Chapter 76
Viewers 21k

🎶 Chapter 76



ဓာတ်ပုံကိုအတည်ပြုပြီးနောက် ယဲ့ဇယ်ရှစ် ကန့်ထားသော အခန်းငယ်လေးထဲမှ ထွက်လာခဲ့သည်။


သူထွက်လာပြီး မကြာမီမှာပင် ဟယ့်ကျင်းယွင်လည်း အခန်းငယ်လေးထဲမှ ထွက်လာခဲ့သည်။


ဧည့်သည်များထဲတွင် သူတို့နှစ်ယောက်က အစောဆုံးအဖွဲ့ဖြစ်၏။


"ဘယ်လိုလဲ..."

ဟယ့်ကျင်းယွင်က အသံတိုးတိုးဖြင့် မေးလိုက်သည်။


ယဲ့ဇယ်ရှစ် သူ့လက်ထဲမှ ဓာတ်ပုံကိုယမ်းပြလိုက်သည်။

"အဲ့ဒါက ငါးပဲ..."


ဟယ့်ကျင်းယွင်၏မျက်လုံးများက အပြုံးလေးတစ်ခုနှင့်အတူ နက်ရှိုင်းသွားလေသည်။

"အင်း ငါလည်း အဲ့လိုပါပဲ..."


"ဒါပေမဲ့ စိတ်မပူပါနဲ့..."

ဟယ့်ကျင်းယွင်၏အသံက တည်ငြိမ်အေးဆေးနေသည်။


ယဲ့ဇယ်ရှစ် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။


မကြာမီ ထန်ကျင့်လည်း ထွက်လာခဲ့ပြီး သူ့နောက်မှ ဝေ့ပေနှင့်ယို့ကျားက ထွက်လာခဲ့ကာ ရှန်ဇယ်ယွီက နောက်ဆုံးမှ ထွက်လာခဲ့သည်။


သူထွက်လာသည်နှင့် တစ်ပြိုင်နက် ရှန်ဇယ်ယွီက မကျေမနပ် ပြောဆိုလိုက်သည်။

"ဒီသဲလွန်စက တကယ်ကြီးလား...ပုံလေးတစ်ပုံထဲကို...ငါအကြာကြီး စဥ်းစားတာတောင်မှ ဘာကိုဆိုလိုတာလဲဆိုတာ မသိသေးဘူး..."


ဝေ့ပေက သူ့ကိုအဓိပ္ပါယ်များပြည့်နေသည့် အကြည့်တစ်ချက် ပေးလိုက်သည်။

"ဒါက ပုံတစ်ပုံပဲ မလား...မင်းအဲဒါကို အဲ့လောက်တောင် အချိန်ယူကြည့်ခဲ့ရတာဆိုတော့ မင်းရဲ့ သဲလွန်စက ငါတို့နဲ့ မတူဘူးလို့ ဆိုလိုတာလား..."


ရှန်ဇယ်ယွီ ချက်ချင်းဆိုသလို ဝေ့ပေကို ကြည့်လိုက်သည်။

"အဲ့တော့ မင်းက ငါ့ကိုသံသယဝင်နေတယ်ပေါ့လေ..."


"ဟေး ငါကဒီတိုင်း ကောက်ချက်ချကြည့်ရုံပါ..မင်းက အဲ့ထဲမှာ အကြာကြီးတောင် နေခဲ့တာလေ..."

ဝေ့ပေ ပြောလိုက်သည်။


ယို့ကျားလည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"ဟုတ်တယ် ကျွန်မတို့အကုန်လုံး အချိန်တချို့ပဲယူခဲ့ရတာ...ရှင်ကကျ နောက်ဆုံးထွက်လာတဲ့တစ်ယောက်လေ...သံသယမဝင်မိဖို့ကမှ ခက်ဦးမယ်..."


ရှန်ဇယ်ယွီ အလွန်ဒေါသထွက်သွားပြီး သဲလွန်စကိုထုတ်ကာ လူတိုင်းရှေ့ ထားလိုက်သည်။

"ငါက ဘယ်လိုလုပ် အယောင်ဆောင် ဖြစ်နိုင်ပါ့မလဲ...မင်းတို့ကိုယ်တိုင် ကြည့်ကြည့်လိုက်...ငါ့သဲလွန်စက မင်းတို့ဟာနဲ့ ဘယ်နားကွာခြားနေလို့လဲ..."


ဝေ့ပေနှင့်ယို့ကျား အချင်းချင်းကြည့်လိုက်ကာ နှစ်ယောက်လုံး မျက်မှောင်ကြုတ်လိုက်ကြသည်။


၎င်းက အမှန်တကယ်ပင် သူတို့သဲလွန်စနှင့် အတူတူပင်။


ဤအချိန်၌ ထန်ကျင့်က ပြောလိုက်သည်။

"ကောင်းပြီ ငြင်းနေတာကအသုံမဝင်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် အရပ်သားအဖွဲ့ကနိုင်မလား အယောင်ဆောင်အဖွဲ့ကပဲ နိုင်မလားဆိုတာ ကျွန်တော်တို့ မသိဘူးလေ...ပြီးတော့ ဒါရိုက်တာအဖွဲ့က ကျွန်တော်တို့ကို ပေးခဲ့တဲ့ သဲလွန်စက ပြောင်းထားတဲ့ သဲလွန်စလား သဲလွန်စအစစ်လားဆိုတာကလည်း မရှင်းသေးဘူး...အဲ့တော့ အခုရန်ဖြစ်နေတာက လုံးဝအသုံးမဝင်ဘူး..."


"ဟုတ်တယ်...ထန်ကျင့်ပြောတာ မှန်တယ်..."

ယဲ့ဇယ်ရှစ် သဘောတူလိုက်သည်။


ယဲ့ဇယ်ရှစ်က သူ့ကိုသဘောတူလိမ့်မည်ဟု ထန်ကျင့်မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူ့ကို ပြန်ကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ်က သူ့ကို ပြုံးပြလိုက်သည်။


ထန်ကျင့် သူ့နှုတ်ခမ်းထောင့်များကို မထိန်းနိုင်ဘဲ ပြုံးလိုက်သည်။ သူ့ခေါင်းကို လှည့်ပြီး လူတိုင်းကိုကြည့်လိုက်ချိန်တွင် သူ့အသံကပို၍ ယုံကြည်ချက်များ ပြည့်ဝလာခဲ့သည်။

"အဲ့တော့ ဖြစ်နိုင်သမျှ မြန်မြန် အယောင်ဆောင်ကို ရှာတွေ့နိုင်ဖို့ ပထမဆုံးသုံးရက်က မစ်ရှင်တွေပြီးရင် လူတိုင်းက သဲလွန်စတွေကို မျှဝေသင့်တယ်လို့ ကျွန်တော် အကြံပေးချင်တယ်..."


သတင်းမျှဝေရသည်က ပြဿနာမရှိပေ။


(T/N - အခုက ပထမဆုံးရက်ပါ နောက်ထပ်နှစ်ရက်အတွင်းရသမျှ သဲလွန်စတွေကိုမျှဝေကြမယ်လို့သူကပြောတာပါ)


အဆုံးတွင် ယခုချိန်ထိ သူတို့သိသည်မှာ အနည်းငယ်သာ ရှိသေးသည်။


ဝေ့ပေ ၎င်းကို ယို့ကျားနှင့်ဆွေးနွေးပြီး သဘောတူလိုက်သည်။


ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်မှာမူ ပို၍ပင် အဆင်ပြေပေသည်။


အချက်အလက်မျှဝေရခြင်းက ကောင်းပေသည်။ ရန်သူက အလင်းထဲမှာဖြစ်ပြီး သူတို့က အမှောင်ထဲမှာပင်။ ဂိမ်းမနိုင်မည်ကို စိုးရိမ်နေစရာ မလိုတော့ချေ။


ထိုညတွင် ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် သင့်လျော်သည့်ရလဒ်များ ရရှိခဲ့သောအဖွဲ့များက ထိုနေ့၏ဆုလာဘ်များကို ရရှိခဲ့သည်။


ယဲ့ဇယ်ရှစ်က ယနေ့အတွက် သူတို့၏လတ်ဆတ်သည့် ဟင်းအမယ်များကို လက်ခံရန် ပျော်ရွှင်စွာသွားလိုက်သည်။


ထိုဟင်းများထဲမှ ငါးကိုမြင်လိုက်ချိန် သူ့မျက်လုံးများ တောက်ပသွားသည်။


"ဟယ့်လောင်ရှီး..."

ဟယ့်ကျင်းယွင် အနားရောက်မလာမီမှာပင် ယဲ့ဇယ်ရှစ်က အော်ခေါ်လိုက်သည်။


"ဘာဖြစ်လို့လဲ..." 

ဟယ့်ကျင်းယွင်က အဝေးမှ ခေါင်းညိတ်ပြလိုက်သည်။


"ဟင်းချက်ကြစို့..."

ယဲ့ဇယ်ရှစ်က ပြောလိုက်သည်။


ဟယ့်ကျင်းယွင်က ပြုံးလိုက်ပြီး သူ့ကိုကူကာ အချို့ဟင်းအမယ်များကို သယ်လိုက်သည်။

"ကောင်းပါပြီ သွားကြစို့..."


နှစ်ဦးသား မီးဖိုချောင်ထဲသို့ ပျော်ရွှင်စွာဝင်သွားသည်မှာ ပထမရသည့်အဖွဲ့ထက်ပင် ပိုပျော်ရွှင်နေသည့်ပုံပင် ပေါ်လေ၏။


ဒါရိုက်တာအဖွဲ့က လျင်မြန်စွာ အခြားအဖွဲ့နှစ်ဖွဲ့၏ညစာများကို ဖြန့်ဝေပေးလိုက်သည်။ ဒါရိုက်တာအဖွဲ့မှာ ဤနေရာတွင် ကောင်းကောင်း အလုပ်လုပ်ခဲ့လေသည်။ ညစာစားပွဲကြီးဟု သူတို့ပြောခဲ့လျှင် အမှန်ပင် ညစာစားပွဲကြီးဖြစ်၏။


အထူးဟင်းလျာများနှင့် ပြည့်နှက်နေသည့် စားပွဲကိုကြည့်ပြီး ရှန်ဇယ်ယွီ၏မျက်လုံးများက ဖြောင့်တန်းသွားသည်။


ထိုမျှအရသာရှိလှသည့် စားစရာများစွာကို သူတို့စားမကုန်နိုင်ရုံသာ ဖြစ်သည်။ ထို့ကြောင့် ထန်ကျင့်က အခြားအဖွဲ့များကိုပါ အချို့ကိုပို့ပေးရန် တောင်းဆိုလိုက်သည်။

ရှန်ဇယ်ယွီလည်း ၎င်းက အဆင်ပြေသည်ဟု တွေးလိုက်သည်။ ပိုအရေးကြီးသည်မှာ သူက ဟယ့်ကျင်းယွင်၏ဟင်းလျာများကို အနည်းငယ် လောဘကြီးနေပေသည်။


မကြာခဏစားနိုင်သည့် ဤစားတော်ပွဲများနှင့်ယှဥ်လျှင် ဟယ့်ကျင်းယွင်၏ ဟင်းချက်လက်ရာကို မြည်းနိုင်ရန်မှာ အမှန်တကယ် ပိုရှားပါးလှပေသည်။


မှန်ပေသည်။ ဟယ့်ကျင်းယွင်က အဘယ့်ကြောင့် နေ့တိုင်းချက်ပြုတ်ရန် ဆန္ဒရှိနေသည်ကိုမူ ရိုက်ကူးရေးပြီးသွားမှ မေးသည်ကလည်း အလွန်နောက်မကျဟု ရှန်ဇယ်ယွီ ခံစားလိုက်ရသည်။


မည်သို့ပင်ဆိုစေ သူချက်သည့်ထဲက အချို့ကို စားနိုသည်ဆိုပါက ကောင်းပေသည်။


ထန်ကျင့်နှင့် ရှန်ဇယ်ယွီက အဆင်သင့်ပြုလုပ်ပြီးသား(ရယ်ဒီမိတ်)အစားအစာများကို ယူသွားလိုက်သော်လည်း ၎င်းတို့ကို လက်ခံသည်က ယဲ့ဇယ်ရှစ်၏စတိုင်လ် မဟုတ်ချေ။


ထန်ကျင့်နှင့်ရှန်ဇယ်ယွီ လာသည်ကိုမြင်ပြီး ဝေ့ပေနှင့်ယို့ကျားလည်း မထိုင်နိုင်သေးချေ။ နောက်ဆုံးတွင် ကြီးမားသည့်စားပွဲဝိုင်းကြီးတွင် ဧည့်သည်ခြောက်ယောက်ထိုင်နေသည့် အခြေအနေကို ပြောင်းလဲသွားခဲ့သည်။ ဟယ့်ကျင်းယွင် ချက်ထားသည့် ဟင်းလျာများက အဓိကဟင်းလျာများ ဖြစ်လာခဲ့ပြီး ဒါရိုက်တာအဖွဲ့က ထောက်ပံ့ပေးထားသည့် ဟင်းလျာများကမူ အရံဟင်းများ ဖြစ်လာခဲ့ချေသည်။


နံဘေးရှိ လက်ထောက်ဒါရိုက်တာက အမှန်တကယ် ထပ်တောင့်မခံနိုင်တော့ဘဲ အကြံပေးလိုက်လေ၏။

"ဒါမှမဟုတ်လည်း နောက်မှ ဧည့်သည်တွေအတွက် ညစာ ချက်ပေးဖို့ ဟယ့်လောင်ရှီးကို ကျွန်တော် မေးကြည့်လိုက်မယ်လေ..."


ဒါရိုက်တာက သူ့အား အားနည်းဖျော့တော့စွာ ကြည့်လိုက်သည်။

"သူချက်ပြုတ်တဲ့ပုံရိပ်အတွက် ပိုက်ဆံက မင်းပေးမှာလား..."


လက်ထောက်ဒါရိုက်တာက နောက်တစ်ဖန် ပါးစပ်ပိတ်သွားခဲ့သည်။


အခုနောက်ပိုင်း ငါ့မှာ ဘာလို့ အဲ့လိုခက်ခဲတဲ့အချိန်တွေပဲ အမြဲရှိနေရတာတုန်း...


ညစာစာပြီးနောက် ယနေ့အတွက် ရိုက်ကူးရေးက ပြီးဆုံးသွားပြီ ဖြစ်သည်။


ညအိပ်ရာမဝင်မီတွင် ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်ထံ မက်ဆေ့ချ်ထပ်ပို့လိုက်ပြီး သူတို့၏နောက်လုပ်ရမည့်အစီစဥ်ကို အတည်ပြုလိုက်သည်။


သူတို့သာ နောက်ပိုင်းတွင် အမြဲအနိုင်ရနေပါက ၎င်းက သေချာပေါက် သံသယများကို မြင့်တက်လာစေလိမ့်မည် ဖြစ်သည်။


သို့သော်ငြား သူတို့အရှုံးကိုသာ ထိန်းသိမ်းထားပါက ၎င်းက သေခြင်းတရားက အိမ်တံခါးလာခေါက်မည်ကို စောင့်နေသည်နှင့် အလားတူနေမည်ပင်။ ထို့ကြောင့် သူတို့နှစ်ယောက်က နောက်နှစ်ရက်ကိုအနိုင်ရအောင်လုပ်၍ နောက်ဆုံးနှစ်ရက်ကိုဖြင့် အရှုံးခံလိုက်မည်ဟု ဆွေးနွေးလိုက်ကြသည်။ သို့မဟုတ် အခြေအနေပေါ် မူတည်ပြီး အနိုင်ရအောင်ကြိုးစားနိုင်သည် ဟူ၍ပင်။


အစီအစဥ်ကို ဆုံးဖြတ်ပြီးသည်နှင့် အကောင်အထည်ဖော်လိုက်ကြသည်။


ထို့ကြောင့် ရိုက်ကူးရေးနောက်သုံးရက်တွင် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင် နှစ်ဦးလုံးက စီစဥ်ထားသည့်အတိုင်း ပထမနှစ်ရက်ကို အနိုင်ရရှိခဲ့ပြီး ဒါရိုက်တာအဖွဲ့အား အခြားအဖွဲ့များကို ပြောင်းလဲထားသည့် သတင်းများ ပေးခွင့်ပြုလိုက်လေသည်။ တစ်ချိန်တည်းမှာပင် ပထမဆုံးရက်တွင် အနိုင်ပွဲရပြီးနောက် အယောင်ဆောင်များအဖြစ် အချင်းချင်း၏ အထောက်အထားများကို အတည်ပြုလိုက်ကြသည်။


(T/N - အယောင်ဆောင်နှစ်ယောက်က နိုင်သွားရင် ဒါရိုက်တာအဖွဲ့က ဧည့်သည်တွေကို သဲလွန်စအမှားပေးမှာပါ အယောင်ဆောင်ကရှုံးပြီး အရပ်သားကနိုင်တဲ့နေ့ကျရင်တော့ ဒါရိုက်တာက သဲလွန်စအမှန်ပေးမှာဖြစ်ပါတယ်...)


သေချာပေါက် ဤသည်က ယဲ့ဇယ်ရှစ်နှင့်ဟယ့်ကျင်းယွင်အတွက် လုံးဝအသုံးမဝင်ချေ။ ပထမဆုံးရက်ကတည်းကပင် အချင်းချင်း၏သရုပ်မှန်ကို သိပြီးသားဖြစ်ပေ၏။ 


ရိုက်ကူးရေး သုံးရက်မြောက်နေ့တွင် ဒါရိုက်တာအဖွဲ့က ပေးလာသည့် ပြောင်းလဲထားသည့် သဲလွန်စက "ကောက်ညှင်းဆန်" ဖြစ်သည်။


လေးရက်မြောက်နေ့ ရိုက်ကူးရေး၌ ပြောင်းလဲထားသည့် သဲလွန်စမှာမူ "အထီးကျန် နောက်ကျော" ဖြစ်ပေသည်။


ရိုက်ကူးရေး ငါးရက်မြောက်နေ့တွင် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်က တမင်တကာပင် ဂိမ်းကို အရှုံးပေးလိုက်ပြီး ဝေ့ပေနှင့်ယို့ကျားက အနိုင်ရသွားခဲ့သည်။ ထို့ကြောင့် ယနေ့သူတို့ရသည့်သဲလွန်စက မှန်ကန်သော သဲလွန်စပင်။ ပုံက အလွန် ရိုးရှင်းနေဆဲဖြစ်ပြီး မြစ်တစ်ခုသာလျှင် ပါပေသည်။


သို့သော် ဤညွှန်ပြချက်ကလည်း အလွန်ထင်ရှားသိသာနေဆဲဖြစ်ပြီး မြစ်က ရေကိုဆိုလိုခြင်းပင်။ ယဲ့ဇယ်ရှစ်၏ 'ဇယ်' က 'ရေ' ကို ဆိုလိုပေသည်။


သို့ပေသည့် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်နှစ်ယောက်လုံးက အကြောက်အလန့်မရှိနေဆဲ ဖြစ်သည်။


ပြောရရင် တခြားလူဆို ရှန်ဇယ်ယွီရော မရှိဘူးလား...

( T/N - နာမည်က 'ဇယ်' အချင်းချင်း တူနေလို့ပါ )


ဒါရိုက်တာအဖွဲ့ကပေးသည့် မက်ဆေ့ချ်က အလွန် ယျေဘုယျဆန်လှ၏။


မစ်ရှင်၏နောက်ဆုံးရက်တွင် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်က ရိုးရှားစွာပင် ၎င်းကြောင့် ဂိမ်းရှုံးသွားသည်မှာ ရှင်းလင်းလှပေသည်။

( T/N - 'ဇယ်' က ရှန်ဇယ်ယွီလို့ ထင်သွားအောင် သူတို့က တမင်ထပ်အရှုံးခံလိုက်တာပါ...)


ဤတစ်ကြိမ်တွင် သတ်မှတ်ထားသည့် အချိန်ထက် တာဝန်ကို အောင်မြင်သွားသည်မှာ ထန်ကျင့်နှင့် ရှန်ဇယ်ယွီပင် ဖြစ်သည်။ လူတိုင်းရခဲ့သည့် သဲလွန်စက ဤတစ်ကြိမ်တွင် ပို၍ စိတ်ဝင်စားစရာကောင်းလာပေ၏။ 'နေရောင်' ဟူသည့် စကားလုံးနှစ်လုံးသာလျှင် ပါပေ၏။ 


ဤသဲလွန်စကိုတွေ့လိုက်ချိန်တွင် ဟယ့်ကျင်းယွင်က ယနေ့ သူတို့အရှုံးမပေးဘဲ အနိုင်ရလိုက်သင့်သည်ဟု ရုတ်တရက် နောင်တရသွားခဲ့သည်။


ယဲ့ဇယ်ရှစ်က လုံးဝ လန့်ဖျတ်မသွားခဲ့ပေ။ သူက အသံကိုနိမ့်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ 'ယွင်' က 'နေ' ဆိုတာ သိတဲ့သူက မများဘူးမလား..."


ဟယ့်ကျင်းယွင်က စကားမပြောခဲ့ဘဲ နံဘေးရှိ ယဲ့ဇယ်ရှစ်ကို ကြည့်လိုက်သည်။


ထိုအခိုက် ရှန်ဇယ်ယွီကလည်း ဤနေရာကို ကြည့်လာပြီး သူ့လက်ထဲက မစ်ရှင်ကတ်ကို စိတ်အားထက်သန်စွာဖြင့် ဝေ့ယမ်းပြလိုက်သည်။


တိုက်တိုက်ဆိုင်ဆိုင်ပင် ' ယွင်' စကားလုံးက 'နေရောင်' ဆိုသည်ကို သိသော လူတစ်ယောက်က ဤနေရာတွင် ရှိနေခဲ့သည်။ 


သို့သော်ငြား ယဲ့ဇယ်ရှစ်ပြောခဲ့သလိုပင်။ ကြောက်လန့်နေရန် လုံးဝ မလိုအပ်ချေ။


ဟယ့်ကျင်းယွင်က ရှန်ဇယ်ယွီကို စိတ်လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်အေးဆေးစွာ ပြုံးပြလိုက်ပြီး သူ့အကြည့်ကို ပြန်ရုတ်လိုက်သည်။


မကြာမီမှာပင် နောက်ဆုံးမဲပေးရန် အချိန်ရောက်လာခဲ့သည်။


"ဒါရိုက်တာ...ထန်ကျင့်က ဘယ်မှာလဲ..."

ယို့ကျားက ရုတ်တရက် မေးလိုက်သည်။


ဒါရိုက်တာက မျက်တောင်ခတ်လိုက်ပြီး သူ့အမူအရာက ရုတ်ချည်းဆိုသလို အနည်းငယ် ကသိကအောက် ဖြစ်လာခဲ့သည်။


ယဲ့ဇယ်ရှစ် နှလုံးဆတ်ခနဲ တုန်သွားခဲ့သည်။


ဟယ့်ကျင်းယွင်က ဆက်လက်ပြုံးနေဆဲပင်။


"ထန်ကျင့်က လျှို့ဝှက်မစ်ရှင်ကို တွေ့သွားပြီး အခု မစ်ရှင်ကို ဖြတ်ကျော်နေတယ်..."

ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်၏အမူအရာကို တစ်ချက်လေ့လာပြီး ဒါရိုက်တာက တည်ငြိမ်စွာ ဖြေလိုက်သည်။ 


သူအယောင်ဆောင်အဖွဲ့ကို ဤမျှအထိ အောင်ပွဲမခံစေလိုသည်မှာ ဤအကြိမ်က ပထမဆုံးပင်။


အယောင်ဆောင်ဖြစ်သည့် ဤလူနှစ်ယောက်နှင့် ဆိုပါက အရပ်သားများအတွက် သနားစရာကောင်းလှပေသည်။ 


အရပ်သားတွေကို ကူညီမပေးဖို့က နည်းနည်းခက်တယ်လေ...


"လျှို့ဝှက်မစ်ရှင်လား...ငါ သူနဲ့တူတူ တစ်လျှောက်လုံးရှိလာတာကို ငါကျ ဘာလို့မတွေ့မိရတာလဲ..."

ရှန်ဇယ်ယွီ လန့်သွားခဲ့သည်။


ဝေ့ပေကလည်း စိတ်ရှုပ်ထွေးနေကာ ပြောလိုက်သည်။

"သေချာပါတယ်လေ...လျှို့ဝှက်မစ်ရှင်နဲ့ တိုးဖို့ဆိုတာ ကံကောင်းမှုအပေါ် တကယ်ကြီး မူတည်နေတာပဲ...ရှောင်ထန် ငါတို့ရှိုးကို ဘယ်နှစ်ကြိမ်လာလဲ ခင်ဗျားတွေ့တာပဲ...အဲဒါကို လျှို့ဝှက်မစ်ရှင်နှစ်ခုနဲ့ တိုးသွားသေးတယ်..."


ဝေ့ပေက ၎င်းကို အဓိပ္ပါယ်များအပြည့်ဖြင့် ပြောလိုက်ပြီး ယို့ကျားကလည်း ခေါင်းညိတ်လိုက်သည်။


သူတို့က မစ်ရှင်များစွာကို ပြီးမြောက်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဝေ့ပေနှင့်ယို့ကျားက သူတို့နှစ်ယောက်က အယောင်ဆောင်မဟုတ်ကြောင်း သေချာလေသည်။ ထို့ကြောင့် ယခု အယောင်ဆောင်မှာ အခြားလူယောက်ထဲကသာ ဖြစ်နိုင်ပေ၏။


ဤလူလေးယောက်ထဲတွင် သံသယဝင်စရာ အကောင်းဆုံးမှာ ထန်ကျင့်နှင့်ရှန်ဇယ်ယွီ ဖြစ်သည်။


သူတို့ရဲ့ လျှို့ဝှက်မစ်ရှင်က ဘာဆိုတာကို မသိတဲ့ဧည့်သည် ရှိနိုင်လို့လား...


ပထမဆုံးနေ့က လျှို့ဝှက်မစ်ရှင်နဲ့ပတ်သက်ပြီး သေချာပေါက် ပြဿနာတစ်ခုခုရှိရမယ်...



🎶🎶🎶