Chapter 172
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၇၂)


Chapter 172 (လေ့ကျင့်ရေးပြီးဆုံးခြင်း)

ဟမ်

ဒီပင့်ကူက…

လင်ချီးယဲ့၏မျက်ခုံးများ ပင့်လာပြီး သူ့မျက်လုံးများမှဘလေထဲတွင် လွင့်ပျံနေသော ပင့်ကူကောင်လေးသည် သူ့နှလုံးက တဟုန်ထိုး ခုန်နေသည်။

သွားပြီ။

ဒီမှာ ချောင်းမြောင်းနေသူရှိတာလား။

ထင်ထားသလို လူသားတွေအားလုံးက လူဆိုးတွေပဲ။

"မင်းမလာနဲ့…" လင်ချီးယဲ့၏မျက်လုံးများ ချက်ချင်းပြောင်းသွားသောအခါ ပင့်ကူကောင်လေး၏စကားများက တစ်ဝက်သာရောက်သေးသည်။

ဘယ်မျက်လုံးသည် မှင်ကဲ့သို့ မည်းနေပြီး ညာမျက်လုံးသည် နေကဲ့သို့ တောက်ပနေသည်။ အလွန်ကွဲပြားသော နတ်စွမ်းအားများကို မျက်လုံးများက ကြားခံအဖြစ် အသုံးပြုပြီး ပင့်ကူ၏စိတ်ထဲသို့ အရူးအမူး ဝင်ရောက်လာကာ ဒဏ်ရာရှိပြီးသားဝိညာဉ်အစိတ်အပိုင်းက ကွဲထွက်သွားသလို အလွန်အမင်းနာကျင်မှုကို ဖြစ်စေသည်။ 

"အားးးးး…"

ပင့်ကူကောင်လေးသည် ရုတ်တရက် နတ်စွမ်းအားများကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ သူ့ခန္ဓာကိုယ်သည် လေထဲတွင် အေးခဲသွားပြီး ပင့်ကူမျှင်ကို ထပ်မံမထုတ်နိုင်တော့ဘဲ ကျောက်တုံးကဲ့သို့ မြေပြင်ပေါ်ကို အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားခဲ့သည်။

လင်ချီးယဲ့သည် ညည်းညူရင်း သူ့မျက်နှာပေါ်တွင် ဖြူဖျော့နေသောအရိပ်အယောင် ပေါ်လာသည်။ နတ်ဘုရားနှစ်ယောက်၏ စွမ်းအားကို သူ အတင်းအကျပ် အသုံးပြုခဲ့သောအခါ ယခုလေးတင် သူ့စိတ်စွမ်းအားကို အနည်းငယ် ပြန်လည်ရရှိခဲ့သည်။ ဒီအရာကလည်း သူ၏စိတ်စွမ်းအားအပေါ် ဖိအားများစွာဖြစ်ပေါ်စေသည်။

သို့သော်လည်း ယခုအချိန်သည် ဤအချက်ကို ထည့်သွင်းစဉ်းစားရမည့် အချိန်မဟုတ်ပေ။

လင်ချီးယဲ့၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး အလယ်ဗဟိုအဖြစ် သူနှင့်အတူ အမှောင်ထုပျံ့နှံ့လာသည်။ သူ့လက်ချောင်းများကို ကွေးလိုက်ရာ သူ့ဘေးနားတွင် ထားရှိထားသည့် ဓားနှစ်ချောင်းက ပြင်းထန်စွာ တုန်ခါလာသည်။ 

ချွင်…

ဓားနှစ်ချောင်းသည် ဓားအိမ်မှ ချက်ချင်း ထွက်သွားပြီး အနက်ရောင်မြွေနှစ်ကောင်ကဲ့သို့ ပြုတ်ကျနေသော ပင့်ကူကောင်လေး၏ ခန္ဓာကိုယ်ဆီသို့ ပြေးသွားသည်။

အမှောင်ထုနတ်ဘုရားအပျက်အစီးဖြင့် ဓားဖြောင့်နှစ်ချောင်းသည် ပြုတ်ကျနေသော ပင့်ကူကောင်လေး၏ ခန္ဓာကိုယ်ထဲသို့ အရှိန်ပြင်းပြင်းဖြင့် ရောက်ရှိလာပြီး မီတာ ၅၀ အကွာအဝေးမှ ပြုတ်ကျခါနီးတွင် သူ၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ဓားဖြောင့်နှစ်ချောင်းသည် ပင့်ကူကောင်လေး၏ခန္ဓာကိုယ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ခဲ့ပြီး အမှောင်ထုနတ်ဘုရားအပျက်အစီး၏ အကွာအဝေးမှ ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားသည်။

လင်ချီးယဲ့သည် ခေါင်မိုးပေါ်မှ ဖြည်းညှင်းစွာထရပ်ကာ အောက်ကိုငုံ့ကြည့်လိုက်သည်။ မီးခိုးရောင်ပင့်ကူသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေပြီး သွေးများက ပတ်ဝန်းကျင်မြေပြင်ကို တဖြည်းဖြည်း အရောင်ဆိုးလာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲသို့ နွေးထွေးမှုတစ်ခု စီးဆင်းသွားပြီး သူ့လက်ဖြင့် သတ်ခဲ့သော ပင့်ကူကောင်လေး၏ ဝိညာဉ်ဖြစ်သည်။

လင်ချီးယဲ့သည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့တစ်ကိုယ်လုံး ပင်ပန်းနေသကဲ့သို့ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူ့ခေါင်းကို ပွတ်ကာ ညင်သာသောအသံလေးဖြင့် ရေရွတ်လိုက်သည်။

"ထူးဆန်းတယ် ပင့်ကူက လူစကားတွေပြောနေတာကို ငါကြားလိုက်ရတယ်…… ဒါဆို စိတ်စွမ်းအားကုန်ဆုံးသွားတဲ့ အကျိုးဆက်က အရမ်းဆိုးဝါးတာလား။"

ရှန်ချင်းကျူနှင့် တခြားသူများသည် တတိယအဆောက်အအုံ၏ အောက်ထပ်သို့ လျင်မြန်စွာ ပြေးလာကြသည် မြေပြင်ပေါ်တွင် ပင့်ကူအလောင်း လဲလျောင်းနေပြီး သူ့တွင် ဓားဖြောင့်နှစ်ချောင်း စိုက်သွင်းထားသည်ကို တွေ့လိုက်ရကာ သူ့မျက်လုံးများက ထိတ်လန့်ပြီး ခေါင်မိုးကို မော့ကြည့်လိုက်သည်။

လူငယ်တစ်ယောက်သည် ခေါင်မိုးအစွန်းမှာ ထိုင်ပြီး ပခုံးတွန့်လိုက်သည်။ "မင်းတို့တွေ နောက်ကျတယ်။"

"…" ရှန်ချင်းကျူ၏ အမူအရာက အနည်းငယ် အကူအညီမဲ့သွားသည်။

သူတို့သည် အချိန်အတော်ကြာအောင် ကြိုးကြိုးစားစား ပြင်ဆင်ခဲ့ကြပြီး လေ့ကျင့်ရေးစခန်း၏ တစ်ဝက်သို့ လိုက်ခဲ့ကြရာ အဆုံးတွင် လင်ချီးယဲ့မှ ကြားဖြတ်ဟန့်တားခြင်း ခံခဲ့ရသည်။ သို့သော် ဤအရာက ကောင်းပါသည်။ အနည်းဆုံးတော့ ရှေ့တန်းတိုက်ပွဲမှာ မတော်တဆဒဏ်ရာရသူများမရှိအောင် ရှောင်ရှားနိုင်သည်။

"မင်းထွက်လာပြီဆိုတော့ တတိယအဆောက်အအုံက ပြဿနာကို ဖြေရှင်းပြီးသွားပြီလား။" ရှန်ချင်းကျူက မေးသည်။

"တစ်ခုတော့ ဖြေရှင်းထားတယ်။"

"တစ်ခုလား။ နောက်ထပ်တစ်ခုရှိသေးတာလား။" 

"ရှိတယ်။"

"မင်းမကူညီဘူးလား။"

လင်ချီးယဲ့က ခေါင်းယမ်းလိုက်သည်။ "ငါပင်ပန်းနေပြီ ကျန်တာကို တခြားသူတွေဆီ ထားလိုက်ပါ…"

ဒီအရာက လေ့ကျင့်ရေးတစ်ခုဖြစ်ကြောင်း သူသိထားပြီး လျှို့ဝှက်ဆန်းကြယ်ကြောင့် သူအသတ်ခံရရင်တောင် သေမှာမဟုတ်ဘဲ နောက်ဆုံးလျှို့ဝှက်ဆန်းကြယ်ကို ရှာဖွေရနိ သူ့ကိုယ်သူ ဖိအားပေးစရာမလိုချေ။ မည်သို့ပင်ဖြစ်စေ တခြားသူများကစားရန်အတွက် နေရာရှိလိုပါသည်…

ထိုအခိုက်အတန့်တွင် မော့လိသည် သွေးများဖုံးလွှမ်းရင်း တတိယအဆောက်အအုံမှ ထွက်လာကာ သူမလက်ထဲတွင် ပျက်စီးနေသော ဧရာမလက်ကိုကိုင်ထားပြီး အားကျီနှင့် တခြားအမျိုးသမီးစစ်သားများက လိုက်ပါလာကြသည်။ အားလုံးသည် သွေးများဖြင့် စွန်းထင်းနေပုံရပြီး သူတို့မျက်လုံးများက တိုက်ခိုက်ရေးစိတ်ဓာတ်များပြည့်နေသည်။ 

မော့လိသည် သူမလက်ထဲက ပျက်စီးနေသောလက်မောင်းကို မြေပြင်ပေါ်သို့ပစ်ချလိုက်ပြီး တည်ငြိမ်စွာပြောခဲ့သည်။ "နောက်ဆုံးတစ်ခုက ဒီမှာပဲ။"

လင်ချီးယဲ့က အံ့အားသင့်စွာ မေးသည်။ "ဘာလို့ လက်တစ်ဖက်ပဲ ကျန်တော့တာလဲ။"

"တုန်ခါမှုကြိမ်နှုန်းကို ငါမထိန်းနိုင်လိုက်ဘဲ တခြားအစိတ်အပိုင်းတွေက ကျိုးပဲ့ကြေမွပြီး နံရံပေါ်မှာ ကပ်သွားတယ်။" မော့လိက အမူအရာမဲ့စွာပြောသည်။

"…"

လင်ချီးယဲ့သည် မူလက ဤလျှို့ဝှက်ဆန်းကြယ်အလောင်းကို စုဆောင်းပြီး မှော်ဆင့်ခေါ်ခြင်းအတွက် ထုံးတမ်းစဉ်လာပြင်ဆင်ရန် ၎င်းကိုအသုံးပြုဖို့ စီစဉ်ခဲ့သော်လည်း ယခုတွင် ဤလက်တစ်ဖက်သာကျန်တော့သဖြင့် ဒီအစီအစဉ်က လုံးဝပျက်စီးသွားသည်။ 

ကံကောင်းစွာဖြင့် နောက်ထပ်တစ်ခုရှိသေးသည်။

လင်ချီးယဲ့သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ဓားအိမ်များကို ကောက်ကိုင်လိုက်ပြီး အဆောက်အအုံခေါင်မိုးပေါ်မှ ခုန်ဆင်းကာ အပြင်ဘက်နံရံကို ခြေဖျားထောက်ရင်း မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။

သူသည် ပင့်ကူကောင်လေး၏ ခန္ဓာကိုယ်မှ ဓားဖြောင့်နှစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး အဝေးမှ ကားသံမြည်လာသောအခါတွင် သူ့အလောင်းကို ယူသွားလုဆဲဆဲ ဖြစ်သည်။

တပ်သားအားလုံး ခေါင်းလှည့်၍ အဝေးမှ လမ်းကို လှမ်းကြည့်ကြသည်။

စစ်တပ်ဂျစ်ကားတစ်စီးပြီးတစ်စီးသည် အရှိန်ပြင်းပြင်း ဝင်လာကာ သားရဲတစ်ကောင်လို ဟစ်အော်မြည်သံရင်း ကောင်းကင်ယံတွင် ဖုန်မှုန့်များ ပြည့်နှက်နေပြီး အထဲတွင်ထိုင်နေသာ နည်းပြများ၏အသွင်အပြင်များကို ယောင်ဝါးဝါး မြင်နေရသည်။

ယာဉ်များသည် ဖြည်းညှင်းစွာရပ်သွားကာ ယာဉ်များပေါ်မှ နည်းပြများ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာသည်။ ခေါင်းဆောင်နည်းပြယွမ်ကန်းသည် သူ့လက်များကို နောက်တွင်ထားရင်း တပ်သားသစ်များဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

ဒီမြင်ကွင်းကိုမြင်တော့ တပ်သားသစ်အားလုံးသည် မသိစိတ်က ခေါင်းမော့ ရင်ကော့ပြီး စစ်တပ်ကိုယ်ဟန်အနေအထားဖြင့် မတ်တတ်ရပ်လိုက်သည်။

ယွမ်ကန်း၏မျက်လုံးများက အားလုံးကို ကြည့်လိုက်ရင်း သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်လာသည်။ "အရမ်းကောင်းတယ် ဒီ'ပျော်ပွဲရွှင်ပွဲနေ့' လေ့ကျင့်ရေးက ပြီးဆုံးသွားပြီးလို့ ငါကြေညာတယ်။"

'လေ့ကျင့်ရေး' ဟူသော စကားလုံးကို ကြားလိုက်ရတော့ လူအများစုက အံ့အားသင့်သွားကြပြီး အထူးသဖြင့် တတိယအဆောက်အအုံတွင် ပိတ်မိနေသော အမျိုးသမီးစစ်သားများဖြစ်သည်။ သူတို့၏ အပေါင်းအဖော်များ မျက်စိရှေ့မှောက်တွင် သေဆုံးနေသည်ကို တွေ့ခဲ့ရပြီး တစ်ချိန်တည်းတွင် [အသံမုဆိုး] ကို သတ်ပြီး လက်စားချေရန် စိတ်ပိုင်းဖြတ်ထားခဲ့ကြသည်။ အစမှအဆုံးထိ လေ့ကျင့်ရေးတစ်ခုဟု သူတို့တွေ တစ်ခါမှ မတွေးခဲ့မိဘူး။

"မင်းတို့ဘာတွေစိတ်ပူနေလဲ ငါသိတယ်။ စိတ်မပူပါနဲ့။ ဒီလေ့ကျင့်ရေးမှာ 'စတေးခဲ့တဲ့' လူတွေက အသက်အန္တရာယ်မရှိပါဘူး။" ယွမ်ကန်းသည် ခေတ္တရပ်လိုက်ပြီး သူ့မျက်လုံးများတွင် လေးစားမှုအရိပ်အယောင်များ ပေါ်လာသည်။

"ဒီလိုအံ့ဩစရာကောင်းတဲ့ 'ပျော်ပွဲရွှင်ပွဲနေ့' ကို မတွေ့ရတာအတော်ကြာပြီ။" 

သူက ခေတ္တရပ်ပြီး ဆက်ပြောသည်။ "မင်းတို့တိုက်ခိုက်နေစဉ် မင်းတို့ရဲ့စွမ်းဆောင်ရည်တစ်စုစီတိုင်းကို ငါတို့နည်းပြအားလုံးက အမှတ်တွေပေးခဲ့တယ်။ မနက်ဖြန်မနက် ကြေညာဘုတ်မှာ မင်းတို့ရဲ့ သက်ဆိုင်ရာရမှတ်တွေကို တင်ထားပေးမှာမလို့ အဲဒီအချိန်မှာ ကိုယ်တိုင်သွားကြည့်ကြပါ။

ဒီနေ့နဲ့ မနက်ဖြန်အတွက် လေ့ကျင့်ရေးအားလုံးကို ဖျက်သိမ်းလိုက်ပြီး ကောင်းကောင်းအနားယူကြပါ။ 

တန်းဖြုတ်တော့။"

ဒါကိုကြားတော့ ပင့်ကူကောင်လေး၏ ခန္ဓာကိုယ်ကိုဆွဲယူပြီး တိတ်တဆိတ် နောက်ဆုတ်နေသော စကားမပြောဘဲ အနောက်မှာရပ်နေသော လင်ချီးယဲ့မှလွဲ၍ အားလုံးသည် ပျော်ရွှင်ပြီး လူစုကွဲသွားသည်…

"အဟမ်း"

ယွမ်ကန်း၏ချောင်းဆိုးသံကိုကြားတော့ လင်ချီးယဲ့ ရပ်သွားသည်။ 

"မင်းဘာလုပ်ချင်လို့လဲ။" ယွမ်ကန်းသည် လင်ချီးယဲ့ဆီသို့ လျှောက်သွားပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

လင်ချီးယဲ့သည် ခဏလောက်စဉ်းစားပြီး "ကျွန်တော်… ကျွန်တော် ပင့်ကူလက်ကို စားချင်တယ်။"

"ဒီလေ့ကျင့်ရေးမှာ သေဆုံးသွားတဲ့ 'လျှို့ဝှက်ဆန်းကြယ်' အလောင်းအားလုံးကို ပြန်လည်ရယူဖို့ လိုအပ်တယ်။ မင်း ပင့်ကူလက်ကို စားလို့မရဘူး။" ယွမ်ကန်းက ခေါင်းယမ်းလိုက်သည်။

ဒါကိုကြားတော့ လင်ချီးယဲ့သည် ရွေးချယ်စရာမရှိဘဲ ပင့်ကူကောင်လေး၏ အလောင်းကို လွှတ်ချလိုက်ကာ သူ့စိတ်ထဲတွင် နောင်တများဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်တွင် ထူးဆန်းသောအမူအရာဖြင့် တခြားနည်းပြသည် ယွမ်ကန်းအနားသို့ လျှောက်လာပြီး သူ့နားထဲကို တစ်စုံတစ်ခုကို တိုးတိုးပြောလိုက်သည်။

ခဏကြာပြီးနောက် ယွမ်ကန်းသည် တိတ်တဆိတ် ခေါင်းလှည့်ကာ လင်ချီးယဲ့၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်သည်။

"[Rubik ကုဗတုံး] ရဲ့အလောင်းကို လွှဲပြောင်းပါ။"

"ဟမ်" လင်ချီးယဲ့သည် အပြစ်ကင်းစွာ မျက်တောင်ခတ်လိုက်ရင်း "[Rubik ကုဗတုံး] လား။ သူ့မှာ အလောင်းမရှိဘူးလေ။"

"အလောင်းမရှိဘူးလား။"

"ဟုတ်တယ် အဲဒါက [Rubik ကုဗတုံး] ပဲ။ ကျွန်တော် အဲဒါကို တစ်စစီခုတ်ပြီးတော့ သဲတွေလို လွင့်စင်သွားပြီး ဘာမှမကျန်ခဲ့ဘူး။" လင်ချီးယဲ့၏အမူအရာက အလွန်ရိုးသားသည်။

ယွမ်ကန်းသည် ထူးဆန်းသောအမူအရာဖြင့် သူ့ကိုကြည့်နေသည်။ ခဏအကြာတွင် သူသည် ခေါင်းယမ်းကာ တခြားဘာမှ မပြောဘဲ လှည့်ထွက်သွားသည်။

"မရှိဘူးဆိုတော့လည်း… မရှိဘူးပေါ့။"

TK Team (Chapter 172)