Chapter 175
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၇၅)


Chapter 175 (ဆင့်ခေါ်ခြင်းအခမ်းအနား)

"ကောင်းတယ် ကောင်းတယ်။" လီယိဖေးသည် ပေါင်နှစ်ရာကလေးကဲ့သို့ စိတ်လှုပ်ရှားနေကာ "နောက်ဆုံးတော့ အဝတ်နဲ့ ပန်းကန်တွေကို ငါ လက်နဲ့ဆေးဖို့ မလိုတော့ဘူး။ ဒီအချိန်အတွင်း ဘယ်လောက်တောင် လျှော်ဖွပ်ရလို့ ငါ့လက်က အသားမာတွေတက်နေသလဲ မင်းတို့မသိပါဘူး။ ငါအရမ်းခက်ခဲခဲ့တာ။"

လင်ချီးယဲ့သည် Rubik ကုဗတုံး၏ အလွန်ထိရောက်သော အဝတ်လျှော်သည့်အမြန်နှုန်းကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဒီသူနာပြုကိုငှားရတာ ဆုံးရှုံးမှုမရှိဘူး...

လီယိဖေးသည် ဘေးတစ်ဖက်တွင် မဝံ့မရဲရပ်နေသော အားကျူးကို စိုက်ကြည့်ကာ မျှော်လင့်ချက်ဖြင့် မေးလေသည်။ "မင်းကရော။ မင်းမှာ ထူးခြားတဲ့အရည်အချင်းဘာရှိလဲ။"

အားကျူးသည် ခေါင်းငုံ့ပြီး ခဏလောက်စဉ်းစားကာ "ငါ… ငါက အိပ်နိုင်တယ်။"

လီယိဖေး: "…"

လီယိဖေးသည် လင်ချီးယဲ့ကို ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး လင်ချီးယဲ့က ပခုံးတွန့်ကာ "သူက ဘာမှမလုပ်နိုင်ပေမယ့် ပျော့ပျောင်းမှုက ကောင်းလောက်တယ်။ မင်းသူ့ကို ပိုပြီးသင်ပေးလိုက်ပါ။"

လီယိဖေးက နောင်တရစွာ သက်ပြင်းချရင်း ဒီကောင်လေးက Rubik ကုဗတုံးကဲ့သိူ့ အထူးအရည်အချင်းများပိုင်ဆိုင်ထားမည်ဟု တွေးခဲ့သော်လည်း သူက သာမန်ကောင်လေးသာ ဖြစ်နေသည်…

သို့သော် အနည်းဆုံးတော့ သူ့ဝန်ထုပ်ဝန်ပိုးကို ကူညီပေးနိုင်သည့်သူတစ်ယောက်ရှိနေပြီး ယခုအခါ သူအလွန်ကျေနပ်နေသည်။

သူသည် အားကျူးကို ခဏလောက် ဂရုတစိုက်ကြည့်ပြီး လင်ချီးယဲ့ကို ထူးဆန်းစွာ ဘေးသို့ဆွဲခေါ်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ "ချီးယဲ့ သူက အရမ်းမငယ်ဘူးလား။ မင်းက ကလေးအလုပ်သမားခန့်မလို့လား။"

လင်ချီးယဲ့သည် သူ့ကို မျက်ဆန်လှန်ပြလိုက်၏။ "စိတ်မပူနဲ့။ သူက မင်းအဖေဖြစ်လောက်အောင် အသက်ကြီးနေပြီ ပြီးတော့ ဒီဥပဒေက လူတွေကို အကာအကွယ်ပေးဖို့ အသုံးပြုတာ လျှို့ဝှက်ဆန်းကြယ်တွေကို မကာကွယ်နိုင်တာကြောင့် ငါ့ကိစ္စနဲ့ သက်ဆိုင်မှာ မဟုတ်ဘူး။"

လီယိဖေး၏ မျက်လုံးများ ပြူးကျယ်သွားကာ "ဝမ်းတွင်းမည်းသူဌေးဆီက ဘယ်လိုမှတ်ချက်မျိုးလဲ…"

သူသည် ခေါင်းယမ်းပြီး အားကျူးဆီသို့လျှောက်သွားကာ သူ့ပခုံးကို ပုတ်လိုက်သည်။ "အားကျူး ဟုတ်တယ်မလား။ စိတ်မပူပါနဲ့ အစ်ကိုဖေးက မင်းကို အနာဂတ်မှာ ဂရုစိုက်ပေးပါ့မယ်။ မင်း အခုမသိတာက ကိစ္စမရှိပါဘူး ဖြည်းဖြည်းချင်း သင်ယူပါ။"

အားကျုးသည် မျက်တောင်ခတ်ပြီး နာခံစွာ ခေါင်းညိတ်လိုက်သည်။

"စကားမစပ် အခုတလော သူတို့နှစ်ယောက်က ဘယ်လိုနေလဲ။" လင်ချီးယဲ့က မေးလိုက်သည်။

"နက်စ်ကတော့ အရင်အတိုင်းပဲ နေပူဆာလှုံပြီး ဘာမှလုပ်စရာမရှိတဲ့အခါ သူ့ကိုယ်သူ စကားပြောနေတယ်။ မာလင်ကတော့… အခုတလော ကြယ်ငါးအဖြစ်ပြောင်းတာ အကြိမ်ရေအနည်းငယ်နည်းသွားပေမယ့် စိတ်ကိုက်စေတုန်းပဲ။ ဒါပေမယ့် အခုတလော သူက စာဖတ်ချင်နေပုံရပြီး စာကြည့်ခန်းထဲမှာ တစ်နေ့လုံးအချိန်ဖြုန်းလေ့ရှိတယ်။" လီယိဖေးက အမှန်အတိုင်းပြောလိုက်သည်။

လင်ချီးယဲ့က ခေါင်းညိတ်လိုက်သည်။ "ကောင်းပါတယ် သူတို့ကို နေ့တိုင်း ဆေးမှန်မှန်သောက်ဖို့ မမေ့နဲ့။ ဒီနှစ်ယောက်ကို မင်းလက်ထဲအပ်လိုက်ပြီး အနာဂတ်မှာ မင်းက သူနာပြုခေါင်းဆောင်ဖြစ်လာလိမ့်မယ် သူတို့ကိုဂရုစိုက်ပါ။"

လီယိဖေး၏ နှုတ်ခမ်းထောင့်က အနည်းငယ် လှုပ်ယမ်းသွားသည်။ "အမှန်တရားကို ငါနားလည်ပေမယ့် သူနာပြုခေါင်းဆောင်က ဘာလို့ အကြမ်းဖက်သမားလို အသံမျိုးဖြစ်နေရတာလဲ…"

လင်ချီးယဲ့သည် လီယိဖေး၏အပြစ်တင်မှုကို လျစ်လျူရှုပြီး စိတ်ကျန်းမာရေးဆေးရုံမှ ထွက်ခွာသွားခဲ့သည်။

လင်ချီးယဲ့ထွက်သွားသောအခါ လီယိဖေးသည် အဝတ်လျှော်နေသော Rubik ကုဗတုံးကိုကြည့်ကာ အားကျူး၏နားကို တိတ်တဆိတ်ချဉ်းကပ်ပြီး တိုးတိုးလေးပြောသည်။

"အားကျူး…"

"ဟုတ်ကဲ့။"

"မင်း မာကျန့်(တရုတ်ရိုးကစားနည်း/麻将)ကစားတတ်လား။"

"မာကျန့်(နှမ်းအနှစ်/麻酱)လား။" အားကျူးသည် ခဏလောက်စဉ်းစားပြီး "မာကျန့်ဆိုတာက စားလို့ရတဲ့အရာကိုပြောတာလား။"

လီယိဖေး: "…"


"ချီးယဲ့ ချီးယဲ့။ ထဦး။"

ပိုင်လီဖက်တီးသည် လင်ချီးယဲ့၏အိပ်ရာဘေးတွင် စိတ်လှုပ်ရှားစွာ ရပ်နေပြီး လင်ချီးယဲ့၏ ခန္ဓာကိုယ်ကို လှုပ်ခါကာ "မနေ့က လေ့ကျင့်ရေးရဲ့ ရမှတ်တွေ ထွက်လာပြီ မင်းက ပထမပဲ။"

"အိုး" လင်ချီးယဲ့က ပျင်းရိစွာ ပြန်ဖြေသည်။

"‘အိုး’တဲ့လား။" ပိုင်လီဖက်တီးသည် သူ့မျက်လုံးများပြူးကျယ်သွားပြီး "မင်းက ၁၉ မှတ်ရပြီး ဒုတိယနေရာ ၁၇ မှတ်ထက် နှစ်မှတ်ပိုမြင့်တယ်လေ။ မင်းစိတ်မလှုပ်ရှားဘူးလား။"

လင်ချီးယဲ့က အံ့အားသင့်ပြီး "ဘာလို့ စိတ်လှုပ်ရှားရမှာလဲ။ ဒါက ပုံမှန်ပဲမဟုတ်ဘူးလား။"

ပိုင်လီဖက်တီး: "…"

"ဒါဆို ငါဘယ်နှစ်မှတ်ရလဲ ခန့်မှန်းကြည့်စမ်း။" ပိုင်လီဖက်တီးက မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။

ပိုင်လီဖက်တီး၏မျက်လုံးထဲက အရိပ်အယောင်ကိုမြင်ပြီး လင်ချီးယဲ့က ထူးဆန်းသောအမူအရာဖြင့်ပြောသည်။ "မင်းက ဒုတိယတစ်ယောက် ဟုတ်တယ်မလား။"

"ဟားဟားဟား မင်းမြင်နိုင်တာပဲ။" ပိုင်လီဖက်တီးသည် မာနကြီးသောမျက်နှာဖုံးကို ဝတ်ဆင်ထားသကဲ့သို့ သူ့လက်များကို ခါးတွင်ထောက်ကာ "ဒါပေမယ့် ငါက ဒုတိယနေရာအတွက် ချိတ်ပြီး ငါနဲ့ အမှတ်တူတဲ့လူတွေလည်းရှိတယ်။"

လင်ချီးယဲ့သည် ကုတင်ပေါ်မှထထိုင်ကာ အချိန်ကိုကြည့်ပြီး အိပ်ဆောင်အပြင်ဘက်ထွက်လာခဲ့သည်။

"မင်းဘယ်သွားမလို့လဲ။ ဒီနေ့ မင်း လေ့ကျင့်ရေးသွားစရာမလိုဘူးလေ။" ပိုင်လီဖက်တီးက သံသယဖြင့် မေးလိုက်သည်။

"လမ်းလျှောက်ရုံပါ။"

လင်ချီးယဲ့သည် ဆင့်ခေါ်ခြင်းအခမ်းအနားကျင်းပရန် နေရာရှာမည်ဟု သူ့အားပြောပြရန် မဖြစ်နိုင်ပေ။ Rubik ကုဗတုံး၏အလောင်းတွင်ပါရှိသော စွမ်းအားများသည် အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားတော့မည်ဖြစ်ကာ ဆင့်ခေါ်ခြင်းအခမ်းအနားကို ဤနှစ်ရက်အတွင်း သူပြီးမြောက်အောင်လုပ်ရမည်။

ကံကောင်းစွာ သူ့တွင် ဆင့်ခေါ်ခြင်းမှော်ပညာစွမ်းရည်၏ အပိုဆုကိုရရှိထားကာ မန္တန်ပစ္စည်းအများစုကို ချန်လှပ်ထားနိုင်သော်လည်း ထိုသို့ပြုလုပ်ရန် အနီးနားတွင် မည်သူမျှ မရှိသည့်နေရာကို ရှာဖွေရမည်ဖြစ်သည်။

တကယ်တော့ လင်ချီးယဲ့သည် စိတ်ကျန်းမာရေးဆေးရုံမှာ ဆင့်ခေါ်ခြင်းအခမ်းအနားကို ကြိုးစားလုပ်ဆောင်ချင်ခဲ့ပေမယ့် ပြင်ပကမ္ဘာက ပစ္စည်းများကို ယူဆောင်လာရန် မဖြစ်နိုင်တာကြောင့် ဒီနည်းလမ်းက လုံးဝအလုပ်မဖြစ်ခဲ့ပေ။ ယနေ့တွင် လေ့ကျင့်ရေးမရှိသည့်အချက်ကို အခွင့်ကောင်းယူပြီး လေ့ကျင့်ရေးစခန်းတွင် ဝေးလံခေါင်သီပြီး လူသူကင်းမဲ့သောနေရာကို ရှာဖွေကာ ဆင့်ခေါ်ခြင်းအခမ်းအနားကျင်းပရန် ညဉ့်နက်မှ ခိုးဝင်ရန် စောင့်ဆိုင်းခဲ့သည်။

လင်ချီးယဲ့သည် ပေါ့ပေါ့ပါးပါး စခန်းတဝိုက်တွင် လျှောက်သွားနေပြီး နောက်ဆုံးတွင် စစ်လက်နက်ပစ္စည်းများ သိုလှောင်ရန် အသုံးပြုသည့် ဂိုဒေါင်ဖြစ်ကို ဆင့်ခေါ်ခြင်းအတွက် လုံခြုံသောနေရာတွင် သော့ခတ်ထားသည်။

လေ့ကျင့်ရေးစခန်းတစ်ခုလုံးတွင် ကင်မရာများမတပ်ဆင်ထားတာ ဂိုဒေါင်သုံးခုသာရှိသည်။ တစ်ခုမှာ မနေ့က ရှန်ချင်းကျူမှ ဖောက်ခွဲခဲ့ပြီး ကျန်တစ်ခုမှာ နည်းပြများ၏အိပ်ဆောင်ဘေးတွင်ရှိပြီး ကျန်တစ်ခုမှာ လင်ချီးယဲ့နှင့် တခြားသူများက မနေ့က ဖောက်ထွင်းဝင်ရောက်ခဲ့သော လက်နက်များထုတ်ယူသည့်နေရာဖြစ်သည်။

ထိုဂိုဒေါင်၏ မူလသံတံခါးသည် ပေါက်ကွဲပြီးနောက် ပြုပြင်မွမ်းမံခြင်း မပြုသေးပေ။ တကယ်တော့ သတ္တုလေးလံသော တံခါးကို သယ်ယူရန် အချိန်ယူရမည်ဖြစ်သည်။ ယခုအခါ ပိတ်ရန် ခေါက်တံခါးကို ရိုးရိုးရှင်းရှင်း အသုံးပြုထားသည်။ လင်ချီးယဲ့၏ခွန်အားဖြင့် တိတ်တိတ်လေး ဝင်ရောက်ရန် သူ့အတွက် မခက်ပါဘူး။

တကယ်တော့ သူလည်း အိပ်ဆောင်၏ ခေါင်မိုးကို တိုက်ရိုက်သွားရန် တွေးထားပေမယ့် ဆင့်ခေါ်ခြင်းလုပ်ငန်းစဉ်မှာ အလင်းရောင် ထွက်လာမှာ ဖြစ်သည့်အတွက် အိမ်တွင်းမဟုတ်ရင် ရှာဖွေတွေ့ရှိရန် လွယ်ကူလိမ့်မည်။

နှိုင်းယှဉ်မှုပေါင်း အမျိုးမျိုးအောက်တွင် ထိုဂိုဒေါင်တစ်ခုသာလျှင် အသင့်တော်ဆုံးဖြစ်သည်။

ညဘက်၌

လင်ချီးယဲ့၏အသွင်အပြင်သည် သရဲတစ္တေကဲ့သို့ ပြတင်းပေါက်မှ တိတ်တဆိတ် ခုန်ဆင်းလာပြီး မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ဆင်းသက်လိုက်သည်။ သူသည် အနက်ရောင်ဝတ်ဆင်ထားကာ အမှောင်ထုနတ်ဘုရားအပျက်အစီးနှင့် လိုက်ဖက်နေပြီး အမှောင်ထုထဲသို့ အပြည့်အဝ ပေါင်းစပ်သွားသည်။ သူ့ခြေထောက်များကို ပေါ့ပါးစွာနင်းရင်း လက်နက်ဂိုဒေါင်သို့ လျင်မြန်စွာ ရွေ့သွားသည်။

သူသည် ခေါက်တံခါးကို ညင်သာစွာ ဖွင့်လိုက်ကာ ဂိုဒေါင်ထဲသို့ မြဲမြံစွာဆင်းသက်ပြီး အပူလက်နက်များ သိုလှောင်ရန် အသုံးပြုသည့် သေတ္တာများကို ဖယ်ပြီး အလယ်ဗဟိုရှိ လွတ်နေသော နေရာကျယ်ကြီးကို ပြုလုပ်လိုက်သည်။

သူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အိတ်ကပ်ထဲမှ မီးသွေးခဲတံကို ဆွဲထုတ်ကာ မြေပြင်ပေါ်တွင် ဂရုတစိုက် ဆွဲလိုက်သည်။

အတိုင်းအတာဆင့်ခေါ်ခြင်းမှော်ပညာ၏ ရှုပ်ထွေးမှုသည် ကျပန်းဆင့်ခေါ်ခြင်းထက် သာလွန်ကောင်းမွန်ပြီး လင်ချီးယဲ့သည် ပထမဆုံးအကြိမ် ဆင့်ခေါ်ခြင်းဖြစ်သောကြောင့် စာချုပ်ချုပ်ဆိုခြင်းအဆင့်ကို ထည့်သွင်းရန် လိုအပ်ကာ လုပ်ငန်းစဉ်က အရှုပ်ထွေးဆုံးဖြစ်သည်။ သေချာသောသတ္တဝါနှင့် သူစာချုပ်ချုပ်ပြီးနောက် ၎င်းကို ဆင့်ခေါ်ချင်ပါက သွေးကို လမ်းညွှန်မှုအဖြစ်သာ အသုံးပြုရန် လိုအပ်ပြီး မှော်စက်ဝိုင်းဆွဲရန် အလွန်အခက်တွေ့စရာ မလိုပေ။

မဟုတ်ပါက တိုက်ပွဲအတွင်းမှာ မှော်စက်ဝိုင်းကို ဖြည်းဖြည်းချင်းဆွဲရန် ဘယ်မှာ အချိန်အများကြီးရှိမည်နည်း။

ဆယ်မိနစ်ခန့်အကြာတွင် လင်ချီးယဲ့သည် ဆွဲနေတာကို ရပ်လိုက်ပြီး သူ့ရှေ့တွင် ကြီးမားသော ဆင့်ခေါ်ခြင်းပုံစံကို ဂရုတစိုက်ဆန်းစစ်ရန် မတ်တတ်ထရပ်လိုက်သည်။ မျဉ်းကြောင်းတစ်ခုစီတိုင်းသည် ကြီးမားသော စက်ဝိုင်းပုံစံဖြစ်လာကာ ဂျီသြမေတြီ၏ အလှကို လွန်ကဲစွာ ယူဆောင်လာခဲ့သည်။

"ပြီးခါနီးပြီ။" လင်ချီးယဲ့သည် သူ့ကိုယ်သူရေရွတ်ရင်း သူ့အိတ်ကပ်ထဲရှိ Rubik ကုဗတုံး၏ အကြွင်းအကျန်များကို မှော်ပုံစံ၏အလယ်ထဲသို့ သွန်ချကာ သူ့လက်ချောင်းထိပ်မှ ကိုက်ပြီး မှော်စက်ဝိုင်း၏ထောင့်တစ်နေရာကို လိမ်းကျံလိုက်သည်။

ဆင့်ခေါ်ခြင်းအခမ်းအနားက အဆင်သင့်ဖြစ်သွားပြီ။

 TK Team (Chapter 175)