Volume 1 (သေမျိုးနယ်မြေ ၁၆၉)
Chapter 169 (အမဲလိုက်သတ်ဖြတ်ခြင်း)
ဖရိုဖရဲအခန်းထဲတွင် အမျိုးသမီးစစ်သားသုံးဖွဲ့သည် လမ်းကြောင်းသုံးကြောင်းခွဲကာ ရှာဖွေဖို့ လမ်းကြောင်းတစ်ခုဆီ ဦးတည်သွားနေသည်။
ပိုင်လီဖက်တီးသည် မော့လိ၏အဖွဲ့နောက်သို့ လိုက်သွားလဲ့သည်။ အိပ်ဆောင်တချို့ကို ဆက်တိုက်ဖြတ်သန်းပြီးနောက် သူက အသံကိုလျှော့ကာ သံသယဖြင့် မေးသည်။
"ငါတို့ ဘာလို့ လမ်းခွဲလိုက်တာလဲ။ ငါတို့က [အသံမုဆိုး] ကို လိုက်ရှာမှာမဟုတ်ဘူးလား။ အစကတည်းက အရေအတွက်က သိပ်မများဘူး။ ဒီတစ်ခါ လူခွဲလိုက်တာက သိပ်မကောင်းဘူးမလား။"
မော့လိက မပျော်မရွှင်ပြောသည်။ "လူဒါဇင်ပေါင်းများစွာက အတူတူလမ်းလျှောက်နေတာ သူတို့ အသံမကျယ်လောက်ဘူး ထင်နေလား။ လူခွဲလိုက်တာက တစ်ယောက်ချင်းစီ တိုက်ခိုက်မယ်လို့ မဆိုလိုဘူး။ အခု ငါတို့က နေရာလပ်ဖရိုဖရဲပုံစံကို ဖမ်းဆုပ်ထားပေမယ့် [အသံမုဆိုး] ရဲ့ သီးခြားတည်နေရာက မရှင်းသေးဘူး။ အဖွဲ့တစ်ဖွဲ့က [အသံမုဆိုး] ရဲ့ တည်နေရာကို ရှာတွေ့သရွေ့ တခြားအဖွဲ့နှစ်ဖွဲ့ကလည်း ချက်ချင်းချီတက်နိုင်တယ်။
ဒီလောက်ရိုးရိုးရှင်းရှင်း အကြောင်းပြချက်ကို နင်ရှာမတွေ့ဘူးပေါ့။ နင့်လို သူဌေးသားခေါင်းထဲမှာ ဘာတွေရှိနေတာလဲ။"
ပိုင်လီဖက်တီးက ခဏလောက်စဉ်းစားပြီး "မင်းအကြောင်းတွေလေ။"
"…သွားစမ်း"
မော့လိသည် ပိုင်လီဖက်တီးအား ပါးရိုက်ရန် စိတ်အားထက်သန်မှုကို ဖိနှိပ်ကာ အသက်ပြင်းပြင်းရှူပြီး တိတ်ဆိတ်လျင်မြန်စွာ ရှေ့ကိုသွားခဲ့သည်။
ရုတ်တရက် ရှေ့မှလမ်းလျှောက်နေသော မိန်းကလေးတစ်ယောက်က ရပ်တန့်သွားပြီး လူအုပ်ကြီးက အသက်ရှူကျပ်ကာ ရပ်သွားပြီး ပတ်ပတ်လည်ကို သတိကြီးစွာကြည့်နေကြသည်။
"နင်တို့အသံကြားကြလား။" မိန်းကလေးက မျက်မှောင်ကြုတ်ကာ မေးသည်။
"ဘာအသံလဲ။" ပိုင်လီဖက်တီးသည် ခဏတာ ဂရုတစိုက် နားထောင်ပြီး ဘာမှ မကြားရသေးပေ။
"တိုက်ခိုက်နေတဲ့အသံပဲ။" မော့လိ၏မျက်လုံးများတွင် သံသယအရိပ်အယောင်ပေါ်လာသည်။ "ထူးဆန်းတယ်။ တခြားအဖွဲ့နှစ်ဖွဲ့က [အသံမုဆိုး] နဲ့ တိုက်ခိုက်မှာမဟုတ်ဘူးလို့ ပြောခဲ့တာကို တိုက်ခိုက်တဲ့အသံက ဘယ်လိုထွက်လာတာလဲ…"
"ပြီးတော့ အသံက ငါတို့နဲ့ တဖြည်းဖြည်းနီးလာပြီ။" အလယ်တွင် ဝိုင်းရံခံထားရသော အားကျီသည် တဖြည်းဖြည်း လေးနက်လာ၏။ "တိုက်ပွဲအတွက် အသင့်ပြင်ထားပါ။"
အားလုံးသည် အသက်ပြင်းပြင်းရှူကာ သူတို့လက်ထဲတွင် လက်နက်များကို ဆုပ်ကိုင်ထားရင်း သူတို့လုပ်နေသည့် အသံကို လျှော့ချလိုက်သည်။ သို့သော် သူတို့သည် အစကတည်းက တတိယအဆောက်အအုံတွင် ပိတ်မိနေပြီး လက်နက်အစစ်များရရှိရန် ဂိုဒေါင်သို့ သွားရန် နည်းလမ်းမရှိပေ။ ထို့ကြောင့် သူတို့လက်ထဲတွင်ရှိသောအရာအများစုမှာ သစ်သီးဓားများ၊ ရေနွေးခန်းမှ သံပိုက်များကို ဖယ်ထုတ်လိုက်ကြသည်။ ပထမအကြည့်တစ်ချက်ဖြင့် သူတို့သည် အုပ်စုလိုက်ရန်ပွဲသို့ ဝင်မည့် လူဆိုးအဖွဲ့တစ်ဖွဲ့နှင့်တူသည်။
အသံက ပိုနီးကပ်လာသည်။ ပိုင်လီဖက်တီးသည် နံရံကို ဖြိုခွင်းလိုက်သောအသံ၊ သတ္တုပွတ်တိုက်သံများနှင့် ရောထွေးနေသော ထူးထူးဆန်းဆန်း ရယ်မောသံများကို ကြည်လင်ပြတ်သားစွာ ကြားနေရသည်....
ပိုင်လီဖက်တီးသည် မှင်တက်သွား၏။ ဒီရယ်သံကို သူတစ်နေရာရာမှာ ကြားဖူးသလို အမြဲတမ်း သူခံစားရသည်…
ဗုန်း
လူအုပ်ကြီးရှေ့မှာ နံရံတစ်ဖက် ပွင့်ထွက်သွားပြီး အနက်ရောင်မီးတောက်တွေ ဖုံးလွှမ်းနေသော အသွင်အပြင်သည် နောက်ပြန်ပျံထွက်သွားပြီး နံရံတစ်ဖက်ကို ပြင်းပြင်းထန်ထန် တိုက်မိသွားသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး မြေပြင်ပေါ် ကျသွားသည်။ သူသည် မတ်တတ်ရပ်ရန် ရုန်းကန်ရင်း သူ့ခန္ဓာကိုယ်တစ်ဝိုက်က မီးတောက်များသည် အားနည်းလာပြီး အချိန်မရွေး ငြိမ်းသွားမည့်ပုံရသည်။
"ဟီးဟီးဟီးဟီး…"
လျှပ်စီးကြောင်းကြီးတစ်ခု သူ့ရှေ့သို့ လျင်မြန်စွာရောက်ရှိလာသောအခါတွင် သူ၏ခန္ဓာကိုယ်သည် တည်ငြိမ်သွားပြီး ကြီးမားသောဓားရှည်ကြီးက ခါးဆီသို့ တည့်တည့်ဖြတ်သွားပြန်သည်။
ချွင်…
အနက်ရောက်မီးတောက်ဓားဖြောင့်သည် ကျယ်လောင်သော ပေါက်ကွဲသံကြီးဖြင့် ခေါင်းဖြတ်ဓားကြီးနှင့် တိုက်မိသွားပြီးနောက် အရူးချောင်ယွမ်း၏ ခန္ဓာကိုယ်သည် နံရံကို နောက်တစ်ကြိမ်ထိမှန်ကာ တခြားအခန်းသို့ ပြိုကျသွားသည်။
ခေါင်းမရှိသူ၏အသွင်အပြင်သည် နောက်တစ်ကြိမ် သူ့နောက်သို့ လိုက်လာသည်။
အစမှအဆုံးအထိ ခေါင်းမရှိသူသည် သူ့ရှေ့မှ အနက်ရောင်ရန်သူက သူ့အာရုံအားလုံးကို စွဲဆောင်နေသကဲ့သို့ ဘေးနားရှိ လူတစ်ဒါဇင်ခန့် ရှိနေသည်ကိုပင် သတိမထားမိပေ။
ဖြစ်စဉ်တစ်ခုလုံးကို ကိုယ့်မျက်လုံးများဖြင့် ကိုယ်တိုင်မြင်ခဲ့ရသော လူများသညိ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး မျက်လုံးများက မယုံကြည်မှုများ ပြည့်နှက်နေသည်။
"လခွမ်း အဲဒါက ချောင်ယွမ်းမဟုတ်ဘူးလား။" ပိုင်လီဖက်တီး၏မျက်လုံးများ ပြူးကျယ်သွားသည်။
"သူ…သူက ဒီလောက်အင်းအားကြီးတဲ့ [အသံမုဆိုး] ကို တစ်ယောက်ချင်းတိုက်ခိုက်နေပြီး ခါးဖြတ်မခံရသေးဘူးလား။" အားကျီသည် ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ အံ့သြတုန်လှုပ်သွားပြီး "အခြေအနေကို ကြည့်ရတာတော့ သူတို့တိုက်ခိုက်နေတာ ကြာပြီထင်တယ်။"
"ဒါက အရမ်းကြမ်းတာပဲ။"
"နည်းပြကိုတောင် တိုက်ခိုက်ရာမှာ ဖိနှိပ်နိုင်တဲ့သူဖြစ်ဖို့ ထိုက်တန်ပါတယ်။"
"အခု ငါတို့ ဘာလုပ်ကြမလဲ။"
အားကျီသည် ခဏလောက်စဉ်းစားပြီး "သူတို့နောက်ကို တိတ်တိတ်လေးလိုက်သွားပြီး တစ်ချိန်တည်းမှာပဲ တခြားအဖွဲ့နှစ်ဖွဲ့ကိုလည်း ဒီမှာပဲစုဝေးဖို့ အသိပေးလိုက်ပါ။ ငါတို့အတွက်မျှားခေါ်ထားပြီး [အသံမုဆိုး] နဲ့ ထိပ်တိုက်တိုက်ခိုက်နိုင်တဲ့သူတစ်ယောက်ရှိတာက ငါတို့အတွက် ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုပဲ။"
"ကောင်းပြီ။"
အားလုံးသည် မကောင်းဆိုးဝါးနှစ်ယောက်၏ခြေရာကို လိုက်သွားကာ ပိုင်လီဖက်တီးတစ်ယောက်တည်းသာ နောက်ဘက်သို့ လျှောက်သွားပြီး ခဏလောက်လှည့်ကြည့်ကာ ရှုပ်ယှက်ခတ်လျက် ခေါင်းကုတ်လိုက်ကြသည်။
"ထူးဆန်းလိုက်တာ ချောင်ယွမ်းက ဒီမှာ ချီးယဲ့က ဘယ်မှာလဲ…"
အချိန်အတော်ကြာ လိုက်ရှာပြီးနောက် လင်ချီးယဲ့ကို သူမတွေ့ရသောကြောင့် ခေါင်းယမ်းကာ လူအုပ်နောက်သို့ လိုက်သွားခဲ့သည်။
အရူးချောင်ယွမ်းနှင့် ခေါင်းမရှိသူတို့သည် နောက်ထပ် အိပ်ဆောင်ခန်းနှစ်ခန်းကို ဖြတ်ကျော်တိုက်ခိုက်ခဲ့ကြပေမယ့် တကယ်တော့ ချောင်ယွမ်းက တစ်ဖက်သတ် အရိုက်ခံရခြင်းသာ ဖြစ်သည်။ လင်ချီးယဲ့ မျှော်လင့်ထားသည့်အတိုင်း ချောင်ယွမ်း၏စိတ်စွမ်းအားသည် သူ၏ရူးသွပ်သော အခြေအနေကို အချိန်အကြာကြီး ထောက်ပံ့ရန် လုံလောက်ပေ။ ယခုအခါက သူ၏တိုက်ခိုက်ရေး စွမ်းအားသည် အစတုန်းကနှင့်ယှဉ်ရင် အများကြီးကျဆင်းသွားခဲ့သည်။
ယခင်ကတော့ သူသည် ခေါင်းမရှိသူ၏ ခုတ်ချက်အနည်းငယ်လောက် ခံနိုင်ရည်ရှိသော်လည်း ယခုအချိန်မှာတော့ သူသည် တစ်ချက်တည်းဖြင့် လွင့်ထွက်သွားခဲ့သည်။ သူ၏အလွန်လျင်မြန်သောအရှိန်နှင့် ပြင်းထန်သောအသက်ဓာတ်ကြောင့်သာ မဟုတ်ပါက ယခုအခါ သူနှစ်ပိုင်းဖြတ်ခံနေရလောက်သည်။
သို့သော်လည်း မိနစ်အနည်းငယ်အတွင်း အမျိုးသမီးစစ်သားအားလုံးနီးပါးသည် သူတို့နှစ်ယောက်ပတ်ပတ်လည်ကနေ ချောင်းမြောင်းနေခဲ့ကြသည်။ ယခင်က လင်ချီးယဲ့နှင့်အတူ ဝင်လာပြီး တတိယအဆောက်အအုံမှာ လမ်းပျောက်သွားသော လူတချို့ပင်ပါဝင်နေခဲ့သည်။ သူတို့ကို အမျိုးသမီးစစ်သားများက တွေ့ရှိခဲ့ပြီး အဖွဲ့ပေါင်းထည့်ခဲ့သည်။ သူတို့ဆီမှာ ပေါင်းလိုက်လျှင် အကြမ်းဖျင်းအားဖြင့် လူ ၇၀ လောက် ရှိသည်။
ကျန်းရှောင်ရှောင်၏ စိတ်ကွန်ရက်သည် လူတိုင်းကို တဖန် ချိတ်ဆက်ခဲ့ပြီး ရေဒီယိုထက် ပိုအဆင်ပြေသည့် အကြံပေးပလပ်ဖောင်းတွင် အားကျီက တိုက်ပွဲအစီအစဉ်ကို အမြန်ရေးဆွဲခဲ့သည်။
အရူးချောင်ယွမ်းသည် ခေါင်းမရှိသူ၏ ထိုးနှက်ချက်ကြောင့် လွင့်ထွက်သွားသည်။ သူ၏အသွင်အပြင်သည် အပျက်အစီးများကြားတွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ နတ်ဆိုးဝိညာဉ်များက တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ သူသည် မတ်တတ်ရပ်ချင်နေသကဲ့သို့ သူ့လက်များက မြေပြင်ကိုထောက်ရင်း ရုန်းကန်နေရသည်။ သို့သော် ဒီတစ်ခါမှာတော့ သူမလုပ်နိုင်တော့ပေ။
တိုတောင်းသော တိတ်ဆိတ်မှုတွင် ခေါင်းမရှိသူသည် ခေါင်းဖြတ်ဓားကို ဆွဲယူကာ ချောင်ယွမ်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။
"လုပ်တော့။"
အားကျီ၏အသံသည် လူတိုင်း၏စိတ်ထဲမှာ ပဲ့တင်ထပ်နေသည်။
နောက်အခိုက်အတန့်တွင် အခန်းနှစ်ဖက်ရှိ အခန်းများမှ ဒါဇင်ပေါင်းများစွာသော အသွင်အပြင်များ လျှပ်တပြက်ထွက်ပေါ်လာပြီး တားမြစ်အပျက်အစီးများက တစ်ချိန်တည်းတွင် ထူးခြားစွာ ထွက်ပေါ်လာသည်။
ခေါင်းမရှိသူ၏လက်ထဲက ခေါင်းဖြတ်ဓားဟာ ညင်သာစွာ တုန်ခါသွားပြီး အံ့သြစရာကောင်းလောက်အောင် အပေါ်ကို လွင့်ပျံသွားသည်။ တစ်ချိန်တည်းမှာပဲ ဆွဲငင်သောအသံက ရုတ်ခြည်းရပ်တန့်သွားသည်။ တစ်စုံတစ်ယောက်က အနှေးခလုတ်အား နှိပ်လိုက်သလို ခေါင်းမရှိသူ၏အသွင်အပြင်သည် ရပ်တန့်ပြီး သူ့အရှိန်က အများကြီးလျှော့သွားကာ ခြေတစ်လှမ်းကို ၁၀ စက္ကန့်ကြာခဲ့သည်။
သေချာပါသည်။
အားကျီ၏မျက်လုံးများ တောက်ပလာသည်။ [အသံမုဆိုး] သည် အသံကိုလိုက်ရှာသောကြောင့် ခေါင်းဖြတ်ဓားအတွက်သာမက သူ့ကိုယ်သူ ခွန်အားမြင့်တင်စေရန် အချိန်တိုင်းဆွဲငင်သံကို အသုံးပြုခဲ့ရန် ရည်ရွယ်ချက်ဖြင့် ထိုလေးလံသောဓားကြီးကို ကိုင်ဆောင်ထားသည်။ ခေါင်းဖြတ်ဓားကို မြေကြီးပေါ်ကနေ တွန်းထုတ်ပြီး အသံကို အနိမ့်ဆုံး decibel အထိ ထိန်းချုပ်ထားသရွေ့ ၎င်းကို အလွယ်တကူ သတ်ပစ်နိုင်သည်။
ချက်ချင်းပင် တခြားသူများ၏ အသွင်အပြင်များသည် ခေါင်းမရှိသူဆီသို့ တိတ်တဆိတ် ပျံ့လွင့်လာကာ သူတို့၏လက်များတွင် ကိုယ်ပိုင်သတ်ဖြတ်ခြင်းလှုပ်ရှားမှုများ ကိုင်ဆောင်ပြီး သူတို့၏မျက်လုံးများက သတ်ဖြတ်ခြင်းရည်ရွယ်ချက်ဖြင့် ပြည့်နှက်နေသည်။
ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်အခန်းက အနည်းငယ် တုန်ခါသွားကာ ဖရိုဖရဲဖြစ်သွားပြန်သည်...
အားလုံး၏နှလုံးများက တုန်ခါသွားသည်။
ပတ်ဝန်းကျင်အခန်းသည် အရှိန်အဟုန်ဖြင့် ရွေ့လျားလာသည်နှင့်အမျှ အားကျီ၏ မျက်လုံးများက အံ့အားသင့်မှုဖြင့် လင်းလက်သွားကာ ဤတစ်ကြိမ်တွင် နေရာလပ်ဖရိုဖရဲသည် ယခင်ပုံစံနှင့် လုံးဝမတူကြောင်း သူမသိသောကြောင့်ဖြစ်သည်။
ဆိုလိုတာက… သူမ၏ခန့်မှန်းချက်က မှားယွင်းနေသည်။
ပတ်ဝန်းကျင်အခန်းများသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်နှင့် ဤတစ်ကြိမ်တွင် နေရာလပ်ဖရိုဖရဲဖြစ်တာမဟုတ်ကြောင်း လူတိုင်းသိလိုက်ရကာ… မူလကအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
အကျွမ်းတဝင်ရှိသော အိပ်ဆောင်၊ စဉ်ဆက်မပြတ်စင်္ကြံ၊ စင်္ကြံအပြင်ဘက်တွင် တောက်ပသောနေရောင်ခြည်… မူလဖရိုဖရဲက ထင်ယောင်ထင်မှားဖြစ်နေသကဲ့သို့ပင်။
တတိယအဆောက်အအုံကို မူလပုံစံအတိုင်း ပြန်လည်ပြုပြင်ခဲ့သည်။
TK Team (Chapter 169)