးသွားစေလိမ့်မည်။
ရွေးချယ်မှု ၂: သင့်အတွက် 'IQ အသိအမှတ်ပြုမှုဒီဂရီ' ၆၀ သို့ရောက်ရှိစေပြီး ဆေးရုံသူနာပြုအဖြစ် သင်ခန့်အပ်နိုင်သည်။ လူနာများကို ပြုစုစောင့်ရှောက်ပေးပြီး သင့်ကို အချိန်အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်သည်။
လက်ရှိ IQ အသိအမှတ်ပြုမှု: ၈၅
ဤဘောင်ကွက်ကိုမြင်သောအခါ လင်ချီးယဲ့၏မျက်လုံးများတွင် အံ့အားသင့်သောအကြည့်ပေါ်လာသည်။ ငှားရမ်းခြင်းအတွက် 'IQ အသိအမှတ်ပြုမှု' ကို စံနှုန်းတစ်ခုအဖြစ် သူပထမဆုံးအကြိမ်တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။ သူနာပြုတစ်ယောက်စီကို အလုပ်ခန့်ရန် လိုအပ်ချက်များသည် ကွဲပြားပြီး ဖြစ်နိုင်ခြေအရှိဆုံးအချက်ကို လျှို့ဝှက်ဆန်းကြယ်များ၏ ကိုယ်ပိုင်ပင်ကိုယ်စရိုက်များဖြင့် ဆက်စပ်နေမည်ဟု ပြသနေပါသည်။
ဥပမာအားဖြင့် လီယိဖေးအတွက် စီရင်ချက်စံနှုန်းက သစ္စာစောင့်သိမှုတန်ဖိုးဖြစ်ကာ အဘယ်ကြောင့်ဆိုသော် သူ့အတွက် 'သစ္စာစောင့်သိမှု'သည် သစ္စာမဖောက်ခြင်းအတွက် မရှိမဖြစ်လိုအပ်သောကြောင့်ဖြစ်ပြီး အားကျူးအတွက် 'ကြောက်ရွံ့မှု' က သူ့ကို ထိန်းချုပ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
သူ့ရှေ့က ဖရိုဖရဲ Rubik ကုဗတုံးကတော့ သမားရိုးကျသဘောအရ သတ္တဝါမဟုတ်သောကြောင့် သစ္စာစောင့်သိမှု၊ ကြောက်ရွံ့မှု အစရှိသည့် စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေမရှိပေ။ သူ့ကို ပိုမိုကောင်းမွန်အောင် ထိန်းချုပ်နိုင်ရန် IQ ရှုထောင့်မှ ဆင်ခြင်သုံးသပ်ရန် လိုပါသည်။
လင်ချီးယဲ့သည် ဤဆေးရုံ၏ ယန္တရားကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာခဲ့သည်။
"မင်းတန်ဖိုးကိုပြပါ။" လင်ချီးယဲ့က ပေါ့ပါးစွာဆိုသည်။ "ငါ့စိတ်ကျန်းမာရေးဆေးရုံက အလကားလူတွေကို လက်မခံဘူး။"
အားကျူးနှင့် လီယိဖေးတို့သည် သူနာပြုများအဖြစ် တာဝန်ထမ်းဆောင်ရမည့် လူသားဆန်သော လျှို့ဝှက်ဆန်းကြယ် အသွင်အပြင်များဖြစ်ပြီး သဘာဝအတိုင်း အရည်အချင်းရှိသော်လည်း Rubik ကုဗတုံးကို အလုပ်ခန့်ရန်… မာလင်ကို ကစားခိုင်းတာကလွဲ၍ အသုံးဝင်နိုင်သော အခြားမည်သည့်အရာကိုမျှ သူမတွေးတောနိုင်ပေ။
Rubik ကုဗတုံးသည် တခဏမျှ တိတ်ဆိတ်သွားပြီး စက်အသံဖြင့် လင်ချီးယဲ့ကို တစ်ခုခုပြောလိုက်ပြီး တစ်ဖက်လူ၏မျက်လုံးများ တဖြည်းဖြည်း တောက်ပလာသည်။
"အင်း… အဲဒါဆိုရင်တော့ အသုံးဝင်နိုင်တယ်။" လင်ချီးယဲ့သည် သူ့မေးစေ့ကို ပွတ်လိုက်ရင်း အနည်းငယ် စိတ်လှုပ်ရှားသလို ခံစားလိုက်ရသည်။
ထို့နောက် သူသည် စာချုပ်ကိုထုတ်ပြီး Rubik ကုဗတုံးနှင့်အတူ အလုပ်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်သည်။ စာချုပ်ပျောက်ကွယ်သွားသည်နှင့် အကျဉ်းခန်းတံခါးက တဖြည်းဖြည်းပွင့်လာသည်။
Rubik ကုဗတုံးသည် လွင့်မျောထွက်လာပြီး အစကတည်းက ခန္ဓာကိုယ်မရှိသောကြောင့် သူသည် သူနာပြုယူနီဖောင်းကို သဘာဝအတိုင်း မဝတ်ထားဘဲ သူ့တွင် ၀၀၃ ဟုရေးထားသော Rubik ကုဗတုံး၏ မျက်နှာပြင်တစ်ခုတွင် နာမည်ကပ်တစ်ခုကို တပ်ထားသည်။
လင်ချီးယဲ့သည် သူ့ရှေ့က သူနာပြုအသစ်နှစ်ယောက်ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်ပြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပြန်ခေါ်သွားခဲ့သည်။
ခါးစည်းနှင့် စားဖိုမှူးဦးထုပ်ဆောင်းထားသည့် လီယိဖေးသည် ပန်းကန်များသယ်ကာ စင်္ကြံကို အလျင်စလို ဖြတ်သွားပြီး လူနှစ်ယောက်နှင့် Rubik ကုဗတုံးက သူ့ဆီသို့ လျှောက်လာနေတာကို တွေ့လိုက်ရသောအခါ သူသည် နေရာတွင် တိုက်ရိုက် အေးခဲသွားသည်။
"ဌာနမှူးလား။" လီယိဖေးသည် လင်ချီးယဲ့ကို ကြောင်တောင်တောင်ကြည့်ရင်း သူ့နောက်တွင် သူနာပြုယူနီဖောင်းဝတ်ထားသည့် အားကျူးဆီသို့ ရောက်သွားကာ ခဏတာမှင်တက်သွားပြီး "ဒါက…"
"သူနာပြုအသစ်ပဲ။" လင်ချီးယဲ့က အတိုချုံး မိတ်ဆက်ပေးလိုက်သည်။ "ဒီတစ်ယောက်က အားကျူးလို့ခေါ်ပြီး ဒီတစ်ယောက်က Rubik ကုဗတုံးတဲ့။"
ထိုအချိန်တွင် လီယိဖေး၏ မျက်လုံးများ နီရဲလာပြီး တုန်တုန်ယင်ယင်နှင့် သူ့လက်ထဲက စားစရာများကို စားပွဲပေါ်တင်ကာ လင်ချီးယဲ့ကို ပွေ့ဖက်ပြီး ရှိုက်ကြီးတငင် ငိုလေသည်။
"ချီးယဲ့ မင်းက ငါ့ကိုဂရုစိုက်သေးတာပဲ။ ငါပင်ပန်းလို့သေတော့မယ်။"
လီယိဖေးသည် အားကျူးနှင့် Rubik ကုဗတုံးဆီသို့ စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ အားကျူးက အဆင်ပြေသော်လည်း လေထဲတွင် လွင့်ပျံနေသော Rubik ကုဗတုံးကို မြင်သောအခါ သူမှင်တက်သွားသည်။
"ဒါက… ဒါက ဘာအတွက် သုံးမှာလဲ။"
လင်ချီးယဲ့သည် ဘေးသို့လှည့်ပြီး Rubik ကုဗတုံးကို အကြည့်တစ်ချက်ပေးလိုက်သည်။
Rubik ကုဗတုံးသည် အနည်းငယ် တုန်ခါသွားပြီး အရှိန်မြန်စွာ လည်ပတ်နေသည်။ နောက်အခိုက်အတန့်တွင် အဝတ်လျှော်ခြင်းတောင်းမှ ညစ်ပတ်သောအဝတ်များသည် သူ့ပတ်ပတ်လည်သို့ တိုက်ရိုက်ရွေ့လျားကာ လျှင်မြန်စွာ လှည့်ပတ်သွားသည်။ တစ်ချိန်တည်းမှာပဲ ရေသန့်တစ်လုံးနှင့် ဆပ်ပြာတစ်ဆုပ် ပေါ်လာပြီး ညစ်ပတ်နေသော အဝတ်များကို ရေလုံးထဲမှာ အပြည့်နစ်မြုပ်သွားစေသည်။ သူ၏ပတ်ပတ်လည် နှစ်မီတာတွင် ရေတစ်စက်မှမကျဘဲ လေထဲတွင် ရောထွေးကာ လျင်မြန်စွာ လှုပ်ခတ်သွားသည်...
လီယိဖေးသည် မျက်လုံးပြူးကျယ်ပြီး သူ့တစ်ကိုယ်လုံး စိတ်လှုပ်ရှားစွာ တုန်ယင်သွားသည်။
"ဒါ… ဒါက…"
Rubik ကုဗတုံးမှ စက်အသံထွက်လာသည်။ "Rubik ကုဗတုံးက အပြည့်အဝ အလိုအလျောက် အဝတ်လျှော်စက်၊ မှုတ်စက်၊ ပန်းကန်ဆေးစက်၊ မာကျန့်စက်၊ မင်းကို စိတ်ပါလက်ပါ တာဝန်ထမ်းဆောင်ပါ့မယ်။"
TK Team (Chapter 174)