Chapter 163
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၆၃)


Chapter 163 (ခေါင်းမရှိသူ)

"ဘာဖြစ်တာလဲ" ချောင်ယွမ်းသည် လင်ချီးယဲ့ရပ်သွားတာကိုမြင်သောအခါ သံသယစိတ်ဖြင့် မေးလိုက်သည်။

လင်ချီးယဲ့သည် ဘာမှပြန်မပြောဘဲ အခန်းတံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။ တံခါးအပြင်ဘက်မှာ ကျဉ်းမြောင်းရှည်‌လျားသော စင်္ကြံတစ်ခုရှိသည်။ စင်္ကြံအလယ်တွင် ခါးပြတ်နေသော ခန္ဓာကိုယ်တစ်ခုကို လဲလျောင်းနေသည်။

၎င်းက အမျိုးသမီးအလောင်းဖြစ်သည်။ အလောင်း၏ခန္ဓာကိုယ်က ခန္ဓာကိုယ်အောက်ပိုင်းကနေ လုံးဝကွဲထွက်သွားသည်။ သူမအနီးနားမြေပြင်တွင် တောက်ပသောအနီရောင်သွေးများဖြင့် စွန်းထင်းနေသည်။ သွေးအိုင်ထဲတွင် သူမသည် တပ်သားသစ်ဝတ်စုံကို ဝတ်ထားကြောင်း ယောင်ဝါးဝါးမှတ်မိနိုင်သည်။

"ဒါက ငါတို့ထဲကတစ်ယောက်ပဲ" လီရှောက်ကွမ်း၏အသံက အနည်းငယ်ဩရှနေသည်။ "ငါသူမကိုသိတယ် သူမက အတော်လေးကြည့်ကောင်းတာ သူမကိုလိုက်ချင်တယ်လို့ပြောတဲ့ ရဲဘော်တစ်ယောက် ငါ့မှာရှိခဲ့တယ် ငါမထင်ထားဘူး…"

ဤသည်မှာ ယနေ့တွေ့ရှိခဲ့သော ဒုတိယအလောင်းဖြစ်သည်။

လင်ချီးယဲ့သည် သွေးအိုင်ထဲသို့ လျှောက်သွားပြီး သူ၏စိတ်စွမ်းအားဖြင့် သူမ၏ခန္ဓာကိုယ်တစ်လက်မချင်းကို စစ်ဆေးကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"ခါးမှာ ဒဏ်ရာတစ်ခုပဲရှိတယ် ဖြတ်ထားတာက အရမ်းချောမွေ့တယ် ချွန်ထက်တဲ့လက်နက်တစ်မျိုးနဲ့ ခုတ်လိုက်တာဖြစ်မယ် အပေါ်ပိုင်းလက်ကြွက်သားတွေက တောင့်တင်းနေပြီး အဲဒီအချိန်မှာ လေထုက အရမ်းတင်းမာနေတာဖြစ်မယ် သူမကက တစ်ခုခုကို သတိထားနေတာ ဒါမှမဟုတ်… တစ်ခုခုကို ရင်ဆိုင်နေတာမျိုးပဲ။

ဒါပေမယ့် သူမနဲ့ ရင်ဆိုင်နေတဲ့သူ… မဟုတ်ဘူး ရင်‌ဆိုင်နေတဲ့ 'လျှို့ဝှက်ဆန်းကြယ်' ခွန်အား သူမထက်သာလွန်နေလောက်ပြီး တစ်ချက်တည်း သူမခန္ဓာကိုယ်ကို ခုတ်ဖြတ်လိုက်တဲ့အတွက် သူမမှာ ခုခံနိုင်စွမ်း နည်းနည်းမှမရှိခဲ့ဘူး"

ဘေးနားရှိ လီရှောက်ကွမ်း၏မျက်နှာက အလွန်ရုပ်ဆိုးနေသည်။ "အဲဒီ 'လျှို့ဝှက်ဆန်းကြယ်' က ရန်သူတွေကို ထောင်ချောက်ဆင်ရာမှာပဲ ကောင်းတာလို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ ဘယ်လိုလုပ် အရမ်းသန်မာရတာလဲ"

ချောင်ယွမ်းက ခဏလောက် စဉ်းစားလိုက်သည်။ "အဲဒီ 'လျှို့ဝှက်ဆန်းကြယ်' က သူမရဲ့ခန္ဓာကိုယ်ကို တိုက်ရိုက်ပိုင်းဖြတ်ဖို့ နေရာလပ်ထဲပါဝင်တဲ့ တားမြစ်အပျက်အစီးတစ်ခုကို အသုံးပြုခဲ့တာများလား"

"မဟုတ်ဘူး နေရာလပ်စွမ်းအားဆိုရင် ပိုင်းဖြတ်တာက ဒီလိုမျိုးမဖြစ်သင့်ဘူး။ ဒီလိုဒဏ်ရာမျိုးကို လက်နက်နဲ့ပဲ ဖြတ်နိုင်တာ… အဲဒီ 'လျှို့ဝှက်ဆန်းကြယ်' က ဓားရေးမှာလည်း ကောင်းမွန်တာများလား"

လင်ချီးယဲ့သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့အကြည့်များက ‌မည်းမှောင်သောစင်္ကြံအဆုံးကို ကျသွားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဒါမှမဟုတ်… ဒီမှာ ဒုတိယ 'လျှို့ဝှက်ဆန်းကြယ်' တည်ရှိမှုတစ်ခု ရှိကောင်းရှိနိုင်တယ်"

ဒီစကားကြားတော့ သူ့နောက်ကလူနှစ်ယောက်၏နှလုံးများ ရုတ်တရက် လှုပ်ခတ်သွားသည်။

"ဒုတိယ 'လျှို့ဝှက်ဆန်းကြယ်' လား" လီရှောက်ကွမ်းက အော်ဟစ်လိုက်သည်။ "'ချီ' နယ်ပယ်တည်ရှိမှုကို ဒီလောက်ရိုးရိုးရှင်းရှင်း သေသေသပ်သပ် သတ်ပစ်နိုင်ရင် အဲဒါကလည်း 'ချွမ်း' နယ်ပယ်များလား။

နေရာလပ်ထိန်းချုပ်တဲ့သူကိုပါ ရေတွက်လိုက်ရင် ဒီတတိယအဆောက်အအုံမှာ… 'ချွမ်း' နယ်ပယ် လျှို့ဝှက်ဆန်းကြယ် နှစ်ယောက်ရှိနေတာလား"

လင်ချီးယဲ့က ခေါင်းညိတ်လိုက်သည်။ "ဒါကဖြစ်နိုင်ခြေရှိတယ် ဒါပေမယ့် ငါတို့ ကောက်ချက်ချလို့မရသေးဘူး"

သုံးယောက်သားက ခဏတာတိတ်ဆိတ်သွားသည်။

အကယ်၍ ၎င်းသည် ပြင်ပကမ္ဘာတွင်ရှိပြီး 'ချွမ်း' နယ်ပယ် လျှို့ဝှက်ဆန်းကြယ်မှုနှစ်ယောက် ပေါ်လာပါက သူတို့ကို ဖြေရှင်းရန် တပ်သားသစ်နှစ်‌ရာကျော်အတွက် ထိုမျှလောက် ခက်ခဲမည်မဟုတ်ပေ။ သို့သော် ၎င်းသည် လုံးဝပိတ်ဆို့ထားသည့် ဤကဲ့သို့သော အဆောက်အအုံတစ်ခုတွင် ရှိနေပါက လုံးဝကွဲပြားသော သဘောထားဖြစ်သွားလိမ့်မည်။

ဒီမှာရှိနေသော အမျိုးသမီးစစ်သားငါးဆယ်ကျော်ကို ရေတွက်ပြီး အခုလေးတင်ဝင်လာသော အမျိုးသားစစ်သားရှစ်လောက်သာ ရှိသည်။ သူတို့သည် 'ချွမ်း' နယ်ပယ် လျှို့ဝှက်ဆန်းကြယ်နှစ်ယောက်ကို ရင်ဆိုင်ပါက အနိုင်ရရန် အခွင့်အလမ်းမရှိသလို ယခုအခါ သူတို့သည် တစ်ဖက်၏စည်းချက်ထဲတွင် လုံးလုံးလျားလျား ကျရောက်နေသည်။ သူတို့သည် အချင်းချင်း၏တည်နေရာနှင့် တိကျသောစွမ်းရည်များကို မသိခဲ့ကြသလို ဒီနေရာလပ်ကြောင့် သူတို့သည် ခြယ်လှယ်ခံရပြီး တစ်ယောက်နှင့်တစ်ယောက်ကွဲသွားကြသည်။

အချိန်မှန်၊ နေရာမှန်နှင့် လူမှန်တစ်ခုမှ သူတို့ဘက်တွင်မပါဘဲ သူတို့အနိုင်ရရန်အခွင့်အလမ်းက နည်းပါးလွန်းသည်။

ထိုအချိန်တွင် ချောင်ယွမ်းသည် ရုတ်တရက် ခေါင်းမော့လာပြီး ခဏမျှ မျက်မှောင်ကြုတ်ကာ သံသယဖြင့် မေးလိုက်သည်။

"အသံတွေ မကြားဘူးလား"

"အသံလား"

"လေးလံတဲ့အရာဝတ္ထုကို မြေပြင်ပေါ်မှာ ဆွဲသွားတဲ့အသံမျိုးလေ"

လူသုံးယောက် တိတ်ဆိတ်သွားပြန်သည်။ သေချာစွာ အဝေးမှ ခပ်ရေးရေးဆွဲငင်သံထွက်ပေါ်လာပြီး ဆက်လက်၍ တံခါးအပိတ်အဖွင့်သံထွက်ပေါ်လာသည်…

ဒုတ်… ဒုတ်… ဒုတ်…

အသံသည် သူတို့နားကို ပိုနီးကပ်လာပုံရပြီး အခန်းတံခါးကို အဖွင့်အပိတ်လုပ်သံက ပို၍ကြည်လင်ပြီးရင်း ကြည်လင်လာသည်။

ခဏအကြာတွင် လင်ချီးယဲ့၏စိတ်အာရုံခံစားမှုသည် တစ်ခုခုကို တွေ့ရှိသွားပုံရပြီး သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွားကာ သူ့လက်များကို ခါးပေါ်ကဓားတွင်တင်ထားပြီး သူ့မျက်ခုံးများက အာရုံစူးစိုက်မှု ပြည့်နှက်နေသည်။

"ချီးယဲ့ မင်း ဘာမြင်တာလဲ" ချောင်ယွမ်းက လင်ချီးယဲ့၏မူမမှန်မှုကို ခံစားပြီး မေးလိုက်သည်။

"လာနေပြီ" ‌လင်ချီးယဲ့၏အသံသည် အနည်းငယ်လေးလံသည်။ "သူက အဲဒီအမျိုးသမီးစစ်သားကို သတ်လိုက်တဲ့ 'လျှို့ဝှက်ဆန်းကြယ်ပဲ'…"

လီရှောက်ကွမ်း၏မျက်နှာက မသေချာမရေရာဖြစ်နေသည်။ "ငါတို့တိုက်မှာလား ပြေးမှာလား"

"သူ့စွမ်းရည်ကို အရင်ဆုံးကြိုးစားကြည့်ပြီး အခွင့်အရေးရရင် သတ်ပစ်မယ်။ လက်ရှိအခြေအနေမှာ သူပိုပြီးဆွဲငင်လာလေလေ ငါတို့အတွက် ပိုပြီးအဆင်မပြေလေပဲ" လင်ချီးယဲ့က တည်ငြိမ်စွာပြောသည်။

သူအမှန်အတိုင်းပြောနေတာဖြစ်ပြီး ယခုအချိန်မှာ လူတိုင်းသည် နေရာလပ်ကြောင့် လူကွဲပြီး နေရာအနှံ့ ပြန့်ကျဲနေသည်။ တခြားလူတွေ ဒီ 'ချွမ်း' နယ်ပယ် လျှို့ဝှက်ဆန်းကြယ်ကို တွေ့ကြုံပါက အသက်ရှင်ကျန်သူ နည်းပါးလိမ့်မည်။

ယခုအခါ သူဒီမှာရှိနေသလို ချောင်ယွမ်းလည်းရှိသည်။ လီရှောက်ကွမ်း၏အင်အားက ထိပ်တန်းမဟုတ်ပေမယ့် သာမန်အထက်မှာရှိသည်။ သူတို့သုံးယောက်ပူးပေါင်းပြီး 'ချွမ်း' နယ်ပယ် လျှို့ဝှက်ဆန်းကြယ်ကို ရင်ဆိုင်ပါက ပြန်လည်တိုက်ခိုက်ရန် စွမ်းအားမရှိတာမျိုးမဟုတ်ပေ။

လင်ချီးယဲ့၏အဖြေကိုကြားတော့ လီရှောက်ကွမ်းက ခေါင်းညိတ်လိုက်ပြီး သူ့နောက်ကျောက ဓားရှည်ကြီးကိုကိုင်ကာ သူ့မျက်လုံးထဲတွင် ပြင်းထန်သော တိုက်ခိုက်ရေးစိတ်ဓာတ်တစ်ခု ထွက်ပေါ်လာသည်။

သူတို့သည်အတူတူ အချိန်အကြာကြီးမကုန်ဆုံးခဲ့ကြသော်လည်း လီရှောက်ကွမ်းက လင်ချီးယဲ့ကို ယုံကြည်နေပြီဖြစ်သည်။ လင်ချီးယဲ့က သူတိုက်ခိုက်ချင်တယ်ပြောသောကြောင့် သူ့တွင်ငြင်းဆန်ရန်မရှိပေ။

တစ်ဖက်တွင်ရှိသော ချောင်ယွမ်းသည် သူ့လက်မောင်းထဲကဓားကို တိတ်တဆိတ်ဖတ်ထားပြီး အချိန်မရွေး ဆွဲထုတ်ရန် အသင့်ဖြစ်နေသည်။

ကျွီ…

ဆွဲငင်သံများ နီးကပ်လာသည်နှင့်အမျှ နောက်ဆုံးတွင် သူတို့သုံးယောက်ရှိသည့် စင်္ကြံရှေ့တံခါးပွင့်လာပြီး နှစ်မီတာနီးပါးရှိသော အရပ်ရှည်သောအသွင်အပြင်သည် တံခါးနောက်မှ ဖြည်းညှင်းစွာ ပေါ်ထွက်လာကာ နောက်ဘက်တွင် လက်တစ်ဖက်ဖြင့် တစ်စုံတစ်ခုကို ဆွဲယူလာပြီး တခြားလက်တစ်ဖက်ဖြင့် တံခါးကိုပိတ်လိုက်သည်။

ပြတင်းပေါက်၏ နက်ပြာရောင်မှိန်ပျပျအလင်းရောင်မှတစ်ဆင့် လီရှောက်ကွမ်းနှင့် ချောင်ယွမ်းတို့သည် ဤအရာ၏မျက်နှာကို နောက်ဆုံးတွင်တွေ့လိုက်ရသည်။

သူ့လည်ပင်းတွင် ကြီးမားသောသွေးသံတရဲရဲအပေါက်နှင့်အတူ အလွန်ထွားကျိုင်းသောလူဖြစ်ပြီး သူ့ခေါင်းကမရှိဘဲ မှိန်ပျပျအ‌လင်းရောင်ထဲတွင် မီးခိုးရောင်သူ့အသားအရေကို ထုတ်ဖော်ထားသည်။ သူသည် နောက်ဘက်တွင် လက်တစ်ဖက်ရှိနေကာ အလွန်ကြီးမားသောပုံသဏ္ဌာန်ရှိသည့် ဓားပြားရှည်ကြီးကို ဆွဲယူလာသည်။ 

ဤဓားသည် သုံးမီတာခန့်ရှည်ကာ အရောင်က အနက်ရောင်ဖြစ်ပြီး အလွန်အမင်းလေးလံသည်။ ခေါင်းမရှိလူက ၎င်းကို မြေပြင်ပေါ်တွင် ဆွဲယူလာပြီး ဓားနောက်ကျောသည် မြေပြင်က မာကျောသောစကျင်ကျောက်ပြားများပေါ်တွင် နက်နဲသောအပေါက်များဖြစ်အောင် ဖိအားပေးဆွဲယူလိုက်သည်။

ခေါင်းမရှိသူသည် ခေါင်းဖြတ်ဓားနှင့်အတူ မည်းမှောင်သောအလင်းရောင်ထဲတွင် တောင့်တင်းသောခန္ဓာကိုယ်က လွှမ်းခြုံထားရာ စင်္ကြံအတွင်းသို့ ဖြည်းညှင်းစွာချဉ်းကပ်လာပြီး နားမလည်နိုင်သော ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရစေသည်။

"ဘာကြီးလဲ…" လီရှောက်ကွမ်းသည် သူ့စိတ်ထဲတွင် အနည်းငယ်တုန်လှုပ်သွားပြီး မနေနိုင်ဘဲ ညည်းညူလိုက်သည်။ "သူက ဖြည်းဖြည်းချင်းလမ်းလျှောက်နေတယ်။ ဒီအမြန်နှုန်းနဲ့ ဒါကလုံးဝမဖြစ်နိုင်…"

စင်္ကြံမှာ သူ့အသံက ပဲ့တင်ထပ်နေချိန်မှာပဲ ခေါင်းဖြတ်ဓားကို ဆွဲယူလာသော ခေါင်းမရှိသူသည် ယခင်ကလို ဖြည်းဖြည်းချင်းမလျှောက်တော့ဘဲ သူ့အသွင်အပြင်က သာမန်မျက်စိဖြင့် မမြင်နိုင်သောအရှိန်နဲ့ လုံးဝပျောက်ကွယ်သွားသည်။ အမြန်နှုန်းက မြန်လွန်းသည်။

သွေးနံ့ရနေသည့် ငါးမန်းတစ်ကောင်ကဲ့သို့ သူ၏သတ်ဖြတ်ခြင်းရည်ရွယ်ချက်ကို ပြသခဲ့သည်။

စကျင်ကျောက်ကြမ်းခင်းများ ကွဲထွက်ပြီးလွှင့်လာကာ ခေါင်းမရှိသူအသွင်အပြင်က လီရှောက်ကွမ်းရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

လီရှောက်ကွမ်း၏မျက်လုံးအိမ်များက ရုတ်တရက် ကျုံ့သွားသည်။

ခဏအကြာတွင် စူးရှသော အေးစက်သောအလင်းရောင်တစ်ခု သူ့မျက်လုံးရှေ့တွင် တောက်ပလာပြီး လီရှောက်ကွမ်း သဘောပေါက်လိုက်သောအချိန်တွင် ခေါင်းမရှိသူ၏အသွင်အပြင်က သူ့နောက်ကျောဆီသို့ ရွေ့လျားနေပြီဖြစ်သည်…

သူ့ခါးမှ သွေးများ စီးကျလာသည်။

ထို့နောက် သူ့မျက်လုံးရှေ့တွင် အနက်ရောင်သာ ခံစားလိုက်ရပြီး ဘာမှ မမြင်နိုင်တော့ပေ။

လီရှောက်ကွမ်းက သူ့မျက်လုံးများရှေ့တွင် သေဆုံးသွားတာကို မြင်လိုက်ရသောအခါ ချောင်ယွမ်း၏မျက်လုံးအိမ်များကျုံ့သွားပြီး သူ့လက်မောင်းထဲက ဓားလက်ကိုင်ကိုဆုပ်ကိုင်လိုက်သည်။ ထိုအခိုက်အတန့်တွင် လင်ချီးယဲ့သည် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး တခြားလက်တစ်ဖက်ကို သူ့ပါးစပ်ရှေ့တွင်တင်ကာ တိတ်တိတ်နေရန်အမူအရာပြုလုပ်လိုက်သည်။

TK Team (Chapter 163)