Chapter 164
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၆၄)


Chapter 164 (အသန်မာဆုံးနှင့်အားအနည်းဆုံး)

လင်ချီးယဲ့၏လှုပ်ရှားမှုကိုမြင်တော့ ချောင်ယွမ်းသည် အသက်ပြင်းပြင်းရှူပြီး ဓားလက်ကိုင်ကနေ သူ့လက်ကိုဖြည်းညှင်းစွာ ဖယ်လိုက်သည်…

ထိုခေါင်းမရှိသူသည် လီရှောက်ကွမ်းကို ခါးမှလှီးဖြတ်ပြီးနောက် လင်ချီးယဲ့တို့နှစ်ယောက်ကို ဆက်လက်တိုက်ခိုက်ရန် မရည်ရွယ်ဘဲ နေရာတွင်ရပ်နေမည့်အစား သူ့ခန္ဓာကိုယ်သည် သူတို့နှစ်ယောက်ရပ်နေသည့် ဦးတည်ရာဆီသို့ အနည်းငယ် စောင်းငင်ကာ သူ့ခေါင်းဖြတ်ဓားကို ဆွဲယူလိုက်ရင်း သူတွေးနေခဲ့သည်။

တစ်ချိန်တည်းမှာပင် အမှောင်ထုတိုက်စားခြင်းသည် လင်ချီးယဲ့၏ ခန္ဓာကိုယ်မှ ပျံ့နှံ့သွားပြီး ချောင်ယွမ်းကိုလည်း ဖုံးအုပ်ထားသည်။ ဤအမှောင်ထုထဲတွင် သူတို့နှစ်ယောက်၏ နှလုံးခုန်သံများကို လင်ချီးယဲ့၏အသိစိတ်မှ ပိတ်ဆို့ထားသောကြောင့် ၎င်းက အမှောင်ထုကိုကျော်လွန်၍ ပျံ့နှံ့သွားအောင် မပြုလုပ်နိုင်တော့ပေ။ 

သူ့ပတ်ဝန်းကျင်မှ အသံများထွက်မလာကြောင်းကို အတည်ပြုလိုက်ပုံရပြီး ခေါင်းမရှိသူသည် သူ့ခန္ဓာကိုယ်ကို လှည့်ကာ ရှေ့ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားပြီး ကြီးမားသော ပုံသဏ္ဌာန်ရှိသည့်ခေါင်းဖြတ်ဓားကို ဆွဲယူလိုက်သည်။

ခေါင်းမရှိသူ၏အသွင်အပြင်သည် အဝေးသို့ ရွေ့လျားသွားသည်ကို မြင်လိုက်ရသောအခါ လင်ချီးယဲ့သည် ရုတ်တရက် သက်ပြင်းတစ်ချက်ချကာ ပတ်ဝန်းကျင်နေရာလပ်က တဖန် ရှုပ်ပွသွားပြန်သည်။

ပတ်ဝန်းကျင်သည် တစ်ခုပြီးတစ်ခုပြောင်းလဲသွားကာ အရာအားလုံးတည်ငြိမ်သွားသောအခါ သူတို့နှစ်ယောက်ရှေ့ရှိ စင်္ကြံသည် အိပ်ဆောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ခေါင်းမရှိသူ၏အသွင်အပြင်က ပျောက်ကွယ်သွားခဲ့သည်။

လင်ချီးယဲ့သည် အမှောင်ထုနတ်ဘုရားအပျက်အစီးကို ဖယ်လိုက်ပြီး ချောင်ယွမ်း၏လက်ကို လွှတ်လိုက်သည်။

ချောင်ယွမ်းသည် ဘေးကျပ်နံကျပ်မရှိတော့တာကို မြင်သောအခါ လေးလံစွာသက်ပြင်းတစ်ချက်ချလိုက်သည်…

"လီရှောက်ကွမ်း…"

"စိတ်မပူပါနဲ့ သူ မသေသေးဘူး" လင်ချီးယဲ့သည် ချောင်ယွမ်းဘာပြောချင်နေသလဲသိပုံရပြီး ပြုံးလျက်ပြောလိုက်သည်။

"မသေဘူးလား" ချောင်ယွမ်းက ထိတ်လန့်သွားသည်။ "ဒါပေမယ့် အဲဒီလူက သူ့ကို ရှင်းရှင်းလင်းလင်း ဓားနဲ့ခုတ်သွားတာကို…"

"ဒါက မျက်ကွယ်တစ်ခုပဲ" လင်ချီးယဲ့က ခေါင်းယမ်းလိုက်သည်။ "လီရှောက်ကွမ်းကို ဓားနဲ့ခုတ်တော့မယ့်အချိန်မှာ ငါ့စိတ်စွမ်းအားက လူနှစ်ယောက်ရဲ့အရောင်အဝါ ရုတ်တရက် ပေါ်လာတာကို ခံစားလိုက်ရပြီး လီရှောက်ကွမ်းကို ချက်ချင်း အဝေးပို့ပြီးတော့ တစ်ချိန်တည်းမှာပဲ အရမ်းတူတဲ့ 'လီရှောက်ကွမ်း' နှစ်ပိုင်းဖြတ်ခံရတဲ့ခန္ဓာကိုယ်ကို ကော်ပီကူးပြီး ထားခဲ့တယ်။

ငါထင်တာမမှားရင် ဒါက နည်းပြတွေရဲ့လှည့်ကွက်တွေပဲ"

ချောင်ယွမ်းသည် တစ်ခုခုကို တွေးနေပုံရသည်။ "မင်းဆိုလိုတာက အရင်က ကန်တင်းမှာတွေ့ခဲ့တဲ့အလောင်းနဲ့ အခုလေးတင် စင်္ကြံမှာတွေ့ခဲ့တဲ့အမျိုးသမီးအလောင်း‌ အကုန်လုံးက အတုတွေလား"

"အင်း၊ ငါ အစတုန်းကတော့ မတွေ့ခဲ့ဘူး။ အခုလေးတင် ပြောင်းလဲမှုကြောင့်သာ မဟုတ်ရင် ငါ ဒီပြဿနာကို သဘောပေါက်မှာမဟုတ်ဘူး"

ချောင်ယွမ်းသည် သက်ပြင်းချပြီး လီရှောက်ကွမ်း နှစ်ပိုင်းဖြတ်ခံရသည့်မြင်ကွင်းက သူ့စိတ်ထဲတွင်ပြန်ပေါ်လာပြီး သူ့မျက်ခုံးများအနည်းငယ်တွန့်သွားပြန်သည်။

"ဒီ 'လျှို့ဝှက်ဆန်းကြယ်' ရဲ့အမြန်နှုန်းက အရမ်းမြန်လွန်းတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေက အရမ်းကြမ်းတယ်။ ငါတို့တွေ ထိပ်တိုက်ရင်ဆိုင်ရင် လုံးဝယှဉ်နိုင်မှာမဟုတ်ဘူး"

"မှန်တယ်။ ဒါပေမယ့် သူ့အားနည်းချက်ကလည်း သိသာပါတယ်"

"အသံလား" အခုလေးတင်ဖြစ်ပွားသွားသောမြင်ကွင်းတွင် ချောင်ယွမ်းလည်း ဤ 'လျှို့ဝှက်ဆန်းကြယ်' နှင့်ပတ်သက်၍ ထူးဆန်းသောအရာကို သတိပြုမိခဲ့သည်။ သူသည် သူ့အကွာအဝေးအတွင်း အသံထွက်ရှိသောအရာများကိုသာ တိုက်ခိုက်ပုံရသည်။

လီရှောက်ကွမ်း နှစ်ပိုင်းပြတ်သွားသည့်အကြောင်းရင်းက သူ့ရှေ့မှာစကားပြောခဲ့လို့ပဲဖြစ်သည်။

"ဟုတ်တယ် ဒါပေမယ့် အဲဒါက အားနည်းချက်လို့ ပြောလို့မရဘူး။ အဲဒါကို… အစပျိုးယန္တရားလို့ မှတ်ယူသင့်တယ်" လင်ချီးယဲ့သည် ခဏလောက်စဉ်းစားပြီး ဆက်ပြောသည်။ "ဖြစ်နိုင်တာတော့ သူ့အမြန်နှုန်းက သိပ်မမြန်ဘူး။ ဒါပေမယ့် သူက အနီးနားမှာရှိတဲ့အသံရင်းမြစ်တွေကို ဖမ်းယူနိုင်ပြီးတော့ တယ်လီပို့လုနီးပါးရှိတဲ့အရှိန်နဲ့ ရွှေ့သွားဖို့ သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်ကို အသုံးပြုတာ…

မဟုတ်ဘူး သူဘာလို့ ဓားထုတ်တာအရမ်းမြန်တာလဲဆိုတာကို ရှင်းပြလို့မရဘူး။

မဟုတ်မှလွဲရော…"

လင်ချီးယဲ့သည် တစ်ခုခုကို သဘောပေါက်သွားပုံရပြီး သူ့အကြည့်များက တဖြည်းဖြည်း လေးနက်လာသည်။

"အဲဒါကဘာလဲ"

"အနီးနားမှာ အသံတစ်ခုရှိနေသရွေ့ သူ့အရှိန်က တိုးလာမှာလား။ ဒါမှမဟုတ် ပတ်ဝန်းကျင်က အသံတွေ ပိုကျယ်လေလေ သူ့ရဲ့အရှိန်က ပိုမြန်လေလေလား" လင်ချီးယဲ့သည် မျက်မှောင်ကြုတ်ကာ "ဒီလိုဆိုရင် ဒီ 'လျှို့ဝှက်ဆန်းကြယ်' က အန္တရာယ်များလွန်းပြီး ခေတ်မီမြို့ရဲ့ ထောင့်တစ်နေရာကို ပေါ့ပေါ့တန်တန် ပစ်ချလိုက်ရင် အရမ်းကြောက်စရာကောင်းတဲ့ သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်လိမ့်မယ်"

"နိုက်ကလပ်လူသတ်သမား၊ KTV အရူးလား"

"…ငါဆိုလိုတာအဲဒါပဲ" လင်ချီးယဲ့က ဆက်ပြောသည်။ "ဒီလိုဆိုရင် သူ့ရဲ့အားနည်းချက်က အရမ်းသိသာတယ်။ တားမြစ်အပျက်အစီးတစ်ခုခုကို အသုံးပြုတာ ဒါမှမဟုတ် လှုပ်ရှားမှုအသံကို တမင်တကာလျှော့ချထားသရွေ့ 'ချီ' နယ်ပယ်ဆိုရင်တောင် သူ့ကိုသတ်နိုင်တယ်။

အတိုချုပ်ပြောရရင် ငါ့ခန့်မှန်းချက်သာမှန်ကန်တယ်ဆိုရင် ဒီ 'လျှို့ဝှက်ဆန်းကြယ်' က အရမ်းသန်မာသလို အရမ်းအားနည်းတယ်…"

"ဒီလိုဆိုရင် ငါတို့ ဘာလို့ သူ့ကို ချက်ချင်းမသတ်ခဲ့တာလဲ"

"ဘာလို့လဲဆိုတော့ ဒီ‌ဖြစ်နိုင်ခြေကို ငါအခုမှတွေးမိတာကို"

"…"

လင်ချီးယဲ့က ပခုံးတွန့်ပြသည်။ "ငါကနတ်ဘုရားမှမဟုတ်တာ။ ဘယ်လိုလုပ် ဒီလောက်အချိန်တိုအတွင်း ငါဒီလောက်စဉ်းစားနိုင်မှာလဲ"

"ဒါဆို ငါတို့အခုဘာလုပ်ကြမလဲ"

"သူ့ကိုဖြည်းဖြည်းချင်းရှာရအောင်။ ငါ့ကျိုးကြောင်းဆင်ခြင်မှု မှန်ရင် ဒီ 'လျှို့ဝှက်တန်းကြယ်' က နေရာလပ်စွမ်းအားကို မပိုင်ဆိုင်လောက်ဘူး။ ဆိုလိုတာက ဒုတိယ 'ချွမ်း' နယ်ပယ် လျှို့ဝှက်ဆန်းကြယ်က ဒီမှာရှိနေတုန်းပဲ" 

"ကောင်းပြီ"

……

တတိယအဆောက်အအုံအပြင်ဘက်။

ပိုင်လီဖက်တီးသည် တံခါးဆီသို့ ပြေးသွားပြီး အသက်ပြင်းပြင်းရှူကာ မှန်တံခါးကို ခေါက်ရန် လက်ဆန့်လိုက်သည်။

"ဟမ်… တစ်ယောက်ယောက်ရှိလား"

သူသည် တံခါးဝမှာ အချိန်အကြာကြီး စောင့်ခဲ့ပေမယ့် လှုပ်ရှားမှုလုံးဝမရှိသောကြောင့် အံကြိတ်ရင်း လက်ဆန့်ပြီး တံခါးကိုတွန်းလိုက်ပေမယ့် သူဘယ်လောက်ပဲတွန်းပါစေ တွန်းလို့မရပေ။

ပိုင်လီဖက်တီးသည် ခြေလှမ်းနှစ်လှမ်းဆုတ်ကာ သူ့အိတ်ကပ်ထဲမှ မြေဖြူခဲတစ်ပိုင်းကို ထုတ်ပြီး သရော်လိုက်သည်။

"ဒီလှည့်ကွက်လောက်နဲ့ မင်းငါ့ကို တားချင်တာလား"

သူသည် လက်ဆန့်ပြီး မြေဖြူခဲကိုကိုင်ကာ မှန်တံခါးပေါ်တွင် အလယ်အလတ်အရွယ်အစား စက်ဝိုင်းကိုဆွဲလိုက်သည်။ မြေခဲဖြူက အချင်းချင်းချိတ်ဆက်လိုက်သောအခါ မှန်တံခါး၏ အလယ်ဗဟိုသည် ရုတ်တရက် တွန့်လိမ်သွားကာ စက်ဝိုင်းအလယ်ရှိ မှန်က ပျောက်ကွယ်သွားလေသည်။

ပိုင်လီဖက်တီးသည် စက်ဝိုင်းထဲဝင်ပြီး တတိယအဆောက်အအုံထဲကို အလွယ်တကူ ဝင်ရောက်သွားခဲ့သည်။

"မော့လိ။ ငါ သခင်လေး မင်းကိုကယ်ဖို့ လာခဲ့ပြီ" ပိုင်လီဖက်တီးသည် ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ သူရှေ့တစ်လှမ်းတိုးလိုက်ပြီးနောက် သူ့ပတ်ဝန်းကျင်ရှိ နေရာလပ်က ဖရိုဖရဲဖြစ်သွားခဲ့သည်။

‌ပိုင်လီဖက်တီး၏ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများတွင် သူ့ပတ်ဝန်းကျင်သည် လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူ့ရှေ့ရှိ လှေကားသည် ပျောက်ကွယ်သွားကာ ရိုးရှင်းသော အခန်းမျိုးစုံဖြင့် အစားထိုးခဲ့သည်။

"ဘာလဲဟ။ Inception လား" ပိုင်လီဖက်တီးသည် ရေရွတ်လိုက်ပြီး ပတ်ပတ်လည်ကို လှမ်းကြည့်ကာ ရှေ့သို့လျှောက်လှမ်းရန် ဦးတည်ချက်တစ်ခုကို ရွေးချယ်လိုက်သည်။

အဆောင်အနည်းငယ်နှင့် စင်္ကြံအနည်းငယ်ကို ဖြတ်၍ ပိုင်လီဖက်တီးသည် ဤရှုပ်ထွေးနေသော ဖရိုဖရဲနေရာလပ်ဝင်္ကပါ၊ဲတွင် လုံးဝလမ်းပျောက်သွားသည်။ ဤအဆောက်အအုံ၏ ဧရိယာသည် မကျယ်ဟု ဆိုနိုင်သော်လည်း သူဘယ်လောက်ပဲလျှောက်နေပါစေ အဆုံးကိုမရောက်နိုင်ပေ။

ပိုင်လီဖက်တီးသည် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းကို ကုတ်ကာ အသက်ပြင်းပြင်းရှူပြီး ကျယ်လောင်စွာအော်လိုက်သည်။

"မော့လိ။

ချီးယဲ့။

ချောင်ယွမ်း။

မင်းတို့ဘယ်မှာလဲ။"

ပိုင်လီဖက်တီး၏အသံသည် ဖရိုဖရဲအခန်းထဲတွင် ပဲ့တင်ထပ်နေပြီး သူ့ပဲ့တင်သံကို သူနားထောင်ရင်း ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်...

ဒုတ်… ဒုတ်… ဒုတ်…

ထိုအချိန်တွင်ပင် အဝေးမှ ဆွဲငင်လာသောမြည်သံ ထွက်ပေါ်လာသည်။

ပိုင်လီဖက်တီးသည် အသံထွက်သည့် လမ်းကြောင်းကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်ပြီး အနည်းငယ်သရော်လိုက်သည်။ အဝေးက ဆွဲငင်သောအသံသည် တဖြည်းဖြည်းနီးကပ်လာပြီး တံခါးများအဖွင့်အပိတ်အသံများလည်း ထွက်ပေါ်လာသည်…

"အတော်လေးမူမမှန်ဘူး"

ပိုင်လီဖက်တီးသည် ရေရွတ်ပြီး တခဏမျှ တုံ့ဆိုင်းနေပြီးနောက် အိတ်ကပ်ထဲမှ [ပြောင်းလဲခြင်းတစ်ခု သုံးထောင်] ဓားကို သူ့လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး သူ၏ [စစ်မှန်သောမျက်စိအမြင်အာရုံ] ကို သူ့နှာတံပေါ်တင်လိုက်သည်။ 

ဆွဲငင်သံများ နီးသထက်နီးကပ်လာပြီး သူနှင့် တစ်ခန်းမျှသာ ဝေး‌ကွာတော့ပုံရသည်။ ပိုင်လီဖက်တီးသည် ထိုနေရာတွင် သတိကြီးစွာဖြင့် ရပ်နေပြီး သူ့မျက်ခုံးများ အနည်းငယ် ရှုံ့တွသွားသည်...

ဤအခိုက်အတန့်တွင် အသွင်အပြင်နှစ်ခုသည် နံရံတစ်ဖက်မှ ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာပြီး သူတို့ထဲမှ တစ်ယောက်က ပိုင်လီဖက်တီး၏ လက်ကောက်ဝတ်ကို ပြင်းထန်စွာ ဆွဲလိုက်သည်။

ပိုင်လီဖက်တီးသည် အော်ဟစ်ခါနီးတွင် လက်တစ်ဖက်ဖြင့် သူ့ပါးစပ်ကို အလျင်အမြန်ဖုံးအုပ်လိုက်သည်။

"စကားမပြောနဲ့ ငါ့နောက်လိုက်ခဲ့" မော့လိသည် တံခါးနောက်ကို သတိကြီးစွာကြည့်ပြီး အသံတိုးတိုး ပြောလိုက်သည်။

TK Team (Chapter 164)