Chapter 168
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၆၈)


Chapter 168 (Checkmate)

"ဒါဆို ငါတို့ အခုပဲ ဆုံးဖြတ်ချက်ချရတော့မယ်။" အားကျီသည် အလွန်လေးနက်သော အမူအရာဖြင့် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

"ငါတို့ အရင်ဆုံး ဖရိုဖရဲနေရာလပ်ထဲက လျှို့ဝှက်ဆန်းကြယ်ကို သွားသတ်ကြမလား ဒါမှမဟုတ်… [အသံမုဆိုး] ကို သတ်ကြမလား။"

ဒီမှာရှိနေကြသော အမျိုးသမီးစစ်သားအရေအတွက်များက သိပ်မများဘဲ သူတို့ထဲကတချို့သည် အားကျီကဲ့သို့ တိုက်ခိုက်ရေးလုံးဝမကောင်းသောကြောင့် အဖွဲ့နှစ်ဖွဲ့ခွဲရန် မဖြစ်နိုင်ဘဲ သူတို့သည် တစ်ခုပြီးတစ်ခုသာ တိုက်ခိုက်ရုံရှိသည်။

ထို့ကြောင့် အစီအစဉ်က အလွန်အရေးကြီးသည်။

"သေချာပေါက် [အသံမုဆိုး] ကို အရင်သတ်မှာပေါ့။" ဒေါသတကြီး အသံထွက်လာသည်။

"ဟုတ်တယ်။ သူက ညီမရှောင်ယာကို သတ်ခဲ့တာ။ ငါ သူ့ကို လက်စားချေချင်တယ်။"

"[အသံမုဆိုး] ကိုသတ်မယ်။ သူက ညီအစ်မတွေအများကြီးကို သတ်လိုက်တာ။ သူသေမှရမယ်။"

"ဟုတ်တယ်။ သတ်မယ်။"

"…"

အမျိုးသမီးစစ်သားများ၏ စကားသံများက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာပြီး သူတို့၏ ထင်မြင်ယူဆချက်များသည် အလွန်ညီညွတ်ကြပြီး မြင့်မားသော တိုက်ခိုက်ရေးစိတ်ဓာတ်မှာ လူတိုင်း၏ မျက်လုံးများတွင် ပြည့်နှက်နေသည်။ သူတို့သည် အားနည်းပြီး ပိန်ပါးသောပုံပေါက်သော်လည်း သူတို့၏ ရင်ထဲက သွေများသည် တခြားသူများထက် မနည်းလှပေ။

သူတို့ကလည်း ညကင်းစောင့်လူသားများဖြစ်သည်။

"ကောင်းပြီ။" အားကျီသည် သူမလက်ထဲတွင် အသစ်ရေးဆွဲထားသောပုံကို ငုံ့ကြည့်ကာ ဘောပင်တစ်ချောင်းကိုယူပြီး လျင်မြန်စွာ တွက်ချက်လိုက်သည်။ "ဒုတိယလျှို့ဝှက်ဆန်းကြယ်က [အသံမုဆိုး] ကို လွတ်မြောက်အောင်လုပ်ဖို့ နေရာလပ်ကနေ ခြယ်လှယ်ခြင်းကို တားဆီးဖို့အတွက် ငါ နောက်ထပ်ဖရိုဖရဲနှစ်ခုကို အရင်ဖန်တီးလိုက်မယ်…

နောက်တစ်ကြိမ်ဖရိုဖရဲစတင်တဲ့အခါ [အသံမုဆိုး] ကို ရှာဖေွလိုက်ဖို့ ငါတို့ရဲ့အခွင့်အရေးဖြစ်လိမ့်မယ်။"


လင်ချီးယဲ့သည် ခဏလောက်စဉ်းစားပြီး အပေါက်ထဲက [Rubik ကုဗတုံး] ကိုသတ်ရန် ထိုအခန်းနှစ်ခန်းကို အလျင်စလိုမဖြတ်ဘဲ နေရာတွင် ထိုင်ကာ အဖြူရောင်နံရံပေါ်၌ တစ်စုံတစ်ခုကို ရေးဆွဲရန် သူ့လက်ချောင်းထိပ်မှ အမှောင်ထုကို အသုံးပြုခဲ့သည်။

သူနှင့် [Rubik ကုဗတုံး] အကြားအကွာအဝေးသည် အလွန်နီးကပ်နေပုံရသော်လည်း အမှန်တကယ်တွင် အလယ်မှာ တိုက်ရိုက်သွားလမ်းမရှိသော်လည်း နံရံလေးခုကို ဆက်တိုက်ကာထားသည်။ [Rubik ကုဗတုံး] ၏ ဉာဏ်ရည်က သူစိတ်ကူးထားသည်ထက်ပင် ပိုမြင့်မားနေသည်။ အခန်း၏ လှည့်နေသော အခန်းများကို အသုံးပြု၍ ၎င်းနှင့် နီးကပ်သော ဘက်ပေါင်းစုံမှ နံရံများအားလုံးကို ပိတ်ဆို့နိုင်ခဲ့သည်။

ဆိုလိုသည်မှာ အပေါက်သို့ရောက်ရန် သူသည် ဤနံရံလေးခုကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ရမည်။ ဒါက လင်ချီးယဲ့အတွက် မခက်ခဲသော်လည်း နံရံများကို ဖောက်ထွင်းဝင်ရောက်စဉ်တွင် [Rubik ကုဗတုံး] သည် သူ၏ရည်ရွယ်ချက်များကို မလွဲမသွေ သတိပြုမိပြီး ၎င်း၏ အနေအထားကို ဖော်ထုတ်သိရှိကာ နေရာလပ်ကို တဖန်ပြောင်းလဲလိမ့်မည်။

ထိုအချိန်တွင် လင်ချီးယဲ့သည် သူမည်သည့်နေရာသို့ ရွှေ့ပြောင်းခံရမည်ကို မသိနိုင်ပေ။

"နံရံတွေကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ တားမြစ်အပျက်အစီးသာရှိခဲ့ရင်တော့…" လင်ချီးယဲ့က သက်ပြင်းချလိုက်သည်။

ယခုအချိန်တွင် သူသည် အတားအဆီးကို ဖြတ်ကျော်ကာ အပေါက်သို့ ရောက်အောင် လျှောက်လှမ်းရန် သူ့ကိုယ်ပိုင်ဉာဏ်ကို အားကိုးနိုင်ရုံသာ ရှိတော့သည်။

ဤအခိုက်အတန့်တွင် သူသည် ဤလျှို့ဝှက်ဆန်းကြယ်များအား ချထားသည့် နည်းပြဆရာများ၏ ရည်ရွယ်ချက်ကို နားလည်လာခဲ့သည်။

တတိယအဆောက်အအုံအပြင်ဘက်တွင် ထူးဆန်းသောပင့်ကူသည် 'စွမ်းအား' နှင့် 'ဝိညာဉ်' ကိုစမ်းသပ်ခြင်းဖြစ်သည်။

ခေါင်းမရှိသူသည် ခေါင်းဖြတ်ဓားကိုကိုင်ပြီး လူတွေကိုလိုက်ခုတ်တာက 'စူးစမ်းလေ့လာခြင်း' နှင့် 'စိတ်နှလုံး' ကို စမ်းသပ်ခြင်းဖြစ်သည်။

သူ့ရှေ့ရှိ [Rubik ကုဗတုံး] သည် 'ဉာဏ်ပညာ' စမ်းသပ်ခြင်းဖြစ်သည်။

သီအိုရီအရ တိုက်ခိုက်ရေးစွမ်းအား အလုံအလောက်ရှိနေသရွေ့ လေ့ကျင့်ရေးစခန်းအတွင်း လှည့်ပတ်သွားလာနေသော ပင့်ကူကို သတ်ပစ်နိုင်သည်။ သို့သော် တတိယအဆောက်အအုံ၏ အခြေအနေက မတူဘူး။ ခေါင်းမရှိသူကို သတ်ချင်ပါက နှစ်ပိုင်းပြတ်မည့်ကြောက်စိတ်ကို ကျော်လွှားပြီး စွန့်စားခြင်းမှ သူ၏သတ်ဖြတ်ခြင်းယန္တရားကို စူးစမ်းလေ့လာရမည်…

ပြီးနောက် အကယ်၍ [Rubik ကုဗတုံး] ကို သတ်ချင်ပါက တတိယအဆောက်အအုံ၏ လုပ်ဆောင်ချက်ကို ထိုးထွင်းသိမြင်ရမည်ဖြစ်သည်။

တစ်နည်းအားဖြင့် [Rubik ကုဗတုံး] ကို သတ်ရန်ခက်ခဲမှုက အမြင့်ဆုံးဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် နံရံတစ်ခုလုံးသည် လင်ချီးယဲ့၏စာများဖြင့် ပြည့်လုနီးပါးဖြစ်လာကာ နောက်ဆုံးတွင် သူသည် အသက်ပြင်းပြင်းရှူရင်း နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ရာ သူ့မျက်လုံးများတွင် ရွှေရောင်ဖျော့ဖျော့ ထွက်ပေါ်လာသည်။

အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ဤလှုပ်ရှားမှုအပေါ်သာမူတည်သည်။

သူ့ခန္ဓာကိုယ်ကို အနည်းငယ်ငုံ့ကာ အမှောင်ထုနတ်ဘုရားအပျက်အစီးသည် မီတာ ၃၀ ပတ်ဝန်းကျင်ကို လုံးဝဖုံးလွှမ်းသွားသည်အထိ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားသည်။ နတ်ဘုရားအပျက်အစီးကို မီတာ ၅၀ အထိ သူတိုက်ရိုက်မဖွင့်ရဲဘဲ အဘယ်ကြောင့်ဆိုသော် သူအဲဒီလိုလုပ်ပါက ၎င်းသည် [Rubik ကုဗတုံး] ကို ဖုံးလွှမ်းသွားမည်ဖြစ်ကာ ရန်သူကို သတိပေးသလိုဖြစ်လိမ့်မည်။

မီတာ ၃၀ အကွာမှာ သူ့ရှေ့ရှိ နံရံလေးခုကို ဖုံးထားရုံဖြင့် သူ့ရည်ရွယ်ချက်က အချိန်တိုအတွင်း အပေါက်ထဲကို ဝင်ဖို့ရန် လုံလောက်သည်။

သူသည် အပေါက်ထဲသို့ ဝင်သွားသရွေ့ [Rubik ကုဗတုံး] သည် နေရာလပ်ရှုပ်ထွေးမှုဖြင့် ၎င်းကို ဖယ်ခွာသွားနိုင်မည် မဟုတ်ပါ။

လင်ချီးယဲ့သည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့တစ်ကိုယ်လုံးကို မြားတစ်စင်းလို ပစ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏အကြည့်များသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး မမြင်နိုင်သောလက်တစ်စုံသည် ၎င်းတို့ကို စုတ်ဖြဲလိုက်သကဲ့သို့ အမှောင်ထုနတ်ဘုရားအပျက်အစီး အကွာအဝေးအတွင်း နံရံလေးခု၏အလယ်ဗဟိုတွင်။ပြင်းထန်သောအက်ကွဲမှုတစ်ခု ပေါ်လာသည်။

ထို့နောက် လင်ချီးယဲ့၏အသွင်အပြင်က ပထမနံရံရှေ့တွင် လွင့်ပျံသွားသည်။

ဓားနှစ်ချောင်းကို ထုတ်လိုက်သည်။

ဓားဖြောင့်နှစ်ချောင်းသည် အက်ကွဲနေသောပထမနံရံကိုဖြတ်၍ အလွယ်တကူခုတ်ထစ်လိုက်သည်။ လင်ချီးယဲ့၏ခြေလှမ်းများက အနည်းငယ်မျှမရပ်တန့်ဘဲ သူသည် ဒုတိယနံရံဆီသို့ အမြန်ပြေးသွားခဲ့သည်။

ရွှမ်း ရွှမ်း

နှစ်ကြိမ်ဆက်တိုက် ခုတ်ဖြတ်ပြီးနောက် ဒုတိယနှင့် တတိယ နံရံများ ပေါက်ကွဲထွက်လာသည်။ ဤဖြစ်စဉ်သည် နှေးကွေးနေပုံရသော်လည်း လက်တွေ့တွင် လင်ချီးယဲ့ လှုပ်ရှားချိန်မှ တစ်စက္ကန့်မျှသာ ရှိသေးသည်။

လင်ချီးယဲ့သည် နောက်ဆုံးနံရံကိုထိခါနီးအချိန်တွင် [Rubik ကုဗတုံး] က နောက်ဆုံးတွင် တုံ့ပြန်လာသည်။ တတိယအဆင့် ငွေရောင် [Rubik ကုဗတုံး] သည် အစီအစဉ် ၄၀ ကျော်ကို ပုံမှန်မဟုတ်သော ပုံသဏ္ဌာန်အဖြစ်သို့ ချက်ချင်းပြောင်းလဲသွားပြီး အရှိန်အဟုန်ဖြင့် လှည့်လိုက်သည်။

လင်ချီးယဲ့၏ မျက်လုံးများသည် ရုတ်တရက် ကျုံ့သွားကာ နောက်ဆုံးနံရံကို ခုတ်မည့်အစား တစ်ဖက်က ဗီရိုတစ်ခုပေါ်ကို ပြင်းပြင်းထန်ထန် နင်းလိုက်ရာ သူ့တစ်ကိုယ်လုံးသည် သူ မူလပြေးရာလမ်းကြောင်းအတိုင်း နောက်ပြန်ဆုတ်သွားခဲ့သည်။

ယခင်အခန်းသို့ သူပြန်ဆုတ်သွားသောအခါ သူ့ပတ်ဝန်းကျင်သည် အလွန်လျင်မြန်စွာ ပြောင်းလဲသွားပြီး မူလအပေါက်နှင့် အနီးဆုံးအခန်းက အစွန်းထောင့်သို့ လှည့်သွားခဲ့သည်။

လင်ချီးယဲ့ရှိနေသောအခန်းသည် အဆက်မပြတ်လှည့်ပတ်ပြီးနောက် တဖြည်းဖြည်း ရပ်တန့်သွားသည်...

လင်ချီးယဲ့၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။

သူသည် ညာဘက်က နံရံကို ခေါင်းလှည့်ကြည့်ကာ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ဓားဖြောင့်နှစ်ချောင်းဖြင့် ခုတ်ဖြတ်ရင်း ဤနံရံရှိ အပေါက်ကြီးကို ဖြိုခွင်းလိုက်သည်။

နံရံနောက်ဘက်တွင် အချင်းဝက် ၃ မီတာကျော်ရှိသော လုံးပတ်အပေါက်တစ်ခုရှိသည်။

အပေါက်၏အလယ်တွင် ငွေရောင် [Rubik ကုဗတုံး] သည် တိတ်တဆိတ် ရပ်တန့်နေပြီး ပတ်ဝန်းကျင်မှ စူးရှတောက်ပသော အလင်းရောင်သည် ယခုထက် များစွာ မှိန်သွားပုံရသည်။

"သေချာတယ် မင်းက နေရာလပ်ကို နှစ်ကြိမ် ဆက်တိုက် ရွှေ့လျားလို့မရဘူး…" လင်ချီးယဲ့သည် သူ့ရှေ့ရှိ ငွေရောင် [Rubik ကုဗတုံး] ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

အစကတည်းက သူသည် နံရံလေးခုကို တစ်ခါတည်းဖြတ်ပြီး အပေါက်ထဲဝင်ရန် မစဉ်စီခဲ့ပေ။ ၎င်းသည် အချိန်နှင့်ယှဉ်ရန် အန္တရာယ်များလွန်းသောကြောင့် ဒုတိယအကြိမ်နေရာလပ်ဖရိုဖရဲတွင် သူ၏အလေးချိန်အားလုံးကို တိုက်ရိုက်လောင်းလိုက်သည်။

ယခင်က ကျွမ်းကျင်ခဲ့သော [Rubik ကုဗတုံး] ၏ လှည့်ပတ်လမ်းကြောင်းကိုဖြတ်၍ နောက်ထပ်ရွှေ့လျားမှုအပြီးတွင် [Rubik ကုဗတုံး] ၏ အနီးစပ်ဆုံးအခန်းက နောက်ဆုံးအခန်းကနေ ဒုတိယမြောက်ဖြစ်တာကို သူကြိုတင်တွက်ချက်ခဲ့သည်။

လင်ချီးယဲ့ အရှိန်မြင့်ရသည့် အကြောင်းရင်းမှာ ဤဉာဏ်ရည်မြင့်မားသော [Rubik ကုဗတုံး] ကို ကြောက်လန့်စေရန်နှင့် ဒုတိယနေရာလပ်ရွှေ့ပြောင်းခြင်းကို လုပ်ဆောင်ရန်ကို တွန်းအားပေးကာ အချိန်တိုလေးအတွင်း နေရာလပ်ကို ထပ်မံမရွှေ့ပြောင်းနိုင်စေရန်ဖြစ်သည်။ ဤအခိုက်အတန့်တွင် လင်ချီးယဲ့သည် ၎င်းရှေ့သို့ ရောက်နေပြီဖြစ်သည်။

ငါတို့စစ်တုရင်အသုံးအနှုန်းကို သုံးရရင် အဲဒါက…

"Checkmate ပဲ" လင်ချီးယဲ့သည် သူ့ကိုယ်သူရေရွတ်ရင်း သူ့လက်ထဲတွင် ဓားဖြောင့်နှစ်ချောင်းကို ကိုင်ထားပြီး သူ့ရှေ့ရှိ အပေါက်ဆီသို့ ခုန်တက်လာသည်။


တစ်ချိန်တည်းမှာပင် ရေနွေးခန်း။

နေရာလပ်သည် တဖန် ရွှေ့လျားသွားပြီး အခန်းအပြင်အဆင်သည် လျင်မြန်စွာ ပြောင်းလဲသွားသည်။ မိန်းကလေးများအားလုံး၏ မျက်လုံးများ တောက်ပလာပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ 

"အချိန်ကျပြီ…" မော့လိသည် သူမ၏လက်သီးများကို ဖြည်းညှင်းစွာ ဆုပ်လိုက်ပြီး သူမ၏လက်သီးများအနီးရှိ လေထုသည် တုန်ခါမှုကြောင့် ပုံပျက်သွားပုံရသည်။

ပြင်းထန်သောတိုက်ပွဲစိတ်ဓာတ်ဖြင့် သူတို့၏မျက်လုံးများက တောင်လောင်နေသည်။

"[အသံမုဆိုး] ကိုရှာဖွေခြင်းစပြီ။"

TK Team (Chapter 168)