Volume 1 (သေမျိုးနယ်မြေ ၁၅၉)
Chapter 159 (ဝိညာဉ်ခန္ဓာကိုယ်ပင့်ကူအိမ်)
ဓားဖြောင့်သည် လေထဲသို့ အနည်းငယ် လျင်မြန်စွာ ပျံသန်းသွားကာ တုန်ခါနေသောအသံဖြင့် ၎င်းကို တိကျစွာ ထိုးသွင်းလိုက်သည်......
ဓားသည် ပင့်ကူမှ မီတာဝက်အကွာ နံရံလွတ်ပေါ်ကို ကျရောက်သွားသည်။
လင်ချီးယဲ့: "…"
ချောင်ယွမ်းနှင့် ရှန်ချင်းကျူတို့သည် လင်ချီးယဲ့နောက်တွင် မှင်တက်နေရုံသာမက ပင့်ကူသည်လည်း အံ့အားသင့်သွားကာ ဤမျှလောက်ထိ တိကျမှုဆိုးဝါးသောသူကို တစ်ခါမှမမြင်ဖူးသလိုပင်။
အမ်… ဒီလူရဲ့ပစ်မှတ်က တကယ်တော့… သူ့မဟုတ်တာများလား။
လင်ချီးယဲ့လည်း စကားမပြောနိုင်တော့ပေ။ သူ၏ [အမှောင်ထုတိုက်စားခြင်း] သည် မီတာ ၂၀ သာရှိသည်။ မီတာ ၂၀ အတွင်း ထိမည့်နေရာကိုသာ သူညွှန်ပြနိုင်ပြီး မီတာ ၂၀ နောက်ပိုင်းကတော့… ဖြစ်ချင်သလိုသာ ဖြစ်လိမ့်မည်။
ဆန့်ကျင်ဘက်အနေနှင့် ဤပင့်ကူနှင့်သူကြားအကွာအဝေးသည် အမြင်အာရုံအားဖြင့် မီတာ ၄၀ နီးပါးရှိပြီး ၎င်းအားမထိနိုင်သည်ကို နားလည်နိုင်သည်။
လင်ချီးယဲ့၏ဓားပျံထွက်သွားသည့်အခိုက်အတန့်တွင် ရှန်ချင်းကျူသည် သူ့နောက်မှလျှပ်စီးလက်သလို လက်ကိုအလျင်အမြန်မြှောက်လိုက်ပြီး သူ့လက်ဆစ်ပေါ်ရှိ အနက်ရောင်လက်စွပ်မှ မီးပွားများတဟုန်းဟုန်းတောက်လောင်ကာ ကန်တင်းအတွင်းမှ ပြတ်သားသော လက်ဖျောက်တီးသံနှင့်အတူ ထွက်ပေါ်လာသည်။
ဗုန်း…
ပြင်းထန်သော ပေါက်ကွဲမှုသည် ရုတ်တရက် ပေါက်ကွဲပြီး တောက်လောင်သော မီးတောက်များက ပင့်ကူရှိရာ မျက်နှာကျက်ကို ဖုံးလွှမ်းသွားကာ နံရံများသည် မိုးရွာသလို ကျိုးကျပြီး ကန်တင်းတစ်ခုလုံး တုန်ခါသွားသည်။
မည်းမှောင်နေသော မီးခိုးငွေ့များကြားတွင် မီးခိုးရောင် ပင့်ကူဖြူတစ်ကောင်သည် လျှပ်စီးလက်သလို ထွက်ပေါ်လာပြီး ၎င်း၏နီမြန်းသော မျက်လုံးများက ထူးထူးဆန်းဆန်း အလင်းရောင်များ ဖြာထွက်နေသည်။
"'ချွမ်း' နယ်ပယ် လျှို့ဝှက်ဆန်းကြယ်ပဲ…" လင်ချီးယဲ့သည် ပင့်ကူဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ရောင်ဝါကို ပြင်းပြင်းထန်ထန် ခံစားသိရှိခဲ့ပြီး သူ၏မျက်ခုံးများကို တင်းတင်းကျပ်ကျပ် ရှုံ့တွထားသည်။
လင်ချီးယဲ့သည် သူ့ပတ်ဝန်းကျင်ရှိ ညက တဖန်ပြန်လည် ကျယ်ပြန့်လာသဖြင့် သူ့လက်ထဲတွင် တခြားကြယ်ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ သူ့မျက်လုံးများက ထူးဆန်းစွာ လျင်မြန်သော ပင့်ကူကို စိုက်ကြည့်ရင်း သူ့ခန္ဓာကိုယ်ရှိ ကြွက်သားအားလုံးကို တင်းကျပ်ထားသည်။
ချောင်ယွမ်းလည်း လေးနက်စွာ သူ့လက်ကိုဆန့်ပြီး သူ့နောက်ကျောက ဓားလက်ကိုင်ကိုကိုင်ပြီး [ဟေးဝမ်ဓားချက်] အား ထုတ်လွှတ်ရန် အဆင်သင့်ဖြစ်နေသည်။
လူတိုင်း၏ တင်းမာသောအကြည့်များအောက်တွင် မီးခိုးရောင် ပင့်ကူဖြူသည် ရုတ်တရက် လေထုထဲတွင် လှည့်၍ ပြတင်းပေါက်ကို ပြင်းထန်စွာ ရိုက်ချိုးလိုက်ပြီး အားလုံး၏အကြည့်အောက်မှ သူ၏ခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့သည်။
လင်ချီးယဲ့: "…"
လူတိုင်း: "…"
လင်ချီးယဲ့တို့သုံးယောက်သည် နေရာတွင် နှစ်စက္ကန့်လောက်ရပ်နေပြီး ဖြည်းညှင်းစွာ အာရုံများပြန်ရလာသည်…
ဒီသတ်ဖြတ်ချင်တဲ့ 'ချွမ်း' နယ်ပယ် ပင့်ကူကြီးက
ထွက်ပြေးသွားတာလား။
ဟမ်…
လင်ချီးယဲ့သည် စားသောက်ခံထားရပြီး သွေးစွန်းနေသော ဝမ်လိ၏အလောင်းကို သံသယဖြင့် ကြည့်လိုက်ပြီးနောက် ပင့်ကူထွက်ပြေးသွားသော ပြတင်းပေါက်ကို ကြည့်ကာ လေးလေးနက်နက် တွေးတောလိုက်သည်။
ထူးဆန်းတယ်… ဒီပင့်ကူက မျက်တောင်မခတ်ဘဲ လူတွေကိူ သတ်ဖြတ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့မကောင်းဆိုးဝါး ဖြစ်သင့်တာမဟုတ်ဘူးလား။
နှစ်ဖက်ကြားက ကြီးမားတဲ့ခွန်အားကွာဟမှုရှိနေတာကို ဘာလို့ထွက်ပြေးသွားတာလဲ။
လင်ချီးယဲ့တွေးနေစဉ် ချောင်ယွမ်းသည် သက်ပြင်းချကာ ဒီနေ့ 'ချောင်ယွမ်းသန့်စင်ချိတ်ပိတ်ခြင်း' ကို ချည်နှောင်ထားရန် မလိုတော့သည့်အတွက် ဝမ်းသာပီတိဖြစ်ဟန်ဖြင့် ဓားကိုင်ရန် အသင့်ပြင်ထားသောလက်ကို ချလိုက်သည်…
"သူပြေးတာ အရမ်းမြန်တာကြောင့် ငါတို့လုံးဝ လိုက်မမီဘူး"
ပင့်ကူကို လိုက်ရန်ကြိုးစားသော တပ်သားသစ်တချို့သည် မောဟိုက်ရင်း ပြန်ပြေးလာကြသည်။
ရှန်ချင်းကျူသည် မျက်မှောင်ကြုတ်ပြီး လင်ချီးယဲ့ကို ကြည့်လိုက်သည်။ "နောက်ထပ်ဘာဆက်လုပ်ကြမလဲ"
"ထူးဆန်းတယ်… ဒါက ယုတ္တိမရှိဘူး" လင်ချီးယဲ့သည် ခေါင်းခါပြီး သူ့စိတ်ထဲက သံသယတွေကို ခဏတာ ဖယ်ထုတ်လိုက်ပြီး ပြောသည်။ "ဒီပင့်ကူက အရမ်းမြန်ပြီး အစွမ်းထက်တာကြောင့် ငါတို့လိုက်လို့မရတော့ဘူး…
ဆက်လက်ပြီး ငါတို့က မူလအစီအစဉ်အတိုင်း အထဲကလူတွေကို ကယ်တင်ဖို့ တတိယအဆောက်အအုံကို ပြန်သွားသင့်တယ်။ ဒါပေမယ့် ဒီပင့်ကူက အိမ်ဆောက်မှာကို တားဆီးဖို့အတွက် ပထမအဆောက်အအုံကို ကာကွယ်ဖို့ နောက်ထပ်လူတချို့ကို ထားခဲ့တာက ပိုကောင်းတယ်။ အဲဒါမှ ခုခံနိုင်စွမ်းမရှိဘဲ အိမ်ပျော်နေတဲ့လူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရခြင်းကနေ ရှောင်ရှားနိုင်မှာ"
ရှန်ချင်းကျူ၏အကြည့်က တင်းကျပ်နေပြီး တုန့်ဝေ၊ လီကျာနှင့် လီလျန့်တို့အိပ်ပျော်နေသည့် ရုပ်သွင်များက သူ့စိတ်ထဲတွင် ပေါ်လာသည်။ ခဏအကြာတွင် သူကအစပြု၍ ပြောလာသည်။ "ငါပြန်သွားပြီးစောင့်ကြည့်လိုက်မယ်"
"ကောင်းတယ်၊ မင်းရဲ့ခွန်အားက အရမ်းသန်မာပြီး ပင့်ကူလာရင်တောင် ခဏလောက်တော့ အချိန်ဆွဲထားနိုင်တယ်" လင်ချီးယဲ့က ခေါင်းညိတ်လိုက်သည်။
နည်းဗျူဟာကို ဆုံးဖြတ်ပြီးနောက် သူတို့သုံးယောက်သည် ဝင်လာသည့်အတိုင်း ဝင်ပေါက်ဆီသို့ ပြန်ဆုတ်သွားကာ တခြားတပ်သားသစ်များကို နှစ်ဖွဲ့ခွဲပြီး ကန်တင်းမှ အမြန်ထွက်ခွာသွားကြသည်။
သူတို့အဝေးကို လျှောက်သွားသောအခါ ငြိမ်သက်နေသော ကန်တင်း၏ ထောင့်မှာ အသွင်အပြင်နှစ်ခု တိတ်တဆိတ် ပေါ်လာသည်။
"ကျစ်… ဒီပင့်ကူကောင်လေးက ဘာလို့အရမ်းကြောက်နေရတာလဲ။ ထွက်ပြေးရုံနဲ့ ဒီတပ်သားသစ်တွေကို ဘယ်လိုလုပ်ဖိအားပေးနိုင်မှာလဲ" လူတစ်ယောက်က ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။
"ငါတို့လုပ်ထားတဲ့ 'ဝမ်လိ'ရဲ့ရုပ်အလောင်းက ဒီတပ်သားသစ်တွေကို ထိတ်လန့်သွားအောင် အစစ်နဲ့တူနေတာ ကံကောင်းတယ်၊ မဟုတ်ရင် ငါတို့ရဲ့ဖန်တီးမှုအငွေ့အသက်က လုံးဝကျရှုံးသွားပြီ" တခြားလူက ဆက်ပြောသည်။
"ဒါပေမယ့် လင်ချီးယဲ့ရဲ့စွမ်းဆောင်ရည်က တကယ်ကောင်းတယ်။ သူ့လှုပ်ရှားမှုက သတိရှိတယ်၊ ရဲရင့်ပြီး ပြတ်သားတယ်။ သူက ပျိုးပင်ကောင်းပဲ"
"အဲဒါက မင်းပြောမှလား။ နတ်ဘုရားနှစ်ပါးရဲ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရတဲ့သူက ဘယ်လိုလုပ်အရည်အချင်းမရှိဘဲနေမှာလဲ"
"ဟုတ်သားပဲ…"
"စကားမစပ် သတိလစ်သွားတဲ့ဝမ်လိကို အပြင်ထုတ်လိုက်ပြီလား"
"စခန်းအပြင်ဘက်မှာ လဲလျောင်းနေတယ်"
"ကောင်းပြီ၊ ငါတို့ ဒီမှာ လုပ်စရာ များများစားစား မရှိတော့ဘူး၊ တတိယအဆောက်အအုံမှာရှိတဲ့ အငွေ့အသက်အုပ်စုက ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ကြတာပေါ့…"
……
လူသူကင်းမဲ့သော လမ်းတစ်နေရာတွင်
မီးခိုးရောင် ပင့်ကူဖြူတစ်ကောင်သည် တွားသွားနေရင်း အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး မူလပင့်ကူကိုယ်ထည်သည် ကောင်လေးတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။
ကောင်လေးသည် ၁၁ နှစ်၊ ၁၂ နှစ်အရွယ်ရှိပြီး မီးခိုးရောင်ဆံပင်ဖြင့် သူ့ဖြူဖွေးသောမျက်နှာတွင် ပင့်ကူလိုင်းခပ်ဖျော့ဖျော့ရှိပြီး အနီရောင်မျက်လုံးတစ်စုံက ပတ်ပတ်လည်ကို စိတ်လှုပ်ရှားစွာကြည့်ရင်း ငိုတော့မည်ပုံစံဖြင့် ရန်လိုသောအမူအရာရှိနေသည်။
"အား အား အား အား အား
ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ။ ဓားပစ်လိုက်တဲ့လူက အရမ်းရက်စက်သလိုပဲ။ ပြီးတော့ လက်ဖျောက်တီးပြီး ဖောက်ခွဲလိုက်တဲ့သူက… ငါ့ကို ရှစ်ပိုင်းပိုင်းတော့မလိုပဲ။
ငါက အရမ်းကောင်းပေးခဲ့တာကို။ ငါ၊ ငါ… အိပ်ဖို့နေရာရှာချင်ရုံပါ၊ သူတို့က ငါ့ကို ဘာလို့ရိုက်နှက်နေတာလဲ။
ဝူး ဝူး ဝူး ဝူး…
မဖြစ်ဘူး၊ ဒီမှာ အရမ်းအန္တရာယ်များတယ်၊ ငါထွက်သွားရမယ်"
ပင့်ကူကောင်လေးသညိ လှည့်ပြီး လေ့ကျင့်ရေးစခန်းကနေ ထွက်သွားချင်သော်လည်း တစ်ခုခုကိုတွေးမိပြီး သူတုန်ယင်သွားသည်။
"မဟုတ်ဘူး၊ ငါထွက်ပြေးလို့မရဘူး… အဲဒီကြောက်စရာကောင်းတဲ့ နည်းပြတွေက ငါခိုးထွက်ရင် ငါ့ကိုသတ်ပြီး ပင့်ကူလက်တွေကို ချက်စားပစ်မယ်လို့ပြောတယ်…
လူဆိုးတွေ။
သူတို့အားလုံးက လူဆိုးတွေပဲ။
ငါဘာလုပ်ရမလဲ... သူတို့ ငါ့ကိုဘာလုပ်ခိုင်းတာလဲ။
ဟုတ်တယ်၊ ဟုတ်တယ်၊ အဓိကက အိပ်ပျော်နေတဲ့လူတွေရဲ့ စိတ်ကို အရင်ထိန်းချုပ်ပြီး ပုန်းဖို့နေရာရှာဖို့ပဲ…"
ပင့်ကူကောင်လေးသည် ဟိုဟိုဒီဒီကြည့်ရင်း ပုန်းအောင်းရန် မထင်ရှားသော ဂိုဒေါင်ငယ်တစ်ခုကို တွေ့ရှိပြီး ဤနေရာကို သူ့ပင့်ကူမျှင်ဖြင့် ပင့်ကူအိမ်ကမ္ဘာအဖြစ် ဖန်တီးပြီးနောက် အလယ်ဗဟိုတွင် ငြိမ်းချမ်းစွာ အိပ်နေလိုက်သည်။
"ဒီမှာတော့ သူတို့ ရှာမတွေ့လောက်ဘူးမလား။" သူသည် နူးညံ့သော ပင့်ကူမျှင်အိပ်ရာပေါ်တွင် လှဲလျောင်းရင်း သူ့ကိုယ်သူရေရွတ်နေသည်။ "သူတို့ဘယ်လိုအိပ်နေကြသလဲ အဲဒီလူတွေကို အရင်ကြည့်လိုက်ဦးမယ်…"
ထိုသို့ပြောပြီးနောက်တွင် သူ၏အနီရောင်မျက်လုံးအိမ်များသည် ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် ပွင့်ထွက်လာသည်။ သူ၏အမြင်အာရုံတွင် သူ၏လက်ချောင်းထိပ်များမှ စိတ်ပင့်ကူမျှင်ကို ဖြန့်ကျက်ကာ လေ့ကျင့်ရေးစခန်းတစ်ခုလုံးကို ယက်လုပ်ပြီး ကြီးမားသောပင့်ကူအိမ်တစ်ခုအဖြစ်သို့ ပျံ့နှံ့သွားခဲ့သည်။
ဤကြီးမားသောပင့်ကူအိမ်၏အဆုံးတွင် ပင့်ကူမျှင်သည် စွန်ကြိုးကဲ့သို့ အဝေးမှ တပ်သားသစ်များအဆောင်များနှင့် ချိတ်ထားပြီး အိပ်နေသော တပ်သားသစ်တစ်ဦးစီနှင့် ချိတ်ဆက်ထားသည်။
၎င်းသည် လေ့ကျင့်ရေးစခန်းတစ်ခုလုံးကို သူသာမြင်နိုင်ပြီး စိတ်ပင့်ကူအိမ်တစ်ခုဖြစ်သည်။
ဤပင့်ကူအိမ်သည် မနက်ခြောက်နာရီအချိန်တွင် ပင့်ကူမျှင်မှာ အိပ်ပျော်နေသော တပ်သားသစ်အားလုံး၏ ဝိညာဉ်များကို တွယ်ကပ်ထားကာ သူတို့၏ ဝိညာဉ်များ နိုးလာလျှင်ပင် သူတို့၏ မူလကိုယ်ခန္ဓာသို့ ပြန်မရနိုင်တော့သောကြောင့် အပြင်လူများအမြင်တွင် သူတို့သည် အမြဲတမ်း အိပ်ပျော်နေသောအခြေအနေတွင် ရှိနေခဲ့သည်။
ပင့်ကူအိမ်ပေါ်တွင် ရုန်းကန်နေရသော ဝိညာဉ်များစွာကို ကြည့်ရင်း ပင့်ကူကောင်လေးက ပျင်းရိစွာ သမ်းနေသည်။
ရုတ်တရက် သူ့အကြည့်များသည် ပင့်ကူ၏မထင်ရှားသော ထောင့်တစ်နေရာကို ရောက်သွားပြီး အိပ်ပျော်နေဆဲဖြစ်သော ဖြူဖွေးပြီး ထွားကြိုင်းသည့်ဝိညာဉ်ခန္ဓာကိုယ်တစ်ခု တည်ရှိနေသည်။
တခြားသူများ၏ ဝိညာဉ်ခန္ဓာကိုယ်က နိုးလာတာကြာလှပြီဖြစ်ပေမယ့် မူလခန္ဓာကို ပြန်မရနိုင်သောကြောင့်ဖြစ်သော်လည်း ဒီကောင်၏ဝိညာဉ်ခန္ဓာကိုယ်က အခုအချိန်အထိ တကယ်ပဲ အိပ်ပျော်နေသည်။
"အရမ်းကောင်းကောင်းအိပ်ပျော်နေတာပဲ၊ ငါမနာလိုလိုက်တာ…" ပင့်ကူကောင်လေးသည် မနာလိုမှုအပြည့်ဖြင့် ခေါင်းမော့ပြီး ပြောလိုက်သည်။
ပင့်ကူအိမ်ပေါ်တွင် ထိုဖက်တီး၏ ဝိညာဉ်ခန္ဓာကိုယ်သည် ပျင်းရိစွာ လူးလွန့်ကာ မှုန်ဝါးဝါးကြားမှ မျက်လုံးများ ဖြည်းညှင်းစွာပွင့်လာခဲ့သည်...
TK Team (Chapter 159)