Volume 1 (သေမျိုးနယ်မြေ ၁၇၀)
Chapter 170 (ကယ်ကြပါဦး)
တတိယအဆောက်အအုံ။
ခေါင်မိုး။
လင်ချီးယဲ့သည် အိပ်ခေါင်မိုး၏အလယ်က မြေပြင်တွင် ဆောင့်ကြောင့်ထိုင်နေပြီး သူ့လက်နှစ်ဖက်က ဓားနှစ်ချောင်းသည် ဓားအိမ်ထဲရောက်သွားပြီဖြစ်သည်။ သူ့ရှေ့တွင် ငွေရောင်အပျက်အစီးများ ရှိနေသည်။
"'ချွမ်း' နယ်ပယ်လျှို့ဝှက်ဆန်းကြယ်က တိုက်ခိုက်ရေးစွမ်းအားမရှိရင်တောင် သတ်ပစ်ဖို့ဆိုတာ တကယ်ကို မလွယ်ဘူး"
လင်ချီးယဲ့သည် အသက်ပြင်းပြင်းရှူပြီး ရေရွတ်လိုက်သည်။
သူသည် အပေါက်ထဲသို့ ခုန်ဆင်းပြီးနောက် [Rubik ကုဗတုံး] သည် နေရာလပ်ဖရိုဖရဲကို ဖိအားပေးပြောင်းရွှေ့လိုက်သော်လည်း ယခုတစ်ကြိမ်တွင် ဖရိုဖရဲဖြစ်မှုက တတိယအဆောက်အအုံတစ်ခုလုံးလောက် ကြီးမားခြင်းမရှိတော့ဘဲ ယင်းအစား လင်ချီးယဲ့နှင့် ၎င်းကြားရှိနေရာကို ရှုပ်ယှက်ခတ်သွားရုံသာဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်း၏ရလဒ်မှာ လင်ချီးယဲ့သည် လေထုအလယ်တွင် ကောင်းစွာ ခုန်ပေါက်နေပြီး ထို့နောက်တွင် သူသည် အဝတ်လျှော်စက်ထဲသို့ ပစ်ချခံရသကဲ့သို့ သည်းခြေရည်များအန်လုနီးပါးဖြစ်ကာ [Rubik ကုဗတုံး] ပတ်ပတ်လည်တွင် ရူးသွပ်စွာ လှည့်ပတ်နေခြင်းဖြစ်သည်။
ကံကောင်းထောက်မစွာ ထိုမျှမလှမ်းမကမ်းတွင် လင်ချီးယဲ့သည် အမှောင်ထုနတ်ဘုရားအပျက်အစီးကို တဖန်ပြန်ဖွင့်ပြီး [Rubik ကုဗတုံး] ပင် အထဲဝင်သွားကာ သူ့စိတ်စွမ်းအားကို ပြန်လည်ရရှိပြီးနောက်တွင် သူသည် [Rubik ကုဗတုံး] ကို အမှောင်ထုဖြင့် အတင်းအကျပ်တိုက်စားခဲ့သည်။
ထို့နောက် ခဏတာအခွင့်အရေးကို ဆုပ်ကိုင်ရင်း နာကျင်မှုကို တောင့်ခံကာ သူသည် [Rubik ကုဗတုံး] ကို အပျက်အစီးများဖြစ်နေသော မြေကြီးထဲသို့ ဓားနှစ်ချောင်းဖြင့် ထိုးဖောက်ဝင်ရောက်ခဲ့သည်။
'ချွမ်း' နယ်ပယ် လျှို့ဝှက်ဆန်းကြယ်၏ စိတ်စွမ်းအားသည် လင်ချီးယဲ့ထက် များစွာ အားကောင်းကြောင်း သက်သေပြခဲ့သည်။ တုံ့ပြန်မှုအောက်တွင် ယခုအခါ လင်ချီးယဲ့သည် သူ၏ခေါင်းကို မွေနှောက်ထားသလို ခံစားရကာ သူ့တစ်ကိုယ်လုံး မူးဝေနေခဲ့သည်။
သူသည် မြေပြင်ပေါ်တွင် ဖြည်းညှင်းစွာထိုင်ကာ သူ့နားထင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ [Rubik ကုဗတုံး] ကို သတ်ပစ်ပြီးနောက် သူ၏ခန္ဓာကိုယ်ထဲသို့ ပူပြင်းသော ရေစီးကြောင်းတစ်ခု ပေါ်လာသည်ကို ထင်ရှားစွာ ခံစားလိုက်ရသည်။ နန်ထော်မြွေမိစ္ဆာကို သတ်လိုက်သည့်အချိန်ကကဲ့သို့ပင် မတော်တဆမှုမဖြစ်ပါက ၎င်း၏ဝိညာဉ်ကိုလည်း စိတ်ကျန်းမာရေးဆေးရုံမှ ထိန်းသိမ်းထားလောက်သည်။
သို့သော် [Rubik ကုဗတုံး] က သူနာပြုအဖြစ် ဘာလုပ်နိုင်မည်နည်း။
မာလင်အတွက် အရုပ်အဖြစ်သုံးမှာလား။
လင်ချီးယဲ့သည် ထိုအချိန်တွင် ရှုပ်ထွေးနေသော အတွေးများကို ဘေးဖယ်ထားကာ သူ့ဦးနှောက်ကို ရှင်းလင်းပြီး သူ့စိတ်စွမ်းအားကို ပြန်လည်ရယူရန် တရားထိုင်ခြင်းအခြေအနေသို့ ဝင်ရောက်လိုက်သည်။ ရုတ်တရက် တစ်ခုခုကို သူတွေးမိသကဲ့သို့ မြေပြင်ကနေ ဖြည်းညှင်းစွာ မတ်တတ်ရပ်ပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲသွားသော [Rubik ကုဗတုံး] အပိုင်းအစများကို ဂရုတစိုက် ကောက်ကိုင်လိုက်သည်…
ဤအရာများသည် အရေးကြီးသော ဆင့်ခေါ်ခြင်းပစ္စည်းများ ဖြစ်နိုင်သောကြောင့် အလဟဿမဖြုန်းတီးနိုင်ပေ။
ဒီအရာတွေအားလုံးလုပ်ပြီးနောက် လင်ချီးယဲ့သည် နောက်ဆုံးမှာ သူ့စိတ်နှလုံးကို လွတ်ချလိုက်ပြီး တရားထိုင်ခြင်းအခြေအနေကို ရောက်သွားသည်...
…
တတိယအဆောက်အအုံ၊ စတုတ္ထထပ်။
"ပြန်ကောင်းသွားပြီလား။ ဘာလို့လဲ။" အားကျီသည် သူမရှေ့ကမြင်ကွင်းကို ကြောင်တောင်တောင်စိုက်ကြည့်ပြီး တုံ့ပြန်ရန် ခဏတာအချိန်ယူခဲ့ရသည်။ "တစ်ယောက်ယောက်က နေရာလပ်ထိန်းချုပ်ထားတဲ့ ဒုတိယလျှို့ဝှက်ဆန်းကြယ်ကို သတ်ပစ်ခဲ့တာလား။"
သူတို့အားလုံး [အသံမုဆိုး] ကို ဝန်းရံရန် ဤနေရာ၌ ရှိနေသောကြောင့် ထိုဒုတိယလျှို့ဝှက်ဆန်းကြယ်ကို မည်သူက သတ်သွားသနည်း။
ထိုလျှို့ဝှက်ဆန်းကြယ်ကို သတ်ချင်ပါက ဖရိုဖရဲပုံစံကို ဦးစွာနားလည်ရမည်ဖြစ်ကာ ဒီအရာမျိုးက လူတိုင်းလုပ်နိုင်သည့်အရာမဟုတ်ပေ။
ဤစကားများကို သူကြားလိုက်သည်နှင့် အကြောင်းတစ်ခုခုကြောင့် ပိုင်လီဖက်တီး၏ စိတ်ထဲတွင် လင်ချီးယဲ့၏အသွင်အပြင်ပေါ်လာသည်…
သူမှလွဲ၍ တခြားမည်သူမျှ လုပ်နိုင်မည့်ပုံမပေါ်ပေ။
သူတို့၏ စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်နေသော်လည်း လက်ရှိအခြေအနေသည် သူတို့ကို အလွန်အမင်း တွေးတောခွင့်မပြုပေ။ နေရာလပ်ဖရိုဖရဲကို ရုတ်တရက် ပြန်လည်ရယူလိုက်ခြင်းကြောင့် သူတို့၏ မူလအစီအစဉ်ကို ချိုးဖျက်ကာ လူတစ်ဝက်နီးပါးက တခြားတစ်နေရာသို့ ပြောင်းရွှေ့သွားခဲ့သည်။
ကံကောင်းထောက်မစွာ အမဲလိုက်ခြင်းအစီအစဉ်အတွက် အမှန်တကယ်အရေးပါသူများသည် ရှိနေဆဲဖြစ်ပြီး အနည်းငယ်သော ပြုပြင်ပြောင်းလဲမှုများဖြင့် ဆက်လက်လုပ်ဆောင်နိုင်သေးသည်။
"သူ့ဓားကို ထိန်းချုပ်ပါ။ ထိန်းချုပ်ရေးအဖွဲ့က သူ့ရဲ့လှုပ်ရှားမှုတွေကို ထိန်းထားဖို့ အဆင်သင့်ပြင်ထားပါ။ သတ်ဖြတ်ရေးအဖွဲ့က ငါ့ရဲ့ညွှန်ကြားချက်ကို နားထောင်ပြီး သူ့ဆီဖြည်းဖြည်းချင်း ချဉ်းကပ်ပါ။ ငါ့ညွှန်ကြားချက်အတိုင်း သူ့ကို တစ်ခါတည်း တိုက်ခိုက်မယ်။ တစ်ချက်တည်း သူ့ကိုသေချာအောင် သတ်ပစ်ရမယ်။ သတ်ဖြတ်တာ ကျရှုံးသွားရင် ထိန်းချုပ်ရေးအဖွဲ့က အချိန်မီလှုပ်ရှားရမယ်။"
အားကျီ၏ မျက်လုံးများသည် ဖြည်းညှင်းစွာ ကျဉ်းမြောင်းလာပြီး လူတိုင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်နေသည်။
"ငါ့ညွှန်ကြားချက်ကို နားထောင်ကြ။
သုံး…
နှစ်…
တစ်။
လှုပ်ရှားတော့။"
တစ်ချိန်တည်းမှာပင် စူးစူးရှရှ အလင်းတန်းတစ်ဒါဇင် ထွက်ပေါ်လာပြီး ရပ်တန့်နေသော ခေါင်းမရှိသူဆီသို့ အများအပြား ရောက်ရှိလာသည်။
ချွန်ထက်သောအစွန်းကို ထုတ်ဖော်ထားသည်။
…
လေ့ကျင့်ရေးစခန်း၊ ဂိုဒေါင်တစ်ခု၏ အပြင်ဘက်တွင်။
တပ်သားသစ်များယူနီဖောင်များ ဝတ်ဆင်ထားသော အမျိုးသားတစ်စုသည် ဂိုဒေါင်၏ အစွန်နားသို့ တိတ်တဆိတ် ချဉ်းကပ်လာကာ စက်ဝိုင်းအဖြစ်ဖွဲ့စည်းပြီး အလယ်ဗဟိုကို တဖြည်းဖြည်း ချဉ်းကပ်သွားကာ ဂိုဒေါင်တစ်ခုလုံးကို ဝန်းရံထားသည်။
ရှန်ချင်းကျူသည် ဂိုဒေါင်၏ ပင်မတံခါးရှေ့မှာ ရပ်နေပြီး သူ့ရှေ့က ဂိုဒေါင်ကို ကြည့်ရင်း သူ့လက်ချောင်းထိပ်များက အကွင်းနှစ်ကွင်းကို ညင်သာစွာ ပွတ်သပ်ကာ တစ်ခုက လေကို ပေါက်ကွဲရန် အသုံးပြုသည့် မီးပွားလက်စွပ်ဖြစ်ပြီး ကျန်တစ်ခုမှာ ပိုင်လီဖက်တီးထားခဲ့သော [ဝိညာဉ်ဖြတ်ဓား] ဖြစ်သည်။
"ဟမ် ဒီမှာ ပုန်းနေတာလား…" ရှန်ချင်းကျူက ပေါ့ပါးစွာ ပြောလိုက်သည်။
"အစ်ကိုရှန် ငါတို့ ဘာဆက်လုပ်မှာလဲ။ အထဲပြေးဝင်ပြီး သတ်မှာလား။" တုန့်ဝေသည် သူ့နောက်မှာရပ်ကာ ကြောက်ရွံမှုတချို့ဖြင့် မျှော်လင့်တကြီးမေးသည်။
ရှန်ချင်းကျူသည် သူ့ကိုစိုက်ကြည့်ကာ "ပြေး ပြေး ပြေး… ပြေးဝင်ဖို့ပဲသိတယ်။ မင်းမှာ ဦးနှောက်မရှိဘူးလား။ ဒီနေရာမှာ ပုန်းအောင်းနေတဲ့အရာက ကြုံရာလူမဟုတ်ဘူး ရက်စက်ကြမ်းကြုတ်တဲ့ 'ချွမ်း' နယ်ပယ်လျှို့ဝှက်ဆန်းကြယ်ပဲ။ မင်းဝိညာဉ်ကို အခုလေးတင် ယူသွားတာလေ နည်းနည်းလေးတောင် တိုးတက်မှုမရှိဘူးလား။"
တုန့်ဝေက ခေါင်းကို ပြင်းပြင်းထန်ထန် ကုတ်လိုက်ပြီး "အိုး"
ရှန်ချင်းကျူသည် စိတ်ပျက်စွာ သက်ပြင်းချရင်း walkie-talkie ကိုထုတ်ပြီး ခလုတ်ကို နှိပ်ကာ ပြောလိုက်သည်။ "ကျန့်ကျုံး ဗုံးတွေအကုန်လုံး ဖိထားပြီလား။"
ထိုအချိန်တွင် ဂိုဒေါင်၏ အရှေ့ဘက် အပြင်ဘက်နံရံမှ ခုန်ဆင်းလာသော အထူးတပ်ဖွဲ့မှ စစ်သား ကျန့်ကျုံးသည် နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ဂိုဒေါင်၏ နံရံလေးဘက်တွင် ပြန့်ကျဲနေသော ဦးတည်ပေါက်ကွဲမည့် ဗုံးများကို ထပ်မံစစ်ဆေးကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"ဗုံးတွေကို နေရာချထားပြီယ ဒီပမာဏ 'ချွမ်း' နယ်ပယ်ကို မသတ်နိုင်ပေမယ့် သေချာပေါက် ထိခိုက်သွားလိမ့်မယ်။"
ရှန်ချင်းကျူသည် walkie-talkie ကိုချလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ဖြည်းညှင်းစွာပြောသည်။
"နောက်ထပ် မင်းတို့က ဂိုဒေါင်အပြင်ဘက်မှာ ချောင်းမြောင်းပြီးတော့ ငါတစ်ယောက်တည်း ဝင်လိုက်သွားမယ်။"
"တစ်ယောက်တည်း ဝင်မှာလား။" လီကျာသည် မျက်လုံးပြူးကျယ်ကြီးဖြင့် စိုက်ကြည့်နေသည်။ "အစ်ကိုရှန် အထဲမှာက 'ချွမ်း' နယ်ပယ် လျှို့ဝှက်ဆန်းကြယ်ရှိတယ်လေ မင်းတစ်ယောက်တည်း…"
"အဓိပ္ပါယ်မရှိတာ မင်းငါ့ကိုသတိပေးဖို့လိုသလား။" ရှန်ချင်းကျူက မပျော်မရွှင် ပြောလိုက်သည်။ "အဲဒီဖက်တီးက ဒီနေရာမှာ ပင့်ကူပုန်းအောင်းနေတယ်လို့ အရင်ကပြောခဲ့ပေမယ့် သူထွက်သွားမလားဆိုတဲ့ဖြစ်နိုင်ခြေကို ငါဖယ်ထုတ်လို့မရဘူး။ သူက အစစ်လား အတုလားဆိုတာကို ငါအထဲဝင်ပြီး အတည်ပြုရမယ်။ အရင်က သူရုတ်တရက် ထွက်သွားတာနဲ့ပတ်သက်ပြီး ထူးဆန်းသလို ငါအမြဲတမ်းခံစားရတယ်…
ဒါ့အပြင် ဗုံးတွေကို ဂိုဒေါင်အနီးတဝိုက်မှာ စီစဉ်ပေးထားတယ်။ တကယ်တိုက်ခိုက်မှုဖြစ်သွားရင် ငါမင်းတို့ကို ဗုံးဖောက်ခွဲဖို့ပြောလိုက်မယ်။ ငါက ငါ့အနီးနားက လေကို စုပ်ယူနိုင်ပြီး ပေါက်ကွဲမှုမီးတောက်က ငါ့ကို မထိခိုက်စေနိုင်ဘူး။ လေနံရံနဲ့ ငါက လွင့်လာတဲ့အပျက်အစီးတွေကိုလည်း တားဆီးနိုင်တယ်။
မင်းတို့လုပ်ရမှာက ငါ့အချက်ပြတာကိုစောင့်ပြီး ဗုံးပေါက်ကွဲပြီးရင်တော့ မူလစီစဉ်ထားတဲ့ အစီအစဉ်အတိုင်း ဒဏ်ရာရရှိတဲ့ ပင့်ကူကို ဝိုင်းရံဖို့ပဲ။"
တုန့်ဝေနှင့် တခြားသူများသည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ကြသည်။ သူတို့က ရှန်ချင်းကျူ၏ စရိုက်လက္ခဏာကို ကောင်းကောင်းသိသည်။ သူ့စိတ်ထဲတွင် တစ်စုံတစ်ခုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချပြီးသည်နှင့် ပြောင်းလဲရန် ခဲယဉ်းပေလိမ့်မည်။
ရှန်ချင်းကျူသည် သူ့အိတ်ကပ်ထဲမှ ပီကေတစ်ပိုင်းကို ထုတ်ကာ ပါးစပ်ထဲသို့ ပစါထည့်လိုက်သည်။ သူသည် ခေါင်းလှည့်ပြီး စူးရှသောမျက်လုံးများဖြင့် ရှေ့ကိုလျှောက်သွားပြီး သူ့မျက်လုံးများက လေးနက်နေသည်။
သူသည် ဂိုဒေါင်တံခါးပေါ် သူ့လက်ကိုတင်ကာ အတင်းတွန်းလိုက်သည်။
ကျွီ…
ကြီးမားသော ဂိုဒေါင်တံခါးကို အက်ကွဲကြောင်းတစ်ခုဖြစ်အောင် တွန်းဖွင့်လိုက်ပြီး ရှန်ချင်းကျူသည် ပျော်ပွဲစားထွက်ရန် လာသကဲ့သို့ စိတ်အေးလက်အေး အေးအေးဆေးဆေး အမူအရာဖြင့် တစ်ယောက်တည်း လျှောက်သွားသည်။
ဤဂိုဒေါင်သည် ကြီးကြီးမားမားမဟုတ်သော်လည်း သေးငယ်သည်လည်းမဟုတ်ပေ။ ၎င်းက ဘတ်စကက်ဘောကွင်းသုံးကွင်းခန့် ပေါင်းစည်းထားသောနေရာဖြစ်သည်။ နေရောင်သည် ဂိုဒေါင်၏ထိပ်ရှိ အပေါက်များမှ ဖြာထွက်ကာ မှေးမှိန်သောထောင့်ကို လင်းထိန်စေသည်။
ဂိုဒေါင်တစ်ခုလုံးနီးပါး ထူထပ်သော ပင့်ကူမျှင်များဖြင့် ဖုံးလွှမ်းထားသည်။ ရှုပ်ထွေးပွေလီသော ပင့်ကူမျှင်များ ယှက်နွယ်နေသည့် အဖြူရောင်ပင့်ကူမျှင်ပျော့ပျောင်းသောကုတင်ကို လေထုအလယ်တွင် ဖြန့်ကျက်ထားသည်။ ၎င်းပေါ်တွင် ကောင်ကလေးတစ်ယောက်သည် သူ့မျက်လုံးများကို မှေးမိန်စွာဖွင့်ရင်း သူ့နှုတ်ခမ်းထောင့်မှ သွားရည်များကို သုတ်လိုက်ပြီး အိပ်ချင်မူးတူးဖြင့် အောက်သို့ငုံ့ကြည့်လိုက်သည်...
လူနှင့်ပင့်ကူတစ်ကောင်သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
ခဏအကြာတွင် ကျယ်ပြောလှသော ဂိုဒေါင်ထဲတွင် ထိတ်လန့်စရာအော်ဟစ်သံများ ပဲ့တင်ထပ်လာသည်။
"ကယ်ကြပါဦး အားးးးးးးး…"
TK Team (Chapter 170)